← Chapters

အခန်း (၇၃၉-၇၄၁)

Vol. 50 Ch. 739-741

အခန်း (၇၃၉-၇၄၁)

Vol. 50 Ch. 739-741

အပိုင်း ( ၇၃၉ ) ဘာမှမရှိတဲ့ ကောင်းကင်များ..

ဆန်နီ နဲ့ မော်ဒရက် တို့..က ဝိဉာဉ်ဖျက်ဆီးမူအောက်မှာ အသက်ရှင်ဖို့အတွက် ရုန်းကန်နေရတဲ့ အချိန်မှာတော့..

လူသားပုံရိပ်တစ်ခုက..အောက်ဘက်ကောင်းကင်ကနေ..အပေါ်ဘက် နေရောင်ဆီကို မယုံနိုင်စရာ အမြန်နှုန်းနဲ့ ပျံသန်းလာခဲ့ပါတယ်..။ဒါကတော့..သစ်ခေါက်လိုအသားအရည် ၊ ပျက်ဆီးနေတဲ့ မျက်နှာကို ပိုင်ဆိုင်ထားခဲ့တဲ့ လူတစ်ယောက်ပါ…။

သူ့ရဲ့ အကာအကွယ်က..အတော်လေး အခြေအနေဆိုးဝါးနေခဲ့ပြီး..ခြောက်သွေ့နေတြံ သွေးတွေကြောင့် အရောင်မှိန်နေခဲ့ပါတယ်..။ပြီးတော့ သူ့ရဲ့ ခါးမှာ ချိတ်ဆွဲထားခဲ့တဲ့..မြားကျည်တောက်ကလည်း အစောကတည်းက..ကုန်နေခဲ့ပါပြီ..။ဒီလူကြီးဟာ တစ်ချိန်တုန်းက နေတပ်ဖွဲ့ရဲ့ စစ်သူကြီးတစ်ယောက် ဖြစ်ခဲ့တယ်ဆိုပမေယ့်..အခုချိန်မှာတော့..သူတို့ရဲ့ ခေါင်းဆောင်ဖြစ်သူကို သတ်ဖြတ်ဖို့အတွက် ပြန်ရောက်လာခဲ့တာပါ..။

သူ့ရဲ့ မျက်လုံးတွေကတော့..ပြတ်သားမူတွေနဲ့ ပြည့်နှက်နေခဲ့တယ်..။

ကိုင် နဲ့ သူ့ရဲ့ ရဲရင့်နဲ့ စစ်သည်တော်တွေကို အဖြူရောင် ချောက်ကမ်းပါးမှာ နဂါးစာအဖြစ် စတေးခဲ့ကြတဲ့ အချိန်က အခုဆိုရင် အတော်လေး ကြာမြင့်ခဲ့ပါပြီ..။သူက ဒီကျိန်စာသင့်နေရာကို ဒီလောက်အထိ အမြန်ပြန်ရောက်လာလိမ့်မယ်လို့ ဘယ်သူက ထင်ထားခဲ့မှာလဲ..။

ကိုင်က အပူချိန်ပြင်းစွာ လောင်ကျွမ်းနေခဲ့တဲ့ မြို့တော်ကို ချန်ထားရစ်ပြီး..သူ့ရဲ့ စစ်သည်တော်တွေ နဂါးမီးတောက်ကြောင့် လောင်ကျွမ်းခံခဲ့ရတဲ့ ကျွန်းရဲ့ အောက်ဘက်မှာ ပုန်းအောင်းနေခဲ့တယ်..။သူက ဆန်နီအနေနဲ့ ဗာလာကလန်ရဲ့ မင်းသားကို အပြည့်အဝ အာရုံလွဲထားမယ့် အချိန်ကို စောင့်ဆိုင်းနေခဲ့တာပါ..။ပြီးတာနဲ့ သူက နောက်ကို ပြန်လှည့်မကြည့်တော့ပဲ..ရှေ့ကိုသာ ပြေးဝင်သွားခဲ့တော့တယ်..။

သူက အဖြူရောင် ကမ်းပါး နဲ့..မှိုင်းတိုက်ခံထားရတဲ့ သံကြိုးတွေကို နောက်ထပ်တစ်ကြိမ် ထပ်မမြင်ချင်တော့ပါဘူး..။

မြို့တော်နဲ့ ဆင်စွယ်ရောင် ကျွန်းကို ဆက်သွယ်ပေးထားတဲ့ တံတားအောက်ကနေ ပျံသန်းနေခဲ့တာကြောင့် အချိန်အတော်ကြာတဲ့ အထိ သူ့ကို သတိမထားမိခဲ့ကြပေ..။ပြီးတဲ့ အချိန်မှာ သူက နေရောင်အောက်ကို ထိုးတက်သွားခဲ့တာပါ..။သူ့ရဲ့ နောက်မှာတော့..အရိပ်လှိုင်းတွေ ထွက်ပေါ်လာခဲ့ပြီး..သူ့သူငယ်ချင်းကို ဖုံးလွှမ်းသွားခဲ့တယ်..။

ကိုင် ဟာ..သူ့စိတ်ထဲမှာ လေးလံမူတွေ ရှိနေသည့်တိုင်အောင်..ဆင်စွယ်ရောင်မြို့တော်ရဲ့ မြက်ခင်းစိမ်းတွေထက်မှာ ဆက်လက်ပျံသန်းနေခဲ့တာကြောင့် မကြာခင်မှာပဲ သူ့ရဲ့ ပန်းတိုင်ကို တွေ့ရှိသွားခဲ့ပါတယ်..။

ကြီးမားတဲ့ နဂါးကြီးတစ်ကောင်က မြေကြီးပေါ်မှာ လဲလျောင်းနေခဲ့တယ်..။သွေးတွေက သူ့ရဲ့ လည်ပင်းကနေ တလဟော စီးကျနေခဲ့ပါတယ်..။သူ့ရဲ့ အဖြူရောင် ကြေးခွံတွေက ကြက်သွေးရောင် အဖြစ်ကို ပြောင်းလဲနေခဲ့ပြီ ဖြစ်ပြီး..အတောင်ပံတစ်ဖက်ကလည်း ကျိုးနေခဲ့သေးတယ်..။သို့ပေမယ့်..ဒီသားရဲက အသက်ရှင်နေတုန်းပါပဲ..။သူက အသက်ရူနေဆဲပါ..။

ဘာပဲဖြစ်ဖြစ်..သူက အင်မော်တယ် တစ်ယောက် ဖြစ်နေခဲ့တယ်..။

သို့ပေမယ့် ဒါက သိပ်မကြာတော့ပေ..။

ကိုင်ရဲ့ လက်ထဲမှာ ဖန်သားရောင် ဓားကို ဆုပ်ကိုင်ထားခဲ့ပါတယ်..။ဓားရဲ့ အတွင်းထဲမှာတော့ နဂါးရဲ့ ကံကြမ္မာကို ရက်စက်တဲ့ နတ်ဘုရားတစ်ပါးက ချိတ်ပိတ်ထားခဲ့တယ်..။

ဒီကံကြမ္မာကို သူ့ရဲ့ ပိုင်ရှင်ဆီကို ပြန်ပေးလိုက်တာက..ကိုင် အနေနဲ့ နတ်ဘုရားတွေရဲ့ စိတ်ဆန္ဒကို ချိုးဖျက်ရာ ရောက်သွားမှာလား..။ဒါမှမဟုတ် သူတို့ ဖြစ်စေချင်တဲ့အတိုင်း လုပ်ပေးလိုက်တာလား..။

သူက ဒါကို မသိသလို..သိလည်းမသိချင်ပေ..။

ကိုင် က ဘယ်တုန်းကမှ..သန်မာတာ ဒါမှမဟုတ် ရဲရင့်တာ ၊ ဉာဏ်ကောင်းတာမျိုး မရှိခဲ့ပေ..။သူ အနည်းငယ် ရင့်ကျတ်လာဖို့ အတွက်တောင် အချိန်အတော်ကြာအောင် ယူခဲ့ရပါသေးတယ်..။သူက ယုံကြည်ချက် ခိုင်မာတဲ့ လူတစ်ယောက်လည်း မဟုတ်ပြန်ပါဘူး..။သို့ပေမယ့်..တကယ်လို့ သူ ယုံကြည်တဲ့ အရာတစ်ခု ရှိမယ်ဆိုရင်..အဲတာက..ဆေးဗားရက် သေဆုံးပြီး သူ့ရဲ့ ဆိုးယုတ်တဲ့ အုပ်ချုပ်မူ ပြီးဆုံးသွားဖို့ပါပဲ..။

သူ အုပ်ချုပ်ထားခဲ့တဲ့ လှပတဲ့ မြို့တော်က အတော်လေး စက်ဆုပ်ဖွယ်ကောင်းလှပါတယ်..။

ကိုင်က အံကိုကြိတ်ထားရင်း..သူ လပေါင်းများစွာ ခံစားခဲ့ရတဲ့ နာကျင်မူကို လျစ်လျူရူကာ..နဂါးကြီးရဲ့ ကြီးမားတဲ့ ခန္တာကိုယ်ဆီကို ထိုးဆင်းလိုက်တယ်..။

ဖန်သားရောင် ဓားကတော့ သူ့လက်ထဲမှာ တောက်ပနေခဲ့ပါတယ်..။

သို့ပေမယ့် ဆိုးဝါးတဲ့ ဒဏ်ရာရနေခဲ့တယ်ဆိုရင်တော့..အထွတ်အထိပ်အဆင့် အင်မော်တယ် ဆိုတာက..သေစေနိုင်လောက်အောင် အားကောင်းနေပါသေးတယ်..။ဘယ်လိုလုပ် သူ့လို ဘာမဟုတ်တဲ့ နိုးထသူ တစ်ယောက်က..နဂါးက ဒဏ်ရာရအောင် လုပ်နိုင်မှာလဲ..။

ကိုင် ရဲ့ ဖန်သားရောင်ဓားက ကြီးမြတ်တဲ့ သားရဲကြီးရဲ့ လည်ပင်းကို မထိုးစိတ်ခင်မှာပဲ..ဆေးဗားရက်ရဲ့ မျက်လုံးတွေက ရုတ်တရက် ပွင့်လာခဲ့တယ်..။သူ့ရဲ့ ပါးစပ်က အနည်းငယ်ပွင့်လာခဲ့ပြီး အငွေ့တွေကို မှုတ်ထုတ်လိုက်ပါတယ်..။

နဂါးဟာ..သူ့ရဲ့ ကောင်းမွန်တဲ့ တောင်ပံတစ်ဖက်ကို ခတ်လိုက်တဲ့ အချိန်မှာတော့..ကိုင်ဆီကို ပြင်းထန်တဲ့ လေးပြင်းတွေ ဝင်ရောက်သွားခဲ့ကာ..ချာချာလည်သွားစေခဲ့တယ်..။ဖန်သားရောင် ဓားက သူ့ရဲ့ မထိုးဖောက်နိုင်တဲ့ ကြေးခွံတွေကို ခြစ်ရာလေးတစ်ခုတောင် မပေးစွမ်းနိုင်ခဲ့ပါဘူး..။ပြီးတာနဲ့ ကိုင် က လွင့်စင်သွားခဲ့တယ်..။

ခနအကြာမှာတော့ ကြီးမားတဲ့ လက်သည်းတစ်ခုက သူ့ရဲ့ ရင်ဘတ်ကို ဖြတ်သန်းသွားခဲ့ပါတယ်..။လူငယ်လေးဟာ အချိန်မှီရှောင်တိမ်းလိုက်နိုင်ပေမယ့်..အနည်းလောက် ထိတွေ့သွားယုံကတင်..သူ့ရဲ့ ရင်အုပ်ချပ်ဝတ်ကို ပွင့်ထွက်သွားစေပြီး နံရိုးတစ်ချို့ကိုပါ ကျိုးစေဖို့ အတွက် လုံလောက်ခဲ့ပါတယ်..။

ကိုင်က ညဉ်းညူရင်း မြေကြီးပေါ် ပြုတ်ကျသွားခဲ့တယ်..။သူက နောက်ကို အရှိန်ပြင်းပြင်းနဲ့ လွင့်စင်သွားခဲ့ပြီး..မီတာ ဒါဇင်အချို့လောက်အထိ လှိမ့်သွားခဲ့တယ်..။သူ ဒူးထောက်ပြန်ထလာနိုင်တဲ့ အချိန်မှာတော့ နဂါးကြီးက သူ့ကို ကြည့်နေခဲ့ပြီး တိုက်ခိုက်ဖို့အတွက် အဆင်သင့်ဖြစ်နေခဲ့ပါပြီ..။

နဂါးကြီးရဲ့ ရူးသွပ်နေတဲ့ မျက်လုံးတွေထဲမှာ စိတ်ရှုပ်ထွေးတဲ့ အမူအရာတစ်ချို့ ပေါ်ထွက်လာခဲ့တယ်..။

ဆေးဗားရက်က တစ်ခနလောက် တွေဝေနေခဲ့ပြီးမှ..ပင်းပန်းနွမ်းနယ်တဲ့ အသံနဲ့ ကျယ်လောင်စွာ ပြောလာခဲ့ပါတယ်..။

“မင်း…ငါ မင်းကို သိတယ်…”

ကိုင် အံကို ကြိတ်ထားခဲ့တယ်..။

သူ့ရဲ့ ရုတ်တရက် တိုက်ခိုက်မူက ကျရှုံးသွားခဲ့ပြီ..။သူ ကျရှုံးသွားခဲ့ပြီ..။

အခု အထွတ်အထိတ်အဆင့် သူတော်စင်က သူ ရှိနေတာကို သိသွားခဲ့ပြီ ဖြစ်တာကြောင့်..သူ့ကို တိုက်ခိုက်နိုင်မယ့် အခွင့်အရေးက သိပ်မရှိတော့ပါဘူး..။ဆင်စွယ်ရောင် အရှင်သခင်က ဘယ်လောက်ပဲ..ဒဏ်ရာရပြီး ပင်ပန်းနွမ်းနယ်နေပါစေ..သူက အားနည်းတဲ့ နိုးထသူ တစ်ယောက်ထက်တော့..ပို သန်မာ ၊ ပိုမြန်ဆန်ပြီး ပိုအားကောင်းနေပါသေးတယ်..။

အင်မော်တယ်က သေဆုံးမှာ မဟုတ်တော့ပေ..။မျှော်လင့်ချက်လည်း လွတ်မြောက်တော့မှာ မဟုတ်ပါဘူး..။အိပ်မက်ဆိုးကလည်း အဆုံးမသတ်တော့ပေ..။

သူ့ရဲ့ သူငယ်ချင်းတွေလည်း ကယ်တင်ချင်းခံရမှာ မဟုတ်ပါဘူး..။

ကိုင်က ကောင်းကင်အမြင့်ကြီးကို ပျံသန်းပြီး..အတော်ဝေးဝေးကို မြင်နိုင်တယ် ဆိုပေမယ့်လညး်..

သူက နဂါးတစ်ကောင် မဟုတ်ပေ..။

ပုံပျက်နေတဲ့ မျက်နှာနဲ့ လူကြီးဟာ..သူ့ရှေ့မှာ ရှိနေတဲ့ အင်မော်တယ် သားရဲကို ကြည့်လိုက်တယ်..။သူ ဖြည်းချင်းစွာ ခေါင်းခါယမ်းလိုက်ပြီး..ခေါင်းကို ပြန်ငုံ့ထားလိုက်ပါတယ်..။

ယင်းနောက် သူ ရှေ့ကို တိုးသွားလိုက်ပြီး..မြက်ပင်တစ်ချို့ကိုပါ လေထဲမှာ ဝေ့ယမ်းသွားစေလိုက်တယ်..။

သူက လျင်မြန်တယ်..မယုံနိုင်လောက်အောင် လျင်မြန်တယ် ဆိုပေမယ့်..ဆေးဗားရက်က ပိုမြန်ပါတယ်..။ကြီးမြတ်တဲ့ သားရဲက သူ့ရဲ့ လည်ပင်းကို အနည်းငယ် တိမ်းစောင်းထားရင်း..ကြီမားတဲ့ ဒဏ်ရာကြီးကို ကာကွယ်ထာားခဲ့လိုက်ပါတယ်..။ယင်းနောက် သူက ပါးစပ်ကို ဖွင့်လိုက်ပြီး..သေးငယ်တဲ့ လူသားကို အစွယ်တွေနဲ့ ဝါးစားဖို့ ပြင်လိုက်တယ်..။

ဒီ တိုက်ခိုက်မူကို ကိုင် အနေနဲ့ အေးဆေးလေး ရှောင်တိမ်းနိုင်ပါတယ်..။

သို့ပေမယ့် သူ မရှောင်ခဲ့ပေ..။

အဲဒီအစား သူက အရှိန်ကိုသာ ပိုမြှင့်တင်လိုက်ပြီး..နဂါးရဲ့ ပါးစပ်ထဲကို တည့်တည့်ဝင်သွားခဲ့ပါတယ်..။နဂါးရဲ့ ပါးစပ်တွေ ပိတ်သွားတဲ့ အချိန်မှာတော့ အစွယ်ချင်း ထိခိုက်မိတဲ့ အသံက..နားစည်ကွဲမတတ် ကျယ်လောင်နေခဲ့တယ်..။

ဒီလိုနဲ့ပဲ မသန်စွမ်းတဲ့ လူကြီးက မရှိတော့ပါဘူး..။

နဂါးကြီးဟာ တစ်ခနလောက် အေးခဲနေခဲ့တယ်..။သူက လူသားရဲ့ ရဲရင့်မူကြောင့် အတော်လေးကို အံ့ဩနေခဲ့တာပါ..။

..ယင်းနောက် သူ ရုတ်တရက် တုန်လှုပ်သွားခဲ့ပြီး ဆိုးဆိုးဝါးဝါး ဟစ်ကြွေးလိုက်ရတယ်..။နဂါးကြီးရဲ့ လျာကို ဖန်သားရောင်ဓားနဲ့ ထိုးစိုက်ထားတဲ့ ကိုင်ကတော့..ချက်ချင်းပြန်မှုတ်ထုတ်ခံလိုက်ရပြီး မြေကြီးပေါ်ကို ပြင်းထန်စွာ ပြုတ်ကျသွားခဲ့ပါတယ်..။သူ့ရဲ့ သစ်ခေါက်လို အရည်ပြားတွေက နဂါးကြီးရဲ့ မီးတောက်တွေကြောင့် နောက်ထပ်တစ်ကြိမ် လောင်ကျွမ်းနေခဲ့တယ်..။သူ့ရဲ့ ချပ်ဝတ်အကာအကွယ်ကလည်း ပျက်ဆီးယိုယွင်းနေခဲ့ပါပြီ..။

အဲ့အချိန်မှာတော့ ဆင်စွယ်ရောင် အရှင်သခင်က သေမျိုး တစ်ယောက် အဖြစ် ပြန်ပြောင်းသွားခဲ့တယ်..။

အခု သူ့ရဲ့ ကံကြမ္မာကို သူ ပြန်ပြီး ပိုင်ဆိိုင်သွားပြီ ဖြစ်တာကြောင့်..သူ့လည်ပင်းမှာရှိတဲ့ ဆိုးဝါးလွန်းတဲ့ ဒဏ်ရာကြီးက သူ့ရဲ့ အသက်ကို နှုတ်ယူဖို့ လုပ်နေခဲ့တယ်..။နောက်ထပ် စက္ကန့်အနည်းငယ်လောက်ဆိုရင်..ဒီဒဏ်ရာကြောင့်ပဲ သူ သေဆုံးရပါလိမ့်မယ်..။

သို့ပေမယ့် အခုတော့ မဟုတ်သေးပေ..။

ဝမ်းနည်းပူဆွေးဖွယ် ငိုကြွေးသံ ကြီးနဲ့ အတူပဲ..သားရဲကြီးဟာ..လောင်ကျွမ်းနေတဲ့ မြို့တော်ကို ဖြတ်သန်းသွားခဲ့တယ်..။ဆေးဗားရက်ဟာ သေးဆုံးဖို့ကို ခေါင်းမာစွာ ဆန့်ကျင်နေခဲ့တာပါ..။သူ့ ခန္တာကိုယ်မှာ အားအင်တွေ မရှိတော့သည့် တိုင်အောင် သူက..ရှေ့ကို ဆက်လက်သွားနေခဲ့ပြီး..ဆင်စွယ်ရောင် တာဝါဆီကို ရောက်ဖို့ ကြိုးစားနေခဲ့တယ်..။

သူ ကာကွယ်ပေးရမယ့် အရာ..။

သွေးစွန်းနေတဲ့ မြင်ကွင်းတွေကို နောက်မှာထားခဲ့ရင်း..လှပတဲ့ အဖြစရောင် နဂါးကြီးဟာ..ကြီးမြတ်တဲ့ စေတီကြီးကို ခန္တာကိုယ်နဲ့ ရစ်ပတ်လိုက်ပါတယ်..။ပြီးတာနဲ့..ပင်ပန်းနွမ်းနယ်စွာပဲ..သူ့ရဲ့ ဦခေါင်းကို ဂိတ်ပေါက်ရဲ့ ရှေ့ မြေကြီးပေါ်မှာ ချထားလိုက်တယ်..။သူ့ရဲ့ မျက်လုံးတွေကတော့ ဖြည်းညှင်းစွာပဲ ပိတ်သွားခဲ့ပါပြီ..။

ဒါက သူ့ရဲ့ တာဝန် ဝတ္တရားပါပဲ..။

သူ ကာကွယ်ပေးဖို့…

သူက သေဆုံးခါနီးအချိန်ထိအောင် ကာကွယ်ပေငးသွားဦးမှာပါ..။

သူ ကတိပေးထားခဲ့တယ်..။

လောင်ကျွမ်းနေတဲ့ ငရဲမီးတွေရဲ့ အလယ်က မြင်ခင်းပေါ်မှာ လဲလျောင်းရင်း..နဂါးကြီးဟာ သိမ်မွေ့စွာ သက်ပြင်းတစ်ချက်ချလိုက်တယ်..။

သူက မတူညီတဲ့ ပုံရိပ်တစ်ခုကို မျက်လုံးထဲမှာ မြင်ယောင်ကြည့်နေခဲ့ပါတယ်..။

လမ်းမတွေပေါ်မှာ နေရောင်ခြည် ဖြာကျနေပြီး.. ပျော်ရွှင် ကြင်နာတတ်ကြတဲ့ လူတွေနဲ့ ပြည့်နှက်နေတဲ့..လှပတဲ့ အဖြူရောင် မြို့တော်ကြီးတစ်ခုရဲ့ ပုံရိပ်..။အရမ်းကို စည်ပင်ဝပြောပြီး..ငြိမ်းချမ်းသာယာလှတဲ့ မြင်ကွင်းတစ်ခုကိုပါ..။

ခနအကြာမှာတော့ နေမင်းရဲ့ ကောင်းချီးပေးမူကို ခံထားရတဲ့..ဆေးဗားရက်က သေဆုံးသွားခဲ့ပါပြီ..။

အပိုင်း ( ၇၃၉ ) ပြီး၏။

အပိုင်း ( ၇၄၀ ) ပြိုလဲသွားတဲ့ အိပ်မက်..

ဆင်စွယ်ရောင် နဂါးကြီး သေဆုံးသွားတာနဲ့ တစ်ပြိုင်နက် ကမ္ဘာတစ်ခုလုံးကို မမြင်ရတဲ့ လှိုင်းတစ်ခုက ရိုက်ခတ်သွားခဲ့တယ်..။မြို့တစ်ခုလုံးက အနည်းငယ် တုန်လှုပ်သွားခဲ့ပါတယ်..။..မျှော်လင့်ချက်နိုင်ငံတော်နဲ့ ဆင်စွယ်ရောင် ကျွန်းကို ချိတ်ဆက်ပေးထားတဲ့ ကျန်ရှိနေတဲ့ ချိန်းကြိုးနှစ်ချောင်းထဲက တစ်ချောင်းကလည်း နားစည်ကွဲအက်မတတ် အသံနဲ့အတူ ပြတ်တောက်သွားခဲ့တယ်..။

ပြတ်တောက်သွားတဲ့ ချိန်းကြိုးက အောက်ဘက်ကောင်းကင်ရဲ့ အမှောင်ထုထဲကို ကျဆင်းသွားခဲ့တာကြောင့် ဒီကျိန်းကို ထိန်းထားခဲ့တာက..ကြိုးတစ်ချောင်းတည်းသာ ကျန်ရှိနေခဲ့တော့တယ်..။ကျွန်းရဲ့ တည်နေရာက အနည်းငယ်ရွေ့လျားသွားခဲ့ပါတယ်..။ဒါက အများကြီးရွေ့လျားသွားတာ မျိုး မဟုတ်ပေမယ့်..ပေါင်းကူးတံတားကြီးကို….အက်ကွဲတုန်ခါသွားစေပြီး..အောက်ကို ဖြည်းညှင်းစွာပြုတ်ကျသွားဖို့ အတွက်တော့ လုံလောက်နေခဲ့တယ်..။

ကြီးမားတဲ့ အဆောက်အအုံကြီးက မြေကြီးပေါ်ကို ပြိုလဲကျသွားတဲ့ အချိန်မှာတော့..ကျောက်တုံး အပိုင်းအစတွေနဲ့ ဖုန်မှုန့်တွေဟာ လေထဲကို ထိုးတက်သွားခဲ့တယ်..။ဒီအရာတွေက..ပြင်းထန်တဲ့ ဝိဉာဉ်တိုက်ခိုက်မူကြောင့် ခံစားနေခဲ့ရတဲ့ ဆန်နီ နဲ့ မော်ဒရက်တို့ လဲလျောင်းနေတဲ့ နေရာကိုပါ ဖုံးလွှမ်းသွားခဲ့ပါတယ်..။

ဆန်နီ ချောင်းဆိုးလိုက်ပြီး..သူ့ မျက်နှာရှေ့က ဖုန်မှုန့်တွေကို လက်နဲ့ ဝေ့ယမ်းကာ ဖယ်ရှားလိုက်တယ်..။

‘ချီးတဲ့မှပဲ…’

အဲ့အချိန်မှာတော့ ဂုဏ်ဒြပ်မရှိတဲ့ မင်းသားက ဖြည်းညှင်းစွာ ပြန်ထနေခဲ့ပါပြီ..။သူက ဒယိမ်းဒယိုင်ပြန်ထလာခဲ့ပြီး..ဆင်စွယ်ရောင် တာဝါရှိတဲ့နေရာဆီကို လှမ်းကြည့်လိုက်တယ်..။သူ့ရဲ့ အိုမင်းနေတဲ့ မျက်နှာကတော့ ပျက်ယွင်းနေခဲ့ပါပြီ..။

မော်ဒရက် အချိန်အတော်ကြာအောင် တိတ်ဆိတ်နေခဲ့ပြီးကာမှ..ပုံမှန်လေသံနဲ့ ပြောလိုက်တယ်..။

“ကောင်းပြီလေ..ဒါက နည်းနည်း ကံဆိုးသွားတာပဲ..”

ဆန်နီ သဘောကျစွာ ထရယ်လိုက်တာကြောင့်..လူအိုကြီးက သူ့ကို သုန်မုန်နေတဲ့ အကြည့်နဲ့ လှည့်ကြည့်လာခဲ့ပါတယ်..။ယင်းနောက် ဆန်နီဟာ ထထိုင်ဖို့ ကြိုးစားလိုက်ပေမယ့် ကျရှုံးသွားခဲ့ရတယ်..။

ဂုဏ်ဒြပ်မရှိတဲ့ မင်းသားက..နှာခေါင်းရှုတ်လိုက်ပြီး..

“ဟန်ဆောင်မနေနဲ့ ဆန်းလပ်စ်…။မင်း ဒီလောက်အထိ အားမနည်းဘူးဆိုတာကို ငါ သိထားပြီးသား..”

ဆန်နီ ကျိန်ဆဲလိုက်ပြီး ဟန်ဆောင်နေတာကို ရပ်တန့်လိုက်ကာ…ညဉ်းညူရင်း ထထိုင်လာခဲ့တယ်..။သူက အဆီအနှစ်တွေ ကုန်ခမ်းပြီး အမှန်တကယ်ကို အခြေအနေဆိုးဝါးနေခဲ့တာပါ..။သူ့ရဲ့ ဝိဉာဉ်ကလည်း ထိခိုက်မူတွေကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရထားခဲ့တယ်..။သို့ပေမယ့်..မော်ဒရက်ကို လှည့်စားဖို့အတွက် အားနည်းချင်ယောင် ဆောင်နေသလောက်တော့ အားမနည်းတာ မမှန်ပါပဲ..။

လူအိုကြီးဟာ ခေါင်းခါယမ်းပြီး ပြုံးလိုက်တယ်..။

“ငါ့ရဲ့ ပုံရိပ်ထပ်တူညီမူတွေနဲ့ပဲ..ငါ့ကို ပြန်တိုက်ခိုက်ခဲ့တာပေါ့..ဘယ်လောက် ဉာဏ်ကောင်းလိုက်လဲ..။ငါက မင်းဆီက အဲလိုမျိုးတွေကို မျှော်လင့်ထားခဲ့တာ..”

ယင်းနောက် သူ့ရဲ့ မျက်နှာက နက်မှောင်သွားခဲ့ပြီး ဆင်စွယ်ရောင် တာဝါကို နောက်ထပ်တစ်ကြိမ် ကြည့်လိုက်တယ်..။သူ့ရဲ့ အသံက တည်ငြိမ်ပြီး မသေချာစွာ ထွက်ပေါလာခဲ့ပါတယ်..။

“ဒါပေမဲံ့..ဒီလိုဖြစ်လာမှာကိုတော့ ငါလုံးဝ မျှော်လင့်မထားခဲ့ဘူး..။ဒါက လုံးဝ မဖြစ်သင့်ဘူး..။ငါ နားမလည်တော့ဘူး..ဓားတွေထဲက တစ်လက်ကို တစ်ခြားလူဆီပေးလိုက်တာက မင်းရဲ့ အကျင့်စရိုက်မဟုတ်ဘူးလေ..။မင်းလို သံသယများပြီး..မယုံကြည်တတ်တဲ့ အကျင့်စရိုက်နဲ့ဆိုရင်..အဆုံးအထိ ဒီအရာတွေကို ဆုပ်ကိုင်ထားမှာပဲ..။ငါက ဘယ်လိုဖြစ်ပြီး အမှားလုပ်မိသွားတာလဲ..”

ဆန်နီ ပြုံးလိုက်ပြီး..

“ငါ ပြောင်းလဲသွားတာ ဖြစ်မှာပေါ့..”

မော်ဒရက် မျက်မှောင်ကျုတ်လိုက်ပြီး..ဖြည်းညှင်းစွာ ခေါင်းခါယမ်းလိုက်တယ်..။

“လူတွေက ဒီလောက်အထိ လွယ်လွယ်ကူကူ မပြောင်းလဲကြဘူး..”

ဆန်နီ ရဲ့ မျက်နှာပေါ်က အပြုံးက အနည်းငယ် ပျက်ယွင်းသွားခဲ့တယ်..။

“အဲတာက မလွယ်ကူခဲ့ပါဘူး..”

လူအိုကြီးဟာ အချိန်အတော်ကြာအောင် ငြိမ်သက်နေပြီးကာမှ လေးလံစွာ သက်ပြင်းချလိုက်ပြီး..သူ့ဖက်ကို မျက်နှာမူလာခဲ့တယ်..။တစ်ချိန်တည်းမှာပဲ..သူ့ရဲ့ ကျန်ရှိနေသေးတဲ့ ပုံရိပ်ထပ်တူညီမူကလည်း လှည့်လာခဲ့ပါတယ်..။

ဘာမှမရှိတဲ့မင်းသား ဟာ..အတော်လေး အခြေအနေဆိုးဝါးနေတဲ့ အရိပ်နတ်ဆိုးကို တစ်ခနလောက် ကြည့်လိုက်ပြီးမှ..ပြောလာခဲ့တယ်..။

“ဆန်းလပ်စ်..ငါ့ရဲ့ သူငယ်ချင်း…ကျေးဇူးပြုပြီး ငါမင်းကို ဘာလို့ မသတ်သင့်တာလဲ ဆိုတဲ့ အကြောင်းပြချက်တစ်ခု ပေးကြည့်စမ်းပါ..”

ဆန်နီ အကြိမ်အနည်းငယ် မျက်တောင်ခတ်ပြီးကာမှ..နက်မှောင်စွာ ပြုံလိုက်ပြီး..

“မင်းသတိမထားမိသေးဘူး ဆိုရင်တော့ ပြောပြမယ်လေ..။ငါ့ ကို သတ်ဖို့ကြိုးစားတဲ့ လူတွေတိုင်းက..သူတို့ပဲ သေဆုံးသွားကြရတာချည်းပဲ..”

မော်ဒရက် အန္တရာယ်ရှိစွာ ပြုံးလိုက်တယ်..။

“ငါ ဒါကို ကိုင်တွယ်နိုင်တာ သေချာပါတယ်..”

‘ကောင်းပြီလေ..။ငါ လည်း အဲလိုပဲ ထင်တာပဲ…’

သူ ခေါင်းကို အနည်းငယ်စောင်းလိုက်ပြီး..သံသယဖြစ်စွာ ပြောလိုက်တယ်..။

“ဘာလို့လဲဆိုတော့..ငါ့ဆီမှာ မင်းလိုချင်နေတဲ့ နတ်ဘုရား မှတ်သားမူ ရှိနေသေးတာကြောင့်ပဲ..”

လူအိုကြီးဟာ ရှေ့ကို ခြေတစ်လှမ်းတိုးလာခဲ့တယ်..။သူ့ရဲ့ ပုံရိပ်ထပ်တူညီမူကလည်း ဒီအတိုင်းပါပဲ..။

“ပုံမှန်အားဖြင့်ကတော့..ဒါက အကြောင်းပြချက်ကောင်း တစ်ခု ဖြစ်နိုင်ပါတယ်..။ဒါပေမဲ့..အခုချိန်မှာတော့…အရိုးသားဆုံးပြောရရင်အဲဒီအတွက် အားစိုက်ရတာက တန်ရဲ့လားလို့ ငါစဉ်းစားမိနေပြီ ဆန်းလပ်စ်..”

ဆန်နီ ခနလောက် တွေဝေနေခဲ့ပြီးကာမှ..မျက်ခုံးတစ်ဖက် ပင့်တင်လိုက်တယ်..။

“..ကျေးဇူးပြုပြီး..မသတ်လို့မရဘူးလား..”

ဂုဏ်ဒြပ်မရှိတဲ့ မင်းသားဟာ ရယ်မောလိုက်တယ်..။

“မလုံလောက်သေးဘူး..”

ဆန်နီသူ့ကို စိုက်ကြည့်နေရင်းနဲ့..ခန္တာကိုယ်အတွင်းမှာ ကျန်ရှိနေတဲ့ အဆီအနှစ်အနည်းငယ်ကို လှည့်ပတ်ထားလိုက်ပါတယ်..။သူ့ရဲ့ အရိပ်တွေက ဒဏ်ရာရထားကြတာကြောင့်..အနက်ရောင်မီးတောက်တွေနဲ့ ပြန်လည်ကုစားနေခဲ့ကြရတယ်..။သူ့ရဲ့ ခွန်အားတွေက ကုန်ခမ်းနေပြီဖြစ်ပြီး..သူ့ရဲ့ အပေါင်းအပါတွေကလည်း အဝေးတစ်နေရာမှာ သူ့ထက်တောင် အခြေအနေဆိုးဝါးနေကြပါတယ်..။

အခြေအနေက အတော်လေးကို မကောင်းတော့ပါဘူး..။

သူ သက်ပြင်းချလိုက်ပြီး..သာမန်လေသံနဲ့ပဲ ပြောလိုက်တယ်..။

“ကြည့်လိုက်..ဒါပေါ့..မင်းက ငါ့ကို သတ်နိုင်ကောင်း သတ်နိုင်လောက်ပါတယ်..။ဒါပေမဲ့ အမှားတော့ မလုပ်မိစေနဲ့..။မင်းအတွက် လွယ်ကူမှာတော့ မဟုတ်ဘူး..။ပိုအရေးကြီးတာက..ငါက အချိန်တွေ အကြာကြီး ခုခံနေမှာ..”

မော်ဒရက် သဘောကျစွာ ပြုံးလိုက်ပြီး..

“..ဟုတ်လား..ငါကတော့. မင်းပြောသမျှတိုင်းကို သဘောကျနေမိတာပဲ..”

ဆန်နီ ပြုံးလိုက်ပြီး..

“မင်း တစ်ခုခု မေ့နေတာ မဟုတ်ဘူးလား..”

ဂုဏ်ဒြပ်မရှိတဲ့ မင်းသားဟာ တစ်ခနလောက်တွေဝေနေခဲ့ပြီးကာမှ..မျက်မှောင်ကျုတ်လိုက်တယ်..။

“ဘာများ ဖြစ်နေမလဲ..”

ဆန်နီ ကုလားထိုင်ပေါ် ပြန်ထိုင်လိုက်ပြီး..နောက်ကို မှီလိုက်ကာ..စိတ်သက်သာရာရတဲ့ ပုံစံနဲ့ သက်ပြင်းချလိုက်တယ်..။ယင်းနောက်..သူက ဆင်စွယ်ရောင် တာဝါကို လက်ညိုးထိုးပြလိုက်ပါတယ်..။

“အိပ်မက်ဆိုးက အဆုံးသတ်ခါနီးနေပြီ..။ငါတို့ အစစ်အမှန်ကမ္ဘာကို ပြန်ပြီး သွားရဖို့က အချိန်သိပ်မကျန်တော့ဘူး..။မင်းက ဒီလို တန်ဖိုးရှိလှတဲ့အ ချိန်တွေကို ငါ့ကို တိုက်ခိုက်ရင်း ဖြုန်းတီးပစ်တော့မလို့လား..”

မော်ဒရက် သူ့ကို နက်မှောင်စွာ ကြည့်လိုက်တယ်..။

“ဒါအမှန်ပဲ..။ဘာပဲဖြစ်ဖြစ်..ငါ့ ရဲ့ အချိန်ဇယားတွေက ရုတ်တရက်ကြီး အားလပ်သွားပြီလေ..။ငါ့မှာ တစ်ခြား ဘာလုပ်စရာ ရှိနေသေးလို့လဲ..”

ဆန်နီ ခေါင်းခါယမ်းလိုက်တယ်..။

“မင်းက အလိုဆန္ဒ နတ်ဆိုးကို သတ်နိုင်မယ့် အခွင့်အရေး ကိုတော့ လက်လွှတ်လိုက်ရပြီ..။ဒါပေမဲ့ မင်းက..ရည်မှန်းချက် နတ်ဆိုး ကိုတော့ မေ့နေတာလား..။ငါတို့ရဲ့ အောက်ဘက်မှာ အနက်ရောင် တာဝါ တစ်ခုလုံးက လစ်လပ်နေခဲ့တာပဲ..။အဲတာကို သွားပြီး သိမ်းပိုက်လို့ရသေးတယ်..”

လူအိုကြီးဟာ မျက်မှောင်ကျုတ်လိုက်ပြီး..

“ဒီအချိန်လောက်ဆိုရင်..ကောင်းကင်မီးတောက် တွေက..အတော်လေး ပြင်းထန်ပြီး အများကြီး ရှိနေလိမ့်မယ်..။အဲ့မှာရှိနေတဲ့အက်ကွဲကြောင်းကလည်း..ငါတို့တွေ ဖြတ်ကျော်လို့ရမှာမဟုတ်ဘူး..။ဘာပဲဖြစ်ဖြစ်..အချိန်က မလုံလောက်တော့ဘူးလေ..။တစ်ခုကလွဲလို့ပေါ့..”

သူ့ အမူအရာတွေက ရုတ်တရက် ပြောင်းလဲသွားခဲ့တယ်..။

ဆန်နီ ခေါင်းညိမ့်လိုက်ပြီး..

“အမှန်ပဲ..။အောက်ဘက်ကောင်းကင်ကိုတော့ သွားလို့မရဘူး..။ဒါပေမဲ့..ငါတို့က ဆင်စွယ်ရောင် တာဝါရဲ့ အနားမှာ ရောက်နေကြတာပဲ..။ပြီးတော့ အဲဒီတာဝါရဲ့ အနားမှာ ပေါ်တယ် တစ်ခု ရှိတယ်..။ကဲ ..အခု မင်းက ငါ့ကို သတ်ပြီး အချိန်ဖြုန်းမှာလား..ဒါမှမဟုတ်..ပေါ်တယ်ထဲကို နတ်ဘုရားမီးတောက်တွေ ဖြည့်ပြီး..နီသာ..ချန်ထားခဲ့တဲ့ အရုပ်လေးတွေကို သွားယူမလား..။ဒါပေမဲ့ ငါ့လို အရူးလဲ မဖြစ်စေနဲ့ဦး..။တံဆိပ်ခတ်ထားတာ ပျက်ဆီးသွားပြီ ဆိုရင် အချိန်က အဲတာကို လိုက်မှီသွားလိမ့်မယ်..”

မော်ဒရက်က သူ့ကို ခနလောက် စိုက်ကြည့်နေပြီးကာမှ..ပြုံးလိုက်တယ်..။

“အနက်ရောင် တာဝါ အတွင်းထဲမှာ ရှိနေတဲ့ ..ထူးဆန်းတဲ့ အပုပ်အသိုးက ငါ့ကို ဝါးမြိုသွားဖို့ကို မင်းက မျှော်လင့်နေတာ မဟုတ်လား..။ဘာပဲဖြစ်ဖြစ်..အခုချိန်မှာတော့..ငါက အဲဒီအရာကို တပ်မက်နေမှာ မဟုတ်ဘူး..”

ဆန်နီ ချောင်းဆိုးလိုက်တယ်..။

“အာ..မင်းက သိသွားတာပဲ..။ဒါပေမဲ့..မင်းက စွန့်စားမူတစ်ခုတောင် မလုပ်နိုင်ပဲ အုပ်စိုးသူတစ်ယောက်ကို သတ်ဖို့ စီစဉ်နေတာလား..။အမြန်ဆုံးဖြတ်..အချိန်တွေက ရွေ့နေတာ..”

လူအိုကြီးဟာ သူ့ကို အတော်ကြာအောင် လေ့လာနေခဲ့ပြီး ဘာတစ်ခွန်းမှ မပြောခဲ့ပေ..။

ဆန်နီကတော့ ဒီအကြည့်တွေ အောက်မှာ မသက်မသာ ခံစားနေခဲ့ရပါပြီ..။

‘ချီးပဲ..ခွေးသားလေး..မင်းငါ့ကိုသတ်ချင်တဲ့စိတ်က..ဗာလာကလန်ကို လက်စားချေချင်တဲ့ စိတ်လောက်တော့ ပြင်းထန်နေမှဦ မဟုတ်ဘူးမလား..။မျှော်လင့်ချက် နဲ့..ကိုယ့်အလုပ်ကို လုပ်လိုက်စမ်းပါ..’

နောက်ဆုံးမှာ‌ေတာ့ မော်ဒရက်က ရယ်မောလိုက်ပြီး..ခေါင်းခါယမ်းလိုက်တယ်..။

“အုပ်စိုးသူ နှစ်ယောက်..”

ဆန်နီ ရဲ့မျက်ခုံးတွေ မြောက်တက်သွားခဲ့တယ်..။

“ဟင်…”

လူအိုကြီးကတော့ တစ်ဖက်ကို လှည့်ပြီး ကျွန်းရဲ့ အစွန်းကို လျောက်သွားခဲ့ပါပြီ..။သူ့ရဲ့ ပုံရိပ်ထပ်တူညီမူကလည်း နောက်ကနေ လိုက်သွားခဲ့တယ်..။

“အုပ်စိုးသူ နှစ်ယောက်..။ငါက အက်စတာရီယွန်ကိုလည်း သတ်မှာ..။ဒါက ငါ့အဖေကို ရင်ဆိုင်ရတာထက် ပိုပြီး ခက်ခဲနိုင်တယ်ဆိုပေမယ့်..ငါကလည်း မင်းလိုပဲ ရန်ငြိုးထားတဲ့နေရာမှာ အတော်လေး တော်တယ် ဆန်းလပ်စ်..။ဒီတော့..ငါတို့ နောက်တစ်ကြိမ် မတွေ့မိအောင်သာ ဆုတောင်းနေလိုက်တော့..”

သူက ကျွန်းရဲ့ အစွန်းကို နားကို ရောက်တဲ့ အချိန်ကြမှ တစ်ခနလောက်တွေဝေသွားခဲ့ပြီး သုန်မုန်စွာ ပြောလာခဲ့တယ်..။

“ဒါပေမဲ့ မင်းရဲ့ ဆုတောင်းသံတွေကို ဘယ်သူကမှ ကြားနိုင်မှာ မဟုတ်တော့ဘူး..။နတ်ဘုရားတွေအားလုံးက သေကုန်ကြပြီ..”

ဒီလိုပြောပြီးတာနဲ့ ဘာမှမရှိတဲ့ မင်းသားဟာ..အမှောင်ထုထဲကို ခြေလှမ်းလိုက်ပြီး မြင်ကွင်းကနေ ပျောက်ကွယ်သွားခဲ့ပါတယ်..။သူ့ရဲ့ ပုံရိပ်ထပ်တူညီမူကလည်း နောက်ကနေ လိုက်သွားခဲ့တယ်..။

ဆန်နီကတော့ ဘာမှမရှိတဲ့ ကျွန်းပေါ်မှာ တစ်ယောက်တည်း ကျန်နေရစ်ပြီး..သူ အသက်ရှင်သန်နိုင်ခဲ့တယ် ဆိုတာကိုတောင် ယုံကြည်ဖို့ ခက်ခဲနေခဲ့တယ်..။

သူက စေ◌ျးကြီးတဲ့ သစ်သားထိုင်ခုံနဲ့..လက်ထဲမှာ ရှိနေတဲ့ ကျောက်တုံးကို..ငုံ့ကြည့်လိုက်တယ်..။

ယင်းနောက် သူ တုန်ရီစွာ သက်ပြင်းချလိုက်ပါတယ်..။

‘ချီးပဲ..။ဒါက အလုပ်ဖြစ်တယ်ဆိုတာ ငါ ယုံတောင် မယုံနိုင်ဘူး..’

အပိုင်း ( ၇၄၀ ) ပြီး၏။

အပိုင်း ( ၇၄၁ ) ချိန်း ဖျက်ဆီးသူ..

ဆန်နီဟာ..ကောင်းကင်ပေါ်မှာ မြင့်မားစွာ လှပနေတဲ့ ဆင်စွယ်ရောင် စေတီရဲ့ နံရံတွေကို စိုက်ကြည့်ရင်း တစ်ခနလောက် ငြိမ်သက်နေခဲ့တယ်..။မြို့တစ်ခုလုံးကို အင်မော်တယ် မီးတောက်တွေက လွှမ်းခြုံထားပေမယ့်လည်း..ဒီနေရာမှာတော့ အရာအားလုံးက ငြိမ်းချမ်းပြီး တိတ်ဆိတ်နေခဲ့ပါတယ်..။

သူ ဒါကို အခုချိန်အထိ မယုံကြည်နိုင်သေးပေ..။

စစ်ပွဲ သူတော်စင် ဖြစ်တဲ့ ဆိုဗန်က သေဆုံးသွားခဲ့ပါပြီ..။သံမဏိကိုယ်ထည်ကြီးထဲမှာ ပိတ်မိနေခဲ့တဲ့ အင်မော်တယ် မင်းသားကလည်း သေဆုံးသွားခဲ့ပြီ..။မျှောင်စင်ကြီးကို အသက်နဲ့လဲပြီး စောင့်ရှောက်ပေးခဲ့တဲ့..နဂါးကြီးကလည်း သေဆုံးသွားခဲ့ပါတယ်..။

သူတို့ အနိုင်ရသွားပြီ..။အိပ်မက်ဆိုးကို အနိုင်ယူနိုင်ခဲ့ပါပြီ..။

အနည်းနဲ့ အများပေါ့..။

အနီရောင်အဆောက်အဦးရဲ့ သွေးစွန်းနေတဲ့ တိုက်ပွဲကွင်းပြင်ကနေ..အဆုံးမရှိတဲ့ အိမ်မက်ဆိုးထောင်ချောက်တွေ ..ထူးခြားဆန်းကျယ်တဲ့ ချားလစ်ဘုရားကျောင်း ..ဆင်စွယ်ရောင်မြို့တော်ပေါ်က ကောင်းကင်တိုက်ပွဲ..ဂုဏ်ဒြပ်မရှိတဲ့ မင်းသားနဲ့ တိုက်ပွဲ..တွေ အားလုံးကို သူက တစ်နည်းနည်းနဲ့ ဖြတ်ကျော်နိုင်ခဲ့ပါတယ်..။သူက ဒီအရာတွေ အားလုံးကနေ ရှင်သန်ရစ်နိုင်ခဲ့တယ်..။

ဒီလိုအောင်မြင်ဖို့က ဘယ်လောက်တောင် ဖြစ်နိုင်ချေနည်းပါးလိုက်လဲ..။

‘..အချိန်က ငါးလပဲ ဆိုပေမယ့်..တစ်ဘဝစာလောက် ကြာမြင့်သွားခဲ့သလိုပါပဲ…’

ဒါပေါ့..သူတို့ ဖြေရှင်းရမယ့် ကိစ္စတစ်ချို့က ကျန်ရစ်နေပါသေးတယ်..။

ကျရှုံးသွားတဲ့ ချိန်းအရှင်သခင်တွေရဲ့ စစ်တပ်တွေက အခုချိန်အထိ ကောင်းမွန်စွာ ရှိနေကြတုန်းပါပဲ..။အဖွဲ့သားတွေက..ဒီ စစ်တပ်ကြီးရဲ့ တစ်စိတ်တစ်ပိုင်းလောက်ကို ဖျက်ဆီးပစ်နိုင်ခဲ့ကြပေမယ့်..ရာနဲ့ချီတဲ့ သဘော်ပျံတွေနဲ့..ထောင်နဲ့ချီတဲ့ စစ်သည်တော်တွေက ရှိနေတုန်းပါပဲ..။အခုတော့..သူတို့ရဲ့ ခေါင်းဆောင်တွေ သေဆုံးသွားကြပြီ ဖြစ်တာကြောင့်..သူတို့က ဘယ်လိုတွေ ဆက်ဖြစ်မှာလဲ..ဘယ်လို တုန့်ပြန်ကြမှာလဲ ဆိုတာကို အခုချိန်ထိ မသိသေးပေ..။

နိုတစ်ကိုလည်း ဘယ်နေရာမှာမှ မတွေ့ရပါဘူး..။

ပြီးတော့..မျှော်လင့်ချက်ကလည်း..အခုချိန်ထိ ချုပ်နှောင်ခံထားရပါသေးတယ်.။သူမက သိပ်မကြာခင်မှာ လွတ်မြောက်တော့မှာပါ..။

ဆန်နီ သက်ပြင်းချလိုက်ပြီး မတ်တတ်ထရပ်လိုက်တယ်..။သူ့ကို လွှမ်းမိုးသွားတဲ့ ပျို့အန်ဖွယ် အားနည်းမူကြောင့် ချက်ချင်း မျက်နှာရှုံ့မဲ့သွားခဲ့ပါတယ်..။သူ့ရဲ့ ဝိဉာဉ်ကလည်း ထိခိုက်ပျက်ဆီးနေခဲ့တယ်..။သူက အရင်တုန်းက ဒီလိုအခြေအနေအထိ တစ်ခါမှမရောက်ခဲ့ဖူးပေ..။ကြက်သွေးရောင် ထိပ်ဖျားကို ဝန်းရံတိုက်ခိုက်ခဲ့တုန်းကတောင် ဒီလောက်အထိ အခြေအနေမဆိုးခဲ့ပါဘူး..။သူ့ရဲ့ ခန္တာကိုယ်ကလည်း အခြေအနေ သိပ်မကောင်းပေ..။ဆန်နီဟာ ဒီအခြေအနေအထိ ရောက်လာဖို့ အရာအားလုံးကို ပေးဆပ်ထားခဲ့ရတာကြောင့်..အခုတော့ သူက လုံးဝကို အားအင်ကုန်ခမ်းနေခဲ့ပါပြီ..။

သို့ပေမယ့်..သူက မာစတာ တစ်ယောက်ဖြစ်လာတော့ဖို့လည်း အတော်လေး နီးစပ်နေခဲ့တယ်..။

သူက ကျွန်းအစွန်းထိအောင် လျောက်သွားလိုက်ပြီး အောက်ဘက်ကောင်းကင်ရဲ့ ချောက်နက်ထဲကို ကြည့်လိုက်ပါတယ်..။ပြီးတာနဲ့..အနက်ရောင်တောင်ပံကို ထုတ်ဖော်လိုက်ပြီး ဆင်စွယ်ရောင်ကျွန်းရဲ့ နောက်ဆုံးထိန်းထားတဲ့ ချိန်းကြိုးဆီကို..ခုန်ချလိုက်တယ်..။

သူက အရိပ်အဖြစ်ပြောင်းလဲဖို့ အဆီအနှစ် မကျန်တော့သလို ပြေးလွှားဖို့အတွက်လည်း အားအင်ကုန်ခမ်းနေခဲ့ပါပြီ..။ဒီတော့..ဆန်နီက ရိုးရှင်စွာပဲ လမ်းလျောက်နေခဲ့တယ်..။ကောင်းကင်ချိန်းကြိုးရဲ့ မညီညာတဲ့ ကွင်းဆက်တွေကို ဖြတ်ကျော်ဖို့အတွက်တော့ တစ်ခါတစ်လေ သူ့ရဲ့ ဝတ်ရုံကို အသုံးပြုနေခဲ့ရပါတယ်..။သူက အေးချမ်းတဲ့ လေးဟာနယ်မျက်နှာပြင်ကို ဖြတ်သန်းပြီး..ကျွန်းဆီကို ရောက်ဖို့အတွက် အချိန်အတော်ကြာအောင် ယူလိုက်ရတယ်..။

မြစိမ်းရောင် မြက်ခင်းပြင်..သန့်ရှင်းတဲ့ ရေကန်ရဲ့ တည်ငြိမ်တဲ့ မျက်နှာပြင်..ရှေးဟောင်းသစ်တွေနဲ့ ငြိမ်းချမ်းတဲ့ တောအုပ်..။သူက အရင်တုန်းက ဒီနေရာကို ရောက်ခဲ့ဖူးပါတယ်..။ဒါပေါ့..အခုချိန်မှာတော့..ကျွန်းက တစ်ထပ်တည်းတော့ မတူညီခဲ့ပါဘူး..။အခုချိန်မှာတော့ စိမ်းလန်းတဲ့ မြက်ခင်းပြင်တွေပေါ်မှာ နဂါးရဲ့သွေးတွေ ဆူပွက်နေခဲ့တယ်..။လောင်ကျွမ်းနေတဲ့ မြို့တော်ဆီက လေနဲ့ အတူပါလာတဲ့ မီးခိုးငွေ့တွေကလည်း လေထဲမှာ ရစ်ဝဲနေခဲ့ကြပါတယ်..။

သူက ဆင်စွယ်ရောင်တာဝါကို ကြည့်လိုက်တဲ့အချိန်မှာ..လှပတဲ့ နဂါးကြီးတစ်ကောင်က ရစ်ပတ်ထားတာကို တွေ့မြင်လိုက်ရတယ်..။ဒါက သူ အနာဂတ်မှာမြင်တွေ့ခဲ့ရသလိုမျိုးတော့ အရိုးစုကြီး မဖြစ်သေးပါဘူး..။

ဆန်နီ ခနလောက် ငြိမ်သက်ပြီးမှ ကိုင်ကို သွားရှာလိုက်တယ်..။

လူငယ်လေးက သိပ်မဝေးတဲ့ မြက်ခင်းပြင်ပေါ်မှာ သတိလစ် လဲကျနေခဲ့ပါတယ်..။သူ့ရဲ့ အကာအကွယ်တွေက အရည်ပျော်ပြီး ပျက်ဆီးနေခဲ့တယ်..။သူ့ရဲ့ သစ်ခေါက်လို အသားအရေကလည်း ထိခိုက်ဒဏ်ရာတွေ ရထားခဲ့တဲ့ ပုံပါပဲ..။သူ့ရဲ့ အရိုးတွေ အများစုကလည်း ကျိုးကြေနေခဲ့ပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်ကာ..နာကျင်မူကြောင့် ရှုံ့မဲ့နေခဲ့တယ်..။

သို့ပေမယ့် သူက အသက်ရှင်နေဆဲပါပဲ..။

သူ့ရဲ့သူငယ်ချင်းကို စစ်ဆေးပြီးတဲ့နောက်မှာတော့..ဆန်နီဟာ..ကိုင် အနေနဲ့ အသက်အန္တရာယ်မရှိဘူးလို့..ကောက်ချက်ချလိုက်တယ်..။သူ့ရဲ့ ဒဏ်ရာတွေက ပြင်းထန်တယ် ဆိုပေမယ့် နိုးထသူတစ်ယောက်ကို သေစေလောက်အောင်တော့ မပြင်းထန်ပါဘူး..။အနည်းဆုံးတော့..ဒီအချိန်ခနလေး အတွင်းမှာ မသေစေနိုင်ပေ..။

ဆန်နီဟာ ဘာထပ်လုပ်ရမှန်း မသိတာကြောင့် ရုပ်သေးဆရာရဲ့ ဝတ်ရုံတော်ကို ထုတ်ယူလိုက်ကာ..လေးသည်တော်ရဲ့ ခေါင်းအောက်မှာ ခေါင်းအုံးအဖြစ် ခေါက်ပြီး ထည့်ပေးလိုက်တယ်..။ယင်းနောက် သူ တစ်ခနလောက် တွေဝေနေခဲ့ပြီး ကိုင်ရဲ့ ပုခုံးကို ပုတ်ကာ..မတ်တတ်ထရပ်လိုက်ပါတယ်..။

ယင်းနောက် သူ ဖြည်းညှင်းစွာ ရှေ့ကို လျောက်သွားပြီး..သေဆံးနေတဲ့ နဂါးကြီးရဲ့ ဦးခေါင်းရှေ့မှာ ရပ်လိုက်တယ်..။ပြီးတာနဲ့ သူ့ရဲ့ ဦးခေါင်းနောက်က ထွက်ပေါက်ကို ကြည့်နေလိုက်ပါတယ်..။

ဒီနေရာပါပဲ..။

မျှော်လင့်ချက်ရဲ့ အကျဉ်းထောင်…

သူ ထွက်ပေါက်ကို ကြည့်နေတုန်းမှာပဲ..သူ့နောက်က လေးပြင်းတစ်ချက် တိုက်ခတ်သွားခဲ့တယ်..။ဆန်နီ ခနလောက် ခံစားချက်မဲ့စွာ ငြိမ်သက်နေပြီးကာမှ..နောက်ကို ဖြည်းညှင်းစွာလှည့်ကြည့်လိုက်ပါတယ်..။သူ့မျက်လုံးတွေကတော့..နက်မှောင်နေခဲ့တယ်..။

…နိုတစ်က ဆိုဗန်နဲ့ တိုက်ပွဲပြီးဆုံးကာစလောက် အခြေအနေ မဆိုးဝါးပေမယ့်လည်း..သူ့ပုံစံက အခြေအနေမကောင်းပါဘူး..။မှော်ဆရာက သေလောက်အောင် ရိုက်နှက်ခံထားရပြီး ခန္တာကိုယ်မှာလည်း မီးလောင်ဒဏ်ရာတွေ ရှိနေခဲ့တယ်..။သူ့ရဲ့ အဝတ်အစားတွေက ဆုတ်ပြဲနေခဲ့ပြီး..သူ့ရဲ့ နက်မှောင်ခံထားရတဲ့ ဆံပင်တွေကလည်း မညီမညာဖြစ်နေခဲ့ပါတယ်..။

သူ့ပုံစံက ကွဲပြားနေခဲ့တယ်..။

ဒါက သူ့ရဲ့ မီးခိုးရောင်မျက်လုံးတွေကို ဖုံးလွှမ်းထားခဲ့တဲ့ ရူးသွပ်မူတွေက နောက်ဆုံးမှာ ပျောက်ကွယ်သွားပြီး..ကြည်လင်မူတွေနဲ့ မျက်ဝန်းတွေအဖြစ် ပြောင်းလဲသွားခဲ့တဲ့ ပုံပါပဲ..။မှော်ဆရာရဲ့ ပုံစံက တောက်ပပြီး အေးချမ်းနေပုံရသလို..တည်ငြိမ်တဲ့ အော်ရာတစ်ခုကိုလည်း ထုတ်လွှတ်ပေးနေခဲ့ပါတယ်..။သူ့ရဲ့ ခင်မင်ရင်းနှီးတဲ့ အရှိန်အဝါက ဆန်နီကို ထွေးပွေ့ထားသလိုမျိုး ဝန်းရံထားခဲ့ပါတယ်..။

ဒီပုံစံက လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာက..အလိုရမ္မက်ကို ချုပ်နှောင်ဖို့ တာဝန်တွေ မယူရခင်..၊ ထာဝရ ကျွန်ပြုခံရခြင်း ကျိန်စာရဲ့ ဖိစီးမူကို မခံစားရခင်..တုန်းက သူ့ရဲ့ နဂိုပုံစံဖြစ်နိုင်ပါတယ်..။

နိုတစ် ဟာ..ကြီးမြတ်တဲ့ စေတီကြီးကို ကြည့်လိုက်ပြီးကာမှ..ဆန်နီကို ပြုံးပြီး ကြည့်လိုက်တယ်..။

“အာ..ဆန်းလပ်စ်..ကျေးဇူးပြုပြီ့ ငါ့ရဲ့ စုတ်ပြတ်သတ်နေတဲ့ အခြေအနေကို ခွင့်လွှတ်ပါဦး..။ကြည့်ရတာ..ကြည့်ရတာတော့..ငါ့တို့ အနိုင်ရသွားပြီထင်တယ်..။ဟုတ်တယ်မလား..”

ဆန်နီဟာ တစ်ခနလောက် တွေဝေနေခဲ့ပြီးကာမှ..သူ့ကို တိတ်တဆိတ် ခေါင်းညိမ့်ပြလိုက်တယ်..။

ပြီးတဲ့နောက်မှာတော့..သူက မှော်ဆရာကို ကြည့်လိုက်ပြီး..

“ဒီတော့..အခုဘာဆက်ဖြစ်မှာလဲ..။ဒါပဲလား..။အားလုံးပြီးသွားပြီလား..”

နိုတစ် တစ်ခနလောက် တိတ်ဆိတ်နေခဲ့ပြီးကာမှ..ခေါင်းခါယမ်းလိုက်တယ်..။

“ကောင်းပြီ…တကယ်တော့..ငါတို့လုပ်စရာ တစ်ခုကျန်သေးတယ်..”

ဆန်နီရဲ့ မျက်နှာပေါ်မှာ မဲ့ပြုံးပြုံးတဲ့ အမူအရာပေါ်လာခဲ့တယ်..။ယင်းနောက် သူ မှော်ဆရာဆီကနေ အကြည့်လွှဲလိုက်ပါတယ်..။သူ့ရဲ့ အသံက ခါးသက်တဲ့ ခံစားချက်တွေနဲ့အတူ ထူးကဲသော ကျောက်တုံးထဲကနေ ထွက်ပေါ်လာခဲ့တယ်..။

“…သူမက သံကြိုးတစ်ချောင်းလောက်ကိုတော့…သူ့သာသူ ဖြစ်နိုင်တယ်လို့ မင်းပြောခဲ့တယ် ထင်တာပဲ..”

နိုတစ် ပြုံးလိုက်ပြီး..

“အိုး..သူမ ဖြတ်နိုင်လိမ့်မယ်လို့ ငါထင်ထားခဲ့တာ..။ဒါပေမဲ့…”

အင်မော်တယ်ရဲ့အပြုံးက ဖြူဖျော့ပြီး ပျောက်ကွယ်သွားခဲ့တယ်..။

“..အဲတာက သူမ ဖြတ်သင့်တယ်လို့ ဆိုလိုတာ မဟုတ်ဘူးလေ..”

သူ သက်ပြင်းချလိုက်ပြီး..သေဆုံးနေတဲ့ မြို့တော် အပေါ်ကနေ ထွက်လာတဲ့ မီးခိုးတွေကို ကြည့်လိုက်ပါတယ်..။သူ့ရဲ့ အကြည့်တွေကတော့ ဝေဝါးပြီး လေးနက်နေခဲ့ပါတယ်..။

“ထောင်ချောက်ကနေ လွတ်မြောက်ဖို့အတွက် ကိုယ့်ရဲ့ ခြေထောက်ကို ကိုယ်ပြန်ကိုက်ဖြတ်တဲ့ ဝံပုလွေကို မြင်ဖူးလား ဆန်းလပ်စ်..။အာ..ဒီအရာက တကယ်ကိုဆိုးဝါးလွန်းတဲ့ အရာပဲ..။ဘယ်သူ့ကိုမှ ဒီလိုကံကြမ္မာမျိုးနဲ့ မကြုံတွေ့စေချင်ဘူး..”

နိုတစ် အတော်ကြာအောင် တိတ်ဆိတ်နေပြီးကာမှ..လွမ်းဆွတ်တဲ့လေသံနဲ့ ပြောလာခဲ့တယ်..။

“ဝံပုလွေတွေ ဆိုတာက အမြဲတမ်းလွတ်လပ်နေသင့်တယ်လေ..”

ယင်းနောက် သူ့ရဲ့ လှပတဲ့ မျက်နှာပေါ်မှာ လွတ်လပ်တဲ့ အပြုံးတစ်ခုက ပြန်ပေါ်လာခဲ့ပြန်ပါတယ်..။ပြီးတာနဲ့ မှော်ဆရာဟာ တောက်ပတဲ့ မျက်လုံးတွေနဲ့အတူ ဆန်နီကို ကြည့်လိုက်တယ်..။

“ဒီတော့..ငါ့သူငယ်ချင်းလေ..နောက်ဆုံးမှာတော့ မင်းဆီကနေ အကူအညီတောင်းရမယ့် အချိန်ရောက်လာခဲ့ပြီ..”

သူက လက်တစ်ဖက်ကို ရှေ့ကို ဆန့်တန်းပြီး လက်ဝါးဖြန့်ထားခဲ့တယ်..။ဆန်နီကတော့ မှော်ဆရာဘက်ကို လှည့်မကြည့်ပဲ တိတ်ဆိတ်ပြီးသား ရှိနေခဲ့ပါတယ်..။

“မင်းအနေနဲ့ ငါ့ကို မီးတောက်ကျောက်ဓား ပေးနိုင်မလား..”

‘ချီးတဲ့မှပဲ..’

ဆန်နီ စကား အများကြီးပြောချင်နေခဲ့တယ်..။သူ တစ်ခုခု လုပ်ချင်နေခဲ့ပါတယ်..။သူ အတော်လေးကို ခံစားနေခဲ့ရတယ်….

သို့ပေမယ့် ဒီလိုလုပ်လိုက်မယ်ဆိုရင်.. အမှားကြီးတစ်ခု ကျူးလွန်မိသလို ဖြစ်သွားမယ့် အပြင်..ရက်စက်ရာလည်း ကျသွားပါလိမ့်မယ်..။

သစ္စာဖောက်မူတစ်ခု…

သူ လေးလံစွာ သက်ပြင်းချလိုက်ပြီးမှ နိုတစ် ဖက်ကို လှည့်လိုက်တယ်..။သူ့ရဲ့ လက်ဝန်းကျင်မှာတော့..အလင်းစက်တွေ ရစ်ပတ်လာခဲ့ပါတယ်..။

“ငါ တကယ့် ဝံပုလွေတစ်ကောင်ကို ဘယ်တုန်းကမှ မမြင်ဖူးခဲ့ဘူး ဆိုတာကို သိရဲ့လား..။ပြီးတော့..အင်း..မင်းက ဒီလိုတောင်းဆိုလာမှတော့လည်း ပေးရတော့မှာပေါ့..”

သူက တပ်မက်ခြင်း သေတ္တာရဲ့ အဖုံးကို ဖွင့်ပြီး အထဲကနေ မီးတောက်ကျောက်နဲ့ ပြုလုပ်ထားတဲ့ ဓားမြောင်ကို ယူလိုက်ကာ..မှော်ဆရာရဲ့ လက်ထဲကို ထည့်ပေးလိုက်တယ်..။

သူ့ရဲ့ မျက်နှာပေါ်မှာတော့..ဝမ်းနည်းတဲ့ အပြုံးတစ်ခု ပေါ်လာခဲ့ပါတယ်..။

“ကောင်းပြီလေ..ဒါဆိုလည်း..ဒါက နှုတ်ဆက်မူတစ်ခု ဖြစ်တော့မယ်ထင်တယ်..ဆန်းလပ်စ်..။မင်းက ငါ့အတွက်တော့ သူငယ်ချင်းကောင်းတစ်ယောက်ပါ..။ပြီးတော့..ငါ..ငါလည်း မင်းအတွက် သူငယ်ချင်းကောင်း တစ်ယောက် ဖြစ်ခဲ့လိမ့်မယ်လို့ မျှော်လင့်ပါတယ်…”

သူ သက်ပြင်းချလိုက်ပြီး တစ်ခနလောက်..တွေဝေနေပြီးကာမှ ထပ်ပြောလိုက်ပါတယ်..။

“ဒါပေမဲ့ ငါတို့ မခွဲခွာခင်မှာ..ငါ မင်းကို တစ်ခုပြောခဲ့ရဦးမယ်..”

ဆန်နီဟာ သူ့ကို နက်မှောင်စွာ ကြည့်လိုက်ပြီးမှ အက်ကွဲတဲ့လေသံနဲ့ မေးလိုက်တယ်..။

“ဘာလဲ…”

နိုတစ် တိတ်ဆိတ်စွာ ခေါင်းခါယမ်းလိုက်တယ်..။

“မင်း..မင်း အနက်ရောင်တွေပဲ ဝတ်နေတာ ရပ်သင့်ပြီ..။ဒါက ဘယ်လောက်တောင် ပျင်းစရာ ကောင်းတဲ့ အရောင်လဲ..။အာ..ဆန်းလပ်စ်…မင်းက ဒီထက် ပိုကောင်းတဲ့ လူတစ်ယောက်ပါ..”

ဒီလိုပြောပြီးတာနဲ့ မှော်ဆရာဟာ ရယ်မောလိုက်ကာ..ရှေ့ကို ခြေတစ်လှမ်းတိုးလိုက်တယ်..။

သူ တစ်စက္ကန့်လောက် တွေဝေနေပြီးကာမှ..ဆန်နီကို ဖက်လိုက်ပါတယ်..။သူတို့နှစ်ယောက်ကြားက အရပ်အမောင်းကွာခြားချက်ကြောင့်..ဆန်နီဟာ ခန္တာကိုယ်ကို အနည်းငယ် နိမ့်ပေးလိုက်ရတယ်..။

နိုတစ် ရယ်မောလိုက်ပြီး ခနလောက် တိတ်ဆိတ်သွားခဲ့ပါတယ်..။

ယင်းနောက် သူ သက်ပြင်းချပြီး တီးတိုးပြောလာခဲ့တယ်..။သူ့ရဲ့ အသံက ရုတ်တရက် တိုးညှင်းပြီး သုန်မုန်သွားခဲ့ပါတယ်..။

ဒါက စကားလုံး လေးလုံးတည်းဆိုပေမယ့်..အတိုင်းအဆမရှိအောင် လေးလံနေခဲ့သလိုပါပဲ..။

“နတ်ဘုရားတွေကို ဘယ်တော့မှ မယုံနဲ့..”

ယင်းနောက် မှော်ဆရာဟာ ဆန်နီကို လွှတ်ပေးလိုက်ပြီး..နောက်ဆုံးတစ်ကြိမ် ပြုံးပြကာ..အဝေးကို လျောက်သွားပါတော့တယ်..။

မကြာခင်မှာတော့ သူက မြင်ကွင်းကနေ ပျောက်ကွယ်သွားခဲ့ပါပြီ..။

ပြီးတော့..သိပ်မကြာခင်မှာပဲ..ဆင်စွယ်ရောင်တာဝါက နောက်ဆုံးသံကြိုး ပြတ်တောက်သွားခဲ့သလိုမျိုး အနည်းငယ်လှုပ်လာခဲ့တယ်..။

ဆန်နီ အံကိုကြိတ်လိုက်ပြီး..အဝေးကိုကြည့်ကာ..မျက်ရည်တွေကို သုတ်လိုက်ပါတယ်..။

“ချီးပဲ…လူလိမ်ကောင်..မင်းက ငါ့ကို နောက်တစ်ကြိမ် လှည့်စားသွားခဲ့တာပဲ..”

အပိုင်း ( ၇၄၁ ) ပြီး၏။

All Chapters