← Chapters

အခန်း (၆၃၁-၆၃၃)

Vol. 43 Ch. 631-633

အခန်း (၆၃၁-၆၃၃)

Vol. 43 Ch. 631-633

အခန်း (၆၃၁) - မြောက်ပိုင်း နယ်နိမိတ်ချောက်နက်သို့ သွားခြင်း

~“ထျန်းဟယ်...”

နဂါးနတ်ဘုရား နန်းတော် အတွင်း၌ ဟန်ခွန်း နှင့် ချိုရွှေရှန်း တို့သည် အခင်းအကျင်း ပွင့်သွားသည်ကို သတိထားမိလိုက်ပြီး ကြောက်မက်ဖွယ် အရှိန်အဝါကို အာရုံခံမိလိုက်သဖြင့် ချက်ချင်း ရောက်ရှိလာကြ၏။

“နန်းတော်သခင်...”

ဖုန်းဝူချန် ဒဏ်ရာပြင်းထန်စွာ ရထားသည်ကို တွေ့သောအခါ ဟန်ခွန်း ၏ မျက်နှာ ဖြူဖျော့သွားပြီး သူ့ဘေးသို့ ချက်ချင်း ရောက်ရှိသွားသည်။

“နန်းတော်သခင်... ဒဏ်ရာတွေ ဘယ်လိုနေလဲ...”

ဟန်ခွန်း က စိုးရိမ်တကြီး မေးလိုက်၏။

“ကျွန်တော် အဆင်ပြေပါတယ်...”

ဖုန်းဝူချန်က အားယူပြီး ပြောလိုက်၏။

နောက်ဆုံးတွင် နဂါးနတ်ဘုရား နန်းတော်သို့ ရောက်ရှိလာပြီး ထျန်းဟယ် ၏ လိုက်လံတိုက်ခိုက်မှုမှ လွတ်မြောက်လာနိုင်ခဲ့သဖြင့် ဖုန်းဝူချန် စိတ်သက်သာရာ ရသွားသည်။ တစ်ချိန်တည်းမှာပင် သူ့ရင်ထဲ၌ ဒေါသအိုး ပေါက်ကွဲထွက်လာသည်။

“ဘုန်း...”

“ဝူး... ဝူး...”

ကြောက်မက်ဖွယ် စွမ်းအင်တိုက်ခိုက်မှုသည် အခင်းအကျင်းကို ဝင်ဆောင့်လိုက်ရာ မိုးမြေသိမ့်တုန် ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ဖျက်ဆီးအားပြင်းသော စွမ်းအင်များ ရူးသွပ်စွာ မြင့်တက်သွားသည်။

သို့သော် ခြေတစ်လှမ်း နောက်ကျသွားခဲ့ပြီ။ ထျန်းဟယ် ၏ စွမ်းအင်တိုက်ခိုက်မှုသည် နဂါးနတ်ဘုရား နန်းတော်၏ အခင်းအကျင်းကို မဖြိုခွင်းနိုင်ခဲ့ပေ။

“ကောင်းကင်ဘုံလူသား အဆင့် ရှိတဲ့ ကျွန်တော်တောင် မဖြိုနိုင်တဲ့ အခင်းအကျင်းကို... ထျန်းကျီဘုံ ပဉ္စမအလွှာလောက် ရှိတဲ့ ခင်ဗျားက ဖြိုနိုင်မယ် ထင်နေတာလား...”

ဖုန်းဝူချန်က လှောင်ပြောင်လိုက်၏။

ထိုစကားကို ကြားသောအခါ ထျန်းဟယ် ၏ မျက်နှာထား အေးစက်သွားပြီး သတ်ဖြတ်လိုစိတ်များ ရူးသွပ်စွာ ပေါက်ကွဲထွက်လာသည်။ သို့သော် ယခုအချိန်တွင် ဖုန်းဝူချန်ကို ဘာမှမလုပ်နိုင်သဖြင့် ဒေါသထွက်လွန်း၍ ရင်ဘတ်ပေါက်ကွဲမတတ် ဖြစ်နေသည်။

“ဖုန်းဝူချန်... ဘဝင်မြင့်မနေနဲ့... ငါ မင်းကို သေချာ စောင့်ကြည့်နေမှာ...”

ထျန်းဟယ် က ခြိမ်းခြောက်လိုက်၏။ သူ့မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ရက်စက်သော သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။

ဖုန်းဝူချန်က မဲ့ပြုံး ပြုံးကာ ပြန်ပြောလိုက်၏။

“ဒါဆိုလည်း သေချာ ကြည့်ထားပေါ့... ဘာလို့လဲဆိုတော့ ကျွန်တော် ခင်ဗျားကို ဘယ်အချိန် သတ်လိုက်မလဲဆိုတာ ဘယ်သူမှ မပြောနိုင်ဘူးလေ...”

“မင်းမှာ အဲ့ဒီ အရည်အချင်း ရှိမရှိ စောင့်ကြည့်ရသေးတာပေါ့...”

ထျန်းဟယ် က အေးစက်စွာ ပြောလိုက်၏။ သူ့မျက်နှာသည် ရုပ်ပျက်ဆင်းပျက် တွန့်လိမ်နေပြီး ဖုန်းဝူချန်ကို အခုချက်ချင်း ရိုက်သတ်ချင်စိတ် ပေါက်နေပုံရသည်။

“အဲ့ဒီနေ့ ရောက်လာမှာပါ...”

ဖုန်းဝူချန်က အေးစက်စွာ တုံ့ပြန်လိုက်၏။ ခဏကြာ တိတ်ဆိတ်သွားပြီးနောက် သူ ဆက်ပြောလိုက်၏။

“ကျွန်တော် တော်တော် သိချင်နေတာ တစ်ခုရှိတယ်... နတ်ဆိုးမျိုးနွယ်နဲ့ ယင်ယန် မိသားစုက ကျွန်တော့်ကို ဖမ်းချင်နေကြတာ... ခင်ဗျားတို့ နတ်ဘုရား ဘုရင် နန်းတော်က သူတို့ကို ယှဉ်နိုင်တာလည်း မဟုတ်ဘဲနဲ့... ဘယ်က သတ္တိတွေ ရပြီး ကျွန်တော့်ကို လာဖမ်းနေတာလဲ...”

“ဘာ... မင်းက နတ်ဘုရား ဘုရင် နန်းတော်ကို တိုက်ကြီးမှာ အစွမ်းအထက်ဆုံး အင်အားစုလို့ ထင်နေပြီး သူတို့ကို ယှဉ်နိုင်မယ် ထင်နေတာလား... ခင်ဗျားတို့ နန်းတော်ကို အထင်ကြီးလွန်းနေပြီ...”

ဖုန်းဝူချန်က လှောင်ပြောင်လိုက်၏။

“ဟွန်း... အဲ့ဒါ မင်း ပူစရာ မလိုဘူး...”

ထျန်းဟယ် က နှာခေါင်းရှုံ့လိုက်ပြီး ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

အခင်းအကျင်းကို မဖြိုခွင်းနိုင်သဖြင့် ထျန်းဟယ် အနေဖြင့် အခွင့်အရေး နောက်တစ်ကြိမ်ကိုသာ စောင့်ရပေတော့မည်။

“နန်းတော်သခင်... ဘာဖြစ်ခဲ့တာလဲ...”

ထျန်းဟယ် ထွက်သွားသည်နှင့် ဟန်ခွန်း က ချက်ချင်း မေးလိုက်၏။

ဖုန်းဝူချန် မျက်ခုံးတန်းများ တွန့်ချိုးကာ ပြောလိုက်၏။

“သူ ကျွန်တော်နောက်ကို တောက်လျှောက် လိုက်လာတာ... ကျန်းမိသားစုနဲ့ ဝေးသွားတဲ့အချိန်ကျမှ ဝင်တိုက်တာ... ဒီလူက တော်တော် ဉာဏ်များတယ်...”

“နန်းတော်သခင်... ဒဏ်ရာတွေ တော်တော် ပြင်းထန်နေတယ်... မြန်မြန် သွားကုလိုက်ပါ...”

ချိုရွှေရှန်း က တိုက်တွန်းလိုက်၏။

ဖုန်းဝူချန်လည်း အသာ ခေါင်းညိတ်လိုက်ပြီး ကိုးထပ် ချန်ကွန်း မျှော်စင်၏ သတ္တမမြောက် အထပ်သို့ ချက်ချင်း ဝင်ရောက်သွားတော့သည်။

ထျန်းဟယ် ၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရထားသည့်အပြင် ကမ္ဘာပျက် စွမ်းအားနှင့် အင်မော်တယ် ကျင့်စဉ်ကို ဇွတ်တရွတ် ထုတ်သုံးခဲ့ရသဖြင့် ခန္ဓာကိုယ် အတွင်းအင်္ဂါများ ဆိုးရွားစွာ ထိခိုက်နေသည်။ ဆေးလုံးများ အကူအညီသာ မရခဲ့လျှင် နဂါးနတ်ဘုရား နန်းတော်သို့ ပြန်ရောက်နိုင်မည် မဟုတ်ပေ။

“ထျန်းဟယ်...”

ဖုန်းဝူချန်၏ မျက်လုံးများတွင် ရက်စက်သော သတ်ဖြတ်လိုစိတ်များ ဝင်းပသွားပြီး အံကြိတ်ကာ ပြောလိုက်၏။

“စောင့်ကြည့်နေလိုက်... သူ့ကို ပြာကျအောင် မလုပ်နိုင်သရွေ့ ငါ အနားမယူဘူး...”

...

နဂါးနတ်ဘုရား နန်းတော်မှ ထွက်ခွာလာပြီးနောက် ထျန်းဟယ် သည် ဝေးဝေးလံလံ မသွားဘဲ သီးသန့်နေရာတစ်ခုတွင် ဝင်ရောက် ပုန်းခိုနေလိုက်၏။

“ဒုတိယ နန်းတော်သခင်လေး... နတ်ဆိုးမျိုးနွယ်နဲ့ ယင်ယန် မိသားစုက ဖုန်းဝူချန်ကို လိုက်ဖမ်းနေကြတယ်... ဖုန်းဝူချန် ပြောတာတော့ သူတို့ရဲ့ အင်အားက ကျွန်တော်တို့ နတ်ဘုရား ဘုရင် နန်းတော်ထက် သာတယ်တဲ့... ဒုတိယ နန်းတော်သခင်လေး သိပါသလား...”

ထျန်းဟယ်က စိတ်ချင်းဆက်သွယ်ပြီး မေးလိုက်၏။ နတ်ဆိုးမျိုးနွယ်နှင့် ယင်ယန် မိသားစုအကြောင်း ကြားဖူးသော်လည်း သူတို့ မည်မျှ စွမ်းအားကြီးကြောင်းကိုတော့ သူ မသိပေ။

နတ်ဘုရား ဘုရင် နန်းတော်မှာ... ၊

နန်းဆောင်တစ်ခု အတွင်းတွင် လိန်ဟွန်း သည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်ကြည့်လိုက်၏။

“နတ်ဆိုးမျိုးနွယ်... ယင်ယန် မိသားစု...”

လိန်ဟွန်း မျက်လုံးများ မှေးစင်းသွားပြီး မျက်နှာထား အလွန် လေးနက်သွားသည်။

ထိုအခိုက်၊ လိန်ဟွန်း ၏ အသံသည် ထျန်းဟယ် ၏ စိတ်ထဲသို့ ရောက်ရှိလာသည်။

“ထျန်းဟယ်... ပြန်လာခဲ့တော့... ဖုန်းဝူချန်ကို လောလောဆယ် လွှတ်ထားလိုက်... မင်းအတွက် ပိုအရေးကြီးတဲ့ တာဝန် ရှိတယ်…”

“ဟုတ်ကဲ့...”

ထျန်းဟယ် လေးစားစွာ ပြန်ဖြေလိုက်သော်လည်း သူ့စိတ်ထဲတွင် ပိုမို ဇဝေဇဝါ ဖြစ်သွားသည်။

သူ မေးခွန်းတစ်ခုပဲ မေးလိုက်ရသေးတယ်... လိန်ဟွန်း က သူ့ကို ပြန်ခေါ်နေပြီလား...။

“နတ်ဆိုးမျိုးနွယ်နဲ့ ယင်ယန် မိသားစုရဲ့ အင်အားက နတ်ဘုရား ဘုရင် နန်းတော်ထက် သာတယ် ဆိုတာ တကယ်ပဲလား... သူတို့က ဘယ်လို အင်အားစုတွေမို့လို့ ငါ တစ်ခါမှ မကြားဖူးရတာလဲ...”

ထျန်းဟယ် မျက်ခုံးတန်းများ တွန့်ချိုးကာ တွေးတောနေမိသည်။

အဆင့်အတန်း တစ်ခုသို့ မရောက်ရှိသေးသဖြင့် ထျန်းဟယ် သည် တိုက်ကြီးပေါ်ရှိ လျှို့ဝှက်ဆန်းကြယ်သော အင်အားစုများအကြောင်း လုံးဝ မသိရှိပေ။

ထျန်းဟယ် ပြန်ဆုတ်ခွာသွားသဖြင့် နတ်ဆိုးမျိုးနွယ်၊ ယင်ယန် မိသားစုနှင့် နတ်ဘုရား ဘုရင် နန်းတော်တို့၏ လှုပ်ရှားမှုများ အားလုံး ငြိမ်သက်သွားကြ၏။

*

ရက်များ ကုန်ဆုံးလာပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် တစ်လ ကုန်ဆုံးသွားခဲ့သတည်း။

ဤတစ်လအတွင်း နတ်ဘုရား ဘုရင် နန်းတော်ဘက်မှ မည်သည့် လှုပ်ရှားမှုမျှ မရှိခဲ့ပေ။

နတ်ဆိုးမျိုးနွယ်နှင့် ယင်ယန် မိသားစုတို့သည်လည်း ငြိမ်သက်နေကြ၏။

နဂါးနတ်ဘုရား နန်းတော်မှ စစ်သည်များသည် တံခါးပိတ် ကျင့်ကြံရာမှ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြ၏။

နတ်ဘုရား အသွင်ပြောင်းဘုံ ပညာရှင်၏ သွေးစွမ်းအင် အဆီအနှစ်၊ သန့်စင်သော စွမ်းအင်ခန္ဓာများနှင့် ကောင်းကင်နှင့် မြေကြီး ရတနာများ၏ အကူအညီကြောင့် သူတို့၏ ကျင့်ကြံနှုန်းသည် အံ့မခန်း မြန်ဆန်လာသည်။ စစ်သည်အားလုံး ကောင်းကင်ဘုံလူသား အဆင့်သို့ အောင်မြင်စွာ ရောက်ရှိသွားကြပြီ ဖြစ်သည်။

လင်ရှောင်ရှောင် ၊ လျိုချင်းယန် နှင့် အခြားသူများသည်လည်း အဆင့်တက်သွားကြ၏။

ဖုန်းကျန့်ရှုံး ၊ ရှောင်ချင်းချင်း နှင့် ဖုန်းချန်ယန် တို့သည်လည်း ကောင်းကင်ဘုံလူသား အဆင့်သို့ ချောမွေ့စွာ ရောက်ရှိသွားကြသည်။

သွမ့်ဝူချင် နှင့် သွမ့်ဟန်ရှီး တို့လည်း အောင်မြင်စွာ အဆင့်တက်သွားကြ၏။

နဂါးနတ်ဘုရား နန်းတော်၏ အင်အားသည် အရူးအမူး.. မြင့်တက်လာသည်။

ကောင်းကင်ဘုံလူသား အဆင့် စစ်သည် (၅၀၀) ကျော် ပိုင်ဆိုင်ထားသော နဂါးနတ်ဘုရား နန်းတော်သည် ဝူကျိနယ်မြေတွင် အင်အားကြီးဂိုဏ်း တစ်ခု ဖြစ်လာခဲ့ပြီတည်း။

နဂါးနတ်ဘုရား နန်းတော် တစ်ခုလုံး စိတ်လှုပ်ရှားနေကြပြီး အဆင့်တက်သွားသော စစ်သည်များသည် အလွန်အမင်း ပျော်ရွှင်နေကြ၏။

ကောင်းကင်ဘုံလူသား အဆင့်သို့ ရောက်ရှိခြင်းသည် စစ်သည်များအတွက် ဂုဏ်ယူစရာ တစ်ခု ဖြစ်ပေသည်။

“နန်းတော်သခင် ထွက်လာပြီ...”

တစ်ယောက်က ဝမ်းသာအားရ အော်ဟစ်လိုက်၏။

“အစ်ကိုကြီးဖုန်း...”

“အစ်ကိုဖုန်း...”

လင်ရှောင်ရှောင် နှင့် အခြားသူများ အပြေးအလွှား ရောက်ရှိလာကြ၏။ သူတို့ မျက်နှာပေါ်တွင် အပြုံးများ ဝေဆာနေ၏။

“နန်းတော်သခင်ကို ကြိုဆိုပါတယ်...”

စစ်သည်များက လေးစားစွာ နှုတ်ဆက်လိုက်ကြ၏။

ဖုန်းဝူချန် ရောက်ရှိလာပြီး အားလုံး၏ စိတ်လှုပ်ရှားနေသော မျက်နှာများကို ကြည့်ကာ ပြုံးပြီး ပြောလိုက်၏။

“အားလုံး အဆင့်တက်သွားကြပြီပဲ... ကျွန်တော် ထင်ထားတာထက် ပိုမြန်တယ်...”

“သားဝူချန်... သားရော အဆင့်တက်ပြီလား...”

ရှောင်ချင်းချင်း က မေးလိုက်ခြင်းပါ။

“မတက်သေးပါဘူး...”

ဖုန်းဝူချန် ပခုံးတွန့်ပြရင်း ပြုံးကာ ပြောလိုက်၏။

“ဒါပေမဲ့ ဖေဖေ၊ မေမေနဲ့ အကြီးအကဲကြီး တို့ကတော့ ကောင်းကင်ဘုံလူသား အဆင့် (၁) ကို ရောက်သွားကြပြီပဲ...”

ထိုအခါ၊ဖုန်းချန်ယန် က မုတ်ဆိတ်မွေးကို သပ်ရင်း ပြန်ပြောလိုက်၏။

“နတ်ဘုရား အသွင်ပြောင်းဘုံ ပညာရှင်ရဲ့ သွေးစွမ်းအင်ကြောင့်ပါ... မဟုတ်ရင် ငါတို့ ပါရမီနဲ့ဆို ကောင်းကင်ဘုံလူသား အဆင့် ရောက်ဖို့ဆိုတာ ကောင်းကင်ပေါ် တက်သလို ခက်ခဲမှာပါကွာ...”

ဖုန်းကျန့်ရှုံး နားမလည်နိုင်စွာ ပြောလိုက်၏။

“သားဝူချန်... သားရဲ့ ပါရမီနဲ့ သတ္တမအထပ်မှာ ကျင့်ကြံနေတာဆိုတော့ အဆင့်တက်သင့်နေပြီလေ...”

“မကြာခင် တက်တော့မှာပါ...”

ဖုန်းဝူချန်က အသာ ပြုံးပြလိုက်သည်။

ထို့နောက်၊ဟန်ခွန်း ဘက်သို့ လှည့်ကြည့်ပြီး ၊ မေးလိုက်၏။

“နတ်ဘုရား ဘုရင် နန်းတော်ဘက်က လှုပ်ရှားမှု ရှိလား...”

ဟန်ခွန်းက ခေါင်းခါလိုက်ပြီး လေးစားစွာ ပြန်ဖြေလိုက်၏။

“မရှိပါဘူး... ထျန်းဟယ် လည်း ထပ်ပေါ်မလာပါဘူး...”

ဖုန်းဝူချန် ခေါင်းညိတ်လိုက်ပြီး မှာကြားလိုက်၏။

“အားလုံး ဆက်လက် ကျင့်ကြံကြပါ...”

“ရှောင်ရှောင် ၊ ချင်းယန် ၊ ချင်းချင်း ၊ ယီထျန်းချင်း ၊ ပေတိုယန် ၊ လန်ယွဲ့ ၊ နန်းကုန်းကျန့်... မင်းတို့ ပြင်ဆင်ထားကြ... ငါတို့ မြောက်ပိုင်း နယ်နိမိတ်ချောက်နက်ကို သွားကြမယ်... ဒီခရီးစဉ်မှာ လူအများကြီး ခေါ်သွားလို့ မရပါဘူး... ကျန်တဲ့လူတွေ နဂါးနတ်ဘုရား နန်းတော်မှာ နေခဲ့ကြပါ...”

ကိုးထပ် ချန်ကွန်း မျှော်စင်၏ နဝမမြောက် အထပ်တွင် တစ်လကြာ တံခါးပိတ် ကျင့်ကြံပြီးနောက် ကျင့်ကြံခြင်းအဆင့်သည် များစွာ တိုးတက်လာသော်လည်း ကောင်းကင်ဘုံလူသား အဆင့် (၈) သို့ မရောက်ရှိသေးပေ။

သို့သော် လွန်ခဲ့သော တစ်လကနှင့် ယှဉ်လျှင်တော့၊ ပိုမို စွမ်းအားကြီးလာပြီ ဖြစ်သည်။

“မြောက်ပိုင်း နယ်နိမိတ်ချောက်နက်...”

ဖုန်းကျန့်ရှုံး နှင့် ရှောင်ချင်းချင်း တို့ နားမလည်နိုင်စွာ ကြည့်လိုက်ကြ၏။

“အဲ့ဒါ ဘာနေရာလဲ...”

ဖုန်းကျန့်ရှုံး က မေးလိုက်၏။

ထိုအခါ၊

ဖုန်းဝူချန်က ပြုံးကာ

“ဖေဖေ... အဲ့ဒီမှာ ရတနာတွေ ရှိတယ်... သား လိုချင်တဲ့ ရတနာတွေ ရှိတယ်...”

“သားဝူချန်... ရတနာ ရှာတာက အန္တရာယ် များတယ်... သတိထားနော်...”

ဖုန်းချန်ယန် က သတိပေးလိုက်၏။

“စိတ်ချပါ အကြီးအကဲကြီး...”

ဖုန်းဝူချန် ခေါင်းညိတ်လိုက်၏။

“နန်းတော်သခင်... အဲ့ဒီနေရာက နတ်ဘုရား ဘုရင် နန်းတော်ရဲ့ ပိုင်နက်လေ... လွှမ်းမိုးခြင်း နယ်မြေထဲက အင်အားကြီးဂိုဏ်းတွေ အကုန်လုံးက နတ်ဘုရား ဘုရင် နန်းတော်ရဲ့ လက်အောက်ခံတွေချည်းပဲ... ကျွန်တော်တို့ သွားရင် သေချာပေါက် ပစ်မှတ်ထားခံရမှာ...”

ယီထျန်းချင်း မျက်ခုံးတန်းများ တွန့်ချိုးမိသွား၏။

“တကယ်လို့ ပစ်မှတ်ထားခံရရင် ကျွန်တော်တို့ ပြန်လာနိုင်မှာ မဟုတ်တော့ဘူး...”

ဟု ပေတိုယန် က လေးနက်စွာ ဖြည့်စွက် ပြောလိုက်၏။

“အချိန်ဆွဲမနေတော့ဘူး... အခုချက်ချင်း သွားကြစို့...”

ဖုန်းဝူချန်က အလေးအနက် ပြောလိုက်တော့၏။

အခန်း (၆၃၂) - နတ်ဆိုးမျိုးနွယ်၏ တည်ရှိမှု

~ဖုန်းဝူချန်နှင့် အပေါင်းအပါများသည် လွှမ်းမိုးခြင်း နယ်မြေ ဆီသို့ အလျင်အမြန် ပျံသန်းသွားကြ၏။

“ထျန်းဟယ် က ဒီနားတဝိုက်မှာ ပုန်းနေနိုင်တယ်... အထူးသတိထားကြ...”

ဖုန်းဝူချန်က သတိပေးလိုက်၏။

ထျန်းဟယ် ပေါ်မလာသည်မှာ တစ်လခန့် ရှိပြီ ဖြစ်သော်လည်း သတိထားရမည် ဖြစ်သည်။

မြောက်ပိုင်း နယ်နိမိတ်ချောက်နက် ခရီးစဉ်တွင် ဝူမီးတောက် ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဖုန်းဝူချန်အတွက် သွားရောက် စူးစမ်းသင့်သော နေရာတစ်ခု ဖြစ်သည်။

ဝူမီးတောက်သည် ရှေးဦး ကမ္ဘာဦး နတ်ဘုရား မီးတောက် ဖြစ်ပြီး မီးတောက်များ၏ ခေါင်းဆောင် ဖြစ်သဖြင့် အလွန် ဆွဲဆောင်မှု ရှိသည်။

ဖုန်းဝူချန်သည် မြေပုံကို ထုတ်လိုက်ပြီး လက်ညှိုးဖြင့် လမ်းကြောင်းဆွဲကာ ပြောလိုက်၏။

“ငါတို့ ဝူကျိနယ်မြေ မြောက်ဘက် နယ်နိမိတ်ကနေ သွားကြမယ်... နတ်ဘုရား ဘုရင် နန်းတော်ကို ရှောင်ပြီး သွားလို့ ရတယ်... ဒီလမ်းကြောင်းမှာ အင်အားကြီးဂိုဏ်းတွေလည်း နည်းတယ်...”

“အစ်ကိုကြီးဖုန်း... ဒီနေရာက တိုက်ကြီးရဲ့ မိစ္ဆာတောင်တန်း လေ... သွေးကျောက်စိမ်း ဗောဓိကို ရှာဖို့ ဝင်သွားလို့ ရတယ်...”

လင်ရှောင်ရှောင် က မြေပုံကို ညွှန်ပြပြီး ပြောလိုက်၏။ မြေပုံပေါ်တွင် မိစ္ဆာတောင်တန်းကိုလည်း အမှတ်အသား ပြုထားသည်။

“ဟုတ်တယ်... သွေးကျောက်စိမ်း ဗောဓိ တစ်လုံး ရရင် ငါ ကောင်းကင်ဘုံလူသား အဆင့် (၈) ကို ရောက်နိုင်တယ်...”

ဖုန်းဝူချန်က ပြုံးကာ ပြောလိုက်၏။

“ရှောင်ရှောင်... နင် ပြောတော့ သွေးကျောက်စိမ်း ဗောဓိ က နတ်ဘုရား အသွင်ပြောင်းဘုံ စပါးအုံးမြွေကြီးတွေဆီမှာပဲ ရှိတာဆို... နတ်ဘုရား အသွင်ပြောင်းဘုံနော်... ငါတို့ သေလမ်းရှာနေတာ မဟုတ်ဘူးလား...”

လျိုချင်းယန် အံ့သြတကြီး မေးလိုက်၏။

ထိုစကားကို ကြားသောအခါ လင်ရှောင်ရှောင် က ဂုဏ်ယူစွာ ရယ်မောလိုက်ပြီး ပြောလိုက်၏။

“မမေ့နဲ့လေ... အစ်ကိုကြီးဖုန်းဆီမှာ သားရဲတွေရဲ့ ဘုရင် ဖြစ်တဲ့ နဂါးမျိုးနွယ် သွေးမျိုးဆက် ရှိတယ်... ဘယ်လောက်ပဲ ကြောက်စရာကောင်းတဲ့ သားရဲဖြစ်ပါစေ... အစ်ကိုကြီးဖုန်းကို မြင်ရင် အဝေးဆုံးကို ထွက်ပြေးကြမှာ...”

“ထွက်ပြေးကြမယ် ဟုတ်လား...”

လျိုချင်းယန် ကြောင်အသွားပြီး တစ်စုံတစ်ခုကို သဘောပေါက်လိုက်သည့်အလား ပြောလိုက်၏။

“ဒါကြောင့်ကိုး... ဝိညာဉ်ရေကန်ကို သွားတုန်းက မိစ္ဆာသားရဲ တစ်ကောင်မှ မတွေ့ခဲ့ရတာ... နဂါးမျိုးနွယ် သွေးမျိုးဆက်ကြောင့်ကိုး...”

“မိန်းကလေးရှောင်ရှောင်... ရှေးဟောင်း နဂါးမျိုးနွယ်စုက အရမ်း စွမ်းအားကြီးလား...”

ပေတိုယန် က လှည့်မေးလိုက်၏။

လင်ရှောင်ရှောင် က ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ပြီး...

“အရမ်း စွမ်းအားကြီးတာပေါ့... နတ်ဆိုးမျိုးနွယ်၊ ဘီလူးမျိုးနွယ်၊ အယ်လ်ဖ်မျိုးနွယ်၊ ယင်ယန် မိသားစု၊ ပိုင်လီ မျိုးနွယ်စု၊ ထာဝရ ဖီးနစ် မိစ္ဆာမျိုးနွယ်၊ ချီလင် မျိုးနွယ်... ဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ အထွတ်အထိပ် အင်အားစုတွေထဲမှာ ဘယ်သူကမှ နဂါးမျိုးနွယ်လောက် မစွမ်းအားကြီးကြဘူး...”

လင်ရှောင်ရှောင် က လန်ယွဲ့ ဘက်သို့ လှည့်ကြည့်ပြီး ပြုံးကာ ပြောလိုက်၏။

“အစ်မလန်ယွဲ့ က အယ်လ်ဖ်မျိုးနွယ်ဝင် ဆိုတော့ သူလည်း သိမှာပါ...”

“ကြောက်စရာကောင်းတဲ့ အင်အားကြီးဂိုဏ်းတွေ အများကြီး ရှိနေသေးတာပဲ...”

ယီထျန်းချင်း ၏ မျက်နှာပေါ်တွင် ထိတ်လန့်မှုများ ပြည့်နှက်နေသည်။

“သူတို့ အကုန်လုံးက နတ်ဘုရား ဘုရင် နန်းတော်ထက် သာကြလား...”

ဟု နန်းကုန်းကျန့် က စပ်စုလိုက်၏။

ထိုအခါ၊ လန်ယွဲ့ က ဖြေလိုက်၏။

“နတ်ဘုရား ဘုရင် နန်းတော်ရဲ့ အင်အားက ကျွန်မတို့ အယ်လ်ဖ်မျိုးနွယ်နဲ့ တန်းတူလောက် ရှိမယ် ထင်တယ်... အသေးစိတ်တော့ မသိဘူး... နတ်ဘုရား ဘုရင် နန်းတော်က တိုက်ကြီးရဲ့ မျက်နှာပြင်ပေါ်မှာ အုပ်စိုးသူတွေ ဖြစ်ပေမယ့်... လျှို့ဝှက်ဆန်းကြယ်တဲ့ အင်အားစုတွေကြားမှာတော့ နဂါးမျိုးနွယ်က အုပ်စိုးသူပဲ... ဒါပေမဲ့ နဂါးမျိုးနွယ်ကို ယှဉ်နိုင်တဲ့ အခြား အစွမ်းထက် အင်အားစု တစ်ခု ရှိသေးတယ်...”

“နဂါးမျိုးနွယ်ကို ယှဉ်နိုင်တဲ့ အင်အားစု ...”

လူတိုင်း အံ့သြသွားကြပြီး လန်ယွဲ့ ကို ဝိုင်းကြည့်လိုက်ကြ၏။

နဂါးမျိုးနွယ်၏ အင်အားသည် ဤမျှ ကြောက်မက်ဖွယ် ကောင်းနေပါလျက်နှင့် နဂါးမျိုးနွယ်ကို ယှဉ်နိုင်သော လျှို့ဝှက်ဆန်းကြယ် အင်အားစု ရှိနေသေးသည် ဆိုခြင်းမှာ တကယ့်ကို တုန်လှုပ်စရာ သတင်းပင်။

လန်ယွဲ့ ခေါင်းညိတ်လိုက်ပြီး တိုးတိုးလေး ပြောလိုက်၏။

“နတ်ဆိုးမျိုးနွယ် ...”

“နတ်ဆိုးမျိုးနွယ်...”

လျိုချင်းယန် နှင့် အခြားသူများ အလွန်အမင်း တုန်လှုပ်သွားကြ၏။

“နတ်ဆိုးမျိုးနွယ်ရဲ့ အင်အားက အရမ်း ကြောက်စရာ ကောင်းတယ်... သူတို့က တိုက်ကြီးပေါ်က အင်အားကြီးဂိုဏ်းတွေ အကုန်လုံးကို ချေမှုန်းပြီး သူတို့အုပ်ချုပ်ဖို့ အမြဲ ကြံစည်နေကြတာ... နဂါးမျိုးနွယ်နဲ့ တခြား အင်အားစုတွေသာ မပူးပေါင်းခဲ့ရင် တိုက်ကြီးတစ်ခုလုံး နတ်ဆိုးမျိုးနွယ် လက်အောက် ရောက်နေလောက်ပြီ...”

လန်ယွဲ့ ဆက်ပြောလာသည်။

“ကျွန်မတို့ မျိုးနွယ်စုခေါင်းဆောင် ပြောပြတာတော့... နှစ်တွေကြာလာတာနဲ့အမျှ နတ်ဆိုးမျိုးနွယ်နဲ့ စစ်ပွဲတွေ အများကြီး ဖြစ်ခဲ့ပြီး သေဆုံးဒဏ်ရာရတာတွေလည်း များခဲ့တယ်... နောက်ဆုံးတော့ နဂါးမျိုးနွယ်နဲ့ တခြား အင်အားစုတွေ ပူးပေါင်းလိုက်မှ နတ်ဆိုးမျိုးနွယ်ကို မောင်းထုတ်နိုင်ခဲ့တာ... ဒါပေမဲ့ နှစ်တွေအကြာကြီး နေလာခဲ့ပေမယ့် နတ်ဆိုးမျိုးနွယ်က ငြိမ်မနေသေးဘူး...”

ပေတိုယန် ကြောက်လွန်းသဖြင့် တံတွေးတစ်ချက် မျိုချလိုက်မိ၏။

“ဒီ နတ်ဆိုးမျိုးနွယ်က တော်တော် ကြောက်စရာ ကောင်းတာပဲ... နဂါးမျိုးနွယ်တောင် မဖိနှိပ်နိုင်ဘူးတဲ့လား...”

ထိုအခါ၊ လင်ရှောင်ရှောင် က လေးနက်စွာ ဝင်ပြောလိုက်၏။

“နတ်ဆိုးမျိုးနွယ်မှာ အစွမ်းထက် ပညာရှင်တွေ အများကြီး ရှိတယ်... သူတို့က နတ်ဆိုးကျင့်စဉ်တွေကို လေ့ကျင့်ကြပြီး ကျင့်ကြံခြင်းအဆင့် တိုးတက်နှုန်း အရမ်း မြန်တယ်... သူတို့ မွေးထုတ်လိုက်တဲ့ ပညာရှင်တွေက မရေမတွက်နိုင်အောင်ပဲ... အရင်တုန်းက စစ်ပွဲမှာ နဂါးမျိုးနွယ် ခေါင်းဆောင်နဲ့ နတ်ဆိုးမျိုးနွယ် ခေါင်းဆောင် တိုက်ခိုက်ကြတုန်းက နှစ်ယောက်စလုံး အထိအခိုက် ပြင်းထန်ခဲ့ကြတယ်... တခြား အင်အားစုတွေနဲ့ ပူးပေါင်းလိုက်မှ နတ်ဆိုးမျိုးနွယ်ကို မောင်းထုတ်နိုင်ခဲ့တာ... နှစ်ထောင်ပေါင်းများစွာ ကြာပြီးနောက် နတ်ဆိုးမျိုးနွယ် ပြန်လည် နိုးထလာတော့မယ် ထင်ပါရဲ့...”

“နတ်ဆိုးမျိုးနွယ်သာ ပြန်နိုးထလာရင် စစ်ပွဲကြီး ဖြစ်မှာ ပဲ... ရှောင်လွှဲလို့ ရမှာ မဟုတ်ဘူး... အဲ့ဒီအချိန်ကျရင် တိုက်ကြီးတစ်ခုလုံး သွေးချောင်းစီးပြီး သတ်ဖြတ်ခြင်း နယ်မြေ ပေါ့...”ဟု

လန်ယွဲ့ က ဖြည့်စွက် ပြောလိုက်၏။

“ဂလု...”

ယီထျန်းချင်း နှင့် အခြားသူများသည် နားထောင်ရုံဖြင့် မျက်နှာများ ဖြူဖျော့သွားပြီး အလွန်အမင်း ကြောက်ရွံ့သွားကြ၏။

နတ်ဆိုးမျိုးနွယ်၏ တည်ရှိမှုသည် သူတို့ တစ်ခါမှ မကြားဖူးသော အရာဖြစ်ပြီး ကြောက်မက်ဖွယ် ကောင်းပုံမှာ သူတို့၏ စိတ်ကူးဉာဏ်ထက် ကျော်လွန်နေလေသည်။

“ဒီလောက် ကြောက်စရာကောင်းတဲ့ နတ်ဆိုးမျိုးနွယ်ကို မောင်းထုတ်နိုင်တုန်းက ဘာလို့ အမြစ်ပြတ် မချေမှုန်းခဲ့ကြတာလဲ...”

ဟု မြောင်ချင်းချင်း က စိုးရိမ်တကြီး မေးလိုက်၏။

“နတ်ဆိုးမျိုးနွယ်က အရမ်း အစွမ်းထက်လွန်းလို့ ဘယ်သူမှ မဆင်မခြင် မလုပ်ရဲကြဘူး... အမှားတစ်ခု လုပ်မိရင် နောက်ဆက်တွဲ ဆိုးကျိုးက စိတ်ကူးကြည့်လို့တောင် မရနိုင်ဘူး...”

စကား အဆုံးမှာ၊ လင်ရှောင်ရှောင် ခေါင်းခါလိုက်သည်။

“ရှောင်ရှောင်... နင်က ဘယ်အင်အားစုကလဲ...”

လျိုချင်းယန် က မျှော်လင့်တကြီး မေးလိုက်၏။

ဒီမေးခွန်းက လူတိုင်း သိချင်နေသော မေးခွန်းပင် ဖြစ်သည်။

လင်ရှောင်ရှောင် ၏ နောက်ခံကို သူတို့ အမြဲ သိချင်နေခဲ့သော်လည်း တိတိကျကျ မသိခဲ့ရပေ။

လင်ရှောင်ရှောင် က နဂါးမျိုးနွယ် အစောင့်အရှောက်ကို သိပြီး ရင်းနှီးမှု ရှိနေသည်ကို ကြည့်လျှင် သူမ၏ နောက်ကွယ်မှ အင်အားစုသည်လည်း အလွန် ကြောက်မက်ဖွယ် ကောင်းရပေမည်။

“နင်တို့ နောက်ကျရင် သိလာမှာပါ...”

လင်ရှောင်ရှောင် က လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးပြလိုက်၏။

“...”

လင်ရှောင်ရှောင် ၏ အဖြေကြောင့် လျိုချင်းယန် နှင့် အခြားသူများ စိတ်ပျက်သွားကြ၏။

ဖုန်းဝူချန်က ခေါင်းခါလိုက်ပြီး...

“ဒီကိစ္စတွေက ငါတို့ ဝင်ပါရမယ့် ကိစ္စတွေ မဟုတ်သေးပါဘူး... အရမ်း တွေးမနေကြနဲ့... အရှိန်မြှင့်ကြ... အချိန်မဖြုန်းနဲ့...”

“ရွှီး... ရွှီး... ရွှီး...”

လေထုကို ခွဲဖြတ်သံများ ထွက်ပေါ်လာပြီး ဖုန်းဝူချန်နှင့် အဖွဲ့သည် ကောင်းကင်ယံသို့ ပျံတက်သွားကြ၏။

...

မြောက်ပိုင်း နယ်နိမိတ်ချောက်နက်ဝယ်၊...

မိုးထိအောင် မြင့်မားသော တောင်တန်းများသည် ခမ်းနားထည်ဝါစွာ တည်ရှိနေသည်။

“ပိုင်လီယွီဖုန်း... မင်း ငါ့ကို လှည့်စားနေတာလား... ငါတို့ ရှာနေတာ တစ်လကျော်ပြီ... ဘာမှ မတွေ့သေးဘူး...”

တောင်ထိပ်တစ်ခုပေါ်တွင် ဖန်ရွှီဟွိုင် ဒေါသတကြီး အော်ဟစ်လိုက်၏။

ပိုင်လီယွီဖုန်း က ဖန်ရွှီဟွိုင် ကို အေးစက်စွာ ကြည့်လိုက်ပြီး...

“ငါရော ဘာတွေ့လို့လဲ... ငါ မင်းကို မေးရမှာ... မင်း စိတ်မရှည်ရင် ပြန်လေ... ဒီလောက် ကျယ်ကျယ်လောင်လောင် မအော်နဲ့... မဟုတ်ရင် ငါ သတ်ပစ်လိုက်မယ်...”

“မင်း...”

ဖန်ရွှီဟွိုင် ဒေါသထွက်လွန်းသဖြင့် မျက်နှာ ရုပ်ပျက်ဆင်းပျက် ဖြစ်နေသော်လည်း ပြန်မပြောရဲပေ။

ပိုင်လီယွီဖုန်း ၏ စွမ်းအားကို သူ ကောင်းကောင်း သိထားသဖြင့် မယှဉ်ရဲပေ။

ဒီအချိန်မှာ ရန်ဖြစ်လိုက်ရင် ရတနာ ရဖို့ အခွင့်အရေး ဆုံးရှုံးသွားရုံသာမက အသက်ပါ ဆုံးရှုံးသွားနိုင်သည်။

“ငါ့ကို အဲ့ဒီလို မျက်လုံးမျိုးနဲ့ မကြည့်နဲ့... မျက်လုံး ကန်းချင်လို့လား...”

ပိုင်လီယွီဖုန်း က ခြိမ်းခြောက်လိုက်၏။

‘ကောင်စုတ်... မင်း စောင့်နေလိုက်…’

ဖန်ရွှီဟွိုင် စိတ်ထဲတွင် ကြိမ်းဝါးလိုက်တော့၏။

ထိုစဉ်၊ ပိုင်လီယွီဖုန်း က သံသယဖြင့် မေးလိုက်၏။

“ငါတို့ သေချာ မရှာမိတဲ့ နေရာ ရှိလိမ့်မယ်... ဒါမှမဟုတ် မင်း တစ်ခုခု တွေ့ထားပြီး ငါ့ကို မပြောတာများလား...”

“ပိုင်လီယွီဖုန်း... မင်းသာ တစ်ခုခု တွေ့ထားပြီး ငါ့ကို ဖုံးကွယ်ထားတာ နေမှာပါ...”

ဖန်ရွှီဟွိုင် ဒေါသတကြီး ပြန်ပြောလိုက်၏။

“စကားများမနေနဲ့... ဆက်ရှာ... ချိပ်ပိတ်ထားတဲ့ နေရာ ရှိမရှိ သေချာ အာရုံခံကြည့်...”

ပိုင်လီယွီဖုန်း အမိန့်ပေးလိုက်ပြီး ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

“လွန်လွန်းတယ်... တော်တော် လွန်လွန်းတယ်...”

ဖန်ရွှီဟွိုင် အံကြိတ်ကာ ဒေါသထွက်နေ

လေသည်။

“ငါ ထျန်းကျီဘုံ ကိုးခုမြောက် အလွှာကို ရောက်တာနဲ့... မင်းကို အရင်ဆုံး သတ်ပစ်မယ်ကွ…”

အခန်း (၆၃၃) - ယွမ်ဖုန်းမြို့

~ဝူကျိနယ်မြေ မြောက်ပိုင်း နယ်နိမိတ်...

ဖုန်းဝူချန်နှင့် အဖွဲ့သည် ဝူကျိနယ်မြေ မြောက်ပိုင်းနှင့် လွှမ်းမိုးခြင်း နယ်မြေ တို့ ထိစပ်နေသော နယ်နိမိတ်သို့ ရောက်ရှိလာကြ၏။

“ဆရာသခင်... ရှေ့မှာ လွှမ်းမိုးခြင်း နယ်မြေ နယ်နိမိတ် ရှိတယ်...”

လန်ယွဲ့ က တိုးတိုးလေး ပြောလိုက်၏။

ဖုန်းဝူချန်က ခေါင်းညိတ်လိုက်ပြီး...

“သွားကြစို့...”

တုံ့ဆိုင်းမနေဘဲ ဖုန်းဝူချန်နှင့် အဖွဲ့သည် စီစဉ်ထားသည့်အတိုင်း လွှမ်းမိုးခြင်း နယ်မြေ အတွင်းသို့ ဝင်ရောက်သွားပြီး မြောက်ပိုင်း နယ်နိမိတ်ချောက်နက် ဆီသို့ တန်းတန်းမတ်မတ် ပျံသန်းသွားကြ၏။

လွှမ်းမိုးခြင်း နယ်မြေ အတွင်းသို့ ရောက်ရှိသွားပြီ ဖြစ်သဖြင့် မြောက်ပိုင်း နယ်နိမိတ်ချောက်နက်နှင့် မဝေးတော့ပေ။

“ရှေ့မှာ မြို့တစ်မြို့ ရှိတယ်... အဲ့ဒီမှာ ခဏ နားကြမယ်...”

ခဏကြာ ပျံသန်းပြီးနောက် ဖုန်းဝူချန်သည် မြို့တစ်မြို့ကို တွေ့လိုက်ရသဖြင့် ခေတ္တ အနားယူရန် ဆုံးဖြတ်လိုက်၏။

လွှမ်းမိုးခြင်း နယ်မြေ၏ တောင်ပိုင်းနှင့် မြောက်ပိုင်း နယ်နိမိတ်များသည် လူသူကင်းမဲ့သော ဒေသများ ဖြစ်ပြီး ဒုတိယတန်းစားနှင့် တတိယတန်းစား အင်အားစုများသာ ပြန့်ကျဲနေထိုင်ကြသဖြင့် အန္တရာယ် နည်းပါးသည်။

ထို့ကြောင့်လည်း ဖုန်းဝူချန်က ဤလမ်းကြောင်းကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ... ဖုန်းဝူချန်၏ ရည်ရွယ်ချက်မှာ နတ်ဘုရား ဘုရင် နန်းတော်နှင့် မဟာမိတ်ဖွဲ့ထားသော အင်အားစုများနှင့် ထိပ်တိုက်တွေ့ဆုံခြင်းကို ရှောင်ရှားရန်နှင့် နတ်ဘုရား ဘုရင် နန်းတော်မှ ပညာရှင်များ၏ အာရုံစိုက်မှုကို မခံရစေရန် ဖြစ်သည်။

*

ယွမ်ဖုန်းမြို့...

ဝေးလံခေါင်သီသော မြို့တစ်မြို့ ဖြစ်သော်လည်း မိစ္ဆာတောင်တန်းနှင့် နီးကပ်စွာ တည်ရှိသဖြင့် အစွမ်းထက် ပညာရှင်များစွာ စုဝေးရာ မြို့တစ်မြို့ ဖြစ်လာခဲ့သည်။

“ဒီလောက် ဝေးလံခေါင်သီတဲ့ မြို့မှာ ထျန်းကျီဘုံ ပညာရှင်တွေ ရှိနေတာပဲ...”

နန်းကုန်းကျန့် က အံ့သြတကြီး မှတ်ချက်ပြုလာ၏။

ဖုန်းဝူချန်က ဂရုမစိုက်သလို ပြန်ပြောလိုက်၏။

“အရှေ့ဘက် မလှမ်းမကမ်းမှာ မိစ္ဆာတောင်တန်း ရှိတယ်လေ... ဒီမြို့တွေက သူတို့အတွက် ယာယီ နားခိုရာ စခန်းတွေပဲ... တခြား မြို့တွေလည်း ဒီလိုပါပဲ...”

မြို့ထဲသို့ လမ်းလျှောက်ဝင်ရင်း သူက.. ဆက်ပြောလိုက်၏။

“ကံကောင်းရင် မြို့ထဲမှာ အဖိုးတန် ဆေးဖက်ဝင် အပင်တွေနဲ့ တခြား ကုန်ကြမ်းပစ္စည်းတွေ ဝယ်လို့ ရနိုင်တယ်... အဆင့်မြင့် သားရဲတွေတောင် ရနိုင်တယ်... ငါ ဆေးဖက်ဝင် အပင်တချို့နဲ့ ကုန်ကြမ်းတွေ လိုနေတယ်... လူအများစုက အဖိုးတန် ဆေးဖက်ဝင် အပင်တွေနဲ့ ကုန်ကြမ်းတွေရဲ့ တန်ဖိုးကို မသိကြဘူး... တခါတလေ ကောင်းကင်နှင့် မြေကြီး ရတနာ အစစ်တွေကိုတောင် တွေ့ရတတ်ပါတယ်...”

“ဒါကြောင့်လည်း ဆေးပညာရှင် အများစုက မိစ္ဆာတောင်တန်းနားက မြို့တွေမှာ ဆေးဖက်ဝင် အပင်တွေ လာရှာကြတာပေါ့... မိသားစု တော်တော်များများလည်း ဒီလိုပဲ လုပ်ကြတယ်... ဖုန်းမိသားစုလည်း အရင်တုန်းက ဒီလိုပဲ လုပ်ခဲ့ဖူးတယ်...”

စားသောက်ဆိုင် တစ်ခုထဲသို့ ဝင်ရောက်လိုက်သောအခါ သူတို့၏ စိမ်းသက်သော မျက်နှာများကြောင့် ကျင့်ကြံသူ အများအပြား၏ အာရုံစိုက်မှုကို ခံလိုက်ရသည်။

“သူတို့က ဘယ်သူတွေလဲ... မမြင်ဖူးပါဘူး... အရှိန်အဝါက တော်တော် ကြောက်စရာ ကောင်းတယ်...”

“အားလုံးက ကောင်းကင်ဘုံလူသား အဆင့်တွေချည်းပဲ...”

“လွှမ်းမိုးခြင်း နယ်မြေက ပါရမီရှင်တွေပဲ... သေချာပေါက် အင်အားကြီးဂိုဏ်း တစ်ခုခုက ဖြစ်လောက်တယ်...”

စားသောက်ဆိုင် တစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး အံ့သြမှုနှင့် လေးစားမှု အကြည့်များဖြင့် ဖုန်းဝူချန်တို့ကို ဝိုင်းကြည့်နေကြ၏။

ထိုအကြည့်များကို ဖုန်းဝူချန်တို့ ဂရုမစိုက်ပေ။

“သခင်လေးတို့... ကြွပါ... ဒီဘက်ကို ကြွပါ...”

စားပွဲထိုးလေး တစ်ယောက် ရောက်ရှိလာပြီး ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ခရီးဦးကြို ပြုလိုက်၏။

စားပွဲထိုးလေးသည် ဖုန်းဝူချန်တို့ကို ဒုတိယထပ် လသာဆောင် ဘက်သို့ လေးစားစွာ ခေါ်ဆောင်သွားသည်။

ဖုန်းဝူချန်တို့ ဖြတ်လျှောက်သွားသောအခါ အခြား ဧည့်သည်များသည် အလျင်အမြန် လမ်းဖယ်ပေးကြ၏။ မည်သူမျှ အပြစ်ပြုရဲခြင်း မရှိပေ။

ကောင်းကင်ဘုံလူသား အဆင့် ကျင့်ကြံသူများပင်လျှင် သတိထားနေကြ၏။

“လှလိုက်တဲ့ မိန်းကလေး... နတ်သမီးလေး ကျနေတာပဲ...”

လူတစ်ယောက်က လင်ရှောင်ရှောင် နှင့် မြောင်ချင်းချင်း တို့ကို မျက်တောင်မခတ်ဘဲ ငေးကြည့်ရင်း ပြောလိုက်၏။

“ဟိတ်လူ၊သေချင်နေတာလား... သူတို့က ကောင်းကင်ဘုံလူသား အဆင့် ပညာရှင်တွေ... အင်အားကြီးဂိုဏ်းက ပါရမီရှင်တွေဗျ... သေချင်ရင် ဝေးဝေးသွားသေ...ကျုပ်ကိုပါ ရောပြီး ဒုက္ခမပေးနဲ့...”

ဘေးနားမှ လူတစ်ယောက်က ချက်ချင်း ဟန့်တားလိုက်ပြီး ခေါင်းကို ပိတ်ရိုက်လိုက်၏။ ထိုလူခမျာ… ကြောက်လွန်းသဖြင့် ပါးစပ်ကို အုပ်ထားလိုက်ရသည်။

စားသောက်ဆိုင်ထဲတွင် ကောင်းကင်ဘုံလူသား အဆင့် ကျင့်ကြံသူ အနည်းငယ် ရှိသော်လည်း ဖုန်းဝူချန်တို့နှင့် ယှဉ်လျှင် အများကြီး နိမ့်ကျနေသည်။

“သခင်လေးတို့... ဘာသုံးဆောင်ချင်ပါသလဲဗျ...”

စားပွဲထိုးလေးက လေးစားစွာ မေးလိုက်၏။

ဖုန်းဝူချန်က နာမည်ကြီး ဟင်းပွဲအချို့ကို မှာယူလိုက်ပြီး မေးလိုက်၏။

“ဒါနဲ့... မြို့ထဲမှာ ဆေးဖက်ဝင် အပင် ရောင်းတဲ့သူ ရှိလား...”

“ရှိပါတယ်... ရှိပါတယ်...”

စားပွဲထိုးလေး ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်၏။

“မြို့ထဲမှာ ဆေးဆိုင်တွေ အများကြီး ရှိပါတယ်... လမ်းထောင့်တိုင်းမှာလည်း ဆေးပညာရှင်တွေ၊ လက်နက်ပညာရှင်တွေ၊ သွန်းလုပ်ရေး ပညာရှင်တွေက ရတနာတွေ ရှာဝယ်နေကြပါတယ်...”

“ကျေးဇူးပါပဲ...”

ဖုန်းဝူချန်က ပြောလိုက်၏။

“သခင်လေး... ဟိုလူက ဆေးပညာရှင် တစ်ယောက်ပါ... အဆင့် (၄) ဆေးပညာရှင်ပါ... ဆေးဖက်ဝင် အပင်တွေ လိုချင်ရင် သူ့ဆီမှာ ဝယ်လို့ ရပါတယ်... ပြီးတော့ ကျွန်တော်တို့ မြို့ထဲမှာ အဆင့် (၆) ဆေးပညာရှင် တစ်ယောက် ရှိပါတယ်... ယွမ်ဖုန်းမြို့ရဲ့ ဆေးပညာရှင် အကြီးကဲပါ...”

ဖုန်းဝူချန် စကားဆုံးသည်နှင့် စားပွဲထိုးလေးက စားသောက်ဆိုင်ထဲသို့ ဝင်လာသော အဘိုးအို တစ်ဦးကို လက်ညှိုးထိုးပြပြီး ပြောလိုက်၏။

ပြောရင်းဖြင့် စားပွဲထိုးလေးသည် အောက်ထပ်သို့ ပြေးဆင်းသွားပြီး အဘိုးအိုကို နှုတ်ဆက်လိုက်၏။

“ဆရာဝမ်... ဧည့်သည် တစ်ယောက်က ဆေးဖက်ဝင် အပင်တွေ ဝယ်ချင်လို့တဲ့... ရောင်းမလား ခင်ဗျာ...”

“သြော်... ဘယ်သူက ဝယ်ချင်တာလဲ...”

ဟု ဆရာဝမ် က မေးလိုက်၏။

“ကျွန်တော်ပါ...”

ဖုန်းဝူချန် မတ်တတ်ရပ်ပြီး အောက်ထပ်သို့ ဆင်းလာခဲ့သည်။

ဆရာဝမ် က ဖုန်းဝူချန်ကို အကဲခတ်ကြည့်ပြီး ၊

“ညီလေး... ဘယ်လို ဆေးဖက်ဝင် အပင်မျိုး လိုချင်တာလဲ...”

ဖုန်းဝူချန်က အေးဆေးစွာဖြင့်၊

“ဆရာဝမ်... ခင်ဗျားမှာ ရှိသမျှ ဆေးဖက်ဝင် အပင်တွေ အကုန် ထုတ်ပြလိုက်... ကျွန်တော် လိုချင်တာ ပါ မပါ တစ်ချက်ကြည့်လိုက်ရင် သိပါတယ်...”

ဖုန်းဝူချန်၏ လေသံကို ကြားသောအခါ ဆရာဝမ် မကျေမနပ် ဖြစ်သွားပြီး မောက်မာစွာ ပြောလိုက်၏။

“တစ်ချက်ကြည့်လိုက်ရင် သိတယ် ဟုတ်လား... ဟွန်း... မောက်မာလိုက်တာ... ငါ့ဆီမှာ ရှိတဲ့ ဆေးဖက်ဝင် အပင်တွေကို မင်း သိတောင် သိပါ့မလား...”

ဖုန်းဝူချန်သည် ဆေးပညာရှင် တစ်ယောက် ဖြစ်မှန်း ရိပ်မိသော်လည်း ဆရာဝမ် က အထင်မကြီးပေ။

နို့နံ့မစင်သေးတဲ့ ကောင်လေး... ဆေးပညာ အရည်အချင်း ဘယ်လောက်များ ရှိမှာမို့လို့လဲ...

ဖုန်းဝူချန်က ပြုံးကာ ၊

“ဒါဆိုလည်း ဆရာဝမ် ထုတ်ပြလိုက်ပါ... ကျွန်တော်သာ မသိတဲ့ အပင် ပါလာရင် ခင်ဗျားဆီက အကုန် ဝယ်ပေးမယ်... ဈေးကိုလည်း ခင်ဗျား ကြိုက်သလောက် ခေါ်... ဘယ်လိုလဲ...”

“ကောင်းပြီလေ... နောင်တ မရနဲ့နော်...”

ဖုန်းဝူချန် ယုံကြည်မှု အပြည့်ရှိနေသည်ကို တွေ့သောအခါ ဆရာဝမ် သဘောတူလိုက်၏။

လက်ကို ဝှေ့ယမ်းလိုက်ရာ ဆေးဖက်ဝင် အပင် ဒါဇင်ပေါင်းများစွာ သိုလှောင်လက်စွပ်ထဲမှ ထွက်လာပြီး လေထုထဲတွင် ပျံဝဲနေသည်။

ဖုန်းဝူချန် တစ်ချက်ကြည့်လိုက်ပြီး ခေါင်းခါလိုက်၏။

“ကျွန်တော် လိုချင်တဲ့ အပင် တစ်ပင်မှ မပါဘူး... ဒါတွေက သာမန် အပင်တွေပဲ... တန်ဖိုး မရှိပါဘူး... ဒုက္ခပေးမိပြီ...”

ပြောပြီးသည်နှင့် ဖုန်းဝူချန် အပေါ်ထပ်သို့ ပြန်တက်ရန် ပြင်လိုက်၏။

“သာမန် အပင်တွေ... တန်ဖိုး မရှိဘူး ဟုတ်လား...”

ဖုန်းဝူချန်၏ စကားကို ကြားသောအခါ ဆရာဝမ် ကြောင်အသွားပြီးနောက် မျက်နှာ အုံ့မှိုင်းသွားသည်။

“ကောင်လေး... ရပ်လိုက်စမ်း... မင်းက ငါ့ရဲ့ ဆေးဖက်ဝင် အပင်တွေကို သာမန် အပင်တွေ၊ တန်ဖိုးမရှိတဲ့ အပင်တွေလို့ ပြောရဲတယ်ပေါ့... ဘာသဘောလဲ... ရှင်းရှင်းလင်းလင်း မပြောဘဲ ထွက်မသွားရဘူး...”

“စိတ်မဆိုးပါနဲ့ ဆရာဝမ်... ဒီအပင်တွေက ကျွန်တော့်အဖို့ တန်ဖိုးမရှိဘူးလို့ ပြောတာပါ... တခြား သဘော မပါပါဘူး... အထင်မလွဲပါနဲ့...”

ဖုန်းဝူချန်က အေးဆေးစွာ ရှင်းပြလိုက်၏။

ဒီအပင်တွေက ဆရာဝမ် ဈေးပေါပေါနှင့် ဝယ်ထားပြီး ဈေးကြီးကြီးဖြင့် ပြန်ရောင်းကာ အမြတ်ထုတ်မည့် အပင်များ ဖြစ်သည်။

ဒီလို မသမာသော နည်းလမ်းတွေကို ဖုန်းဝူချန် ကောင်းကောင်း နားလည်သော်လည်း ဖွင့်မပြောလိုပေ။

“ကောင်စုတ်လေး... ဒီ ကောင်းကင် သစ်ခွ မွှေးရနံ့ အရွက်က အဆင့် (၄) ရွှေရောင် နက်နဲခြင်း ဆေးလုံး ဖော်စပ်တဲ့နေရာမှာ အဓိက ပါဝင်ပစ္စည်းပဲ... တန်ဖိုးက ရွှေဒင်္ဂါးပြား သုံးသောင်း ရှိတယ်... မင်းက ဘာမှ နားမလည်ဘဲ လျှောက်မပြောနဲ့...”

ဆရာဝမ် ဒေါသတကြီး အော်ဟစ်လိုက်၏။

“ဟုတ်တယ်... ဟုတ်တယ်... ရွှေဒင်္ဂါးပြား သုံးသောင်း တန်တယ်... ငါ လွန်ခဲ့တဲ့ ရက်ပိုင်းကမှ တစ်ရွက် ရောင်းလိုက်ရတယ်...”

“ငါ မနေ့ကပဲ တစ်ရွက်ကို သုံးသောင်းခွဲနဲ့ ရောင်းလိုက်ရတယ်...”

စားသောက်ဆိုင်ထဲမှ လူအချို့က တိုးတိုးလေး ပြောဆိုနေကြပြီး ဆရာဝမ် ၏ စကားကို ထောက်ခံလိုက်ကြသည်။

“ရွှေဒင်္ဂါးပြား သုံးသောင်း...”

ဖုန်းဝူချန် ခေါင်းခါလိုက်ပြီး ပြောလိုက်၏။

“ဆရာဝမ်... ခင်ဗျား လူတွေကို လိမ်နေတာပဲ... ကောင်းကင် သစ်ခွ မွှေးရနံ့ အရွက် က ရွှေရောင် နက်နဲခြင်း ဆေးလုံး ဖော်စပ်တဲ့နေရာမှာ အဓိက ပါဝင်ပစ္စည်း ဖြစ်တာ မှန်ပေမယ့်... သူ့တန်ဖိုးက သုံးသောင်းထက် အများကြီး ပိုပါတယ်...”

“ဘာ... သုံးသောင်းထက် ပိုတယ် ဟုတ်လား...”

ဖုန်းဝူချန်၏ စကားကို ကြားသောအခါ စားသောက်ဆိုင်ထဲမှ လူအားလုံး၏ မျက်နှာထား ပြောင်းလဲသွားကြတော့သည်။

ဖုန်းဝူချန်က အေးဆေးစွာ ဆက်ပြောလိုက်၏။

“ဒီ နှစ် (၃၀) သက်တမ်းရှိတဲ့ ကောင်းကင် သစ်ခွ မွှေးရနံ့ အရွက် ရဲ့ တန်ဖိုးက ရွှေဒင်္ဂါးပြား ခြောက်သောင်း တန်တယ်... ရွှေရောင် နက်နဲခြင်း ဆေးလုံးက ကျင့်ကြံခြင်း အမြန်နှုန်းကို တိုးတက်စေတဲ့ အာနိသင် ရှိတယ်... ဒါကြောင့် ဒီဆေးလုံး ဖော်စပ်ဖို့ လိုအပ်တဲ့ ဆေးဖက်ဝင် အပင်တွေက အရမ်း ဈေးကြီးတယ်... အဆင့် (၅) ဆေးလုံးတွေထက်တောင် ပိုဈေးကြီးသေးတယ်...”

“ရွှေဒင်္ဂါးပြား ခြောက်သောင်း...”

စားသောက်ဆိုင်ထဲမှ လူများသည် တစ်စုံတစ်ခုကို သဘောပေါက်သွားကြပြီး ဆရာဝမ် ကို ဝိုင်းကြည့်လိုက်ကြ၏။

ထိုအချိန်တွင် ဆရာဝမ် ၏ မျက်နှာထားသည် အနည်းငယ် အုံ့မှိုင်းသွားသည်။

“ဆရာဝမ်... ကျွန်တော် ဆက်ပြောရမလား...”

ဖုန်းဝူချန်က ပြုံးကာ မေးလိုက်၏။

All Chapters