အခန်း (၆၃၇-၆၃၉)
Vol. 43 Ch. 637-639
အခန်း (၆၃၇) - မင်းလည်း သေရမယ်
~ယွမ်ဖုန်းမြို့ တစ်ခုလုံး ရုတ်တရက် အုတ်အော်သောင်းနင်း ဖြစ်သွားသည်။
အားလုံး၏ အကြည့်များသည် အသံလာရာဆီသို့ ရောက်ရှိသွားကြ၏။
ဝတ်ရုံဖြူ ဝတ်ဆင်ထားသော အဘိုးအို တစ်ဦးသည် ကောင်းကင်ယံသို့ ဖြည်းညှင်းစွာ ပျံတက်လာသည်။ သူကား ယွမ်ဖုန်းမြို့၏ ဆေးပညာရှင် ဆရာကြီး၊ အဆင့် (၆) ဆေးပညာရှင် လီယန်ချင်း ပင် ဖြစ်သည်။
ယွမ်ဖုန်းမြို့နှင့် ပတ်ဝန်းကျင် ဒေသများတွင် လီယန်ချင်း သည် ဧကရာဇ် ဘုရင် တစ်ပါးသဖွယ် တန်ခိုးအာဏာ ကြီးမားသူ ဖြစ်သည်။ မိုးကို ခေါ်နိုင်၊ လေကို ခေါ်နိုင်ပြီး သူ့အာဏာကို မည်သူမျှ စိန်မခေါ်ရဲကြပေ။
လီယန်ချင်း ပေါ်လာသည်ကို မြင်သောအခါ ဆရာဝမ် သည် ဖုန်းဝူချန်နှင့် ဝေးရာသို့ အလျင်အမြန် ဆုတ်ခွာလိုက်၏။
“ဆရာလီ...”
ဆရာဝမ် ဦးဆောင်ပြီး ပညာရှင် ဒါဇင်ပေါင်းများစွာက လေးစားစွာ နှုတ်ဆက်လိုက်ကြ၏။
လီယန်ချင်း သည် မောက်မာသော ဟန်ပန်ဖြင့် ရောက်ရှိလာပြီး လွှမ်းမိုးနိုင်စွမ်းရှိသော အရှိန်အဝါများ ထွက်ပေါ်နေသည်။
“ထျန်းကျီဘုံ ပထမအလွှာ...”
ယီထျန်းချင်း မျက်မှောင်အနည်းငယ် ကြုတ်ကာ ပြောလိုက်၏။
“ဒီ အဘိုးကြီးက တော်တော် မောက်မာတာပဲ... ကြည့်လိုက်တာနဲ့ လူကောင်း မဟုတ်မှန်း သိသာတယ်...”
“ယီထျန်းချင်း... မင်းက ဗေဒင်ဟောတတ်သွားတာလား... ငါ့ကိုလည်း ဟောပေးပါဦး... နောင်ကျရင် ငါ ဘာဖြစ်လာမလဲလို့...”
ဟု လျိုချင်းယန် က နောက်ပြောင်လိုက်၏။
ယီထျန်းချင်း ကလည်း လျိုချင်းယန် ကို အတည်ပေါက်ဟန်ဖြင့် ကြည့်ကာ၊
“အင်း... မင်းက သေချာပေါက် လူစွမ်းကောင်း တစ်ယောက် ဖြစ်လာမှာပါ...”
လျိုချင်းယန်; “အိုး..မင်း တော်တော် အကဲခတ် တတ်တာပဲကွ...”
ယီထျန်းချင်း; “ဟေး…ဒါပေမဲ့ မင်းက ငါ့လောက်တော့ မစွမ်းဘူးနော်…”
ထိုအခါ၊ လျိုချင်းယန်က လေးနက်စွာ ပြန်ပြောလိုက်၏။
“အာ၊ ဒါတော့ မင်း အမြင်မရှိတာပါကွာ…”
“အကယ်ဒမီ ဆုရှင်” နှစ်ယောက်ကို ကြည့်ပြီး ပေတိုယန် က တိုင်တောလိုက်တော့သည်။
“နန်းတော်သခင်... ပြီးရင် သူတို့ကို ဆုံးမပေးပါဦး...”
“...”
လျိုချင်းယန် နှင့် ယီထျန်းချင်း တို့၏ မျက်နှာများ သုန်မှုန်သွားကြ၏။
ဖုန်းဝူချန်၏ မျက်နှာထား တည်ငြိမ်နေပြီး လီယန်ချင်း ကို တစ်ချက်သာ ကြည့်လိုက်သည်။ အလေးအနက် မထားပေ။
“ဆရာသခင်... သူက ခေါင်းဆောင် ဖြစ်ပုံရတယ်...”
ဟု လန်ယွဲ့ က အေးစက်စွာ ပြောလာ၏။
လီယန်ချင်း က ဖုန်းဝူချန်ကို ကြည့်ပြီး ပြုံးကာ
“ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက် စွမ်းအားကြီးတဲ့ ဝိညာဉ်စွမ်းအား ပိုင်ဆိုင်ထားတယ် ဆိုတော့... ကောင်လေး... မင်း တော်တော် ထူးချွန်တာပဲ...”
ဟု ချီးကျူးလိုက်သည်။
ဖုန်းဝူချန်က သူ့ကို လစ်လျူရှုပြီး ရှေ့တိုးလိုက်ရာ မျက်စိတစ်မှိတ်အတွင်း ဆရာဝမ် ၏ ရှေ့သို့ ရောက်ရှိသွားသည်။
ဖုန်းဝူချန်၏ အမြန်နှုန်းသည် ကြောက်မက်ဖွယ် ကောင်းလွန်းသဖြင့် ဆရာဝမ် ကြောက်လွန်း၍ မျက်နှာ ဖြူဖျော့သွားသည်။
“ငါ သတိတောင် မထားမိလိုက်ဘူး... သူ့အရှိန်အဝါက ချက်ချင်း ပျောက်သွားတာ... အံ့မခန်း ကိုယ်ဖော့သိုင်းပဲ...”
လီယန်ချင်း စိတ်ထဲတွင် အံ့သြနေမိသည်။
လီယန်ချင်း သာမက ထျန်းကျီဘုံ ပညာရှင် (၃) ဦးနှင့် ကောင်းကင်ဘုံလူသား အဆင့် ပညာရှင်များပါ အံ့သြသွားကြ၏။
သူတို့၏ အတွေ့အကြုံအရ ဤမျှ ဆန်းကြယ်ပြီး ဖမ်းဆုပ်ရခက်သော ကိုယ်ဖော့သိုင်းမျိုးကို တစ်ခါမှ မမြင်ဖူးကြပေ။
ဖုန်းဝူချန်သည် ဆရာဝမ် ၏ လည်ပင်းကို ဆွဲကိုင်ပြီး မတ်မတ်မကာ ရှုတည်တည် ကြည့်လိုက်၏။ သူ့မျက်လုံးများတွင် စူးရှသော သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။
“ဆရာဝမ်... ကျွန်တော် ခင်ဗျားကို မသတ်ချင်ခဲ့ပါဘူး... ဒါပေမဲ့ ခင်ဗျားက ယင်ကောင်လိုပဲ စိတ်ရှုပ်စရာ ကောင်းလွန်းလို့ မသတ်ဘဲ မနေနိုင်တော့ဘူး...”
ဖုန်းဝူချန် အေးစက်စွာ ပြောလိုက်၏။
“ဆရာလီ... ဆရာလီ... ကယ်ပါဦး... ကယ်ပါဦး...”
ဆရာဝမ်မှာ ကြောက်လန့်တကြား အော်ဟစ် အကူအညီ တောင်းလိုက်၏။
ဆရာဝမ် သည် ဖုန်းဝူချန်၏ လက်ချက်ဖြင့် ဒဏ်ရာပြင်းထန်စွာ ရထားပြီး ဖြစ်ရာ ပြန်လည် ခုခံနိုင်စွမ်း မရှိတော့ပေ။
“သူ ခင်ဗျားကို မကယ်နိုင်ပါဘူး...”
ဖုန်းဝူချန် ခံစားချက်ကင်းမဲ့စွာ ပြောလိုက်၏။
ထိုစကားကို ကြားသောအခါ လီယန်ချင်း ၏ မျက်နှာထား အုံ့မှိုင်းသွားပြီး ဒေါသများ လှိုင်းထလာသည်။ အဆင့် (၆) ဆေးပညာရှင် တစ်ယောက် ဖြစ်ပါလျက်နှင့် ဖုန်းဝူချန်က သူ့ကို လုံးဝ လစ်လျူရှုထားသည်ကို သူ မခံမရပ်နိုင် ဖြစ်နေသည်။
“ကောင်လေး... မင်း တော်တော် မောက်မာတာပဲ...”
လီယန်ချင်း၏ အဆင့် (၆) ဆေးပညာရှင်၏ ဝိညာဉ်စွမ်းအားများသည် ဖုန်းဝူချန်ကို ပစ်မှတ်ထားလိုက်၏။
“မင်း တိုက်ခိုက်ရဲရင် တိုက်ခိုက်ကြည့်လိုက်... နောက်တစ်ယောက် သေမှာက မင်းပဲ ဆိုတာ ငါ အာမခံတယ်...”
ဝိညာဉ်စွမ်းအားဖြင့် ဖုန်းဝူချန်ကို သတ်နိုင်မည်ဟု သူ ယုံကြည်မှု အပြည့်ရှိသည်။
“ဘုန်း...”
“အား..”
တုံ့ဆိုင်းမနေဘဲ ဖုန်းဝူချန်သည် လီယန်ချင်း ၏ ခြိမ်းခြောက်မှုကို လစ်လျူရှုကာ ဆရာဝမ် ၏ ရင်ဘတ်ကို လက်ဝါးဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်၏။ဘဆရာဝမ် ပါးစပ်မှ သွေးများ အန်ထွက်လာတော့သည်။
ဖုန်းဝူချန်၏ လက်ဝါးချက်ကြောင့် ဆရာဝမ် ၏ ဒဏ်ရာများ ပိုမို ဆိုးရွားလာပြီး သေလုမျောပါး ဖြစ်သွားသည်။
လီယန်ချင်း ၏ ရှေ့မှောက်တွင် ဖုန်းဝူချန်က ရက်စက်စွာ တိုက်ခိုက်လိုက်သည်ကို တွေ့လိုက်ရသဖြင့် လူတိုင်း အံ့သြတုန်လှုပ်သွားကြ၏။
“ဒီကောင်လေး သတ္တိရှိလိုက်တာ...”
“ဆရာလီ ကို အပြစ်ပြုရင် ဘာဖြစ်မလဲ သူ မသိဘူးလား...”
“မောက်မာပြီး ဘဝင်မြင့်လွန်းနေတယ်... သေလမ်းရှာနေတာပဲ...”
ပညာရှင် ဒါဇင်ပေါင်းများစွာက ဖုန်းဝူချန်ကို အရူးတစ်ယောက်လို ကြည့်ရင်း ပြောဆိုနေကြ၏။
ဖုန်းဝူချန် မောက်မာတယ် ဟုတ်လား... ဒါက ဥပဒေမဲ့လွန်းတာ ဖြစ်နေပြီလေ..
လီယန်ချင်း ၏ မျက်နှာထား လုံးဝ အုံ့မှိုင်းသွားပြီး ဒေါသများ ပေါက်ကွဲထွက်လာသည်။ ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ်များ ရူးသွပ်စွာ သိပ်သည်းလာသည်။
“ကောင်စုတ်လေး... ငါ့ကို မရှိဘူးလို့ သဘောထားနေတာလားကွ...”
လီယန်ချင်း ဒေါသတကြီး အော်ဟစ်လိုက်၏။
တဆက်တည်း၌၊ သူ၏ ကြောက်မက်ဖွယ် ဝိညာဉ်စွမ်းအားများ ပေါက်ကွဲထွက်လာတော့သည်။
“ခင်ဗျား သွားလို့ရပြီ...”
ဖုန်းဝူချန်က ဆရာဝမ် ကို အေးစက်စွာ ပြောလိုက်၏။ လီယန်ချင်း ၏ ဒေါသတကြီး အော်ဟစ်သံကို လုံးဝ မကြားသလိုပင်။
“ရပ်လိုက်... ရပ်လိုက်... ဆရာလီ... ကယ်ပါဦး...”
ဆရာဝမ် မျှော်လင့်ချက်မဲ့စွာ အော်ဟစ်လိုက်၏။ နောင်တတွေ ရနေမိသည်။
ဒီလို ဖြစ်လာမယ်မှန်း သိရင် လူတွေ ခေါ်လာမိမှာ မဟုတ်ပါ။
“သေရမှာက မင်းပဲ...”
လီယန်ချင်း ဒေါသတကြီး
ကြိမ်းမောင်းလိုက်ပြီး ဝိညာဉ်စွမ်းအားများ ပိုမို ပြင်းထန်လာသည်။
“ဘုန်း...”
“အ...”
ဖုန်းဝူချန်သည် ဆရာဝမ် ၏ ဦးခေါင်းကို လက်ဝါးဖြင့် ရိုက်ချလိုက်၏။ ဆရာဝမ် ပါးစပ်မှ သွေးများ ထပ်မံ အန်ထွက်လာပြီး အမည်းရောင် အလင်းတန်းအဖြစ် ယွမ်ဖုန်းမြို့ထဲသို့ ပြုတ်ကျသွားသည်။
ဆရာဝမ် နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့လေပြီ။
“ဆရာဝမ်...”
လီယန်ချင်း ၏ မျက်နှာထား ပြောင်းလဲသွားသည်။
“ဆရာဝမ် အသတ်ခံလိုက်ရပြီ...”
ပညာရှင် ဒါဇင်ပေါင်းများစွာ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြ၏။
ယွမ်ဖုန်းမြို့မှ ကြည့်ရှုနေသူများလည်း ကြက်သေသေသွားကြ၏။
လီယန်ချင်း ၏ မျက်စိရှေ့မှောက်တွင် ဆရာဝမ် ကို သတ်ရဲလိမ့်မည်ဟု မည်သူမျှ ထင်မထားခဲ့ကြပေ။
“လွန်လွန်းတယ်... ကောင်စုတ်လေး... မင်း သေလမ်းရှာနေတာပဲ...”
လီယန်ချင်း ဒေါသထွက်လွန်းသဖြင့် သတ်ဖြတ်လိုစိတ်များ ရူးသွပ်စွာ ပေါက်ကွဲထွက်လာသည်။
လီယန်ချင်း လက်ဝါးတစ်ချက် တွန်းထုတ်လိုက်ရာ ကြမ်းတမ်းသော ဝိညာဉ်စွမ်းအားများသည် အရှိန်အဟုန်ပြင်းစွာဖြင့် ဖုန်းဝူချန်ဆီသို့ ဝင်ရောက်လာသည်။
ဖုန်းဝူချန် မရှောင်ပေ။ ဆရာဝမ် ကို သတ်ပြီးပြီမို့ သေရလည်း ကိစ္စမရှိသလို ပုံစံမျိုး ဖြစ်နေသည်။
သို့သော် လီယန်ချင်းမှာ အံ့အားသင့်သွားရသည်။ သတ်ဖို့ နေနေသာသာ…၊ သူ၏ ကြမ်းတမ်းသော ဝိညာဉ်စွမ်းအားများသည် ဖုန်းဝူချန်ကို အနည်းငယ်မျှပင် မထိခိုက်စေခဲ့ပေ။
ထိုမြင်ကွင်းကို တွေ့လိုက်ရသောအခါ ရှိနေသူ အားလုံး ထပ်မံ အံ့သြသွားကြပြန်သည်။
အဆင့် (၆) ဆေးပညာရှင် တစ်ယောက်ရဲ့ ဝိညာဉ်စွမ်းအားက ဖုန်းဝူချန်ကို မလှုပ်ရှားစေနိုင်ဘူးလား...
“အဆင့် (၆).. မင်းက အဆင့် (၆) ဆေးပညာရှင်လား...”
လီယန်ချင်း ၏ မျက်နှာအိုကြီးတွင် ထိတ်လန့်မှုနှင့် မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်။
လီယန်ချင်း ၏ ဝိညာဉ်စွမ်းအား ဖုန်းဝူချန်ကို ထိမှန်လိုက်သည့် အချိန်တွင် ဖုန်းဝူချန်၏ ခန္ဓာကိုယ်ထဲမှ လွှမ်းမိုးနိုင်စွမ်းရှိသော ဝိညာဉ်စွမ်းအားများ ပြန်ကန်ထွက်လာသည်ကို သူ အာရုံခံမိလိုက်၏။
ဝိညာဉ်စွမ်းအား နှစ်ခု ထိတိုက်မိသွားသောအခါ ချက်ချင်း ငြိမ်သက်သွားသည်။
လီယန်ချင်း ၏ ဝိညာဉ်စွမ်းအားများသည် ဖုန်းဝူချန်၏ ဝိညာဉ်စွမ်းအားများက ဝါးမြိုလိုက်သကဲ့သို့ ပျောက်ကွယ်သွားခြင်း ဖြစ်သည်။
ထို လွှမ်းမိုးနိုင်စွမ်းရှိသော ဝိညာဉ်စွမ်းအားသည် လီယန်ချင်း ကို အလွန်အမင်း ကြောက်ရွံ့သွားစေသည်။
“ဘာ... အဆင့် (၆) ဆေးပညာရှင် ...”
လီယန်ချင်း ၏ အာမေဋိတ်သံကို ကြားလိုက်ရသောအခါ ကောင်းကင်ယံမှ ပညာရှင်များသည် မျက်လုံးများ ပြူးကျယ်သွားကြ၏။
ရှိနေသူအားလုံး၏ မျက်နှာများတွင် အံ့သြမှုနှင့် မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်။
အသက် (၂၀) အရွယ် လူငယ်လေးက အဆင့် (၆) ဆေးပညာရှင်တဲ့လား...
ဤအချိန်တွင် ဖုန်းဝူချန် ဘာကြောင့် ဒီလောက် မောက်မာပြီး ဘဝင်မြင့်နေရသလဲ ဆိုတာ အားလုံး နားလည်သွားကြ၏။ သူက လီယန်ချင်း ကို မကြောက်တာ မဟုတ်ဘူး... သူ့ရဲ့ ဝိညာဉ်စွမ်းအားက လီယန်ချင်း ထက် ပိုသန်မာနေလို့ ဖြစ်သည်။
“ဒီကောင်လေးက အဆင့် (၇) ဆေးပညာရှင် ဖြစ်ခါနီးနေပြီ... သူက ဘယ်သူလဲ... ဘယ်လိုလုပ် ဒီလောက် ကြောက်စရာကောင်းတဲ့ ဆေးပညာ အဆင့်အတန်း ရှိနေရတာလဲ...”
လီယန်ချင်း လုံးဝ မှင်သက်နေသည်။ မလှုပ်မယှက် ရပ်နေပြီး ဖုန်းဝူချန်၏ နောက်ခံကို အလွန် သိချင်နေသည်။
အင်အားကြီးဂိုဏ်း တစ်ခုခုက ပြုစုပျိုးထောင်ထားတဲ့ ဆေးပညာ ပါရမီရှင်များလား...
ထိုစဉ်၊မှင်သက်နေသော လီယန်ချင်း ကို ကြည့်ရင်း ဖုန်းဝူချန် အေးဆေးစွာ ပြောလိုက်၏။
“ခင်ဗျားလည်း သေရမယ်…”
အခန်း (၆၃၈) - ထျန်းကျီဘုံ ပညာရှင်နှင့် တိုက်ခိုက်ခြင်း
~“ခင်ဗျားလည်း သေရမယ်...”
အေးစက်သော အသံသည် ယွမ်ဖုန်းမြို့ တစ်ခုလုံး ပျံ့နှံ့သွားသည်။
ခဏတာမျှ ယွမ်ဖုန်းမြို့ တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
လူတိုင်း ကြက်သေသေသွားကြ၏။
ဖုန်းဝူချန်သည် ယွမ်ဖုန်းမြို့၏ အစွမ်းအထက်ဆုံး ဆေးပညာရှင် လီယန်ချင်း ကို သေဒဏ်ပေးလိုက်ခြင်း ဖြစ်သည်။
လီယန်ချင်း ၏ မျက်နှာအိုကြီးသည် ရုပ်ပျက်ဆင်းပျက် ဖြစ်နေပြီး မျက်နှာကြွက်သားများ တုန်ခါနေသည်။ လူကို အစိမ်းလိုက် ဝါးစားတော့မည့်ဟန် ပေါက်နေသည်။
လွှမ်းမိုးနိုင်စွမ်းရှိသော ကြောက်မက်ဖွယ် ဝိညာဉ်စွမ်းအားများသည် ဖုန်းဝူချန်၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာသည်။
“အဆင့် (၆) ဆေးပညာရှင်...”
“အဆင့် (၇) ရောက်ခါနီးနေပြီ...”
“ဒီကောင်လေးရဲ့ ဆေးပညာ အဆင့်အတန်းက ဆရာလီ ထက်တောင် မြင့်နေတာလား...”
ဖုန်းဝူချန်ထံမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် ဝိညာဉ်စွမ်းအားများကို ခံစားမိလိုက်သောအခါ ဆေးပညာရှင်များနှင့် လက်နက်ပညာရှင်များသည် ထိတ်လန့်တုန်လှုပ်သွားကြ၏။
ဖုန်းဝူချန်၏ ဝိညာဉ်စွမ်းအားသည် လီယန်ချင်း ကို ပစ်မှတ်ထားလိုက်၏။
“ကောင်စုတ်လေး... မင်း မတိုက်ခိုက်ရသေးခင် ငါ မင်းကို သတ်နိုင်တယ်...”
လီယန်ချင်း ဒေါသတကြီး အော်ဟစ်လိုက်၏။ ထျန်းကျီဘုံ ပထမအလွှာ၏ ကြောက်မက်ဖွယ် စွမ်းအားများ ပေါက်ကွဲထွက်လာပြီး အဝါရောင် အလင်းတန်းများ တောက်ပလာကာ လေထုကြီး ပြင်းထန်စွာ တုန်ခါသွားသည်။
လီယန်ချင်း သည် ချက်ချင်း တိုက်ခိုက်လိုက်၏။ အဝါရောင် အလင်းတန်း တစ်ချက် လက်ခနဲ ဖြစ်သွားပြီး လျှပ်စီးကဲ့သို့ လျင်မြန်စွာ ရောက်ရှိလာသည်။
ဖုန်းဝူချန်၏ ဝိညာဉ်စွမ်းအားသည် သူ့ထက် သာလွန်နေသော်လည်း လီယန်ချင်း အနည်းငယ်မျှပင် မကြောက်ရွံ့ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် ထျန်းကျီဘုံ ပထမအလွှာ ပညာရှင် တစ်ဦး ဖြစ်သောကြောင့် ဖြစ်သည်။
ဝိညာဉ်စွမ်းအားဖြင့် ဖုန်းဝူချန်ကို မဖိနှိပ်နိုင်လျှင်တောင် သူ၏ ထျန်းကျီဘုံ စွမ်းအားဖြင့် ဖုန်းဝူချန်ကို ချက်ချင်း သတ်နိုင်မည်ဟု ယုံကြည်ထားသည်။
“ရွှီး...”
လီယန်ချင်း သည် မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာသည်။ အံ့မခန်း မြန်ဆန်လှသည်။
“သေစမ်း...”
လီယန်ချင်း ဒေါသတကြီး အော်ဟစ်လိုက်ပြီး ကြောက်မက်ဖွယ် စွမ်းအင်များ ပါဝင်သော လက်ဝါးကြီးဖြင့် ဖုန်းဝူချန်ကို ရိုက်ချလိုက်၏။
ဤရက်စက်သော တိုက်ခိုက်မှုသာ ထိမှန်ခဲ့လျှင် ဖုန်းဝူချန်သည် သွေးမြူမှုန်အဖြစ် ပြောင်းလဲသွားပေလိမ့်မည်။
“ဘုန်း... ဘုန်း... ဘုန်း...”
“ဝူး... ဝူး...”
ကြောက်မက်ဖွယ် လက်ဝါးချက် ရိုက်ခတ်လိုက်ရာ မိုးမြေသိမ့်တုန် ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ပင့်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်းများ လေထုထဲတွင် ဖြစ်ပေါ်လာသည်။
“ဘာ...”
လီယန်ချင်း အံ့သြတကြီး အော်ဟစ်လိုက်၏။
လွဲသွားပြီ... လက်ဝါးချက် လွဲသွားပြီ...
လီယန်ချင်း သည် ထျန်းကျီဘုံ ပထမအလွှာ ပညာရှင် ဖြစ်ပြီး သူ၏ အမြန်နှုန်းသည် စိတ်ကူးကြည့်၍ မရနိုင်လောက်အောင် မြန်ဆန်လှသည်။
ကောင်းကင်ဘုံလူသား အဆင့် (၇) သာ ရှိသော ဖုန်းဝူချန်သည် သူ၏ တိုက်ခိုက်မှုကို ဘယ်လိုလုပ် ရှောင်တိမ်းနိုင်ပါ့မလဲ။
ကောင်းကင်ဘုံလူသား အဆင့် (၉) ပင်လျှင် အမြန်နှုန်း ကွာခြားချက် ကြီးမားလှသည်။
“ဝူး... ဝူး...”
အံ့သြနေစဉ်မှာပင် လီယန်ချင်း သည် ကောင်းကင်ယံမှ လွှမ်းမိုးနိုင်စွမ်းရှိသော အရှိန်အဝါ တစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။
ဖုန်းဝူချန်၏ အရှိန်အဝါသည် ရူးသွပ်စွာ မြင့်တက်လာပြီး ယွမ်ဖုန်းမြို့ရှိ လူတိုင်းကို ကြောက်လန့်သွားစေသည်။
“သူ့အရှိန်အဝါက ကောင်းကင်ဘုံလူသား အဆင့် (၈) ကို ရောက်သွားပြီ...”
“ဆက်တက်နေတုန်းပဲ... ကောင်းကင်ဘုံလူသား အဆင့် (၉)...”
“ကောင်းကင်ဘုံလူသား အဆင့် (၉) အထွတ်အထိပ်... ထျန်းကျီဘုံကို ရောက်တော့မှာလား...”
“ကောင်းကင်ဘုံလူသား အဆင့် (၇) ကနေ အဆင့် (၃) ဆင့်လောက် ခုန်တက်သွားတာလား...”
ယွမ်ဖုန်းမြို့ရှိ လူများ၊ ထျန်းကျီဘုံနှင့် ကောင်းကင်ဘုံလူသား အဆင့် ပညာရှင်များ အားလုံး ဖုန်းဝူချန်၏ ကြောက်မက်ဖွယ် တိုးတက်မှုကြောင့် မျက်လုံးများ ပြူးကျယ်ကုန်ကြ၏။
ဖုန်းဝူချန်သည် ကမ္ဘာပျက် စွမ်းအားနှင့် အထွတ်အထိပ် ခန္ဓာကိုယ် ဒုတိယအဆင့်ကို ထုတ်သုံးလိုက်ပြီး ချီလင် စစ်ဝတ်တန်ဆာနှင့် နဂါးနတ်ဘုရား လက်အိတ်တို့ကို ဆင့်ခေါ်လိုက်ရာ သူ၏ တိုက်ခိုက်စွမ်းရည်သည် ပေါက်ကွဲထွက်မတတ် မြင့်တက်သွားသည်။
စက္ကန့်ပိုင်း အတွင်းမှာပင် ဖုန်းဝူချန်၏ အရှိန်အဝါသည် ကောင်းကင်ဘုံလူသား အဆင့် (၉) အထွတ်အထိပ်ကို ကျော်လွန်သွားခဲ့ပြီ။
ရူးသွပ်စွာ မြင့်တက်လာမှုသည် ကြောက်မက်ဖွယ် ကောင်းလှသည်။
“အင်မော်တယ်... အင်မော်တယ် လက်နက်... သူ့လက်ထဲက လက်အိတ်က အင်မော်တယ် လက်နက်ပဲ...”
အဆင့် (၅) သွန်းလုပ်ရေး ပညာရှင် တစ်ဦး ထိတ်လန့်တကြား အော်ဟစ်လိုက်၏။
“အင်မော်တယ် လက်နက်...”
ထိုစကားကို ကြားသောအခါ လူအုပ်ကြီး ထပ်မံ တုန်လှုပ်သွားကြပြန်သည်။
ဖုန်းဝူချန်ထံမှ ထွက်ပေါ်လာသော အရှိန်အဝါသည် ရက်စက်ကြမ်းကြုတ်ပြီး သွေးဆာနေကာ နဂါးမျိုးနွယ်၏ လွှမ်းမိုးနိုင်စွမ်းရှိသော အငွေ့အသက်များ ပါဝင်နေသည်။
“ဘုန်း...”
“ဝူး...”
လီယန်ချင်း ကို ရက်စက်စွာ စိုက်ကြည့်ရင်း ဖုန်းဝူချန်သည် လေထုကို နင်းကာ ပြေးဝင်သွားသည်။ ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး အသံထက်မြန်သော အရှိန်ဖြင့် ရောက်ရှိသွားသည်။
ဖုန်းဝူချန်က စတင် တိုက်ခိုက်သည်ကို တွေ့သောအခါ လီယန်ချင်း အထင်သေးစွာ ပြုံးလိုက်ပြီး အေးစက်စွာ ပြောလိုက်၏။
“ကောင်းကင်ဘုံလူသား အဆင့် (၇) က ဘာတတ်နိုင်မလဲ ဆိုတာ ကြည့်ရသေးတာပေါ့...”
“ကြက်ဥနဲ့ ကျောက်တုံးကို ပစ်ပေါက်သလိုပဲ... သေလမ်းရှာနေတာ...”
ပညာရှင် အများအပြား ခေါင်းခါလိုက်ကြ၏။
ကောင်းကင်ဘုံလူသား အဆင့် ဆိုတာ ကောင်းကင်ဘုံလူသား အဆင့်ပါပဲ... ဘယ်လောက်ပဲ စွမ်းအားကြီးပါစေ... ထျန်းကျီဘုံကို ယှဉ်နိုင်စရာ အကြောင်းမရှိ။...
ကွာခြားချက်က ကြီးမားလွန်းလှသည်။
လီယန်ချင်း သည် ကြောက်ရွံ့ခြင်း အလျဉ်းမရှိဘဲ လက်သီးဖြင့် ပြန်လည် တိုက်ခိုက်လိုက်၏။
“ဘုန်း...”
“ဝူး...”
လက်သီးချင်း ထိတိုက်မိသည့် အချိန်တွင် ကမ္ဘာပျက်မတတ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ် စွမ်းအင်များ ရူးသွပ်စွာ မြင့်တက်သွားပြီး အက်ကွဲကြောင်းများ ဖြစ်ပေါ်လာစေသည်။
ဖျက်ဆီးအားပြင်းသော စွမ်းအင်များသည် မြင်ရသူတိုင်းကို တုန်လှုပ်သွားစေသည်။
လက်သီးချင်း ယှဉ်တိုက်ပြီးနောက် ဖုန်းဝူချန်သည် လူတိုင်း ထင်ထားသလို ဒဏ်ရာရမသွားဘဲ လီယန်ချင်း ၏ တိုက်ခိုက်မှုကို ကြံ့ကြံ့ခံ ရပ်တည်နိုင်ခဲ့သည်။
“သြော်... ထျန်းကျီဘုံရဲ့ စွမ်းအားကို တားဆီးနိုင်တယ်ပေါ့...”
လီယန်ချင်း အံ့သြတကြီး ပြောလိုက်၏။
ကောင်းကင်ဘုံလူသား အဆင့် (၇) က ဒီလောက် ကြမ်းတမ်းတဲ့ စွမ်းအားကို ပိုင်ဆိုင်ထားတာလား...
“ထျန်းကျီဘုံရဲ့ စွမ်းအားကို တားဆီးနိုင်တယ် ဟုတ်လား... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”
“ကောင်းကင်ဘုံလူသား အဆင့် (၇) က ထျန်းကျီဘုံကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ... အင်မော်တယ် လက်နက် ရှိရင်တောင် မဖြစ်နိုင်ဘူးလေ...”
“ဒီကောင်လေးက သိပ်ကြမ်းလွန်းမနေဘူးလား... ဆရာလီ က ထျန်းကျီဘုံ ပထမအလွှာနော်...”
ကြည့်ရှုနေသူများ အားလုံး အံ့သြမှင်သက်သွားကြ၏။
“အစ်ကိုကြီးဖုန်းက ထျန်းကျီဘုံကို ယှဉ်နိုင်တာလား...”
လျိုချင်းယန် နှင့် အခြားသူများပင်လျှင် အံ့သြသွားကြ၏။
ယီထျန်းချင်း က ထိတ်လန့်တကြား ပြောလိုက်၏။
“နန်းတော်သခင်ရဲ့ ကျင့်ကြံခြင်းအဆင့်က ကောင်းကင်ဘုံလူသား အဆင့် (၈) ကို ရောက်ခါနီးနေပြီ... ပြီးတော့ လက်အိတ်က အဆင့်မြင့် အင်မော်တယ် လက်နက် အဆင့်မြှင့်ထားတာ... ဒါကြောင့် ထျန်းကျီဘုံကို ယှဉ်နိုင်နေတာပဲ...”
“အဆင့်မြင့် အင်မော်တယ် လက်နက်ထက်တောင် ပိုစွမ်းအားကြီးနေတယ်...”
ပေတိုယန် အံ့သြတကြီး ပြောလိုက်၏။
ကောင်းကင်ဘုံလူသား အဆင့် (၇) က ထျန်းကျီဘုံကို ယှဉ်နိုင်တယ် ဆိုတာ ဘယ်သူ ယုံမှာလဲ...
“ထျန်းကျီဘုံ ပထမအလွှာ ဆိုတာလည်း... သိပ်တော့ မဟုတ်ပါဘူး...”
အံ့သြနေသော လီယန်ချင်း ကို အေးစက်စွာ ကြည့်ရင်း ဖုန်းဝူချန် ပြောလိုက်၏။ ထို့နောက် ရူးသွပ်စွာ ဆက်လက် တိုက်ခိုက်လိုက်၏။
“ဘုန်း... ဘုန်း... ဘုန်း...”
“ဝူး... ဝူး...”
အနီးကပ် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေသည်။ ဖုန်းဝူချန်သည် တိုက်စစ်ကို ခံစစ်အဖြစ် အသုံးပြုပြီး လက်သီးချက်၊ ခြေကန်ချက် တိုင်းတွင် လွှမ်းမိုးနိုင်စွမ်းရှိသော စွမ်းအားများ ပါဝင်နေသည်။ လေထုထဲတွင် ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်နေပြီး အားလှိုင်းများ မြင့်တက်နေသည်။
လီယန်ချင်း သည် ဖုန်းဝူချန်၏ တိုက်ခိုက်မှုများကို ခုခံနိုင်သော်လည်း ဖုန်းဝူချန်၏ ကြမ်းတမ်းသော စွမ်းအားကြောင့် အံ့သြနေမိသည်။
ပြင်းထန်သော တိုက်ပွဲကို ကြည့်ရင်း ယွမ်ဖုန်းမြို့ တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပြန်သည်။ ဖုန်းဝူချန်၏ ကြောက်မက်ဖွယ် စွမ်းအားသည် ကောင်းကင်ဘုံလူသား အဆင့်အပေါ် သူတို့၏ နားလည်မှုကို ပြောင်းလဲသွားစေသည်။
အချိန်ကြာလာသည်နှင့်အမျှ လီယန်ချင်း သည် အစွမ်းကုန် ထုတ်သုံးသော်လည်း ဖုန်းဝူချန်ကို မဖိနှိပ်နိုင်ဖြစ်နေသည်။
သူ၏ အမြန်နှုန်းသည် ဖုန်းဝူချန်ထက် သာလွန်သော်လည်း အသုံးမဝင်ပေ။
အဘယ်ကြောင့်ဆိုသော် လျှပ်တပြက် နေရာရွှေ့ပြောင်းခြင်းက ပိုမို စွမ်းအားကြီးသောကြောင့် ဖြစ်သည်။
“ဘုန်း... ဘုန်း... ဘုန်း...”
“ဝူး...”
တိုက်ပွဲသည် ပိုမို ပြင်းထန်လာပြီး နှစ်ဖက်စလုံး အစွမ်းကုန် တိုက်ခိုက်နေကြ၏။
တိုက်ခိုက်လေ လီယန်ချင်း ပိုမို အံ့သြလေ ဖြစ်နေသည်။ ဖုန်းဝူချန်သည် စစ်ဘီလူး တစ်ကောင်ကဲ့သို့ တိုက်ခိုက်လေ ပိုသန်မာလာလေ ဖြစ်ပြီး စွမ်းအားများ ကုန်ခန်းသွားမည့်ပုံ မပေါ်ပေ။
ထို့ထက် ပိုကြောက်စရာ ကောင်းသည်မှာ လီယန်ချင်း ၏ လှုပ်ရှားမှုများကို ဖုန်းဝူချန် ကြိုသိနေသကဲ့သို့ ဖြစ်နေပြီး တိုက်ခိုက်မှုများ အရာမထင် ဖြစ်နေခြင်းပင်။
လီယန်ချင်း ၏ လက်သီးများနှင့် ခြေထောက်များ နာကျင်ကိုက်ခဲလာပြီး တဖြည်းဖြည်း အရေးနိမ့်လာတော့သည်။ ပြောမပြတတ်အောင် ခက်ခဲသော အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။
“ဘယ်လိုလဲ... ထျန်းကျီဘုံ ပထမအလွှာက မခုခံနိုင်တော့ဘူးလား...”
အခန်း (၆၃၉) - အလွန် ရက်စက်ကြမ်းကြုတ်ခြင်း
~“ခင်ဗျားလည်း သေရမယ်...”
ဖုန်းဝူချန်၏ စကားလုံးများသည် လီယန်ချင်း ကို ရက်စက်စွာ ဆွပေးလိုက်သလို ဖြစ်သွားသည်။
ထျန်းကျီဘုံ ပထမအလွှာ ပညာရှင် တစ်ဦး ဖြစ်ပါလျက်နှင့် ကောင်းကင်ဘုံလူသား အဆင့် (၇) ရှိသော လူငယ်တစ်ဦး၏ အထင်သေးခြင်းကို ခံလိုက်ရသည် မဟုတ်ပါလော။
လီယန်ချင်း ၏ မျက်နှာအိုကြီးသည် ရုပ်ပျက်ဆင်းပျက် ဖြစ်နေပြီး ဒေါသများ ပေါက်ကွဲထွက်လာတော့မည့်ဟန် ရှိသည်။
သို့သော် ဖုန်းဝူချန်၏ လွှမ်းမိုးနိုင်စွမ်းရှိသော ကြောက်မက်ဖွယ် စွမ်းအားကို လီယန်ချင်း စိုးရိမ်နေမိသည်။
“ဆရာလီ အရေးနိမ့်နေပါလား...”
“ငါ မြင်နေတာ အမှန်ပဲလား... ထျန်းကျီဘုံ ပထမအလွှာက ကောင်းကင်ဘုံလူသား အဆင့် (၇) ကို မနိုင်ဘူး ဟုတ်လား... ရယ်စရာကြီး...”
“ကောင်းကင်ဘုံလူသား အဆင့် (၇) က ထျန်းကျီဘုံကို ဖိနှိပ်ထားတယ် ဆိုတာ... ငါ အိပ်မက် မက်နေတာများလား...”
လီယန်ချင်း တဖြည်းဖြည်း အရေးနိမ့်လာသည်ကို မြင်သောအခါ ကြည့်ရှုနေသော ပညာရှင်များ၊ ထျန်းကျီဘုံ ပညာရှင်များ အပါအဝင် အားလုံးသည် မျက်စိရှေ့မှ မြင်ကွင်းကို မယုံနိုင်အောင် ဖြစ်နေကြ၏။
ကိုယ်တိုင် မမြင်ရလျှင် ဘယ်သူမှ ယုံကြည်ကြမည် မဟုတ်ပေ။
ဒီသတင်းသာ ပေါက်ကြားသွားရင် လူဘယ်နှစ်ယောက်လောက် ကြောက်လန့်သွားကြမလဲ မသိချေ။..
“ဒီကောင်လေးက ဘယ်သူလဲ... ကောင်းကင်ဘုံလူသား အဆင့် (၇) လောက်နဲ့ ထျန်းကျီဘုံ ပထမအလွှာကို ယှဉ်နိုင်တယ် ဆိုတော့...”
လီယန်ချင်း ၏ စိတ်ထဲတွင် ဖုန်းဝူချန်၏ နောက်ခံကို သံသယ ဝင်လာသည်။
သာမန် ပါရမီရှင် တစ်ယောက်၊ ဘယ်လောက်ပဲ ကြောက်စရာကောင်းပါစေ... သူ့ထက် အဆင့် (၃) ဆင့်လောက် မြင့်တဲ့သူကို ကျော်တက်နိုင်စွမ်း မရှိနိုင်ပေ။ သို့သော် ဖုန်းဝူချန်ကမူ ထိုစွမ်းအားကို ပိုင်ဆိုင်ထားသည်လေ။
“ဘုန်း...”
“ဝူး... ဝူး...”
ပြင်းထန်သော အနီးကပ် တိုက်ပွဲသည် (၁၀) မိနစ်ခန့် ကြာမြင့်လာပြီးနောက် လီယန်ချင်း သည် တဖြည်းဖြည်း မဟန်တော့ပေ။ ဖုန်းဝူချန်၏ လက်သီးချက်နှင့် ထိတိုက်မိပြီးနောက် အရှိန်အဟုန်ကို အသုံးပြုကာ နောက်သို့ လွင့်စင်သွားပြီး အကွာအဝေးကို ဆွဲဆန့်လိုက်၏။
လီယန်ချင်း က အရင် နောက်ဆုတ်သွားခြင်း ဖြစ်သည်။
အားလုံးက အထင်းသား မြင်လိုက်ကြ၏။
ထျန်းကျီဘုံ ပညာရှင် တစ်ဦးက အရင် နောက်ဆုတ်သွားသည် ဆိုတာ... ဘယ်လောက်တောင် အရှက်ရစရာ ကောင်းလိုက်သနည်း။
အရှက်ရစရာ ကောင်းမှန်း သိသော်လည်း လီယန်ချင်း တွင် ရွေးချယ်စရာ မရှိပေ။ ဖုန်းဝူချန်၏ ဖိနှိပ်မှုကို ခံနေရသဖြင့် သူ အလွန် မွန်းကြပ်နေပြီ ဖြစ်သည်။
ဖုန်းဝူချန်၏ လှုပ်ရှားမှုတိုင်း၊ သိုင်းကွက်တိုင်းသည် ရက်စက်ကြမ်းကြုတ်လွန်းသဖြင့် လီယန်ချင်း အသက်ရှူချိန်ပင် မရနိုင်ပေ။
“ရွှမ်ထျန်း ဆွဲကြိုး...”
လီယန်ချင်း အော်ဟစ်လိုက်ပြီး အဆင့်မြင့် ဝိညာဉ် လက်နက် တစ်ခုကို ဆင့်ခေါ်လိုက်၏။
လီယန်ချင်း ၏ အရှိန်အဝါသည် လျင်မြန်စွာ မြင့်တက်လာပြီး ခမ်းနားထည်ဝါသော ဟန်ပန်ဖြင့် ပိုမို ကြောက်မက်ဖွယ် ကောင်းလာသည်။
လီယန်ချင်း ၏ မျက်နှာသည် ရက်စက်စွာ တွန့်လိမ်နေပြီး အံကြိတ်ကာ ပြောလိုက်၏။
“ကောင်စုတ်လေး... မင်း ဘယ်လို သေမလဲ ဆိုတာ ကြည့်ရသေးတာပေါ့...”
အဆင့်မြင့် ဝိညာဉ် လက်နက်ကို ဆင့်ခေါ်လိုက်ပြီးနောက် စွမ်းအားများ တိုးပွားလာသဖြင့် လီယန်ချင်း ယုံကြည်မှု အနည်းငယ် ပြန်ရလာသည်။
“နက်နဲခြင်းအဆင့် အဆင့်မြင့် သိုင်းကွက်... လမ်းကြောင်း တစ်သောင်း မူလ ဓားချက်...”
လီယန်ချင်း သည် လက်သင်္ကေတများကို လျင်မြန်စွာ ပြောင်းလဲလိုက်ပြီး ကြောက်မက်ဖွယ် စွမ်းအင်များကို စုစည်းလိုက်၏။ နောက်ဆုံးတွင် ရက်စက်စွာ အော်ဟစ်ပြီး လက်ကို ဝှေ့ယမ်းလိုက်၏။
“ရွှီး...”
“ဝူး... ဝူး...”
ပေတစ်ထောင်ခန့် ရှည်လျားသော အဝါရောင် စွမ်းအင် ဓားအလင်းတန်းကြီးသည် လေထုကို ခွဲဖြတ်ပြီး ရိုင်းစိုင်းကြမ်းတမ်းသော အရှိန်အဟုန်ဖြင့် ဝင်ရောက်လာသည်။ ဓားအလင်းတန်း ဖြတ်သန်းသွားရာ နေရာတိုင်းတွင် ကြီးမားသော အက်ကွဲကြောင်း မည်းကြီးများ ဖြစ်ပေါ်လာသည်။
“ကမ္ဘာဖျက် ကောင်းကင် ပြစ်ဒဏ်ခတ်ခြင်း ဓားချက်...”
ကမ္ဘာပျက် စွမ်းအားများ မြင့်တက်လာပြီး မည်းနက်သော အနီရောင် အလင်းတန်းများ ကောင်းကင်ယံသို့ ထိုးတက်သွားသည်။ တိမ်ပင်လယ်ကြီး ကွဲအက်သွားပြီး စွမ်းအင်များ ရူးသွပ်စွာ လှုပ်ရှားလာသည်။ ဖုန်းဝူချန်သည် ဩဇာပါပါ အော်ဟစ်လိုက်၏။
ထို ကြောက်မက်ဖွယ် အရှိန်အဝါကို ခံစားလိုက်ရသောအခါ လီယန်ချင်း တုန်လှုပ်သွားသည်။
“မြေကမ္ဘာအဆင့် သိုင်းကွက်...”
“မြေကမ္ဘာအဆင့် သိုင်းကွက်... ဒါ မြေကမ္ဘာအဆင့် သိုင်းကွက်ပဲ...”
ကြည့်ရှုနေသူများ အားလုံး အံ့သြတုန်လှုပ်သွားကြ၏။
ယွမ်ဖုန်းမြို့ တစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားပြီး လူတိုင်း စိတ်လှုပ်ရှားနေကြ၏။
“ရွှီး...”
“ဝူး... ဝူး...”
အလွန်တရာ ကြီးမားသော သွေးရောင် ဓားအလင်းတန်းကြီးသည် အရာအားလုံးကို ဖျက်ဆီးပစ်မည့် အရှိန်အဟုန်ဖြင့် ပေါက်ကွဲထွက်လာသည်။
“ဘုန်း... ဘုန်း... ဘုန်း...”
“ဝူး... ဝူး...”
ကြောက်မက်ဖွယ် စွမ်းအင် နှစ်ခုသည် လေထုကို စုတ်ဖြဲပြီး ယွမ်ဖုန်းမြို့သူမြို့သားများ၏ ကြောက်လန့်တကြား အကြည့်များအောက်တွင် ရက်စက်စွာ ထိတိုက်မိကြ၏။ ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး အားလှိုင်းများ ရူးသွပ်စွာ မြင့်တက်သွားကာ လေထုကြီး ပြိုကျလာသည်။
“အစစ်အမှန်ယွမ် ဒိုင်းကာ...”
လီယန်ချင်း အော်ဟစ်လိုက်ပြီး စွမ်းအင် ဒိုင်းကာ တစ်ခုကို အလျင်အမြန် ဖော်ဆောင်လျက် ခုခံလိုက်၏။
သို့သော်လည်း သူသည် ကီလိုမီတာ အကွာအဝေးအထိ လွင့်စင်သွားရသည်။
ဖုန်းဝူချန်ကမူ အနက်ရောင် အတောင်ပံများကို အသုံးပြုပြီး အရှေ့ဘက်ကို ကာကွယ်ကာ နောက်သို့ ဆက်တိုက် ဆုတ်ခွာလိုက်၏။
မုန်တိုင်းကဲ့သို့ ပြင်းထန်သော အားလှိုင်းများသည် တကယ့်ကို ကမ္ဘာပျက်မတတ် ဖြစ်နေသည်။
ဤ ထိပ်တိုက်တွေ့ဆုံမှုတွင် ဖုန်းဝူချန်သည် အနည်းငယ်မျှပင် အရေးနိမ့်ခြင်း မရှိသလို လီယန်ချင်း သည်လည်း အသာစီး မရခဲ့ပေ။
“ဂလု...”
ကြောက်မက်ဖွယ် အားလှိုင်းများကို ကြည့်ရင်း ကျင့်ကြံသူ အများအပြား ကြောက်လွန်းသဖြင့် တံတွေးတစ်ချက် မျိုချလိုက်မိကြ၏။
“သန်မာလိုက်တာ... ကောင်းကင်ဘုံလူသား အဆင့်က နန်းတော်သခင်ကို မဖိနှိပ်နိုင်ဘူးပဲ...”
နန်းကုန်းကျန့် စိတ်လှုပ်ရှားစွာ ပြောလိုက်၏။ သွေးများ ဆူပွက်လာသကဲ့သို့ ခံစားနေရသည်။
ကောင်းကင်ဘုံလူသား အဆင့် (၇) ရှိသော သူတစ်ယောက်က ထျန်းကျီဘုံ ပထမအလွှာ ပညာရှင်ကို ရင်ဆိုင်နိုင်သည်ကို တွေ့ရသောအခါ မည်သူမဆို စိတ်လှုပ်ရှားမိမည်မှာ အမှန်ပင်။
ယီထျန်းချင်း က ခန့်မှန်းလိုက်၏။
“နန်းတော်သခင်ရဲ့ ဆေးဧကရာဇ် အဆင့် ဝိညာဉ်စွမ်းအားနဲ့ ဆိုရင် အဲ့ဒီ အဘိုးကြီးကို အချိန်မရွေး ဒဏ်ရာပြင်းပြင်းထန်ထန် ရအောင် လုပ်နိုင်တယ်... နန်းတော်သခင်က သူ့စွမ်းအားကို စမ်းသပ်ချင်နေပုံရတယ်...”
ထိုအခါ၊ လင်ရှောင်ရှောင် ချုမြစွာ ရယ်မောလိုက်၏။
“အခုဆိုရင် အစ်ကိုကြီးဖုန်းရဲ့ တိုက်ခိုက်စွမ်းရည်က ထျန်းကျီဘုံ ပထမအလွှာကို ယှဉ်နိုင်တယ် ဆိုတာ သေချာသွားပါပြီ...”
“ထျန်းကျီဘုံ ပညာရှင်က ကောင်းကင်ဘုံလူသား အဆင့် (၇) လက်ချက်နဲ့ ရှုံးနိမ့်သွားတာကို မြင်ချင်နေမိတယ်...”
လျိုချင်းယန် က မျှော်လင့်တကြီး ပြောလိုက်၏။
ထျန်းကျီဘုံ ပထမအလွှာ ပညာရှင်က ကောင်းကင်ဘုံလူသား အဆင့် (၇) ကို ရှုံးနိမ့်သွားတယ် ဆိုတဲ့ သတင်းသာ ပြန့်သွားရင် တိုက်ကြီးတစ်ခုလုံး တုန်လှုပ်သွားပေလိမ့်မည်။
ကောင်းကင်ယံတွင် လီယန်ချင်း သည် ဒဏ်ရာမရဘဲ ကျန်ရစ်ခဲ့သော်လည်း သူ့မျက်နှာအိုကြီးသည် ရက်စက်ကြမ်းကြုတ်နေဆဲပင်။ အဆိပ်ပြင်းသော မြွေတစ်ကောင်က သားကောင်ကို စိုက်ကြည့်နေသကဲ့သို့ ဖုန်းဝူချန်ကို စိုက်ကြည့်နေသည်။
“ခင်ဗျားမှာ အစွမ်းထက်တဲ့ သိုင်းကွက်တွေ ရှိသေးရင် ထုတ်သုံးလိုက်လေ... ထျန်းကျီဘုံ ပညာရှင်ရဲ့ အရည်အချင်းကို ကြည့်ချင်သေးတယ်...”
ဖုန်းဝူချန် အေးစက်စွာ ပြောလိုက်ပြီး လက်ကို ဝှေ့ယမ်းကာ စိန်ခေါ်လိုက်၏။
“မောက်မာလိုက်တာ...”
လီယန်ချင်း ဒေါသတကြီး အော်ဟစ်လိုက်၏။ သူ့မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။
“နက်နဲခြင်းအဆင့် အဆင့်မြင့် သိုင်းကွက်... နေရာလပ် စုတ်ဖြဲ လက်သည်း...”
လီယန်ချင်း လက်သင်္ကေတများ ပြောင်းလဲလိုက်ပြီး ကြောက်မက်ဖွယ် စွမ်းအင်များကို စုစည်းလိုက်၏။ လက်ဖဝါးကို လက်သည်းပုံစံ ပြုလုပ်လိုက်ပြီး ရက်စက်စွာ ကုတ်ချလိုက်၏။
“ရွှီး... ရွှီး...”
“ဝူး... ဝူး...”
ကြောက်မက်ဖွယ် စွမ်းအင် လက်သည်း နှစ်ခု လည်ပတ်ထွက်ပေါ်လာပြီး ရက်စက်စွာ တိုက်ခိုက်လိုက်၏။
“နက်နဲခြင်းအဆင့် အဆင့်မြင့် သိုင်းကွက်... ကြယ်ခုနစ်ပွင့် ပုံရိပ်ယောင် ဓား...”
ထို့နောက် လီယန်ချင်း သည် နောက်ထပ် လက်သင်္ကေတ တစ်ခု ဖန်တီးလိုက်ပြီး အော်ဟစ်လိုက်သည့်အခိုက်၊ သူ့ခေါင်းပေါ်တွင် ကြီးမားသော စွမ်းအင် ဓားတစ်လက် ဖွဲ့တည်လာသည်။
“ကောင်စုတ်လေး... မင်း ဘယ်လောက်ကြာကြာ ခံနိုင်မလဲ ကြည့်ရသေးတာပေါ့... နက်နဲခြင်းအဆင့် အဆင့်မြင့် သိုင်းကွက်... ကောင်းကင်ထိုးဖောက် ရွှမ်တံဆိပ်တော်...”
ဒုတိယ သိုင်းကွက် အပြီးတွင် တတိယ သိုင်းကွက်ပါ ဆက်တိုက် ထွက်ပေါ်လာသည်။ လီယန်ချင်း သည် အစွမ်းကုန် တိုက်ခိုက်နေခြင်း ဖြစ်သည်။
“ရွှီး... ရွှီး... ရွှီး...”
“ဝူး... ဝူး...”
ကြောက်မက်ဖွယ် သိုင်းကွက် (၃) ခု တပြိုင်နက်တည်း ထွက်ပေါ်လာပြီး ဖြတ်သန်းသွားရာ နေရာတိုင်းတွင် နေရာလပ်များ အုံ့မှိုင်းသွားစေသည်။ ထိုမြင်ကွင်းသည် အလွန် အံ့မခန်း ဖြစ်ပြီး ယွမ်ဖုန်းမြို့သူမြို့သားများကို ကြောက်လန့်သွားစေသည်။
“ဟွန်း...”
ကြောက်မက်ဖွယ် စွမ်းအား (၃) ခုကို ရင်ဆိုင်ရသော်လည်း ဖုန်းဝူချန် အနည်းငယ်မျှပင် မကြောက်ရွံ့ပေ။
ကမ္ဘာပျက် စွမ်းအားကို အစွမ်းကုန် ထုတ်သုံးလိုက်ပြီး ရိုင်းစိုင်းကြမ်းတမ်းသော စွမ်းအားများကို လက်သီးနှစ်ဖက်တွင် စုစည်းလိုက်၏။ မည်းနက်သော အနီရောင် အလင်းတန်းများ တောက်ပလာပြီး ကြောက်မက်ဖွယ် စွမ်းအင်များသည် လေထုကို အသက်ရှူကျပ်မတတ် ဖြစ်စေသည်။
သူ၏ အရှိန်အဝါသည် မြင့်တက်လာပြီး လောကကြီးကို အထက်စီးမှ ငုံ့ကြည့်နေသကဲ့သို့ ဖြစ်နေသည်။
“ရှေးဦး နဂါးနတ်ဘုရား လက်သီး...”
လက်သီးနှစ်ဖက်တွင် စွမ်းအားများ အထွတ်အထိပ်သို့ ရောက်ရှိသွားသောအခါ ဖုန်းဝူချန် ရက်စက်စွာ အော်ဟစ်လိုက်ပြီး လက်သီးနှစ်ဖက်ကို ပစ်သွင်းလိုက်၏။ ပင်လယ်ထဲမှ နဂါးနှစ်ကောင် ထွက်ပေါ်လာသကဲ့သို့ အရှိန်အဟုန် ပြင်းထန်လှသည်။
“ဘုန်း... ဘုန်း... ဘုန်း...”
“ဝူး... ဝူး...”
“ကွဲ...”
ဖုန်းဝူချန် စတင် တိုက်ခိုက်လိုက်သည်နှင့် တပြိုင်နက် သောင်းချီသော ကြောက်မက်ဖွယ် စွမ်းအင် လက်သီးချက်များသည် စွမ်းအား (၃) ခုကို ထိတိုက်လိုက်ကြ၏။ မိုးမြေသိမ့်တုန် ပေါက်ကွဲသံကြီးများ ထွက်ပေါ်လာပြီး ကိုက်ပေါင်း သောင်းချီသော နေရာလပ်ကြီး ပြင်းထန်စွာ တုန်ခါကာ ပေါက်ကွဲသွားသည်။
နောက်ဆုံးတွင် လီယန်ချင်း ၏ ကြောက်မက်ဖွယ် သိုင်းကွက် (၃) ခုသည် ယွမ်ဖုန်းမြို့သူမြို့သားများ၏ ကြောက်လန့်တကြား အကြည့်များအောက်တွင် အပိုင်းပိုင်းအစစ ကွဲကြေသွားပြီး ပျောက်ကွယ်သွားတော့သည်။
ထျန်းကျီဘုံ ပထမအလွှာ ပညာရှင် တစ်ဦးသည် သိုင်းကွက် (၃) ခုကို ဆက်တိုက် ထုတ်သုံးခဲ့သော်လည်း ဖုန်းဝူချန်၏ လက်ချက်ဖြင့် လွယ်ကူစွာ ချေမှုန်းခံလိုက်ရသည်။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”
လီယန်ချင်း သည် ကွဲကြေသွားသော စွမ်းအင်များကို ကြည့်ပြီး ကြောင်အသွားသည်။ သူ့ခန္ဓာကိုယ် တစ်ခုလုံး တုန်ခါနေသည်။
လီယန်ချင်း လုံးဝ မှင်သက်သွားပြီး ပါးစပ်အဟောင်းသား ဖြစ်နေသည်။
ယွမ်ဖုန်းမြို့ တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
ဖုန်းဝူချန်၏ စွမ်းအားသည် သိပ်ကြောက်စရာ ကောင်းလွန်းနေသည်။