← Chapters

အခန်း (၁၁၆၈-၁၁၇၀)

Vol. 78 Ch. 1168-1170

အခန်း (၁၁၆၈-၁၁၇၀)

Vol. 78 Ch. 1168-1170

အခန်း (၁၁၆၈) - မိစ္တာများ ကုန်ခုန်နေသည့်အလား၊ စိတ်ရှုပ်ထွေးမှုများ

ညနေစောင်းချိန်တွင် အနားသတ်မြို့တော်သည် မီးရောင်များဖြင့် စတင် တောက်ပလာသည်။ မြို့စားအိမ်တော်တွင် သီဆိုကခုန်သံများဖြင့် ပိုမို စည်ကားနေပြီး အသက်ဝင်နေသော မြင်ကွင်းတစ်ခုကို ဖော်ဆောင်နေသည်။

နတ်ဘုရားစစ်သူကြီး ချီယုနှင့် အခြားသူများ ရောက်ရှိလာခြင်းကြောင့် မြို့စားအိမ်တော်သည် ပိုမို စည်ကားနေပုံရသည်။ ရံဖန်ရံခါ အခန်းအသီးသီးမှ ထွက်ပေါ်လာသော နောက်ပြောင်သံများနှင့် ရယ်မောသံများကို ကြားနေရပြီး မိစ္ဆာများ ကခုန်နေသကဲ့သို့ပင် ထင်ရနေသည်။

နတ်သမီး ဇွေ့မန်သည် စာကြည့်ခန်းထဲတွင် ထိုင်လျက် နေ့စဉ်စာရင်းများကို စစ်ဆေးနေသည်။ ဤသည်မှာ သူမ ဘယ်တော့မှ မပျက်ကွက်သော နေ့စဉ်လုပ်ငန်းဆောင်တာ တစ်ခုဖြစ်သည်။

ထိုအချိန်မှာပင စာကြည့်ခန်း တံခါး ဖြည်းညှင်းစွာ ပွင့်သွားပြီး ရိုးရိုးရှင်းရှင်း ဝတ်စားထားကာ ရိုးရိုးရှင်းရှင်း ရုပ်ရည်နှင့် အလွန် သာမန်ဆန်သော အမူအရာရှိသည့် အမျိုးသားတစ်ဦး ဝင်လာသည်။ ဤအမျိုးသားသည် မည်မျှ သာမန်ဆန်သနည်းဆိုရသော် လူအုပ်ထဲ ပစ်ထည့်လိုက်လျှင် ချက်ချင်း ပျောက်ကွယ်သွားမည့်သူမျိုး ဖြစ်သည်။

သို့သော် နတ်သမီးဇွေ့မန်က ဤအမျိုးသား ဝင်လာသည်ကို မြင်သောအခါ စာရင်းစာအုပ်ကို ချလိုက်ပြီး လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

"ဘယ်လို အခြေအနေ ရှိလဲ"

ထိုအမျိုးသားက ရိုသေစွာ ဦးညွှတ်လိုက်သည်။

"မဒမ်ကို တင်ပြပါရစေ၊ အခုလောက်ထိတော့ အကုန်လုံး တိတ်ဆိတ်ငြိမ်သက်နေပါတယ်ထ နတ်ဘုရားစစ်သူကြီး ချီယုရဲ့ အခန်းထဲမှာ မိန်းကလေး သုံးယောက် သေသွားတာကလွဲရင်ပေါ့"

ထိုစကားကို ကြားသောအခါ နတ်သမီး ဇွေ့မန် မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး နှာမှုတ်လိုက်သည်။

"အဲဒီ ချီယုဆိုတဲ့ကောင်က တကယ်ကို လီဟန် မွေးထားတဲ့ ခွေးရူးတစ်ကောင်ပဲ၊ သူ့လုပ်ရပ်တွေက တကယ့်ကို ရက်စက်ကြမ်းကြုတ်လွန်းတယ်၊ သူ့ကို ဂရုစိုက်မနေနဲ့... မိန်းကလေး သေသွားရင် အသစ်နဲ့ အစားထိုးလိုက်"

"ဟုတ်ကဲ့"

အမျိုးသားက ခေါင်းညိတ်လိုက်သည်။ ထိုအချိန်တွင် ဇွေ့မန် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး အသံနိမ့်ဖြင့် မေးလိုက်သည်။

"ဗိုလ်ချုပ်ရှောင်ထျန်ဘက်က အခြေအနေကော"

အမျိုးသားက ခေါင်းခါလိုက်သည်။

"ထူးခြားတာ ဘာမှ မတွေ့ရပါဘူး၊ တကယ်တော့ သူ့အခန်းထဲ ဝင်သွားကတည်းက ဗိုလ်ချုပ်ရှောင်ထျန် တစ်ခါမှ ပြန်ထွက်မလာတော့ဘူး"

"အို... တစ်ခါမှ ထွက်မလာဘူးလား"

ဇွေ့မန်သည် စာရင်းစာအုပ်ကို ပိတ်လိုက်ပြီး မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။

အမျိုးသားက ခေါင်းညိတ်သည်။

"ဟုတ်ပါတယ်... သူ့ရဲ့ ညစာကိုတောင် ကျွန်တော် လွှတ်လိုက်တဲ့ လူက သွားပို့ပေးတာပါ၊ ထမင်းပို့တဲ့လူ ပြောပြချက်အရ ဆိုရင်... ဗိုလ်ချုပ်ရှောင်ထျန်က ယူလာတဲ့ အစားအသောက်တွေကို ကြည့်တောင် မကြည့်ဘဲ ယူပြီး စားလိုက်တာပဲတဲ့"

နတ်သမီး ဇွေ့မန် ထိုင်ခုံနောက်မှီကို မှီချလိုက်ပြီး အေးစက်စွာ မဲ့ပြုံးပြုံးလိုက်သည်။

"လူတိုင်း ပြောကြတာက ဗိုလ်ချုပ်ရှောင်ထျန်က အစက ဟွာမျိုးနွယ်စု နတ်ဘုရားတစ်ပါး ဖြစ်ပေမဲ့ ငါတို့ဘက် ကူးပြောင်းလာပြီးကတည်းက ရုပ်သေးရုပခလို ဖြစ်သွားတယ်တဲ့... ကြည့်ရတာ အဲဒီစကားက ပိုပြောတာ မဟုတ်လောက်ဘူး"

"မဒမ်... သူ့ကို ဆက်စောင့်ကြည့်ဖို့ လိုမလား"

"လူလွှတ်ပြီး မျက်ခြေမပြတ် စောင့်ကြည့်ခိုင်းထားလိုက် ဒါပေမဲ့ ငါ သံသယ ဖြစ်တာက ဟိုလီဟန် အဖိုးကြီးက ဘာလို့ ရုတ်တရက် သူ့ကိုပုံစံပြောင်းပြီး ရှောင်ထျန်ကို ဒီလို စေလွှတ်လိုက်တာလဲ ဆိုတာပဲ"

ဇွေ့မန်က တွန့်ဆုတ်စွာ ပြောလိုက်သည်။ အမျိုးသားလည်း အံ့သြသွားသည်။

"မဒမ် ဆိုလိုတာက..."

"ဟက်... ငါက နာမည်ခံအားဖြင့် လီဟန်ရဲ့ မိန်းမ ဖြစ်ပြီး သူ့အတွက် ဒီလောက် ကြီးမားတဲ့ ပိုင်ဆိုင်မှုတွေကို စီမံခန့်ခွဲပေးနေလို့ဆိုပြီး အဲဒီ မြေခွေးအိုကြီးက ဘယ်သူ့ကိုမဆို ယုံကြည်လိမ့်မယ်လို့ မထင်နဲ့၊ တခါတလေ သူက ကိုယ့်ကိုယ်ကိုယ်တောင် ယုံရဲ့လားလို့ ငါ သံသယ ဖြစ်မိတယ်"

"ဒီတစ်ခါ သူက သူ့ရဲ့ နံပါတ်တစ် နတ်ဘုရားစစ်သူကြီး ချီယုကို လူအုပ်ကြီးနဲ့အတူ ကာကွယ်ရေးအတွက် ဆိုပြီး ရုတ်တရက် လွှတ်လိုက်တာ ငါ့စိတ်ထင်တော့ အဲဒီလောက် ရိုးရှင်းမယ် မထင်ဘူး"

"အထူးသဖြင့် ရှောင်ထျန်ကိုပါ ထည့်လွှတ်လိုက်တာက ငါ့အတွက် အရှုပ်ထွေးဆုံးပဲ"

ထိုအမျိုးသား ရုတ်တရက် ပြောလိုက်သည်။

"ကောင်းကင်အရှင်သခင်က တစ်ခုခုကို ကာကွယ်ဖို့ ပြင်ဆင်နေတာများလား၊ ဒီလောက် အကြီးအကျယ် လုပ်ပြရလောက်တဲ့အထိလေ"

ဇွေ့မန်လည်း လန့်သွားသည်။

"ဘာကို ကာကွယ်မှာလဲ, ဘယ်လို နောက်ခံမျိုးကများ အရှင်သခင်လီဟန်ကို ဒီလောက်ထိ ကြောက်ရွံ့သွားစေတာလဲ"

အမျိုးသားလည်း ခေါင်းခါလိုက်သည်။

"အဲဒါတော့ ကျွန်တော် မသိဘူး ဒါပေမဲ့ ဒီကိစ္စက သာမန် မဟုတ်ဘူးလို့ ခံစားရတယ်၊ ကျွန်တော်တို့သတိထားရမယ်"

ဇွေ့မန်က ခေါင်းညိတ်လိုက်သည်။

"မှန်တယ်၊ လောလောဆယ်တော့ ရှင် ပင်ပန်းရဦးမယ်... အိမ်တော်ထိန်း ယုယန်"

ဤအမျိုးသားမှာ အခြားသူ မဟုတ်ပဲ ဇွေ့မန်၏ ထိပ်တန်း လက်ထောက်နှင့် မြို့စားအိမ်တော်၏ အိမ်တော်ထိန်းချုပ် ယုယန် ဖြစ်သည်။

"မဒမ်... ကျွန်တော့်ကို သိပ်အထင်ကြီးလွန်းနေပါပြီ"

ထိုသို့ပြောပြီးသည်နှင့် အိမ်တော်ထိန်း ယုယန် ထွက်ခွာသွားလေသည်။

နတ်သမီးဇွေ့မန်သည် ထိုင်ခုံနောက်မှီကို လေးလံစွာ မှီချလိုက်သည်။ အခန်းသည် မှောင်မိုက်နေပြီး ပြတင်းပေါက် အပြင်ဘက်မှ တဖျပ်ဖျပ် လင်းလက်နေသော မီးရောင်များက သူမ၏ မျက်နှာကို တလှည့်စီ အလင်းပေးနေကာ သူမ၏ အမူအရာကို ပိုမို ရှုပ်ထွေးသွားစေသည်။ ဇွေ့မန်သည် ယခုအချိန်တွင် တကယ်ပင် အနည်းငယ် ဇဝေဇဝါ ဖြစ်နေသည်။ အကြောင်းမှာ ယုယန် ပြောခဲ့သော စကားတစ်ခွန်းကို သူမ စဉ်းစားနေမိသောကြောင့် ဖြစ်သည်။

အရှင်သခင်လီဟန်ကို လူအများကြီး လွှတ်ပြီး ကာကွယ်ခိုင်းရလောက်အောင် ကြောက်ရွံ့သွားစေတဲ့သူက တကယ်တော့ ဘယ်သူလဲ...

ဇွေ့မန် အဖြေရှာမရ ဖြစ်နေစဉ် မြို့စားအိမ်တော် အတွင်းရှိ လူသူကင်းဝေးသော ခြံဝန်းတစ်ခုတွင် ရှောင်ထျန်သည် အိမ်ထဲ၌ အေးအေးလူလူ ဝိုင်သောက်နေသည်။ ဝိုင်က ကောင်းသလို အစားအသောက်လည်း ကောင်းမွန်သည်။ သို့သော် ရှောင်ထျန်၏ မျက်လုံးထဲတွင် စားစရာ မှန်သမျှ အတူတူပင် ဖြစ်သည်။

ဥပမာအားဖြင့် ယခု သူ စားသောက်နေပုံသည် အပြစ်ပြောစရာ မရှိလောက်အောင် ပြီးပြည့်စုံနေသည်။ သူသည် တူဖြင့် အစားအသောက် အနည်းငယ် ယူစားလိုက်ပြီးနောက် ဝိုင်တစ်ငုံ သောက်လိုက်သည်။ သူ၏ ကိုယ်နေဟန်ထား ပြည့်စုံသည်သာမက သူ၏ လှုပ်ရှားမှု စည်းချက်နှင့် ကြိမ်နှုန်းများပင် ထပ်တူနီးပါး တူညီနေသည်။ အကယ်၍ တစ်စုံတစ်ယောက်သာ အကြာကြီး စောင့်ကြည့်နေပါက ထိုနေရာတွင် ထိုင်နေသည်မှာ သက်ရှိသတ္တဝါ မဟုတ်ဘဲ တိကျသော စက်ယန္တရားများဖြင့် ပြုလုပ်ထားသည့် စက်ရုပ်တစ်ရုပ်ဟု ခံစားရပေလိမ့်မည်။

သို့သော် ရှောင်ထျန်သည် အိမ်ထဲ၌ တစ်ယောက်တည်း ဝိုင်သောက်နေစဉ် ခြံဝန်းတံခါး အပြင်ဘက်မှ တံခါးခေါက်သံများ ရုတ်တရက် အရေးတကြီး ထွက်ပေါ်လာသည်။ ခေါက်သံများသည် အလွန် မြန်ဆန်နေသဖြင့် တံခါးနောက်ကွယ်ရှိ လူသည် အတော်လေး စိုးရိမ်ပူပန်နေကြောင်း သိသာထင်ရှားလှသည်။

သို့သော် ရှောင်ထျန်သည် မလိုအပ်သော မျက်နှာအမူအရာ တစ်စုံတစ်ရာမျှ မပြသဘဲ သူ၏ တူကို ဖြည်းညှင်းစွာ ချလိုက်ပြီး စက်ရုပ်တစ်ရုပ်ကဲ့သို့ အခန်းထဲမှ ထွက်ကာ တံခါးဆီသို့ လျှောက်သွားလိုက်သည်။ ခြံဝန်းတံခါး ပွင့်သွားသည်နှင့် ပုံရိပ်တစ်ခု ရှောင်ထျန်၏ ရင်ခွင်ထဲသို့ တိုးဝင်လာသည်။

ထိုပုံရိပ်နှင့်အတူ အမျိုးသမီးတစ်ဦး၏ ရနံ့ ပါလာသည်။ ထိုသူမှာ မဒမ် ဇွေ့မန်က ရှောင်ထျန်နှင့် မိတ်ဆက်ပေးရန် ရည်ရွယ်ခဲ့သော အမျိုးသမီး ဖြစ်နေသည်။ သို့သော် ယခုအချိန်တွင် ထိုအမျိုးသမီး တစ်ကိုယ်လုံး တုန်ယင်နေပြီး ရှောင်ထျန်၏ ရင်ခွင်ထဲတွင် မှီတွယ်လျက် တုန်ရီသော အသံဖြင့် ပြောလိုက်သည်။

"ကျွန်မကို ကယ်ပါဦး"

သို့သော် ရှောင်ထျန်သည် ရင်ခွင်ထဲတွင် အလှလေးတစ်ယောက် ရောက်နေသည့်တိုင် မျက်တောင်ပင် မခတ်ဘဲ တံခါးဖွင့်ထားသည့် အနေအထားအတိုင်း ရှိနေသော လက်များကိုပင် မရွှေ့ဘဲ မလိုအပ်သော လှုပ်ရှားမှု တစ်ခုမျှ မပြုလုပ်ပေ။ အမျိုးသမီးက တောင်းပန်သော လေသံဖြင့် ထပ်ပြောလိုက်သည်။

"အရှင်... ကျေးဇူးပြုပြီး ကျွန်မကို ကယ်ပါ၊ အနောက်မှာ လိုက်ဖမ်းနေတဲ့လူ ရှိတယ်"

ထိုအချိန်တွင ရိုင်းစိုင်းသော လှောင်ပြောင်ရယ်မောသံတစ်ခု အဝေးမှ ထွက်ပေါ်လာသည်။

"အလှလေး... မင်း ပြေးမလွတ်ပါဘူး၊ အခုပဲ ကိုယ့်ကို အညံ့ခံလိုက်စမ်းပါ"

ထိုစကားနှင့်အတူ ပုံရိပ်တစ်ခု ပြေးဝင်လာပြီး ရပ်တန့်လိုက်သောအခါ ဗိုလ်ချုပ်ထျန်ကုဖြစ်နေသည်။ သို့သော် သူ လိုက်ဖမ်းနေသော အမျိုးသမီး ရှောင်ထျန်၏ ရင်ခွင်ထဲသို့ ရောက်နေသည်ကို မြင်လိုက်ရသောအခါ သူ၏ မျက်နှာပေါ်ရှိ အပြုံး ချက်ချင်း ပျောက်ကွယ်သွားပြီး နက်ရှိုင်းသော အမုန်းတရားနှင့် စူးရှသော အကြည့်များဖြင့် အစားထိုးလိုက်သည်။

"ဟော... ဟော မင်း ဒီလောက် မြန်မြန် ပြေးတာ မဆန်းပါဘူး၊ စစ်ကူ လာရှာတာကိုး၊ ဒါပေမဲ့ ဒီသစ်တုံးကောင်လောက်နဲ့ ငါ့ကို တားနိုင်မယ် ထင်နေတာလား?"

ထျန်ကုသည် လက်ကိုမြှောက်ကာ ရှောင်ထျန်ကို ညွှန်ပြပြီး ရိုင်းစိုင်းမောက်မာစွာ ပြောလိုက်သည်။ သူ ရောက်ရှိလာပြီးနောက် ပျော်ပါးနေခဲ့သော်လည်း အသစ်အဆန်း တစ်ခုခု ရှိမလားဟု အပြင်ထွက် ကြည့်ရှုစဉ် ဤအမျိုးသမီးကို ရုတ်တရက် တွေ့လိုက်ရခြင်း ဖြစ်သည်။ သူတို့နှစ်ဦးစလုံး ခွေးမျိုးနွယ်ဖြစ်ကြသဖြင့် ထျန်ကုသည် ပထမမြင်မြင်ချင်း သူမကို နက်ရှိုင်းစွာ စွဲလမ်းသွားပြီး မစောင့်နိုင်တော့ဘဲ အပြေးအလွှား သွားရောက်ကာ သူမကို ဆွဲယူ၍ သူ့အိမ်သို့ ခေါ်ဆောင်သွားရန် ကြိုးစားခဲ့သည်။

အမျိုးသမီးသည် အစက ကြောက်ရွံ့နေပြီးဖြစ်ရာ ထျန်ကုကို မြင်လိုက်ရသောအခါ လုံးဝ ထိတ်လန့်သွားခဲ့သည်။ ခွေးမျိုးနွယ်ဝင် မင်းသမီးတစ်ပါး အနေဖြင့် သူမတွင် ထူးခြားသော ပါရမီတစ်ခု ရှိသည်။ ၎င်းမှာ လူတစ်ယောက်၏ စိတ်ရင်းစေတနာ ကောင်းမွန်မှုနှင့် ယုတ်မာမှုကို အနံ့ခံနိုင်ခြင်း ဖြစ်သည်။

ထို့ကြောင့် ထျန်ကုနှင့် တွေ့ဆုံပြီးနောက် သူ့ထံမှ ထွက်ပေါ်လာသော ထူထဲသည့် နတ်ဆိုး အရှိန်အဝါကြောင့် သူမ ချက်ချင်း ကြောက်ရွံ့သွားခဲ့သည်။ အကယ်၍ သူမသာ ထျန်ကုနောက် လိုက်သွားပါက သူမ၏ အသက် သေချာပေါက် ဆုံးရှုံးရမည်ကို သိနေသည်။ ထို့ကြောင့် မျှော်လင့်ချက်မဲ့နေသော အခြေအနေတွင် သူမသည် ထျန်ကု၏ လက်မှ ရုန်းထွက်ပြီး ထွက်ပြေးလာခဲ့ခြင်း ဖြစ်သည်။

အခန်း (၁၁၆၉) - အကူအညီတောင်းခံခြင်း၊ အကြမ်းဖက်မှုကို အကြမ်းဖက်မှုဖြင့် တုံ့ပြန်ခြင်း

ထျန်ကုသည် အစပိုင်းတွင် အံ့အားသင့်သွားသော်လည်း ချက်ချင်းပင် ယုတ်မာသော ရယ်သံဖြင့် နောက်မှ လိုက်လာခဲ့သည်။ ထိုအမျိုးသမီး ထွက်ပြေးနိုင်မည်ဟု သူ လုံးဝ မယုံကြည်ခဲ့ပေ။ ထို့ကြောင့် လမ်းတစ်လျှောက်လုံး လှောင်ပြောင်သရော်သည့် စိတ်ဓာတ်ဖြင့် လိုက်ဖမ်းနေခဲ့ခြင်း ဖြစ်သည်။

အမျိုးသမီးသည် သူမ၏ ကိုယ်ပိုင် အင်အားဖြင့် ဤအနားသတ်မြို့တော်မှ ထွက်ပြေးရန် မဖြစ်နိုင်ကြောင်း ကောင်းစွာ သိရှိသည်။ မြို့စားအိမ်တော်မှ ထွက်ခွာရန် ဆိုလျှင် ပို၍ပင် မဖြစ်နိုင်ပေ။ ဤအရေးကြီးသော အချိန်တွင် သူမသည် ရှောင်ထျန်ထံမှ ရနံ့တစ်ခုကို မမျှော်လင့်ဘဲ ရရှိလိုက်သည်။ သူမ၏ အနံ့ခံအာရုံသည် အလွန် ထက်မြက်ပြီး တစ်ကြိမ် ရဖူးသော အနံ့ကို မည်သည့်အခါမျှ မမေ့တတ်ကြောင်း ပြောပြရန် လိုပေလိမ့်မည်။

နေ့ခင်းက ကြုံတွေ့ခဲ့ရမှုက ဤအဖြူရောင် ဝတ်ရုံနှင့် လူငယ်သည် လူဆိုးမဟုတ်ကြောင်း သူမကို ရှင်းလင်းစွာ သိစေခဲ့သည်။ ယခု သူမ အသက်ရှင်ချင်တယ် ဆိုလျှင် သူမ၏ နောက်ဆုံး မျှော်လင့်ချက် ရောင်ခြည်သည် ဤလူငယ်လေးအပေါ်တွင်သာ တည်ရှိနေနိုင်သည်။

မျှော်လင့်ချက်မဲ့နေသော အခြေအနေတွင် စမ်းကြည့်သင့်သည်ဟူသော သဘောထားဖြင့် အမျိုးသမီးသည် ဖျော့တော့သော ရနံ့နောက်သို့ လိုက်ပါသွားပြီး သူမကိုယ်တိုင်ပင် အံ့သြရလောက်အောင် ထိုနေရာကို ရှာတွေ့ကာ ခြံဝန်းတံခါးကို ခေါက်လိုက်ခြင်း ဖြစ်သည်။ သို့သော် ထျန်ကုသည်လည်း သာမန်လူမဟုတ်သဖြင့် လျင်မြန်စွာပင် အမှီလိုက်လာနိုင်ခဲ့သည်။

ဤအခိုက်အတန့်တွင် အခြေအနေသည် ရှေ့တိုးမရ နောက်ဆုတ်မရ ဖြစ်နေသည်။ ထျန်ကုသည် ရှောင်ထျန်အပေါ် မကျေနပ်ချက် ကြီးမားစွာ ရှိထားပြီးဖြစ်သည့်အပြင် ယခု သူသဘောကျနေသော အမျိုးသမီးက အခြားတစ်ယောက်၏ ရင်ခွင်ထဲသို့ တိုးဝင်သွားသည်ကို မြင်လိုက်ရသောအခါ သူ၏ မနာလိုဝန်တိုစိတ်များက သူ့ကို ရူးသွပ်လုနီးပါး ဖြစ်စေခဲ့သည်။ ထို့ကြောင့် သူ၏ စကားလုံးများတွင် ကြမ်းတမ်းမှုများ ပြည့်နှက်နေခြင်းမှာ သဘာဝကျလှသည်။

ထျန်ကု၏ မေးခွန်းထုတ်သံကို ကြားသောအခါ အမျိုးသမီးသည် ရှောင်ထျန်ကို မခိုးမခန့် ကြည့်လိုက်မိသည်။ သူ့ထံမှ တစ်စုံတစ်ရာသော တုံ့ပြန်မှုကို မြင်တွေ့ရရန် မျှော်လင့်နေမိသည်။

သို့သော် မကြာမီ သူမ စိတ်ပျက်သွားရသည်။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် ရှောင်ထျန်သည် ထျန်ကု၏ လှောင်ပြောင်သရော်မှုများကို မကြားသည့်အလား ပြုမူနေပြီး မည်သည့် တုံ့ပြန်မှု အရိပ်အယောင်မျှ မပြသောကြောင့် ဖြစ်သည်။ သူ၏ မျက်လုံးများတွင် လှုပ်ရှားမှု အနည်းငယ်မျှပင် မရှိပေ။

အမျိုးသမီးသည် သူမ၏ နှလုံးသား တဖြည်းဖြည်း နစ်မြုပ်သွားသည်ကို ခံစားလိုက်ရသည်။ ထိုအရာကို မြင်လိုက်ရသောအခါ ထျန်ကုသည် အောင်နိုင်သူအလား ဟားတိုက် ရယ်မောလိုက်သည်။ အမှန်တကယ်တော့ သူ ဤမျှ ရဲတင်းနေရခြင်းမှာ ရှောင်ထျန်၏ စရိုက်ကို သူ ယုံကြည်မှု ရှိနေသောကြောင့် ဖြစ်သည်။

"မိန်းကလေး... စိတ်ပျက်သွားရတဲ့ အရသာက ဘယ်လိုနေလဲ၊ ဟားဟားဟား... ဒီကောင်ရဲ့ ကြည့်ကောင်းတဲ့ ရုပ်ရည်နဲ့ အရှိန်အဝါကို ကြည့်ပြီး အထင်မကြီးနဲ့၊ တကယ်တမ်းကျတော့ သူက သစ်တုံးတစ်တုံးလောက်ပဲ ခံစားချက် ရှိတာ၊ သူ့ကို အားကိုးပြီး မင်းကို ကယ်လိမ့်မယ်လို့ ထင်နေရင်တော့ မင်း နေ့ခင်းကြောင်တောင် အိပ်မက်မက်နေတာပဲ"

ထိုသို့ ပြောပြီးနောက် ထျန်ကု၏ ရယ်မောသံ ရပ်တန့်သွားပြီး ယုတ်မာသော အသံဖြင့် ပြောလိုက်သည်။

"အခုချက်ချင်း လိမ်လိမ်မာမာနဲ့ ဒီကို လာခဲ့စမ်း၊ ဒါဆိုရင် ငါ မင်းကို သိက္ခာနည်းနည်းလောက် ပေးချင်ပေးဦးမယ်၊ မဟုတ်ရင်တော့ မင်း ဒီနေရာမှာတင် သေရလိမ့်မယ်"

အမျိုးသမီး၏ တစ်ကိုယ်လုံး တုန်ယင်သွားပြီး နောက်ဆုံး လက်ကျန် မျှော်လင့်ချက်လေးဖြင့် တုံ့ပြန်မှု တစ်စုံတစ်ရာ ရလိုရငြား ရှောင်ထျန်ကို ကြည့်လိုက်သည်။ သို့သော် အဆုံးတွင် သူမ ထပ်မံ စိတ်ပျက်သွားရပြန်သည်။ ထျန်ကုက မဲ့ပြုံးပြုံးလိုက်သည်။

"မင်း မမြင်ဘူးလား၊ သူက မင်းကို ဖက်တောင် မဖက်ရဲဘူးလေ၊ မင်းက ဘယ်လို သူရဲကောင်း ဆန်ဆန် စိတ်ကူးယဉ်မှုမျိုး ရှိနေတာလဲ၊ သူက သူရဲကောင်း မဟုတ်ပါဘူး... လုံးဝကို အသုံးမကျတဲ့ သူရဲဘောကြောင်တဲ့ကောင်ပဲ"

မှန်ပေသည်။ အမျိုးသမီးသည် ရှောင်ထျန်၏ ရင်ခွင်ထဲတွင် မှီတွယ်နေသော်လည်း နတ်ဘုရားစစ်သူကြီး၏ လက်များသည် တောက်လျှောက် လေထဲတွင် မြှောက်ထားလျက် ရှိနေပြီး သူ့ရင်ခွင်ထဲတွင် ရှိနေသည်မှာ အမျိုးသမီးတစ်ဦး မဟုတ်ဘဲ လေထုသက်သက် ဖြစ်နေသည့်အလား တစ်ကြိမ်မျှ ပြန်လည် ထိတွေ့ခြင်း မရှိခဲ့ပေ။ အမျိုးသမီးသည် အဆုံးတွင် လုံးဝ မျှော်လင့်ချက်မဲ့သွားသည်။

သူမ နှုတ်ခမ်းကို ကိုက်လိုက်ပြီး ရှောင်ထျန်ကို နက်ရှိုင်းစွာ တစ်ချက်ကြည့်လိုက်ကာ တုန်ရီနေသော ခြေလှမ်းများဖြင့် မတ်တပ်ရပ်ပြီး ထွက်ခွာရန် လှည့်လိုက်သည်။

ထိုအချိန်တွင် ထျန်ကုသည် အမျိုးသမီးကြောင့်သာမက ရှောင်ထျန်ကို လူအရှေ့တွင် အရူးလုပ်နိုင်ခဲ့သဖြင့် အလွန် ကျေနပ်အားရနေသည်။ ထို့ကြောင့် သူက မဲ့ပြုံးပြုံးပြီး ပြောလိုက်သည်။

"ဒါမှပေါ့၊ လိမ်လိမ်မာမာနဲ့ လာခဲ့စမ်းပါ၊ ပြန်ရောက်ရင် မင်းကို ကောင်းကောင်းကြီး အပြစ်ပေးရဦးမယ်"

ထျန်ကုသည် အပြစ်ပေး ဆိုသော စကားလုံးကို ပြောလိုက်စဉ် လေသံကို တမင်ဖိ၍ ပြောလိုက်သည်။ ထိုအခါ အမျိုးသမီးသည် ပိုမို တုန်ယင်သွားပြီး သေခြင်းတရားကို ရင်ဆိုင်ရန် ဆုံးဖြတ်ထားသည့် အမူအရာ သူမ၏ မျက်လုံးများထဲတွင် ပေါ်လာသည်။ သို့သော် ထိုအချိန်လေးမှာပင် ရှောင်ထျန် ရုတ်တရက် စကားပြောလိုက်သည်။

"မင်း ငါ့ကို ကယ်စေချင်တာလား"

ထိုစကားကို ကြားလိုက်ရသောအခါ အမျိုးသမီးသည် ပြင်းထန်စွာ တုန်လှုပ်သွားပြီး အလျင်အမြန် လှည့်ကြည့်လိုက်ကာ ရှောင်ထျန်ကို ကြောင်ငေးကြည့်နေမိသည်။ ရှောင်ထျန်က ထပ်မံ မေးလိုက်ပြန်သည်။

"မင်း ငါ့ကို ကယ်စေချင်လားလို့"

အမျိုးသမီး၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်မီးတောက်များ တောက်လောင်လာပြီး ခေါင်းကို အားပါပါ ညိတ်လိုက်ကာ တုန်ရီသော အသံဖြင့် ပြန်ဖြေလိုက်သည်။

"ကယ်စေချင်ပါတယ်"

စကားလုံးနှစ်လုံးကို ကြပြီးနောက် ရှောင်ထျန်၏ နှုတ်ခမ်းများသည် သတိထားမိရန် ခက်ခဲသော ဖျော့တော့သည့် အပြုံးတစ်ခုအဖြစ် ကွေးညွှတ်သွားသည်ကို သူမ ခံစားလိုက်ရသည်။

"ကောင်းပြီ၊ ငါ မင်းကို ကယ်မယ်"

တစ်ချိန်တည်းမှာပင် ထျန်ကုလည်း အံ့အားသင့်သွားသည်။ ရှောင်ထျန်က ထိုကဲ့သို့ ပြောရဲလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။ သူက ဒီအမျိုးသမီးကို ခေါ်သွားတာကို အေးဆေးစွာ ကြည့်နေရမှာ မဟုတ်ဘူးလား

သို့သော် သူ လျင်မြန်စွာပင် တည်ငြိမ်မှုကို ပြန်ယူလိုက်ပြီး မဲ့ပြုံးပြုံးလိုက်သည်။

"ကယ်မယ်၊ ဘာနဲ့ ကယ်မှာလဲ... မင်းကလား၊ ရှောင်ထျန်... ငါ မင်းကို ပြောလိုက်မယ်၊ မင်းက ငါတို့ဆီမှာ လာခိုလှုံနေတဲ့ ခွေးတစ်ကောင်ပဲ၊ မင်းက ဘယ်လိုလုပ်ပြီး..."

သူ စကားမဆုံးခင်မှာပင် ရှောင်ထျန် ရုတ်တရက် အရှိန်မြှင့်လိုက်ပြီး မျက်တောင်တစ်ခတ်အတွင်း အကွာအဝေးကို ချုံ့ကာ ထျန်ကု၏ ဘေးနားသို့ ရောက်ရှိသွားသည်။ ထို့နောက် စူးရှသော အော်ဟစ်သံတစ်ခု ပြုလုပ်လိုက်သည်။ ထိုအသံလှိုင်းများသည် ထျန်ကုကို ပစ်မှတ်ထားလိုက်ပြီး သူ၏ ဝိညာဉ်ကို ချက်ချင်း ချိပ်ပိတ်လိုက်သည်။

တစ်ချိန်တည်းမှာပင် ရှောင်ထျန်သည် ထျန်ကု၏ ဆံပင်ကို ဆွဲကာ ရှေ့သို့ စောင့်ဆွဲလိုက်ပြီး ပါးစပ်ကို ဟလျက် ရှည်လျားချွန်ထက်သော အစွယ်များကို ထုတ်ဖော်ကာ ကိုက်ချလိုက်လေသည်။

"အား..."

ထျန်ကုသည် သနားစဖွယ် အော်ဟစ်လိုက်ပြီး အလွန်အမင်း နာကျင်မှုကြောင့် ရုန်းကန်နေသော်လည်၊ မည်မျှပင် ရုန်းကန်ပါစေ ရှောင်ထျန်ကို အနည်းငယ်မျှပင် မလှုပ်ရှားစေနိုင်ပေ။ ထိုအစား ရှောင်ထျန်၏ သွားများသည် ပိုမို နက်ရှိုင်းစွာ စိုက်ဝင်သွားသည်။

သွေးများ ပန်းထွက်လာပြီး ထျန်ကုသည် သူ၏ ကျင့်ကြံမှုအဆင့်နှင့် နတ်ဘုရားစွမ်းအားများ လျင်မြန်စွာ ယိုစီးကုန်ဆုံးသွားသည်ကို ခံစားလိုက်ရသည်။ သေရတော့မည့် ကြောက်ရွံ့မှုကြောင့် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေပြီး လွတ်မြောက်ရန် အားကုန်သုံး၍ ရုန်းကန်နေမိသည်။

ထိုအချိန်တွင် ရှောင်ထျန်သည် ရုတ်တရက် ခေါင်းကို နောက်သို့ လှန်လိုက်ရာ စုတ်ပြဲသံနှင့်အတူ ထျန်ကု၏ လည်ပင်းမှ အသားတစ်တုံးကြီး ပြတ်ထွက်သွားလေသည်။ ဒဏ်ရာသည် အလွန် နက်ရှိုင်းလွန်းသဖြင့် အတွင်းမှ ဖြူဖွေးသော အရိုးများကိုပင် မြင်နေရသည်။

ထျန်ကု၏ တစ်ကိုယ်လုံး နာကျင်မှုကြောင့် ဆတ်ခနဲ တုန်ခါသွားသော်လည်း ရှောင်ထျန်သည် သူ့ကို လွှတ်ပေးရန် လုံးဝ ဆန္ဒမရှိဘဲ နောက်တစ်ကြိမ် ထပ်မံ ကိုက်ချလိုက်ပြန်သည်။ ဒီတစ်ကြိမ်တွင် သူသည် ထျန်ကု၏ ပခုံးကို ကိုက်လိုက်ပြီး ပခုံးရိုး အသားအများအပြားကို ဆွဲဖြဲလိုက်သည်။

ထို့နောက် အသားစများ စုတ်ပြဲသံများနှင့် ထျန်ကု၏ အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်နေတော့သည်။ အော်ဟစ်သံ တစ်ချက် ထွက်ပေါ်လာတိုင်း ထျန်ကု၏ ခန္ဓာကိုယ်မှ အသားတစ်စ ပြတ်ထွက်သွားခြင်းကို ပြသနေသည်။ အစပိုင်းတွင် ထျန်ကု၏ အော်ဟစ်သံများသည် စူးရှနေသော်လည်း အချိန်ကြာလာသည်နှင့်အမျှ အသံများ ပျော့ပျောင်းလာသည်။

ချီယုနှင့် အခြားသူများ သတင်းကြား၍ ရောက်ရှိလာချိန်တွင် ထျန်ကု၏ အော်ဟစ်သံများကို မကြားရသလောက် ဖြစ်နေပြီ ဖြစ်သည်။ နတ်ဘုရားစစ်သူကြီး ချီယုသည် ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးဆာမှုတို့ကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားပြီး သူ၏ နောက်လိုက်များသည်လည်း သေမင်းတမန်များ ဖြစ်ကြသည်။

သို့သော် သူတို့ ရောက်ရှိလာသောအခါ မြင်လိုက်ရသော မြင်ကွင်းကြောင့် သူတို့ပင် ထိတ်လန့်သွားပြီး ဦးရေပြားများ ကျိန်းစပ်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် ပုံမှန်အားဖြင့် မောက်မာဝင့်ကြွားသော ထျန်ကု၏ ဦးခေါင်းနှင့် မျက်နှာသွင်ပြင်များသည် ယခုအခါ ကိုက်ခဲခံထားရသဖြင့် မမှတ်မိနိုင်လောက်အောင် ပျက်စီးနေပြီး လည်ပင်း အများစု ပျောက်ဆုံးနေကာ ဖြူဖွေးသော ကျောရိုးနှင့် လေပြွန်များကို ထင်ရှားစွာ မြင်နေရသည်။ သူ၏ ခန္ဓာကိုယ် အများစုသည်လည်း အရိုးခြောက်အဖြစ်သို့ ရောက်လုနီးပါး ဖြစ်နေပြီး သွေးများပင် ကုန်စင်လုနီးပါး ဖြစ်နေသည်။

သို့သော် ရှောင်ထျန်ကမူ သူ၏ ဆံပင်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားဆဲဖြစ်ပြီး တစ်လုပ်ပြီးတစ်လုပ် ဆွဲဖြဲ ကိုက်စားနေဆဲ ဖြစ်သည်။ ကိုက်လိုက်တိုင်း သူသည် နှစ်ချက်ခန့် ဝါးလိုက်ပြီး ပါးစပ်ထောင့်မှ သွေးများ စီးကျလာသဖြင့် သူ၏ မူလက ချောမောသော မျက်နှာကို အလွန် ကြမ်းကြုတ်ပြီး နတ်ဆိုးဆန်သွားစေသည်။

ဤကြောက်မက်ဖွယ် မြင်ကွင်းသည် ချီယုကိုပင် လေတစ်ချက် ရှူသွင်းမိစေပြီး တုန်ရီသော အသံဖြင့် ပြောလိုက်သည်။

"ရှောင်... ဗိုလ်ချုပ်ရှောင်ထျန်... ရပ်လိုက်ပါတော့"

ထိုအော်ဟစ်သံကို ကြားမှသာ ရှောင်ထျန်သည် ကိုက်ဖြတ်နေခြင်းကို ရပ်တန့်လိုက်ပြီး ခေါင်းမော့ကာ ချီယုနှင့် အခြားသူများကို ပြုံးပြလိုက်သည်။

ဤအပြုံးသည် ချီယုနှင့် သူ၏ လူများကို ပိုမို ကျောချမ်းသွားစေပြီး အားလုံး အလိုအလျောက် ခြေတစ်လှမ်းဝက်ခန့် နောက်ဆုတ်လိုက်မိကြသည်။

"ကောင်းပါပြီလေ"

အခန်း (၁၁၇၀) - ကောင်းမှုနှင့် မကောင်းမှုအပေါ် ကိုယ်တိုင် မေးမြနခြင်း၊ ချိပ်ပိတ်ထားသော မှတ်ဉာဏ်

ထိုသို့ ပြောပြီးသည်နှင့် ရှောင်ထျန်သည် လက်ကို လွှတ်ပေးလိုက်သည်။

ဝုန်း!

ထျန်ကုသည် ခွေးသေကောင် တစ်ကောင်ကဲ့သို့ မြေပြင်ပေါ်သို့ လဲကျသွားပြီး လုံးဝ မလှုပ်ရှားတော့ပေ။ သူ ပြင်းထန်စွာ ဒဏ်ရာရနေပြီ ဖြစ်ကြောင်း ထင်ရှားလှသည်။ တစ်ချိန်တည်းမှာပင် အော်ဟစ်သံများကြောင့် လန့်နိုးလာသော နတ်သမီး ဇွေ့မန်သည်လည်း အပြေးအလွှား ရောက်ရှိလာပြီး မြေပြင်ပေါ်တွင် သနားစဖွယ် လဲကျနေသော ထျန်ကုကို မြင်လိုက်ရသဖြင့် အံ့အားသင့်သွားသည်။

ထိုအချိန်တွင် ချီယုသည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပြီး ခြောက်ကပ်စွာဖြင့် မေးလိုက်သည်။

"ဗိုလ်ချုပ်ရှောင်ထျန်... ဘာ... ဘာဖြစ်သွားတာလဲ"

ရှောင်ထျန်က ပြုံး၍ ပြောလိုက်သည်။

"ဘာမှ မဟုတ်ပါဘူး၊ ဒီမိန်းကလေးက ကျွန်တော့်ကို ကူညီခိုင်းလို့လေ"

ရှောင်ထျန်သည် အဝေးတွင် ရပ်နေသော အမျိုးသမီးကို ညွှန်ပြလိုက်သည်။ လူတိုင်း၏ အကြည့်များ သူမအပေါ်သို့ ချက်ချင်း ရောက်ရှိသွားသဖြင့် သူမ၏ ခန္ဓာကိုယ် တစ်ခုလုံး မထိန်းချုပ်နိုင်အောင် တုန်ယင်သွားပြီး လဲကျလုနီးပါး ဖြစ်သွားသည်။ သို့သော်လည်း သူမသည် ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်သည်။

"ဗိုလ်ချုပ်ရှောင်ထျန် ပြောတာ မှန်ပါတယ်၊ ကျွန်မ... ကျွန်မက သူ့ကို ကယ်ပါလို့ တောင်း‌ေိုခဲ့တာပါ"

ဤအမျိုးသမီးကို မြင်လိုက်ရသောအခါ နတ်သမီး ဇွေ့မန်၏ မျက်လုံးများ အနည်းငယ် တောက်ပသွားပြီး လေးနက်စွာ မေးလိုက်သည်။

"ဘာဖြစ်ခဲ့တာလဲ"

အမျိုးသမီးသည် တုန်ရီနေသော အသံဖြင့် ဖြစ်ပျက်သမျှ အကြောင်းစုံကို ပြောပြလိုက်သည်။သူတို့ နားထောင်ပြီးနောက် ချီယုနှင့် အခြားသူများသည် အတော်လေး စိတ်ပျက်သွားကြသည်။ ၎င်းတိုဘသည် လေးစားခံရသော နတ်ဘုရားတစ်ပါး ဖြစ်ပါလျက် မိန်းမတစ်ယောက်အတွက်နှင့် စိတ်မထိန်းနိုင်ဘဲ ရန်ဖြစ်ကြသည်မှာ ထိာသတင်းသာ ပျံ့သွားရင် တကယ့်ကို သိက္ခာကျစရာ ကောင်းလွန်းသည်။

သို့သော် ထျန်ကုက စတင် ရန်စခဲ့ခြင်း ဖြစ်သောကြောင့် ရှောင်ထျန်၏ လုပ်ရပ်သည် လုံးဝ မှားယွင်းသည်ဟု မဆိုနိုင်ပေ။ ထို့ကြောင့် ခဏမျှ စဉ်းစားပြီးနောက် ချီယုသည် မနှစ်မြို့ဖွယ်ရာ အရာတစ်ခုကို မျိုချလိုက်ရသကဲ့သို့ မျက်နှာထားဖြင့် ပြောလိုက်သည်။

"လောလောဆယ် ဗိုလ်ချုပ်ထျန်ကုကို ပြန်ခေါ်သွားလိုက်ကြ"

ထိုသို့ပြောပြီးသည်နှင့် သူသည် ဒေါသတကြီး လှည့်ထွက်သွားလေသည်။ သူ၏ လက်အောက်ငယ်သားများသည် ထျန်ကုကို မြေပြင်မှ မသွားကြပြီး ရှောင်ထျန်ကို အလန့်တကြား ခိုးကြည့်ကာ အလျင်အမြန် ထွက်ခွာသွားကြသည်။

နတ်သမီး ဇွေ့မန် တစ်ယောက်သာ ကျန်ရစ်ခဲ့ပြီး ရှောင်ထျန်ကို စိတ်ဝင်တစား ကြည့်ကာ ရယ်မောလိုက်သည်။

"ဗိုလ်ချုပ်ရှောင်ထျန်က တကယ်ကို စွမ်းအားကြီးတာပဲ၊ ဗိုလ်ချုပ်ထျန်ကုက တော်တော် စွမ်းတယ်လို့ ထင်ထားတာ၊ ရှင်က သူ့ကို ပြန်တောင် မတိုက်နိုင်အောင် ဖိနှိပ်ပစ်လိုက်တာပဲ၊ တကယ်လို့ ကျွန်မတို့သာ နောက်ကျပြီးမှ ရောက်လာရင် သူ တကယ် သေသွားလောက်တယ်"

ရှောင်ထျန်သည် ဂုဏ်ယူသည့်ပုံစံ မပြဘဲ နတ်သမီး ဇွေ့မန်ကို ခဏကြာ တိတ်ဆိတ်စွာ ကြည့်နေပြီးနောက် ဖျော့တော့စွာ ပြောလိုက်သည်။

"သူ့လို သွေးမျိုးဆက်နဲ့က... ထျန်ကုလို့ အခေါ်ခံရတာ ကျွန်တော်တို့ ကျောက်စိမ်းခွေးမျိုးနွယ်အတွက် အရှက်ရစရာ သက်သက်ပဲ"

ထိုသို့ပြောပြီးသည်နှင့် နတ်သမီး ဇွေ့မန်၏ မျက်နှာအမူအရာကိုပင် တစ်ချက်မျှ လှည့်မကြည့်ဘဲ အိမ်ထဲသို့ ပြန်ဝင်သွားလေသည်။ နတ်သမီး ဇွေ့မန်သည် နေရာ၌ပင် ရပ်ကျန်ရစ်ခဲ့ပြီး ရှောင်ထျန်၏ ကျောပြင်ကို စိတ်ဝင်တစား ကြည့်လိုက်သည်။ ထို့နောက် တံခါးဝတွင် ရပ်နေသော အမျိုးသမီးကို နက်ရှိုင်းစွာ တစ်ချက်ကြည့်လိုက်ပြီး တခစ်ခစ် ရယ်မောကာ လှည့်ထွက်သွားလေသည်။

မကြာမီ ခြံဝန်းထဲတွင် တံခါးဝ၌ ရပ်နေသော အမျိုးသမီးတစ်ယောက်တည်းသာ ကျန်ရစ်တော့သည်။ သူမသည် ခဏမျှ ငြိမ်သက်နေပြီးနောက် ရုတ်တရက် အံကိုကြိတ်ကာ ခြံဝန်းထဲသို့ ဝင်ရောက်သွားပြီး တံခါးကို အတွင်းမှ ပိတ်လိုက်သည်။

ထိုအချိန်တွင် ရှောင်ထျန်သည် ခန်းမဆောင်ထဲသို့ ပြန်ရောက်နေပြီး ဝိုင်ဆက်သောက်နေလေပြီ။ အစားအသောက် အနည်းငယ် ယူစားလိုက်၊ ဝိုင်တစ်ခွက် သောက်လိုက်ဖြင့် ၎င်းစည်းချက်သည် အနည်းငယ်မျှ ပြောင်းလဲခြင်း မရှိပေ။ အကယ်၍ သူ့ခန္ဓာကိုယ်ပေါ်မှ သွေးစွန်းနေသော အစက်အပျောက်များကသာ ယခုလေးတင် ဖြစ်ပျက်ခဲ့သည်များကို သက်သေမပြလျှင် ထိုအရာအားလုံးသည် အိပ်မက်တစ်ခုဟုပင် ထင်မှတ်ရပေမည်။

အမျိုးသမီးသည် ခြံဝန်းထဲတွင် ခဏကြာ ရပ်နေပြီးနောက် တိတ်ဆိတ်စွာ ရှေ့တိုးလာပြီး အသံနိမ့်ဖြင့် ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် အရှင်"

မျှော်လင့်ထားသည့်အတိုင်း မည်သည့် တုံ့ပြန်မှုမျှ မရှိပေ။ သူမသည် သူ့ဘေးနားတွင် ရပ်နေသည့်တိုင် ရှောင်ထျန်သည် မျက်ခွံပင် ပင့်မကြည့်ဘဲ သူမသည် လေထုသက်သက်သာ ဖြစ်နေသည့်အလား ပြုမူနေသည်။ ထိုအခြေအနေကို မြင်သောအခါ မိန်းကလေးသည် အံကိုကြိတ်လိုက်ပြီး အသံနိမ့်ဖြင့် ပြောလိုက်သည်။

"အရှင်... ကျွန်မက ကျောက်စိမ်းခွေးမျိုးနွယ်ရဲ့ မင်းသမီး... နာမည်က ကျင်းရွှင်းနန်ပါ၊ ဒီတစ်ခါ အပြင်ထွက် ဆော့ကစားရင်း ကံဆိုးစွာနဲ့ ဒုတိယမဒမ်ရဲ့ လက်အောက်ငယ်သားတွေ ဖမ်းတာ ခံလိုက်ရပြီး မြို့စားအိမ်တော်ထဲ ခေါ်လာခံရတာပါ၊ တကယ်လို့ အရှင်သာ မရှိရင်... ကျွန်မရဲ့ အပျိုစင်ဘဝတင် မကဘူး... အသက်ပါ ဆုံးရှုံးရနိုင်ပါတယ်"

တိတ်ဆိတ်မှုများ တစ်ခဏ ဖြတ်သန်းသွားပြီးနောက် ရှောင်ထျန်သည် ဝိုင်ခွက်ကို ဖြည်းညှင်းစွာ ချလိုက်ပြီး မျက်လုံးများကို ပင့်ကာ ကျင်းရွှင်းနန်ကို ကြည့်လိုက်သည်။ ထို့နောက် ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

"မင်းအသက်ကို အခု ကယ်တင်လိုက်ပြီလို့ ဘယ်လိုလုပ် သိလဲ၊ ငါ မင်းကို သတ်ပစ်မှာ မကြောက်ဘူးလား"

ရှောင်ထျန်၏ စကားကို ကြားသောအခါ ကျင်းရွှင်းနန်က ပြုံးလိုက်သည်။

"အရှင်... ကျွန်မမှာ သိပ်မပြောပလောက်တဲ့ သဘာဝလွန် စွမ်းရည်လေး တစ်ခု ရှိပါတယ်၊ အဲဒါက လူတစ်ယောက်ရဲ့ စိတ်ရင်း အကောင်းအဆိုးကို တစ်ချက်ကြည့်ရုံနဲ့ သိနိုင်တာပါ၊ ဒါကြောင့် အရှင့်ကို ပထမဆုံး တွေ့လိုက်ကတည်းက အရှင်က လူကောင်းတစ်ယောက် ဆိုတာ ကျွန်မ သိနေပါတယ်"

"လူကောင်း... ဟက်..."

ရှောင်ထျန်သည် ခပခတိုးတိုးလေး ရယ်မောလိုက်ပြီးနောက် ထိုင်ခုံမှ ရုတ်တရက် ခုန်ထွက်ကာ ကျင်းရွှင်းနန်၏ ဆံပင်ကို ဆွဲလိုက်သည်။ ထို့နောက် သူ၏ ကြောက်မက်ဖွယ် အစွယ်များကို ထုတ်ဖော်ပြီး ကျင်းရွှင်းနန်၏ ကျော့ရှင်းသွယ်လျသော လည်ပင်းပေါ်သို့ ဖိကပ်လိုက်သည်။

ကျင်းရွှင်းနန်သည် သူ၏ သွားထိပ်ဖျားမှ အေးစက်သော လေငွေ့ကိုပင် ခံစားနေရသဖြင့် သူမ၏ ကြွက်သားများ တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ အကယ်၍ ရှောင်ထျန်သာ ကိုက်ချလိုက်လျှင် ကျင်းရွှင်းနန် ချက်ချင်း အသက်ပျောက်သွားမည် ဖြစ်သည်။

"ငါက လူကောင်း မဟုတ်ဘူး ပြီးတော့ ဘယ်တော့မှလည်း လူကောင်း မဖြစ်ချင်တော့ဘူး၊ ဘာလို့လဲဆိုတော့ ဒီလောကကြီးမှာ လူကောင်းဖြစ်ရတာ ဘာဆုလာဘ်မှ မရဘူးလေ၊ ဒါကြောင့် ငါက လူဆိုးလုပ်ချင်တာ... အဆိုးဆုံး လူယုတ်မာဖြစ်ချင်တာ"

ရှောင်ထျန်သည် ခြိမ်းခြောက်သံဖြင့် ဟိန်းဟောက်လိုက်သည်။ ကျင်းရွှင်းနန်သည် ရှောင်ထျန်၏ ရူးသွပ်လုနီးပါး အကြည့်ကြောင့် ကျောက်ရုပ်ကဲ့သို့ ဖြစ်သွားပြီး မျက်နှာသည် ချက်ချင်း သွေးဆုတ်ဖြူဖပ်သွားသည်။ သို့သော် သူမ တိုးတိုးလေး ပြန်ပြောလိုက်သည်။

"ကျွန်မ နားလည်ပါတယ်, ဒါပေမဲ့ လူကောင်းဖြစ်ရတာက ကိုယ့်စိတ်နှလုံး ငြိမ်းချမ်းဖို့အတွက် မဟုတ်ဘူးလားဟင်"

ထိုစကားကို ကြားလိုက်ရသောအခါ ရှောင်ထျန် ရုတ်တရက် တောင့်တင်းသွားပြီး ထိုအမျိုးသမီးကို ကြောင်ငေးကြည့်နေမိသည်။ ကျင်းရွှင်းနန်၏ မျက်နှာသည် စက္ကူကဲ့သို့ ဖြူဖပ်နေသော်လည်း သူမ ဆက်ပြောလိုက်သည်။

"ဝဋ်လည်တယ် မလည်ဘူး ဆိုတာတော့ ကျွန်မ မသိပါဘူး၊ ဒါပေမဲ့ ကောင်းတာ ဆိုးတာ ဆိုတာက ကိုယ့်စိတ်ထဲမှာပဲ ရှိတာပါ၊ လူဆိုးတွေက သူတို့ရဲ့ ကိုယ်ပိုင်လိပ်ပြာသန့်သန့်နဲ့ ငြိမ်းချမ်းစွာ နေနိုင်ကြလိမ့်မယ်လို့ ကျွန်မ မယုံဘူး"

သူမ၏ စကားဆုံးသည်နှင့် ရုတ်တရက်ပင် ရှောင်ထျန်သည် သူမကို လွှတ်ပေးလိုက်ပြီး သူ၏ မျက်နှာပေါ်တွင် အလွန်အမင်း နာကျင်ခံစားနေရသော အမူအရာများ ပေါ်လာသည်။ တစ်ခဏအတွင်းမှာပင် သူ၏ စိတ်ထဲသို့ ကြီးမားသော နာကျင်မှုလှိုင်းလုံးကြီး ဝင်ရောက်လာသဖြင့် မြေပြင်ပေါ်သို့ လဲကျသွားပြီး ခေါင်းကို ဖက်ကာ ကြမ်းပြင်ပေါ်တွင် လူးလိမ့်နေတော့သည်။

ကျင်းရွှင်းနန်သည် သူမ၏ ရှေ့မှ မြင်ကွင်းကြောင့် ထိတ်လန့်သွားသော်လည်း လျင်မြန်စွာပင် သတိပြန်ဝင်လာပြီး သူ့အနားသို့ အပြေးသွားလိုက်သည်။

"အရှင်ရှောင်ထျန်... ဘာဖြစ်တာလဲ၊ အရှင်ရှောင်ထျန်"

"နာတယ်, အဲဒီမှတ်ဉာဏ်တွေ ပြန်ရောက်လာပြီ အား... ငါ အရမ်း နာတယ်"

ရှောင်ထျန်၏ မျက်နှာသည် အလွန် ကြမ်းကြုတ်နေပြီး သူ၏ မျက်လုံးထောင့်များသည် အလွန်အမင်း ပြူးကျယ်ထားသဖြင့် ကွဲအက်ကာ သွေးစများပင် စီးကျလာသည်။

ကျင်းရွှင်းနန် ပျာယာခတ်သွားပြီး ဘာလုပ်ရမှန်း မသိအောင် ဖြစ်သွားသည်။ သို့သော် ရှောင်ထျန်၏ အပြုအမူသည် ပိုမို ရူးသွပ်လာပြီး သူ၏ မျက်လုံးများထဲတွင် ရှုပ်ထွေးသော အလင်းရောင်များစွာ လက်ခနဲ ဖြစ်ပေါ်နေကာ သူ၏ ဝိညာဉ်သည် ပြိုကွဲလုနီးပါး ဖြစ်နေကြောင်း ပြသနေသည်။

ရုတ်တရက် ကျင်းရွှင်းနန်သည် အံကိုကြိတ်လိုက်ပြီး ရှေ့သို့ တိုးကာ ရှောင်ထျန်၏ ခေါင်းကို ပွေ့ဖက်လိုက်ပြီး နူးညံ့စွာ ပြောလိုက်သည်။

"မကြောက်ပါနဲ့... ကျွန်မ ဒီမှာ ရှိတယ်၊ မကြောက်နဲ့နော် အားလုံး အဆင်ပြေသွားမှာပါ"

အစပိုင်းတွင် ရှောင်ထျန်သည် ကျင်းရွှင်းနန်၏ ပွေ့ဖက်မှုကို ရုန်းကန်နေသော်လည်း၊ တဖြည်းဖြည်းနှင့် ကျင်းရွှင်းနန်၏ ချော့မြှူမှုမှာ အလုပ်ဖြစ်လာပုံ ရသည်။ ရှောင်ထျန်၏ မျက်နှာအမူအရာ တဖြည်းဖြည်း ပျော့ပျောင်းလာပြီး မျက်နှာပေါ်ရှိ ရူးသွပ်မှုများ ဖြည်းညှင်းစွာ ပျောက်ကွယ်သွားကာ အဆုံးတွင် မျက်လုံးများ မှိတ်၍ အိပ်ပျော်သွားလေသည်။

ရှောင်ထျန်ထံမှ ခပ်တိုးတိုး ဟောက်သံကို ကြားလိုက်ရသောအခါ ကျင်းရွှင်းနန်သည် ခေါင်းကိုငုံ့ကာ သူ့ကို တိတ်ဆိတ်စွာ ကြည့်လိုက်မိသည်။ ရှောင်ထျန်သည် မတရားခံထားရသော ကလေးလေးတစ်ယောက်နှင့် တူနေသည်။ အိပ်ပျော်နေစဉ်မှာပင် သူ၏ မျက်ခုံးများသည် တင်းကျပ်စွာ တွန့်ချိုးနေဆဲဖြစါသည်။

ကျင်းရွှင်းနန်သည် လွန်ခဲ့သော နာရီအနည်းငယ်ကမှ စတင် တွေ့ဆုံခဲ့သော ဤလူငယ်လေးကို ကြည့်ကာ သူမ၏ ရင်ထဲတွင် ရုတ်တရက် နွေးထွေးမှုတစ်ခု စီးဆင်းလာသည်ကို ခံစားလိုက်ရသည်။ ထို့နောက် မသိစိတ်၏ စေ့ဆော်မှုဖြင့် ရှောင်ထျန်၏ မျက်ခုံးကို လက်ဖြင့် ဖြည်းညှင်းစွာ သပ်ပေးလိုက်မိသည်။

သူ၏ မျက်ခုံးကြားတွင် ရှိနေသော ဝမ်းနည်းမှု အားလုံးကို ဖြေလျော့ပေးလိုက်သည့်အလားပင်ထင်ရသည်။ ထိုအချိန်လေးမှာပင် ရှောင်ထျန်သည် ကျင်းရွှင်းနန်၏ လက်ကောက်ဝတ်ကို ရုတ်တရက် ဖမ်းဆုပ်လိုက်ပြီး နာကျင်သော အသံဖြင့် ရေရွတ်လိုက်သည်။

"'အရှင်အားလန်... ကျွန်တော့်ကို ထားမသွားပါနဲ့”

All Chapters