← Chapters

အခန်း (၉၇၁-၉၇၂)

Vol. 57 Ch. 971-972

အခန်း (၉၇၁-၉၇၂)

Vol. 57 Ch. 971-972

အခန်း (၉၇၁) အချိန်-အာကာသ ပေါင်းစပ်ခြင်း နည်းပညာ

တူညီသော သီအိုရီသည် များသောအားဖြင့် မတူညီသော နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုများကို ဖြစ်ပေါ်စေလေ့ရှိသည်။ စကြဝဠာ လူမှုအဖွဲ့အစည်းတစ်ခု ဖြစ်နေခြင်းက ၎င်းတို့သည် အရာအားလုံးကို သိတတ်သည်ဟု မဆိုလိုပေ။ စကြဝဠာ လူမှုအဖွဲ့အစည်းသုံးခုသည် အချင်းချင်း၏ အထူးနည်းပညာများကို ဆုပ်ကိုင်ထားနိုင်ခြင်း မရှိသကဲ့သို့ အမျိုးမျိုးသော လူမှုအဖွဲ့အစည်းများသည်လည်း ၎င်းတို့အတွက် သီးသန့်ဖြစ်သော နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုသစ်ပင်တစ်ခု ရှိကြသည်။

ဟန်ရှောင်းသည် ကွန်ဒီလူမျိုးများ ပြသခဲ့သော အထူးကျွမ်းကျင်မှုကို ရင်းနှီးပြီးသားဖြစ်သည်။ ၎င်းသည် အချိန်-အာကာသ ပေါင်းစပ်ခြင်း နည်းပညာဟုခေါ်သော နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုတစ်ခုဖြစ်သည်။ ၎င်းသည် အချိန်-အာကာသ သီအိုရီ၏ ကိုင်းခွဲတစ်ခုဖြစ်သည်။

အချိန်-အာကာသ ကျွမ်းကျင်မှုများသည် အလွန်အဆင့်မြင့်သော်လည်း ၎င်းတို့မှာ ရှားပါးလှသည်မဟုတ်ပေ။ စကြဝဠာ လူမှုအဖွဲ့အစည်းသုံးခုနှင့် အမျိုးမျိုးသော ကြယ်စုတန်းလူမှုအဖွဲ့အစည်းများသည် အချိန်-အာကာသ နည်းပညာကို အတိုင်းအတာတစ်ခုအထိ ဆုပ်ကိုင်ထားနိုင်ခဲ့ကြသည်။ မှော်ဆရာများတွင်ပင် အချိန်-အာကာသ ဆိုင်ရာ မှော်ဂါထာအချို့ ရှိကြသည်။

သို့ရာတွင် အချိန်-အာကာသ ပေါင်းစပ်ခြင်း နည်းပညာတွင်လည်း ၎င်း၏ ကိုယ်ပိုင်ထူးခြားမှု ရှိနေသည်။

စကြဝဠာ လူမှုအဖွဲ့အစည်းသုံးခုသည် ဟန်ရှောင်း၏ ယခင်ဘဝက ၎င်း၏ နောက်ကွယ်ရှိ တိကျသော သီအိုရီကို ထုတ်ဖော်ပြသခဲ့ခြင်း မရှိဘဲ ဟန်ရှောင်းသည် ယေဘုယျအခြေအနေကိုသာ နားလည်ခဲ့သည်။ ဤအချိန်-အာကာသ ပေါင်းစပ်ခြင်း နည်းပညာသည် အချိန်-အာကာသ ကူးသန်းသွားလာရေး နည်းစနစ်တစ်မျိုးနှင့် တူသော်လည်း ၎င်းသည် အလွန်ကွာခြားသည်။

ဟန်ရှောင်း မြင်သည့်အတိုင်းဆိုလျှင် ကွန်ဒီလူမျိုးရေယာဉ်စုသည် ၎င်းတို့ရေယာဉ်စုကို မဖျက်ဆီးခံရမီ အခြေအနေတစ်ခုတွင် အေးခဲသွားစေရန် အချိန်-အာကာသ ပေါင်းစပ်ခြင်း နည်းပညာကို အသုံးပြုခဲ့သောကြောင့် ၎င်းတို့ကိုယ်တိုင် ပြန်လည်ကောင်းမွန်လာနိုင်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ မည်မျှပင် ဖျက်ဆီးခံရပါစေ ၎င်းတို့သည် ယခင်အခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်မည်ဖြစ်သည်။ ၎င်းသည် ဒဏ္ဍာရီလာ save နှင့် load နည်းလမ်း (သိမ်းဆည်းပြီး ပြန်ဖွင့်သည့်နည်းလမ်း) နှင့် တူသည်။

ရေယာဉ်စု၏ ရွေ့လျားမှုသည် အချိန်-အာကာသ ပေါင်းစပ်ခြင်း နည်းပညာ၏ အခြားသက်ရောက်မှုတစ်ခုဖြစ်သည်။ ၎င်းတို့သည် လုပ်ဆောင်ချက်တစ်ခုအား ကန့်သတ်ချက်တစ်ခုအဖြစ် ဦးစွာပြုလုပ်ခဲ့ပြီး အချိန်-အာကာသတွင် လုပ်ဆောင်ချက်တစ်ခုလုံးကို ပုံတူကူးချခဲ့သည်။ ထို့နောက် ၎င်းတို့သည် အချိန်-အာကာသ အဆက်မပြတ်ဖြစ်မှုကို ခွဲခြမ်းလိုက်ပြီး အချိန်-အာကာသကို မတူညီသော အချိန်အပိုင်းအစများအဖြစ် ခွဲထုတ်လိုက်သည်။ ရိုးရိုးရှင်းရှင်းပြောရလျှင် ၎င်းတို့သည် သူတို့လုပ်ချင်သည့်အရာကို ရုပ်ရှင်တစ်ခုအဖြစ် ပြောင်းလဲလိုက်ပြီး အချိန်အပိုင်းအစတိုင်းသည် ရုပ်ရှင်ထဲမှ မြင်ကွင်းတစ်ခုဖြစ်သည်။

ထို့နောက် ၎င်းတို့သည် အချိန်-အာကာသ ဖွဲ့စည်းပုံထဲတွင် မိမိကိုယ်ကို သော့ခတ်ထားပြီး အတိတ်နှင့် အနာဂတ်ကို ဖြတ်တောက်လိုက်သည်။ လုပ်ငန်းစဉ်တစ်ခုလုံး ပြတ်တောက်သွားပြီး ပစ္စုပ္ပန်သာ ကျန်ရစ်ခဲ့သည်။ ထို့ကြောင့် ရေယာဉ်စုသည် လုပ်ငန်းစဉ်ကို ကျော်ဖြတ်ကာ မတူညီသော အချိန်မှတ်များဆီသို့ ခုန်ကူးသွားမည်ဖြစ်သည်။ လုပ်ငန်းစဉ်မရှိသောကြောင့် အင်ပါယာ၏ တိုက်ခိုက်မှုများသည် ၎င်းတို့ကို မတားဆီးနိုင်ခဲ့ပေ။

အခြားတစ်နည်းပြောရလျှင် ရေယာဉ်စုသည် high ping စစ်သည်တော်တစ်ဦးအဖြစ် ပြောင်းလဲသွားခြင်းဖြစ်သည်။ ၎င်းတို့ ထိမှန်သွားလျှင်ပင် ၎င်းတို့သည် ယခင် frame တွင်သာ အထိခံရခြင်းဖြစ်သည်။

(TN: ဒီအခန်းက ပြန်ရတာ တော်တော်တိုင်ပတ်တာပဲ။ ဒီအပိုဒ်မှာ ဆိုလိုတာက ဂိမ်းကစားတဲ့အခါ လိုင်းမကောင်းဘဲ ထစ်နေတာမျိုး ရှိတယ်မဟုတ်လား၊ အဲ့ဒီအခြေအနေကို high ping လို့ ခေါ်ပါတယ်။ lag ဖြစ်တယ်လို့လဲ ပြောကြတယ်လေ။ ကွန်ဒီတွေလုပ်တာကလည်း အဲလိုမျိုးပဲ၊ လက်တွေ့ဘဝမှာ lag ဖြစ်အောင်လုပ်လိုက်တော့ အင်ပါယာက ပစ်လိုက်တာတွေက သူတို့ကိုထိတာမဟုတ်ဘဲ အရင်အချိန်မှာ ရှိခဲ့တဲ့ သူတို့ကို ထိသွားတာ ဖြစ်သွားတာမျိုး။)

ဤနည်းပညာဆိုင်ရာ ကျွမ်းကျင်မှုသည် မတူညီသော အသုံးဝင်မှုများစွာရှိသော်လည်း ဘေးထွက်ဆိုးကျိုးများလည်း ရှိသည်။ စကြဝဠာတစ်ခုလုံး၏ အချိန်-အာကာသ ဖွဲ့စည်းပုံသည် ချိတ်ဆက်နေပြီး တွက်ချက်၍မရနိုင်သော စနစ်တစ်ခုဖြစ်သည်။ ဖွဲ့စည်းပုံတွင် ထူးခြားချက်များ ရှိနေသမျှ ကာလပတ်လုံး ၎င်းသည် သူ့အလိုလို ပြင်ဆင်သွားမည်ဖြစ်သည်။

ဥပမာအားဖြင့် အမျိုးမျိုးသော အချိန်-အာကာသ အေးခဲခြင်း သို့မဟုတ် နှေးကွေးခြင်း မှော်ဂါထာများကို အသုံးပြုပြီးနောက် သက်ရောက်မှုဧရိယာသည် ပြုပြင်ထားသော ရုပ်ဝတ္ထုများကို ချန်ထားရစ်ကာ ပုံမှန်အခြေအနေသို့ ဖြည်းညှင်းစွာ ပြန်လည်ရောက်ရှိသွားမည်ဖြစ်သည်။ သို့သော် ၎င်းသည် အချိန်-အာကာသ ဖွဲ့စည်းပုံအပေါ် သက်ရောက်မှုရှိမည်မဟုတ်ပေ။

အချိန်-အာကာသ ပေါင်းစပ်ခြင်း နည်းပညာ၏ ဘေးထွက်ဆိုးကျိုးများသည် ပျက်စီးသွားပြီးနောက် အချိန်-အာကာသ ဖွဲ့စည်းပုံ၏ မိမိကိုယ်ကို ပြန်လည်ကုစားမှုမှ လာခြင်းဖြစ်သည်။

အချိန်-အာကာသ ဖွဲ့စည်းပုံက သူ့အလိုလို ပြင်ဆင်ပြီးချိန်တွင် ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာဖြစ်တည်မှုတစ်ခုလုံးသည် ၎င်းတို့မတည်ရှိခဲ့သကဲ့သို့ လုံးဝပျောက်ကွယ်သွားမည်ဖြစ်သည်။

ဆိုလိုသည်မှာ ၎င်းတို့သည် သေဆုံးပြီးဖြစ်ပြီး အချိန်မရွေး ပျောက်ကွယ်သွားမည်ဖြစ်သည်။

‘ငါ့ယခင်ဘဝမှာ စကြဝဠာ လူမှုအဖွဲ့အစည်းသုံးခုက ရေယာဉ်စုပျောက်ကွယ်ဖို့ ကြာချိန်ကို အများကြီးရှည်နိုင်ဖို့ အချိန်-အာကာသ ဖွဲ့စည်းပုံကို တည်ငြိမ်စေရန် အထောက်အကူပြု ကိရိယာတွေအများကို အသုံးပြုခဲ့ရတယ်။ တကယ်လို့ အင်ပါယာက ကွန်ဒီလူမျိုးတွေဆီက ဒီနည်းပညာကို ရသွားရင် လာမယ့် ဗားရှင်းအနည်းငယ်အတွင်းမှာ ဒါကို သေချာပေါက် တိုးတက်စေမှာပဲ၊ ကွန်ဒီလူမျိုးတွေ လက်ထဲက အချိန်-အာကာသ ပေါင်းစပ်ခြင်း နည်းပညာက ပထမဆုံး ဗားရှင်းပဲ ဖြစ်နိုင်တယ်။ ဆိုလိုတာက သူတို့ကို ကိုင်တွယ်ဖြေရှင်းဖို့ အများကြီးပိုလွယ်မယ်၊ ဘေးထွက်ဆိုးကျိုးတွေကလည်း ပိုပြီးဆိုးရွားလိမ့်မယ်။’

ဌာနေလူမှုအဖွဲ့အစည်းတစ်ခု၏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရခြင်းသည် အင်ပါယာအတွက် ဒုက္ခအနည်းငယ်သာရှိမည်ဖြစ်သည်။ သို့သော် ယခုအခါတွင် အင်ပါယာသည် သင့်လျော်သော စစ်ပွဲမှလုယူရရှိသည့်ပစ္စည်းကို ရရှိနိုင်မည်ဖြစ်သည်။

ဌာနေတိုင်းရင်းသားများကို လျှို့ဝှက်စွာ နည်းပညာပေးခဲ့သော ခိုးကြောင်ခိုးဝှက်လိုက်ပါလာသူများသည် ကွန်ဒီလူမျိုးများက ထိုသို့သောနည်းပညာကို ဆုပ်ကိုင်ထားကြောင်း သိကြမည်လား မည်သူသိနိုင်မည်နည်း။ ခိုးကြောင်ခိုးဝှက်လိုက်ပါလာသူများသည် ကွန်ဒီလူမျိုးများ၏ ခွန်အားကို သေချာပေါက် စောင့်ကြည့်မည်ဖြစ်သော်လည်း အချိန်-အာကာသ ပေါင်းစပ်ခြင်း နည်းပညာသည် လျှို့ဝှက်နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုတစ်ခုဖြစ်ပြီး ၎င်းကို အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်မည်မဟုတ်ပေ။

ကြယ်ရောင်တောက်ပကမ္ဘာရှိ ခိုးကြောင်ခိုးဝှက်လိုက်ပါလာသူများသည် အသေခံတပ်ဖွဲ့များနှင့် သိပ်မကွာခြားလှဘဲ စူပါကြယ်စုတန်း လူမှုအဖွဲ့အစည်းများသည် ထိုသို့သော မစ်ရှင်အတွက် ကပ်ဘေးအဆင့်များကို အများအပြား စေလွှတ်မည်မဟုတ်ပေ။

"သူတို့ ဒီအကြောင်းကို မသိခဲ့ရင် သေချာပေါက် အကြီးအကျယ် ဆုံးရှုံးရလိမ့်မယ်။ သူတို့က အင်ပါယာကို နောက်ကျောဓားထိုးချင်ခဲ့ပေမယ့် အဆုံးမှာတော့ သူတို့ကို ရတနာသိုက်ကြီးတစ်ခု ပေးလိုက်သလိုဖြစ်သွားတာပဲ" ဟန်ရှောင်းက သူ့စိတ်ထဲတွင် လှောင်ပြောင်လိုက်သည်။

အခြားတစ်ဖက်တွင် တာရိုကော့ဗ်သည်လည်း ငြိမ်မနေခဲ့ပေ။

အတွေ့အကြုံရှိသော တပ်မှူးတစ်ဦးအနေဖြင့် သူသည် မတူညီသော တိုက်ပွဲများစွာကို ဖြတ်သန်းခဲ့ရသည်။ အချိန်-အာကာသ ပေါင်းစပ်ခြင်း နည်းပညာ၏ နောက်ကွယ်ရှိ သီအိုရီကို သူ မသိသော်လည်း အချက်ပေးသံက ၎င်းသည် အချိန်-အာကာသနှင့် ဆက်စပ်နေသည်ဟု ဆိုကာ သက်ဆိုင်ရာ အစီအမံများကို အသုံးပြုခဲ့သည်။

အလွန်လျင်မြန်စွာပင် မီးပြတိုက်ဂြိုလ်ပေါ်တွင် အမိန့်စောင့်နေသော အင်ပါယာရေယာဉ်စုသည် အချိန်-အာကာသ တည်ငြိမ်ရေး ကိရိယာ အမြောက်အမြားနှင့် အချိန်-အာကာသ မှော်ပညာကို အထူးပြုသော မှော်ဆရာများ အုပ်စုကြီးတစ်ခုဖြင့် ထွက်ခွာသွားသည်။

သာမန်တိုက်ခိုက်မှုများသည် အသုံးမဝင်သော်လည်း အချိန်-အာကာသ တိုက်ခိုက်မှုများသည် ကွန်ဒီလူမျိုးရေယာဉ်စုအတွက် ပြဿနာအချို့ ဖန်တီးပေးလိမ့်မည်ဖြစ်သည်။

ဒုတိယရေယာဉ်စု တိုက်ပွဲဝင်ပြီးနောက် အခြေအနေများ အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။ ကွန်ဒီလူမျိုးရေယာဉ်စု ရွေ့လျားနိုင်သည့် အကွာအဝေး တိုတောင်းသွားပြီး ၎င်းတို့၏ ပျောက်ကွယ်မှုအမြန်နှုန်းလည်း တိုးလာသည်။

ကွပ်ကဲမှုအခန်းထဲရှိ လူတိုင်းသည် တိုက်ပွဲကို အေးအေးဆေးဆေး စောင့်ကြည့်နေကြသည်။

ခဏကြာပြီးနောက် ကွန်ဒီလူမျိုးများသည် ပျောက်ကွယ်သွားပြီး တစ်ဖန် ပြန်ပေါ်မလာတော့ပေ။

ပြင်းထန်သော တိုက်ပွဲမြင်ကွင်းမျိုး မရှိခဲ့ဘဲ ကွန်ဒီလူမျိုးရေယာဉ်စုသည် ဤအတိုင်းပင် ချေမှုန်းခံလိုက်ရသည်။

ရန်သူက သူတို့ သေချာပေါက် သေဆုံးမည်ကို သိနေသော်လည်း ရန်သူကို ပြင်းထန်သော ထိုးနှက်ချက်တစ်ခု ပေးချင်နေဆဲဖြစ်သည်။

"ကိစ္စပြတ်သွားပြီလား" တာရိုကော့ဗ်က သံသယဖြင့် မေးလိုက်သည်။

"စစ်သေနာပတိချုပ်၊ အချိန်-အာကာသက ပုံမှန်ပြန်ဖြစ်သွားပြီဖြစ်ပြီး ရေဒါပေါ်မှာလည်း ဘာပုံမှန်မဟုတ်တာမှ မရှိတော့ပါဘူး။"

"အင်း... ဒါက ရန်သူ့နည်းပညာရဲ့ ဘေးထွက်ဆိုးကျိုး ဖြစ်နိုင်တယ်။ အဲဒါက ပြည့်စုံသေးတာ မဖြစ်နိုင်ဘူး။ ဒါပေမယ့် ရန်သူ ဖျက်ဆီးခံရတယ်ဆိုတာ သေချာမသိရခင်မှာ ငါတို့ သတိပေါ့လို့ မရဘူး။ ပတ်ဝန်းကျင်ဒေသကို ဆက်ပြီး စကင်ဖတ်ပါ။ ပြီးတော့ မီးပြတိုက်ဂြိုလ်ရဲ့ အကာအကွယ်ကို ဖွင့်ပြီး အရေးပေါ်လွတ်မြောက်ရေးစနစ်ကို အသက်သွင်းလိုက်ပါ။ ရန်သူက ဂြိုလ်နားမှာ ရုတ်တရက် ပေါ်လာရင်တောင် ငါတို့ ဘေးကင်းကင်းနဲ့ လွတ်မြောက်နိုင်လိမ့်မယ်။"

သူသည် ရန်သူကို နားမလည်သောကြောင့် သူ၏သတိကို မလျှော့ရဲခဲ့ပေ။

သို့သော်လည်း ဟန်ရှောင်းသည် ရန်သူသေဆုံးသွားကြောင်းကို သိထားပြီးဖြစ်ကာ သူ့ကိုယ်သူ တွေးလိုက်သည်၊ ငါ့ယခင်ဘဝက အင်ပါယာဟာ ဒီနည်းပညာကို ကွန်ဒီလူမျိုးတွေဆီက ရခဲ့တာဖြစ်ပေမယ့် အဲဒီအကြောင်း ငါ ဘာသတင်းမှ မရခဲ့ဘူး။ ဆိုလိုတာက အင်ပါယာဟာ ဒီကိစ္စကို လျှို့ဝှက်ထားဖို့ ကောင်းကောင်းလုပ်ခဲ့တယ်။ သူတို့က သူတို့ရဲ့ မဟာမိတ်တွေကို ဒီလိုနည်းပညာမျိုးအတွက် လဲလှယ်ခွင့်ပြုမယ်လို့ ငါ မထင်ဘူး။ ဒါကြောင့် ငါက ဒီနည်းပညာကို ငါ့လက်ထဲ ရယူချင်ရင် ငါကိုယ်တိုင် လုပ်ရမယ်။

၎င်းသည် သူ့အတွက် ထူးခြားသောနည်းပညာကို ရရှိရန် ရှားပါးသော အခွင့်အရေးတစ်ခုဖြစ်သည်။ ဟန်ရှောင်းသည် တကယ်ကို သွေးဆောင်ခံလိုက်ရသည်။

အင်ပါယာသည် အချိန်-အာကာသ ပေါင်းစပ်ခြင်း နည်းပညာ၏ သီအိုရီကို မသိသေးသောကြောင့် သူသည် ၎င်းကို သူ့အတွက်ရရှိရန် ဤအခွင့်အရေးကို အသုံးချနိုင်သည်။

သူ ၎င်းကို အသုံးပြုနိုင်မည် မဟုတ်သော်လည်း စစ်တပ်မှ အဖွဲ့ဝင်များသည် ၎င်းကို အသုံးပြုနိုင်ကောင်း အသုံးပြုနိုင်မည်ဖြစ်သည်။

‘အချိန်-အာကာသ ပယင်းကျောက်က အချိန်-အာကာသ ပေါင်းစပ်ခြင်း နည်းပညာနှင့် သဟဇာတဖြစ်နေမလား။’ ဟန်ရှောင်း အနည်းငယ် သိချင်သွားသည်။

...

ဖုန်အလင်း ကြယ်စုတန်း၏ အနက်ရှိုင်းဆုံးနေရာတွင် ကြီးမားသော ကွန်ဒီလူမျိုးရေယာဉ်စုတစ်ခုသည် စကြဝဠာထဲတွင် ဖြည်းညှင်းစွာ ရွေ့လျားနေသည်။

ပင်မဖလဂ်ရှစ်သင်္ဘော ၏ အစည်းအဝေးခန်းထဲတွင် ကွန်ဒီလူမျိုးများ၏ ခေါင်းဆောင်နှင့် အထက်တန်းလွှာများ ရှိနေကြသည်။

ကြက်သွေးရောင်အင်ပါယာသည် သူတို့၏ နယ်မြေကို လိုက်လံရှာဖွေနေကြောင်း တွေ့ရှိပြီးနောက် အထက်တန်းလွှာများသည် သူတို့၏ မိခင်ဂြိုလ်ကို ပြတ်သားစွာ စွန့်ခွာကာ ရေယာဉ်စုနောက်သို့ လိုက်လာခဲ့ကြသည်။

သူတို့သည် အရပ်သားအများစုကို စေလွှတ်ခဲ့ပြီး သူတို့၏ ကိုလိုနီဂြိုလ်အားလုံးကို ယာယီစွန့်လွှတ်ခဲ့ပြီးဖြစ်သောကြောင့် စစ်ပွဲနှင့်ပတ်သက်၍ သူတို့ တုံ့ဆိုင်းနေရန် မလိုအပ်တော့ပေ။

" ယဲ့လုနဲ့ အဆက်အသွယ် ပြတ်သွားပြီ။ ချေမှုန်းရေး အစီအစဉ် ကျရှုံးသွားပြီ။"

"သူတို့ သေသွားကြပြီလား။"

"ငါ သေချာမသိဘူး။ သူတို့က အချိန်-အာကာသ ပေါင်းစပ်ခြင်း နည်းပညာကို သုံးခဲ့သင့်တယ်။"

"ဆိုလိုတာက အချိန်-အာကာသ ပေါင်းစပ်ခြင်း နည်းပညာတောင် အင်ပါယာကို ဆန့်ကျင်ဖို့ အသုံးမဝင်ဘူးလား။"

အစီရင်ခံစာကို နားထောင်ရင်း လူတိုင်း၏ စိတ်များ လေးလံသွားသည်။

ထို့နောက် ကွန်ဒီလူမျိုးခေါင်းဆောင်က ဖြည်းညှင်းစွာ ပြောလိုက်သည်၊ "မြေလှန်စနစ် အစီအစဉ်ကို အသုံးပြုပါ။"

ထိုစကားကို ကြားသောအခါ လူတိုင်း၏ မျက်နှာအမူအရာ... အခွံများသည် အနည်းငယ် ပြောင်းလဲသွားသည်။

သူတို့သည် မတူညီသော အစီအစဉ်များစွာကို စဉ်းစားခဲ့ကြပြီး မြေလှန်စနစ် အစီအစဉ်သည် သူတို့၏ နောက်ဆုံးနည်းလမ်းဖြစ်သည်။ သူတို့သည် မူလက သူတို့၏ ဆုံးရှုံးမှုကို ဆုံးဖြတ်ပြီးမှသာ ထိုကဲ့သို့သော အစီအစဉ်ကို အသုံးပြုရန် စီစဉ်ထားသော်လည်း သူတို့၏ ခေါင်းဆောင်က ထိုကဲ့သို့သော အစီအစဉ်ဖြင့် စတင်မည်ဟု ဘယ်သောအခါမှ မတွေးမိခဲ့ပေ။

တကယ်တော့ တက်ရောက်လာကြသော အထက်တန်းလွှာအဖွဲ့ဝင်များသည်လည်း စစ်ပွဲအပေါ် ယုံကြည်မှုမရှိကြပေ။ သူတို့ ကျန်ရစ်ခဲ့ရသည့် တစ်ခုတည်းသော အကြောင်းရင်းမှာ သူတို့၏ မွေးရပ်မြေကို ဓားပြများထံ လွှဲပြောင်းပေးရန် ဆန္ဒမရှိသောကြောင့်ဖြစ်သည်။ သူတို့သည် ကြက်သွေးရောင်အင်ပါယာကို တန်ဖိုးတစ်ခု မပေးဘဲ သူတို့၏ မွေးရပ်မြေကို သိမ်းပိုက်ခွင့်မပြုလိုပေ။

မြေလှန်စနစ် အစီအစဉ်သည် အင်ပါယာမှ ဘာတစ်ခုမျှ မရရှိနိုင်ကြောင်း သေချာစေရန်အတွက် သူတို့၏ မွေးရပ်မြေကို ဖျက်ဆီးပစ်ရန် ရှေးဦး ဆိုင်ရွန်းနစ်စွမ်းအင်၏ ပြီးဆုံးခြင်းမရှိသော တိုးချဲ့မှုဂုဏ်သတ္တိကို အသုံးပြုမည်ဖြစ်သည်။ ထို့နောက် သူတို့သည် ဆုတ်ခွာပြီး သူတို့၏ လူမျိုးစုအဖွဲ့ဝင်များနောက်သို့ လိုက်သွားကြမည်ဖြစ်သည်။

သို့သော် သူတို့၏ ကိုယ်ပိုင်မွေးရပ်မြေကို ဖျက်ဆီးရန် ခက်ခဲနေကြောင်း သူတို့ သိလိုက်ကြသည်။

မည်သူမျှ သူ့ကို ပြန်လည်မတုံ့ပြန်သောကြောင့် ကွန်ဒီလူမျိုးခေါင်းဆောင်က အသံနက်ကြီးဖြင့် ပြောလိုက်သည်၊ "ဘယ်သူမှ အစီအစဉ်ကို ကန့်ကွက်တာမရှိတဲ့အတွက် စီစဉ်မှုတွေကို စတင်လိုက်ပါ။ ကြက်သွေးရောင်အင်ပါယာရဲ့ ရေယာဉ်စုအတွက်ကတော့ သူတို့ကို ကြားဖြတ်ဟန့်တားဖို့နဲ့ ရန်သူကို ချည်နှောင်ထားဖို့ ငါတို့ရဲ့ ရေယာဉ်စုကို စေလွှတ်လိုက်ပါ။ အချိန်ဆွဲဖို့ ကြိုးစားပြီး သူတို့ကို ငါတို့ရဲ့ မွေးရပ်မြေနဲ့ မြေလှန်စနစ် အစီအစဉ်ရဲ့ ပိတ်ဆို့ထားတဲ့ ဒေသဆီကို ဖြည်းဖြည်းချင်း ဝင်ခွင့်ပေးလိုက်ပါ။"

လူတိုင်း၏ စိတ်နေစိတ်ထားသည် လေးလံနေသည်။ သူတို့၏ မွေးရပ်မြေကို ဖျက်ဆီးရန် ရွေးချယ်ပါက နောက်ကြောင်းပြန်လှည့်စရာ မရှိတော့ပေ။

မြေလှန်စနစ် အစီအစဉ်ကို အကောင်အထည်ဖော်ရန် အချိန်လိုအပ်ပြီး အင်ပါယာကို နှေးကွေးစေရန် သူတို့၏ ရေယာဉ်စုကို စေလွှတ်ရန် လိုအပ်သည်။ ၎င်းသည် သူတို့၏ ရဲဘော်ရဲဘက် အများအပြား ရှေ့တန်းတွင် သေဆုံးရမည်ဖြစ်ကြောင်း ဆိုလိုသည်။

...

မီးပြတိုက်ဂြိုလ်ပေါ်တွင် ခြုံခိုတိုက်ခိုက်ခံရပြီး ရက်အနည်းငယ်အကြာတွင် နောက်ဆုံး၌ ရှေ့တန်းတွင် စစ်ပွဲများ ဖြစ်ပွားလာပြီး ကွန်ဒီလူမျိုးရေယာဉ်စုသည် အင်ပါယာ၏ ရေယာဉ်စုနှင့် အပြန်အလှန် ပစ်ခတ်ရန် ပေါ်လာသည်။

တန်နီ ဦးဆောင်သော တပ်မသည်လည်း ရန်သူများ ပိုမိုများပြားလာသည်ကို တွေ့ခဲ့ရသည်။

တိုက်ပွဲအတွက် အခွင့်အရေး မရှိတာတော့ မဟုတ်ပေ။ သို့သော် တန်နီသည် တိုက်ခိုက်ရေးတွင် အလွန်တော်လွန်းပြီး သူ တွေ့ဆုံခဲ့သော ရန်သူအားလုံးသည် သူ၏ မဟာဗျူဟာများဖြင့် အလွယ်တကူ ရှုံးနိမ့်သွားခဲ့သည်။ သူတို့သည် တာဝေးပစ်တိုက်ပွဲတွင် ရန်သူကို အနိုင်ယူနိုင်မည်ဖြစ်ပြီး အနီးကပ်တိုက်ပွဲတွင် ပါဝင်ရန် အခွင့်အရေးပင် မရှိခဲ့ပေ။

ထို့အပြင် တန်နီသည် ဘလက်စတား စစ်တပ်မှ အဖွဲ့ဝင်များကို ကာကွယ်ရန် ရည်ရွယ်ထားသောကြောင့် နီရိုသည် ရေယာဉ်စုနောက်သို့ တစ်လနီးပါး လိုက်ပြီးနောက် တိုက်ပွဲတစ်ပွဲမျှပင် မတိုက်နိုင်ခဲ့ပေ။

အကယ်၍ ဤအတိုင်းသာ ဆက်သွားပါက ဟန်ရှောင်းသည် သူ၏ ပုံရိပ်ယောင်ကျူးကျော်ခြင်းကို အသုံးပြု၍ ကွန်ဒီလူမျိုးများကို အဝေးမှ ထိန်းချုပ်ကာ တန်နီကို တိုက်ခိုက်တော့မည်ဖြစ်သည်။

ကျေးဇူးတင်စရာကောင်းသည်မှာ တန်နီသည် ဟန်ရှောင်းအား ၎င်း၏ နတ်ဆိုးလက်များကို ဤမျှမြန်ဆန်စွာ ဆန့်ထုတ်ခွင့်မပြုခဲ့ဘဲ ဘလက်စတား စစ်တပ်သည် နောက်ဆုံးတွင် အနီးကပ်တိုက်ပွဲတွင် ပါဝင်လာရ၏။

နီရိုသည် နောက်ဆုံး၌ သူ၏ ပထမဆုံးအကြိမ်ကို ကြုံတွေ့လိုက်ရသည်။

စာစဉ် (၅၇)၊ အခန်း (၉၇၁) ပြီးပါပြီ။

လင်းဆက်

+++++

အခန်း (၉၇၂) နီရို၊ အမာမခံနိုင်သော ယန္တရားပညာရှင်တစ်ယောက်၌ ဝိညာဉ်မရှိပါ

ဖုန်အလင်း ကြယ်စုတန်း၏ ထောင့်တစ်နေရာတွင် တန်နီ၏ ရေယာဉ်စုသည် တိုက်ခိုက်မှုလှိုင်းသစ်တစ်ခုနှင့် ရင်ဆိုင်ရသည်။ သူတို့သည် ဖရိုဖရဲဖြစ်နေသော စစ်မြေပြင်ကို ဖြတ်သန်း၍ အနီးကပ်တိုက်ပွဲတွင် ပါဝင်ရန် သူတို့၏ အာကာသယာဉ်ငယ်များကို စေလွှတ်ရင်း ရန်သူနှင့် အပြန်အလှန် ပစ်ခတ်နေကြသည်။

ယခင်တိုက်ပွဲအနည်းငယ်တွင် တန်နီသည် ဘလက်စတား စစ်တပ်အပေါ် သိသိသာသာ ဘက်လိုက်လွန်းခဲ့ပြီး အခြားအဖွဲ့အစည်းများ၏ ထင်မြင်ယူဆချက်များကို မျှတစေရန်အတွက် ဘလက်စတား စစ်တပ်အား ရန်သူကို ရင်ဆိုင်ရမည့် အခန်းကဏ္ဍတွင် ပါဝင်စေရန် သူ ဆုံးဖြတ်လိုက်သည်။

ဖရိုဖရဲဖြစ်နေသော စစ်မြေပြင်တွင် စစ်သင်္ဘောတစ်စင်းသည် ရှေးဦး ဆိုင်ရွန်းနစ်စွမ်းအင် ပေါက်ကွဲမှုများကို ဖြတ်သန်းကာ လျင်မြန်စွာ ရွေ့လျားသွားသည်။

စစ်သင်္ဘောများအတွင်းရှိ မတူညီသော တပ်စုများစွာသည် ထိုးဖောက်ဝင်ရောက်ရေးအခန်းထဲတွင် သူတို့၏ အမိန့်များကို စောင့်ဆိုင်းနေကြသည်။ နီရို၏ တပ်စုသည်လည်း ဤစစ်သင်္ဘော၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။

ထိုးဖောက်ဝင်ရောက်ရေးအခန်း၏ အတွင်းပိုင်းသည် မီးခိုးရောင်ဖြစ်ပြီး သူတို့၏ ခေါင်းပေါ်တွင် အနီရောင်မီးရောင် မှိတ်တုတ်မှိတ်တုတ်လင်းနေကာ သူတို့၏ မျက်နှာများကို အနီရောင်သမ်းသွားစေသည်။ နီရို၏အဖွဲ့သည် သံလိုက်ပြားတစ်ခုကို ကျောခိုင်းလျက် အတန်းနှစ်တန်း ဖြတ်ထိုင်နေကြသည်။ သူတို့၏ ခန္ဓာကိုယ်ကို တည်ငြိမ်စေရန်အတွက် သူတို့၏ ယူနီဖောင်းများ၏ ကျောဘက်တွင်လည်း သံလိုက်ပြားတစ်ခုစီ ပါရှိ၏။

စစ်သင်္ဘော၏ ပြင်းထန်သော ရွေ့လျားမှုများအောက်တွင် ထိုးဖောက်ဝင်ရောက်ရေးအခန်းသည် တုန်ခါနေပြီး နီရို၏ မျက်နှာသည် အနည်းငယ် ဖြူဖျော့သွားသည်။

အကြီးစား သံချပ်ကာ ယန္တရားဝတ်စုံကို ဝတ်ဆင်ထားသော တပ်မှူးက နီရို၏ ပခုံးကို ပုတ်ကာ ပြောလိုက်သည်၊ "ကောင်လေး၊ စိတ်မပူနဲ့။ ငါတို့သင်္ဘောရဲ့ ရွေ့လျားနိုင်စွမ်းက ငါတို့ရန်သူထက် အများကြီး သာလွန်တယ်။ သူတို့ ငါတို့ကို မထိနိုင်ပါဘူး။"

‘ဒီလိုပြောတတ်တဲ့သူပဲ အများဆုံး ပြဿနာတက်တာ...’ နီရိုက သူ့စိတ်ထဲတွင် မကျိန်ဆဲဘဲ မနေနိုင်ပေ။

အကယ်ဒမီတွင် ထိုးဖောက်ဝင်ရောက်ရေးအခန်း သင်ခန်းစာ ပါရှိပြီး နီရိုသည် သူ မှတ်သားထားရမည့် အရာများကို အလွန်ရှင်းလင်းစွာ သိထားသည်။ သို့သော်လည်း တကယ့်တိုက်ပွဲတွင် ပါဝင်ရသောအခါ သူ မစိုးရိမ်မပူပန်ဘဲ မနေနိုင်ပေ။

"မင်း ငါတို့တပ်စုထဲ ဝင်လာကတည်းက ဒါက ငါတို့ အတူတူ တိုက်ခိုက်တာ ပထမဆုံးအကြိမ်ပဲ။ မင်းရဲ့ စစ်မှန်တဲ့ ခွန်အားကို ကြည့်ရအောင်၊ ငါတို့ကို နောက်ဆွဲမနေနဲ့။" တပ်မှူးက ရယ်မောလိုက်သည်။

"ကောင်းပါပြီ။" နီရိုက သက်ပြင်းရှည်ကြီး ချလိုက်ပြီး လက်သီးများကို ဆုပ်ထားလိုက်သည်။

ထိုးဖောက်ဝင်ရောက်ရေးအခန်းထဲတွင် စောင့်ဆိုင်းနေရခြင်းသည် အလွန် နှိပ်စက်ညှဉ်းပန်းတတ်သော အရာတစ်ခုဖြစ်သည်။ အချိန်သည် အတော်ကြာအောင် ဆွဲဆန့်နေပုံရသော်လည်း နောက်ဆုံးတွင် ထိုးဖောက်ဝင်ရောက်ရေးအခန်းထဲ၌ ကြေညာချက်တစ်ခု ထွက်ပေါ်လာသည်။

"ပစ်မှတ်ကို သော့ခတ်ထားသည်။ ထိုးဖောက်ဝင်ရောက်ရေးအခန်းကို စက္ကန့်လေးဆယ့်ငါးစက္ကန့်အတွင်း လွှတ်တင်ပါမည်။ ကျေးဇူးပြု၍ တိုက်ပွဲအတွက် ပြင်ဆင်ထားပါ။ ကျွန်တော် ထပ်ပြောပါမယ်၊ ကျေးဇူးပြု၍ တိုက်ပွဲအတွက် ပြင်ဆင်ထားပါ။"

ထို့နောက် ထိုးဖောက်ဝင်ရောက်ရေးအခန်း၏ ဖန်သားပြင်ပေါ်တွင် အချိန်ရေတွက်သည့်စက် ပေါ်လာသည်။ နီရို၏ နှလုံးခုန်ရပ်သွားသကဲ့သို့ ခံစားလိုက်ရပြီး သူ၏ အသင်းဖော်များအားလုံး၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်နေသော အမူအရာများ ရှိနေကြသည်။

တပ်မှူးက လည်ချောင်းရှင်းလိုက်ပြီး အသံနက်ကြီးဖြင့် ပြောလိုက်သည်၊ "ဒါက မင်းတို့ရဲ့ စက်ပစ္စည်းတွေကို စစ်ဆေးဖို့ နောက်ဆုံးအခွင့်အရေးပဲ။"

သူတို့အားလုံးက ပြင်ဆင်ပြီးသားဖြစ်သော်လည်း သူတို့၏ စက်ပစ္စည်းများကို နောက်တစ်ကြိမ် ထပ်မံစစ်ဆေးကြသည်။ နီရိုသည်လည်း သူ၏ ယန္တရားဝတ်စုံ၏ ကိုယ်တိုင်စစ်ဆေးသည့် လုပ်ဆောင်ချက်ကို အသက်သွင်းလိုက်သည်။

သူ၏ ယန္တရားဝတ်စုံကို သူ ကိုယ်တိုင် ပြုပြင်မွမ်းမံထားပြီး မတူညီသော ရှားပါးပစ္စည်းများစွာဖြင့် ပုံဖော်ထားခြင်းဖြစ်သည်။ ၎င်းသည် ဘလက်စတား စစ်တပ်မှ ထောက်ပံ့ပေးသော ယန္တရားဝတ်စုံထက်ပင် ပိုမိုအားကောင်းသည်။

နီရိုသည် အခြား ယန္တရားပညာရှင်များမှ ပုံဖော်ထားသော ပိုမိုအားကောင်းသည့် ယန္တရားဝတ်စုံကို ရရှိနိုင်သော်လည်း သူက ဒီဇိုင်းပုံစံအသစ်များကို သုတေသနပြုလုပ်ရန် ပိုမိုနှစ်သက်သည်။

ဤယန္တရားဝတ်စုံသည် ယခင်က ဟန်ရှောင်း အသုံးပြုခဲ့သော တောင်ပေါ်လူဝံ ဝတ်စုံနှင့် ဆင်တူသည်။ သို့သော်လည်း နီရိုတွင် ထိုမျှလောက် မြင့်မားသော ကျွမ်းကျင်မှုမရှိဘဲ သူက 'သံမဏိမျောက်ဝံ' ဟုခေါ်သော ရိုးရှင်းသည့် ဗားရှင်းကိုသာ ပြုလုပ်နိုင်ခဲ့သည်။ ၎င်းသည် အနီးကပ်တိုက်ပွဲများတွင် အထူးပြုထားသော ဝတ်စုံတစ်ခုဖြစ်သည်။

သာမန် စက္ကူယန္တရားပညာရှင်တစ်ယောက်အနေဖြင့် နီရိုသည် သဘာဝကျကျ သူ၏ အနီးကပ်တိုက်ခိုက်ရေးစွမ်းရည်များနှင့်ပတ်သက်၍ စိုးရိမ်ပူပန်နေသည်။ ဟန်ရှောင်းနှင့် မီယာတို့၏ လွှမ်းမိုးမှုအောက်တွင် နီရိုသည်လည်း လက်နက်မဲ့ အနီးကပ်တိုက်ခိုက်ခြင်းကို နှစ်သက်သည့် အကျင့်တစ်ခု ရှိနေသည်။

နီရိုသည် လက်ရှိတွင် အဆင့် စီ+ ဖြစ်သော်လည်း သူ၏ [ပြီးပြည့်စုံသော ယန္တရားအာရုံ] နှင့် နှစ်များတစ်လျှောက် သူ ရရှိခဲ့သော အမျိုးမျိုးသော ယန္တရားပညာရှင် အရည်အချင်းများကြောင့် သူ၏ ခွန်အားသည် အဆင့် ဘီ သို့ ရောက်ရှိနိုင်ပြီး သူ ပုံဖော်ထားသော စက်ပစ္စည်းများသည် သူ၏ ကိုယ်ပိုင်အဆင့်ထက် ကျော်လွန်နေသည်။

"အသင့်ပြင်ထားပါ။ ဆယ်၊ ကိုး၊ ရှစ်..."

တပ်မှူး၏ ဟောက်သံကို ကြားလိုက်ရသောအခါ နီရိုက သက်ပြင်းရှည်ကြီး ချလိုက်ပြီး တိုက်ပွဲဝင်ရန် ပြင်ဆင်လိုက်သည်။

ဘုန်း။

သူသည် အစွမ်းထက်သော တွန်းကန်အားတစ်ခုကို ခံစားလိုက်ရပြီး ထိုးဖောက်ဝင်ရောက်ရေးအခန်းသည် လွှတ်တင်ခံလိုက်ရသည်။

သူတို့၏ ပစ်မှတ် ကိုဩဒိနိတ်များကို ဖန်သားပြင်ပေါ်တွင် ဖော်ပြထားပြီး သူတို့သည် ၎င်းထံသို့ လျင်မြန်စွာ ချဉ်းကပ်သွားကြသည်။

ဒိုင်း။

ထိုးဖောက်ဝင်ရောက်ရေးအခန်းသည် ရုတ်တရက် တုန်ခါသွားပြီး သူတို့သည် ရန်သူ့စစ်သင်္ဘော၏ အတွင်းပိုင်းထဲသို့ အောင်မြင်စွာ ဝင်တိုက်သွားသည်။

ထိုးဖောက်ဝင်ရောက်ရေးအခန်း၏ တံခါးများ ပွင့်သွားပြီး ရှည်လျားသော လျှောက်လမ်းတစ်ခုက သူတို့ကို ကြိုဆိုနေသည်။ မည်သည့် တုံ့ဆိုင်းမှုမျှမရှိဘဲ သူတို့သည် ရန်သူများကို ရှင်းလင်းရန် သူတို့၏ တပ်မှူးနှင့်အတူ ပြေးထွက်သွားကြသည်။

ရန်သူ့ စစ်ကူများသည် လျင်မြန်စွာ ရောက်ရှိလာပြီး သူတို့၏ တပ်စုသည် ရန်သူအမြောက်အမြားနှင့် ရင်ဆိုင်ရသည်။

ကွန်ဒီလူမျိုး စစ်သည်တော်များအားလုံးသည် မျိုးဗီဇပြုပြင်မွမ်းမံမှုများ လုပ်ထားကြသည်။ သူတို့သည် စူပါများမဟုတ်ဘဲ ကွဲပြားသော စွမ်းရည်များ မရှိကြသော်လည်း သူတို့၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်များသည် အားကောင်းပြီး သူတို့တွင် လယ်ဗယ် ၂၅ - ၄၅ ဝန်းကျင်ရှိ တစ်သီးပုဂ္ဂလတစ်ဦး၏ ခွန်အားရှိကြသည်။ သူတို့သည် အဆင့် အီး နှင့် အဆင့် ဒီ ကြားတွင် အကြမ်းဖျင်းရှိနေသောကြောင့် သူတို့သည် သိပ်အားမနည်းလှပေ။

သူတို့၏ တပ်စုသည် ရန်သူ့ စစ်ကူများ နှစ်ဖက်စလုံးမှ ဝင်ရောက်လာပြီး သူတို့ကို ပစ်ခတ်နေသဖြင့် လျှောက်လမ်း၏ အလယ်တွင် ပိတ်မိနေ၏။

နီရိုသည် တပ်စုကို ကာကွယ်ရန်အတွက် ဖိသိပ်ထားသော စက်လုံးတစ်ခုကို ပစ်ထုတ်လိုက်ပြီး သေးငယ်သော ခံတပ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ၎င်းသည် သူတို့၏ တပ်စုက ခံတပ်အတွင်းမှ ပြန်လည်ပစ်ခတ်နေစဉ် နှစ်ဖက်စလုံးမှ လာသော ပြင်းထန်သည့် ပစ်ခတ်မှုကို ပိတ်ဆို့ထားနိုင်သည်။

"ကောင်းတယ်၊ ကောင်လေး။" တပ်မှူးက သူ၏ ဒုတပ်မှူးကို အမိန့်မပေးမီ နီရိုကို ချီးကျူးလိုက်သည်။ "ရန်သူ့ ဝိုင်းရံမှုကနေ ဖောက်ထွက်မယ်။ ရှေ့ဘက်ကို ငါ တာဝန်ယူမယ်၊ နောက်ဘက်ကို မင်း တာဝန်ယူ။ နီရို၊ ငါတို့ကို အကာအကွယ်ပေးဖို့ မင်းရဲ့ အမြောက်စင်ရဲတိုက်တွေနဲ့ ယန္တရားစစ်သားတွေကို အနောက်မှာ လွှတ်ပေးလိုက်။"

ထိုသို့ပြောရင်း တပ်မှူးသည် ခံတပ်ထဲမှ ပြေးထွက်လာပြီး ရန်သူ၏ ပစ်ခတ်မှုကို ခံနိုင်ရည်ရှိစွာဖြင့် ရှေ့သို့ ပြေးထွက်သွားသည်။ စူပါတစ်ဦးဖြစ်ခြင်း၏ သူ၏ အားသာချက်မှာ သူ၏ သာလွန်သော တိုက်ခိုက်ရေးခွန်အားဖြစ်သည်။

ထို့နောက် နီရိုက ဖိသိပ်ထားသော စက်လုံးအမြောက်အမြားကို ပစ်ထုတ်လိုက်ရာ သူတို့သည် အမျိုးမျိုးသော အမြောက်စင်ရဲတိုက်များအဖြစ် ပြောင်းလဲသွားသည်။

ဒက် ဒက် ဒက်။

အမြောက်စင်ရဲတိုက်များသည် သူ၏ တပ်စုအတွက် အကာအကွယ်ပေးရန် နှစ်ဖက်စလုံးသို့ ပစ်ခတ်ခဲ့ကြသည်။

သူ၏ ယန္တရားစွမ်းအား မြှင့်တင်မှုအောက်တွင် သူ၏ တာဝေးပစ်လက်နက်များ၏ ခွန်အားသည် ထိတ်လန့်ဖွယ်ကောင်းလှသည်။ ကွန်ဒီလူမျိုး စစ်သည်တော်များ၏ သံချပ်ကာနှင့် ဒိုင်းများသည် ချက်ချင်း ဆုတ်ဖြဲခံလိုက်ရပြီး ခန္ဓာကိုယ် အရည်များသည် အရပ်မျက်နှာအနှံ့သို့ ပန်းထွက်သွားသည်။

သူသည် ရန်သူအမြောက်အမြားကို ချက်ချင်း သတ်ဖြတ်လိုက်ပြီး မီးခိုးရောင် မြူခိုးများသည် နီရို၏ လက်ခုံပေါ်ရှိ သေမင်းအမှတ်အသားထဲသို့ ဝင်ရောက်သွားသည်။ ၎င်းသည် လွန်ခဲ့သော အချိန်ကြာမြင့်စွာကတည်းက ဟီလာက သူ့ကို ပေးခဲ့သော လက်ဆောင်တစ်ခုဖြစ်သည်။ သူ ပိုမိုသတ်ဖြတ်လေ သူ၏ စိတ်ပိုင်းဆိုင်ရာ ခွန်အားများ ပိုမိုတိုးပွားလာလေဖြစ်သည်။ ၎င်းသည် နီရိုက ဤအမှတ်အသားကို ပထမဆုံးအကြိမ် အသုံးပြုခြင်းဖြစ်သည်။

သူ၏ ပစ်ခတ်မှုစွမ်းအား အထောက်အပံ့ဖြင့် သူ၏ တပ်စုဝင်များသည် ကွန်ဒီလူမျိုး စစ်သည်တော်များ၏ ဖွဲ့စည်းပုံကို အလွယ်တကူ ထိုးဖောက်ဝင်ရောက်ကာ သူတို့ကို စတင်သတ်ဖြတ်ကြသည်။

သူ၏ တပ်စုဝင်အများအပြားသည် နီရို၏ ခွန်အားကို သဘောကျနေကြသည်။

"ဒီလူသစ်က တကယ်ကို အစွမ်းထက်တာပဲ။"

"သာမန် အဆင့် စီ ယန္တရားပညာရှင်တစ်ယောက်က ဒီလောက်တောင် အစွမ်းထက်သလား။"

"ဒီကောင်လေးက စွမ်းရည်အချို့ ရှိတာပဲ။"

သူတို့၏ တပ်စုသည် ဆက်လက်တွန်းအားပေးနေပြီး ရန်သူ့ စစ်ကူများသည် သူတို့၏ ကိုယ်ပိုင်အသက်အတွက် မည်သည့် စိုးရိမ်ပူပန်မှုမျှမရှိဘဲ သူတို့ကို ဝင်တိုက်*ခဲ့ကြသည်။

စစ်သည်တော် တစ်ယောက်အနေဖြင့် တပ်မှူး၏ တိုက်ခိုက်မှုများသည် အလွန်အစွမ်းထက်သည်။ သူ၏ တိုက်ခိုက်မှုများသည် ရန်သူ၏ သံချပ်ကာကို မဖောက်ထွင်းနိုင်ခဲ့လျှင်ပင် သူ၏ စစ်သည်တော်မီးတောက်များသည် သံချပ်ကာထဲသို့ စိမ့်ဝင်သွားပြီး ကွန်ဒီလူမျိုး စစ်သည်တော်များကို သတ်ပစ်လိမ့်မည်ဖြစ်သည်။

နီရိုသည် နေရာအနှံ့ ပြန့်ကျဲနေသော အလောင်းများကို မြင်တွေ့ရခြင်းနှင့် မယဉ်ပါးသေးပေ။ သူ၏ ယန္တရားဝတ်စုံ၏ စစ်ထုတ်သည့် ကိရိယာဖြင့်ပင် သူသည် လေထဲတွင် သွေးနံ့ကို ရနေဆဲဖြစ်သည်။

ကွန်ဒီလူမျိုးများ၏ ကြောက်ရွံ့မှုကင်းမဲ့ခြင်းက နီရိုကို တကယ်ပင် တုန်လှုပ်စေသည်။ သို့သော်လည်း သူနှင့် သူ၏ တပ်စုဝင်များသည် နောက်ဆုတ်နေမည်မဟုတ်ဘဲ ကွန်ဒီလူမျိုး စစ်သည်တော်များသည် သူတို့၏ အသက်ကို အချည်းနှီး စတေးနေခြင်းသာဖြစ်သည်။

၎င်းသည် သူ သတ်ဖြတ်ခြင်းမှ စိုးရိမ်ထိတ်လန့်မှုကို ခံစားရသော ပထမဆုံးအကြိမ်ဖြစ်သည်။ သူသည် ရန်သူကို သနားမည်မဟုတ်ဘဲ စစ်တပ်ကလည်း ဤကိစ္စနှင့်ပတ်သက်၍ သူတို့ကို သင်ပေးထားပြီးဖြစ်သည်။

တစ်ချိန်တည်းမှာပင် နီရိုသည် စိတ်လှုပ်ရှားမှု အရိပ်အယောင်ကိုလည်း ခံစားလိုက်ရသည်။ သူသည် အမြဲတမ်း အကာအကွယ်ပေး ပစ်ခတ်နေရသူတစ်ဦး မဖြစ်ချင်ပေ။

ဘလက်စတားအဆင့် ယန္တရားပညာရှင်တစ်ယောက်အနေဖြင့် သူသည် လက်နက်မဲ့ အနီးကပ်တိုက်ခိုက်ရန် ယားယံနေသော်လည်း သူ၏ တပ်စုဝင်များ၏ ဆူပူကြိမ်းမောင်းခြင်းကို ခံရမည်ကို ကြောက်ရွံ့နေသည်။

ထိုအချိန်မှာပင် သူ၏ တပ်စုဝင်တစ်ဦး၏ အော်ဟစ်သံကို ဆက်သွယ်ရေးလိုင်းမှတစ်ဆင့် ကြားလိုက်ရသည်။

ကွန်ဒီလူမျိုး စစ်သည်တော်များသည် ဤဘလက်စတား စစ်တပ် စစ်သည်တော်ကို ဝိုင်းရံထားပြီး သူ၏ တပ်စုဝင်၏ ဒိုင်းလွှားမှာ ဖျက်ဆီးခံလိုက်ရသည်။ တစ်ချိန်တည်းမှာပင် သူ၏ သံချပ်ကာသည်လည်း ဆိုးရွားစွာ ပျက်စီးသွားပြီး ၎င်းထဲမှ မီးခိုးမည်းများ ထွက်ပေါ်လာသည်ကို တွေ့မြင်နိုင်သည်။ သူသည် တိုက်ခိုက်မှုများ၏ သက်ရောက်မှုကြောင့် ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားပြီး ယာယီ မိန်းမောသွားသည်။

ထို့နောက် ပတ်ဝန်းကျင်ရှိ ကွန်ဒီလူမျိုး စစ်သည်တော်များသည် သူတို့၏ ဓားမြှောင်များကို ဆွဲထုတ်ကာ ရှေ့သို့ ပြေးဝင်လာကြသည်။

သူ၏ ဤတပ်စုဝင်သည် အားကောင်းသော ခန္ဓာကိုယ်ရှိသည့် အဆင့် စီ စစ်သည်တော် တစ်ဦးဖြစ်သည်။ သူက ရန်သူအနည်းငယ်ကို လွင့်ထွက်သွားစေရန် ရုန်းကန်ခဲ့သော်လည်း ရန်သူများသည် ကြောက်ရွံ့မှုမရှိဘဲ ရှေ့သို့ ဆက်လက်ပြေးဝင်လာကြသည်။ သူ့ကို ရန်သူက အကြိမ်အနည်းငယ် ထိုးမိပြီးဖြစ်သည်။

ပတ်ဝန်းကျင်ရှိ တပ်စုဝင်များသည် လှည့်ကာ သူ့ကို ကူညီချင်ခဲ့ကြသော်လည်း အနက်ရောင်ပုံရိပ်တစ်ခုသည် အနောက်မှ ပြေးထွက်လာပြီး ဤကွန်ဒီလူမျိုး စစ်သည်တော်များအားလုံးကို လွင့်ထွက်သွားစေသည်။ ၎င်းမှာ တိုက်ပွဲအတွက် ယားယံနေသော နီရိုပင်ဖြစ်သည်။

ပတ်ဝန်းကျင်ရှိ ကွန်ဒီလူမျိုး စစ်သည်တော်များက နီရိုကို တိုက်ခိုက်ကြပြီး နီရို၏ တိုက်ခိုက်ရေး မျက်နှာပြင်တွင် သူတို့၏ တိုက်ခိုက်မှု လမ်းကြောင်းများကို ပြသထားသည်။ ထို့နောက် သူက ဖန်သားပြင်၏ ညွှန်ကြားချက်များအတိုင်း ရှောင်တိမ်းပြီး ရန်သူ၏ ဓားမြှောင်များသည် သူ၏ ယန္တရားဝတ်စုံနှင့် တိုက်မိသည့်အခါတိုင်း မီးပွားများ ထွက်ပေါ်လာသည်။

နီရိုသည် ဓားတစ်လက်ကို ဆွဲထုတ်ကာ ထိန်းချုပ်မှုမရှိဘဲ ဝှေ့ယမ်းလိုက်ပြီး ရန်သူများ၏ သံချပ်ကာကို တို့ဟူးကဲ့သို့ ဖြတ်တောက်လိုက်သည်။

သူ၏ တပ်စုဝင်ကို အန္တရာယ်မှ ဖြေရှင်းရန် ကူညီပေးပြီးနောက် နီရိုသည် သေနတ်သမားတစ်ဦးအဖြစ် ပြန်လည်ရောက်ရှိရန် စိတ်မကူးတော့ဘဲ ရန်သူများကို သတ်ဖြတ်ရန် ရန်သူ့ ဖွဲ့စည်းပုံထဲသို့ ပြေးဝင်သွားသည်။

သူ၏ ဓားအောက်တွင် ရန်သူများ သေဆုံးနေသည်ကို မြင်တွေ့ရသဖြင့် နီရိုသည် ကျေနပ်မှုတစ်ခုကို ရရှိနေသည်။

တကယ်တော့ အစစ်အမှန် ယန္တရားပညာရှင်တစ်ယောက်က လက်နက်မဲ့ အနီးကပ်တိုက်ပွဲမှာ တိုက်ခိုက်သင့်တယ်။ ဒါက ယန္တရားပညာရှင်တစ်ယောက်ရဲ့ စစ်မှန်တဲ့ စတိုင်ပဲ။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ တပ်မှူး၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာတစ်ခု ရှိနေသည်။

နီရိုသည် တပ်စုထဲတွင် အားအကောင်းဆုံး တစ်ယောက် ဖြစ်နိုင်ကြောင်း သူ သိထားသော်လည်း သူတို့သည် ယခင်က ပခုံးချင်းယှဉ်ကာ တိုက်ခိုက်ခဲ့ဖူးခြင်းမရှိဘဲ တစ်ယောက်နှင့်တစ်ယောက်၏ စွမ်းရည်များကို မရင်းနှီးကြပေ။

နီရိုက ရန်သူများကို ဟင်းသီးဟင်းရွက်များလှီးနေသကဲ့သို့ သတ်ဖြတ်နေသည်ကို မြင်လိုက်ရသောအခါ တပ်မှူးက သူ့စိတ်ထဲတွင် တွေးလိုက်သည်၊ ‘မင်းလို ယန္တရားပညာရှင်တစ်ယောက်က ဘာလို့ အနီးကပ်တိုက်ပွဲထဲကို ပြေးဝင်ချင်ရတာလဲ။ ဒီအကျင့်ဆိုးက ဘယ်ကရောက်လာတာလဲ။’

စူပါအဖွဲ့တစ်ဖွဲ့၏ ရှေ့မှောက်တွင် အာကာသယာဉ်အတွင်းရှိ ကွန်ဒီလူမျိုး စစ်သည်တော်များအနေဖြင့် ပြန်လည်တိုက်ခိုက်ရန် နည်းလမ်းမရှိဘဲ ရန်သူ့ တပ်ဖွဲ့သည် လျင်မြန်စွာ ရှင်းလင်းခံလိုက်ရသည်။

အပြာရောင်သန်းနေသော အစိမ်းရောင် သွေးများသည် ကွပ်ကဲမှုအခန်းတစ်လျှောက် ပန်းထွက်သွားပြီး စစ်သင်္ဘောအတွင်းရှိ ရန်သူတိုင်း အသတ်ခံလိုက်ရသည်။

နီရိုက သူ၏ ဖိသိပ်ထားသော စက်လုံးများကို ပြန်လည်ရယူလိုက်ပြီး မိန်းမောနေပုံရသည်။

၎င်းကို မြင်လိုက်ရသောအခါ တပ်မှူးသည် နီရို၏ ဘေးသို့ လျှောက်သွားပြီး သူ၏ ပခုံးများကို ပုတ်ပေးလိုက်သည်။ "ခုနက ကောင်းကောင်းလုပ်နိုင်ခဲ့တယ်။ မင်း ဘယ်လိုခံစားရလဲ။ တိုက်ပွဲနဲ့ ယဉ်ပါးသွားပြီလား။"

"ကျွန်တော်... ကျွန်တော် အခု အများကြီး ပိုကောင်းလာပါပြီ။" နီရိုက သူ၏ လက်မောင်းများကို ဝှေ့ယမ်းလိုက်သည်။ တိုက်ပွဲတစ်ခုပြီးနောက် သူသည် အရင်ကလောက် မစိုးရိမ်တော့ပေ။

အစပိုင်းတွင် သူ အလွန်စိုးရိမ်ပူပန်နေခဲ့သော်လည်း တိုက်ပွဲ ဆက်လက်ဖြစ်ပွားလာသည်နှင့်အမျှ သူ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေမှာ ပိုကောင်းလာပြီး တိုက်ပွဲတွင် သူ အလွန်သက်တောင့်သက်သာဖြစ်ကြောင်း ခံစားခဲ့ရသည်။

သူသည် သတ်ဖြတ်ခြင်းမှ မသက်မသာဖြစ်မှုကို အမှန်တကယ် မခံစားခဲ့ရပေ။ ပထမအချက်မှာ ရန်သူက မတူညီသော မျိုးစိတ်တစ်ခုဖြစ်နေသောကြောင့်ဖြစ်သည်။ ဒုတိယအနေဖြင့် စူပါတစ်ဦးတွင် အတိုင်းအတာတစ်ခုအထိ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရှိပြီး ရက်စက်ကြမ်းကြုတ်သော မြင်ကွင်းများကို အလွယ်တကူ လက်ခံနိုင်သည်။ တတိယအချက်မှာ သူ၏ လက်ထဲတွင် ခွန်အားများ ရှိလာပြီးနောက် သူ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေမှာ ပြောင်းလဲသွားမည်ဖြစ်သည်။

"ဒါက မင်းရဲ့ ပထမဆုံးအကြိမ်လေ။ မင်း မကြာခင် အဲဒါနဲ့ ယဉ်ပါးသွားလိမ့်မယ်။" တပ်မှူးက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ "မင်း သက်တောင့်သက်သာ မဖြစ်ဘူးဆိုရင် အခမဲ့ ဆွေးနွေးတိုင်ပင်ဖို့ ငါ့ကို လာရှာလို့ရတယ်။"

"ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ကျွန်တော် ဒါကို မလိုအပ်ပါဘူး။"

နီရို ပြုံးလိုက်ပြီး အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ ဤတိုက်ပွဲအပြီးတွင် သူသည် သူ၏ တပ်စုဝင်များနှင့်အတူ ရဲဘော်ရဲဘက်စိတ်ဓာတ်ကို မခံစားဘဲ မနေနိုင်ခဲ့ပေ။

...

နီရို၏ ပထမဆုံး တိုက်ခိုက်ရေးအတွေ့အကြုံသည် ချောမွေ့စွာ ပြီးဆုံးသွားပြီး သူသည် ယခင်ကထက် ယုံကြည်မှုပိုရှိလာသည်။ တိုက်ပွဲစတင်ပြီး သိပ်မကြာမီမှာပင် ကွန်ဒီလူမျိုးရေယာဉ်စုသည် ရှုံးနိမ့်သွားခဲ့ပြီး အင်ပါယာ၏ ရေယာဉ်စုသည် စစ်မြေပြင်ကို စတင်ရှင်းလင်းကြသည်။

ပင်မဖလဂ်ရှစ်သင်္ဘောတွင် တန်နီသည် ရေယာဉ်စုသို့ ပြန်လည်ရောက်ရှိလာသော အကောင်းပကတိဖြစ်နေသည့် ဘလက်စတား စစ်တပ် စစ်သင်္ဘောများကို ကြည့်ကာ ခေါင်းညိတ်လိုက်သည်။

ဘလက်စတား စစ်တပ်တွင် သေဆုံးဒဏ်ရာရသူ သိပ်မရှိခဲ့ဘဲ သူသည် အလွန်ကျေနပ်သွားသည်။ ရေယာဉ်စုတပ်မှူးတစ်ဦးအနေဖြင့် သူသည် ဘလက်စတား စစ်တပ်၏ သေဆုံးဒဏ်ရာရမှုများကို လျှော့ချရန် နည်းလမ်းများစွာရှိသည်။ သူသည် ဟန်ရှောင်း၏ ကျေးဇူးကို ဆပ်ရန် ဤသို့ပြုလုပ်ရန် စီစဉ်ထား၏။

ဘီ ဘီ။

ထိုအချိန်မှာပင် သူ၏ ဆက်သွယ်ရေးစက် မြည်လာသည်။

ထို့နောက် တန်နီက တစ်ချက်ကြည့်လိုက်ပြီး သူ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ သူက လေးစားသမှုရှိသော လေသံဖြင့် ဖုန်းကို ကိုင်လိုက်သည်။

"လူကြီးမင်း ဘလက်စတား၊ စစ်ပွဲအပြီးမှာ လာလည်ဖို့ ကျွန်တော် စီစဉ်နေတုန်းပါပဲ၊ ဒါပေမယ့် လူကြီးမင်းက ကျွန်တော့်ကို အရင် ဆက်သွယ်လာမယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဘူး။"

"ငါတို့ နောက်ဆုံး စကားပြောခဲ့ကြတာ အတော်ကြာပြီဆိုတော့ မင်းကို ဒုက္ခပေးစရာတစ်ခု ရှိတယ်။" ဖုန်းခေါ်ဆိုသူမှာ ဟန်ရှောင်းဖြစ်သည်။

"လူကြီးမင်း ဘာလိုအပ်လို့လဲ။" တန်နီသည် စကားကို လှည့်ပတ်ပြောဆိုခြင်းကို မနှစ်သက်ဘဲ လိုရင်းကိုသာ တိုက်ရိုက်သွားသည်။

"မင်းက ဘလက်စတား စစ်တပ် ရေယာဉ်စုကို ကာကွယ်ပေးချင်တယ်လို့ ငါ ကြားတယ်။"

"မှန်ပါတယ်။" တန်နီက ခေါင်းညိတ်လိုက်သည်။

"အာ၊ ဒါက ငါ မင်းကို ဒုက္ခပေးချင်တဲ့ကိစ္စပဲ။ ငါ့လူတွေကို မင်း အရမ်းကြီး ကာကွယ်ပေးစရာ မလိုပါဘူး။ သူတို့ကို လေ့ကျင့်ပေးနိုင်ဖို့ ငါ သူတို့ကို တိုက်ပွဲထဲ လွှတ်လိုက်တာ။" ဟန်ရှောင်းက ပြုံးလိုက်သည်။

"ကောင်းပါပြီ။ ကျွန်တော် နားလည်ပါတယ်။" တန်နီက ထိုစကားကို ကြားပြီးနောက် သိပ်မပြောတော့ပေ။ သူတို့၏ ဆရာသခင်က ပြောလာပြီဖြစ်ရာ သူသည် သဘာဝကျကျ ငြင်းပယ်မည်မဟုတ်ပေ။

"ဒါ့အပြင် ဒီလူကို မင်း ဂရုစိုက်ပေးနိုင်မယ်လို့ ငါ မျှော်လင့်ပါတယ်..."

ထို့နောက် ဟန်ရှောင်းက နီရို၏ အချက်အလက်များကို တန်နီထံ ပေးပို့လိုက်ပြီး အပြုံးဖြင့် ပြောလိုက်သည်၊ "ဒီကောင်လေးက ငါ့ရဲ့ ကျောင်းသားပဲ၊ ငါ သူ့ကို လေ့ကျင့်ပေးချင်တယ်။ အဆင်ပြေမယ်ဆိုရင် သူ့ကို တိုက်ခိုက်ရေး အခွင့်အရေး နည်းနည်းလောက် ပိုပေးဖို့ ကြိုးစားကြည့်ပါ။ ပြီးတော့ သူ မထင်မှတ်ထားတဲ့ အခြေအနေတချို့နဲ့ ကြုံတွေ့ရရင်လည်း မထူးဆန်းပါနဲ့။ အဲဒါက ငါ့ရဲ့ လေ့ကျင့်မှုသက်သက်ပါပဲ။"

နီရို၏ ပထမဆုံး တိုက်ပွဲတွင် ဝင်မစွက်ဖက်ခြင်းအတွက် သူ့တွင် ကိုယ်ချင်းစာစိတ်အချို့ ရှိနေသေးသည်ဟု သူ ခံစားခဲ့ရသည်။

သို့သော်လည်း သူသည် ဤကိစ္စအပြီးတွင် လှုပ်ရှားမည်ဖြစ်ပြီး ထို့ကြောင့် တန်နီကို ဦးစွာ အသိပေးလိုက်သည်။

တန်နီက အချက်အလက်များကို ကြည့်ကာ ခေါင်းညိတ်လိုက်သည်။ "ကောင်းပါပြီ၊ သက်ဆိုင်ရာ စီစဉ်မှုတွေကို ကျွန်တော် လုပ်ပေးပါမယ်။"

"ဒါဆို မင်းကို ဒုက္ခပေးရတော့မယ်။ စစ်ပွဲအပြီးမှာ မင်းကို ဂါရူ ကြယ်စုတန်းမှာ ငါ စောင့်နေမယ်။ အဲဒီကျရင် ငါတို့ ကောင်းကောင်း စကားပြောလို့ရတာပေါ့။"

"ကောင်းပါပြီ။"

ဖုန်းခေါ်ဆိုမှု ပြီးဆုံးသွားပြီး တန်နီက နီရို၏ အချက်အလက်များကို ကြည့်ရှုရင်း တီးတိုးရေရွတ်လိုက်သည်၊ "ဘလက်စတားရဲ့ ကျောင်းသား... ဒါဆိုရင် သူ့ကို သေချာ စီစဉ်ရမှာပေါ့။"

...

တစ်ချိန်တည်းမှာပင် အခြား အင်ပါယာရေယာဉ်စုတစ်ခုသည် သူတို့၏ တိုက်ပွဲကို အဆုံးသတ်လိုက်ပြီး စစ်မြေပြင်ကို ရှင်းလင်းပြီးခါစဖြစ်သည်။

တပ်မှူးက အနားယူရန် သွားခဲ့ပြီး အခြားကိစ္စများကို ကိုင်တွယ်ဖြေရှင်းရန် သူ၏ ဒုတပ်မှူးကို တာဝန်ပေးခဲ့သည်။ တပ်မှူး၏ ကိုယ်ရေးအရာရှိဖြစ်သူ ဂေါ့ဒ် သည်လည်း အနားယူရန် အချိန်အနည်းငယ် ရခဲ့သည်။

ဂေါ့ဒ်သည် သူ၏ အခန်းသို့ ပြန်လာပြီး ရေချိုးရန် သူ၏ ယူနီဖောင်းကို ချွတ်လိုက်သည်။

ရေချိုးပြီးနောက် ဂေါ့ဒ်သည် မှန်ရှေ့သို့ လျှောက်သွားကာ သူ၏ ကိုယ်ပိုင်ခန္ဓာကိုယ်ကို ကြည့်လိုက်သည်။

ဖြူဖွေးသော အသားအရေ၊ ပိန်ပါးသော ခန္ဓာကိုယ်၊ သာမန်ရုပ်ရည်...

မှန်ကိုကြည့်ရင်း ဂေါ့ဒ်က သူ၏ မျက်နှာကို ထိလိုက်ပြီး သူ၏ နှုတ်ခမ်းများက အပြုံးတစ်ခုဖြင့် ကွေးတက်သွားသည်။

"ငယ်ရွယ်ရတာ တကယ်ကို ကောင်းတာပဲ။"

စာစဉ် (၅၇)၊ အခန်း (၉၇၂) ပြီးပါပြီ။

လင်းဆက်

+++++

All Chapters