← Chapters

အခန်း (၂၀၂၇-၂၀၂၈)

Vol. 145 Ch. 2027-2028

အခန်း (၂၀၂၇-၂၀၂၈)

Vol. 145 Ch. 2027-2028

အပိုင်း(၂၀၂၇)

"အသင့်ဖြစ်ပြီလား ဟုတ်လား..."

ဝေ့ဝူယင်သည် ဟင်းလင်းပြင်အတွင်း ပေါ့ပါးစွာ လွင့်မျောရင်း စုမေ့၏ "မျိုးစေ့ကပ်ဘေး တံခါး" ကို ပတ်ချာလည် လှည့်ပတ်နေသည်။

“လုပ်စရာ ဘာမှ မကျန်တော့ဘူး... တကယ်လို့ ငါသာ အသင့်မဖြစ်သေးဘူးဆိုရင် နောက်ထပ် ဘာတွေလုပ်ရဦးမလဲတောင် မသိတော့ဘူး..."

ဝေ့ဝူယင်က ရယ်မောလိုက်သည်။ သူသည် သေမျိုးနယ်မြေ၏ အထွတ်အထိပ်သို့ ရောက်ရုံသာမက ၎င်းကို အကြိမ်ကြိမ်ပင် ကျော်လွန်ခဲ့ပြီးသား ဖြစ်သည်။ သူ၏ ဆိုးပေလှသော "ကြယ်တာရာ ဝိညာဉ်" လေးခုမှာ သေမျိုးနယ်မြေ၏ ကန့်သတ်ချက်များကို ချိုးဖောက်ကာ ကပ်ဘေးများကိုပင် ပြောင်းလဲပစ်ခဲ့ကြသည်။

"ဖီဆန်လေး" လည်း အပြစ်မကင်းပေ။ ၎င်းသာ "ကြယ်တာရာ သံသရာ" အတွင်း မရေမတွက်နိုင်သော နေကြယ်များကို ဝါးမြိုမပစ်ခဲ့ပါက၊ မည်သို့လျှင် "အကြွင်းမဲ့" အဆင့်ကို ကျော်လွန်ကာ "ဖီဆန်ခြင်း" ဟူသော အမျိုးအစားသစ်တစ်ခုကို ဖန်တီးနိုင်ပါမည်နည်း။

သူ၏ ကြယ်တာရာဝိညာဉ်များသည် နောက်ဆုံးအဆင့်တွင် ပေါင်းစည်းခြင်းကို ငြင်းဆန်ကာ "ကြယ်တာရာ အမြုတေ" လေးခုအဖြစ် တည်ရှိနေပြီး တစ်ခုချင်းစီ၏ အလားအလာမှာ လေးခုစလုံး ပေါင်းစည်းထားသော အရှိန်အဝါအတိုင်း ရှိနေကြသည်။ သူသည် "သေမျိုးတာအို ခါးပတ်" ကို ရရှိထားပြီး၊ သေမျိုးတာအို၏ ကောင်းချီးကို ရရှိထားသည့် "ကြယ်တာရာ ပါရဂွန် ခန္ဓာကိုယ်" ဖြင့် သေမျိုးနယ်မြေ၏ အမြင့်ဆုံး "ကြယ်တာရာ ဆင်းတု" ကို ထုတ်ဖော်နိုင်နေပြီ ဖြစ်သည်။

ထိုထက် ဘာများ လုပ်နိုင်ဦးမည်နည်း။

အသိဉာဏ်မရှိသူများက "လောကနှလုံးသား ရည်ရွယ်ချက်" များကို ပိုမိုရယူရန် ပြောကောင်းပြောလိမ့်မည်။ သို့သော် ၎င်းမှာ သေမျိုးတာအိုအတွက် လိုအပ်ချက်မဟုတ်ပေ။ သူ၏ အဂ္ဂိရတ်တာအိုသည်လည်း သူ ဖော်စပ်နိုင်သော အဆင့်ထက် ကျော်လွန်နေပြီ ဖြစ်သည်။

ပိုင်ရှုသည် ဝေ့ဝူယင်၏ ကျင့်ကြံခြင်း အခြေခံကို အသေအချာ မသိသော်လည်း၊ သူမ၏ သခင်သည် ဆေဘာ တစ်လက်တည်းဖြင့် "ဉာဏ်အလင်းရ သူတော်စင်" တစ်ဦးကိုပင် သတ်ဖြတ်နိုင်သူဖြစ်ကြောင်း တွေးတောမိကာ ပြုံးလိုက်သည်။ သူ၏ အဆင့်တွင် ထိုသို့လုပ်ဆောင်နိုင်သူ လုံးဝ မရှိပေ။

ဝေ့ဝူယင်သည် လျှို့ဝှက် အာဏာရှင် အဆင့်ကို မတက်လှမ်းရသေးခင်မှာပင် အဆင့် အတွင်းရှိ အဆင့်တိုင်းကို စိုးမိုးထားနိုင်ခဲ့ပြီ ဖြစ်သည်။ ဤသည်ကို "မကြုံစဖူး" ဟု ပြောလျှင်ပင် အားနည်းလွန်းလှသည်။ ထို့ပြင် သူသည် မိမိကိုယ်တိုင် ကျင့်ကြံထားသော စွမ်းအားများဖြင့်သာ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

"ဆရာက... တကယ်ကို အံ့ဩစရာကောင်းတာပဲ..."

ပိုင်ရှုမှာ သတိလက်လွတ် ရေရွတ်လိုက်မိ၏။ ဝေ့ဝူယင်သည် အဆင့်တက်ရန်သာ ကျန်တော့ပြီး၊ သူ၏ လက်ရှိ အရှိန်အဝါအရ သူသည် စစ်မှန်သော "ပါရဂွန်” တစ်ဦး၏ လမ်းစဉ်အတိုင်း လျှောက်လှမ်းနေသည်ဟု ခံစားရသည်။

ကောင်းကင်စစ်ဝိညာဉ်သည်လည်း ရွှေရောင်အလင်းတန်းတစ်ခုအဖြစ် လှုပ်ရှားနေသည်။ သူမသည် ဝေ့ဝူယင် "စစ်ဥပဒေသ" ကို သိမြင်ရန် အားထုတ်မှု အနည်းငယ်သာ ရှိနေသေးသဖြင့် စိတ်လှုပ်ရှားနေမိသည်။ သို့သော်လည်း ဝေ့ဝူယင်၏ "စစ်ပွဲတစ်ခုကို စတင်ပြီး အနိုင်ယူပြမည်" ဟူသော ကြွေးကြော်သံကို သူမ ယုံကြည်ထားသည်။

သူသည် သေမျိုးတစ်ဦးအနေဖြင့်ပင် ဂလက်ဆီကို ထိန်းချုပ်နိုင်သော စွမ်းအားရှိနေပါက၊ လျှို့ဝှက် အာဏာရှင် တစ်ဦးအဖြစ် အဆင့်တက်သွားလျှင် မည်မျှ ကြောက်မက်ဖွယ်ကောင်းမည်ကို သူမ တွေးကြည့်ရုံဖြင့်ပင် ရင်ခုန်နေမိသည်။

အချိန်အနည်းငယ်ကြာပြီးနောက် နာရီပေါင်း ရှစ်ဆယ့်တစ်နာရီ ပြည့်မြောက်သွားသည်။

ဝရား...

ဟိန်းဟောက်သံကြီးတစ်ခု "အမှောင် ဟင်းလင်းပြင်" အတွင်း ပဲ့တင်ထပ်လာသည်။ "မျိုးစေ့ကပ်ဘေး တံခါး" သည် ပြင်းထန်စွာ တုန်ခါလာပြီး သာမန်မျက်လုံးဖြင့်ပင် မြင်နိုင်သော လျှို့ဝှက်စွမ်းအင် လှိုင်းလုံးများကို ထုတ်လွှတ်လိုက်သည်။

အဆင့်တက်ခြင်း ဖြစ်စဉ်တွင် ကျင့်ကြံသူသည် မိမိ၏ သိမြင်မှုများကို အကြိမ်ကြိမ် စစ်ဆေးခံရမည်ဖြစ်ပြီး၊ မိမိ၏ သွေးကြောများ၊ ထျန်းတျန်၊ အသိစိတ် ပင်လယ်နှင့် ကြယ်တာရာအမြုတေတို့ကို လျှို့ဝှက်နယ်မြေ၏ ကမ္ဘာအတွင်းသို့ ကူးပြောင်းရန် အချိန်ပေးရမည် ဖြစ်သည်။ အကယ်၍ အဆင့်ကိုးဆင့်အနက် တစ်ဆင့်တည်းကိုပင် မကျော်လွှားနိုင်ပါက အသက်ရှစ်ရာ ဆုံးရှုံးရမည်ဖြစ်ပြီး မပြည့်စုံသော အခြေအနေဖြင့်သာ တံခါးပြင်ပသို့ ပြန်လည် ထုတ်ပယ်ခံရမည် ဖြစ်သည်။

"လျှို့ဝှက်အာဏာရှင် အဆင့်" ၏ ပထမဆုံးအဆင့်ဖြစ်သော "လျှို့ဝှက်ကြယ်တာရာ အဆင့်" ရှိသူများကို "မြင့်မြတ်သော အာဏာရှင်များ" ဟု ခေါ်ဆိုကြသည်။

ယခုမူ စုမေ့သည် သူမ၏ အဆင့်တက်ခြင်းကို အောင်မြင်စွာ အပြီးသတ်နိုင်ခဲ့ပြီ ဖြစ်သည်။ ပုံမှန်အားဖြင့် မိနစ်အနည်းငယ်သာ ကြာမြင့်သော်လည်း စုမေ့အတွက်မူ နာရီပေါင်း ရှစ်ဆယ့်တစ်နာရီ ကြာမြင့်ခဲ့သည်။

သူမ တံခါးပြင်ပသို့ ထွက်လာသောအခါ သူမ၏ အသွင်အပြင်မှာ သာမန်ထက် ထူးကဲလွန်ကဲလှပြီး သူမ၏ အော်ရာမှာလည်း နားလည်ရခက်သော အရှိန်အဝါများဖြင့် ပြည့်နှက်နေသည်။ သူမ၏ ကြည်လင်သော မျက်လုံးများက ဝေ့ဝူယင်ကို တွေ့ရှိသွားသောအခါ အပြုံးလေးတစ်ခု ပေါ်လာသည်။

ဝေ့ဝူယင်က ဝမ်းမြောက်ဝမ်းသာ ပြုံးလျက် လက်ကမ်းကာ ကြိုဆိုလိုက်သည်။ သူ သူမကို တင်းကျပ်စွာ ပွေ့ဖက်လိုက်မိ၏။ စုမေ့သည်လည်း သူ၏ ရင်ခွင်အတွင်းသို့ တိုးဝင်ကာ အားကိုးတကြီး ဖက်ထားလိုက်သည်။ သူမ၏ ရင်ခုန်သံများနှင့် နွေးထွေးမှုကို ခံစားရင်း ဝေ့ဝူယင်၏ မျက်လုံးများမှာ ကျေနပ်မှုများဖြင့် ပြည့်လျှံနေတော့သည်။

ဤသို့ဖြင့် အပြောကျယ်လှသော ဂလက်ဆီများအကြားရှိ အမှောင်ဟင်းလင်းပြင်အတွင်း "ကြယ်တာရာ ပါရဂွန် ပိုင်ရှင်" နှင့် "ကြယ်တာရာ ပုန်ကန်သူ" တို့မှာ တစ်ဦးကိုတစ်ဦး လှိုက်လှိုက်လှဲလှဲ ပွေ့ဖက်ထားကြလေတော့သည်။

...

ဝေ့ဝူယင်နှင့် စုမေ့တို့အကြား အစဉ်အမြဲ တည်ရှိနေခဲ့သော ပုံသဏ္ဌာန်မဲ့၍ မမြင်နိုင်သော အကွာအဝေးသည် သဘာဝအလျောက် ပြိုလဲပျက်စီးသွားခဲ့လေပြီ။ ထို့ပြင် စုမေ့၏ စိတ်ခံစားချက်များမှာလည်း အထွတ်အထိပ်သို့ ရောက်ရှိနေသည်။ ဝေ့ဝူယင်သည် သူမအတွက်ဆိုလျှင် ကောင်းကင်ဘုံကိုပင် ဆေဘာဖြင့် ပြန်လည်ရင်ဆိုင်ရဲသည်ဟု ဆိုခြင်းမှာ အပိုအဆာ မဟုတ်ပေ။

သူမသည် ယခင်က မသိရှိခဲ့သော်လည်း ဝေ့ဝူယင်၏ နောက်မှ တိတ်တဆိတ် လိုက်ပါလာခဲ့စဉ်က သူမ၏ နှလုံးသားအတွင်း အလုံပိတ် သိမ်းဆည်းထားခဲ့သော ခံစားချက်များသည် ဝေ့ဝူယင်၏ ပေးဆပ်မှုများနှင့် ထပ်တူကျရုံသာမက များစွာပင် သာလွန်နေခဲ့သည်။ ဤသည်မှာ လက်ခံရန်ပင် ခက်ခဲလှသည်။ အဘယ်ကြောင့်ဆိုသော် သူမသည်လည်း ဝေ့ဝူယင်အတွက်ဆိုလျှင် မဆိုင်းမတွ တူညီစွာ လုပ်ဆောင်ပေးမည်ဟု ယုံကြည်ထားသောကြောင့် ဖြစ်သည်။ သို့သော် သူမ ဝေ့ဝူယင်အတွက် လုပ်ပေးခဲ့သမျှသည် ဝေ့ဝူယင်က သူမအပေါ် ထားရှိသော စေတနာများနှင့် ယှဉ်လျှင် ဘာမျှမဟုတ်သလို ဖြစ်နေရုံမျှမက သူသည် သူမကို တစ်ကြိမ်တစ်ခါမျှ မေ့လျော့ခြင်း မရှိခဲ့ပေ။

ထို့ပြင် သူမသည် ယခုဘဝတွင် သူမ၏ အဖိုးတန်ဆုံးသော ပထမဆုံး အတွေ့အကြုံကိုပင် သူ့အား မပေးနိုင်ခဲ့ပေ။ ထို့ကြောင့် သူမ အသက်ရှူနေသရွေ့ ဝေ့ဝူယင်နှင့်အတူ ယှဉ်တွဲ၍ ရှင်သန်တိုးတက်သွားမည်ဟု သူမ၏ ဝိညာဉ်တစ်ခုလုံးဖြင့် ကတိသစ္စာ ပြုလိုက်တော့သည်။ ဤသည်မှလွဲ၍ အခြား ဘာမျှ မလိုအပ်တော့ပေ။

...

ကောင်းကင် နှလုံးသား ဂလက်ဆီ၏ အပြင်ဘက် အလွှာ...

ဟင်းလင်းပြင်အတွင်း ကျောက်ချရပ်နားထားသော "အီလီစီယမ် အသေး"ေသင်္ဘောပေါ်တွင် ဝေ့ရှောင်ထျန်းသည် ကျင့်ကြံ နေခဲ့၏။ သူမသည် လက်ရှိ ကျင့်ကြံခြင်းအဆင့်အတွက် လိုအပ်ချက်ထက် များစွာသာလွန်သော်လည်း သူမ၏ အဆင့်နှင့် လိုက်ဖက်ညီသော အထွတ်အထိပ် အရည်အသွေးရှိ ပစ္စည်းများကို ဖော်စပ်နေခြင်း ဖြစ်သည်။ သူမသည် "ချီပျစ်ခဲခြင်း အဆင့်” ဆဋ္ဌမအဆင့်ဖြစ်သော မှားသော အမှန် အဆင့်တွင် ရှိနေပြီး အနန္တ ကုန်းမြေတိုက်ကြီးရှိ ကျင့်ကြံသူများက "သေမျိုးနတ်ဘုရား" ဟု တင်စားရလောက်သည့် "ဖန်တီးခြင်း စွမ်းအား" ကို ပိုင်ဆိုင်ထားပြီ ဖြစ်သည်။ သူမသည် ဤလောကကြီးနှင့် တကယ့်လက်တွေ့ ထိတွေ့နိုင်သော မီး၊ မြေ၊ ရေ၊ လေ ဒြပ်စင်များကို ဖန်တီးကာ စမ်းသပ်နေသည်။

သူမသည် ရေကို သောက်သုံးနိုင်သလို၊ သစ်ရွက်များကို မီးရှို့ခြင်း၊ မြေကြီးပုံခြင်းနှင့် သေးငယ်သော လေဆင်နှာမောင်းများကို ဖန်တီးခြင်းများ ပြုလုပ်နိုင်သည်။ ဝေ့ရှောင်ထျန်းအတွက် ဤအရာအားလုံးမှာ အံ့ဩဖွယ်ရာ မှော်အတတ်များသဖွယ် ဖြစ်နေသည်။ ဝေ့ဝူယင်တို့ကဲ့သို့သော ပုဂ္ဂိုလ်များအတွက် ဤစွမ်းရည်မှာ သာမန်မျှသာ ဖြစ်သော်လည်း ၎င်းသည် "အစစ်အမှန် ဝိညာဉ်" အဆင့်ရှိ တန်ခိုးရှင်များအထိ ကျင့်ကြံသူတိုင်း၏ ထူးကဲသော စွမ်းအားများအတွက် အခြေခံအုတ်မြစ်ပင် ဖြစ်သည်။

"အီလီစီယမ် အသေး" သင်္ဘော၏ အပြင်ဘက်တွင် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ပညာရှိဟန်ရှိသည့် သက်လတ်ပိုင်း အမျိုးသမီး တစ်ဦးသည် အကွာအဝေးတစ်ခု၌ လွင့်မျောနေသည်။ သူမသည် အပြင်ပန်းအားဖြင့် တည်ငြိမ်နေသော်လည်း အနီးကပ်ကြည့်ရှုသူတိုင်းမှာ သူမ၏ ဟန်ဆောင်မှုကို ရိပ်မိနိုင်ပေသည်။ ဝေ့ရှောင်ထျန်းသည် ထိုအမျိုးသမီး ရောက်လာစဉ်က သတိပြုမိသော်လည်း လျစ်လျူရှုထားခဲ့သည်။ ထိုအမျိုးသမီးမှာ မည်သူမှန်း သူမ မသိသော်လည်း ဂလက်ဆီတစ်ခု၏ အပြင်ဘက်အထိ ထွက်လာပြီး စောင့်ဆိုင်းနိုင်သူဖြစ်ရာ သာမန်ကျင့်ကြံသူ မဟုတ်ကြောင်းတော့ သိရှိသည်။

သို့သော်... ဝေ့ရှောင်ထျန်းသည် လျင်မြန်စွာ လိုက်လျောညီထွေ ဖြစ်အောင် နေထိုင်တတ်ပြီး ဤလောက၏ အထက်အောက် အဆင့်အတန်း၊ ချမ်းသာကြွယ်ဝမှုနှင့် ခွန်အားများအကြောင်းကိုလည်း အတော်အသင့် သိရှိထားပြီဖြစ်သည်။ ဝေ့ဝူယင်သည် "လျှို့ဝှက်အရှင်" များပင်လျှင် ဒူးထောက်တောင်းပန်ရလောက်သည့် မြင့်မားသော အဆင့်အတန်းနှင့် ကြွယ်ဝမှုကို ပိုင်ဆိုင်ထားကြောင်း သူမ သိသည်။

မီးခိုးရောင် နှင်းဆီလို လူတစ်ယောက်သည် ဝေ့ဝူယင်၏ မျက်နှာသာရရန်အတွက် သူ၏ အမျိုးသမီးတစ်ဦးထံတွင် အစေခံတစ်ဦးအဖြစ် ခစားနေရသည်မှာ သူမတို့၏ ခွန်အားနှင့် ယှဉ်လျှင် ရူးသွပ်ဖွယ်ရာပင် ဖြစ်သည်။

ထို့ကြောင့် ဝေ့ရှောင်ထျန်းသည် သူမ၏ ယူဆချက်အချို့ကို အတည်ပြုရန် ကျင့်ကြံခြင်းကိုသာ ဆက်လက် ပြုလုပ်နေသည်။ မကြာမီမှာပင် မြေကြီးနှင့် မီးတို့ ပေါင်းစပ်ကာ ချော်ရည်များ ဖြစ်ပေါ်လာသည်။ ရေသည် ရေခဲအဖြစ်သို့ ပြောင်းလဲသွားသည်။ မြေပုံပေါ်တွင် အစိမ်းရောင် အညှောက်လေးတစ်ခု ထွက်ပေါ်လာသည်။ မြေကြီးတစ်ဆုပ်သည် သန့်စင်ခြင်းမရှိသော သတ္တုစေ့လေးတစ်ခု ဖြစ်လာသည်။ မီးနှင့် လေဆင်နှာမောင်းတို့ ပေါင်းစပ်ရာမှ လျှပ်စီးများ ထွက်ပေါ်လာတော့သည်။

“ဟီး... ဟီး... ဟီး...”

ဝေ့ရှောင်ထျန်းသည် ဝမ်းသာအားရ ရယ်မောလျက် ရင်သပ်ရှုမောဖွယ် အပြုံးဖြင့် အောင်ပွဲခံနေလေ၏။

ထိုအချိန်တွင်ပင် "အီလီစီယမ် အသေး" ကို စောင့်ကြည့်နေသော အဖြူရောင်ဝတ် အမျိုးသမီးသည် မျက်မှောင်ကြုတ်လိုက်မိသည်။ သူမသည် ဗီဇအရ နောက်သို့ လှည့်ကြည့်လိုက်ရာ ဟင်းလင်းပြင်အတွင်းမှ နားလည်ရခက်သော အရှိန်အဝါတစ်ခု ပေါ်ထွက်လာသည်။ သူမနှင့် မိုင်ရာဂဏန်းခန့် အကွာတွင် ပုံရိပ်နှစ်ခု ပေါ်လာလေသည်။

သူမ၏ နှလုံးခုန်သံမှာ မြန်ဆန်လာတော့၏။

***

အပိုင်း(၂၀၂၈)

"ကိုယ်ပွားလား..."

ဝေ့ဝူယင်က ချက်ချင်းပင် မှတ်ချက်ပြုလိုက်သည်။ သူ၏ ကောင်းကင်မျက်လုံးသည် ဂလက်ဆီအတွင်းသို့ ထိုးဖောက်ကြည့်ရှုလိုက်ရာ လောက ပရောဟိတ်ပိုင် ဟု လူသိများသော "ပိုင်ပန်း" ၏ အစစစ်အမှန် ခန္ဓာကိုယ်ကို တွေ့ရှိလိုက်သည်။ သူမသည် သူတော်စင် နွေဦး ကွင်းပြင်နှင့်အတူ လာခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုအတွင်း အသက်ရှင်ကျန်ရစ်ကာ ကောင်းကင် နှလုံးသား ဂလက်ဆီအတွင်း ပုန်းအောင်းနေခဲ့ခြင်း ဖြစ်သည်။ သူမက ကိုယ့်ဘာသာ သူ့ကို လာရှာလိမ့်မည်ဟု ဝေ့ဝူယင် မထင်မှတ်ထားခဲ့ပေ။

ဝေ့ဝူယင်သည် စုမေ့ အဆင့်တက်ပြီးနောက် "မူလအာဏာရှင်" များကို လွှတ်၍ သူမကို သတ်ခိုင်းရန် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ "အမည်မဲ့ ဂလက်ဆီ" သို့ မထွက်ခွာမီ နောက်ဆုံး လေ့ကျင့်ခန်းတစ်ခုလည်း ဖြစ်ပေသည်။ ယခု သူမကိုယ်တိုင် ဤနေရာသို့ ရောက်လာလိမ့်မည်ဟု မည်သူက ထင်ပါမည်နည်း။

"အာရုဏ်ဦး လောကရှန့်ထို..."

ပိုင်ပန်းက မျက်လွှာကို ချကာ ဂါရဝပြုလျက် ဝေ့ဝူယင်ကို အလျင်အမြန် နှုတ်ဆက်လိုက်သည်။ သူမသည် မိမိကိုယ်ကိုယ် ဝေ့ဝူယင်ထက် နိမ့်ပါးသော နေရာတွင် ချက်ချင်း နေရာချထားလိုက်ခြင်း ဖြစ်သည်။

စုမေ့က ပိုင်ပန်းကို စူးစမ်းသော အကြည့်ဖြင့် ကြည့်လိုက်၏။ လျှို့ဝှက် အာဏာရှင် အဆင့်သို့ အဆင့်တက်သွားပြီဖြစ်ရာ သူမ၏ အာရုံခံစားမှုမှာ ပြောင်းလဲသွားပြီ ဖြစ်သည်။ လျှို့ဝှက် အာဏာရှင် အဆင့် အော်ရာများကို သူမ ကောင်းကောင်း အာရုံခံနိုင်သည်။ ဤကိုယ်ပွားမှာ အလျင်အမြန် ဖန်တီးထားခြင်းဖြစ်ရာ သာမန် "လောကရှန့်ထို" တစ်ဦးနှင့်ပင် ယှဉ်နိုင်ရန် ခဲယဉ်းလှသည်။

စုမေ့သည် လျှို့ဝှက် အာဏာရှင် အဆင့်သို့ မတက်လှမ်းမီကပင် ဤအဆင့်မျိုးကို သူမ မကြောက်ခဲ့ပေ။ ယခုအခါ သူမ၏ ကြယ်တာရာစွမ်းအားမှာ "လျှို့ဝှက်စွမ်းအား" အဖြစ် ပြောင်းလဲသွားပြီဖြစ်သလို "ဝိညာဉ်ကျင့်စဉ်" များမှာလည်း သာမည ခြေချခြင်း ကျင့်စဉ်များ ဖြစ်ကုန်ပြီ ဖြစ်ရာ၊ သူမအနေဖြင့် ဆေဘာကို ဆွဲထုတ်စရာပင်မလိုဘဲ ဤကိုယ်ပွားကို ခြေမှုန်းနိုင်ကြောင်း သူမ၏ ဗီဇအသိက ပြောပြနေသည်။

"ခင်ဗျားက နာမည် ကျော်ကြားလှတဲ့ လောကပုရောဟိတ်ပိုင် ပဲ ဖြစ်ရမယ်..."

ဝေ့ဝူယင်က ပြောလိုက်သည်။ "ကောင်းကင်စစ်ဝိညာဉ်" က သူတော်စင် နွေဦးကွင်းပြင်၏ ဝိညာဉ်ကို ဝါးမြိုနေစဉ် ဝေ့ဝူယင်သည်လည်း "ထိန်ကျန့်ဝမ်" တုန်းကကဲ့သို့ပင် သူ၏ မှတ်ဉာဏ်နှင့် အတွေ့အကြုံများကို စုပ်ယူခဲ့ပြီးသား ဖြစ်သည်။

ဤစကားကို ကြားလိုက်ရခြင်းက ပိုင်ပန်းမှာ ကျောရိုးအတွင်းသို့ စိမ့်တက်သွားသော အအေးဓာတ်တစ်ခုကို ခံစားလိုက်ရသည်။ သူမက ပျာပျာသလဲ ပြန်ပြောလိုက်၏။

"မှန်ပါတယ်... ကျွန်မကိုယ်တိုင် မလာနိုင်တဲ့အတွက် တောင်းပန်ပါတယ်... ကျွန်မရဲ့ အစစ်အမှန် ခန္ဓာကိုယ်က ဒဏ်ရာအနည်းငယ် ရထားလို့ အနားယူနေရလို့ပါ..."

သူမ၏ ရှင်းပြချက်မှာ ကြိုးစား၍ တည်ငြိမ်အောင် ထိန်းထားသော်လည်း စိုးရိမ်စိတ်များ ပြည့်နှက်နေသည်။ ဝေ့ဝူယင်၏ အကြည့်မှာ အံ့ဩခြင်း မရှိသည်ကို သူမ တွေ့လိုက်ရသည်။ သူတော်စင် နွေဦးကွင်းပြင်သည် ဝေ့ဝူယင်၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ပြီဖြစ်ရာ သူ အရာအားလုံး သိနေမည်ကို သူမ မယုံကြည်စရာ မရှိပေ။

"ကျွန်မကို ခွင့်လွှတ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်..."

သူမက ထပ်ပြောလိုက်သည်။

ဝေ့ဝူယင် မျက်တောင်တစ်ချက် ခတ်လိုက်၏။ သူ၏ အကြည့်မှာ တိတ်ဆိတ်သော ကောင်းကင်ယံကဲ့သို့ အေးစက်တည်ငြိမ်နေသည်။ ဤသည်ကို မြင်သောအခါ ပိုင်ပန်းမှာ ပို၍ စိုးရိမ်လာခဲ့သည်။

"ကျွန်မ သိပါတယ်..."

"မင်းက ဘာကို သိတာလဲ... ပြောပါဦး..."

ဝေ့ဝူယင်က သရော်သံဖြင့် သူမ၏ စကားကို ဖြတ်ပြောလိုက်သည်။ သူမ၏ လုပ်ရပ်များကို သူ စိတ်ဝင်စားမိသည်။ ထို့ပြင် သူမ အပြင်းအထန် ဒဏ်ရာရနေသည်မှာလည်း အမှန်ပင်။ အနာဂတ်ကို ကြိုတင်ဟောကိန်းထုတ်နိုင်သူတစ်ဦးအနေဖြင့် သူမ အဘယ်ကြောင့် ဤလမ်းစဉ်ကို ရွေးချယ်ခဲ့ရသနည်း။ သူမ၏ ကံကြမ္မာနှင့် ပတ်သက်၍ ကမ္ဘာကြီးထံမှ သတင်းအချက်အလက်များ ရရှိခဲ့၍လော။

တစ်ချိန်တည်း၌ ပိုင်ပန်း၏ အစစ်အမှန် ခန္ဓာကိုယ်မှာ တံတွေးကို ခက်ခဲစွာ မျိုချလိုက်မိသည်။ သေလုနီးပါး ဘေးအန္တရာယ်တစ်ခု၏ ခံစားချက်က သူမ၏ ဝိညာဉ်အတွင်း ဟိန်းဟောက်နေသည်။ သူမသည် ကျရောက်တော့မည့် ကပ်ဘေးတစ်ခုကို အာရုံခံမိခဲ့ပြီး ကမ္ဘာကြီးက သူမကို သေအံ့ဆဲဆဲ အခြေအနေကို သတိပေးနေသည်။

ထိုသေဆုံးမှုသည် ဝေ့ဝူယင်နှင့် ပတ်သက်ခြင်း ရှိ၊ မရှိ မသေချာသော်လည်း သူမ အလွန်အမင်း ထိတ်လန့်နေမိသည်။ ထို့ပြင် သူမတွင် အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ သို့ ပြန်ရန် ဟင်းလင်းပြင်သင်္ဘော သို့မဟုတ် ဂလက်ဆီ အဆင့် ကူးသန်းသွားလာရေး စနစ်များ မရှိပေ။

သူမ ဤနေရာ၌ ပိတ်မိနေပြီ ဖြစ်သည်။

သူမအနေဖြင့် "အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ" သို့ ပျံသန်း၍ ပြန်ရန် ကြိုးစားလျှင်ပင် လမ်းခရီးမှာ အလွန်အန္တရာယ်များလှပြီး သေချာပေါက် သေဆုံးရပေလိမ့်မည်။ သူမသည် "မူလတရားသူကြီး" တစ်နည်းဆိုရသော် "ကောင်းကင်ရှန့်ထို" တစ်ဦးမျှသာ မဟုတ်ပါလား။ သူမအနေဖြင့်‌ေအခြား ဂလက်ဆီတစ်ခုသို့ ခရီးနှင်ရန်မှာ မဖြစ်နိုင်သော ရည်မှန်းချက်တစ်ခုသာ ဖြစ်သည်။ လမ်းခရီး၏ ဆယ်ပုံတစ်ပုံကိုပင် မရောက်မီ နှစ်ပေါင်းထောင်ချီ ကြာမြင့်သွားမည်ဖြစ်သလို သူမ၏ "လျှို့ဝှက်စွမ်းအား" များလည်း ကုန်ဆုံးသွားပေလိမ့်မည်။

"အဖြူရောင် အဘိဿဲလ် ဂလက်ဆီ" ရှိ လောကရှန့်ထို များပင်လျှင် ဂလက်ဆီများအကြားရှိ နတ္ထိ ဟင်းလင်းပြင်သို့ ထွက်ရန် မဝံ့ရဲကြပေ။ ထိုကျင့်ကြံခြင်း အဆင့် နှစ်ခုကြား ကွာခြားချက်မှာ အဆင့်တစ်ခုမျှသာ ဖြစ်သော်လည်း စစ်မှန်သော ခြားနားချက်မှာ မြေကြီးနှင့် ကောင်းကင်ကဲ့သို့ပင် ဖြစ်သည်။

"..."

လောကပုရောဟိတ်ပိုင်၏ နှလုံးခုန်သံမှာ ပြင်းထန်လှသည်။ သူမသည် ပိတ်မိနေရုံသာမက သေခြင်းတရား၏ အရိပ်အယောင်ကလည်း သူမကို လွှမ်းမိုးထားသည်။ သူမသည် မျှော်လင့်ချက် ကုန်ဆုံးနေသော်လည်း သူမကို သတ်ရန် ကြိုးစားခဲ့သူအား အခမဲ့ ခေါ်ဆောင်သွားရန် တောင်းဆိုရလောက်အောင်တော့ မမိုက်မဲပေ။ ထို့ကြောင့် သူမ ဆုံးဖြတ်ချက်ကို ခိုင်မာစွာ ချလိုက်ခြင်း ဖြစ်ပေသည်။

ပိုင်ပန်းက အစေခံတစ်ဦးကဲ့သို့ ကိုယ်ကို နှိမ့်ချဦးညွှတ်လိုက်ပြီး အကူအညီမဲ့သော်လည်း စစ်မှန်သော အသံဖြင့် ပြောလိုက်သည်။

"ကျွန်မ ခရစ္စတယ် လမ်းညွှန်မှု အဖွဲ့အစည်းက ပိုင်ပန်းဟာ လောကရှန့်ထို အာရုဏ်ဦးထံမှာ နှစ်ပေါင်း တစ်သောင်းကြာ အမှုထမ်းပါ့မယ်... ကျွန်မဟာ အစီအရင်တွေ၊ ဝင်္ကပါတွေနဲ့ ကမ္ဘာ့ဟောကိန်းထုတ်ခြင်း အတတ်ပညာတွေကို ကျွမ်းကျင်တဲ့ တပည့်တစ်ဦး ဖြစ်သလို၊ လျှို့ဝှက်အာဏာရှင် အဆင့်ခြောက် ကျင့်ကြံသူတစ်ဦးလည်း ဖြစ်ပါတယ်... အာရုဏ်ဦး လောကရှန့်ထို... ကျွန်မကို အသက်ချမ်းသာပေးပြီး ရှင့်ရဲ့ အစေခံအဖြစ် အမှုထမ်းခွင့် ပေးသနားတော်မူပါ..."

သူမ၏ ပြောစကား အပေါ် ဝေ့ဝူယင်နှင့် စုမေ့တို့ အံ့ဩခြင်း မရှိပေ။ နှစ်ပေါင်းတစ်သောင်းမှာ နည်းသော အရေအတွက် မဟုတ်သော်လည်း သူမ၏ ကျန်ရှိသော သက်တမ်းတစ်ခုလုံး မဟုတ်ပေ။ ထို့ပြင် အမည်မသိသော ဂလက်ဆီတစ်ခုတွင် နာကျည်းစွာ သေဆုံးရခြင်းထက်စာလျှင် ပို၍ ကောင်းမွန်လှသည်။ သို့သော် ဝေ့ဝူယင်၏ တုံ့ပြန်မှုမှာ ချက်ချင်းပင် ထွက်ပေါ်လာသည်။

"မလိုပါဘူး... ကျေးဇူးပဲ..."

သူ ထိုသို့ပြောပြီးနောက် စုမေ့က သူမ၏ လက်ကို ပေါ့ပေါ့ပါးပါးလေး ဝေ့ယမ်းလိုက်ရာ လောကပုရောဟိတ်ပိုင်၏ ထိတ်လန့်နေသော မျက်နှာနှင့်အတူ သူမ၏ ကိုယ်ပွားပုံရိပ်မှာ လျှို့ဝှက်စွမ်းအင် အပိုင်းအစများအဖြစ်သို့ ချေမှုန်းခံလိုက်ရတော့သည်။

"ဒီလူတွေနဲ့တင် လုံလောက်နေပါပြီ..."

ဝေ့ဝူယင်တွင် "အမှန်တရား မျက်လုံး" နှင့် "ဧဒင်" တို့ ရှိနေပြီဖြစ်ရာ ဤအဆင့်ရှိသော ပုရောဟိတ်ကို သူ မလိုအပ်ပေ။ "အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ" နှင့် ဆက်သွယ်ရန်အတွက်လည်း သူ့တွင် နည်းလမ်းရှိပြီးသား ဖြစ်သည်။ သူသည် ကောင်းကင် နှလုံးသား ဂလက်ဆီအတွင်းရှိ "မူလအာဏာရှင်" များ ဖြစ်ကြသော "ကျူးဟိုင်"၊ "ချင်ကူးယဉ်"၊ "ရွှေဖုန်းပေါင်"၊ "ယောင်ဟုန်ရီ" နှင့် "ထို့ပိဟန်" တို့ထံသို့ ဤပိုင်ပန်းကို ရှာဖွေ၍ တစ်ပတ်အတွင်း သတ်ရန် အမိန့်ထုတ်လိုက်သည်။

ထို့နောက် သူတို့နှစ်ဦးသည် "အီလီစီယမ် အသေး" ပေါ်သို့ ရောက်ရှိလာကြသည်။ ဝေ့ရှောင်ထျန်းက ဝမ်းသာအားရ ပြုံးလျက် ကြိုဆိုလိုက်၏။

"ရှင်တို့ ပြန်လာနိုင်မယ်ဆိုတာ ကျွန်မ သိသားပဲ..."

"ငါ မင်းကို ညစာ ကျွေးမယ်လို့ ကတိပေးထားတယ် မဟုတ်လား..."

ဝေ့ဝူယင်ကလည်း ရယ်မောလိုက်လေတော့သည်။

...

လေးရက်အတွင်းမှာပင် ကျူးဟိုင်က ပိုင်ပန်းကို ရှာတွေ့ခဲ့ပြီး ခွေးသားရဲ အုပ်စုကြီးကို အသုံးပြု၍ သတ်ဖြတ်လိုက်သည်။ ဤမျှ တိုတောင်းသော အချိန်အတွင်း သားရဲအုပ်စုကြီးကို စုစည်းနိုင်ခြင်းမှာ အံ့ဩဖွယ်ရာပင်။ ရွှေဖုန်းပေါင်မှာ သူမကို ဦးစွာ ရှာတွေ့ခဲ့သော်လည်း ပိုင်ပန်း၏ ထွက်ပြေးသည့် အစီအရင်များ၊ ကာကွယ်ရေး ရတနာများကြောင့် ဒဏ်ရာရနေသည့်တိုင် သူမကို အပြတ်မသတ်နိုင်ခဲ့ပေ။

ခုနစ်ရက်မြောက်သောနေ့တွင် အဖွဲ့သားအားလုံး "အီလီစီယမ် အသေး" ပေါ်၌ စုံစည်းကြသည်။ သခင်လေးရှန့်သည် ဝေ့ဝူယင်၏ ဘေးတွင် ထိုင်ကာ အရက်သောက်နေရင်း၊ အလွန် ချစ်စဖွယ်ကောင်းသော ဝေ့ရှောင်ထျန်းကို မကြည့်မိစေရန် သူ၏ စိတ်ဓာတ်ကို အပြင်းအထန် ထိန်းချုပ်ထားရသည်။ ထိုမိန်းကလေးမှာ လူတို့၏ နှလုံးသားကို ဖမ်းစားနိုင်သူ မဟုတ်ပါလား။ ထို့ပြင် သူမသည် ဝေ့ဝူယင်၏ အမျိုးသမီးဖြစ်ကြောင်းလည်း သူ သိရှိထားသည်။

ဝေ့ဝူယင်သည် "ဟင်းလင်းပြင် ပေါ်တယ် ဖန်တီးခြင်း - ဂလက်ဆီ အကွာအဝေး" ကျင့်စဉ်ကို တစ်ဖန် ပြန်လည် ထုတ်ဖော်လိုက်ပြန်သည်။ ဦးတည်သည်ကား...

"အမည်မဲ့ ဂလက်ဆီ"

ထိုနေရာသည် ဝေ့ဝူယင် အဆင့်တက်ရန်အတွက် ရွေးချယ်ထားသော စင်မြင့်ထက်ပင် ဖြစ်လေတော့သတည်း။

***

All Chapters