← Chapters

အခန်း (၆၄၀-၆၄၂)

Vol. 43 Ch. 640-642

အခန်း (၆၄၀-၆၄၂)

Vol. 43 Ch. 640-642

အခန်း (၆၄၀) - လွှမ်းမိုးနိုင်စွမ်းရှိသော စွမ်းအား

~ယွမ်ဖုန်းမြို့ တစ်ခုလုံး ငြိမ်သက်လျက်။

ကြောက်လန့်နေသော မျက်လုံးများအားလုံးသည် ဖုန်းဝူချန် ထံသို့သာ စူးစိုက်နေကြ၏။

သူတို့အားလုံး၏ စိတ်ထဲတွင် ဖုန်းဝူချန်ကို ပေးထားသော အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ နတ်ဆိုး၊ ဘီလူး၊ သားရဲကြီး ဟူ၍ပင် ဖြစ်သည်။

ကောင်းကင်ယံတွင် လီယန်ချင်း ၏ သိုင်းကွက် (၃) ခု ကွဲကြေသွားပြီး အလင်းစက်လေးများအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။

လီယန်ချင်း သည် အစွမ်းကုန် ထုတ်သုံးခဲ့သော်လည်း ဖုန်းဝူချန်ကို မထိခိုက်စေနိုင်ခဲ့သည့်အပြင် သူ၏ သိုင်းကွက်များပင် ချေမှုန်းခံလိုက်ရသည်။ ကြက်ဥနှင့် ကျောက်တုံးကို ပစ်ပေါက်သကဲ့သို့ပင်။

ဖုန်းဝူချန်၏ စွမ်းအားသည် လီယန်ချင်း ကို အပြတ်အသတ် အနိုင်ယူလိုက်ခြင်း ဖြစ်သည်။

ထျန်းကျီဘုံ ပထမအလွှာ ရှိသော လီယန်ချင်း ပင်လျှင် ဖုန်းဝူချန်ကို မယှဉ်နိုင်သည်ကို ကြည့်ခြင်းအားဖြင့် ကောင်းကင်ဘုံလူသား အဆင့် (၇) ရှိသော ဖုန်းဝူချန် မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်း သိသာထင်ရှားလှပေသည်။

ဖုန်းဝူချန် ဤမျှ ကြီးမြတ်သည့် စွမ်းအားကို ထုတ်သုံးနိုင်ခြင်းမှာ အင်မော်တယ် လက်နက်ကြောင့် ဖြစ်သည်။ အဆင့်မြင့် အင်မော်တယ် လက်နက်ထက်ပင် ပိုမို စွမ်းအားကြီးသော နတ်ဘုရား လက်နက် တစ်ဝက်ခန့် ရှိသည့် လက်နက် ဖြစ်နေသောကြောင့်ပင်။

နတ်ဘုရား လက်နက် အကူအညီ မပါဘဲ ကမ္ဘာပျက် စွမ်းအား တစ်ခုတည်းနှင့် ဆိုလျှင် ဖုန်းဝူချန်၏ တိုက်ခိုက်စွမ်းရည်သည် ဤမျှ ကြောက်စရာ ကောင်းမည် မဟုတ်ပေ။

“ကြမ်းလိုက်တာ... ဒါ မြေကမ္ဘာအဆင့် အဆင့်မြင့် သိုင်းကွက်လား... စွမ်းအားက တော်တော် ကြောက်စရာ ကောင်းတာပဲ...”

ထျန်းကျီဘုံ ဒုတိယအလွှာ ပညာရှင်တစ်ဦး အံ့သြတကြီး ပြောလိုက်၏။

“ဒီကောင်လေးက တကယ့် ဘီလူးကောင်ပဲ... ရက်စက်လိုက်တာ... ဆရာလီ ရဲ့ သိုင်းကွက်တွေကို မျက်စိတစ်မှိတ်အတွင်း ချေမှုန်းပစ်လိုက်တာပဲ...”

နောက်ထပ် ထျန်းကျီဘုံ ပညာရှင်တစ်ဦးက တုန်လှုပ်စွာ ပြောလိုက်၏။

“ဆဋ္ဌမအဆင့် သွန်းလုပ်ခြင်း... သူ့လက်အိတ်ရဲ့ စွမ်းအားက မယုံနိုင်စရာ ကောင်းလောက်အောင် ကြောက်စရာ ကောင်းနေတယ်...”

ဟု အဆင့် (၅) သွန်းလုပ်ရေး ပညာရှင်တစ်ဦးက အော်ဟစ်လိုက်၏။

မိနစ်အနည်းငယ် ကြာသောအခါ ကောင်းကင်ယံတွင် အားလှိုင်းများ ငြိမ်သက်သွားသော်လည်း ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်နေဆဲပင်။

လီယန်ချင်း သည် ကြောင်တောင်တောင် ရပ်နေပြီး မလှုပ်မယှက် ဖြစ်နေသည်။

ဖုန်းဝူချန်၏ စွမ်းအားသည် သူ့ကို နက်ရှိုင်းစွာ ခြိမ်းခြောက်နေသည်။

“နောက်ထပ် တစ်ချက်...”

ဖုန်းဝူချန် ခံစားချက်ကင်းမဲ့စွာ ပြောလိုက်ပြီး လီယန်ချင်း ကို အေးစက်စွာ စိုက်ကြည့်လိုက်၏။

“ဘုန်း...”

“အ...”

စကားဆုံးသည်နှင့် ဖုန်းဝူချန် လက်သီးတစ်ချက် ပစ်သွင်းလိုက်၏။ ကြောင်နေသော လီယန်ချင်း သည် သတိမထားမိလိုက်ဘဲ ရင်ဘတ်ကို ထိမှန်သွားကာ ပါးစပ်မှ သွေးများ အန်ထွက်လာပြီး အမြောက်ဆံကဲ့သို့ လွင့်စင်သွားတော့သည်။

လက်သီးတစ်ချက်... လက်သီးတစ်ချက်တည်းနှင့် ထျန်းကျီဘုံ ပညာရှင်ကို သွေးအန်သွားစေခဲ့သည်။

“ဘုရားရေ..."

ယွမ်ဖုန်းမြို့သူမြို့သားများ အသိပြန်ဝင်လာကြပြီး အသက်ရှူမှားသွားကြ၏။

မြင်ရရုံနှင့်ပင် ခန္ဓာကိုယ်များ ပြိုကျသွားသကဲ့သို့ ခံစားနေရသည်။ အမှန်တကယ် ခံလိုက်ရသော လီယန်ချင်း ဆိုလျှင် ပြောမနေနဲ့တော့...

“ဆရာလီ ရှုံးတော့မလား...”

“ကောင်းကင်ဘုံလူသား အဆင့် (၇) က ဒီလောက် ကြောက်စရာကောင်းတဲ့ စွမ်းအား ပိုင်ဆိုင်ထားတာလား... ငါ အိပ်မက် မက်နေတာ ဖြစ်ရမယ်...”

“သွားပြီ... ဆရာလီ သာ ရှုံးသွားရင် နောင်ကျ ဘယ်လို မျက်နှာပြရဲတော့မလဲ...”

ကျင့်ကြံသူ အများအပြား ထိတ်လန့်တကြား ဆွေးနွေးနေကြ၏။

ဖုန်းဝူချန်၏ လက်သီးချက်သည် လီယန်ချင်း ကို သတိပြန်ဝင်လာစေခဲ့သည်။

ဒဏ်ရာ မပြင်းထန်သော်လည်း ရင်ဘတ်ထဲမှ စူးရှသော နာကျင်မှုသည် လီယန်ချင်း ကို ဒေါသထွက်သွားစေသည်။

ထျန်းကျီဘုံ ပညာရှင် တစ်ဦး အနေဖြင့် ကောင်းကင်ဘုံလူသား အဆင့် (၇) ရှိသော လူငယ်တစ်ဦး၏ လက်ချက်ဖြင့် သွေးအန်သွားရသည်မှာ အလွန် အရှက်ရစရာ ကောင်းလှသည်။

လီယန်ချင်း ၏ ရင်ထဲတွင် ဒေါသများ ပြည့်နှက်နေပြီး မျက်လုံးများ သွေးရောင်လွှမ်းနေသည်။ တဖြည်းဖြည်းနှင့် အသိဉာဏ် ပျောက်ကွယ်သွားပြီး ဒေါသများ လွှမ်းမိုးသွားကာ သတ်ဖြတ်လိုစိတ်များ ရူးသွပ်စွာ ပေါက်ကွဲထွက်လာသည်။

“ကောင်စုတ်လေး... မင်းကို မသတ်ရရင် ငါ လူမဟုတ်တော့ဘူး...”

လီယန်ချင်း ဒေါသတကြီး အော်ဟစ်လိုက်၏။ သူ့မျက်နှာအိုကြီးတွင် သွေးကြောများ ဖောင်းကြွလာပြီး အလွန် ကြောက်မက်ဖွယ် ကောင်းနေသည်။

“ဝူး... ဝူး...”

လီယန်ချင်း သည် သိုင်းဝိညာဉ် စွမ်းအားများကို အကုန်ထုတ်သုံးလိုက်ရာ အရှိန်အဝါများ ရူးသွပ်စွာ မြင့်တက်လာသည်။ စွမ်းအားများ အဆုံးမရှိ ထွက်ပေါ်လာပြီး ကောင်းကင်ယံကို လင်းထိန်သွားစေသည်။

သိုင်းဝိညာဉ် စွမ်းအားကို ထုတ်သုံးလိုက်သောအခါ လီယန်ချင်း ၏ အရှိန်အဝါသည် ရိုင်းစိုင်းကြမ်းတမ်းလာပြီး လေထုကြီးကိုပင် ပြန့်ကျဲသွားစေသည်။

“ကောင်းကင် ခြင်္သေ့ သိုင်းဝိညာဉ်.. ဒါကြောင့် ဒီလောက် လွှမ်းမိုးနိုင်စွမ်း ရှိနေတာကိုး...”

ဖုန်းဝူချန် မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။ အထင်မသေးရဲတော့ပေ။

“ဂါး...”

လီယန်ချင်း ဒေါသတကြီး အော်ဟစ်လိုက်ရာ ကောင်းကင် ခြင်္သေ့ ဟိန်းသံကြီး ထွက်ပေါ်လာပြီး လူတိုင်း၏ ဝိညာဉ်ကို တုန်လှုပ်သွားစေသည်။

“မင်းမှာ ထျန်းကျီဘုံ ဒုတိယအလွှာလောက် ရှိတဲ့ စွမ်းအား ရှိမရှိ ကြည့်ရသေးတာပေါ့... ဝမ်းနည်းစရာ ကောင်းတာက မြေကမ္ဘာအဆင့် သိုင်းကွက် မဟုတ်ဘူး...”

လီယန်ချင်း ဒေါသတကြီး အော်ဟစ်လိုက်ပြီး စွမ်းအားများကို ရူးသွပ်စွာ စုစည်းကာ လက်သင်္ကေတများ ဖန်တီးလိုက်၏။

“နက်နဲခြင်းအဆင့် အဆင့်မြင့် သိုင်းကွက်... ဒေါသခြင်္သေ့ ရဲ့ အမျက်ဒေါသ လက်သည်း...”

လီယန်ချင်း ရက်စက်စွာ အော်ဟစ်လိုက်ပြီး လက်ဖဝါးကို လက်သည်းပုံစံ ပြုလုပ်ကာ ရိုင်းစိုင်းစွာ ကုတ်ချလိုက်၏။

“ရွှီး...”

“ဝူး... ဝူး...”

ပေတစ်ထောင်ခန့် ကြီးမားသော စွမ်းအင် လက်သည်းကြီးသည် လေထုကို စုတ်ဖြဲပြီး ဖုန်းဝူချန်ဆီသို့ ရူးသွပ်စွာ ဝင်ရောက်လာသည်။ ဖြတ်သန်းသွားရာ နေရာတိုင်းတွင် လေထုကြီး အက်ကွဲသွားသည်။

လီယန်ချင်း ထုတ်သုံးလိုက်သော သိုင်းကွက်သည် ကောင်းကင် ခြင်္သေ့ သိုင်းဝိညာဉ်နှင့် လိုက်ဖက်ညီနေပြီး စွမ်းအားများ အလွန် ကြီးမားလှသည်။

ဖုန်းဝူချန်သည် နဂါးနတ်ဘုရား ဓားကို ဆင့်ခေါ်လိုက်၏။ ၎င်းသည်လည်း ဆဋ္ဌမအဆင့် သွန်းလုပ်ထားသော လက်နက်ဝိညာဉ် ပါဝင်သည့် အဆင့်မြင့် အင်မော်တယ် လက်နက် ဖြစ်သည်။

“အင်မော်တယ် လက်နက်... နောက်ထပ် အင်မော်တယ် လက်နက် တစ်ခု...”

“ဒီကောင်လေးမှာ အင်မော်တယ် လက်နက် နှစ်ခုတောင် ရှိတာလား...”

“အဆင့်မြင့်... အဆင့်မြင့် အင်မော်တယ် လက်နက်... ဒီကောင်လေးရဲ့ နောက်ခံက ဘာလဲ... ကြောက်စရာ ကောင်းလိုက်တာ...”

ဖုန်းဝူချန် နဂါးနတ်ဘုရား ဓားကို ဆင့်ခေါ်လိုက်သည်နှင့် လူအုပ်ကြီး ထပ်မံ အုတ်အော်သောင်းနင်း ဖြစ်သွားသည်။

အံ့သြမှု... လုံးဝ အံ့သြမှု...

အင်မော်တယ် လက်နက် တစ်ခုတည်းနဲ့တင် ကြောက်စရာ ကောင်းနေပြီ... အခု နောက်ထပ် အဆင့်မြင့် အင်မော်တယ် လက်နက် တစ်ခု ထပ်ထုတ်လိုက်တော့ လူတိုင်း ကြောက်လန့်တကြား ဖြစ်ကုန်ကြ၏။

“သူ့မှာ နောက်ထပ် အင်မော်တယ် လက်နက် ရှိသေးတာလား...”

လီယန်ချင်း မျက်နှာ ဖြူဖျော့သွားပြီး အသက်ရှူကျပ်လာသည်။

“ဝိညာဉ်ချေမှုန်း ဓားသိုင်း... ဝိညာဉ်ချေမှုန်း ကောင်းကင်ကိုးထပ်...”

ဖုန်းဝူချန် အော်ဟစ်လိုက်ရာ ကြီးမားသော အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာသည်။ လွှမ်းမိုးနိုင်စွမ်းရှိသော ဓားအရှိန်အဝါများ လေထုထဲတွင် ပြည့်နှက်သွားပြီး သွေးရောင် အင်းကွက်တစ်ခု သူ့ခြေထောက်အောက်တွင် ပေါ်လာသည်။ သွေးရောင် အငွေ့အသက်များ ပွက်ပွက်ဆူလာပြီး ဆန်းကြယ်သော သင်္ကေတများ ပျံဝဲလာသည်။ သွေးရောင် အငွေ့အသက်များသည် ဖုန်းဝူချန်၏ ပတ်လည်တွင် ရစ်ပတ်နေပြီး နောက်ဆုံးတွင် ကြီးမားသော သွေးရောင် စွမ်းအင်တစ်ခုအဖြစ် စုစည်းကာ ကောင်းကင်ယံသို့ ထိုးတက်သွားသည်။

“မြေကမ္ဘာအဆင့် အလယ်အလတ် ဓားသိုင်း...”

လီယန်ချင်း အလွန်အမင်း ထိတ်လန့်သွားပြီး တစ်ကိုယ်လုံး တုန်ယင်လာသည်။

“နောက်ထပ် မြေကမ္ဘာအဆင့် သိုင်းကွက်...”

ဖုန်းဝူချန်၏ ဓားအရှိန်အဝါကို ခံစားလိုက်ရသောအခါ ပညာရှင်များ အော်ဟစ်လိုက်ကြ၏။

“ရွှီး...”

“ဝူး... ဝူး...”

ဖုန်းဝူချန်၏ အော်ဟစ်သံနှင့်အတူ သွေးရောင် စွမ်းအင်များသည် သွေးရောင် ဓားတစ်လက်အဖြစ် ပြောင်းလဲသွားပြီး လျှပ်စီးကဲ့သို့ ပစ်ထွက်သွားသည်။

ကြောက်မက်ဖွယ် သွေးရောင် ဓားကို မြင်လိုက်ရသောအခါ ယွမ်ဖုန်းမြို့သူမြို့သားများသည် ကမ္ဘာပျက်တော့မည့်အလား ခံစားလိုက်ရသည်။

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... သူသုံးသမျှ သိုင်းကွက်တွေ အကုန်လုံးက မြေကမ္ဘာအဆင့်တွေချည်းပဲ...”

ထျန်းကျီဘုံ ပညာရှင်များ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြ၏။

“တစ်ခုထက် တစ်ခု ပိုကြမ်းလာတယ်...”

နောက်တစ်ယောက်က ထိတ်လန့်တကြား အော်ဟစ်လိုက်၏။

“ဘုန်း... ဘုန်း... ဘုန်း...”

“အ...”

ကြောက်မက်ဖွယ် စွမ်းအား နှစ်ခု ထိတိုက်မိသွားပြီး ပေါက်ကွဲသွားသည်။ ဖျက်ဆီးအားပြင်းသော စွမ်းအင်များ လွင့်စင်သွားပြီး လီယန်ချင်း ပါးစပ်မှ သွေးများ အန်ထွက်လာကာ နောက်သို့ လွင့်စင်သွားသည်။ ဓားအလင်းတန်း၏ စွမ်းအားကို သူ မခံနိုင်တော့ပေ။

ဖုန်းဝူချန်၏ မျက်နှာ အနည်းငယ် ဖြူဖျော့သွားသော်လည်း ဒဏ်ရာ မရရှိခဲ့ပေ။ ဓားအလင်းတန်း၏ စွမ်းအားသည် လီယန်ချင်း ၏ စွမ်းအင် လက်သည်းထက် သာလွန်နေကြောင်း ထင်ရှားသည်။

လီယန်ချင်း ၏ စွမ်းအားသည်လည်း ကြောက်မက်ဖွယ် ကောင်းနေဆဲပင်။ ဖုန်းဝူချန်၏ ခန္ဓာကိုယ်သာ မသန်မာခဲ့လျှင် ဒဏ်ရာရသွားနိုင်သည်။

“ဝူး... ဝူး...”

ဖျက်ဆီးအားပြင်းသော အားလှိုင်းများသည် ဟာရီကိန်း မုန်တိုင်းကဲ့သို့ ရူးသွပ်စွာ မြင့်တက်သွားပြီး ပေပေါင်း ထောင်ချီသော နေရာလပ်ကြီးကို ဖုံးလွှမ်းသွားသည်။

“ဆရာလီ ဒဏ်ရာရသွားပြန်ပြီ... သူ့စွမ်းအားက အဲ့ဒီကောင်လေးကို မယှဉ်နိုင်ဘူး...”

“ကြောက်စရာ ကောင်းလွန်းတယ်... ဒီကောင်လေးက သိပ်ကြောက်စရာ ကောင်းလွန်းတယ်...”

“ဆရာလီ ရှုံးဖို့ သေချာနေပြီ... သူ အဲ့ဒီကောင်လေးကို နိုင်မှာ မဟုတ်ဘူး...”

“ရှုံးတာက တစ်ပိုင်း... အဲ့ဒီကောင်လေးက ဆရာလီ ကို လွယ်လွယ်လေး လွှတ်ပေးမှာ မဟုတ်ဘူး...”

ကြည့်ရှုနေသူများ ကြောက်လန့်တကြား ဆွေးနွေးနေကြ၏။

ယခုအချိန်တွင် လီယန်ချင်း ၏ ဒဏ်ရာများ ပြင်းထန်လာပြီး စွမ်းအားများလည်း လျော့နည်းလာပြီ ဖြစ်သည်။ အစွမ်းကုန် ထုတ်သုံးပြီး သိုင်းဝိညာဉ်ကိုပါ ဆင့်ခေါ်ခဲ့သော်လည်း ဖုန်းဝူချန်ကို မယှဉ်နိုင်ခဲ့ပေ။

လီယန်ချင်း ၏ ကောင်းသော နေ့ရက်များ ကုန်ဆုံးသွားပြီ ဖြစ်ပုံရသည်။

အခန်း (၆၄၁) - ဝူချင်၏ ရက်စက်သော သတ်ဖြတ်မှု

~ပြင်းထန်သော တိုက်ပွဲအပြီးတွင် လီယန်ချင်း ၏ ဒဏ်ရာများ ပိုမို ဆိုးရွားလာသည်။

“မဖြစ်နိုင်ဘူး... ဒါ လုံးဝ မဖြစ်နိုင်ဘူး...”

ဒဏ်ရာပြင်းထန်စွာ ရထားသော လီယန်ချင်း သည် ရှုံးနိမ့်ခြင်းကို လက်မခံနိုင်ဘဲ ရူးသွပ်စွာ အော်ဟစ်နေသည်။

ထျန်းကျီဘုံ ပထမအလွှာ ပညာရှင် တစ်ဦး ဖြစ်ပါလျက်နှင့် ကောင်းကင်ဘုံလူသား အဆင့် (၇) ရှိသော လူငယ်တစ်ဦးကို မနိုင်သည်မှာ လီယန်ချင်း အတွက် သည်းခံနိုင်စရာ မဟုတ်ပေ။

ယွမ်ဖုန်းမြို့တွင် ဩဇာအာဏာ ကြီးမားပြီး အဆင့် (၆) ဆေးပညာရှင် ဖြစ်သော လီယန်ချင်း သည် ဂုဏ်သိက္ခာကို အလွန် တန်ဖိုးထားသူ ဖြစ်သည်။

အစွမ်းကုန် ထုတ်သုံးခဲ့သော်လည်း ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ခြင်းသည် သူ့အတွက် အလွန် အရှက်ရစရာ ကောင်းလှသည်။

ဒေါသထွက်လွန်းသဖြင့် လီယန်ချင်း သည် အသိဉာဏ် ကင်းမဲ့သွားခဲ့ပြီ ဖြစ်သည်။

“ငါက ထျန်းကျီဘုံ ပညာရှင်ကွ... ကောင်းကင်ဘုံလူသား အဆင့် လူငယ်တစ်ယောက်ကို ရှုံးတယ်ဆိုတာ မဖြစ်နိုင်ဘူး...”

လီယန်ချင်း ဒေါသတကြီး အော်ဟစ်လိုက်ပြီး ကြောက်မက်ဖွယ် မျက်နှာထားဖြင့် ဆေးလုံးတစ်လုံးကို ထုတ်ယူကာ မျိုချလိုက်၏။

“အဆင့် (၆) ရူးသွပ်ခြင်း ဆေးလုံး...”

ထိုအခါ၊ ဖုန်းဝူချန်၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားသည်။

လီယန်ချင်း ထုတ်ယူလိုက်သော ဆေးလုံးကို ဖုန်းဝူချန် ချက်ချင်း မှတ်မိလိုက်၏။ ထိုဆေးလုံးသည် စွမ်းအားကို အချိန်တိုအတွင်း အဆမတန် တိုးမြှင့်ပေးနိုင်ပြီး သောက်သုံးသူကို ရူးသွပ်သွားစေနိုင်သော ဆေးလုံး ဖြစ်သည်။

“ဆရာလီ က အဆင့် (၆) ဆေးလုံး သောက်လိုက်ပြီ...”

“ဒါ ရူးသွပ်ခြင်း ဆေးလုံးပဲ... စွမ်းအားကို ချက်ချင်း တိုးမြှင့်ပေးနိုင်တယ်...”

“ဆရာလီ စိတ်လွတ်သွားပြီ... အားလုံး သတိထားကြ...”

ကြည့်ရှုနေသူများ အားလုံး ထိတ်လန့်တုန်လှုပ်သွားကြ၏။

ထျန်းကျီဘုံ ပညာရှင် တစ်ဦးက ကောင်းကင်ဘုံလူသား အဆင့် (၇) လူငယ်တစ်ဦးကို ရင်ဆိုင်ရန်အတွက် အဆင့် (၆) ရူးသွပ်ခြင်း ဆေးလုံးကို သုံးစွဲရသည်မှာ အလွန် သိက္ခာကျစရာ ကောင်းလှသည်။

“ဝူး... ဝူး...”

ကြောက်မက်ဖွယ် စွမ်းအားများ လီယန်ချင်း ၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာသည်။ ဒဏ်ရာရနေသော်လည်း သူ၏ အရှိန်အဝါသည် အထွတ်အထိပ်သို့ ချက်ချင်း ပြန်ရောက်သွားသည်။

သူ၏ စွမ်းအားသည် ရိုင်းစိုင်းကြမ်းတမ်းပြီး မိုးမြေကို တုန်ခါသွားစေသည်။

“ကောင်စုတ်လေး... သေစမ်း...”

လီယန်ချင်း ဒေါသတကြီး ကြိမ်းမောင်းလိုက်ပြီး လက်သင်္ကေတများ ဖန်တီးလိုက်၏။

“မြေကမ္ဘာအဆင့် အလယ်အလတ် သိုင်းကွက်... ကောင်းကင် မီးတောက် ဓား...”

လီယန်ချင်း ဆက်လက် အော်ဟစ်လိုက်ပြီး ညာဘက်လက်တွင် စွမ်းအားများ စုစည်းနေ၏။

“ဘုန်း...”

ဆမာဓိ စစ်မှန်သော မီးတောက်ကို ထုတ်ဖော်လိုက်ပြီး ညာဘက်လက်နှင့် ပေါင်းစပ်လိုက်ရာ အရှိန်အဝါများ ပိုမို ပြင်းထန်လာသည်။

“ရွှီး...”

“ဝူး... ဝူး...”

လီယန်ချင်း လက်ကို ဝှေ့ယမ်းလိုက်ရာ ကြီးမားသော မီးတောက် ဓားအလင်းတန်းကြီး ပစ်ထွက်သွားသည်။ လွှမ်းမိုးနိုင်စွမ်းရှိသော အရှိန်အဟုန်ဖြင့် မိုင်ပေါင်း ထောင်ချီသော သက်တံကြီး တစ်ခု သဖွယ် ဖြစ်ပေါ်လာ၏။

၎င်း၏ စွမ်းအားသည် မိုးမြေကို ဖျက်ဆီးပစ်နိုင်လောက်အောင် ကြီးမားလှသည်။

“မြေကမ္ဘာအဆင့် သိုင်းကွက်... ဒါ ဆရာလီ ရဲ့ ဝှက်ဖဲပဲ...”

“ဆရာလီ က အစွမ်းကုန် တိုက်ခိုက်နေပြီ... ဆေးအာနိသင် ကုန်သွားလို့ တန်ပြန်သက်ရောက်မှု ခံရရင် အကျိုးဆက်က ကြောက်စရာ ကောင်းလိမ့်မယ်...”

“အားလုံး မြန်မြန် ပြေးကြ... ဒီစွမ်းအားက အရမ်း ကြောက်စရာ ကောင်းတယ်... ငါတို့ ခံနိုင်မှာ မဟုတ်ဘူး...”

ကြည့်ရှုနေသူများ ကြောက်လန့်တကြား ထွက်ပြေးကြ၏။

လူအုပ်ကြီး ထိတ်လန့်နေစဉ် ဖုန်းဝူချန်ထံမှ အလွန် ကြီးမြတ်သည့် ဓားအရှိန်အဝါတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာသည်။

“ဝူး... ဝူး...”

ဖုန်းဝူချန်သည် ကမ္ဘာပျက် စွမ်းအားကို အစွမ်းကုန် ထုတ်သုံးလိုက်ပြီး သွေးရောင်အလင်းတန်းများ ကောင်းကင်ယံသို့ ထိုးတက်သွား၏။ လွှမ်းမိုးနိုင်စွမ်းရှိသော အရှိန်အဝါသည် ကိုက်ပေါင်း သောင်းချီသော နေရာလပ်ကြီးကို သွေးရောင် လွှမ်းသွားစေသည်။

ပြိုင်ဘက်ကင်းသော အငွေ့အသက်များ ပတ်ဝန်းကျင် တစ်ခုလုံးကို လွှမ်းခြုံသွား၏။

ထိုအချိန်တွင် ကြောက်ရွံ့နေသော လူအုပ်ကြီးသည် ဖုန်းဝူချန်ကို အံ့သြတကြီး လှည့်ကြည့်လိုက်ကြ၏။

“ဒါ... ဒါ ဘယ်လို အရှိန်အဝါမျိုးလဲ...”

“သူ့မှာ ပိုကြမ်းတဲ့ သိုင်းကွက် ရှိသေးတာလား... ဘာလို့ ခုနကထက် ပိုကြောက်စရာ ကောင်းနေတာလဲ...”

“သူ အစွမ်းကုန် မထုတ်ရသေးဘူးလား... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”

ရှိနေသူအားလုံး ကြောက်ရွံ့မှုများ လွှမ်းမိုးသွားပြီး ဖုန်းဝူချန်၏ ကြောက်မက်ဖွယ် စွမ်းအားကြောင့် ကြက်သေသေသွားကြ၏။

ဒေါသထွက်နေသော လီယန်ချင်း ပင်လျှင် ဖုန်းဝူချန်၏ စွမ်းအားကြောင့် အံ့သြသွားသည်။

“ဝိညာဉ်ချေမှုန်း ဓားသိုင်း... ဝိညာဉ်ချေမှုန်း နတ်ငိုသရဲအော်သံ...”

ဖုန်းဝူချန် အော်ဟစ်လိုက်ပြီး နဂါးနတ်ဘုရား ဓားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ လွှမ်းမိုးနိုင်စွမ်းရှိသော ဟန်ပန်ဖြင့် ဝှေ့ယမ်းလိုက်၏။

ဤအချိန်တွင် ဖုန်းဝူချန်သည် ကောင်းကင်ဘုံ ကိုးထပ်မှ ဆင်းသက်လာသော စစ်နတ်ဘုရား တစ်ပါးကဲ့သို့ ခမ်းနားထည်ဝါပြီး ဖိနှိပ်မှု အရှိန်အဝါများ ထွက်ပေါ်နေသည်။

“ရွှီး...”

“ဝူး... ဝူး...”

ပေတစ်ထောင်ခန့် ရှည်လျားသော ဧရာမ သွေးရောင် ဓားအလင်းတန်းကြီးသည် ဖျက်ဆီးအားပြင်းသော အရှိန်အဟုန်ဖြင့် ပေါက်ကွဲထွက်လာသည်။ ကမ္ဘာလောကကြီး တစ်ခုလုံး သွေးရောင် လွှမ်းသွားသကဲ့သို့ ဖြစ်နေသည်။

“ဒါ... ဒါ အင်မော်တယ် ကျင့်စဉ်လား...”

ထျန်းကျီဘုံ တတိယအလွှာ ပညာရှင်တစ်ဦး ထိတ်လန့်တကြား အော်ဟစ်လိုက်၏။ သူ့ခန္ဓာကိုယ် တစ်ခုလုံး တုန်ယင်နေသည်။

ကောင်းကင်ယံမှ ကြောက်မက်ဖွယ် ဓားအလင်းတန်းနှင့် လွှမ်းမိုးနိုင်စွမ်းရှိသော အရှိန်အဝါကို မြင်လိုက်ရသောအခါ လူတိုင်း ကျောက်ရုပ်များသဖွယ် တောင့်ခဲသွားကြ၏။

အချိန်များ ရပ်တန့်သွားသကဲ့သို့ ခံစားရပြီး နေရာလပ်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

“ဘုန်း... ဘုန်း... ဘုန်း...”

“ဝူး... ဝူး...”

စက္ကန့်ပိုင်းအကြာတွင် ဖျက်ဆီးအားပြင်းသော ဓားအလင်းတန်းနှင့် မီးတောက် ဓားတို့ ထိတိုက်မိသွားကြ၏။ မိုးမြေသိမ့်တုန် ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်၏။ ဖျက်ဆီးအားပြင်းသော အားလှိုင်းများ ပြန့်ကားသွားပြီး နေရာလပ်များ ဆက်တိုက် ပြိုကျသွားသည်။

လူအုပ်ကြီးသည် ဖြူဖျော့သော မျက်နှာများဖြင့် ကောင်းကင်ယံကို ကြောက်လန့်တကြား မော့ကြည့်နေကြ၏။ သတ္တိနည်းသူများ ဆိုလျှင် နှပ်ချေးနှင့် မျက်ရည်များ ရောထွေးပြီး ငိုကြွေးနေကြ၏။

လီယန်ချင်း ၏ ကောင်းကင် မီးတောက် ဓားသည် ချက်ချင်း ကွဲကြေသွားပြီး တစ်ချက်တည်းနှင့် ပျက်စီးသွားသည်။

“အစစ်အမှန်ယွမ် အကာအကွယ်...”

ကြောက်မက်ဖွယ် အားလှိုင်းများ လာနေသည်ကို မြင်သောအခါ လီယန်ချင်း ထိတ်လန့်တကြား အော်ဟစ်ပြီး အကာအကွယ် ဖန်တီးလိုက်၏။

“ဘုန်း...”

“ကွဲ...”

“အ...”

အားလှိုင်းများ အကာအကွယ်ကို မထိမှန်မီ အနီးကပ် ရောက်ရှိလာရုံဖြင့် အကာအကွယ်သည် အက်ကွဲသွားပြီး ကွဲကြေသွားသည်။ လီယန်ချင်း ပါးစပ်မှ သွေးများ အန်ထွက်လာပြီး လွင့်စင်သွားသည်။

“ရွှီး...”

“ဝူး... ဝူး...”

လီယန်ချင်း လွင့်စင်သွားစဉ် ပေါက်ကွဲမှု ဗဟိုချက်မှ သွေးရောင် ဓားအလင်းတန်း တစ်ခု ထိုးထွက်လာပြီး လီယန်ချင်း နောက်သို့ လိုက်ပါလာသည်။

ထိုအချိန်တွင် လီယန်ချင်း ၏ ရင်ထဲ၌ ကြောက်ရွံ့မှုများ ပြည့်နှက်နေပြီး ဖုန်းဝူချန်၏ ကြောက်မက်ဖွယ် စွမ်းအားကို သူ မယှဉ်နိုင်ကြောင်း သဘောပေါက်သွားသည်။

လီယန်ချင်း သည် ဒဏ်ရာပြင်းထန်စွာ ရထားပြီး ဖြစ်ရာ ထျန်းကျီဘုံ ပညာရှင် ဖြစ်သော်လည်း ဆက်လက် တောင့်မခံနိုင်တော့ပေ။

ဒီဓားချက်သာ ထိမှန်ခဲ့လျှင် အသက်ရှင်နိုင်တော့မည် မဟုတ်ပေ။

အသက်ရှင်ဖို့က အရေးအကြီးဆုံးပဲ... တခြားအရာတွေကို ဂရုမစိုက်နိုင်တော့ပေ။

“ထန်ချုံး... မင်း ဘာလို့ မကူညီတာလဲ...”

ကြောက်လန့်တကြားဖြင့် လီယန်ချင်း အော်ဟစ် အကူအညီ တောင်းလိုက်၏။

ထန်ချုံး သည် ထျန်းကျီဘုံ တတိယအလွှာ ပညာရှင် ဖြစ်ပြီး လီယန်ချင်း ထက် များစွာ သာလွန်သည်။

သို့သော် လင်ရှောင်ရှောင် ၏ အကာအကွယ်ကို တိုက်ခိုက်စဉ်က ပြန်ကန်ထွက်လာသော စွမ်းအားကြောင့် ဒဏ်ရာပြင်းထန်စွာ ရထားခဲ့၏။

“ရွှီး...”

မည်သို့ပင်ဖြစ်စေ ထန်ချုံး သည် လှုပ်ရှားလိုက်၏။ မျက်စိတစ်မှိတ်အတွင်း လီယန်ချင်း ၏ ရှေ့သို့ ရောက်ရှိသွားပြီး လီယန်ချင်း ကို ဆွဲကာ ရှောင်တိမ်းလိုက်သည်။

“ရွှီး...”

“ဘုန်း... ဘုန်း... ဘုန်း...”

ဓားအလင်းတန်းသည် အရာအားလုံးကို ဖျက်ဆီးပစ်ပြီး တောင်တန်းများကို ပြိုကျသွားစေ၏။

ထန်ချုံး သာ တစ်လှမ်း နောက်ကျခဲ့လျှင် လီယန်ချင်း သည် ဓားအလင်းတန်းအောက်တွင် သွေးမြူမှုန်အဖြစ် ပြောင်းလဲသွားလောက်ပြီ ဖြစ်သည်။

အဝေးမှ တောင်တန်းများ ပြိုကျသွားသည်ကို မြင်သောအခါ ထန်ချုံး ပင်လျှင် အံ့သြသွားသည်။

အင်မော်တယ် ကျင့်စဉ်၏ စွမ်းအားက ဒီလောက်တောင် ကြောက်စရာ ကောင်းတာလား...

“ခင်ဗျား အသက်ရှင်မယ် ထင်နေလား...”

ဖုန်းဝူချန် အေးစက်စွာ ပြောလိုက်၏။ သူ၏ လွှမ်းမိုးနိုင်စွမ်းရှိသော ဝိညာဉ်စွမ်းအားများသည် လီယန်ချင်းအား ပစ်မှတ်ထားလိုက်ပြီ ဖြစ်သည်။

“သွားပြီ...”

လီယန်ချင်း မျက်နှာ ဖြူဖျော့သွားသည်။

“ဘုန်း...”

“အ...”

ဖိနှိပ်မှု ပြင်းထန်သော ဝိညာဉ်စွမ်းအားများသည် လီယန်ချင်း ထံ ရက်စက်စွာ တိုးဝင်လာ၏။ ဝိညာဉ် ခန္ဓာကိုယ် ဒဏ်ရာပြင်းထန်စွာ ရရှိသွားပြီး လီယန်ချင်း ပါးစပ်မှ သွေးများ ထပ်မံ အန်ထွက်လာသည်။

ဒဏ်ရာပြင်းထန်စွာ ရထားသော လီယန်ချင်း သည် ဖုန်းဝူချန်၏ ဝိညာဉ်စွမ်းအားကို ခံနိုင်ရည် မရှိတော့ပေ။ ဝိညာဉ် ခန္ဓာကိုယ် ပျက်စီးသွားပြီး နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားတော့သည်။

“ဆရာလီ...”

ထန်ချုံး အလွန်အမင်း ထိတ်လန့်သွားပြီး လီယန်ချင်း ကို ကြောက်လန့်တကြား ကြည့်လိုက်၏။

ထန်ချုံး သည် လီယန်ချင်း ၏ အသက်စွမ်းအားကို အာရုံခံ၍ မရတော့ပေ။

ဝိညာဉ် ခန္ဓာကိုယ် ပျက်စီးသွားပြီး လီယန်ချင်း သည် လုံးဝ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ အလောင်းကောင်သာ ကျန်ရစ်တော့သည်။

အခန်း (၆၄၂) - မြောက်ပိုင်း နယ်နိမိတ်ချောက်နက်

~ဆေးပညာရှင် ဆရာကြီး လီယန်ချင်း ကျဆုံးသွားခဲ့လေပြီ။

နေရာလပ်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပြီး ယွမ်ဖုန်းမြို့သည် သင်္ချိုင်းကုန်း တစ်ခုကဲ့သို့ ငြိမ်သက်သွားသည်။

ကောင်းကင်ယံမှ အားလှိုင်းများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

လူတိုင်း ထိတ်လန့်တုန်လှုပ်နေကြပြီး အချိန်များ ရပ်တန့်သွားသကဲ့သို့ မလှုပ်မယှက် ဖြစ်နေကြ၏။

ခဏတာမျှ ပတ်ဝန်းကျင် အခြေအနေသည် ပုံမှန်မဟုတ်ဘဲ ထူးဆန်းနေသည်။

“ဆရာလီ... သေပြီ...”

ထန်ချုံး ၏ မျက်နှာပေါ်တွင် မယုံနိုင်မှုများ ပြည့်နှက်နေပြီး ရေရွတ်လိုက်၏။

ထျန်းကျီဘုံ ပထမအလွှာ ပညာရှင် လီယန်ချင်း သည် ကောင်းကင်ဘုံလူသား အဆင့် (၇) ရှိသော လူငယ် တစ်ဦး၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ချေပြီ။

ကောင်းကင်ကို ဆန့်ကျင်သော စွမ်းအား၊ သဘာဝတရားကို လွန်ဆန်သော သိုင်းကွက်များဖြင့် တစ်ခုပြီးတစ်ခု ဖိနှိပ်ကာ အနိုင်ယူလိုက်ခြင်း ဖြစ်သည်။

မြေကမ္ဘာအဆင့် သိုင်းကွက်များ၊ အင်မော်တယ် ကျင့်စဉ်များ၊ အင်မော်တယ် လက်နက်များနှင့် အခြား အစွမ်းထက် သိုင်းကွက်၊ နတ်ဘုရား လက်နက်များသည် ဖုန်းဝူချန်၏ ကြောက်မက်ဖွယ် စွမ်းအားကို ထုတ်ဖော်ပြသခဲ့သည်။

လီယန်ချင်း သည် အစကတည်းက အဖိနှိပ်ခံခဲ့ရပြီး ပြန်လည် ဦးမော့နိုင်ခြင်း မရှိခဲ့ပေ။

ဖုန်းဝူချန် စိတ်ဖြင့် အမိန့်ပေးလိုက်ရာ နဂါးနတ်ဘုရား ဓား၊ လက်အိတ်နှင့် ချီလင် စစ်ဝတ်တန်ဆာတို့သည် ခန္ဓာကိုယ်ထဲသို့ ပြန်လည် ဝင်ရောက်သွားကြပြီး လွှမ်းမိုးနိုင်စွမ်းရှိသော စွမ်းအားများလည်း ပျောက်ကွယ်သွားသည်။

သူက နတ်ဘုရား ခုနစ်ပါး အသက်ကယ် ဆေးလုံး တစ်လုံးကို ထုတ်ယူကာ မျိုချလိုက်ပြီး ကုန်ခန်းသွားသော အစစ်အမှန်ယွမ်စွမ်းအားများကို ပြန်လည် ဖြည့်တင်းလိုက်၏။

ဤတိုက်ပွဲတွင် အစွမ်းကုန် ထုတ်သုံးခဲ့ရပြီး အစွမ်းထက် သိုင်းကွက်များကို ဆက်တိုက် အသုံးပြုခဲ့ရသဖြင့် စွမ်းအားများ အလွန်အမင်း ကုန်ခန်းသွားခဲ့သည်ပင်။

ယခုအချိန်တွင် မျက်နှာလည်း ဖြူဖျော့နေပြီး အနည်းငယ် အားနည်းနေသည်။

“သွားကြစို့...”

ဖုန်းဝူချန်က လင်ရှောင်ရှောင် နှင့် အခြားသူများကို အေးဆေးစွာ ပြောလိုက်၏။ တိတ်ဆိတ်မှုကို အရင်ဆုံး ဖြိုခွင်းလိုက်ခြင်း ဖြစ်သည်။

သူတို့ အဖွဲ့သည် ဝူမီးတောက် ကို ရှာဖွေရန် လာခဲ့ခြင်း ဖြစ်ပြီး ယွမ်ဖုန်းမြို့သည် ခေတ္တ နားခိုရာ စခန်းတစ်ခုသာ ဖြစ်သည်။

“ဆရာလီ အသတ်ခံလိုက်ရပြီ...”

“သူတို့က ဘယ်သူတွေလဲ... အဲ့ဒီ မိန်းကလေးက နတ်ဘုရား အသွင်ပြောင်း အကာအကွယ် ပိုင်ဆိုင်ထားပြီး... ဟိုကောင်လေးကကျ ထျန်းကျီဘုံ ပညာရှင်ကို သတ်နိုင်တယ်...”

“ကြောက်စရာ ကောင်းလိုက်တာ... ကောင်းကင်ဘုံလူသား အဆင့် (၇) က ထျန်းကျီဘုံ ပထမအလွှာကို သတ်လိုက်တာဟေး...”

ဖုန်းဝူချန်နှင့် အဖွဲ့ ထွက်ခွာသွားပြီး မကြာမီတွင် ယွမ်ဖုန်းမြို့သူမြို့သားများ အသိပြန်ဝင်လာကြပြီး တုန်လှုပ်ချောက်ချားစွာ မှတ်ချက်ပေးနေကြ၏။

ဖုန်းဝူချန်၏ မည်သူမည်ဝါ ဖြစ်ကြောင်း မသိကြသော်လည်း နောက်ခံ အင်အားကြီးမားမည်ကို အားလုံး ခန့်မှန်းမိကြလေသည်။

ထို့ကြောင့် မည်သူမျှ ဖုန်းဝူချန်နှင့် အဖွဲ့ကို တားဆီးရန် မကြိုးစားကြပေ။

“ဆရာလီ အသတ်ခံလိုက်ရပြီ... ဆရာလီ သေပြီ...”

ယွမ်ဖုန်းမြို့ အတွင်းတွင် ထိတ်လန့်တကြား အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်နေပြီး တိုက်ကြီးတစ်ခုလုံးကို အသိပေးချင်နေသကဲ့သို့ ဖြစ်နေသည်။

လီယန်ချင်း သေဆုံးသွားသော သတင်းသည် ယွမ်ဖုန်းမြို့မှတစ်ဆင့် လျင်မြန်စွာ ‌ဂယက်ရိုက်သွားသည်။

မိစ္ဆာတောင်တန်း အနီးရှိ အင်အားစုများနှင့် မြို့များအားလုံး သတင်းရရှိသွားကြပြီး အံ့သြထိတ်လန့်နေကြ၏။

“ကောင်းကင်ဘုံလူသား အဆင့် (၇) က ဆရာလီ ကို သတ်လိုက်တာလား... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ဆရာလီ က ထျန်းကျီဘုံ ပထမအလွှာလေ...”

“ဘာ... ဘာပြောလိုက်တာလဲ... ကောင်းကင်ဘုံလူသား အဆင့် (၇) လူငယ်လေး တစ်ယောက်က ဆရာလီ ကို သတ်လိုက်တယ် ဟုတ်လား... ပြီးတော့ အင်မော်တယ် လက်နက်တွေ ပါတယ် ဟုတ်လား...”

“ဘယ်သူက ဒီလောက် စွမ်းအားကြီးနေရတာလဲ... ကောင်းကင်ဘုံလူသား အဆင့် (၇) အထွတ်အထိပ်နဲ့ ထျန်းကျီဘုံ ပညာရှင်ကို သတ်နိုင်တယ် ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး...”

ခဏတာမျှ ပတ်ဝန်းကျင်ရှိ အင်အားစုများနှင့် မြို့များမှ ကျင့်ကြံသူများသည် အလွန်အမင်း အံ့သြနေကြပြီး ကောင်းကင်ဘုံလူသား အဆင့် (၇) လူငယ်လေး တစ်ယောက်က ထျန်းကျီဘုံ ပညာရှင်ကို သတ်နိုင်သည် ဆိုတာ စိတ်ကူးကြည့်၍ပင် မရနိုင်ကြပေ။

လီယန်ချင်း ကို သတ်လိုက်သော လူငယ်လေး၏ နာမည်ကို မည်သူမျှ မသိကြသလို သိချင်လျှင်လည်း ဘယ်က စရှာရမှန်း မသိကြပေ။

လီယန်ချင်း သေဆုံးသွားသော သတင်းသည် ကောင်းကင်ဘုံလူသား အဆင့်နှင့် ထျန်းကျီဘုံ ပညာရှင် အများအပြား၏ အာရုံစိုက်မှုကို ရရှိသွားစေသည်။

ထိုပညာရှင် အများစုသည် ဒေသခံ အင်အားစုများ မဟုတ်ကြဘဲ နယ်မြေအသီးသီးမှ လွှမ်းမိုးထားသော အင်အားကြီးဂိုဏ်းများမှ ဖြစ်ကြ၏။

ကောင်းကင်ဘုံလူသား အဆင့် (၇) က ထျန်းကျီဘုံ ပထမအလွှာကို သတ်နိုင်သည် ဆိုသည်မှာ ပါရမီ တစ်ခုတည်းဖြင့် မဖြစ်နိုင်ပေ။ ထိပ်တန်း ပါရမီရှင် ဖြစ်လျှင်တောင် မဖြစ်နိုင်ပေ။

ထို့ကြောင့် ဖုန်းဝူချန်သည် မည်သည့် အင်အားကြီးဂိုဏ်းမှ ဖြစ်မည်နည်းဟု အားလုံးက တိတ်တဆိတ် ခန့်မှန်းနေကြ၏။

တစ်ချိန်တည်းမှာပင် အင်မော်တယ် လက်နက်နှင့် အင်မော်တယ် ကျင့်စဉ် သတင်းကြောင့် လူအများအပြား၏ လောဘစိတ်ကို နှိုးဆွလိုက်သလို ဖြစ်သွားပြီး ဖုန်းဝူချန်နှင့် အဖွဲ့၏ တည်နေရာကို စတင် ရှာဖွေနေကြပြီ တည်း။

အင်မော်တယ် ကျင့်စဉ်နှင့် အင်မော်တယ် လက်နက် မပြောနှင့်... မြေကမ္ဘာအဆင့် သိုင်းကွက် တစ်ခုတည်းကပင် ဆွဲဆောင်မှု ကြီးမားလှသည်။

...

ယွမ်ဖုန်းမြို့မှ ထွက်ခွာလာပြီးနောက် ဖုန်းဝူချန်နှင့် အဖွဲ့သည် အခြားမြို့များသို့ ရောက်ရှိပြီး ရှားပါးသော ဆေးဖက်ဝင် အပင်များကို ဝယ်ယူခဲ့ကြ၏။

ဖုန်းဝူချန်သည် ပိုမို အစွမ်းထက်သော ကုသခြင်း ဆေးလုံးများနှင့် အစစ်အမှန်ယွမ်စွမ်းအား ပြန်လည် ဖြည့်တင်းပေးသော ဆေးလုံးများ ဖော်စပ်ရန်အတွက် ဤဆေးဖက်ဝင် အပင်များကို ဝယ်ယူနေခြင်း ဖြစ်သည်။

ကျင့်ကြံခြင်း အဆင့်များ တိုးတက်လာသည်နှင့်အမျှ ယခင်က အစွမ်းထက်ခဲ့သော သွေးလည်ပတ်မှု အားကောင်းစေသော ရုန်ရွှဲ့တာ့ဟွမ် ဆေးလုံးကြီး နှင့် အဆင့် (၇) သက်တမ်း သုံးဆက် ဆေးလုံး တို့သည် ကောင်းကင်ဘုံလူသား အဆင့် ကျင့်ကြံသူများအတွက် အာနိသင် နည်းပါးလာပြီပင်။

ထို့ကြောင့် ပိုမို အစွမ်းထက်သော ဆေးလုံးများ လိုအပ်လာခြင်း ဖြစ်သည်။

*

ဆေးဖက်ဝင် အပင်များ ဝယ်ယူပြီးနောက် ဖုန်းဝူချန်နှင့် အဖွဲ့သည် မြောက်ပိုင်း နယ်နိမိတ်ချောက်နက် ဆီသို့ ဆက်လက် ထွက်ခွာလာခဲ့ကြ၏။

“အူး...”

မိစ္ဆာတောင်တန်းကို ဖြတ်သန်းသွားစဉ် မိစ္ဆာသားရဲ အများအပြား၏ ဒေါသတကြီး ဟိန်းဟောက်သံများ ထွက်ပေါ်လာပြီး ကြားရသူတိုင်းကို ကြောက်ရွံ့စေသည်။

“အဆင့် (၅) မိစ္ဆာသားရဲတွေ... အဆင့် (၆) တောင် ပါတယ်...”

ဟု နန်းကုန်းကျန့်က ထိတ်လန့်တကြား အော်ဟစ်လိုက်၏။

လျိုချင်းယန်လည်း အံ့သြတကြီး ပြောလိုက်၏။

“တိုက်ကြီးရဲ့ မိစ္ဆာတောင်တန်းက သားရဲတွေက ငါတို့ ယန်ဟော် အင်ပါယာရဲ့ မိစ္ဆာတောင်တန်းက သားရဲတွေထက် အများကြီး ပိုစွမ်းအားကြီးတာပဲ...”

လင်ရှောင်ရှောင် က တခစ်ခစ် ရယ်မောလိုက်ပြီး ပြောပြလိုက်၏။

“တိုက်ကြီးရဲ့ မိစ္ဆာတောင်တန်းမှာ အစွမ်းအထက်ဆုံး သားရဲတွေက အဆင့် (၈) လောက်ပဲ ရှိတာ... မြောက်ပိုင်း နက်နဲခြင်း နယ်မြေ ရဲ့ မိစ္ဆာတောင်တန်းမှာ ရှိတဲ့ သားရဲတွေကမှ တကယ် ကြောက်စရာ ကောင်းတာ... အဆင့် (၉) သားရဲတွေတောင် ရှိတယ်... ရေခဲမီးတောက် စပါးအုံးမြွေ က အစွမ်းအထက်ဆုံးပဲ... သွေးကျောက်စိမ်း ဗောဓိက အဲ့ဒီမြွေကြီးဆီမှာ ရှိတာ...”

လျိုချင်းယန် စိတ်လှုပ်ရှားသွားသည်။

“အစ်ကိုဖုန်း... ကြည့်ရတာ အချိန်ရရင် မြောက်ပိုင်း နက်နဲခြင်း နယ်မြေက မိစ္ဆာတောင်တန်းကို သွားလည်ရမယ် ထင်တယ်... သွေးကျောက်စိမ်း ဗောဓိ က တကယ် အဖိုးတန်တဲ့ ပစ္စည်းပဲ...”

သို့သော်၊ ဖုန်းဝူချန် ခေါင်းအနည်းငယ် ခါလိုက်ပြီး ပြောလိုက်၏။

“အချိန်ရမှ ပြောကြတာပေါ့... မြောက်ပိုင်း နက်နဲခြင်း နယ်မြေက သေချာပေါက် သွားရမယ့် နေရာပဲ... ဒါပေမဲ့ ရေခဲမီးတောက် စပါးအုံးမြွေက သာမန် သားရဲ မဟုတ်ဘူး... ရှေးဟောင်းခေတ်က သားရဲ ဖြစ်လို့ နဂါးမျိုးနွယ်နဲ့ ကောင်းကင် နတ်ဆိုး ဖီးနစ် မျိုးနွယ် ရဲ့ သွေးမျိုးဆက် ဖိနှိပ်မှုက သိပ်မထိရောက်ဘူး... အန္တရာယ် များတယ်...”

“နတ်ဘုရား အသွင်ပြောင်းဘုံ ကျင့်ကြံသူတွေတောင် အဆင့် (၉) ရေခဲမီးတောက် စပါးအုံးမြွေကို ရှောင်သွားကြတယ်... သူ့စွမ်းအားက နတ်ဘုရား အသွင်ပြောင်းဘုံနဲ့ ယှဉ်လို့ ရတယ်...”

လင်ရှောင်ရှောင် ဖြည့်စွက် ပြောလိုက်၏။

“ဝှစ်... ဝှစ်... ဝှစ်...”

ဖုန်းဝူချန်နှင့် အဖွဲ့သည် မြောက်ပိုင်း နယ်နိမိတ်ချောက်နက် ဆီသို့ အရှိန်ပြင်းစွာ ပျံသန်းသွားကြပြီး မျက်စိတစ်မှိတ်အတွင်း ကောင်းကင်ယံတွင် ပျောက်ကွယ်သွားကြ၏။

*

တစ်နာရီကျော်ခန့် အစွမ်းကုန် ပျံသန်းပြီးနောက် ဖုန်းဝူချန်နှင့် အဖွဲ့သည် မြောက်ပိုင်း နယ်နိမိတ်ချောက်နက်၏ အစွန်အဖျားသို့ ရောက်ရှိလာကြ၏။

မြောက်ပိုင်း နယ်နိမိတ်ချောက်နက်သည် အဆုံးမရှိ ကျယ်ပြန့်၏။

ရှေးဟောင်း တောင်တန်းကြီးများဖြင့် ဖွဲ့စည်းထားသည်။

“ဒါ မြောက်ပိုင်း နယ်နိမိတ်ချောက်နက်လား...”

ယီထျန်းချင်း တောင်တန်းကြီးများကို ကြည့်ရင်း မေးလိုက်၏။

မြေပုံကို စစ်ဆေးပြီးနောက် ဖုန်းဝူချန်က ပြောလိုက်၏။

“ဟုတ်လောက်တယ်...”

မြေပုံကို ကြည့်ရင်း လျိုချင်းယန် မေးလိုက်၏။

“အစ်ကိုဖုန်း... မြေပုံမှာက အမှတ်အသားတွေပဲ ပါတာ... ဒီလောက် ကျယ်ပြန့်တဲ့ တောင်တန်းကြီးထဲမှာ ဘယ်လို ရှာမလဲဗျ...”

“အမှတ်အသားတွေပဲ ပါပေမယ့် ရှာရတာ သိပ်မခက်လောက်ပါဘူး... ရှေးဦး ကမ္ဘာဦး စွမ်းအားကို အာရုံခံလို့ ရမလားတော့ မသိဘူး...”

“အစ်ကိုကြီးဖုန်း... လူခွဲရှာကြမလားဟင်...”

လင်ရှောင်ရှောင်က မေးလိုက်ခြင်းပါ

“လောလောဆယ် မလိုသေးပါဘူး… အတွင်းပိုင်းကို အရင် ဝင်သွားကြမယ်... ကမ္ဘာပျက် စွမ်းအားနဲ့ အာရုံခံကြည့်မယ်... အာရုံခံလို့ ရရင် အချိန်ကုန် သက်သာတာပေါ့...”

သို့နှင့်၊ ဖုန်းဝူချန်နှင့် အဖွဲ့သည် ကမ္ဘာပျက် စွမ်းအားကို အသုံးပြုပြီး အာရုံခံရင်း မြောက်ပိုင်း နယ်နိမိတ်ချောက်နက် အတွင်းပိုင်းသို့ ပျံသန်းဝင်ရောက်သွားကြ၏။

ပျံသန်းရင်း အာရုံခံနေသော်လည်း ထူးခြားသော အရှိန်အဝါ အနည်းငယ်မျှပင် မတွေ့ရသေးပေ။

“နန်းတော်သခင်... သဘာဝ ဝိညာဉ်စွမ်းအင်တွေ ပေါကြွယ်ဝတာကလွဲရင် ဘာမှ ထူးထူးခြားခြား မခံစားရဘူး...”

ယီထျန်းချင်း မျက်ခုံးတန်းများ တွန့်ချိုးနေသည်။

လင်ရှောင်ရှောင် ကလည်း ခေါင်းခါလိုက်၏။

“ကျွန်မလည်း ဘာမှ အာရုံခံမရဘူး...”

အဖွဲ့သည် အတွင်းပိုင်းသို့ ဆက်လက် ပျံသန်းသွားကြသော်လည်း လမ်းတစ်လျှောက်လုံး ဘာမှ မတွေ့ရပေ။

မြောက်ပိုင်း နယ်နိမိတ်ချောက်နက် တစ်ခုလုံးတွင် မည်သည့် အရှိန်အဝါမှ မရှိသကဲ့သို့ ဖြစ်နေသည်။

–

“လွှမ်းမိုးနိုင်စွမ်းရှိတဲ့ စွမ်းအား အရှိန်အဝါပဲ... ဒါ ရှေးဦး ကမ္ဘာဦး စွမ်းအားပဲ...”

တောင်တန်းကြီး အတွင်းပိုင်း တစ်နေရာတွင် ဝူမီးတောက် ကို ရှာဖွေနေသော ဖန်ရွှီဟွိုင် သည် ရုတ်တရက် အလွန် လွှမ်းမိုးနိုင်စွမ်းရှိသော စွမ်းအား အရှိန်အဝါကို အာရုံခံမိလိုက်ပြီး အံ့သြတုန်လှုပ်သွားရတော့လေသည်။

All Chapters