← Chapters

အခန်း (၇၃၆-၇၃၈)

Vol. 50 Ch. 736-738

အခန်း (၇၃၆-၇၃၈)

Vol. 50 Ch. 736-738

အပိုင်း ( ၇၃၆ ) ဝန်းရံခံရမူ

ဆန်နီကို ပုံရိပ် ငါးခုက ဝန်းရံထားခဲ့တယ်..။တစ်ခုချင်းစီတိုင်းကလည်း..သူ့ ပုံစံအတိုင်း တစ်ထပ်တည်း တူညီနေခဲ့ကြပါတယ်..။ကြောက်မက်ဖယ်ရာ နတ်ဆိုးတွေက အတော်လေးကို ထိပ်လန့်စရာကောင်းနေခဲ့ကြတာပါ..။သူတို့ရဲ့ သံချပ်ကာ ဝတ်ထားတဲ့ ခန္တာကိုယ်တွေက..ပြင်းထန်တဲ့ ခြိမ်းခြောက်မူ နဲ့ အမုန်းတရားတွေကို ထုတ်လွှတ်နေခဲ့ကြတယ်..။ပြီးတော့ သူတို့ရဲ့ မျက်လုံးတွေကလည်း..လူသားမဆန်စွာပဲ စိုက်ကြည့်နေခဲ့ကြပါတယ်..။ဒါက အတော်လေးကို စိတ်အနှောက်အယှက် ဖြစ်စရာပါပဲ..။

‘ချီးပဲ..ငါ့ ပုံစံက အဲလောက်တောင် ကြောက်စရာကောင်းနေတာလား..’

ဆန်နီ သူ့ရဲ့ ထိုင်ခုံကို မှီလိုက်ပြီး..တစ်ခနတောင် တုန့်ဆိုင်းနေခြင်းမရှိပဲ ပြောလိုက်တယ်..။

“အလင်းမှပျောက်ဆုံးသူတို့.. အဲဒီ လူယုတ်မာ အဖိုးကြီးကို သတ်ကြစမ်း..”

ပုံရိပ်တွေကတော့ မလှုပ်မယှက်နဲ့ သူ့ကို စိုက်ကြည့်နေကြတုန်းပါပဲ..။အချိန်တစ်ချို့ကြာပြီးသွားတဲ့ နောက်မှာတော့ ဘာမှ ထပ်ဖြစ်မလာခဲ့ပေ..။

လေထုက ရှက်ရွံ့ဖွယ်ကောင်းလောက်‌ေအာင် တိတ်ဆိတ်သွားခဲ့တယ်..။

မော်ဒရက် ရယ်မောလိုက်ပြီး..

“ဒီလှည့်စားမူက အလုပ်ဖြစ်မယ်လို့ မင်းက ထင်နေတာလား..”

သူ ပြုံးလိုက်တယ်..။ယင်းနောက်..အရိပ် နတ်ဆိုးတွေကို ကျေနပ်စွာ ကြည့်လိုက်ပါတယ်..။

“ပုံမှန်အားဖြင့်တော့..မင်း ရောက်မလာခင်ကတည်းက သူတို့ကို ငါ့အပိုင်ဖြစ်အောင် ချည်နှောင်ထားခဲ့တာလေ..”

ဆန်နီ လူအိုကြီးကို တစ်ခနလောက် စိုက်ကြည့်လိုက်တယ်..။ပြီးမှ အကြည့်ကို လွှဲကာ ပုခုံးတွန့်လိုက်ပြီး..

“ကောင်းပြီလေ..ဘာပဲဖြစ်ဖြစ် စမ်းကြည့်တော့လည်း အရှုံးရှိတာမှ မဟုတ်တာ..”

သူက ပုံရိပ်တွေကို တစ်စက္ကန့်လောက် စိုက်ကြည့်ပြီး သူတို့ ဘယ်လောက်ထိ အားကောင်းနိုင်မလဲ ဆိုတာကို အကဲဖြတ်ဖို့ ကြိုးစားလိုက်တယ်..။

ဝိဉာဉ်တိုက်ပွဲ ဆင်နွဲကြတုန်းကလို မဟုတ်ပဲ..မော်ဒရက်မှာ အားနည်းတဲ့ အမြုတေ တစ်ခုတည်း ရှိနေတာကို ဆန်နီ မြင်နေခဲ့ရပါတယ်..။ဒါက အားနည်းပြီး မထင်မရှား ရှိနေခဲ့တယ်..။ဒါက သူ့အနေနဲ့ ဘုန်းတော်ကြီးရဲ့ ကိုယ်ပိုင်ဝိဉာဉ် ယူခဲ့တာ ဒါမှမဟုတ် ပြီးပြည့်စုံစွာ တူညီအောင် လုပ်ထားတဲ့ ပုံပါပဲ..။ဒီနည်းလမ်းကို သုံးထားမယ်ဆိုရင်..ဂုဏ်ဒြပ်မရှိတဲ့ မင်းသားက ဘယ်ခန္တာကိုယ်ကို အပိုင်သိမ်းပိုက်ထားလဲ ဆိုတာကို သိနိုင်ဖို့ ခဲယဉ်းသွားခဲ့ပါပြီ..။သူ့ရဲ့ ကိုယ်ပိုင် ဝိဉာဉ်က ပြီးပြည့်စုံစွာ ဖုံးကွယ်နေခဲ့တာပါ..။

တစ်ဖက်မှာတော့..ပုံရိပ်ထပ်တူညီမူ တွေက..အတော်လေးကို ကွဲပြားပြီး..ထူးခြားနေခဲ့တယ်..။ဆန်နီဟာ..တစ်ကောင်ချင်းစီ ရဲ့ ခန္တာကိုယ်ထဲက အရိပ်တွေကို မြင်နိုင်တယ် ဆိုပေမဲ့ သူတို့က အရိပ်နတ်ဆိုးနဲ့ ဆင်တူနေတယ်ဆိုရင်တောင်..တစ်ကောင်မှ အစစ်အမှန်မဟုတ်ကြပေ..။

အားလုံးက တက်ရောက်မူ အဆင့်တွေ ဖြစ်ကြပေမယ့်..သူတို့ထဲက နှစ်ကောင်ကတော့ ဘာမှမဟုတ်တဲ့..သားရဲ တွေပါ..။နှစ်ကေင်က..မွန်းစတား ဖြစ်ပြီး..တစ်ကောင်က နတ်မိစ္ဆာ အဆင့် ဖြစ်နေခဲ့တယ်..။ပုံရိပ်ထပ်တူညီမူ တွေနဲ့ ပတ်သက်လာရင် အမျိုးအစား ခွဲခြားမူတွေမှာ ဘယ်လို အလုပ်လုပ်ကြသလဲ ဆိုတာကိုတော့ ဆန်နီလည်း မသိပါဘူး..။သို့ပေမယ့်..သူတို့က ..သူတို့ရဲ့ အစ်ကိုကြီး မှန်သားရဲ ထက် အားနည်းကြလိမ့်မယ် ဆိုတာတော့ ..ဆန်နီ သေချာသိပါတယ်..။

…ဒါတောင်မှ..တက်ရောက်မူအဆင့်..ပုံရိပ်ထပ်တူညီမူ ငါးကောင် ဆိုတာက..သူ့ကို တစ်စစီစုပ်ဖြဲဖို့အတွက် လိုတာထက်တောင် ပိုနေခဲ့ပါပြီ..။အထူးသဖြင့် သူတို့ တစ်ကောင်ခြင်းစီတိုင်းက..နတ်ဘုရားအဆင့် စွမ်းရည်တွေကို ရရှိထားကြတဲ့ အချိန်မှာပါ..။

ဆန်နီ မော်ဒရက်ကို ကြည့်ပြီး တွေဝေနေခဲ့တယ်..။ပြီးမှ သုန်မုန်စွာ ပြောလာခဲ့ပါတယ်..။

“တကယ် အထင်ကြီးစရာပဲ..။ဒါပေမဲ့..နည်းနည်းတော့ အားနည်းနေကြသလိုပဲနော်..။သာမန်လူသား ထောင်နဲ့ချီပြီး သတ်ဖြတ်လာခဲ့တာတောင်..မင်းရဲ့ မွန်းစတားတွေက အာဟာရ အပြည့်ဝကြဘူးထင်တယ်..ဟင်..။အခု ငါ သူတို့ကို မြင်ရပြီဆိုတော့ ..မြောက်ပိုင်းမှာ မင်းလုပ်ခဲ့တာတွေက ဘယ်လောက်တောင် တုံးအလဲဆိုတာကို ငါ သိသွားပြီ..”

လူအိုကြီးဟာ..သူ့ကို နက်မှောင်တဲ့ အမူအရာနဲ့ ကြည့်နေခဲ့တယ်..။

“သူတို့က မင်းကို သတ်ဖို့အတွက်တော့ လုံလောက်ပါတယ်..။

ဆန်နီ ပြုံးလိုက်ပြီး..

“အိုး..ဘယ်လုံလောက်ပါ့မလဲ..။မင်းက ငါ့ကို သတ်မှာမှ မဟုတ်တာ..”

မော်ဒရက် ရဲ့ မျက်ခုံးတွေ မြောက်တက်သွားခဲ့တယ်..။

“မင်းက ဘာလို့ ဒီလိုပြောတာလဲ..”

ဆန်နီက ကုလားထိုင်ပေါ်မှာ သက်သောင့်သက်သာ ထိုင်နေရင်းနဲ့..

“ဘာအကျိုးရှိမှာ မို့လို့လဲ..။ငါသာ အသက်ရှင်နေရင် ပိုပြီး အသုံးဝင်မှာပဲလေ..။ထပ်ပြောရရင်..မင်း ငါ့ကို သတ်မယ်ဆိုရင်တောင်..ငါ ပိုင်ဆိုင်ထားတဲ့ မှတ်သားမူတွေ အားလုံးကို မင်း လက်လွှတ်လိုက်ရမှာပဲ..။မှတ်သားမူတွေ ရဖို့ အတွက် မင်းငါ့ကို ရက်သတ္တပတ်တွေ ကြာအောင် နိုပ်စက်မှာကို စိတ်ပူမိပေမယ့် မင်းက အဲလိုလုပ်မှာ မဟုတ်ဘူး..”

လူအိုကြီးက ပြုံးလိုက်ပြီး..

“ဒါက တကယ်ကို အကျိုးအကြောင်း ဆီလျော်တဲ့ အဖြေပဲ..။ဒါပေမဲ့..ငါက အကျိုးအကြောင်း ဆီလျော်တဲ့ လူတစ်ယောက် ဆိုတာ သေချာရဲ့လား ဆန်းလပ်စ်..”

ဆန်နီ ကြက်သီးမွှေးညှင်းထသွားခဲ့ပြီး…အားနည်းစွာ ကြိုးစားအားတင်း ပြုံးလိုက်တယ်..။

“အာ..အဲလို မဟုတ်ဘူး..။ငါလည်း သိပ်မသေချာဘူး..။ဘာပဲဖြစ်ဖြစ်..မင်းက ငါ့ကိုလည်း အထင်သေးနေတာပဲ..”

မော်ဒရက် မျက်မှောင်ကျုတ်လိုက်ပြီး..

“ဘယ်လိုမျိုးလဲ..။မင်းရဲ့ အဖွဲ့သားတွေက မင်းကို စွန့်ပစ်လိုက်တဲ့ ပုံပဲ..။မင်းရဲ့ အရိပ်တွေကလည်း ဒဏ်ရာရထားတာကြောင့် အသုံးပြုလို့မရတော့ဘူး..။ပုံရိပ်ထပ်တူညီမူ တွေကို မင်းက ဘယ်လို တိုက်ခိုက်နိုင်မှာ မို့လို့လဲ..”

ကြီးမားတဲ့ အရိပ်နတ်ဆိုးတွေကို တစ်ချက်ကြည့်လိုက်ပြီး..ဆန်နီ အနည်းငယ် တွေဝေကာ ပြောလိုက်တယ်..။

“ကောင်းပြီလေ..မင်းက ဒီလိုပြောတော့လည်း ငါလုပ်နိုင်တာ သိပ်တော့ မရှိပါဘူး..။သူတို့အားလုံးက အမှန်ပဲ အားကောင်းကြတယ်..။ငါကိုယ်တိုင်က အန္တာရာယ်ရှိတဲ့ လူတစ်ယောက်ဖြစ်ပြီး..သူတို့က ငါ့ရဲ့ စွမ်းအားတွေကိုပါ ပိုင်ဆိုင်ထားကြသေးတာ..။သူတို့က တက်ရောက်မူအဆင့်ထက်တော့ မနိုမ့်ကျကြဘူး..။ဒါပေမဲ့…”

သူက အကြည့်တွေကို လူအိုကြီး ဘက်ကို ရွေ့လိုက်တယ်..။သူ့ရဲ့ နှုတ်ခမ်းမှာတော့ အပြုံးတစ်ခုက ဖြည်းညှင်းစွာ ပေါ်လာခဲ့ပါတယ်..။

“ဒါက မင်းအတွက်တော့ မတူညီနိုင်ဘူး..ဟုတ်တယ်မလား..။မင်းက ဒီ ပုံရိပ်ထပ်တူညီမူတွေကို ရဖို့ အတွက်..မင်းရဲ့ အမြုတေတွေအားလုံးကို ရင်းနှီးပစ်ခဲ့ရတယ်..။အခုတော့ မင်းက ဒီလို အရာမျိုး တစ်ခု ၊ နှစ်ခုလောက်ကို ဖန်တီးတာ အောင်မြင်သွားပြီပေါ့..။ဒါက မင်းကို ငါ့ထက် အားနည်းသွားစေတာပဲ..။ထပ်ပြောရရင် မင်းရဲ့ စွမ်းရည်က ကြောက်ဖို့ ကောင်းတယ် ဆိုပေမယ့် ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မူတွေအတွက် ကူညီပေးနိုင်မှာမဟုတ်ဘူး..။ဒါက စစ်မှန်တဲ့ ဘက်စုံသုံး အရာတစ်ခုပဲ..။ဒီတော့..ငါက မင်းရဲ့ မွန်းစတားတွေကို မသတ်နိုင်ဘူး ဆိုပေမယ့်..”

သူ့ရဲ့ မျက်လုံးတွေက နက်မှောင်လာခဲ့ပြီး ဖြည်းဖြည်းချင်းအန္တရာယ်များသွားခဲ့ပါတယ်..။

“သူတို့ ငါ့ကို မတားနိုင်ခင်မှာ..ငါ မင်းရဲ့ ခန္တာကိုယ်ကို ဖျက်ဆီးဖို့ အခွင့်အရေးကောင်းတွေ ရှိနေတယ်လို့ ငါထင်တာပဲ..”

သူ့ရဲ့ အရိပ်လေးခုစလုံးက ခန္တာကိုယ်ပေါ်မှာ ရစ်ပတ်ရင်း..ပြင်းထန်တဲ့ ခွန်အားတွေကို ထုတ်လွှတ်နေခဲ့တယ်..။သူ နဲ့ လူအိုကြီးရဲ့ ကြားထဲမှာ မီတာ အနည်းငယ်လောက်သာ ရှိတာကြောင့်..သူက ဒီအကွာအဝေးကို တစ်ခနချင်း ရောက်သွားနိုင်ပါတယ်..။

မော်ဒရက် မျက်လုံးပြူးကျယ်သွားခဲ့ပြီး..နောက်ကို ခြေတစ်လှမ်းဆုတ်လိုက်တယ်..။ပြီးတာနဲ့ လက်တွေကို မြောက်ပြီး ကိုယ့်ကိုကို ကာကွယ်ဖို့ ပြင်ဆင်ထားလိုက်ပါတယ်..။

“အိုး..မလုပ်ပါနဲ့..။ကျေးဇူးပြုပြီး မလုပ်လိုက်ပါနဲ့..။ငါက ခန္တာကိုယ်တစ်ခု မရှိရင် ဘယ်လို အသက်ရှင်ရမှာလဲ..”

ယင်းနောက် သူ ခေါင်းခါယမ်းလိုက်ပြီး သဘောကျစွာ ရယ်မောပါတော့တယ်..။

“မင်းပြောတဲ့ပုံကလည်း..ဒီမြို့ထဲမှာ ငါ သိမ်းပိုက်ဖို့အတွက် ခန္တာကိုယ် မရှိတဲ့ ပုံစံဖြစ်နေပြီ..ဟုတ်တယ်မလား..။ဒီလို တွေးကြည့်တော့လည်း..ငါ ဒီတိုင်း မြို့ပြင်ကို သွားပြီး..မင်းရဲ့ အဖွဲ့သားတွေထဲက တစ်ယောက်ရဲ့ ခန္တာကိုယ်ကို ယူလိုက်ရင် ကောင်းမလားပဲ..။ကလေး ကိုယူရမလား..မသန်စွမ်းလေးရဲ့ ခန္တာကိုယ်ကို ယူရမလား.။ဒီလိုဆိုရင် ငါက ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ကို ပစ်သလိုဖြစ်သွားပြီး..မင်းရဲ့ စိတ်ရှုပ်စရာ မျက်မမြင်ကိုပါ ရှင်းထုတ်ပြီးသား ဖြစ်သွားလိမ့်မယ်..။ဒါက တကယ်အကြံကောင်းပဲ…။မင်းအဲလို မထင်ဘူးလား..”

ဆန်နီ တိတ်ဆိတ်သွားခဲ့တယ်..။

“ဟင့်အင်..ငါကတော့ ဒီအရာကို အကြံကောင်းလို့ မမြင်ဘူး..”

လူအိုကြီးက သူ့ကိုနက်မှောင်စွာ ကြည့်နေခဲ့ပြီးကာမှ ခေါင်းခါယမ်းကာ တစ်ဖက်လှည့်သွားခဲ့တယ်..။

“မင်း မလှုပ်ရှားဖို့ ငါ အကြံပေးချင်တယ်..ဆန်းလပ်စ်..။ငါ့ရဲ့ ပုံရိပ်ထပ်တူညီမူ တွေက မင်းကို သတ်မှာ မဟုတ်ပေမယ့်..ဒီကောင်တွေက နူးညံ့သိမ်မွေ့နေကြမှာ မဟုတ်ဘူး..။နာကျင်မူ ဆိုတာက နာကျင်မူပဲ..”

ဒီလိုပြောပြီးတာနဲ့.. သူက တံတားအတိုင်း လှေကားတွေကို တက်သွားခဲ့ပါတယ်..။

ဆန်နီ သူ့နောက်ကျောကို စိုက်ကြည့်နေရင်း အံကိုကြိတ်ထားကာ..သေဆုံးခြင်း ဆုတောင်းကို ဖော်ထုတ်လိုက်တယ်..။အဆောင်က ထွက်ပေါ်လာခဲ့တာနဲ့ မြေအောက်ကမ္ဘာရဲ့ ဝတ်ရုံတော် အပေါ်ကို ရောက်သွားခဲ့ပါတယ်..။သူက အရိပ်တွေကို မဟူရာ အကာအကွယ်ပေါ် ရစ်ပတ်ခိုင်းလိုက်ပြီး..မြေအောက်ကမ္ဘာလက်နက် စွမ်းရည်ကို ပိုမိုသန်မာစေလိုက်တယ်..။

အားဖြည့်မူရဲ့ သက်ရောက်မူကြောင့်..သေဆုံးခြင်း စိတ်ဆန္ဒက..ပိုမိုအားကောင်းလာခဲ့ပါတယ်..။

မှတ်သားမူ တိုးမြှင့်ချက် - ( သေဆုံးခြင်း စိတ်ဆန္ဒ )

တိုးမြှင့်မူ ဖော်ပြချက် - ( ဒီ မှတ်သားမူ၏ ပိုင်ရှင်ကို တွေ့မြင်ရသူတိုင်းသည်..ဆွဲဆောင်ခြင်းကို ခံစားကြရလိမ့်မည်..။မိတ်ဆွေများမှာ စိတ်ဓာတ်တက်ကြွလာကြမည်ဖြစ်ပြီး..ရန်သူများက ပိုင်ရှင်ကို လက်နက်ကိုင်စွဲ တိုက်ခိုက်ကြလိမ့်မည်..)

ခြေလှမ်းတစ်ချို့ကို လှမ်းပြီးပြီ ဖြစ်တဲ့ မော်ဒရက်ရဲ့ ခြေထောက်တွေက နှေးကွေးသွားခဲ့တယ်..။ယင်းနောက် တစ်ဖက်ကို ပြန်လှည့်လာခဲ့ပါတယ်..။

သူ့ရဲ့ မျက်နှာပေါ်မှာတော့ ဒေါသတွေနဲ့ ပြည့်နှက်နေခဲ့ပါပြီ..။

“အားး…အဲတာဘာလဲ..”

သူက ဆန်နီကို ရူးသွပ်စွာ သွေးဆာနေတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်ပြီး..

“တကယ်ကို ဆိုးဝါး တဲ့ မှတ်သားမူပဲ…။လှည့်ကွက်ကောင်းတယ် ဆန်းလပ်စ်..။ဒါပေမဲ့ အလုပ်ဖြစ်မှာ မဟုတ်ဘူး..”

အဖိုးကြီးက အထင်သေးစွာ ပြုံးလိုက်တယ်..။ယင်းနောက် ဖြည်းညှင်းစွာ ငြိမ်သက်သွားပြီး မျက်မှောင်ကျုတ်ထားခဲ့ပါတယ်..။

“ဒါပေမဲ့..မင်းက ဘာလို့..မင်းက ဘာလို့ ငါ့ကို တိုက်ခိုက်စေချင်နေတာလဲ ဆန်းလပ်စ်..။ဒါက လုံးဝ အဓိပ္ပာယ်မရှိဘူး..။ငါ ဘယ်လောက်တောင် အန္တရာယ်များလဲ ဆိုတာကို မင်းလည်း သိနေတာပဲ..။ဒါပေါ့ တစ်ခုက လွဲလို့ပေါ့..”

သူ့ မျက်လုံးတွေ ပြူးကျယ်သွားခဲ့တယ်..။

တစ်ချိန်တည်းမှာပဲ ဆန်နီက ပြုံးလိုက်ပါတယ်..။

သူတို့နဲ့ အတော်ဝေးဝေး..၊ ဆင်စွယ်ရောင် ကျွန်းတွေရဲ့ တစ်ခြားတစ်ဖက် လေဟာနယ်ထဲမှာတော့..သေးငယ်တဲ့ ပုံရိပ်တစ်ခုက..အောက်ဘက်ကောင်းကင်ရဲ့ အမှောင်ထုထဲကနေ ပေါ်ထွက်လာခဲ့ပြီး..သွေးသံတရဲရဲနဲ့ နဂါးကြီးဆီကို ဦးတည်ပျံသန်းနေခဲ့ပါပြီ..။

အပိုင်း ( ၇၃၆ ) ပြီး၏။

အပိုင်း ( ၇၃၇ ) ကိုယ့်ရဲ့ ပုံရိပ်ထပ်တူညီမူ

ဆိုဗန် နဲ့ နေမင်းသားတို့ အရေးနိမ့်သွားပြီးနောက်မှာတော့... မျှော်လင့်ချက်နိုင်ငံတော်ရဲ့ ပျက်စီးနေတဲ့ အကြွင်းအကျန်တွေပေါ်ကို အရုဏ်ဦး အလင်းတန်းတွေ ကျရောက်လာခဲ့ပါတယ်..။ ဒီ နေရောင်ခြည် ဟာ ဆင်စွယ်ရောင်နဂါးကြီးရဲ့ ဒေါသတွေကိုပါ တစ်ပါတည်း သယ်ဆောင်လာခဲ့တယ်..။ ဆန်နီကတော့ သူတို့ရဲ့လမ်းမှာ ဆေးဗားရက် က တစ်ခုတည်း မဟုတ်ဘူးဆိုတာကို ကြိုသိထားပြီးသားပါ..။

ဒီဖြစ်ရပ်တွေတစ်လျှောက်လုံးမှာ သူက မော်ဒရက်ကို တစ်စက္ကန့်လေးတောင် မေ့မထားခဲ့ပေ..။ အမှန်အတိုင်းပြောရရင် သူက အင်မော်တယ် သူတော်စင် တွေ ဘယ်လောက်ပဲ အစွမ်းထက်ပြီး ကြောက်စရာကောင်းနေပါစေ. စွန့်ပစ်ခံထားရတဲ့ ဗာလာကလန်ရဲ့ မင်းသားကို သူတော်စင်တွေထက် ပိုပြီး သတိထားနေခဲ့ပါတယ်..။

ကြီးမြတ်တဲ့ ကလန်တစ်ခုလုံးရဲ့ အင်အားနဲ့တောင် စွန့်ပစ်ခံမင်းသားကို ထိန်းချုပ်နိုင်ခဲ့ကြတာ မဟုတ်ပါဘူး..။ ဒီတော့ ဆန်နီ မှာ ဘယ်လိုလုပ် မျှော်လင့်ချက် ရှိနိုင်မှာလဲ..။

ဒါပေါ့... ဒီအိပ်မက်ဆိုးထဲမှာ မော်ဒရက်က သူတို့ရဲ့ ရန်သူဖြစ်လာမယ်လို့ သူ အသေအချာ မပြောနိုင်ခဲ့ပါဘူး..။ ဘယ်လိုပဲဖြစ်ဖြစ် ဒီငရဲလိုစမ်းသပ်မှုအတွင်းမှာ သူတို့က မဟာမိတ်တွေ အဖြစ် ရှိနေကြရမှာပါ..။ အနည်းဆုံးတော့ သီအိုရီအရပေါ့..။

ဒါပေမဲ့ သူက ဖြစ်နိုင်ချေတွေကို လျစ်လျူမရှုထားခဲ့ပေ..။ ဆန်နီဟာ မျိုးစေ့ထဲကို မဝင်တုန်းက မာစတာ ဂျက် သူ့ကို ပေးခဲ့တဲ့ အကြံဉာဏ်တွေကို သေချာ မှတ်သားထားခဲ့ပါတယ်..။ အရင်တုန်းကလည်း သူမ မျှဝေပေးခဲ့တဲ့ ခက်ခက်ခဲခဲ အသိပညာတွေဟာ သူ ရှင်သန်ဖို့အတွက် အမြဲတမ်း အရေးပါခဲ့တာကြောင့် သူမရဲ့စကားတွေကို သေချာပေါက် လေးလေးနက်နက်ထားခဲ့ပါတယ်..။

အဲ့ဒီအချက်ကြောင့်ပဲ ဆန်နီနဲ့ ကိုင်ဟာ အရိုးရှင်းဆုံး အစီအစဉ်တစ်ခု ချမှတ်ဖို့ သဘောတူညီခဲ့ကြတယ်..။

သူတို့ထဲက တစ်ယောက်က မီးတောင်ကျောက်ဓားကို ယူထားပြီး နောက်တစ်ယောက်က ဖန်သားရောင် ဓားကို ယူထားဖို့ပါ..။ ဘယ်အင်မော်တယ် ကျဆုံးသွားမလဲဆိုတဲ့ အပေါ်မှာ မူတည်ပြီး တစ်ယောက်က အလုပ်ကို အဆုံးသတ်ရပါလိမ့်မယ်..။ နောက်တစ်ယောက်ကတော့ လိုအပ်လာခဲ့ရင် စွန့်ပစ်ခံမင်းသား ဝင်ရောက်စွတ်ဖက်လာမှာကို တားဆီးရမှာပါ..။

ဆိုရိုးစကား အရဆိုရင်တော့ ဥတွေအားလုံးကို ခြင်းတောင်းတစ်ခုတည်းထဲ ထည့်ထားတာဟာ ပညာရှိရာမကျဘူး ဆိုတာပါပဲ..။

ဆန်နီ ဆီမှာ ရှိထားတဲ့ တန်ဖိုးအကြီးမားဆုံး ဉ ကို ပြပါဆိုရင်တော့ ဒါက နတ်ဆိုးတစ်ကောင်ရဲ့ ဉပါပဲ..။ ခြင်းတောင်းထဲမှာ ဥတွေစုထားတာက ဘာလို့အန္တရာယ်ရှိလဲဆိုတာ သူ အတိအကျတော့ မသိပေမဲ့ ယေဘုယျအားဖြင့် ဒီအယူအဆကိုတော့ သူ သဘောတူပါတယ်..။

အဲ့ဒါကြောင့်ပဲ သူ့မျက်စိရှေ့မှာ အားနည်းတဲ့ လူအိုကြီးတစ်ယောက် ပေါ်လာတဲ့ အချိန်ကစပြီး ဆန်နီဟာ ပန်းတိုင်တစ်ခုတည်းကိုပဲ အာရုံစိုက်ထားခဲ့တယ်..။

သူဟာ မော်ဒရက်နဲ့ သူ့ရဲ့ အရိပ်ထပ်တူညီမူ ငါးကောင်လုံးကို အာရုံလွဲထားရမှာပါ..။

တကယ်လို့ သူတို့နှစ်ယောက်သာ အမှန်တကယ်.. တိုက်ခိုက်ကြမယ်ဆိုရင် သူအတွက် အနိုင်ရနိုင်ခြေ သိပ်မရှိပါဘူး..။ စွန့်ပစ်ခံခံမင်းသားကို တိုက်ပွဲမှာ အနိုင်ယူဖို့ အခွင့်အလမ်းက သိပ်မရှိဘူးလို့ သူက ယူဆထားခဲ့တာပါ..။ အထူးသဖြင့် သဘော်တပ်တွေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ထားရတာကြောင့် သူ့ရဲ့ အင်အားတွေက ကုန်ခမ်းနေခဲ့ပါပြီ..။အခုချိန်မှာ သူ့ရဲ့ အရိပ်တွေဆီက အကူအညီကိုလည်း ရရှိနိုင်မှာ မဟုတ်ပေ....။

သူဟာ မော်ဒရက်ကို အမှန်တကယ် တိုက်ခိုက်ဖို့ ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ပါဘူး..။ သူ လုပ်ချင်တာက သူ့ကို အချိန်ဆွဲထားဖို့ပါပဲ..။

ဒါကြောင့် ဆန်နီဟာ မော်ဒရက်နဲ့ စကားတွေ အများကြီး ပြောနေခဲ့တာပါ.။သူက လှည့်စားတဲ့ မေးခွန်းအချို့ကို မေးရင်း သူဆီမှာ ဖန်သားရောင် ဓားရှိနေတယ်လို့ အထင်မှားစေခဲ့တယ်..။ ပြီးတာနဲ့ သူ့ပြိုင်ဘက်ရဲ့ ပုံရိပ်ထပ်တူညီမူ ငါးကောင်ကို ထုတ်ပြလာအောင်လည်း ဆွပေးခဲ့တယ်..။

စွန့်ပစ်ခံမင်းသားဟာ မျှော်လင့်ချက်ကြောင့် စိတ်ခံစားချက်တွေ ပြောင်းလဲနေတာ ဖြစ်နိုင်သလို ၊ လူတွေ အမြဲတမ်း ကျရောက်လေ့ရှိတဲ့ အလိမ်အညာ ထောင်ချောက်ထဲကို ကျရောက်သွားတာလည်း ဖြစ်နိုင်ပါတယ်..။ဖြစ်နိုင်တာက..ဆန်နီက သူ့ရဲ့ အားနည်းချက်ကို အသုံးချပြီး လူတွေကို ဘယ်လောက်အထိ လှည့်စားနိုင်တယ်ဆိုတဲ့ အပေါ်မှာ အထင်သေးနေခဲ့တာလည်း ဖြစ်နိုင်တာပါပဲ..။

ဘာပဲဖြစ်ဖြစ်... ဒီတစ်ကြိမ်မှာတော့ မော်ဒရက်ဟာ ကြိုးဆွဲသူဖြစ်မလာဘဲ ရုပ်သေးရုပ် ဖြစ်သွားခဲ့ပါပြီ..။ ဆန်နီက သူ့ထက် ခွန်အားအရာမှာ အားနည်းနိုင်ပေမယ့်လည်း..လှည့်စားတတ်တဲ့ အပိုင်းမှာတော့..စွန့်ပစ်ခံမင်းသားကို အနိုင်ယူနိုင်ခဲ့တာ အမှန်ပါပဲ..။

ဒီနေ့မှာတော့ သူက ပိုပြီး ကောက်ကျစ်တဲ့သူ တစ်ယောက် ဖြစ်လာခဲ့ပါပြီ..။သူက လက်တစ်ချောင်းတောင် မလှုပ်ဘဲ သစ်သားကုလားထိုင်တစ်လုံးနဲ့ နတ်ဆိုးဆန်တဲ့ လျှာကိုပဲ အသုံးပြုပြီး ဒီတိုက်ပွဲကို အနိုင်ရခဲ့တာပါ..။

ကောင်းပြီလေ..အတိအကျပြောရမယ် ဆိုရင်တော့ သူက လျာကိုတောင် အသုံးမပြုခဲ့ပေ။သူက ကျောက်တုံးတစ်တုံးကိုပဲ သုံးခဲ့တာပါ..။

ပုံရိပ်ထပ်တူညီမူ တွေအားလုံး ပေါ်လာတာနဲ့ တစ်ပြိုင်နက် ကိုင်က စတင်လှုပ်ရှားခဲ့တယ်..။ သူက ဆင်စွယ်ရောင်ကျွန်းကို ရောက်တဲ့ အချိန်မှာတော့..သူ့ကို တားဆီးဖို့ ဆိုတာ မဖြစ်နိုင်တော့ပါဘူး..။

လုနီးပါးပေါ့..။

စွန့်ပစ်ခံမင်းသားက သူ့ရဲ့ စွမ်းရည်ကို အသုံးပြုပြီး အလင်းပြန်မူ တွေကနေတစ်ဆင့် လေးသည်တော်ရဲ့ ဝိဥာဉ်ထဲကို ဝင်ရောက်နိုင်ပါသေးတယ်..။ ဒါပေမဲ့... ကိုင်က ဆန်နီပေးထားတဲ့ အဆောင်ကို ဝတ်ဆင်ထားခဲ့တယ်..။

ဒီအဆောင်ကို ဗာလာရဲ့ အုပ်စိုးသူ ကိုယ်တိုင် ထုလုပ်ထားခဲ့တာဖြစ်ပြီး..မော်ဒရက်ရဲ့ ဝိဉာဉ်သိမ်းပိုက်မူတွေကို ကာကွယ်ပေးနိုင်ပါတယ်..။ မော်ဒရက်က အလင်းပြန်မူတွေကနေ တဆင့် ကိုင်ဆီကို သွားနိုင်တယ်ဆိုရင်တောင်..ကိုင်ရဲ့ ခန္တာကိုယ်ကို သိမ်းပိုက်နိုင်မှာ မဟုတ်ပါဘူး..။

အဲ့ဒီတော့ ဆန်နီနဲ့ ပုံစံတူတွေအဖြစ် ပြောင်းလဲထားတဲ့ ပုံရိပ်ထပ်တူညီမူ တွေပဲ ကျန်ပါတော့တယ်..။ဒီ သတ္တဝါတစ်ကောင်ချင်းစီက ဆန်နီနဲ့ပုံစံ တူအဖြစ် ပြောင်းလဲထားခဲ့ကြတာကြောင့် ဆန်နီရဲ့ မှတ်သားမူတွေ ၊စွမ်းရည်တွေအပြင် အရိပ်ခြေလှမ်းကို ပါ ပိုင်ဆိုင်ထားခဲ့ကြတာပါ..။သူတို့က ကိုင် က ဆေးဗားရက်ကို သတ်ဖြတ်မှာကို အလျင်အမြန်သွားရောက် တားဆီးနိုင်ကြပါသေးတယ်..။

...ဆန်နီ ဒီသတ္တဝါတွေကို ဘယ်လိုနည်းနဲ့မဆို တားဆီးထားရမှာ ဖြစ်ပြီး သူ့သူငယ်ချင်းအတွက် တန်ဖိုးရှိတဲ့ စက္ကန့်အနည်းငယ်ကို ဖန်တီးပေးထားရပါလိမ့်မယ်..။

သို့ပေမဲ့ ဒါက ပြောသလောက် မလွယ်ကူပေ..။

အောက်ဘက်ကောင်းကင်ရဲ့ အမှောင်ထုထဲကနေ သေးငယ်တဲ့ လူသားပုံရိပ်လေးတစ်ခုက ဒဏ်ရာရနေတဲ့ ဆင်စွယ်ရောင်နဂါးကြီးဆီကို ပျံသန်းသွားနေတဲ့ အချိန်မှာတော့ မော်ဒရက်က အလျင်မြန် လှည့်ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်တယ်..။ ချက်ချင်းဆိုသလိုပဲ သူက အရူးလုပ်ခံရတာကို သတိထားမိသွားခဲ့ပါတယ်..။

ဒါပေမဲ့ သူ ဘာမှမလုပ်နိုင်ခင်မှာပဲ ဆန်နီရဲ့ ခါးမှာ ချိတ်ထားတဲ့ မီးအိမ်ငယ်လေးထဲကနေ အရိပ်လှိုင်းတွေ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့တယ်..။ ဒီအရာက သူတို့ ပတ်ဝန်းကျင် တစ်ခုလုံးကို ဖောက်ထွင်းလို့မရတဲ့ အမှောင်ထုထဲကို ကျရောက်သွားစေခဲ့ပါတယ်..။ နေမင်း ရဲ့ အလင်းတန်းတွေက အရိပ်တွေကို အလျင်အမြန် ဖျက်ဆီးနေပေမဲ့လည်း..တစ်ချိန်တည်းမှာပဲ အဲ့ဒီအလင်းတွေကို မီးအိမ်က ဝါးမျိုနေခဲ့တာကြောင့် ထူးဆန်းတဲ့ မျှခြေတစ်ခု ဖြစ်ပေါ်နေခဲ့ပါပြီ..။

အဲ့ဒီအရိပ်တွေက ရှေးကျပြီး နက်ရှိုင်းသလို ကြံ့ခိုင်မူ အပြည့်ရှိနေခဲ့ကြတယ်..။ ဆန်နီဟာ ဒီစစ်ပွဲမစတင်ခင်ကတည်းက ကျွန်းတွေရဲ့ အမှောင်ဘက်ခြမ်းတွေကနေ ဒီအရိပ်တွေကို စုဆောင်းထားခဲ့တာပါ..။

သူတို့ပတ်ဝန်းကျင်မှာ အလင်းရောင် မရှိတော့တာကြောင့် အလင်းပြန်မှု တွေလည်း မရှိတော့ပါဘူး..။ အလင်းပြန်မှုတွေ မရှိတော့တာနဲ့ တစ်ပြိုင်နက် မော်ဒရက်ရဲ့ စွမ်းအား အများစုက ခဏတာ ဆုံးရှုံးသွားခဲ့ရတယ်..။

သို့ပေမဲ့ ဒါက ပုံရိပ်ထပ်တူညီမူ ငါးကောင်ကိုတော့ ဘာမှ သက်ရောက်ချင်း မရှိပါဘူး..။ သူတို့ တစ်ယောက်ချင်းစီက ဆန်နီလိုပဲ အမှောင်ထုထဲမှာ သက်သောင့်သက်သာ ရှိနေခဲ့ကြတယ်..။ သူတို့က ဆန်နီရဲ့ ပုံစံကို အကောင်းဆုံး ကူယူထားကြသူတွေပါ..။

ဆန်နီဟာ ဒါကို သိနေတာကြောင့် စွန့်စားမှုတစ်ခုကို လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်..။

မြေအောက်ကမ္ဘာရဲ့ ဝတ်ရုံတော်ကို အရိပ်လေးခုက အားဖြည့်ထားခဲ့တာကြောင့် ( မြေအောက်လက်နက် ) စွမ်းရည် တိုးမြှင့်မူကနေ ထွတ်ပေါ်လာတဲ့ သေဆုံးခြင်းစိတ်ဆန္ဒ ရဲ့ သက်ရောက်နိုင်စွမ်းကလည်း အဆမတန် မြင့်တက်လာခဲ့ပါတယ်..။ဆန်နီကိုယ်တိုင်လည်း ဒီအဆောင်ရဲ့ သက်ရောက်မူကို ပြင်းပြင်းထန်ထန် ခံစားနေခဲ့ရပြီး..ပုံရိပ်ထပ်တူညီမူတွေ အားလုံးကို တစ်စစီ စုတ်ဖြဲချင်စိတ်တွေ ဖြစ်ပေါ်နေခဲ့တယ်..။

သို့ပေမယ့် သူက အဆောင်ကို ရုတ်သိမ်းလိုက်တာကြောင့် ဒီခံစားချက်က ချက်ချင်းဆိုသလိုပဲ ပျောက်ကွယ်သွားခဲ့ပါတယ်..။

အဲဒီအစား..သူက ကျိုးပျက်ကျိန်စာကိုထုတ်ယူလိုက်ပြီး..မဟူရာအကာအကွယ်ထဲကို ထည့်သွင်းလိုက်တယ်..။

ပုံရိပ်ထပ်တူညီမူ ငါးကောင်က..သူ့ကို ပုံတူကူးယူထားခဲ့ကြတာ ဖြစ်တဲ့အတွက်..သူတို့တစ်ကောင်ချင်းစီတိုင်းမှာလည်း ကျိုးပျက်ကျိန်စာ..တွေ ပေါ်ထွက်လာခဲ့ပါတယ်..။နတ်မိစ္ဆာတစ်ကောင် တည်းကသာ..နောက်ဆက်တွဲဖြစ်ပေါ်လာမယ့် အရာကို သုံးသပ်နိုင်တဲ့ ဉာဏ်ရည်ရှိနေတာကြောင့်..ဒီအရာကို လိုက်လံ မထုတ်ဖော်ခဲ့ပေ..။ကျန်တဲ့ သားရဲ တွေ နဲ့ မွန်းစတားတွေကတော့ သူ့တို့ရဲ့ လုပ်ရပ်တွေကို ချက်ချင်း သဘောမပေါက်ခဲ့ကြပါဘူး..။

မော်ဒရက် လှုပ်ရှားသွားတဲ့အချိန်မှာတော့..အရိပ်နတ်ဆိုးတွေကပါ လှုပ်ရှားလာခဲ့ကြတယ်..။

သို့ပေမယ့်..သူတို့ ဒီလိုလုပ်တဲ့ အချိန်မှဦပဲ..

အဆောင်က အပြည့်အဝ ဖြစ်တည်သွားခဲ့ပါပြီ..။မြေအောက်ကမ္ဘာဝတ်ရုံတော်ရဲ့ အားဖြည့်ထားမူကြောင့်..အဆောင်ရဲ့ ဝိဉာဉ်တိုက်စားတဲ့ စွမ်အားက..အပြင်းအထန်အားကောင်းလာပြီး မမြင်ရတဲ့ အဆိပ်အတောက်တွေလို စီးဆင်းသွားခဲ့တယ်..။သို့ပေမယ့် အကာအကွယ် ကိုယ်တိုင်ကလည်း အရိပ်လေးခု ရဲ့ အားဖြည့်မူကို ရရှိထားခဲ့တာကြောင့်..ထွက်ပေါ်လာတဲ့ ဝိဉာဉ်တိုက်ဖျက်မူစွမ်းအားက ကြောက်ခမန်းလိလိပါပဲ..။

ပြီးတော့ ထပ်ပြောရရင်..

ပုံရိပ်ထပ်တူညီမူ ငါးကောင်ထဲက လေးကောင်ကလည်း တူညီတဲ့ စွမ်းအားတွေ ကို ထုတ်ဖော်နေခဲ့ကြတာပါ..။

ဒီလို ပြင်းထန်လွန်းတဲ့ ဝိဉာဉ်တိုက်စားမူ စွမ်းအားစက်ကွင်းငါးခုက..အတူတကွ ပေါင်းစည်းသွားခဲ့တာကြောင့်..တစ်ခုချင်းစီရဲ့ ဖျက်ဆီးနိုင်စွမ်းထက် အဆပေါင်းများစွာ..ပြင်းထန်ရက်စက်သွားခဲ့ပါတယ်..။

တကယ်ကို ထိပ်လန့်စရာကောင်းတဲ့ အရာတစ်ခု အဖြစ်..။

မြေအောက်ကမ္ဘာရဲ့ ဝတ်ရုံတော်က ဆန်နီကို ဝိဉာဉ်တိုက်ခိုက်မူတွေကနေ အတိုင်းတာတစ်ခု အထိ ကာကွယ်ပေးထားနိုင်တယ် ဆိုပေမယ့်လည်း..သူက မခံမရပ်နိုင်စွာ အော်ဟစ်လိုက်ရတယ်..။ပုံရိပ်ထပ်တူညီမူတွေကလည်း..နာကျင်စွာနဲ့ သူတို့ရဲ့ ပါးစပ်တွေကို ဖွင့်ထားခဲ့ကြပါတယ်..။သူတို့ဆီက ဘာသံမှ ထွက်မလာကြပေမယ့် သူတို့လည်း နာကျင်ခံစားနေကြရတာ အသိသာကြီးပါပဲ..။

သို့ပေမယ့် မော်ဒရက်ကတော့…

မော်ဒရက် ကတော့..ဆန်နီ နဲ့ ပုံရိပ်ထပ်တူညီမူ ငါးကောင်လိုမျိုး..မဟူရာအကာအကွယ်ရဲ့ ကာကွယ်မူမျိုးကို မရရှိထားခဲ့ပေ..။

အပိုင်း ( ၇၃၇ ) ပြီး၏။

အပိုင်း ( ၇၃၈ ) ဝိဉာဉ် ဖျက်ဆီးခြင်း..

( မြေအောက်ကမ္ဘာ လက်နက် ) စွမ်းရည်က..အဆောင်တစ်ခုရဲ့ စွမ်းရည်နဲ့ တွဲဖက် အသုံးပြုနိုင်ပြီး..အကာအကွယ်ရဲ့ ကိုယ်ပိုင်စွမ်းရည်အဖြစ် အသုံးပြုနိုင်စွမ်းရှိပါတယ်..။ဒီတစ်ခုတည်းနဲ့ကတင် မြေအောက်ကမ္ဘာရဲ့ ဝတ်ရုံတော်က အတော်လေးကို အသုံးတည့် နေခဲ့ပါပြီ..။

ထပ်ပြောရရင်..ဒီအရည်အသွေးက ဆန်နီ ရဲ့ လက်ထဲကို ရောက်တဲ့ အချိန်မှာ ပိုမိုတောက်ပလာခဲ့တယ်..။သူက ကျိုးပျက်ကျိန်စာ ကို သူ့ရဲ့ အရိပ်လေးခုနဲ့ မြင့်တင်ထားလို့ ရပေမယ့်..အဲဒီအစား အကာအကွယ် ကိုသာ ရစ်ပတ်ထားဖို့ ဆုံးဖြတ်ခဲ့တယ်..။ဒါက ပိုကောင်းတဲ့ ရလာဒ်တွေကို ရရှိလာစေခဲ့ပါတယ်..။ဒါက တိုးမြှင့်မူရဲ့ စွမ်းရည်ကို အားလုံးရရှိစေရုံတင်မကပဲ..ဝတ်ရုံ အကာအကွယ်ရဲ့ တစ်ခြားစွမ်းရည်တွေကိုပါ စွမ်းအားမြင့်မားလာစေပါတယ်..။

အားလုံးထဲမှာ..( အားကိုးရသူ ) စွမ်းရည်လည်း ပါဝင်နေခဲ့တယ်..။ဒီစွမ်းရည်က..သူ့ကို ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မူတွေကနေ မြင့်မားစွာ ကာကွယ်ပေးထားသလို..စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မူတွေကနေလည်း အထိုက်အလျောက် ကာကွယ်ပေးပါသေးတယ်..

လတ်တလောမှာတော့..ဝတ်ရုံတော်က..ဝိဉာဉ်ဖျက်ဆီးခြင်း အော်ရာတွေနဲ့ ပြည့်နှက်နေပြီး..တစ်ဖက်မှာလည်း..သူ့ရဲ့ ဝိဉာဉ်ကို မြင့်မားတဲ့ ကာကွယ်မူတွေ ပြုလုပ်ပေးနေခဲ့ပါသေးတယ်..။

ဒီလိုဆိုရင်တောင်မှ..စွမ်းအင် အားခု ပေါင်းစည်းသွားတဲ့ အချိန်မှာတော့..သူက အသံထွက်အောင် အော်ဟစ်လိုက်ရပြီး မြေကြီးပေါ်ကို နာကျင်စွာ လဲကျသွားခဲ့ရတယ်..။သူကိုယ်တိုင်က ဒဏ်ရာရထားပြီးသားဖြစ်တာကြောင့်..သူ့ရဲ့ ဝိဉာဉ်က ဆိုးဝါးတဲ့ အမြန်နှုန်းနဲ့ ဖျက်ဆီးခြင်းကို ခံစားနေခဲ့ရပါတယ်..။အခု သူ လုပ်နိုင်တာဆိုလို့ မြေကြီးပေါ်မှာ လူးလှိမ့်နေရင်း သတိလစ်မသွားအောင် ထိန်းထားဖို့ပါပဲ..။

ပုံရိပ် ထပ်တူညီမူ ငါးကောင်ကလည်း ကောင်းမွန်တဲ့ အခြေအနေမှာ ရှိမနေကြပေ..။

သူတို့က တက်ရောက်မူအဆင့် ဝိဉာဉ်တွေ ဖြစ်တာကြောင့်..အရည်အသွေးမြင့်မားတဲ့ ဝိဉာဉ်တွေကို ပိုင်ဆိုင်ထားကြသည့် တိုင်အောင်..သူတို့မှာ အမြုတေ အနည်းငယ်သာ ရှိကြတာပါ..။ဒီအချက်တစ်ခုတည်းနဲ့တော့..ဆန်နီထက် အရင် ဝိဉာဉ်ပျက်ဆီးသွားကြမှာ မဟုတ်ပေမယ့်..အမြုတေ နည်းပါးတာက..အရိပ်အရေအတွက်လည်း နည်းပါးကြတယ်လို့ ဆိုလိုပါတယ်..။ဒါကြောင့် သူတို့အနေနဲ့ အကာအကွယ်ကို အားဖြည့်နိုင်မူ နည်းပါးပြီး..ဝိဉာဉ်တိုက်ဖျက်မူ စွမ်းအားတွေကို ပိုမိုခံစားနေကြရတယ်..။

ဒီအခြေအနေတွေရဲ့ အဆုံးသတ်က ဘယ်လိုဖြစ်လာမလဲ ဆိုတာကိုတော့ ဆန်နီလည်း မသိပါဘူး..။ဘယ်သူက အရင်ဖျက်ဆီးခြင်း ခံကြရမလဲ ဆိုတာကိုတော့ သူ မခန့်မှန်းတတ်ပေ..။ပုံရိပ်ထပ်တူညီမူတွေဖြစ်မလား..ဒါမှမဟုတ် သူပဲ ဖြစ်သွားမလား..။သူ ပြောနိုင်သလောက်ကတော့..သူတို့က တူညီတဲံ အခွင့်အရေးတွေ ရှိနေကြတယ်ဆိုတာပါပဲ..။

သို့ပေမယ့်…

မော်ဒရက် အတွက်တော့ လုံးဝကို မတူညီတောပေ..။

ဆန်နီ ၊ ပုံရိပ်ထပ်တူညီမူတွေနဲ့ မတူညီတဲံ အချက်ကတော့…သူ့မှာ ကာကွယ်ပေးမယ့် မြေအောက်ကမ္ဘာဝတ်ရုံတော် ရှိမနေတာပါပဲ..။ပြီးတော့ သူက ခိုးယူထားတဲ့ လူရဲ့ စွမ်းရည်တွေကိုပဲ အသုံးချနိုင်စွမ်းရှိတာပါ..။တစ်စုံတစ်ယောက်ရဲ့ စွမ်းရည်ကို ကူးယူနိုင်လောက်အောင် ကြောက်စရာကောင်းတဲ့ သူ့ရဲ့ ဂဏ္ဍစွမ်းရည်ကလည်း..သားကောင်ရဲ့ ခန္တာကိုယ်ထဲမှာ ရှိနေတဲ့ အချိန်မှပဲ အသုံးပြုနိုင်တာပါ..။သူက မဟူရာ အကာအကွယ်ကို သူ့ခန္တာကိုယ်ပေါ်မှာ ပုံတူကူးယူလို့ မရသလို..စွမ်းအားမြှင့်တင်ဖို့ဆိုတာလည်း မဖြစ်နိင်ပေ..။

လတ်တလောမှာတော့ မော်ဒရက်မှာ ဘာအကာအကွယ်မှ မရှိပါဘူး..။

လူအိုကြီး ဆီကနေ အသံတစ်ချို့ ထွက်ပေါ်လာခဲ့ပြီး..ဒူးထောက်ကျသွားခဲ့ကာ..လှေကားပေါ်ကနေ လိမ့်ဆင်းသွားခဲ့တယ်..။ပြီးတာနဲ့ ဆန်နီနဲ့ သိပ်မဝေးတဲ့ မြေပြင်ပေါ်မှာ အဆုံးသတ်သွားခဲ့ပါတယ်..။သူ့ နှုတ်ခမ်းထက်ကနေ အော်ဟစ်သံတစ်ချို့ ထွက်ပေါ်နေခဲ့တယ်..။သူ့ရဲ့ မျက်လုံးတွေက ပြူးကျယ်နေခဲ့ပြီး..ထိပ်လန့်နာကျင်မူတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်..။ဆန်နီ နဲ့ ပုံရိပ်ထပ်တူညီမူတွေ ခံစားနေကြရတဲ့ ဝေဒနာတွေက သူ့အပေါ်မှာတော့ အဆပေါင်းများစွာ ပိုမိုဆိုးဝါးနေခဲ့တယ်..။

တစ်ခြား နိုးထသူ တစ်ယောက်ယောက်သာ ဆိုရင်..ချက်ချင်း ဝိဉာဉ်ပျက်ဆီးသွားနိုင်ပေမယ့်..ဂုဏ်ဒြပ်မရှိတဲ့ မင်းသားကတော့ တစ်နည်းနည်းနဲ့ တောင့်ခံနေဆဲပါပဲ..။သူ့ရဲ့ ခန္တာကိုယ် ဝန်းကျင်မှာ..ရုတ်တရက် အလင်းစက်တွေ ပေါ်ထွက်လာခဲ့ပြီး..ကာကွယ်ရေး မှတ်သားမူတွေ ထွက်ပေါ်လာတော့မယ့် အရိပ်ယောင်တွေ ဖြစ်ပေါ်လာခဲ့တယ်..။သူ့ရဲ့ ဝိဉာဉ်လက်နက်တိုက် ဘယ်လောက်တောင် အားကောင်းပြီး ကြီးမားမလဲ ဆိုတာကို ဘယ်သူက ပြောနိုင်မှာလဲ..။မော်ဒရက်မှာ ဒီအခြေအနေတစ်ခုလုံးကို ပြောင်းပြန်လှန်နိုင်လောက်တဲ့ မှတ်သားမူ တစ်ခု ကျိန်းသေ ရှိလောက်မှာပါ..။

သို့ပေမယ့်..ချက်ချင်းပေါ်ထွက်လာနိုင်တဲ့ မှတ်သားမူ ဆိုတာက အနည်းငယ်လောက်သာ ရှိပါတယ်..။မှတ်သားမူ အများစုကတော့..ထွက်ပေါ်လာဖို့ အတွက် စက္ကန့်တစ်ချို့လောက် အချိန်ယူရပြီး..အားကောင်းတဲ့ မှတ်သားမူတွေဆိုရင် အချိန်ပိုပြီး ကြာတတ်ပါတယ်..။အလင်းစက်တွေက..စစ်မှန်တဲ့ အရာဝတ္တုတစ်ခုအဖြစ် ပြောင်းလဲလာတဲ့ အချိန်လောက်ဆိုရ်င..သူက သေတာပဲဖြစ်ဖြစ်..မလှုပ်နိုင်တာပဲ ဖြစ်ဖြစ် ဖြစ်နေလောက်ပါပြီ..။

နာကျင်မူဝေဒနာတွေကို အပြင်းအထန်ခံစားနေရတဲ့ ဆန်နီဟာ..လူအိုကြီးကို ကြည့်ရင်း..နှုခမ်းတွေ ပေါက်ထွက်လုမတတ် အံကိုကြိတ်ထားခဲ့တယ်..။သွေးစက်တွေကတော့..အောက်ကို စီးကျနေခဲ့ပါပြီ..။

‘သေစမ်း..သေစမ်း..ခွေးကောင်..။ဒီတိုင်း..မြန်မြန်သာ သေလိုက်တော့..’

ဂုဏ်ဒြပ်မရှိတဲ့ မင်းသားကို ဒီလောက်ထိ အလွယ်တကူ သတ်ဖို့ဆိုတာ မဖြစ်နိုင်မှန်း သိနေပေမယ့်လည်း..သူ့အနေနဲ့ ဒီ ဝိဉာဉ်ဖျက်ဆီးခြင်းကနေ..မလွတ်မြောက်နိုင်ဖို့အတွက် ဆန်နီ ဆုတောင်းနေခဲ့တယ်..။မော်ဒရက် က သူ့ကိုယ်သူ ဒီလိုမျိုး အသေခံမှာ မဟုတ်ဘူး ဆိုတာကို ဆန်နီ သိနေခဲ့ပါတယ်..။

သူ သိသလောက်ပြောရရင်..ဂုဏ်ဒြပ်မရှိတဲ့ မင်းသားက..မျှော်လင့်ချက်နိုင်ငံတော်က အထွတ်အထိပ်အဆင့် သူတော်စင်တွေလိုမျိုး..မသေမျိုးတစ်ယောက် ဖြစ်နေခဲ့တာပါ..။သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာ ခန္တာကိုယ်တွေက အရင်ကတည်းက ဖျက်ဆီးခြင်း ခံခဲ့ရပေမယ့် မော်ဒရက်ကတော့ တစ်နည်းနည်းနဲ့ အသက်ရှင်နေနိုင်ဆဲပါပဲ..။ကြီးမြတ်တဲ့ ဗာလာကလန် ဆိုတာက..ဝိဉာဉ်တိုက်ခိုက်နိုင်တဲ့ နည်းလမ်းတွေ ရှားပါးမနေဘူး ဆိုတာ သေချာပါတယ်..။သို့ပေမယ့်..သူတို့တောင်..မော်ဒရက်ရဲ့ ပုံရိပ်အလင်းပြန်မူတွေကို မဖျက်ဆီးပစ်နိုင်ခဲ့ကြပါဘူး..။

‘ငါ ဂရုမစိုက်ဘူး..ဒီတိုင်း သေလိုက်တော့..’

မော်ဒရက်ရဲ့ သေဆုံးနိုင်တဲ့ အပေါ်ယံ ခန္တာကိုယ်ကို ဖျက်ဆီးပစ်လိုက်နိုင်တယ် ဆိုရင်တောင် ဆန်နီ အတွက်တော့ ကျေနပ်စရာပါပဲ..။သူ့ရဲ့ အစစ်အမှန်တာဝန်က..ကိုင်အနေနဲ့ ဆင်စွယ်ရောင် နဂါးကို သတ်နိုင်ဖို့အတွက် အချိန်ကို ဆွဲထားပေးရမှာပါ..။မင်းသားကို နောက်ထပ်ခန္တာကိုယ်အသစ် ရှာခိုင်းလိုက်တာက..သူ့အတွက် အချိန်ရသွားစေမှာ အမှန်ပါပဲ..။

စိတ်မကောင်းစရာက မော်ဒရက်ကလည်း တူညီတဲ့ အကြံဉာဏ်ရှိနေခဲ့တယ်..။

တကယ်လို့ ..ဂုဏ်ဒြပ်မရှိတဲ့ မင်းသားသာ နာကျင်မူကြောင့် ဆင်ခြင်တုံတရားတွေ ကင်းမဲ့သွားခဲ့မယ်ဆိုရင်..အခြေအနေတွေက ပြောင်းလဲသွားနိုင်မယ်ဆိုပေမယ့်..သူက ဝိဉာဉ်ဆုတ်ဖြဲခံရတဲ့ နာကျင်မူတွေကို ခံစားနေရသည့် တိုင်အောင်..ခေါင်းအေးအေးထားပြီး..တွက်ချက်နိုင်နေတုန်းပါပဲ..။သူက တည်ငြိမ်မူနဲ့ အတူပဲ..စဉ်းစားတွေးခေါ်နိုင်စွမ်းကို ထိန်းထားခဲ့တယ်..။

မော်ဒရက်ဟာ..ခန္တာကိုယ်ကို လူးလိမ့်ရင်း ခေါင်းကို မြှောက်ကာ..သူ့ရဲ့ ပုံရိပ်ထပ်တူညီမူတွေတွေက တစ်ကောင် ရှိတဲ့နေရာကို လှမ်းကြည့်လိုက်တယ်..။အရိပ်မွေးဖွားသူဟာ ဒူးထောက်လျက်သားရှိနေခဲ့ပြီး..မျက်နှာရှုံ့မဲ့နေခဲ့ပါတယ်..။ဂုဏ်ဒြပ်မရှိတဲ့ မင်းသားက..မျက်နှာဖြူဖျော့သွားခဲ့ပြီး တီးတိုး ပြောလိုက်တယ်..။

ခနအကာမှာတော့..ဒူးထော်ကနေတဲ့ နတ်ဆိုးရဲ့ ပုံရိပ်က ဖန်သားတစ်စလို ကွဲအက်သွားခဲ့ပြီး လှိုင်းထသွားခဲ့ပါတယ်..။ပြီးတာနဲ့ လျင်မြန်ပြီး မမြင်နိုင်တဲ့ အရာတစ်ခုက..လျင်မြန်စွာ ပျံသန်းသွားပြီး မော်ဒရက်ရဲ့ ခန္တာကိုယ်ထဲကို ဝင်ရောက်သွားခဲ့တယ်..။

ယင်းနောက် နောက်ထပ် နောက်ထပ် ထပ်တူညီမူတွေက ကွဲကြေသွားကြပြီး..သူ့ဆီကို ဝင်ရောက်သွားခဲ့ကြပါတယ်..။ခနချင်းမှာပဲ..ငါးကောင်ထဲက နတ်ဆိုး နှစ်ကောင် နဲ့ မွန်းစတား နှစ်ကောင်က ပျောက်ကွယ်သွားခဲ့ပြီး..နတ်မိစ္ဆာတစ်ကောင် တည်းသာ ကျန်ခဲ့ပါတော့တယ်..။

သူတို့ ပျောက်ကွယ်သွားတဲ့ အချိန်မှာတော့..သူတို့ပိုင်ဆိုင်ထားတဲ့ ဝိဉာဉ်ဖျက်ဆီးခြင်း စွမ်းအားတွေကလည်း ပျောက်ကွယ်သွားခဲ့ကြတယ်..။အခုချိန်မှာတော့..ဆန်နီရဲ့ စွမ်းအားအော်ရာ တစ်ခုတည်းသာ..ဖျက်ဆီးနိုင်တဲ့ စွမ်းအင်တွေကို ထုတ်လွှတ်ထားပါတော့တယ်..။

သူ တုန်ရီစွာ သက်ပြင်းချလိုက်ပြီး..ကျိုးပျက်ကျိန်စာကို ဖယ်ရှားလိုက်တယ်..။

တစ်ချိန်တည်းမှာပဲ ငွေရောင် လက်ကောက်တစ်ခု ၊ ထူးဆန်းတဲ့ အနက်ရောင် ပုလဲတွေနဲ့ ပြုလုပ်ထားတဲ့ လည်ဆွဲတစ်ခု နဲ့ အရိုး လှံရှည်တစ်ခုက မော်ဒရက်ရဲ့ လက်ထဲမှာ ပေါ်ထွက်လာခဲ့တယ်..။မှတ်သားမူတစ်ခုချင်းစီတိုင်းက သံသယဖြစ်စရာ မလိုလောက်အောင်ပဲ..သူ့အတွက် ဝိဉာဉ်ကာကွယ်မူတွေကို ဖန်တီးပေးထားခဲ့ပါတယ်..။သို့ပေမယ့် အခုချိန်မှာတော့ ဒီမှတ်သားမူတွေက အသုံးမဝင်တော့ပါဘူး..။

သူ့ရဲ့ ဝိဉာဉ်က ဖရိုဖရဲဖြစ်နေပြီး..တစ်ခုတည်းဖြစ်အောင် မနည်းထိန်းထားရတဲ့ အချိန်မှာတော့..ဆန်နီဟာ မြေကြီးပေါ်မှာသာ လဲလျောင်းနေခဲ့တယ်..။သူ ညဉ်းတွားလိုက်ပြီး..ရန်သူကို ပင်ပန်းစွာ လှမ်းကြည့်လိုက်ပါတယ်..။အရိပ်မီးအိမ်ထဲကို သူ ပို့လွှတ်ထားတဲ့ ဝိဉာဉ်အဆီအနှစ်တွေက ခမ်းခြောက်သွားခဲ့တာကြောင့်..နောက်ဆုံးမှာ နေရောင်က ပြန်လည်ထွက်ပေါ်လာခဲ့တယ်..။ဒါက သူ့ဘေးနားမှာ ရှိနေတဲ့ အရိပ်တွေကို ပျောက်ကွယ်သွားစေခဲ့ပါတယ်..။

မော်ဒရက်က တစ်နည်းနည်းနဲ့ ကွဲပြားနေခဲ့တယ်..။

လူအိုကြီးက တစ်ပုံစံတည်းရှိနေသေးပေမယ့်..အခုချိန်မှာ..သူ့ရဲ့ ခန္တာကိုယ်ထဲကနေ ကြီးမားတဲ့ စွမ်းအားတွေဟာ သိမ်မွေ့စွာ ထွက်ပေါ်နေခဲ့တယ်..။ဒါက ဆန်နီအနေနဲ့ လူတစ်ယောက်အစား..တိုက်တန် တစ်ကောင်နဲ့ ရင်ဆိုင်နေရသလိုပါပဲ..။

“မ…မဖြစ်နိုင်တာ..’

မွန်းစတား နှစ်ကောင် နဲ့ သားရဲ နှစ်ကောင်ကို ပေါင်းစပ်လိုက်မယ် ဆိုရင် သူတို့ လေးကောင်လုံးမှာ စုစုပေါင်း အမြုတေ ခြောက်ခု ရှိပါတယ်..။မော်ဒရက်က ပုံရိပ်ထပ်တူညီမူတွေကို ရုတ်သိမ်းလိုက်တာ မဟုတ်ပဲ..သူ့ရဲ့ ဝိဉာဉ်ကို သန်မာလာစေဖို့ အတွက် ခန္တာကိုယ်ထဲကို စုပ်ယူလိုက်တာလား..။အားကောင်းတဲ့ တိုက်ခိုက်မူကနေ ရှင်သန်နိုင်ဖို့ အတွက်…

ဆန်နီ မသိခဲ့ပေ…

သူ သိတာကတော့..သူက လုံးဝကို အရေးနိမ့်သွားပြီး..အားအင်တွေ ကုန်ခမ်းနေခဲ့ပြီ ဆိုတာပါပဲ..။သူ့ရဲ့ မျက်လုံးထဲမှာတော့..ဒေါသတွေတောက်လောင်နေတဲ့..တက်ရောက်မူအဆင့် နတ်မိစ္ဆာတစ်ကောင် နဲ့ လူအိုကြီးအသွင်ဆောင်ထားတဲ့ နိုးထမူအဆင့် တိုက်တန် တစ်ကောင်ရဲ့ ပုံရိပ်တွေကိုသာ မြင်နေရပါတော့တယ်..။

သို့ပေမယ့်..ဒါက အရေးမကြီးတော့ပါဘူး..။

ဘာလို့လဲ ဆို‌ေတာ့ အဲ့အချိန်မှာပဲ..လူသားမဆန်တဲ့ ဟစ်ကြွေးသံကြီးတစ်ခုက..လေဟာနယ်ထဲကို ဖြတ်သန်းပြီး..သူတို့ရဲ့ နားထဲကို ရောက်လာခဲ့လို့ပါ..။

ဆင်စွယ်‌ရောင် နဂါး. ဆေးဗားရက် ရဲ့ အော်သံ….

သူက သေအံ့ဆဲဆဲ ဖြစ်နေခဲ့ပါပြီ….။

အပိုင်း ( ၇၃၈ ) ပြီး၏။

All Chapters