← Chapters

အခန်း (၁၁၆၅-၁၁၆၇)

Vol. 78 Ch. 1165-1167

အခန်း (၁၁၆၅-၁၁၆၇)

Vol. 78 Ch. 1165-1167

အခန်း (၁၁၆၅) - ဧကရာဇ်အမိန့်စာနှင့် နတ်ဘုရားစစ်သူကြီး ချီယု

သူ စိုးရိမ်ခဲ့သော အန္တရာယ်ကြီး မဖြစ်ပေါ်ခဲ့သော်လည်း အရှင်သခင်လီဟန်သည် နတ်ဘုရားကျောင်းတော်သို့ ပြန်ရောက်သောအခါ စိတ်မအေးနိုင်သေးပေ။ ကျင့်ကြံစဉ်က သူ ခံစားလိုက်ရသော ရင်တုန်ပန်းတုန် ဖြစ်မှုသည် သူ့ကို အမှန်တကယ် ကြောက်ရွံ့သွားစေခဲ့သည်။ ထို့ကြောင့် သူ၏ ထိုင်ဖုံပေါ်တွင် ခဏမျှ တွန့်ဆုတ်နေပြီးနောက် လေးနက်သော အသံဖြင့် ပြောလိုက်သည်။

"ဆင့်ခေါ်လိုက်"

သူ၏ အမိန့်သံ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် သူ့ရှေ့တွင် ဆင့်ခေါ်သည် ဟူသော စာလုံးကြီးကို ထင်ရှားစွာ ဖော်ပြထားသည့် အမိန့်ပြန်တမ်း တစ်ခု ရုတ်တရက် ပေါ်လာသည်။ ထို့နောက် တစ်ခဏအတွင်းမှာပင် ထိုအမိန့်ပြန်တမ်းသည် ရှိနေသော နေရာမှ ပျောက်ကွယ်သွားလေသည်။

အမွှေးတိုင် တစ်ဝက်ခန့် ကုန်ဆုံးပြီးနောက် နတ်ဘုရားကျောင်းတော်၏ ရှေ့တွင် လေဟာနယ်သည် ဂယက်ထလာပြီး၊ မကြာမီ အရပ်ရှည်၍ ခန့်ညားထည်ဝါသော နတ်ဘုရားတစ်ပါး ထိုအထဲမှ လှမ်းထွက်လာသည်။ ထိုသူသည် အသက် ၂၀ ခန့်သာ ရှိသေးမည့် လူငယ်တစ်ယောက်ကဲ့သို့ ဖြစ်ပြီး၊ မျက်နှာသွင်ပြင်များသည် အပြစ်ပြောစရာမရှိအောင် ပြီးပြည့်စုံလှသည်။ သို့သော် အကြောင်းတစ်ခုခုကြောင့် ၎င်းတို့ ပေါင်းစပ်လိုက်သောအခါ ရက်စက်ကြမ်းကြုတ်သော ခံစားမှုကို ပေးစွမ်းနေသည်။

သို့သော် အထူးခြားဆုံး အရာမှာ သူ၏ နဖူးပေါ်တွင် ရှိနေသော ဒေါင်လိုက်မျက်လုံးပင် ဖြစ်သည်။ ထိုဒေါင်လိုက်မျက်လုံးသည် ပုံသဏ္ဌာန်ရော အရှိန်အဝါပါ ယန်ကျန်း၏ မျက်လုံးနှင့် ထပ်တူညီမျှ ဖြစ်နေသည်။

နတ်ဘုရားကျောင်းတော် အတွင်းသို့ ရောက်ရှိလာသည်နှင့် သူသည် မြင့်မားသော နေရာတွင် ထိုင်နေသည့် အရှင်သခင်လီဟန်ကို နက်ရှိုင်းစွာ ဦးညွှတ်လိုက်သည်။

"လက်အောက်ငယ်သား ချီယု... အရှင်သခင်လီဟန်ကို ဂါရဝပြုပါတယ်"

အကယ်၍ ဤနေရာတွင် အခြားသော နတ်ဘုရားများ ရှိနေခဲ့ပါက ချီယု ဟူသော အမည်ကို ကြားလိုက်ရသည်နှင့် တုန်လှုပ်သွားကြပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် လီဟန်ကောင်းကင်ဘုံတွင် ချီယု ဟူသော အမည်သည် လူတိုင်း သိကြကာ ကြောက်ရွံ့ကြသော အမည်ဖြစ်သောကြောင့် ဖြစ်သည်။ အရှင်သခင်လီဟန်၏ ထိပ်တန်း နတ်ဘုရားစစ်သူကြီး၊ မျိုးဆက်သစ် နတ်ဘုရားများကြားတွင် အထူးချွန်ဆုံးသူဖြစ်သည်ဟူသော ဂုဏ်ပုဒ်အားလုံးသည် သူ့အတွက်သာ ဖြစ်သည်။

ထိုမျှသာ ဆိုလျှင် ပြဿနာ မရှိပေ။ အဓိကအချက်မှာ ချီယုသည် စိတ်လိုက်မာန်ပါ ရှိတတ်ပြီး မလိုအပ်ဘဲ လှုပ်ရှားလေ့ မရှိသော်လည်း တစ်ကြိမ် လှုပ်ရှားလိုက်သည်နှင့် တစ်ဖက်ရန်သူ လုံးဝ ပျက်စီးသွားသည်အထိ မရပ်မနား တိုက်ခိုက်လေ့ရှိခြင်းကြောင့် ဖြစ်သည်။ နှစ်များစွာအတွင်း ချီယုသည် လီဟန်ကောင်းကင်ဘုံတွင် ကြောက်မက်ဖွယ် ဂုဏ်သတင်းကို တည်ဆောက်ခဲ့ပြီး လူတိုင်း ထိတ်လန့်ကြောက်ရွံ့ရသူ တစ်ဦး ဖြစ်လာခဲ့သည်။

ဤအခိုက်အတန့်တွင် အရှင်သခင်လီဟန်သည် သူ ကိုယ်တိုင် ပျိုးထောင်ပေးခဲ့သော ဤထိပ်တန်း နတ်ဘုရားစစ်သူကြီးကို ငုံ့ကြည့်ကာ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

"ဒီရက်ပိုင်း အပြင်လောက အခြေအနေ ဘယ်လိုရှိလဲ"

"အရှင်သခင်လီဟန်ကို ပြန်လည် တင်ပြပါရစေ၊ အပြင်လောကမှာ အရာအားလုံး ပုံမှန်ပါပဲ... အားလုံးက အရှင့်ရဲ့ ဘုန်းတန်ခိုးအောက်မှာ ခေါင်းငုံ့နေကြပါတယ်"

ချီယုက ရိုသေစွာ ပြောလိုက်သည်။

"ထူးဆန်းတဲ့ ပုဂ္ဂိုလ်တွေ ပေါ်လာတာမျိုး ရှိလား"

အနည်းငယ် စိုးရိမ်နေသေးသော အရှင်သခင်လီဟန်က ထပ်မံ မေးမြန်းလိုက်သည်။ ချီယုသည် ခဏမျှ ကြောင်အမ်းသွားပြီး အရှင်သခင်လီဟန်၏ မေးခွန်းကို နားမလည်သလို ဖြစ်သွားသော်လည်း လျင်မြန်စွာ ခေါင်းခါလိုက်သည်။

"ထူးဆန်းတဲ့ ပုဂ္ဂိုလ်တွေ မရှိပါဘူး၊ ကျွန်တော် ဒီရက်ပိုင်း နေရာအနှံ့ ကင်းလှည့်နေပါတယ်၊ တကယ်လို့ ပုံမှန်မဟုတ်တာ တစ်ခုခုရှိရင် ကျွန်တော် အရင်ဆုံး တွေ့မှာပါ"

ထိုစကားကို ကြားသောအခါ အရှင်သခင်လီဟန် နောက်ဆုံးတွင် စိတ်သက်သာရာ ရသွားသည်။

"ကောင်းတယ်"

"အရှင်သခင်လီဟန်... ကျွန်တော့်ကို ဆင့်ခေါ်တာ တစ်ခုခု ခိုင်းစရာ ရှိလို့လား"

ချီယုက မေးလိုက်သည်။ အရှင်သခင်လီဟန် ခေါင်းညိတ်လိုက်ပြီး သူ၏ မျက်နှာထား လေးနက်သွားသည်။

"ဟုတ်တယ်... ကိစ္စတစ်ခု ရှိတယ်"

"မိန့်တော်မူပါ အရှင်"

"ဒီရက်ပိုင်း ငါ့စိတ်ထဲမှာ ဂနာမငြိမ် ဖြစ်နေတယ်၊ ကျင့်ကြံနေတုန်းမှာတောင် ပြင်းထန်တဲ့ မကောင်းတဲ့ နိမိတ်တစ်ခုကို ခံစားလိုက်ရတယ်၊ ဒါက ကောင်းတဲ့ လက္ခဏာ မဟုတ်ဘူး၊ တစ်ခုခု ဖြစ်လာတော့မယ့် သဘောပဲ၊ ဒါကြောင့်... မင်း တခြား တာဝန်တွေ အားလုံးကို ခဏ ထားလိုက်ပြီး မင်းရဲ့ အစွမ်းထက်တဲ့ လက်အောက်ငယ်သားတွေကို ဦးဆောင်ကာ လီဟန်ကောင်းကင်ဘုံရဲ့ အနားသတ်ပင်လယ်ကို သွားရောက် ကာကွယ်စောင့်ရှောက်ဖို့ ငါ ပြောချင်တယ်"

ထိုစကားကို ကြားသောအခါ ချီယုလည်း အံ့သြသွားပြီး မေးလိုက်သည်။

"အရှင်သခင်လီဟန်... အဲဒီလောက်ကြီး အင်အားသုံးဖို့ လိုလို့လား၊ တကယ်လို့ တစ်ယောက်ယောက် လာရင်တောင် ကျွန်တော် တိုက်ရိုက် သုတ်သင်ပစ်လိုက်လို့ ရတာပဲ၊ ဘာလို့ တခြားကိစ္စတွေ ပစ်ထားပြီး အဲဒီကို သွားကာကွယ်နေရမှာလဲ"

အနားသတ်ပင်လယ် ဆိုသည်မှာ လီဟန်ကောင်းကင်ဘုံနှင့် အခြားသော ကမ္ဘာများကြားရှိ နယ်စပ်ဒေသကို ဆိုလိုသည်။ လီဟန်ကောင်းကင်ဘုံသို့ ဝင်ရောက်လိုလျှင် အနားသတ်ပင်လယ်ကို ဖြတ်သန်းရမည်ဟု ဆိုနိုင်သည်။ သို့သော် လီဟန်ကောင်းကင်ဘုံ၏ ကောင်းကင်တာအို နီယာမများသည် ပြည့်စုံခိုင်မာပြီး ကာကွယ်ရေး အစီအရင်များမှာလည်း အလွန် တင်းကျပ်သဖြင့် သမိုင်းတစ်လျှောက်တွင် မည်သူမျှ အတင်းအကျပ် ဖောက်ထွင်းဝင်ရောက်ရန် ကြိုးစားခဲ့ဖူးသည့် မှတ်တမ်း မရှိပေ။ ထို့ကြောင့် ပုံမှန်အားဖြင့် ထိုနေရာတွင် မည်သူမျှ စောင့်ကြပ်လေ့ မရှိကြပေ။

သို့သော် အရှင်သခင်လီဟန် ခေါင်းခါလိုက်သည်။

"မင်း နားမလည်ပါဘူး၊ ဒီကိစ္စက ဟွာမျိုးနွယ်စုနဲ့ ပတ်သက်နေတယ်လို့ ငါ သံသယရှိတယ်"

"ဟွာမျိုးနွယ်စုလား..."

ထိုအမည်ကို ကြားလိုက်ရသောအခါ ချီယု၏ မျက်နှာအမူအရာလည်း အလိုအလျောက် ပြောင်းလဲသွားသည်။ အရှင်သခင်လီဟန်၏ အယုံကြည်ရဆုံး လူယုံတစ်ဦး အနေဖြင့် ဟွာမျိုးနွယ်စု ဆိုသည်မှာ ဘာကို ဆိုလိုကြောင်း သူ သဘာဝကျကျ နားလည်သည်။ သို့သော် မကြာမီ သူ မဲ့ပြုံးပြုံးလိုက်သည်။

"တကယ်လို့ ကိုယ့်အန္တရာယ် ကိုယ်မသိဘဲ ဟွာမျိုးနွယ်စုက တစ်ကောင်ကောင် လာရဲတယ် ဆိုရင်တော့ ကောင်းတာပေါ့၊ ဘာပဲဖြစ်ဖြစ်... ကျွန်တော် ဒီ ဟွာမျိုးနွယ်စုဆီကနေ အကျိုးအမြတ် တော်တော်များများ ရထားတာပဲ"

ချီယုသည် သူ၏ နဖူးပေါ်ရှိ ဒေါင်လိုက်မျက်လုံးကို ဂုဏ်ယူစွာ ပွတ်သပ်လိုက်သည်။ ဤမျက်လုံးသည် ယန်ကျန်းထံမှ အရှင်သခင်လီဟန် ကိုယ်တိုင် ယူဆောင်ခဲ့ပြီး လျှို့ဝှက်သိုင်းအမျိုးမျိုးဖြင့် ပြုပြင်ကာ ချီယုအား ပေးသနားခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် သူ၏ စွမ်းအားကို များစွာ တိုးတက်စေခဲ့သဖြင့် သူ အလွန် တန်ဖိုးထားလေသည်။

"ဘာပဲဖြစ်ဖြစ်... ဒီကိစ္စက အရမ်း အရေးကြီးတယ်၊ သတ်လိုက်တာက လွှတ်ပေးလိုက်တာထက် ပိုကောင်းတယ်"

အရှင်သခင်လီဟန်က လေးနက်စွာ ပြောလိုက်သည်။ ချီယုသည် ဦးညွှတ်လိုက်သည်။

"အရှင်... စိတ်ချပါ၊ ကျွန်တော် နားလည်ပါပြီ!"

ထိုသို့ပြောပြီးသည်နှင့် သူ ထွက်ခွာရန် လှည့်လိုက်သည်။

"ခဏနေဦး"

အရှင်သခင်လီဟန်က ရုတ်တရက် လှမ်းခေါ်လိုက်သည်။

"အရှင်... တခြား မှာကြားစရာ ရှိသေးလို့လား"

"အနားသတ်ပင်လယ်ကို သွားစောင့်တဲ့အခါ ရှောင်ထျန်ကိုပါ ခေါ်သွားဖို့ မမေ့နဲ့၊ တကယ်လို့ တစ်ယောက်ယောက် လာခဲ့ရင် သူ့ကို ရှေ့ကနေ တိုက်ခိုက်ခိုင်းလိုက်"

အရှင်သခင်လီဟန်က ပေါ့ပါးစွာ ပြောလိုက်သည်။ ချီယုသညါ ခဏမျှ ကြောင်အမ်းသွားပြီးနောက် သဘောပေါက်စွာ မဲ့ပြုံးပြုံးပြီး ခေါင်းညိတ်လိုက်သည်။

"အရှင့်ရဲ့ အစီအစဉ်က တကယ်ကို ပြောင်မြောက်ပါတယ်၊ ကျွန်တော် လေးစားမိပါတယ်"

"သွားတော့"

အရှင်သခင်လီဟန်သည် လက်ဝှေ့ယမ်းလိုက်သည်။

"ဟုတ်ကဲ့"

ချီယု လှည့်ထွက်သွားပြီး သူ၏ နဖူးပေါ်ရှိ ဒေါင်လိုက်မျက်လုံး ရုတ်တရက် ပွင့်လာသည်။ နတ်ဘုရားအလင်းတန်း တစ်ချက် လက်သွားပြီး လေဟာနယ်တွင် အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်စေကာ သူသည် ထိုအထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားလေသည်။

ချီယု ထွက်ခွာသွားသည်ကို ကြည့်ပြီးနောက် အရှင်သခင်လီဟန်သည် ခဏမျှ တိတ်ဆိတ်နေသည်။ ထို့နောက် လက်ကို ဝှေ့ယမ်းလိုက်ရာ သူသည် နတ်ဘုရားကျောင်းတော် အတွင်းရှိ လျှို့ဝှက်အခန်းတစ်ခုထဲသို့ ရုတ်တရက် ရောက်ရှိသွားသည်။

အခန်းသည် ရိုးရှင်းစွာ ပြင်ဆင်ထားသော်လည်း ဝိညာဉ်စွမ်းအင်သည် အပြင်ဘက်ထက် ပိုမို သိပ်သည်းနေပြီး မြေပြင်ပေါ်တွင် ဝိညာဉ်နှင်းခဲလွှာ ပါးပါးလေးပင် ဖြစ်ပေါ်နေသည်။ အခန်း၏ အလယ်ဗဟိုတွင် အပြစ်အနာအဆာ ကင်းမဲ့ပြီး ဖောက်ထွင်းမြင်နိုင်သော ကျောက်စိမ်းတုံးကြီး တစ်တုံး ရှိနေသည်။ ကျောက်စိမ်းတုံးသည် လူတစ်ရပ်ထက် မြင့်မားပြီး ရင်တုန်ဖွယ်ကောင်းလောက်အောင် ပြင်းထန်သော ဝိညာဉ်ဖိအားများကို ထုတ်လွှတ်နေသည်။ ၎င်းသည် အတွင်း၌ ကြီးမားသော ဝိညာဉ်အနှစ်သာရများ ပါဝင်နေကြောင်း ပြသနေသည်။

နတ်ဘုရားမျိုးနွယ်စု အတွက်ပင်လျှင် မည်သူမဆို ဤကဲ့သို့သော ဝိညာဉ်ကျောက်စိမ်းမျိုးကို ထုတ်ပြနိုင်မည် မဟုတ်ပေ။ လေဟာနယ် နက်ရှိုင်းသော နေရာများရှိ ကျယ်ပြောသော နန်းတော်များတွင်ပင် ဤကဲ့သို့ အပြစ်အနာအဆာ ကင်းသော ဝိညာဉ်ကျောက်စိမ်းမျိုးသည် တန်ဖိုးမဖြတ်နိုင်သော ရတနာဖြစ်သည်။

ဤဝိညာဉ်ကျောက်စိမ်းကို မြင်လိုက်ရသောအခါ အရှင်သခင်လီဟန်၏ မျက်နှာပေါ်တွင် ရှုပ်ထွေးသော ခံစားချက်များ ပေါ်လာပြီး ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။ သူ နီးကပ်သွားသောအခါ ဝိညာဉ်ကျောက်စိမ်း အတွင်း၌ ဖျော့တော့သော ပုံရိပ်တစ်ခုကို မြင်တွေ့ရသည်။ ဝိညာဉ်စွမ်းအင်များ၏ လှုပ်ရှားမှုနှင့်အတူ ထိုပုံရိပ်သည် တဖြည်းဖြည်း ပိုမို ထင်ရှားလာသည်။

လုပ်ငန်းစဉ်သည် အလွန် နှေးကွေးသော်လည်း ယခုအခါ ထိုလူ၏ မျက်နှာကို ဝိုးတဝါး မြင်နေရပြီ ဖြစ်သည်။ ယုံကြည်နိုင်စရာ မကောင်းလောက်အောင်ပင် ထိုလူသည် အရှင်သခင်လီဟန်နှင့် ရုပ်ချင်း အလွန် ဆင်တူနေသည်။

ထိုလူကို မြင်လိုက်ရသောအခါ အရှင်သခင်လီဟန်သည် စိတ်လှုပ်ရှားစွာ လက်ကို ဆန့်ထုတ်ပြီး ကျောက်စိမ်းတုံးကို ဖြည်းညှင်းစွာ ထိတွေ့လိုက်သည်။

"ယန်အာ... ဒီကာလတွေမှာ မင်း ပင်ပန်းခဲ့ရပြီ"

မှန်ပေသည်. ကျောက်စိမ်းတုံး အတွင်း၌ ပေါ်လာသော သူသည် ယခင်က နတ်ဘုရားများကို ဦးဆောင်၍ ကမ္ဘာမြေသို့ သွားရောက် ဖျက်ဆီးခဲ့ပြီး အဆုံးတွင် ရွှယ်အန်း၏ လက်ချက်ဖြင့် အသတ်ခံလိုက်ရသော သူ၏သားဖြစ်သူ ယဲ့လျို့ယန်ပင် ဖြစ်သည်။

ထိုစဉ်က ရွှယ်အန်းသည် ကံကြမ္မာ နည်းစနစ်ကို အသုံးပြု၍ ယဲ့လျို့ယန်၏ ဝိညာဉ်ကို လုံးဝ ဖျက်ဆီးပစ်ခဲ့သည်။ အကယ်၍ မတော်တဆမှုသာ မရှိခဲ့လျှင် သူသည် ဖုန်မှုန့်အဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ သို့သော် သူ၏ တရားဝင် သွေးမျိုးဆက် ဆက်ခံသူ တစ်ဦးတည်းသော သားဖြစ်သည့်အတွက် အရှင်သခင်လီဟန်သည် ယဲ့လျို့ယန်ကို ကယ်တင်ရန် မည်သည့်အရာကိုမျှ မနှမြောခဲ့ပေ။ အပြစ်အနာအဆာ ကင်းသော ဝိညာဉ်ကျောက်စိမ်းကို အသုံးပြုကာ ရယ်လျိုယန်၏ ဝိညာဉ် အပိုင်းအစလေး တစ်ခုကို ထည့်သွင်းပြီး ပြန်လည် ကုစားပေးခဲ့သည်။

ဤမျှ ကြာရှည်စွာ စောင့်ဆိုင်းပြီးနောက် သူသည် နောက်ဆုံးတွင် သူ၏ မူလပုံစံသို့ တဖြည်းဖြည်း ပြန်လည် ရောက်ရှိလာခဲ့သည်။ အရှင်သခင်လီဟန်သည် ရှုပ်ထွေးသော မျက်နှာထားဖြင့် အပြစ်အနာအဆာ ကင်းသော ဝိညာဉ်ကျောက်စိမ်း အတွင်း၌ မျက်လုံးများ တင်းကျပ်စွာ မှိတ်ထားသော ယဲ့လျို့ယန်ကို ကြည့်လိုက်သည်။

"ယန်အာ... စိတ်မပူနဲ့၊ ဒီတစ်ခါ ဟွာမျိုးနွယ်စုက လာမယ့်သူဟာ မင်းကို သတ်ခဲ့တဲ့ လူ ဖြစ်နိုင်ခြေ အရမ်းများတယ်လို့ အဖေ အာရုံရနေတယ်၊ အချိန်တန်ရင် အဖေ မင်းအတွက် ကလဲ့စားချေပေးမယ်"

ထိုသို့ ပြောလိုက်စဉ် အရှင်သခင်လီဟန်၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းရောင် တစ်ချက် လက်သွားပြီး ကြောက်မက်ဖွယ် ကောင်းသော သတ်ဖြတ်လိုစိတ်သည် ကောင်းကင်ယံသို့ ထိုးတက်သွားကာ နတ်ဘုရားကျောင်းတော် တစ်ခုလုံး၏ အထက်ရှိ ကောင်းကင်ကို ပြောင်းလဲသွားစေသည်။

မိုင်ထောင်ပေါင်းများစွာ အချင်းဝက် အတွင်းရှိ ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသူ အားလုံးသည် အရှင်သခင်လီဟန် ထုတ်လွှတ်လိုက်သော လွှမ်းမိုးထားသည့် အရှိန်အဝါကြောင့် ကြောက်ရွံ့သွားကြပြီး ခေါင်းငုံ့ကာ တည့်တည့်ပင် မကြည့်ရဲကြတော့ပေ။

အခန်း (၁၁၆၆) - စိတ်ပြောင်းလွယ်သော သေမင်းတမန်

ထိုအချိန်လေးမှာပင် ဗဟိုနတ်ဘုရားကျောင်းတော်နှင့် မိုင်ပေါင်းများစွာ ဝေးကွာသော ငရဲနတ်ဘုရားကျောင်းတော်အတွင်း၌ ချီယု ရောက်ရှိလာသည်။

"အရှင့်ကို ဂါရဝပြုပါတယ်"

"နတ်ဘုရားစစ်သူကြီးကို ဂါရဝပြုပါတယ်"

များစွာသော လက်အောက်ငယ်သားများသည် ကျောင်းတော်အတွင်း၌ စောင့်ဆိုင်းနေကြသည်မှာ ကြာပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ချီယုကို ဧကရာဇ်အမိန့်စာဖြင့် ဆင့်ခေါ်သွားကြောင်း သူတို့ ကြားသိခဲ့ကြသောကြောင့် ဖြစ်သည်။ လီဟန်ကောင်းကင်ဘုံ အတွင်း၌ ကောင်းကင်အရှင်သခင် တစ်ဦးတည်းသာလျှင် ချီယုကို ဆင့်ခေါ်နိုင်စွမ်း ရှိသည်။ ဤလက်အောက်ငယ်သားများသည် ဘာဖြစ်ခဲ့သည်ကို မသိကြသဖြင့် အားလုံး အပြေးအလွှား ရောက်ရှိလာကြခြင်း ဖြစ်သည်။

သူ့ခြေရင်း၌ ဒူးထောက်နေသော လူအုပ်ကြီးကို ကြည့်ရင်း ချီယုသည် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

"အားလုံး ထကြပါ"

ထိုအခါမှသာ လူတိုင်း မတ်တပ်ရပ်လိုက်ကြသည်။

"နတ်ဘုရားစစ်သူကြီး... ကောင်းကင်အရှင်သခင်က အရှင့်ကို ဆင့်ခေါ်တာ ဘာများ ညွှန်ကြားစရာ ရှိလို့လဲ"

ချီယု၏ ရင်းနှီးသော လက်အောက်ငယ်သားတစ်ဦးက ရိုသေစွာ မေးလိုက်သည်။ ချီယုက ရယ်မောလိုက်ပြီး ပြောလိုက်သည်။

"ထွေထွေထူးထူးတော့ မဟုတ်ပါဘူး၊ ကောင်းကင်အရှင်သခင်က ပြင်ပလူတွေ ငါတို့ရဲ့ လီဟန်ကောင်းကင်ဘုံကို ကျူးကျော်လာလိမ့်မယ်လို့ နိမိတ်ရနေလို့ ငါ့ကို အနားသတ်ပင်လယ်မှာ သွားရောက် တပ်စွဲခိုင်းတာပါ"

ထိုစကားကို ကြားသောအခါ လူအုပ်ကြီး လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။

"ဘာ... ငါတို့ရဲ့ လီဟန်ကောင်းကင်ဘုံကို ကျူးကျော်ရဲတဲ့သူ ရှိတယ် ဟုတ်လား၊ သူတို့ သေချင်နေတာလား"

"ဟုတ်တယ်... လီဟန်ကောင်းကင်ဘုံဆိုတာ နတ်ဘုရားနယ်ပယ်ရဲ့ အမြင့်ဆုံး ကောင်းကင်ဘုံလေ၊ ဘယ်လောက်တောင် ခမ်းနားထည်ဝါလိုက်လဲ၊ ဘယ်သူကများ မလေးစားဘဲ နေမှာလဲ၊ ဒါကို ကျူးကျော်ရဲတယ် ဟုတ်လား"

လူအုပ်ကြီး ဆူညံလာသည်။ သို့သော် အချို့က ပို၍ တည်ငြိမ်ကြပြီး ရိုသေစွာ မေးလိုက်သည်။

"နတ်ဘုရားစစ်သူကြီး၊ ကောင်းကင်အရှင်သခင်က အမိန့်ပေးလိုက်ပြီဆိုမှတော့ ကျွန်တော်တို့ ဒီအမိန့်ကို ဘယ်လို အကောင်အထည် ဖော်ကြမလဲ"

"သေချာပေါက် သွားကြမှာပေါ့၊ ဘာပဲဖြစ်ဖြစ် ငရဲမြို့တော်ထဲမှာ နေရတာ ပျင်းစရာ ကောင်းနေပြီ၊ အပျော်ခရီး တစ်ခုလို့ပဲ သဘောထားလိုက်ကြတာပေါ့၊ တကယ်လို့ ကျူးကျော်လာတဲ့သူ ရှိရင်လည်း... ဒါက ငါတို့အတွက် ဂုဏ်ယူစရာကောင်းတဲ့ အလုပ်တစ်ခု ဖြစ်လာမှာပဲလေ၊ အပျင်းပြေတာပေါ့... မင်းတို့ ဘယ်လိုထင်လဲ"

ချီယု၏ စကားကြောင့် လူတိုင်း ရယ်မောလိုက်ကြသည်။

"မှန်တာပေါ့၊ ကျွန်တော်ဆိုရင် ဒီရာစုနှစ်တစ်ခုလုံး ပျင်းလွန်းလို့ အရိုးတွေတောင် ပျော့ခွေနေပြီ၊ အပြင်ထွက် လမ်းလျှောက်ရတာ အတော်ပဲ"

"ကျွတ် ကျွတ်... ကျွန်တော် ထင်တာတော့ ကျူးကျော်သူက တုံးတာပဲ ဖြစ်မယ်၊ ဒါမှမဟုတ် မိုက်မဲတာပဲနေမှာ ဒါပေမဲ့ နတ်ဘုရားစစ်သူကြီး ပြောတာ မှန်တယ်၊ သူတို့ မလာရင် ကိစ္စမရှိဘူး၊ လာရင်တော့ ကျွန်တော်တို့အတွက် ဂုဏ်ယူစရာပဲ"

ချီယု၏ မျက်နှာသာပေးမှုကို ခံရသော ဤလက်အောက်ငယ်သားများသည် ရက်စက်ပြီး သွေးဆာနေသော သေမင်းတမန်များဖြစ်ကြသည်။ ထို့ကြောင့် ဂုဏ်ယူစရာ အလုပ်တစ်ခု လုပ်ရမည့် အခွင့်အရေးကို ကြားလိုက်ရသောအခါ သူတို့သည် ဆူညံသွားကြပြီး အနားသတ်ပင်လယ်သို့ ချက်ချင်း သွားချင်စိတ်ပင် ပေါက်နေကြသည်။

ထိုအချိန်တွင် ချီယု ရုတ်တရက် လက်ဝှေ့ယမ်းလိုက်သည်။

"တိတ်ကြစမ်း"

အခန်းထဲမှ ဆူညံသံများသည် ခလုတ်ပိတ်လိုက်သကဲ့သို့ ရပ်တန့်သွားပြီး သုသာန်ပ်ာ ချက်ချင်း တိတ်ဆိတ်သွားသည်။ ထို့နောက် ချီယုသည် အခန်းထဲရှိ လူများကို ဝေ့ဝဲကြည့်လိုက်ပြီး မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။

"'ရှောင်ထျန် ဘာလို့ ဒီမှာ မရှိတာလဲ"

ရှောင်ထျန် ဟူသော နာမည်ကို ကြားလိုက်ရသောအခါ အခန်းထဲရှိ လူတိုင်း၏ မျက်နှာအမူအရာများ ထူးဆန်းသွားသည်။ လူအချို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် တစ်ယောက်က ရှေ့ထွက်လာကာ ရိုသေစွာ ပြောလိုက်သည်။

"နတ်ဘုရားစစ်သူကြီးကို ပြန်လည် တင်ပြပါရစေ၊ ဒီ ရှောင်ထျန် ခွေးက ပြင်ပမျိုးနွယ်စုက စစ်သည်တော် ဖြစ်တဲ့အတွက် ဒီလို အစည်းအဝေးမျိုးမှာ ပါဝင်ဖို့ အရည်အချင်း မမီပါဘူး၊ ဒါကြောင့် ကျွန်တော်တို့ အကြောင်းမကြားခဲ့ပါဘူး"

"တောက်"

ချီယု ရုတ်တရက် ဒေါသပေါက်ကွဲသွားသည်။ သူ၏ အသံအဆုံးတွင် စကားပြောသူ၏ ခေါင်းသည် အပိုင်းပိုင်းအစစ ပေါက်ကွဲထွက်သွားလေသည်။ သို့သော် ဤခေါင်းပြတ်နေသော အလောင်းသည် လဲကျမသွားဘဲ ချီယုဘက်သို့ တုန်ရီစွာ ဦးညွှတ်လိုက်သည်။

ထိုလူတစ်ယောက်တည်း မဟုတ်ပဲ အခန်းထဲရှိ လူတိုင်းသည် အလွန်အမင်း ကြောက်ရွံ့စွာ ခါးကို ကိုင်းညွှတ်လိုက်ကြပြီး အနည်းငယ်မျှပင် မလှုပ်ရှားရဲကြပေ။ ချီယုသည် ခန့်မှန်းရခက်သော စိတ်အပြောင်းအလဲနှင့် လူသတ်လိုစိတ် ပြင်းထန်သော ဂုဏ်သတင်းကြောင့် ကျော်ကြားသည်ဖြစ်ရာ မည်သူက သူ့ဒေါသကို ဆွရဲမည်နည်း။

"ရှောင်ထျန်က ဘာပဲဖြစ်ဖြစ် ကောင်းကင်အရှင်သခင် ကိုယ်တိုင် ငါ့ကို ပေးသနားထားတဲ့ စွမ်းအားကြီး စစ်သည်တော်လေ၊ မင်းတို့က သူ့ကို ဘယ်လိုလုပ် အထင်သေးရဲရတာလဲ၊ သွား... သူ့ကို သွားခေါ်ချေ"

ချီယု၏ စကားကို ကြားသောအခါ လူများစွာ၏ မျက်လုံးများထဲတွင် ထူးဆန်းသော အရိပ်အယောင်များ ဖြတ်သန်းသွားသည်။ ဤအရှင်သခင်ချီယု ဘာလုပ်ချင်နေမှန်း နားမလည်နိုင် ဖြစ်နေကြသည်။ သို့သော် သူ၏ စကားသည် အမိန့်ပင် ဖြစ်သည်။

ထို့ကြောင့် လက်ဖက်ရည်တစ်ခွက် သောက်စာ အချိန်ခန့်အကြာတွင် ခြေသံများ ကြားလိုက်ရပြီး အဖြူရောင် ဝတ်ရုံ ဝတ်ဆင်ထားသော လူငယ်တစ်ယောက် ခန်းမဆောင် အပြင်ဘက်မှ ဝင်လာသည်။ အဖြူရောင် သံချပ်ကာ ဝတ်ဆင်ထားသော ဤလူငယ်သည် အသက် ၁၈၊ ၁၉ နှစ်ခန့် ရှိပုံရပြီး သူ၏ သံချပ်ကာသည် နှင်းခဲကဲ့သို့ ဖြူစင်ကာ သူ၏ မျက်နှာသည် ထူးကဲစွာ ချောမောခန့်ညားနေသည်။ အထူးသဖြင့် နားထင်စပ်သို့ သွယ်တန်းနေသော ဓားသွားကဲ့သို့ မျက်ခုံးများနှင့် ဖီးနစ်ငှက် မျက်လုံးများ ပေါင်းစပ်လိုက်သောအခါ ထူးဆန်းသော ဆွဲဆောင်မှု တစ်မျိုးကို ဖြစ်ပေါ်စေသည်။

သို့သော် ယခုအချိန်တွင် သူ၏ မျက်လုံးများသည် အရောင်အဝါ ကင်းမဲ့နေပြီး တောက်ပမှုသာ ရှိနေသည်။ ထို့အပြင် သူ၏ လှုပ်ရှားမှုများသည် အလွန် တောင့်တင်းနေပြီး ကြည့်လိုက်သည်နှင့် ရုပ်သေးရုပ်တစ်ရုပ်ကဲ့သို့ ခံစားရစေသည်။

ထိုရောက်လာသူမှာ နတ်ဘုရားခွေး ရှောင်ထျန်ပင် ဖြစ်သည်။

သူ့ကို မြင်လိုက်ရသောအခါ ခန်းမဆောင်ကြီးထဲရှိ လူများ၏ မျက်နှာအမူအရာများ ရှုပ်ထွေးသွားသည်။ ကြောက်ရွံ့ခြင်း၊ ရွံရှာခြင်းနှင့် အထူးသတိထားခြင်းတို့ ဖြစ်သည်။ ရှောင်ထျန်သည် ငရဲမြို့တော်သို့ ရောက်ရှိလာကတည်းက သူ၏ ငြင်းဆန်၍မရနိုင်သော စွမ်းအားဖြင့် ချီယု၏ လက်အောက်တွင် ထိပ်တန်း အဆင့်သို့ ရောက်ရှိခဲ့သည်။ သဘာဝကျကျပင် ဤအချက်သည် အခြားသူများကို မကျေမနပ် ဖြစ်စေခဲ့ပြီး သူ့ကို ဝိုင်းပယ်ထားကြသည်။

သူ၏ စွမ်းအားမှာ ကြီးမားသော်လည်း ရှောင်ထျန်သည် နေ့စဉ် လမ်းမများပေါ်တွင် ကင်းလှည့်ရသည့် ဘေးဖယ်ခံရသူ တစ်ဦး အဖြစ်သို့ ရောက်ရှိနေခဲ့သည်။ မမျှော်လင့်စွာ ယနေ့မှ ချီယုက သူ့အကြောင်း ရုတ်တရက် ထုတ်ပြောလာသဖြင့် လူများစွာ နေရခက်သွားကြသည်။

ထိုအချိန်တွင် ချီယု၏ မျက်နှာသည် အပြုံးများဖြင့် ပြည့်နှက်နေသည်။

"ဗိုလ်ချုပ်ရှောင်ထျန်... ဒီကာလတွေမှာ မင်း ပင်ပန်းခဲ့ရပြီ"

ရှောင်ထျန်သညါ ခဏမျှ တိတ်ဆိတ်နေပြီးနောက် ဖြည်းညှင်းစွာ ဦးညွှတ်လိုက်ကာ မပီသသော အသံဖြင့် ပြောလိုက်သည်။

"အရှင်... အရှင် မြှောက်ပင့်လွန်းပါပြီ"

ချီယုက ရယ်မောလိုက်သည်။

"ဗိုလ်ချုပ်ရှောင်ထျန်... ငါ ကောင်းကင်အရှင်သခင်ဆီက အမိန့်တစ်ခု အခုပဲ ရလိုက်တယ်.၊ငါတို့ အနားသတ်ပင်လယ်မှာ တပ်စွဲရတော့မယ်၊ မင်းက ရှေ့တန်းတပ်မှူးအဖြစ် တာဝန်ယူရမယ်၊ မင်းမှာ ကန့်ကွက်စရာ ရှိလား"

ဤစကားသည် လူအုပ်ကြီးကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေသည်။ ရှောင်ထျန်က ခေါင်းခါလိုက်သည်။

"အရှင့် အမိန့်အတိုင်း လိုက်နာပါ့မယ်"

"ကောင်းတယ်၊ ဒါဆိုရင် ဒီကိစ္စကို ဗိုလ်ချုပ်ရှောင်ထျန်ရဲ့ လက်ထဲ အပ်လိုက်ပြီ၊ မှတ်ထား... ဒီတစ်ခါ လီဟန်ကောင်းကင်ဘုံကို ကျူးကျော်လာတဲ့သူတွေ ရှိတယ်၊ ဒါကြောင့် ညှာတာမနေနဲ့"

ရှောင်ထျန်သညါ ခဏမျှ တိတ်ဆိတ်နေပြီးနောက် ခေါင်းညိတ်လိုက်သည်။

"နားလည်ပါပြီ"

ချီယု၏ အပြုံးသည် ပိုမို ကျယ်ပြန့်လာသည်။

"ကောင်းတယ်၊ ဗိုလ်ချုပ်ရှောင်ထျန်၊ မင်းက တကယ်ကို ထူးခြားတာပဲ၊ ဟေ့ကောင်တွေ... ထိုင်ခုံ ယူလာခဲ့ပြီး ဝိုင် လာငှဲ့ပေးလိုက်"

မကြာမီပင် ရှောင်ထျန်အတွက် ကုလားထိုင်နှင့် ဝိုင် ရောက်ရှိလာသည်။ ရှောင်ထျန်သည် မငြင်းဆန်ဘဲ ခန်းမဆောင်ကြီးထဲတွင် ထိုင်ကာ ဝိုင်သောက်နေသည်။ ချီယုသည် ပြုံးဖြဲဖြဲဖြင့် ကြည့်နေပြီး ရှိနေသော လူတိုင်း၏ တီးတိုး ပြောဆိုသံများကို လုံးဝ လျစ်လျူရှုထားသည်။

လူတိုင်း ချီယု၏ အပြုအမူကို လုံးဝ နားမလည်နိုင် ဖြစ်နေကြစဉ် ရုတ်တရက် ခန်းမဆောင် အပြင်ဘက်မှ ဆူညံသံတစ်ခု ထွက်ပေါ်လာပြီးနောက် တစ်စုံတစ်ယောက်၏ ဝမ်းနည်းပက်လက် အော်ဟစ်သံကို ကြားလိုက်ရသည်။

"နတ်ဘုရားစစ်သူကြီး... ကျွန်တော့်ဘက်က ရပ်တည်ပေးပါဦး"

ထိုစကားနှင့်အတူ မျက်နှာတွင် ဒဏ်ရာများနှင့် ဖြူဖပ်ဖြူရော် ဖြစ်နေသော လူတစ်ယောက် အပြေးဝင်ရောက်လာသည်။ သူသည် အလွန်အမင်း ဂနာမငြိမ် ဖြစ်နေပုံရသည်။ အကြောင်းတစ်ခုခုကြောင့် သူသည် လူသားဖြစ်သော်လည်း ပြေးလာပုံမှာ ခွေးတစ်ကောင်နှင့် အလွန် တူနေသည်။

သူ ရောက်လာသောအခါ ခန်းမဆောင်ကြီးသည် တီးတိုး ပြောဆိုသံများဖြင့် ထပ်မံ ပြည့်နှက်သွားသည်။ ချီယုမှာ ခဏမျှ ကြောင်အမ်းသွားသော်လည်း ထိုလူက ရုတ်တရက် မြေပြင်ပေါ် ဒူးထောက်လိုက်ပြီး ငိုယိုတောင်းပန်လိုက်သည်။

"နတ်ဘုရားစစ်သူကြီး... ကျွန်တော့်ဘက်က ရပ်တည်ပေးပါ"

ချီယုသည် အနည်းငယ် စိတ်ရှုပ်သွားပြီး လေးနက်စွာ မေးလိုက်သည်။

"ဗိုလ်ချုပ်ထျန်ကု ... မင်း ဘာဖြစ်လာတာလဲ"

"ဝူး ဝူး ဝူး... နတ်ဘုရားစစ်သူကြီး... လွန်ခဲ့တဲ့ ရက်နည်းနည်းက ကျွန်တော် အောက်ပိုင်းနယ်ပယ'ကို သွားပြီး ပုံမှန်အတိုင်း ပြင်းထန်တဲ့ နေမင်းကို ဝါးမြိုဖို့ သွားခဲ့တာပါ, ကောင်းကင်အရှင်သခင်နဲ့ အရှင့်အတွက် နတ်ဘုရားစွမ်းအား စုဆောင်းပေးဖို့လေ ဒါပေမဲ့ မမျှော်လင့်ဘဲ အဲဒီမှာ တစ်ယောက်ယောက်က လျှို့ဝှက်သိုင်း သုံးလိုက်လို့ ကျွန်တော် ဒီလို အခြေအနေ ရောက်သွားရတာပါ"

မှန်ပေသည်။ ဤရောက်လာသူမှာ ပျံသန်းနဂါးဂိုဏ်းနှင့် အခြားသူများက ရွှယ်အန်းကို ထောင်ဖမ်းရန်အတွက် ကောင်းကင်မီးတောက် ချောက်နက်ကြီးကို ပိတ်ဆို့ရာတွင် စေလွှတ်ခဲ့သော ထျန်ကုပင် ဖြစ်သည်။ သို့သော် ရွှယ်အန်းက လက်သီးတစ်ချက်တည်းဖြင့် ဖျက်ဆီးခဲ့ပြီး ထျန်ကု ကိုယ်တိုင်လည်း ဒဏ်ရာရသွားခဲ့သည်။

ထျန်ကုသည် တကယ်ကို ကံဆိုးသူ ဖြစ်သည်။ သူသည် ပုံမှန်အတိုင်း နေမင်းကို ဝါးမြိုရန်သာ ရည်ရွယ်ခဲ့သော်လည်း ပျံသန်းနဂါးဂိုဏ်းနှင့် အခြားသူများ၏ စိတ်မြန်လက်မြန် အမြတ်ထုတ်ခြင်းကို ခံလိုက်ရပြီး သူ၏ နတ်ဘုရားစွမ်းအားကို အသုံးပြုခဲ့ရသည်။ အကယ်၍ ထိုမျှသာ ဆိုလျှင် အဆင်ပြေနိုင်သော်လည်း သူသည် အကြောင်းပြချက် ပေး၍မရအောင် စွမ်းအားကြီးမားသော ရွှယ်အန်းနှင့် တွေ့ဆုံခဲ့ရသည်။

ထို့ကြောင့် ထျန်ကုသည် ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့သည်။ သို့ဖြစ်ရာ သူ ပြန်လာပြီး ငိုယိုတိုင်တန်းနေခြင်း ဖြစ်သည်။ ဇာတ်လမ်းစုံကို ကြားပြီးနောက် လူတိုင်း ရယ်ချင်သလိုလို သနားသလိုလို ဖြစ်ကုန်ကြသည်။ ချီယုသည် ခေါင်းကုတ်လိုက်ပြီး စိတ်မရှည်စွာ ပြောလိုက်သည်။

"တော်တော့... မင်းကိစ္စ နောက်မှ ပြောမယ်၊ အခု ငါတို့မှာ တာဝန်သစ် ရှိတယ်... အဲဒါကို ဆက်လုပ်ရမယ်"

"တာဝန်သစ် ဟုတ်လား၊ ဘာတာဝန်လဲ"

ထျန်ကုသည် အနည်းငယ် ကြောင်သွားသည်။

ထို့နောက် သူသည် မလှမ်းမကမ်းတွင် ထိုင်၍ ဝိုင်သောက်နေသော ရှောင်ထျန်ကို သတိထားမိလိုက်သည်။ ပထမတော့ သူ ကြောင်အမ်းသွားပြီးနောက် သူ၏ မျက်လုံးများထဲတွင် ရူးသွပ်လုနီးပါး မနာလိုဝန်တိုမှုများနှင့် နာကြည်းမှုများ ပြည့်နှက်သွားလေတော့သည်။

အခန်း (၁၁၆၇) - အနားသတ်မြို့တော် နှင့် မဒမ် ဇွေ့မန်

"နတ်ဘုရားစစ်သူကြီး၊ ဘာဖြစ်လို့ ဒီအပြင်လူက ဒီရောက်နေတာလဲ"

ထျန်ကုက မုန်းတီးသော မျက်နှာထားဖြင့် မေးလိုက်သည်။ ချီယုက ရယ်မောလိုက်သည်။

"မင်းကို ပြောဖို့ မေ့သွားတယ်၊ ကောင်းကင်အရှင်သခင်က ဒီစစ်ဆင်ရေးအတွက် ရှောင်ထျန်ကို ရှေ့တန်းတပ်မှူးအဖြစ် ကိုယ်တိုင် ခန့်အပ်ထားတာကွ"

"ဘာ"

ထျန်ကု၏ မျက်နှာမှာ သွေးဆုတ်ဖြူဖပ်သွားသည်။ အဘယ်ကြောင့်ဆိုသော် သူတို့နှစ်ဦးစလုံးသည် ခွေးမျိုးနွယ်ဝင်များ ဖြစ်ကြသဖြင့် ရှောင်ထျန် ငရဲမြို့တော်သို့ ရောက်လာကတည်းက ဤထျန်ကုသည် သူ့အပေါ် ရန်လိုမှု အပြည့်ရှိခဲ့ပြီး ရှောင်ထျန်ကို ဖယ်ရှားပစ်ရန် နည်းလမ်းမျိုးစုံ ရှာဖွေခဲ့သည်။ မူလက သူ၏ ရည်မှန်းချက် အောင်မြင်ခဲ့သော်လည်း မမျှော်လင့်စွာ ဤတစ်ကြိမ်တွင် ရှောင်ထျန်သည် ကောင်းကင်အရှင်သခင်ထံမှ ကိုယ်ပိုင် တာဝန်ပေးအပ်ခြင်း ခံခဲ့ရသည်။

သဘာဝကျကျပင် ဤအချက်သည် ထျန်ကု၏ ရင်ထဲတွင် မကျေနပ်မှုနှင့် မနာလိုဝန်တိုမှုများကို ပြည့်နှက်သွားစေသည်။ သို့သော် ယခု အခြေအနေ ဤသို့ ဖြစ်လာပြီဖြစ်ရာ သူသည် ခေါင်းငုံ့ကာ မည်သည့်စကားမျှ မပြောဘဲ နေလိုက်ရသော်လည်း သူ၏ မျက်လုံးများထဲတွင်မူ အာခံလိုစိတ်များ ပြည့်နှက်နေဆဲ ဖြစ်သည်။

"ကောင်းပြီ၊ ပစ္စည်းတွေ သိမ်းကြ... အခု ချက်ချင်း ထွက်ခွာမယ်"

"ဟုတ်ကဲ့"

လူအုပ်ကြီးက မိုးခြိမ်းသံကဲ့သို့ တုံ့ပြန်လိုက်ကြသည်။ ခဏအကြာတွင် တောက်ပသော အလင်းတန်းတစ်ခုသည် ငရဲမြို့တော် အတွင်းမှ ထိုးတက်လာပြီး အဝေးရှိ အနားသတ်ပင်လယ်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားလေသည်။

အနားသတ်ပင်လယ်ဟု ခေါ်ဆိုသော်လည်း ဤနေရာတွင် ပင်လယ်ဟူ၍ တစ်စက်မျှ မရှိပေ။ ဤနေရာတွသခ ရှိနေသည်မှာ ဖရိုဖရဲ မြူခိုးများ ဖုံးလွှမ်းထားသော ကျယ်ပြောလှသည့် မြေရိုင်းပြင်ကြီးသာ ဖြစ်သည်။ သာမန်လူများ ဝင်ရောက်မိပါက အတွင်းရှိ ကွဲအက်နေသော လေဟာနယ်ကြောင့် အပိုင်းပိုင်းအစစ ဆုတ်ဖြဲခံရမည် ဖြစ်သည်။

သို့သော် ဤနေရာသည် လူသူကင်းမဲ့ခြင်း မရှိသည့်အပြင် အလွန် စည်ကားလှသည်။ အဘယ်ကြောင့်ဆိုသော် လီဟန်ကောင်းကင်ဘုံသည် မည်မျှပင် စွမ်းအားကြီးမားပါစေ ပြင်ပကမ္ဘာနှင့် ကူးလူးဆက်ဆံမှု ရှိရမည်သာ ဖြစ်သည်။ ထို့ကြောင့် အရှင်သခင်လီဟန်သည် အမိန့်ပြန်တမ်း တစ်ခု အထူး ထုတ်ပြန်ထားပြီး ထိုအမိန့်စာ ပါရှိသူများကိုသာ ဤအနားသတ်ပင်လယ်ကို ဖြတ်သန်းခွင့် ပြုထားသည်။ တစ်နည်းအားဖြင့် ပြောရလျှင် ဤသူများသည် တရားဝင် အသိအမှတ်ပြုထားသော ကုန်သည်များ ဖြစ်ကြသည်။

သူတို့သည် လီဟန်ကောင်းကင်ဘုံမှ ထွက်ရှိသော ထူးခြားသည့် သတ္တုရိုင်းများကို အပြင်သို့ သယ်ထုတ်ကြပြီး ပြင်ပကမ္ဘာမှ ထူးခြားသော ကုန်ပစ္စည်းများကို ပြန်လည် သယ်ဆောင်လာကြသည်။ အသွားအလာများကြားတွင် ဤကုန်သည်လမ်းကြောင်းသည် အလွန် စည်ကားလာသည်။ ကူးသန်းရောင်းဝယ်ရေး ရှိသည့်နေရာတွင် မြို့ပြများ ရှိစမြဲဖြစ်သည်။

အနားသတ်ပင်လယ်သည်လည်း ခြွင်းချက် မဟုတ်ပေ။ ဤလမ်းကြောင်း၏ အရေးပါဆုံး အချက်အချာကျသော နေရာတွင် ကြီးမားသော မြို့တော်ကြီးတစ်ခု တည်ရှိသည်။ ၎င်းသည် ကျော်ကြားလှသော လီဟန်ကောင်းကင်ဘုံ၏ အနားသတ်မြို့တော်ပင် ဖြစ်သည်။

နေ့စဉ် ရေတွက်၍ မရနိုင်သော ကုန်ပစ္စည်းများသည် ဤနေရာကို ဖြတ်သန်းသွားလာနေကြပြီး ကြွယ်ဝချမ်းသာမှုများသည် အရှင်သခင်လီဟန်၏ ဘဏ္ဍာတိုက်ထဲသို့ အဆုံးမဲ့ စီးဝင်နေသည်။ ဤအချက်က ဤနေရာ၏ အရေးပါမှုကို ဖော်ပြနေသည်။ ထို့ကြောင့် အနားသတ်မြို့တော်ကို တာဝန်ယူ အုပ်ချုပ်သူသည် အရှင်သခင်လီဟန်၏ ကိုယ်လုပ်တော်များထဲမှ တစ်ဦးဖြစ်သော ဒုတိယမဒမ် နတ်သမီး ဇွေ့မန်ပင် ဖြစ်သည်။

ယခုအချိန်တွင် နတ်သမီး ဇွေ့မန်သည်လည်း သတင်းရရှိထားပြီဖြစ်ကာ ချီယုက လူများကို ဦးဆောင်၍ အနားသတ်မြို့တော်သို့ ရောက်ရှိလာချိန် သူမသည် အံ့သြဖွယ်ကောင်းလောက်အောင် ကိုယ်တိုင် ထွက်၍ ကြိုဆိုလေသည်။ ချီယုသည် မောက်မာဝင့်ကြွားသူ ဖြစ်သော်လည်း စွမ်းရည်ရော အဆင့်အတန်းပါ မိမိထက် တစ်ဆင့်မြင့်သော ဤအမျိုးသမီး၏ ရှေ့မှောက်တွင်မူ ရိုသေစွာ ခေါင်းငုံ့ရပေသည်။

"ဂါရဝပြုပါတယ် ဒုတိယမဒမ်"

နတ်သမီး ဇွေ့မန်သည် အလွန် ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦး ဖြစ်သည်။ ချီယု၏ နှုတ်ဆက်စကားကို ကြားသောအခါ သူမ ပြုံးလိုက်ပြီး ပြောလိုက်သည်။

"နတ်ဘုရားစစ်သူကြီး... ရှင်က ယဉ်ကျေးလွန်းနေပါပြီ၊ ရှင်က ကောင်းကင်အရှင်သခင်ရဲ့ အမိန့်နဲ့ ကွပ်ကဲဖို့ ရောက်လာတာလေ၊ ကျွန်မက အများကြီး ကြိုဆိုပါတယ်၊ လာပါ... အထဲဝင်ပါ"

ထိုစကားနှင့်အတူ အချို့လူများက ချီယု၏ အဖွဲ့ကို စည်ကားလှသော အနားသတ်မြို့တော် အတွင်းသို့ ဖိတ်ခေါ်လိုက်ကြသည်။ အနားသတ်မြို့တော်သည် ငရဲမြို့တော်ထက် ပိုမို စည်ကားကြောင်း ဝန်ခံရပေမည်။ အထဲရောက်သည်နှင့် ချီယု၏ လက်အောက်ငယ်သား အများအပြားသည် မျက်လုံးဒေါက်ထောက် ကြည့်မဝ ဖြစ်နေကြသည်။ မြို့စားအိမ်တော်သို့ ရောက်ရှိသောအခါ လူတိုင်း အံ့သြသွားကြသည်။ အဘယ်ကြောင့်ဆိုသော် အိမ်တော်သည် ခမ်းနားထည်ဝါသော်လည်း အတွင်းမှ ယောင်္ကျားလေးနှင့် မိန်းမများစွ။၏ ရယ်မောသံများ ထွက်ပေါ်နေသဖြင့် ပြည့်တန်ဆာအိမ်တစ်ခု ဖြစ်နေကြောင်း ထင်ရှားနေသောကြောင့် ဖြစ်သည်။ နတ်သမီး ဇွေ့မန်က ပြုံး၍ ပြောလိုက်သည်။

"ရှင်တို့အားလုံး အဝေးကြီးက လာရတာဆိုတော့ ဒီမှာ အရင် အနားယူလိုက်ကြပါဦး"

သူမ ပြောလိုက်သည်နှင့် ရေတွက်၍ မရနိုင်သော ချောမောလှပသည့် အမျိုးသမီးများ ထွက်လာကြပြီး တခစ်ခစ် ရယ်မောလျက် ချီယုနှင့် သူ၏ လက်အောက်ငယ်သား အများအပြားကို ခေါ်ဆောင်သွားကြသည်။ ဤကဲ့သို့ ဆွဲဆောင်မှု ပြင်းထန်သော အမျိုးသမီးများ၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရသောအခါ ချီယု ဦးဆောင်သော လူဆိုးများသည် ဝမ်းသာအားရ လက်ခံလိုက်ကြပြီး ယဉ်ကျေးမှု စကားပင် မပြောနိုင်တော့ဘဲ အမျိုးသမီးများ နောက်သို့ စိတ်အားထက်သန်စွာ လိုက်ပါသွားကြသည်။

ဇွေ့မန်သည် ပြုံး၍ ကြည့်နေသော်လည်း သတိထားမိရန် ခက်ခဲသော အထင်သေးသည့် အရိပ်အယောင်တစ်ခု သူမ၏ မျက်လုံးများထဲတွင် ဖြတ်သန်းသွားသည်။ သို့သော် မကြာမီ သူမသည် တည်ငြိမ်မှုကို ပြန်လည် ရယူလိုက်ပြီး အဆောက်အအုံထဲသို့ ဝင်ရောက်ရန် ပြင်လိုက်သည်။ ထိုအချိန်တွင် အဝေး၌ တစ်ယောက်တည်း ရပ်နေသော ပုံရိပ်တစ်ခုကို သူမ သတိထားမိလိုက်သည်။

၎င်းသည် အဖြူရောင် သံချပ်ကာ ဝတ်ဆင်ထားပြီး ထူးကဲစွာ ချောမောခန့်ညားသော မျက်နှာပိုင်ရှင် လူငယ်တစ်ဦးဖြစ်သည်။ ဤအရာကို မြင်လိုက်ရသောအခါ ဇွေ့မန် အံ့သြသွားပြီး ကျက်သရေရှိစွာ လျှောက်သွားကာ ပြုံး၍ မေးလိုက်သည်။

"ဗိုလ်ချုပ်... ဒီအမျိုးသမီးတွေထဲက ဘယ်သူ့ကိုမှ မျက်စိမကျလို့လား၊ ဘာလို့ အထဲဝင်ပြီး မပျော်ပါးဘဲ ဒီမှာ တစ်ယောက်တည်း ရပ်နေရတာလဲ"

ထိုစကားကို ကြားသောအခါ ရှောင်ထျန်သည် ခေါင်းမော့လာပြီး မဒမ် ဇွေ့မန်ကို တိတ်ဆိတ်စွာ ကြည့်လိုက်သည်။ ထို့နောက် ခေါင်းခါလိုက်သည်။

"ကျွန်တော့်အတွက် မလိုပါဘူး"

ရှောင်ထျန်၏ အကြည့်နှင့် ထိတွေ့လိုက်ရသောအခါ မဒမ်ဇွေ့မန်သည် ရင်ဘတ်ထဲတွင် ရှင်းပြ၍ မရနိုင်သော တင်းကျပ်မှုကို ခံစားလိုက်ရပြီး ခန္ဓာကိုယ်မှ အမွှေးအမျှင်များ ထောင်ထသွားသကဲ့သို့ ဖြစ်သွားသည်။ သို့သော် သူမသည် အလွန် တွက်ချက်တတ်သူ ဖြစ်သဖြင့် ထိုခံစားချက်များကို အပြင်ပန်းတွင် မပေါ်လွင်စေဘဲ ရှက်သွေးဖြာဟန်ဆောင်ကာ တောင်းပန်လိုက်သည်။

"ကျွန်မ တကယ် တောင်းပန်ပါတယ်၊ ဗိုလ်ချုပ်က လူသားမျိုးနွယ် မဟုတ်ဘူး ဆိုတာ ကျွန်မ သတိမထားမိလိုက်လို့ပါ၊ စိတ်ချပါ... ကျွန်မဆီမှာ အမျိုးအစားစုံတဲ့ မိန်းမတွေ ရှိပါတယ်"

ထိုသို့ပြောပြီးသည်နှင့် သူမ ခေါင်းလှည့်ကာ လက်အောက်ငယ်သားများကို အချက်ပြလိုက်သည်။ သူတို့ အလျင်အမြန် ထွက်ခွာသွားပြီး မကြာမီ အမျိုးသမီးတစ်ဦးကို ခေါ်ဆောင်လျက် ပြန်ရောက်လာကြသည်။ ထိုအမျိုးသမီးသည် ခေါင်းကို ငုံ့ထားပြီး မျက်နှာကို သေချာ မမြင်ရသော်လည်း ကျနေသော ဆံနွယ်များကြားမှ သူမ၏ ချောမောသော အသွင်အပြင်ကို မြင်တွေ့နိုင်သည်။ သို့သော် ယခုအချိန်တွင် ထိုအမျိုးသမီးသည် ပြင်းထန်စွာ တုန်ယင်နေပြီး အလွန်အမင်း ကြောက်ရွံ့နေပုံရသည်။ ဇွေ့မန်က ဝမ်းသာအားရ ရယ်မောလိုက်သည်။

"ဗိုလ်ချုပ်... ဒီအမျိုးသမီးကို လွန်ခဲ့တဲ့ နှစ်ရက်လောက်ကမှ ကျွန်မ ဝယ်လိုက်တာပါ၊ တိုက်ဆိုင်စွာပဲ သူမက ရှင်နဲ့ မျိုးနွယ်တူ ဖြစ်နေတယ် ပြီးတော့ အပျိုစင်လေးပါ၊ တကယ်လို့ ရှင် ကြိုက်ရင် ယူသွားလို့ ရပါတယ်"

သူမ၏ စကားများတွင် အဆုံးစွန်သော ဆွဲဆောင်မှုများ ပါဝင်နေသည်။ သို့သော် ရှောင်ထျန်သည် မျက်နှာအမူအရာ ကင်းမဲ့နေပြီး ရှေ့သို့ ခေါ်ဆောင်လာသော အမျိုးသမီးကို လှည့်ကြည့်လိုက်ရုံသာ ရှိသည်။ မဒမ်ဇွေ့မန်၏ စကားကို ကြားသောအခါ ထိုအမျိုးသမီး အံ့အားသင့်သွားသည်။

မျိုးနွယ်တူ၊ တကယ်ပဲ မျိုးနွယ်တူ တစ်ယောက် ရှိနေတာလား...

ထိုအတွေးနှင့်အတူ သူမသည် ရှောင်ထျန်ကို မခိုးမခန့် ကြည့်လိုက်မိသည်။ ထိုအချိန်လေးမှာပင် သူတို့၏ အကြည့်များ ဆုံစည်းသွားကြသည်။

အမျိုးသမီး၏ နှလုံးသား တုန်ခါသွားသည်။ မှန်ပေသည်။ ဤသည်မှာ သူမမျိုးနွယ်၏ အရှိန်အဝါဖြစ်သည့်အပြင် အလွန် စွမ်းအားကြီးမားသည်။ အရေးကြီးဆုံးအချက်မှာ ရှောင်ထျန်ဆီ၌ ရက်စက်ပြီး သွေးဆာသော အရှိန်အဝါ မရှိကြောင်း သူမ ကောင်းစွာ အာရုံခံမိလိုက်သည်။

ဤအချက်က မျှော်လင့်ချက်မဲ့နေသော သူမ၏ ရင်ထဲတွင် ဖျော့တော့သော မျှော်လင့်ချက် ရောင်ခြည်လေး တစ်ခုကို တောက်လောင်လာစေပြီး သူမသည် ရှောင်ထျန်ကို တောင်းပန်သော အကြည့်ဖြင့် ကြည့်လိုက်သည်။ သို့သော် ထိုအချိန်တွင် ရှောင်ထျန်သည် မျက်လွှာချလိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။

"ကျွန်တော် ပြောပြီးပြီလေ မလိုပါဘူးလို့၊ ကျွန်တော့်ကို တိတ်ဆိတ်တဲ့ အခန်းတစ်ခန်းလောက်ပဲ ရှာပေးပါ"

ရှောင်ထျန် ငြင်းပယ်လိုက်လိမ့်မည်ဟု မည်သူမျှ ထင်မထားခဲ့ပေ။ အထူးသဖြင့် ထိုအမျိုးသမီး ဖြစ်သည်။ သူမသည် အလွန်အမင်း တုန်လှုပ်သွားပြီးနောက် ရှောင်ထျန်ကို မျှော်လင့်ချက်မဲ့သော အကြည့်ဖြင့် ကြည့်လိုက်သည်။ မဒမ်ဇွေ့မန်လည်း အံ့သြသွားသော်လည်း မကြာမီ သူမ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာပြီး ခေါင်းညိတ်လိုက်သည်။

"ကောင်းပါပြီ၊ ဗိုလ်ချုပ်က အတင်းငြင်းနေမှတော့ ကျွန်မလည်း အတင်း မတိုက်တွန်းတော့ပါဘူး"

ထိုသို့ပြောပြီးသည်နှင့် သူမ လက်အောက်ငယ်သားများကို အချက်ပြလိုက်သည်။ တောင့်တင်းသန်မာသော အမျိုးသမီးတစ်ဦး ရှေ့ထွက်လာပြီး ထိုအမျိုးသမီး၏ လက်မောင်းကို ဆွဲကာ တရွတ်တိုက် ဆွဲခေါ်သွားလေသည်။ ထိုအချိန်တစ်လျှောက်လုံး ထိုအမျိုးသမီးသည် စကားတစ်ခွန်းမျှ မပြောဘဲ ရှောင်ထျန်ကို ဝမ်းနည်းခြင်း၊ မျှော်လင့်ချက်မဲ့ခြင်းများ ပြည့်နှက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။ သူ စိတ်ပြောင်းသွားလိမ့်မည်ဟု မျှော်လင့်နေသည့်အလားထင်ရသည်။

သို့သော် သူမကို အဝေးသို့ ဆွဲခေါ်သွားသည်အထိ ရှောင်ထျန်သည် သူမကို တစ်ချက်မျှပင် လှည့်မကြည့်ခဲ့ပေ။ ထို့နောက် မဒမ်ဇွေ့မန်သည် ရှောင်ထျန် အနားယူရန်အတွက် လူတစ်ယောက်ကို ကိုယ်တိုင် စီစဉ်ပေးလိုက်သည်။ သူ၏ ပုံရိပ် ထောင့်ချိုးတစ်ခုတွင် ပျောက်ကွယ်သွားမှသာ မဒမ် ဇွေ့မန်၏ မျက်နှာပေါ်ရှိ အပြုံး တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

"အဲဒါ လသားဟွာမျိုးနွယ်စုကနေ ထွက်ပြေးခိုလှုံလာတဲ့ ဗိုလ်ချုပ်ရှောင်ထျန် ဆိုတာလား"

"ဟုတ်ပါတယ်"

သူမ၏ လက်အောက်ငယ်သားက ရိုသေစွာ ပြန်ဖြေသည်။

"တကယ်ပဲ ဟွာမျိုးနွယ်စုရဲ့ နတ်ဘုရားတစ်ပါး ဖြစ်ရတာနဲ့ တန်ပါပေတယ်"

မဒမ်ဇွေ့မန်သည် သက်ပြင်းချလိုက်ပြီးနောက် အေးစက်စွာ အမိန့်ပေးလိုက်သည်။

"သူ့ကို စောင့်ကြည့်ဖို့ လူလွှတ်ထားလိုက်၊ ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှု တစ်ခုခုရှိရင် ငါ့ကို ချက်ချင်း လာသတင်းပို့"

"နားလည်ပါပြီ”

All Chapters