← Chapters

အခန်း (၇၄၂-၇၄၄)

Vol. 50 Ch. 742-744

အခန်း (၇၄၂-၇၄၄)

Vol. 50 Ch. 742-744

အပိုင်း ( ၇၄၂ ) မျှော်လင့်ချက်

ဆန်နီဟာ သူ့ ခြေထောက်အောက်က မြေပြင်လှုပ်ခတ်သွားတာကို ခံစားရင်း ခဏလောက် ငြိမ်သက်စွာ ရပ်နေလိုက်တယ်။အခုချိန်မှာ ကွင်းဆက်သံကြိုး ခုနစ်ချောင်းလုံး ပြတ်တောက်သွားခဲ့ပြီဖြစ်တာကြောင့် ဆင်စွယ်ရောင်မျှော်စင် က မျှော်လင့်ချက်နိုင်ငံတော်နဲ့ လုံးဝကင်းကွာသွားကာ အပေါ်သို့ စတင်တက်ရောက်သွားခဲ့ပါပြီ။ အစပိုင်းမှာတော့ အပေါ်ကို တက်ရောက်နှုန်းက နှေးကွေးနေပေမယ့်လည်း နောက်ပိုင်းတွင် ပိုပိုပြီး မြန်ဆန်လာခဲ့တယ်။မျှော်စင် ရှိနေတဲ့ ကျွန်းက ပျက်စီးနေတဲ့ မြေပြင်ကို ချန်ထားရစ်ပြီး ကောင်းကင်ပေါ်ကို တက်ရောက်သွားခဲ့ပါပြီ။

အဲ့အခိုက်အတန့်မှာပဲ ဆန်နီဟာ အိပ်မက်ဆိုး ပြီးဆုံးတော့မှာကို ခံစားလိုက်ရတယ်။

သူက ကျွန်းရဲ့အစွန်းသို့ ဖြည်းညှင်းစွာ လျှောက်သွားခဲ့ပြီး အောက်ဘက်မှာ မီးလောင်ကျွမ်းနေတဲ့ မြို့တော်ကို ငုံ့ကြည့်လိုက်တယ်။

အဖြူရောင်ကျောက်တုံးနှင့် ဆောက်လုပ်ထားကြတဲ့ အဆောက်အဦး လှလှလေးတွေကတော့ အရည်ပျော်ကျနေခဲ့ကြပါတယ်။ လှပထည်ဝါတဲ့လေထုထဲက တံတားများနှင့် ရေမြောင်းတွေကလည်း ပြင်းထန်တဲ့ အပူရှိန်ကို မခံနိုင်တော့ဘဲ ပြိုကျပျက်စီးကုန်ကြတယ်။ ကြည်လင်သော ရေစီးကြောင်းများက ပူပြင်းတဲ့ ရေနွေးငွေ့များအဖြစ် ပြောင်းလဲသွားခဲ့ကြပါတယ်။

ပတ်ဝန်းကျင်တစ်ခုလုံးမှာ မီးပင်လယ်တွေ ရှိနေတာက လွဲလို့ သူဘာကိုမျှ မမြင်ရတော့ပါဘူး..။

လူသားတွေရဲ့ အော်ဟစ်သံတွေက လေပြင်းနဲ့အတူ ထွက်ပေါ်လာခဲ့ကြပြီး၊ မီးခိုးငွေ့များ ၊ လူသားတွေရဲ့ မီးလောင်နေတဲ့ အနံ့အသက်များ ကို ရရှိနေခဲ့တယ်။

အသက်ရှင်ကျန်ရစ်သေးတဲ့ ထောင်ပေါင်းများစွာသော လူများက မီးတောက် ပင်လယ်ထဲမှာနစ်မြုပ်နေခဲ့ကြပါပြီ။မကြာခင်မှာပဲ ဒီလူတွေက အမဲရောင် အရိုးစုများ နဲ့ ပြာပုံများအဖြစ်သို့ ပြောင်းလဲသွားခဲ့ကြပါတယ်။

ဆင်စွယ်ရောင် မြို့တော်က လုံးဝကို ပျက်သုဉ်းနေခဲ့ပါပြီ။

ဒီအရာကို ကယ်တင်ခြင်းလို့ ပြောရမှာလား...

နောင်နှစ်ပေါင်းများစွာ ကြာသွားတဲ့အချိန်မှာတော့ ဒီ လောင်ကျွမ်းနေတဲ့ ကျွန်းတွေက တစ်ခုပြီး တစ်ခု အောက်ကို ပြုတ်ကျပြီး..အက်ကွဲကြောင်းကြီး တစ်ခု ဖြစ်ပေါ်လာပါလိမ့်မယ်။ကွေ့ကောက်ကျောက်တုံး ရှိနေတဲ့ ကျွန်းကတော့ နောက်ဆုံး အချိန်ကြမှ ပြုတ်ကျမှာပါ။

ဆင်စွယ်ရောင်မျှော်စင်က ပိုပိုပြီး မြင့်တက်လာတာနှင့်အမျှ ပျက်စီးနေသော မြို့တော်ရဲ့ မြင်ကွင်းကို ဆန်နီ မြင်ရဖို့ ခက်ခဲလာခဲ့ပါတယ်။ ယခုချိန်မှာတော့ သူက ပိုမိုဝေးကွာ တဲ့ နေရာတွေကိုပါ မြင်တွေ့လာခဲ့ရတယ်။မျှော်လင့်ချက်ဘုရင့်နိုင်ငံရဲ့ မြင်ကွင်းတစ်ခုလုံးက သူ့ရဲ့ မျက်စိရှေ့မှာ အထင်အရှားပါပဲ..။

အဝေးမှာရှိတဲ့ ကျွန်းတစ်ခုရဲ့ ပြတ်တောက်နေတဲ့ သံကြိုးမှာတော့ သံမဏိအလောင်းကောင်ကြီး တစ်ကောင်က တွဲလောင်းဖြစ်နေခဲ့တယ်။ကျွန်းရဲ့ အပေါ်မှာတော့ ပျက်ဆီးနေတဲ့ သဘော်ပျက်ကြီးကို မြင်တွေ့နေခဲ့ရပါတယ်။အယ်ဖီ နဲ့ ကတ်စီတို့ကလည်း ဒီကျွန်းပေါ်မှာ ရှိနေနိုင်လောက်ပေမယ့်..ဆန်နီ မြင်တွေ့နိုင်ဖို့အတွက်တော့ အတော်လေးကို ဝေးကွာနေခဲ့တယ်။

အောက်ဘက်မှာတော့ စိမ်းလန်းစိုပြေ တဲ့ ကျွန်းတွေ ၊ ခြောက်သွေ့တိတ်ဆိတ်နေတဲ့ ကျွန်းတွေအပါအဝင် ရေတွက်မရနိုင်သော ကျွန်းပေါင်းများစွာကို သူ မြင်နေခဲ့တယ်။ သစ်တောတွေ၊ ရေကန်တွေ၊ မြစ်ချောင်းတွေ နဲ့တောင်ကုန်းတွေ အပါအဝင် လူတွေနေထိုင်တဲ့ နေရာများစွာ ရှိနေခဲ့ပါတယ်။ လူသားတွေ၊ ကျွဲနွားတွေ ၊ သားရဲတွေနဲ့ အိပ်မက်ဆိုး သားရဲတွေကိုလည်း သူ မြင်တွေ့နေခဲ့ရတယ်။

ကျွန်းများကို တစ်ခုနှင့်တစ်ခု ဆက်သွယ်ပေးထားပြီး ဝေးကွာသော အရပ်အထိ သွယ်တန်းထားသည့် သံကြိုးများကိုလည်း သူ မြင်နေရသည်။

ကောင်းကင်ပေါ်ကို ကြည့်လိုက်တဲ့ အချိန်မှာတော့..မီးလောင်နေတဲ့ မြို့တော်ဆီ ဦးတည်ပျံသန်းနေကြတဲ့ သဘော်အမြောက်အမြားကို တွေ့လိုက်ရပါတယ်။ရာနဲ့ချီတဲ့ သဘော်တွေဟာ အဖြူရောင် ရွက်တိုင် ၊ အနီရောင် ရွက်တိုင်တွေနဲ့ အတူ ရှိနေခဲ့တယ်။ကျရှုံးသွားကြတဲ့ ချိန်း အရှင်သခင်တွေရဲ့ စစ်တပ်ကြီးက ရောက်ရှိလာခဲ့ပါပြီ။

ဆင်စွယ်ရောင်ကျွန်းက အပေါ်ကို ပိုမို မြင့်တက်လာတာနဲ့အမျှ ပတ်ဝန်းကျင်က ကောင်းကင်ဟာလည်း စတင်ပြောင်းလဲလာခဲ့တယ်။

အစပိုင်း အပြောင်းအလဲတွေက သိမ်မွေ့လှပပေမယ့် အပေါ်ကို ရောက်လာလေလေ..ပိုမိုထင်ရှားလေလေ ဖြစ်လာခဲ့ပါတယ်။

အောက်ဘက်ကောင်းကင်မှာတော့ ပျံသန်းနေတဲ့ ကျွန်းတွေကို ထိန်းချုပ်ပေးထားတဲ့ မမြင်ရတဲ့ စွမ်းအားတွေဟာ လှုပ်ခတ်ပြောင်းလဲနေခဲ့တယ်။ဒီကျွန်းတွေရဲ့ ဗဟိုချက်မက အပေါ်ကို မြင့်တက်သွားတာနဲ့ အမျှ ဒီကျွန်းတွေကလည်း လွှမ်းမိုးခြင်း ခံခဲ့ကြရပါတယ်။ဒီကြီးမားတဲ့ နယ်မြေ အဝန်းအဝိုင်းကြီးက ဟန်ချက်ညီမူကို ဆုံးရှုံးနေခဲ့သလိုပါပဲ။

ဘာတွေဖြစ်နေလဲ ဆိုတာကို ရိပ်မိလိုက်တာကြောင့် ဆန်နီ တုန်လှုပ်သွားခဲ့တယ်။

ဖိနိပ်ခြင်း...ဖိနိပ်ခြင်း စွမ်းအားက ချိန်းကျွန်းစုတွေဆီကို ပထမဆုံး အကြိမ် ကျရောက်လာခဲ့ပါပြီ..။

သူ ကြည့်နေတုန်းမှာပဲ..ဒီစွမ်းအားတွေဟာ..မျှော်လင့်ချက်နိုင်ငံတော် အပေါ်ကို ရက်စက်ကြမ်းကြုတ် တဲ့ အရှိန်အဝါတွေနဲ့ ဆင်းသက်လာပါတော့တယ်..။

များစွာသော ကျွန်းတွေပေါ်က ဖုန်မှုန့်တွေဟာ ကောင်းကင်ပေါ်ကို ရုတ်တရက် လွင့်ပျံသွားခဲ့ကြတယ်။ ရှေးဟောင်းသစ်တောကြီးတွေက တစ်ခဏချင်း ပြားကပ်သွားခဲ့ပြီး မြင့်မားတဲ့ တောင်ကုန်းတွေက ကျိုးပျက်သွားကြကာ မြစ်ရေတွေက ဆူပွက်ပြီး လမ်းကြောင်း ပြောင်းလဲသွားခဲ့ကြပါတယ်။ လူနေထိုင်ကြတဲ့ နေရာတွေကလည်း အပျက်အစီးတွေအဖြစ်သို့ ပြောင်းလဲသွားခဲ့ကြတယ်။

မရေမတွက်နိုင်တဲ့ လူသားတွေ၊ သားရဲတွေနဲ့ အိပ်မက်ဆိုး သားရဲ များကလည သူတို့ကို ဘယ်အရာက သတ်ဖြတ်သွားခဲ့သည်ကိုပင် မသိလိုက်ပဲ ရက်စက်စွာ အသတ်ခံလိုက်ကြရပါတယ်..။

ပျံသန်းနေတဲ့ သင်္ဘောတွေဟာ အဆိုးရွားဆုံး ထိခိုက်ပျက်ဆီးသွားခဲ့ပြီး ခနချင်းအတွင်းမှာပဲ ပျက်ဆီးနေတဲ့ အပိုင်းအစတွေ အဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ အင်အားကြီးမားတဲ့ စစ်တပ်ကြီးက စက္ကန့်ပိုင်းအတွင်းမှာပဲ ပျောက်ကွယ်သွားခဲ့တာပါ..။

ဒီလို ပျက်ဆီးသွားတဲ့ ပမာဏက နားလည်ရခက်လောက်အောင် ကြီးမားလွန်းလှပါတယ်..။

မျှော်လင့်ချက်ရဲ့ နိုင်ငံတော်ဟာ..ချိန်းကျွန်းစုအဖြစ် ပြောင်းလဲသွားတာကို ဆန်နီ စောင့်ကြည့်နေခဲ့တယ်..။ဒီမြင်ကွင်းက မယုံနိုင်စရာကောင်းလောက်အောင် ထိပ်လန့်ဖွယ်ကောင်းနေတာကြောင့် သူ အံ့ဩမှင်သက်နေမိပါတယ်..။အဲ့အချိန်လေးအတွင်းမှာ သူ့ ဦးနှောက်ထဲက အတွေးတွေက ပျောက်ကွယ်သွားခဲ့သလိုပါပဲ..။

ယင်းနောက် သူ့ မျက်လုံးတွေ ပြူးကျယ်သွားခဲ့တယ်..။

'ကတ်စီ... အယ်ဖီ...'

သူ တစ်ခနလောက် ကြောက်ရွံ့သွားခဲ့ပေမယ့်..သူ့ရဲ့ နှလုံးသားက ဖြည်းဖြည်းချင်း ပြန်လည်တည်ငြိမ်သွားခဲ့တယ်..။

မဟုတ်ဘူး..သူ တို့ အဆင်ပြေလိမ့်မယ်..။

အရင်တုန်းကဆိုရင်..ကတ်စီက ကျွန်းတွေပေါ်ကို ဖိနိုပ်မူ ကျရောက်လာတော့မယ် ဆိုတာ ကြိုပြီးသိလေ့ရှိပါတယ်..။တကယ်လို့ အန္တရာယ်တစ်ခုခု ကျရောက်လာတော့မယ်ဆိုရင်..တစ်နေရာရာ ရွေ့ပြောင်းဖို့အတွက် သူမက အယ်ဖီကို သတိပေးနိုင်မှာပါ..။

ဆန်နီ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်တယ်။ သို့ပေမယ့် သူ့ရဲ့ မှင်သက်နေမှု ပျောက်ကွယ်သွားတာနဲ့ နောက်ထပ်အတွေးတစ်ခုက သူ့ စိတ်ထဲသို့ ထပ်မံဝင်ရောက်လာခဲ့ပြန်ပါတယ်..။

သူက ကျွန်းရဲ့ အစွန်းကနေ နောက်ပြန်လှည့်လိုက်ပြီး..ကျွန်းရဲ့ အလယ်ဘက်ကို ပြေးသွားလိုက်တယ်..။

သူက သေဆုံးနေတဲ့ နဂါးကြီးအနားကို အလျင်အမြန် ချည်းကပ်သွားခဲ့ပြီး..သားရဲကြီးရဲ့ ဦးခေါင်းပေါ်ကနေ ကျော်တက်ကာ..ဆင်စွယ်ရောင် မျှော်စင်ရဲ့ တံခါးဝ အနီးကို ခုန်ချလိုက်တယ်..။

ရှေးဟောင်းတံခါးကြီးဟာ နှစ်ပေါင်းထောင်နဲ့ချီကြာအောင် ဘယ်သူမှ မဖွင့်ထားခဲ့သလိုမျိုး..ပိတ်နေခဲ့ပါတယ်..။ဆန်နီဟာ အံကိုကြိတ်ထားရင်း.အရိပ်တွေရဲ့ ခွန်အားအကုန်ကို သုံးပြီး တံခါးကြီးကို ဆွဲဖွင့်လိုက်တယ်..။

မျှော်လင့်ချက်…သူ မျှော်လင့်ချက်ကို တွေ့အောင် ရှာရမှာပါ..။

သက်ရောက်လာတဲ့ ဖိအားကြောင့် တံခါးကြီးတွေဟာ ဖြည်းဖြည်းချင်း ရွေ့လျားသွားခဲ့ကြတယ်..။တံခါးရဲ့ တစ်ဖက်မှာတော့..ရှေ့ကိုဆက်သွားရမယ့် လမ်းကြောင်းတစ်ခုက ဖြည်းဖြည်းချင်းပေါ်လာခဲ့တယ်..။

ဆန်နီဟာ အချိန်ထပ်ဆွဲမနေတော့ပဲ..လမ်းအတိုင်းဆက်လျောက်ရင်း မျှော်စင်အတွင်းထဲကို ဝင်သွားလိုက်ပါတယ်..။

မကြာခင်မှာပဲ..မြင့်မားတဲ့ ပြတင်းပေါက်တွေကနေ အလင်းရောင်ကျဆင်းနေတဲ့ ခန်းမကြီးတစ်ခုကို ရင်းနှီးစွာ တွေ့မြင်လိုက်ရတယ်..။အဖြူရောင် ကြမ်းပြင်ပေါ်မှာတော့..သံကြိုးခုနှစ်ချောင်းက မြေကြီးပေါ်ကနေထွက်ပေါ်လာသလို ရှိနေခဲ့ပြီး..သူ့ရဲ့ အစွန်းဖက် ခြေကျင်းတွေကတော့ ပြတ်တောက်နေခဲ့ကြပါတယ်..။ခြေကျင်းတွေဟာ..ညို့မှိုင်းနေခဲ့ပြီး..သံမဏိတွေက ကြေမွနေခဲ့တယ်..။

ပြတ်တောက်နေတဲ့ ခြေကျင်းတွေမှာ လတ်ဆတ်တဲ့သွေးတွေ ရှိနေခဲ့ပြီး..ဒီသွေးစက်တွေက…ရွှေရောင်တဖိတ်ဖိတ်တောက်ပနေခဲ့တယ်..။

ပြီးတော့ ဒီသွေးတွေ ကြားထဲမှာက..

ဆန်နီ ယိမ်းယိုင်သွားခဲ့ပြီး..ဒူးထောက်လျက်သားကျသွားခဲ့ပါတယ်..။

သူ့ရဲ့ နှလုံးသားထဲမှာ ကိန်းအောင်းနေခဲ့ကြတဲ့..စိတ်အားထက်သန်မူတွေ ၊ အလိုဆန္ဒတွေ နဲ့ စိတ်ခံစားချက်တွေဟာ..ရုတ်တရက် အပြင်ကို ထွက်ပေါ်လာခဲ့ကြပြီး..ထိန်းချုပ်လို့ မရနိုင်အောင် ဖြစ်လာခဲ့တယ်..။

ခန်းမကြီးရဲ့ အလယ်က ပြတ်တောက်နေတဲ့ သံကြိုးတွေရဲ့ အထက်မှာတော့..ဝေဝါးလှပတဲ့ ပုံရိပ်တစ်ခု ရှိနေခဲ့ပါတယ်..။ဒီပုံရိပ်ကို အလင်းနဲ့ အမှောင် ရောယှက်နေတဲ့ လေပြင်းတစ်ခု ဝန်းရံထားခဲ့တယ်..။အလင်းရောင်က ဘယ်နေရာမှာ အဆုံးသတ်သွားပြီး..သူမရဲ့ နတ်ဘုရားခန္တာကိုယ်က ဘယ်နေရာကနေ စတင်နေသလဲ ဆိုတာကို သေချာ မပြောနိုင်ခဲ့ပါဘူး..။မျှော်လင့်ချက်မှာ..အမှန်တကယ် ခန္တာကိုယ်ဆိုတာ ရှိမနေပဲ..စင်ကြယ်တဲ့ အလင်းတန်းတွေ ၊ သန့်စင်တဲ့ အမှောင်ထုတွေနဲ့သာ ဖွဲ့စည်းထားတာတောင် ဖြစ်နေနိုင်ပါတယ်..။

သူမရဲ့ ဝေဝါးနေတဲ့ မျက်နှာသွင်ပြင်ဟာ လူသားတစ်ယောက်နဲ့ ဆင်တူပေမယ့်..ဖော်ပြ၍မရနိုင်လောက်အောင် ထူးဆန်းမူတွေရှိနေတယ်လို့ သူ ခံစားနေရပါတယ်။သူ့ရဲ့ ပုံသဏ္ဌာန် နဲ့ အဆောင်အယောင်တွေဟာ..မှန်သလိုလို …မှားယွင်းနေသလိုလို ၊ ရင်းနှီးနေသလိုလို ..တစိမ်းဆန်နေသလိုလို နဲ့ အတိအကျ မပြောနိုင်ပါဘူး..။တစ်ချိန်တည်းမှာပဲ..သူမရဲ့ ပုံရိပ်က နှစ်သက်ဖွယ်ကောင်းတယ်လို့ ထင်ရပေမယ့်..စက်ဆုပ်ဖွယ်လည်း ကောင်းနေပြန်ပါတယ်..။

ပြီးတော့…လှပတယ်….အရမ်းကို လှပလွန်းတယ်..။

သူမက ဆန်နီ မြင်ခဲ့ဖူးသမျှထဲမှာ အလှပဆုံး..။

သူမက သူမြင်ခဲ့ဖူးသမျှထဲမှာ ကြောက်စရာ အကောင်းဆုံး..။

သူမက..

နတ်ဘုရား ၊ မစင်ကြယ်ခြင်း ၊ အမည်မသိ ၊ မသိနိုင်တဲ့အရာ…။

..ဒဲလ်မွန်တစ်ပါ…။

ပြီးတော့..သူမက ထွက်ခွာသွားပါတော့မယ်..။

ဆန်နီဟာ သေချာမမြင်ရပေမယ့်လည်း မျှော်လင့်ချက်က ထွက်သွားဖို့ အဆင်သင့်ဖြစ်နေပြီ ဆိုတာကိုတော့..ရှင်းရှင်းလင်းလင်း နားလည်လိုက်ပါတယ်..။ဖြစ်နိုင်တာက သူမက တစ်ဝက်ခန့်ပျောက်ကွယ်နေခဲ့ပြီဖြစ်ပြီး..သူအခုမြင်တွေ့နေရတာက သူမရဲ့ ပုံရိပ်ယောင်ပါပဲ..။

ဒါပေမဲ့..သူ လုပ်ရဦးမယ်…သူ လုပ်ရမယ်…

သူ့ရဲ့ စိတ်တွေက ပျံ့ကြဲနေခဲ့ပြီး သူဘာလုပ်ချင်တာလဲ ဆိုတာကိုတောင် သေချာ မသိတော့ပေ..။

သူ ဘာကို အလိုရှိတာလဲ..

ဆန်နီ အံကြိတ်ထားခဲ့ရင်း သူရဲ့ အလိုဆန္ဒအတိုင်း အော်ဟစ်မေးမြန်းလိုက်တယ်..။

“ခနလေး..မသွားနဲ့ဦး..။အလင်း..အလင်းအရှင်သခင်က ဘာလို့ ဒီလိုတွေလုပ်ခဲ့တာလဲ ဆိုတာ ကျွန်တော်ကို ပြောခဲ့ပါဦး..။ဘာလို့ နတ်ဘုရားတွေက အရှင်မကို အကျဉ်းချထားခဲ့တာလဲ..။သူတို့က ဘာလို့ ဒီတိုင် မသတ်ပစ်ခဲ့တာလဲ..။ဘာလို့လဲ…”

အလိုဆန္ဒ နတ်ဆိုးက ..သူ့ကို လုံးဝ အာရုံမစိုက်ခဲ့ပေ..။အဲ့အခိုက်အတန့်မှာတော့ ဆန်နီဟာ သူ လိုချင်တဲ့ အဖြေကို မရတော့ဘူးလို့ ထင်လိုက်မိပါတယ်..။

သို့ပေမယ့် တစ်ခုခုက ပြောင်းလဲသွားခဲ့တယ်..။

မျှော်လင့်ချက်က ရုတ်တရက် ရွေ့လျားသွားခဲ့ပြီး သူ့ရဲ့ ဘေးနားကို ရောက်လာခဲ့ပါတယ်..။အလင်း ၊ အမှောင်တွေနဲ့ ဖန်တီးထားခဲ့တဲ့ သူမရဲ့ ချောမောတဲ့ မျက်နှာက ကမ္ဘာလောက တစ်ခုလုံးကို လွှမ်းခြုံနေတဲ့အလား ထင်မှတ်နေခဲ့ရတယ်..။သူမရဲ့ တောက်ပတဲ့ မျက်လုံးတွေက..သူ့ဝိဉာဉ်ထဲက အနက်ရှိုင်းဆုံးအပိုင်းကို ထိုးဖောက်ကြည့်ရူနေသလိုပါပဲ..။

ယင်းနောက်..မရေမတွက်နိုင်တဲ့ သစ်ရွက်တွေ လှုပ်ခတ်သွားသလို ၊ များပြားလှတဲ့ ဆုတောင်းသံတွေလို..၊ ကြယ်တာရာတွေကြားထဲမှာ တိုက်ခတ်နေတဲ့ လေပြေလေညှင်းလေးလို အသံတစ်ခုက..သူ့နားထဲကို တီးတိုး ဝင်ရောက်လာခဲ့ပါတယ်..။

“..ဘာလို့လဲ ဆိုတော့..ငါတို့တွေက သူတို့ရဲ့ အားနည်းချက် ဖြစ်နေလို့ပဲ..”

ဆန်နီရဲ့ မျက်လုံးတွေဟာ ပြူးကျယ်သွားခဲ့တယ်..။

ယင်းနောက် အရာအားလုံးက အမှောင်အတိကျသွားခဲ့ပါတယ်..။

…အိပ်မက်ဆိုးက ပြီးဆုံးသွားခဲ့ပါပြီ…။

အပိုင်း ( ၇၄၂ ) ပြီး၏။

အပိုင်း ( ၇၄၃ ) အကဲဖြတ်ခြင်း

[ သင်ရဲ့ အိပ်မက်ဆိုး ပြီးဆုံးသွားပါပြီ။ ]

[ အကဲဖြတ်ရန် ပြင်ဆင်ပါ... ]

နောက်ထပ်တစ်ကြိမ် ဆိုသလိုပဲ.. ဆန်နီဟာ အိပ်မက်နှင့် လက်တွေ့ကြားက ဟင်းလင်းပြင်ထဲကို ရောက်ရှိလာခဲ့ပြန်ပါပြီ။ အဆုံးမဲ့တဲ့ အမှောင်ထုကြီးထဲမှာတော့ ကြယ်တာရာပေါင်းများစွာက တောက်ပနေကြပြီး ငွေရောင်အလင်းတန်းများစွာက သူတို့ကို တစ်ခုနဲ့တစ်ခု ချိတ်ဆက်ပေးထားကာ လှပဆန်းကြယ်တဲ့ ပုံစံတစ်ခုကို ဖော်ဆောင်နေခဲ့ကြပါတယ်။

ယခုချိန်မှာ သူက မှော်ပညာရပ်အပေါ် အခြေခံနားလည်မှုအချို့ ရှိနေပြီဖြစ်တာကြောင့် ဆန်နီဟာ ဒီပုံစံကို အရင်ကနဲ့မတူဘဲ ကွဲပြားစွာ မြင်တွေ့လိုက်ရတယ်။ သူ့ရဲ့ မသေချာတဲ့ သံသယတွေက ပိုမိုခိုင်မာလာခဲ့ပြီး နောက်ဆုံးမှာတော့ သေချာရေရာတဲ့ အသိတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပါပြီ။

ဒါက အခိုက်အတန့်ရဲ့ အတွင်းပိုင်း မြင့်မြတ်နေရာပဲ ဖြစ်ရမယ်။ တကယ်လို့ အခိုက်အတန့် ကို ဝီဗာ က ဖန်တီးခဲ့တာဆိုရင်... အခုသူ မြင်တွေ့နေရတဲ့အရာဟာ ဝီဗာရဲ့ ရက်လုပ်မှုတွေပဲ ဖြစ်ပါလိမ့်မယ်။

များပြားလှတဲ့ ကြယ်တာရာတွေက စွမ်းအင်ဗဟိုချက်တွေဖြစ်ပြီး အလင်းတန်းတွေကတော့ သူကိုယ်တိုင် ဖန်တီးနိုင်တဲ့ အဆီအနှစ်အမျှင်တန်း တွေနဲ့ မတူညီကြပါဘူး။

...အဲဒီအစား အခိုက်အတန့် ကိုယ်တိုင်က ဒီ ကံတရားကြိုးမျှင်တွေကို ရက်လုပ်ထားတာပဲ ဖြစ်နိုင်ပါတယ်။

ဒီအမှန်တရားကို သိရှိသွားတဲ့အချိန်မှာတော့ ဆန်နီ တုန်လှုပ်သွားခဲ့တယ်။ သူ့ပတ်ဝန်းကျင်က ငွေရောင်အလင်းတန်းတွေနဲ့ ကြယ်တာရာတွေရဲ့ ကျယ်ပြန့်လွန်းလှတဲ့ အတိုင်းအတာက နားလည်ရခက်ခဲလွန်းလှပါတယ်။ အခုတော့ ဒီအရာရဲ့ ဖြစ်တည်မှုအစစ်အမှန်ကို သူရိပ်မိသွားခဲ့ပြီ ဖြစ်တာကြောင့်..သူ့အနေနဲ့ ပိုလို့တောင် စဉ်းစားလို့ မရ ဖြစ်သွားခဲ့ရတယ်။

ဟုတ်တယ်... ဝီဗာ ကို ကံတရား နတ်ဆိုး လို့ ခေါ်ခဲ့ကြပါတယ်။သို့ပေမဲ့ ကံတရား ရဲ့ အနှစ်သာရကို အသုံးပြုပြီး ဒီလောက်ကြီးမားတဲ့ မှော်စွမ်းအားတွေကို ဖန်တီးခဲ့တယ်ဆိုတာကတော့... အမည်မသိ ရဲ့ ပထမဆုံးသားတော် အတွက်တောင် အံ့ဩစရာ ကောင်းလွန်းလှပါတယ်။

ဒဲလ်မွန် တစ်ပါး အတွက်တောင်မှပေါ့...။

ဆန်နီ တစ်ကိုယ်လုံး အေးစိမ့်ပြီး ထပ်မံတုန်ရီသွားခဲ့ပြန်တယ်။

“ငါတို့က သူတို့ရဲ့ အားနည်းချက် ဖြစ်နေလို့ပဲ...။သူမက ဘာကို ဆိုလိုချင်တာလဲ...”

မျှော်လင့်ချက် ရဲ့ အဖြေက သူ့ကို အမြုတေအထိ လှုပ်ခတ်သွားစေခဲ့ပါတယ်။ အဲ့ဒီစကားရဲ့ နောက်ကွယ်က အဓိပ္ပာယ်တွေက...မစဉ်းစားရဲလောက်အောင်ပါပဲ။ သူမ ဘာကို ဆိုလိုလဲဆိုတာ သူ အပြည့်အဝ နားမလည်သေးပေမဲ့ ကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ အမှန်တရားတစ်ခုရဲ့ အဖြေနားမှာ သူရောက်နေပြီဆိုတာကိုတော့ ခံစားနေရပါတယ်။

ဒါပေမဲ့ ဆန်နီဟာ ဒီအမှန်တရားကို ဆုပ်ကိုင်နိုင်ဖို့အတွက် အဝေးကြီး လိုနေပါသေးတယ်။

ဒဲလ်မွန်တွေဆိုတာက နတ်ဘုရားတွေ စွန့်ထုတ်လိုက်တဲ့ အားနည်းချက်တွေကနေ ဖြစ်တည်လာကြတာ ဖြစ်နိုင်မလား။ဒီလို ပုံစံနဲ့ နတ်ဘုရားတွေက အားနည်းချက်မရှိတဲ့ သူတွေ ဖြစ်လာခဲ့တာလား။ ဒါမှမဟုတ် ဒဲလ်မွန်တွေ မပေါ်ခင်ကတည်းက နတ်ဘုရားတွေက အားနည်းချက် မရှိတဲ့ လူတွေ ဖြစ်ခဲ့ကြတာလား..။

ဒါတွေက လုံးဝကို အဓိပ္ပာယ်မရှိပါဘူး။ဒဲလ်မွန်တွေရဲ့ မျိုးရိုးဖြစ်တဲ့ အမည်မသိ တွေ ကရော ဒီထဲမှာ ဘယ်လိုမျိုး ပါဝင်ပတ်သက်နေတာလဲ။ အမည်မသိ ဆိုတာက ဘယ်သူလဲ ၊ ဘာလဲ ဆိုတာအတွက် သဲလွန်စတစ်ခုခု ရှိနေမလား...။

ခါတိုင်းလိုပဲ... မေးခွန်းတွေက များပြားလွန်းလှပြီး အဖြေကတော့ ရှိမနေခဲ့ပါဘူး..။

သေချာတာတစ်ခုကတော့ နတ်ဘုရားတွေနဲ့ နတ်ဆိုးတွေရဲ့ ဆက်နွယ်မှုဟာ သူထင်ထားတာထက် ပိုပြီး ရှုပ်ထွေးနေတယ်ဆိုတာပါပဲ။

“တကယ်ကို စိတ်ပျက်ဖို့ကောင်းတာပဲ...”

ဆန်နီဟာ ထူးခြားတဲ့ လျှို့ဝှက်ချက်တစ်ခုကို သိလိုက်ရပေမဲ့ အဲ့ဒါကို နားလည်ဖို့ နည်းလမ်းမရှိပါဘူး။ သူ ဟင်းလင်းပြင်ကို ခဏလောက် ငေးကြည့်နေပြီးမှ သက်ပြင်းချလိုက်တယ်။

“ထားလိုက်တော့... ဘာပဲဖြစ်ဖြစ် ငါက နတ်ဘုရားတွေရဲ့ လျှို့ဝှက်ချက်တွေကို စိတ်ဝင်စားဖို့အတွက် အရမ်းကို သေးငယ်ပြီး အားနည်းလွန်းနေသေးတယ်..”

...သူက အရင်တုန်းကလောက်တော့ မသေးငယ်တော့သလို အားလည်း မနည်းတော့ပါဘူး။

သူက မာစတာ တစ်ယောက် ဖြစ်လာတော့မှာပါ..။

သူ့ရဲ့ အတွေးတွေကို အဖြေပေးလိုက်သလိုမျိုး အခိုက်အတန့်က နောက်ဆုံးမှာ စကားပြောလာခဲ့တယ်။

[ နိုးထသူ! သင့်ရဲ့ စမ်းသပ်မှု ပြီးဆုံးပါပြီ။ ]

အမှောင်ထုထဲမှာတော့ အခိုက်အတန့်ရဲ့ အသံက ဟိန်းထွက်နေခဲ့တယ်။

[ အထီးကျန်တဲ့ အရိပ်တစ်ခုဟာ ပျက်စီးနေတဲ့ အိပ်မက်နယ်မြေ ဆီကို ရောက်ရှိလာခဲ့တယ်။ ဒီ အရိပ်ဟာ ဖမ်းဆီးခံရပြီး လှောင်အိမ်ထဲ ထည့်သွင်း ခံခဲ့ရပေမဲ့ သူ့ရဲ့ ကိုယ်ပိုင်ဝိဥာဉ်ကနေ မှော်စွမ်းအားတွေကို ရက်လုပ်ပြီး လွတ်မြောက်ခဲ့တယ်။ အရိပ်ဟာ သူ့ရဲ့လည်ပင်းက ကျွန်လည်ပတ်ကို ဖယ်ရှားဖို့ သူ့ခေါင်းကိုသူ ဖြတ်တောက်ခဲ့ပြီး လွတ်လပ်မှုရဖို့ သူ့ရဲ့နှလုံးသားကို စွန့်လွှတ်ခဲ့တယ်။

အဆောက်အဦးကို ကို ချန်ထားရစ်ပြီးနောက် အရိပ်ဟာ အဝေးကို ခရီးနှင်ခဲ့ပြီး ထောင်ချောက်ထဲမှာ ပိတ်မိနေခဲ့တယ်။ သူဟာ ကြောက်မက်ဖွယ်ကောင်းတဲ့ အိပ်မက်ဆိုးထဲမှာ ဘဝပေါင်း ရာနဲံချီ နေထိုင်ခဲ့ပြီး သေဆုံးခြင်းပေါင်း ရာချီ ကြုံတွေ့ခဲ့ရကာ သူက ဘာလဲ ၊ ဘယ်ကလာသလဲ ဆိုတာကိုပါ မေ့လျော့ခဲ့တယ်။ ဒါပေမဲ့ အရိပ်ဟာ ကျိုးပျက်သွားခြင်း မရှိခဲ့ဘူး..။ဒါကြောင့် အိပ်မက်ဆိုးကသာ ကျိုးပျက်သွားခဲ့ရတယ်။

ထပ်မံ လွတ်လပ်သွားတဲ့အခါမှာတော့ အရိပ်ဟာ ရူးသွပ်နေတဲ့ မှော်ဆရာတစ်ယောက် ၊ ရိုင်းစိုင်းတဲ့ ကလေးငယ်တစ်ယောက် ၊ မသန်စွမ်းတဲ့ လေးသမားတစ်ယောက် အပြင် ၊မျက်မမြင် နတ်ဆရာမ တစ်ယောက်တို့နဲ့ သူငယ်ချင်း ဖြစ်လာခဲ့တယ်။ သူတို့တွေ အတူတကွ ပူးပေါင်းပြီး အင်မော်တယ် အရှင်သခင်တွေရဲ့ သေဆုံးခြင်းလက်နက် တွေကို စုဆောင်းခဲ့ကြကာ မြင့်မြတ်တဲ့ မြို့တော်ကြီးကို စစ်ကြေညာခဲ့ကြတယ်။

အရှင်သခင်တွေ အသတ်ခံခဲ့ရပြီး မြို့တော်ကြီးလည်း ပျက်စီးသွားခဲ့ပြီ။

အရိပ်ဟာ မျှော်လင့်ချက် ရဲ့ သံကြိုးတွေကို ဖြတ်တောက်ခဲ့ပြီး အလိုဆန္ဒကို လွတ်မြောက်စေခဲ့တယ် ]

[ သင်သည် နိုးထသူ တစ်ယောက်ကို သတ်ဖြတ်ခဲ့သည်... ]

အခိုက်အတန့် က အိပ်မက်ဆိုးအတွင်းမှာ သူသတ်ဖြတ်ခဲ့သမျှ အရာအားလုံးရဲ့ စာရင်းစတင်ရွတ်ဆိုပါတော့တယ်။ ဆန်နီဟာ အမှောင်ထုထဲမှာ အချိန်တွေက ထူးဆန်းစွာ ကုန်ဆုံးနေသလို ခံစားနေခဲ့ရတယ်..။ အကဲဖြတ်မှုရဲ့ ဒီအပိုင်းကို အပြီးသတ်ဖို့က သိပ်မကြာလိုက်ပါဘူး။

အမှန်တော့ စာရင်းက အတော်လေး ရှည်လျားလှခဲ့တယ်..။ ပြီးခဲ့တဲ့ ငါးလအတွင်းမှာ ဆန်နီ တကယ်ကို အလုပ်များခဲ့တာပါ။ သူ အရေအတွက်ကို မမှတ်မိတော့ပေမဲ့ သူသတ်ခဲ့တဲ့ ရန်သူတွေဟာ တစ်ထောင်နဲ့ နှစ်ထောင်ကြားမှာ ရှိနေတာတော့ အမှန်ပါပဲ။ အနီရောင် အဆောက်အဦး တစ်ခုတည်းမှာတင် သူက ရန်သူပေါင်း တစ်ထောင်ကို သတ်ခဲ့တာပါ။

နာမည်တွေထဲမှာ အချို့ကတော့ ထင်ရှားနေခဲ့တယ်။

အနီရောင် ဘုန်းတော်ကြီး ၊ အိပ်မက်ဆိုး ၊ စစ်ပွဲမိန်းမပျို သုံးယောက် ၊ ပျံသန်းနေတဲ့ စစ်သင်္ဘောအုပ်စုက အရာရှိအချို့ နဲ့ ဆိုဗန် ကိုယ်တိုင်ပါပဲ..။ ဒါတွေက သူ့ရဲ့ စွမ်းဆောင်မှုတွေပါ။အခိုက်အတန့် ကလည်း သူ့ကို ချီးကျူးစကားတွေ အမှန်အကန် ပြောနေခဲ့ပါတယ်။

ဒါပေါ့... သူ့အတွက် အန္တရာယ်အရှိဆုံး တိုက်ပွဲကတော့ မော်ဒရက် နဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ဉာဏ်ရည်တိုက်ပွဲပါပဲ။

ခနအကြာမှာတော့ အခိုက်အတန့်က ဆုံးဖြတ်ချက်ချဖို့ အသင့်ဖြစ်နေပါပြီ။

[ ...သင်သည် နတ်ဘုရားတစ်ပါး ချည်နှောင်ထားသော ဒဲလ်မွန် တစ်ပါးကို လွတ်မြောက်စေခဲ့သည်။ ]

[ သင်၏ အောင်မြင်မှုများက မှတ်သားလောက်စရာ ဖြစ်သည်! ]

[ နောက်ဆုံး အကဲဖြတ်ချက် - ထူးချွန် အဆင့် ]

ဒီလို ပြောပြီးတဲ့နောက်မှာတော့ အခိုက်အတန့်ရဲ့ အသံက တိတ်ဆိတ်သွားခဲ့ပါတယ်။

ဆန်နီ ခဏလောက် မှင်သက်နေပြီးမှ မျက်မှောင်ကြုတ်လိုက်တယ်။

“နေဦး... ဘယ်လိုဖြစ်တာလဲ....”

ထူးချွန် အဆင့် တဲ့လား။ ထူးချွန် ရုံပဲလား။

“အခိုက်အတန့်က ဘာဖြစ်တာလဲ!”

သူက အကဲဖြတ်ပြီးနောက်မှာ မှတ်ချက်တစ်ခုတောင် မပေးခဲ့ပါဘူး။ ဆန်နီအနေနဲ့ ကျဆုံးမူ အဆင့် သားရဲတွေနဲ့ မာစတာ တွေ အပါအဝင် ရာနဲ့ချီတဲ့ နိုးထသူ တွေ ၊အိပ်မက်ဆိုး သားရဲတွေကို သတ်ခဲ့တာပါ။! သူဟာ သူတော်စင် တစ်ပါးကိုတောင် သတ်ခဲ့ပါသေးတယ်..။

သူဟာ စစ်မှန်တဲ့ မှော်ပညာကို သင်ယူခဲ့တယ် ၊ စစ်တပ်တစ်ခုလုံးကို တိုက်ခိုက်အနိုင်ယူခဲ့တယ် ၊ အင်မော်တယ် အရှင်သခင် အတော်များများကို သေစေခဲ့တယ် ၊ ပြီးတော့ နတ်ဘုရားရဲ့ အလိုဆန္ဒကို ဆန့်ကျင်ပြီး ဒဲလ်မွန် တစ်ပါးကို လွတ်မြောက်စေခဲ့တယ်။ သူက ခေါင်း ဖြတ်ခံခဲ့ရပြီး နှလုံးသားကို နှုတ်ယူခံခဲ့ရတဲ့ အချိန်မှာတောင် အသက်ရှင်သန်နိုင်ခဲ့တဲ့ သူပါ..။ဒါတွေက ပိုကောင်းတဲ့ အဆင့်တစ်ခုရဖို့ မလုံလောက်သေးဘူးလား။

သို့ပေမယ့် ဒါက အရေးမကြီးပေ..။ ပထမအိပ်မက်ဆိုးနဲ့ မတူတာက ဒုတိယအိပ်မက်ဆိုးမှာ နောက်ထပ် ဆုလာဘ်တွေ ပါမလာခဲ့ပါဘူး။ ဆန်နီမှာ အစစ်အမှန်နာမည် နဲ့ စွမ်းရည်အမွေအနှစ် တွေကတော့ ရှိနေပြီးသားပါပဲ..။ သူ ရရှိမှာက အဆင့်တက်ခြင်း တစ်ခုတည်းဖြစ်ပြီး ဒါကလည်း သူအမှန်တကယ် လိုချင်တဲ့ တစ်ခုတည်းသော ဆုလာဘ်ပါပဲ။

ဒါပေမဲ့လည်း...

ဘာလို့ ပထမအိပ်မက်ဆိုးတုန်းက ကြီးကျယ်ခမ်းနားခြင်း အဆင့်လို့ အကဲဖြတ်ခံရပြီး ဒုတိယအိပ်မက်ဆိုးမှာ ကြတော့ ထူးချွန် အဆင့်ပဲ ပေးခဲ့တာလဲ။ အောင်မြင်မှု နှစ်ခုလုံးက မဖြစ်နိုင်လောက်အောင် ခက်ခဲ ခဲ့တာချင်း တူပေမဲ့ အခုတစ်ကြိမ်က ပိုပြီးတော့တောင် အထင်ကြီးစရာ ကောင်းနေပါသေးတယ်..။

ရုတ်တရက် သူ့ခေါင်းထဲကို အတွေးတစ်ခု ဝင်လာခဲ့တယ်။

ဆန်နီ့ မျက်လုံးတွေ ပြူးကျယ်သွားခဲ့ပါပြီ..။

“ဒါ... ဒါက အမှန်ပဲလား...”

တကယ်လို့ အဲ့ဒါသာ အမှန်ဆိုရင်...

သူ့နှလုံးသားဟာ ရုတ်တရက် မြန်ဆန် လာခဲ့တယ်။

သူ့ရဲ့ အိပ်မက်ဆိုး နှစ်ခု ကြားမှာ ကွာခြားတဲ့ လုပ်ဆောင်ချက်တွေက ဘာတွေဖြစ်မလဲ။

ဟုတ်တယ်... မျှော်လင့်ချက် ဘုရင့်နိုင်ငံထဲမှာ သူလုပ်ခဲ့တာတွေက အံ့ဩစရာကောင်းပြီး မဖြစ်နိုင်လောက်အောင် ခက်ခဲပါတယ်..။ ဒါပေမဲ့ အဲ့ဒါတွေ အားလုံးနီးပါးက အတိတ်က ဖြစ်ရပ်တွေကိုပဲ ပြန်လည်လုပ်ဆောင်ခဲ့ရတာပါ။ သူတို့တွေ အားလုံးက ကံကြမ္မာရဲ့ စီးဆင်းမှုအတိုင်းပဲ လိုက်ပါခဲ့ကြပါတယ်...။

ချားလစ် ဘုရားကျောင်း ပျက်စီးခဲ့တယ် ၊ နေမင်းသားက လက်တစ်ဖက် ဆုံးရှုံးပြီး ရင်ဘတ်ဟက်တက်ပွင့်ကာ သင်္ဘောပျက်ကျွန်းမှာ တွဲလောင်းကျနေခဲ့တယ်။ အရှင်သခင် ဆေးဗားရက် က ဆင်စွယ်ရောင်မျှော်စင်ကို နဂါးခန္ဓာကိုယ်နဲ့ ရစ်ပတ်ပြီး သေဆုံးခဲ့တယ်။

သူ ပြောင်းလဲပစ်ခဲ့တဲ့ တစ်ခုတည်းသော အရာကတော့ ဆိုးဗန်ကို နွယ်ပိုးကောင် လက်ထဲမှာ ထာဝရ နှိပ်စက်ခံစေရမယ့်အစား သတ်ပစ်လိုက်တာပါပဲ။

ဒါပေမဲ့ ပထမအိပ်မက်ဆိုးမှာတော့... တကယ့် အစေခံက ဘယ်လိုတွေ ဖြစ်ပျက်ခဲ့လဲဆိုတာကို ဆန်နီမသိခဲ့ပေမယ့်.. သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းက အတော်လေး ကွဲပြားနေတာ ဖြစ်နိုင်ပါတယ်..။

တစ်နည်းအားဖြင့် ပြောရရင်တော့ သူဟာ ကံတရားရဲ့ စီးဆင်းမှုကို အတော်လေး ဆန့်ကျင်ပြီး အနက်ရောင်တောင်တန်းကို ဖြတ်ကျော်ကာ သူ့ရဲ့ ကိုယ်ပိုင်လမ်းကြောင်းကို ထွင်းထုနိုင်ခဲ့တာပါ။

ဒါပေမဲ့ ဒါတွေအားလုံးက ဘာကို ဆိုလိုနေ တာလဲ။

ဆန်နီ အသက်ရှူဖို့တောင် မေ့သွားခဲ့တယ်..။

...ဒါကပဲ အခိုက်အတန့် အမှန်တကယ် တန်ဖိုးထားတဲ့ အရာ ဖြစ်နေမလား။

ဒါကပဲ အခိုက်အတန့်ရဲ့ စစ်မှန်တဲ့ ရည်ရွယ်ချက် တစ်ခု လား။

ဝီဗာက ဒီအရာကို ဖန်တီးခဲ့တဲ့ ရည်ရွယ်ချက်က..

ကံကြမ္မာကို ပြောင်းလဲစေချင်လို့ မဖြစ်နိုင်ဘူးလား..

အပိုင်း ( ၇၄၃ ) ပြီး၏။

အပိုင်း ( ၇၄၄ ) အဆင့်တက်လှမ်းခြင်း

ဆန်နီဟာ သူရရှိနေတဲ့ အချက်အလက်တွေကြောင့် စိတ်လှုပ်ရှား နေခဲ့တယ်။

ပျံသန်းနေတဲ့ စစ်သင်္ဘောတွေနဲ့ တိုက်ပွဲတွေ၊ မီးလောင်နေတဲ့ မြို့တော်ကို ဖြတ်ကျော်ပြေးလွှားခဲ့ရတာတွေ၊ မော်ဒရက် နဲ့ ရင်ဆိုင်ခဲ့တာတွေကြောင့် သူဟာ အတော်လေးကို အင်အားကုန်ခမ်းနေခဲ့ပါပြီ..။

မျှော်လင့်ချက် ရဲ့ ပုံစံ အစစ်အမှန်ကို မြင်တွေ့ခဲ့ရတာနဲ့ လူသားတွေနဲ့အတူတဲ့ သူမရဲ့ သာယာဖွယ်အသံကို ကြားလိုက်ရတာက သူ့စိတ်ကို ဖိစီးစေပါတယ်..။ သူ အသစ်ရရှိထားတဲ့ မှော်စွမ်းအား အသိပညာ တွေကနေတစ်ဆင့် အခိုက်အတန့် ကို ကြည့်လိုက်ရတာကလည်း နောက်ထပ် အံ့ဩသင့်စရာတစ်ခုပါပဲ..။

ပြီးတော့ နောက်ဆုံး သိရှိလိုက်ရတဲ့ အချက်က...

ဆန်နီ ညည်းတွားလိုက်တယ်..။

'ဒါတွေ အားလုံးက ဘာကို ဆိုလိုတာလဲ'

ဒါပေါ့... သူ့ရဲ့ ခန့်မှန်းချက်က မှန်ကန်တယ်လို့ အပြည့်အဝ မပြောနိုင်ပါဘူး..။ ဒါပေမဲ့ သူ့ရဲ့ ပင်ကိုယ်သိစိတ်ကတော့ အနည်းဆုံး တစ်စိတ်တစ်ပိုင်းလောက် မှန်ကန်နေတယ်လို့ ပြောနေခဲ့တယ်... စိန်ခေါ်သူတစ်ယောက်ရဲ့ စွမ်းဆောင်ရည်ကို အကဲဖြတ်တဲ့အချိန်မှာ သူတို့ ဘယ်လောက်အထိ ကြီးကျယ်တဲ့ အောင်မြင်မှုတွေ ရခဲ့လဲဆိုတာအပေါ်မှာ မူတည်တာ မဟုတ်ဘဲ.. ကြိုတင်သတ်မှတ်ထားတဲ့ ရလဒ်ကနေ ဘယ်လောက်အထိ သွေဖည်သွားနိုင်ခဲ့လဲ ဆိုတဲ့အပေါ်မှာသာ မူတည်နေတာ ဖြစ်နိုင်ပါတယ်..။ သူတို့က ကံတရားရဲ့ စီးဆင်းမှုကို ဘယ်လောက်အထိ ဆန့်ကျင်နိုင်လဲဆိုတဲ့အပေါ်မှာ မူတည်နေပါတယ်..။

အခိုက်အတန့် က လူသားတွေအနေနဲ့ သူတို့ရဲ့ ကံတရားကို ဆန့်ကျင်တွန်းလှန်ပစ်စေချင်တာပါ..။... ဖြစ်နိုင်ရင် အဲဒီကံတရား ကြိုးမျှင်တွေကိုတောင် ဖြတ်တောက်စေချင်နေတဲ့ ပုံပါပဲ..။

ဒါပေမဲ့ ဘာလို့လဲ။ ဘာလို့ ကံတရား နတ်ဆိုး က ကံတရားကို အနိုင်ယူ ထိန်းချုပ်နိုင်တာမျိုးကို အလိုရှိနေရတာလဲ။ အဲ့ဒါကလည်း သာမန်လူသားတွေအနေနဲ့..ဒီလိုလုပ်နိုင်စေချင်နေခဲ့တာပါ..။

ပြီးတော့ ပုံရိပ်ယောင် အိပ်မက်ဆိုးတွေထဲမှာ ကံတရားကို လှည့်စားနိုင်လိုက်လို့ရော ဘာများထူးခြားသွားမှာ မို့လို့လဲ။ အိပ်မက်ဆိုးထဲမှာ ဘယ်လောက်ပဲ ပြောင်းလဲမူတွေဖြစ်အောင် လုပ်နိုင်ပါစေ.. အဲ့ဒါက အိပ်မက် ကမ္ဘာ နဲ့ နိုးထခြင်းကမ္ဘာ အပေါ်မှာ ဘယ်တော့မှ သက်ရောက်မှု ရှိလာမှာ မဟုတ်ပါဘူး..။ အဲ့ဒါတွေက လက်တွေ့ အခြေအနေဆီကို ဘယ်တော့မှ ရောက်လာနိုင်မှာ မဟုတ်ပေ..။ သူတို့က ဘယ်လို ပြောင်းလဲမှုတွေပဲ လုပ်နိုင်ခဲ့ပါစေ.. အိပ်မက်ဆိုး ပြီးဆုံးသွားတာနဲ့ အရာအားလုံးက ထာဝရ ပျောက်ကွယ်သွားမှာပါပဲ..။

ဆန်နီ သိထားသလောက်တော့ ပထမ၊ ဒုတိယနဲ့ တတိယ အိပ်မက်ဆိုးတွေထဲမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေအားလုံးက အစစ်အမှန် ကမ္ဘာပေါ်ကို သက်ရောင်နိုင်စွမ်း မရှိခဲ့ပါဘူး..။ အိပ်မက်ဆိုးတွေဆီကနေ ပြန်ပါလာတဲ့ တစ်ခုတည်းသော အရာကတော့...

နိုးထသူ တွေပါပဲ..။

သူ မျက်မှောင်ကြုတ်လိုက်မိတယ်.. ။သူ့စိတ်ထဲမှာတော့ သံသယအရိပ်အယောင်တစ်ချို့ ဝေဝါးစွာ ထွက်ပေါ်လာခဲ့ပါတယ်..။ သို့ပေမဲ့ သူ ဒါကို မဖမ်းဆုပ်နိုင်ခင်မှာပဲ အခိုက်အတန့်ရဲ့ အသံက ထပ်မံထွက်လာခဲ့တယ်.။ ဒီအသံက အမှောင်ထုထဲမှာ ဟိန်းထွက်လာပြီး သူ့ကို အရပ်မျက်နှာ အနှံ့အပြားကနေ ဝန်းရံထားသလို ထင်မှတ်နေခဲ့ရတယ်..။

[ တတိယတံဆိပ်တော် ကို ဖြတ်တောက်လိုက်ပါပြီ။ ]

[ အသွင်ပြောင်း စွမ်းအားများ နိုးထခြင်း... ]

ဆန်နီက တက်ရောက်မူ အဆင့် ကို တက်လှမ်းတော့မှာပါ..။

အရင်တုန်းကလိုပဲ.. သူ့ရဲ့ ကိုယ်ထဲမှာ တစ်စုံတစ်ခုက နိုးထလာသလို ခံစားလိုက်ရတယ်..။ သူ့ရဲ့ အရိပ်အမြုတေ လေးခုဟာ ပြင်းထန်တဲ့ အပူရှိန်နဲ့အတူ တောက်လောင်လာခဲ့ပြီး စွမ်းအားတွေ ပိုမိုထွက်ပေါ်လာခဲ့ပါတယ်..။ ဒီအပူရှိန်ဟာ သူ့ရဲ့ ဝိဥာဉ်နဲ့ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားပြီး အကုန်လုံးကို ခွန်အားအသစ်တွေနဲ့ ပြောင်းလဲပေးနေခဲ့ပါတယ်..။

ဒီခံစားချက်က ရင်းနှီးနေသလို ကြည်နူးစရာလည်း ကောင်းနေခဲ့တယ်..။ သူ့ရဲ့ ခန္ဓာကိုယ်က ပိုမိုသန်မာ၊ ပိုကောင်းမွန် ပြီး.. ပိုမိုပြည့်စုံတဲ့ ပုံစံတစ်ခုအဖြစ် ပြန်လည်ထုဆစ် ခံနေရတယ်လို့ ခံစားနေခဲ့ရပါတယ်..။ သူ့ရဲ့ ဝိဥာဉ်ကလည်း တူညီတဲ့ အသွင်ပြောင်းလဲမူနဲ့ ကြုံတွေ့နေခဲ့ရတယ်..။

ဒီဖြစ်စဉ်ကတော့ ဆန်နီအတွက် ရင်းနှီးထားပြီးသားပါ..။ ဘာလို့လဲဆိုတော့ သူက အရင်ကလည်း ဒီလိုမျိုး နှစ်ကြိမ်တိုင်တိုင် ခံစားခဲ့ဖူးလို့ပါ..။ သို့ပေမဲ့ ဒီတစ်ကြိမ်မှာတော့... တစ်စုံတစ်ခုက ကွဲပြားနေခဲ့တယ်...

အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုနဲ့ အင်အားကြီးမားလာမူ အဆင့်မှာ ရပ်တန့်သွားရမယ့်အစား.. အသွင်ပြောင်းလဲမှုက ဆက်ဖြစ်နေခဲ့ပါတယ်..။သူ့ရဲ့ ခန္ဓာကိုယ်နဲ့ ဝိဥာဉ် နှစ်ခုလုံးက စီးဝင်လာတဲ့ ပြင်းထန်တဲ့ အပူရှိန်ကြောင့် တောက်ပလာခဲ့ကြတယ်..။ယင်းနောက် ပုံသွင်းလို့ရလောက်အောင် ပျော့ပြောင်းနေတဲ့ အနေအထားကနေ တစ်ခုနဲ့တစ်ခု အရည်ပျော်ပြီး ပေါင်းစပ်သွားခဲ့ကြပါတယ်..။

သူတို့က ဖြည်းဖြည်းချင်းနဲ့ တစ်သားတည်း ဖြစ်သွားခဲ့ကြတာပါ..။

ဒါပေမဲ့ သူတို့က ရိုးရှင်းစွာ ပေါင်းစပ်သွားကြတာတော့ မဟုတ်ပါဘူး..။ အဲ့ဒီအစား သူ့ဖြစ်တည်မှုရဲ့ အစိတ်အပိုင်း နှစ်ခုဟာ တစ်ခုနဲ့တစ်ခု ပဲ့တင်ထပ်သွားပြီး အပြန်အလှန် အင်အားဖြည့်တင်းပေးလိုက်ကြတာပါ..။ဒီ ပဲ့တင်ထပ်မှု စွမ်းအားက ပိုပိုပြီး ပြင်းထန်လာခဲ့ပြီး.. နောက်ဆုံး သူ့ရဲ့ အမြုတေ လေးခုဆီ ရောက်တဲ့အခါမှာတော့ ပေါက်ကွဲထွက်သွားပါတော့တယ်..။

အဲ့ဒီ ပဲ့တင်ထပ်မှုရဲ့ လွှမ်းမိုးမှုအောက်မှာတော့.. အတိုင်းအတာ ကန့်သတ်ချက်တွေက ပြိုပျက်သွားခဲ့ပြီး ဆင့်ကဲဖြစ်စဉ် လမ်းကြောင်းကို ရှေ့ကို တွန်းပို့ပေးလိုက်သလို ဖြစ်နေခဲ့တယ်..။ သူ့ရဲ့ ခန္ဓာကိုယ်နဲ့ ဝိဥာဉ် နှစ်ခုစလုံး တစ်သားတည်း ဖြစ်သွားတဲ့အခါမှာတော့...

နက်ရှိုင်းတဲ့ ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာခဲ့ပါပြီ..။

ရုတ်တရက်ဆိုသလို.. ဆန်နီဟာ သူ့ရဲ့ ခန္တာကိုယ် အစိတ်အပိုင်းတိုင်းမှာ စီးဆင်းနေတဲ့ အရိပ်အဆီအနှစ်တွေကို ရှင်းလင်းစွာ ခံစားလိုက်ရတယ်..။ ဒီကွာခြားချက်က အရမ်းကို ကြီးမားနေခဲ့တာကြောင့် သူ အော်ဟစ်မိမလို တောင် ဖြစ်သွားခဲ့ပါတယ်..။သူ့ရဲ့ အဆီအနှစ်တွေအပေါ် ထိန်းချုပ်နိုင်စွမ်းက မယုံနိုင်လောက်အောင် တိကျပြီး သိမ်မွေ့လာခဲ့တယ်..။

ထပ်ပြောရရင်.. အခုချိန်မှာ သူ့ရဲ့ ခန္ဓာကိုယ်နဲ့ ဝိဥာဉ်ဟာ နက်ရှိုင်းစွာ ဆက်နွယ်နေပြီ ဖြစ်တာကြောင့် တစ်ခုအပေါ်တစ်ခု သက်ရောက်တဲ့ အကျိုးသက်ရောက်မှုကလည်း အခြေခံကျကျ ပြောင်းလဲသွားခဲ့ပါပြီ..။ သူက အရင်ကထက် အများကြီး ပိုလှုပ်ရှားလာ နိုင်လာပြီး.. အင်အားစိုက်ထုတ်မှုကတော့ ပိုနည်းသွားခဲ့ပါတယ်..။

ဒါက တက်ရောက်မူ အဆင့်ရဲ့ စစ်မှန်တဲ့ ဆုလာဘ်တစ်ခုပါပဲ..။

ပြီးတော့ နောက်ထပ်တစ်ခု ရှိပါသေးတယ်.။... သူ့ရဲ့ ခန္တာကိုယ်ထဲမှာ နက်ရှိုင်းပြီး ကျယ်ပြန့်တဲ့ အပြောင်းအလဲတစ်ခု ဖြစ်သွားတာကို ခံစားရပေမဲ့.. ဒါကို စကားလုံးတွေနဲ့ ဖော်ပြဖို့ ဒါမှမဟုတ် နားလည်ဖို့တော့ မစွမ်းနိုင်သေးပါဘူး..။ ဆန်နီ သိတာ တစ်ခုကတော့ ဒီဟာက နိုးထခြင်းကမ္ဘာ၊ အိပ်မက်နယ်မြေ တွေနဲ့ ပတ်သက်နေပြီး..ဒီနှစ်ခုလုံးနဲ့ ဆက်နွယ်နေတယ် ဆိုတာပါပဲ..။

ခန္တာကိုယ်အသစ်အဖြစ် ဖြည်းဖြည်းချင်း ပြန်လည်ထုဆစ်ပြီးသွားတာကြောင့် သူ့ရဲ့ အပူချိန်တွေက လျော့ပါးလာခဲ့ပြီး အေးမြတဲ့ ခံစားချက်အဖြစ် ပြန်လည်ပြောင်းလဲသွားခဲ့တယ်..။ ဒီအေးမြမှုကလည်း သူ့ရဲ့ စိတ်ဝိဥာဉ်၊ အသားအရေနဲ့ အရိုးတွေထဲကို စိမ့်ဝင် ပျောက်ကွယ်သွားခဲ့ပါတယ်..။

ဆန်နီဟာ အမှောင်ဟင်းလင်းပြင်ကြီးကို မျက်လုံးအသစ်တွေနဲ့ ကြည့်လိုက်တယ်..။

သူ ခံစားနေရတာက...

စွမ်းအားတွေပါပဲ..။

သူ့ရဲ့ အရေပြားအောက်မှာ ပြင်းထန်တဲ့ ခွန်အားတွေ ဆူပွက်နေသလို ခံစားလိုက်ရတယ်..။ သူက တည်ငြိမ်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေလည်း ရှိနေခဲ့ပါတယ်..။ဒါက ဟန်ချက်ညီနေသလိုပါပဲ..။

သူ့ခန္ဓာကိုယ်ကို အာရုံခံနေတုန်းမှာပဲ.. အမှောင်ထုထဲကနေ အခိုက်အတန့် ရဲ့ အသံ ထွက်ပေါ်လာခဲ့တယ်..။

[ ဂဏ္ဍစွမ်းရည် နိုးထခြင်း။ ]

[ ဂဏ္ဍစွမ်းရည် အသစ် ရရှိပါသည် ]

ဆန်နီ အသက်ရှူအောင့်ထားခဲ့တယ်..။

[ ဂဏ္ဍစွမ်းရည် အမည် - အရိပ်ရုပ်သွင်ဖော်ခြင်း ]

သူ လက်သီးကို တင်းတင်းဆုပ်လိုက်မိတယ်..။

'ဒါ... ဒါက ငါ ထင်ထားတဲ့ အရာလား..”

သို့ပေမယ့် အံ့ဩစရာကောင်းလောက်အောင်ပဲ အခိုက်အတန့်က စကားပြောလို့ မပြီးသေးပါဘူး..။

ဆန်နီ အံ့ဩသင့်နေတုန်းမှာပဲ သူ့ရဲ့ အသံက နောက်ထပ်တစ်ကြိမ် ထွက်လာခဲ့ပါတယ်..။

( သင့်ရဲ့ စွမ်းရည်က ဆင့်ကဲ ပြောင်းလဲသွားပါပြီ..)

(သင့်ရဲ့ ဂဏ္ဍစွမ်းရည်က ဆင့်ကဲပြောင်းလဲသွားပါပြီ..)

အခိုက်အတန့် က ခဏလောက် ရပ်တန့်သွားပြီးကာမှ.. လေးနက်စွာ ထပ်ပြောလာခဲ့တယ်..။

[ သင့်ရဲ့ အဆင့်တက်လှမ်းခြင်း ပြီးဆုံးပါပြီ။ ]

ဆန်နီ မျက်လုံးတွေ ပြူးကျယ်သွားခဲ့တယ်..။

'ဘာ?! ဘာက ဆင့်ကဲပြောင်းလဲသွားတာလဲ ‘

ဆန်နီ အလျင်အမြန်ပဲ အချက်အလက်တွေကို ထုတ်ပြီး ဖတ်ကြည့်လိုက်တယ်..။

အမည် - ဆန်းလပ်စ်

အစစ်အမှန်နာမည် - အလင်းမှပျောက်ဆုံးသူ။

အဆင့် - တက်ရောက်ခြင်း

အမျိုးအစား - နတ်ဆိုး

အရိပ် အမြုတေ - ( ၄ / ၇ )

အရိပ် အပိုင်းအစ - ( ၇၄၄ / ၄၀၀၀ )

ဆန်နီဟာ အပိုင်းအစ နံပါတ်တွေကို စိုက်ကြည့်နေပြီးကာမှ ခေါင်းခါယမ်းလိုက်ကာ အရည်အသွေး ဆီကို ကြည့်လိုက်ပါတယ်..။

အရည်အသွေး - ( ကံစီမံရာ ) ၊ ( နတ်ဘုရား မီးတောက် )

( နတ်ဘုရားမီးတောက် ) အရည်အသွေးက နောက်ထပ်တစ်ကြိမ် ပြောင်းလဲသွားလိမ့်မယ်လို့ သူ ထင်ထားခဲ့တာပါ..။သို့ပေမယ့် ဒါက အတူတူပဲ ရှိနေခဲ့တယ်..။( ဝီဗာ သွေး ) ရော ( ဝီဗာ အရိုး ) ရောက မပြောင်းလဲခဲ့ပါဘူး..။

အဲဒီအစား ( အရိပ်များရဲ့ သားတော် ) အရည်အသွေးက မရှိတော့ပေ..။

သူ့နေရာမှာတော့ စွမ်းရည်အသစ်နဲ့ အစားထိုးပေးထားခဲ့ပါတယ်..။

ဆန်နီ ရူးစ်တွေကို စိုက်ကြည့်ပြီး ဖတ်လိုက်တယ်..။

( အရိပ်များရဲ့ အရှင်သခင် )

‘ဘာကြီးလဲ..’

သူ အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး.. ခဏလောက် စောင့်နေပြီးကာမှ တောက်ပနေတဲ့ သင်္ကေတတွေအပေါ်မှာ အာရုံစိုက်လိုက်ပါတယ်..။

[အရိပ်များရဲ့ အရှင်သခင်] စွမ်းရည် ဖော်ပြချက် - "အရိပ်တွေက သင့်ကို သူရဲကောင်းတစ်ယောက်အဖြစ် အသိအမှတ်ပြုခဲ့ကြတယ်.."

ပထမပိုင်းကတော့ အရင်အတိုင်းဆိုပေမဲ့ ဒုတိယပိုင်းကတော့ အသစ်ဖြစ်နေခဲ့ပါတယ်..။

'နေဦး... ဒါက ငါ အခု သဘာဝအရိပ်တွေကို စေခိုင်းလို့ ရပြီလို့ ဆိုလိုတာလား..'

သူ သူ့ရဲ့ စွမ်းရည်တွေဆီကို အမြန်အာရုံစိုက်လိုက်ပြီး ဘယ်တစ်ခုက ဆင့်ကဲပြောင်းလဲသွားလဲဆိုတာ ရှာကြည့်လိုက်တယ်..။

အဲ့ဒါက [အရိပ်ထိန်းချုပ်ခြင်း ] ပါပဲ..။

သူ့ရဲ့ ဖော်ပြချက်ကတော့ -

[အရိပ်ထိန်းချုပ်ခြင်း] စွမ်းရည်ဖော်ပြချက် - "[သင့်ရဲ့ အရိပ်တွေဟာ တခြားသူတွေထက် ပိုပြီး လွတ်လပ်မှု ရှိကြသလို တန်ဖိုးမဖြတ်နိုင်တဲ့ ကူညီသူတွေလည်း ဖြစ်ကြသည်။. အရိပ်အားလုံးက သင့်ရဲ့ လုပ်ပိုင်ခွင့် ကို လေးစားကြသည်..]"

'အမှန်ပဲ !'

ဖြစ်နိုင်ခြေတွေကတော့ အများကြီးပါပဲ..။တကယ်လို့သာ သူက သဘာဝ အရိပ်တွေကို အလိုရှိသလို ရွေ့လျားစေနိုင်ပြီး ပုံစံတွေ ပြောင်းလဲစေနိုင်မယ်ဆိုရင်.. အရာရာတိုင်းက ပိုပြီး လွယ်ကူသွားတော့မှာပါ..။အရာတွေ အများကြီးက ဖြစ်လာနိုင်ချေရှိနေတာ အမှန်ပါပဲ..။

ပြီးတော့ ဒီအမှတ်မထင်ရရှိလာခဲ့တဲ့ လက်ဆောင် အသစ်က.. သူ့နဲ့ ရင်းနှီးပြီးသား စွမ်းရည်တွေနဲ့တင်မကဘဲ သူ့ရဲ့ အသစ်ရရှိထားတဲ့ စွမ်းရည်နဲ့ပါ ပေါင်းစပ်ပြီး အစွမ်းထက်လာမှာ သေချာပါတယ်..။

နောက်ဆုံးမှာတော့.. ဆန်နီဟာ သူ့ရဲ့ အကြည့်ကို ရွှေ့လိုက်ပြီး သူ့ရဲ့ တက်ရောက်မူအဆင့် စွမ်းရည်ပေါ်မှာ အာရုံစိုက်လိုက်တယ်..။

ရူးစ်တွေက အမှောင်ထုထဲမှာ တဖိတ်ဖိတ် တောက်ပနေခဲ့ပါတယ်..။

ဂဏ္ဍစွမ်းရည် - ( အရိပ်ရုပ်သွင်ဖော်ခြင်း )

စွမ်းရည်ဖော်ပြချက် - [သင်ဟာ အရိပ်တွေကို ကိုင်တွယ်ထိတွေ့လို့ရတဲ့ အရာဝတ္ထုတွေအဖြစ် ရုပ်သွင်ဖော်နိုင်စွမ်းရှိသည်.]

ဆန်နီဟာ ဖော်ပြချက်ကို ထပ်ခါထပ်ခါ ပြန်ဖတ်ကြည့်ပြီးနောက်.. ခဏလောက် ငြိမ်သက်သွားခဲ့တယ်..။

တောင်တန်းဘုရင် ကြီးက သန့်စင်တဲ့ အရိပ်တွေကနေ ထွက်ပေါ်လာတဲ့ လက်ချောင်းတွေရဲ့ ဆွဲဖြဲခြင်းကို ခံလိုက်ရတဲ့ပုံရိပ်က သူ့စိတ်ထဲမှာ ပေါ်လာခဲ့ပါတယ်..။

...အချိန်အတော်ကြာပြီးနောက်မှာတော့.. ဆန်နီဟာ ခေါင်းကို မော့ပြီး ကျယ်လောင်စွာ ရယ်မောလိုက်တယ်..။ဒါက တကယ်ကို အောင်ပွဲခံစရာ ကိစ္စပါပဲ..။

သူ့ရဲ့ ရယ်သံက အမှောင်ထုထဲမှာ ပဲ့တင်ထပ်နေတုန်းမှာပဲ.. အခိုက်အတန့် ရဲ့ တီးတိုး ပြောသံက ထပ်မံ ထွက်ပေါ်လာခဲ့ပါတယ်..။

[ ...နိုးထလော့.. ဆန်းလပ်စ်.. ]

[ သင့်ရဲ့ အိပ်မက်ဆိုး ပြီးဆုံးသွားပါပြီ! ]

အပိုင်း ( ၇၄၄ ) ပြီး၏။

All Chapters