← Chapters

အခန်း (၇၄၅-၇၄၇)

Vol. 50 Ch. 745-747

အခန်း (၇၄၅-၇၄၇)

Vol. 50 Ch. 745-747

အပိုင်း ( ၇၄၅ ) လွတ်လပ်တဲ့ ရွေးချယ်ခွင့်..

မှောင်မိုက်နေတဲ့ မြေအောက်ခန်းထဲမှာတော့..သတ္တုတဲ့ ပြုလုပ်ထားတဲ့ အိပ်စက်ခြင်း သေတ္တာတစ်လုံးက ငြိမ်သက်စွာ ရှိနေခဲ့တယ်..။အချိန်တွေ အတော်ကြာအောင် ဒီ တိတ်ဆိတ်မူကို နှောက်ယှက်မယ့်သူမရှိသလို..အလင်းရောင်ကလည်း ဒီအမှောင်ထုထဲကို ဝင်ရောက်လာခြင်း မရှိခဲ့ပါဘူး..။

အခုချိန်အထိပေါ့..။

တိတ်ဆိတ်စွာနဲ့ပဲ ဒီအိပ်စက်ခြင်း သေတ္တာက အသက်ဝင်လာခဲ့တယ်..။ ပြီးတာနဲ့ သူ့ရဲ့ မျက်နှာပေါ်က အလင်းစက်လေးတွေက လင်းထိန်လာခဲ့ပါတယ်..။ချောမွေ့တဲ့ သတ္တုမျက်နှာပြင်ပေါ်မှာ အက်ကြောင်းတစ်ခုပေါ်လာခဲ့ပြီး အိပ်စက်ခြင်းသေတ္တာရဲ့ အစွန်းတွေကို ဖော်ပြပေးလာခဲ့တယ်..။အဖုံးက ချောမွေ့စွာပဲ ပွင့်သွားခဲ့ပြီး..တောက်ပတဲ့ အလင်းတန်းတွေက မြေအောက်ခန်းတစ်ခုလုံးကို အလင်းရောင်တွေ ထွက်ပေါ်လာစေခဲ့ပါတယ်..။

အိပ်စက်ခြင်းသေတ္တာထဲကနေ..အေးမြတဲ့ ရေငွေ့တွေ ထွက်ပေါ်လာခဲ့တယ်..။ယင်းနောက် အထဲကနေ ဖြူဖျော့တဲ့ လက်တစ်ဖက်က ထွက်ပေါ်လာခဲ့ပြီး..သတ္တုဘောင်ကို အားနဲ့ ဆွဲလိုက်တာကြောင့်..သတ္တုဟာ အလွယ်တကူပဲ တွန့်လိမ်သွားခဲ့ပါတယ်..။

ဆန်နီဟာ အိပ်စက်ခြင်းသေတ္တာထဲကနေ ထွက်လာဖို့ အနည်းငယ်ရုန်းကန်နေခဲ့ရပြီးမှ..သူ့ရဲ့ ခြေထောက်တွေက..လေ့ကျင့်ရေး ဒိုဂျိုရဲ့ ကြမ်းပြင်နဲ့ ထိတွေ့သွားခဲ့ပါတယ်..။ခနအကြာမှာတော့..သူက ယိမ်းယိုင်ပြီး လဲကျသွားခဲ့တယ်..။

‘ချီးတဲ့မှပဲ..’

ဆန်နီ ဟာ ဘာကြောင့်သူ လဲကျသွားရတာလဲ ဆိုတာကို နားလည်ဖို့ ကြိုးးစားရင်း..စက္ကန့်အနည်းငယ်လောက်ကြာအောင်..ကြမ်းပြင်ပေါ်မှာပဲ မှောက်လျက်သားနေနေလိုက်ပါတယ်..။ယင်းနောက် သူ့ မျက်လုံးတွေက တောက်ပသွားခဲ့တယ်..။

“ခနလေး..ငါ စကားပြောနိုင်သွားပြီလား..။ငါ စကားပြောနိုင်သွားပြီ..”

သူ့ နှုတ်ခမ်းပေါ်မှာ ပျော်ရွှင်တဲ့ အပြုံးတစ်ခု ပေါ်လာခဲ့တယ်..။

ဒါပေါ့..သူက လူသားတစ်ယောက် ပြန်ဖြစ်သွားခဲ့ပါပြီ..။သူက သူ့ရဲ့ ကိုယ်ပိုင်ခန္တာကိုယ်ထဲကို ပြန်ရောက်သွားခဲ့တာပါ..။မြင့်မားတဲ့ နတ်ဆိုးတစ်ကောင်လို လှုပ်ရှားဖို့ ကြိုးစားနေတာက..အခုလို ဟန်ချက်ပျက်သွားတဲ့ အဓိကအကြောင်းအရင်းပါပဲ..။

ဆန်နီ ရူးသွပ်စွာ ပြုံးလိုက်ပြီး ကြမ်းပြင်ပေါ်ကနေ ခုန်ထကာ..အောက်ကို ငုံ့ကြည့်လိုက်တယ်..။သူ့ရဲ့ ဖြူဖျော့တဲ့ ခန္တာကိုယ်ကို သူ အတော်လေး သဘောကျနေခဲ့ပါတယ်..။ယင်းနောက် သူ ရုတ်တရက် ကိုယ်ကို လှည့်လိုက်ပြီး..လျှင်မြန်တဲ့ လက်သီးချက်နဲ့ ကန်ချက်တစ်ချို့ကို ထုတ်ဖော်ကြည့်လိုက်တယ်..။

“အာ..အိမ်ပြန်ရောက်လာတာ တကယ်ကို ကောင်းမွန်တာပဲ..”

သူ က အရမ်းကို မြန်ဆန်ပြီးသွက်လက် ပေါ့ပါးနေသလို ခံစားနေခဲ့ရတယ်..။သို့ပေမယ့်..အရေးကြီးဆုံးက သူကိုယ်တိုင် ပြန်ဖြစ်သွားတာပါပဲ..။ကြီးမားတဲ့ ဖိအားကြီးတစ်ခုက သူ့ရဲ့ ပုခုံးပေါ်ကနေ ကျဆင်းသွားခဲ့သလို ခံစားနေခဲ့ရတယ်..။အတိအကျပြောရရင် အရိပ်သားရဲက ဆန်နီ ထက် သုံးဆလောက်ပိုပြီး လေးလံလောက်ပါတယ်..။အရပ်ရှည်ပြီး အားကောင်းတဲ့ နတ်ဆိုးတစ်ကောင်ဖြစ်ရတာက..သူ့ရဲ့ အားသာချက်နဲ့သူ ရှိတယ်ဆိုပေမယ့်လည်း..သူကတော့ သူ့ရဲ့ ကိုယ်ပိုင်ခန္တာကိုယ်ကိုပဲ သဘောကျပါတယ်..။

အခုဆိုရင် ဆန်နီက ပိုပြီး ပေါ့ပါးသွားယုံတင်မကပဲ..ရန်သူ ဓားချက်ရဲ့ ပစ်မှတ်ထားခံရဖို့အတွက်လည်း အတော်လေး သေငယ်သွားခဲ့ပါပြီ..။လက်နှစ်ပဲ ရှိနေတာက အနည်းငယ်အားနည်းသလို ဖြစ်နေပေမယ့်လည်း..လူသားမဆန်တဲ့ သတ္တဝါတစ်ယောက်ရဲ့ အရေခွံကို ခွာချလိုက်ရတာနဲ့တင် စိတ်သက်သာဖို့ ကောင်းနေခဲ့ပါပြီ..။

ထပ်ပြောရရင် အခုချိန်မှာ..ဆန်နီက မာစတာတစ်ယောက် ဖြစ်နေပြီဖြစ်တာကြောင့်..အရိပ်သားရဲ အတွက် မမျှော်လင့်နိုင်လောက်တဲ့ ခွန်အားတွေကို ပိုင်ဆိုင်ထားနိုင်ခဲ့တယ်..။သူက အဆီအနှစ်တွေကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်ပြီး..ရလာဒ်ကို ပြင်းထန်အောင် လုပ်နိုင်တာကိုတော့ ပြောနေစရာတောင် မလိုတော့ပါဘူး..။

အဲ့အချိန်မှာတော့..ဆန်နီဟာ မယုံနိုင်လောက်အောင် ပျော်ရွှင်နေခဲ့ပြီး..သူ့ရဲ့ အရိပ်အမောင်းနဲ့ ခန္တာကိုယ်ကို အတော်လေး ကျေနပ်နေခဲ့တယ်..။လေးလံထိုင်းမှိုင်းတဲ့ ခန္တာကိုယ်ကြီးအဖြစ် အတင်းအကြပ်ပြောင်းလဲ ခြင်းခံရပြီးမှ..အခုလို ပေါ့ပါးသွက်လက် ၊ လျှင်မြန်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို တန်ဖိုးထားတတ်သွားခဲ့ပါတယ်..။

သူက မြေအောက်လေ့ကျင့်ရေးကွင်းရဲ့ သန့်စင်တဲ့ လေထုကို တစ်ဝကြီး ရူသွင်းလိုက်ပြီး ..အနည်းငယ်ပျက်စီးသွားတဲ့ အိပ်စက်ခြင်း သေတ္တာကို သက်ပြင်းချကာ လှမ်းကြည့်လိုက်တယ်..။သူ့ရဲ့ လက်နဲ့ ပုံမှန်ဆုပ်ကိုင်လိုက်တာနဲ့တင် ဒီ သတ္တုပြားကို ပျက်စီးသွားစေခဲ့တာပါ..။သူ့ရဲ့ ခွန်အားတွေနဲ့ ကျင့်သားရဖို့အတွက်ဆိုရင် ..အချိန်ယူရပါဦးမယ်…

ဒီလို စေ◌ျးကြီးတဲ့ စက်တစ်လုံး ပျက်ဆီးသွားခဲ့တာကြောင့်..ဆန်နီ အသဲကွဲသလို ခံစားလိုက်ရတယ်..။ဒီအရာကို ပြန်လည်ပြင်ဆင်ဖို့က..စေ◌ျးမပေါပါဘူး..။သူ့ရဲ့ ကြွယ်ဝမူနဲ့ဆိုရင် ဒီအတွက် တတ်နိုင်သေးတယ် ဆိုပေမယ့်လည်း..

သို့ပေမယ့်..သူ သေချာပြန်စဉ်းစားကြည့်လိုက်တယ်..။

“ခနလေး..ငါက ဒါကို ဘာလို့ ဂရုစိုက်နေရမှာလဲ..”

ငါက ဘာလို့ စေ◌ျးကြီးတဲ့ အိပ်စက်ခြင်းသေတ္တာ တစ်လုံးကို ဂရုစိုက်နေရမှာလဲ….

သူက ဒါကို ထပ်ပြီး မလိုအပ်တော့ပါဘူး..။

သူက အခုချိန်မှာ မာစတာ တစ်ယောက် ဖြစ်နေခဲ့ပါပြီ..။စစ်မှန်တဲ့ တက်ရောက်သူ တစ်ယောက်..။တကယ်လို့..ဆန်နီသာ အိပ်မက်ဆိုးထဲကို ဝင်ရောက်ဖို့ ဆန္ဒရှိတယ်ဆိုရင်..သူက ဒီခန္တာကိုယ်နဲ့ပဲ..သွားလာလို့ ရနေခဲ့ပါပြီ..။သူ့ရဲ့ ခန္တာကိုယ်က နိုးထခြင်း ကမ္ဘာမှာ အကွာအကွယ်မရှိပဲ ကျန်နေခဲ့ရတော့မှာ မဟုတ်ပေ..။ထပ်ပြောရရင်…

သူက အိပ်မက်ကမ္ဘာကို ဘယ်တော့မှ မသွားတော့ဘူးဆိုရင်လည်း ရသွားပါပြီ..။တကယ်လို့ သူသာ ဆန္ဒရှိတယ် ဆိုရင်..သူက အဲဒီငရဲကို ဘယ်တော့မှ ပြန်သွားစရာ မလိုတော့ပါဘူး..။သူက..ချမ်းသာကြွယ်ဝမူတွေ ၊ အဆင့်မြင့် မြို့သား နဲ့. ရာထူးအဆင့်အတန်းတွေကို ခံစားပြီး အစစ်အမှန်ကမ္ဘာမှာ သက်သောင့် သက်သာနဲ့ နေထိုင်သွားနိုင်ပါပြီ..။

အိပ်မက်ဆိုး အခိုက်အတန့်ရဲ့ ကူးစက်ခြင်းကို ခံစားခဲ့ရတဲ့ အချိန်ကနေစပြီး..ဆန်နီဟာ ပထမဆုံး အကြိမ်အဖြစ်..ဒီအရာကို ငြင်းဆန်နိုင်ခဲ့ပါပြီ..။သူက လွတ်လပ်စွာ ရွေးချယ်ခွင့် ရှိလာခဲ့တယ်..။သူ..သူက ကမ္ဘာကြီးရဲ့ အလိုကျ ကစားခံနေခဲ့တဲ့..ကျွန်တစ်ယောက် မဟုတ်တော့ပါဘူး..။

အခုချိန်မှာတော့…

သူ့ရဲ့ စီးပွားရေး အပေါ်မှာပဲ အာရုံစိုက်ပြီး..စစ်မှန်တဲ့ မှတ်သားမူ ဆိုင်တစ်ဆိုင် ဖွင့်လို့ရခဲ့ပါပြီ..။ဒါက သူ အလိုရှိနေခဲ့တဲ့ အရာပါ..။သူ့ရဲ့ လက်နက် ဘဏ္ဍာတိုက် နဲ့..မှော်စွမ်းအား အသိပညာတွေကို ပေါင်းစပ်လိုက်မယ်ဆိုရင်..အောင်မြင်ဖို့ လုပ်ငန်းတစ်ခု တည်ဆောက်ဖို့ ဆိုတာက ပြသနာ မဟုတ်ပေ..။ဆန်နီက အရမ်းကို ချမ်သားလာနိုင်ပြီး..အသက်အန္တရာယ် မရှိပဲ ဇိမ်ကျကျနေနိုင်တဲ့ ဘဝတစ်ခုကို ရတော့မှာပါ..။

သူက တကယ့် ကုတင်တစ်လုံးပေါ်မှာ အိပ်စက်နိုင်ပြီး..စစ်မှန်တဲ့ အိပ်မက်တွေကို မက်နိုင်ပါတော့မယ်..။

သူ့လို မြို့ပြင်က ကြွက်တစ်ကောင် အတွက်တော့..ဒါက ပျော်ရွှင်ဖွယ်ရာ ဇာတ်သိမ်းတစ်ခုပဲ မဟုတ်ဘူးလား..။

ဆန်နီ အဝေးကို ကြည့်နေရင်း ရုတ်တရက် အေးခဲသွားခဲ့တယ်..။ဖြည်းညှင်းစွာပဲ သူ့ရဲ့ အပြုံးတွေက ဖြူဖျော့သွားခဲ့ပါတယ်..။

“ဟုတ်တယ်..ဒီလိုသာ ဖြစ်လာခဲ့ရင်ပေါ့..”

အခိုက်အတန့် လက်ကနေ ရုန်းထွက်ဖို့က ဒီလောက်အထိ လွယ်ကူနေမှာ မဟုတ်ဘူးလို့ သူ သံသယဖြစ်နေခဲ့တယ်..။သူ့ရဲ့ ( ကံစီမံရာ ) အရည်အသွေး ကို ဘယ်လိုထိန်းချုပ်ရမလဲ သိနိုင်ခဲ့မယ် ဆိုရင်တောင်.တစ်ခြား စဉ်းစားစရာတွေက ရှိနေပါသေးတယ်..။

အထူး ဗြူဟာမြောက် မာစတာ အဖြစ် အဆင့်သတ်မှတ်ခံထားရတဲ့ လူတစ်ယောက်အနေနဲ့..သူက လူသားမျိုးနွယ်ကို အုပ်ချုပ်ထားတဲ့ အင်အားစုတွေရဲ့ အာရုံစိုက်ခြင်းကို အပြည့်အဝ ရရှိပါတော့မယ်..။အစိုးရပဲဖြစ်ဖြစ်..ကြီးမြတ်တဲ့ ကလန် တွေကပဲဖြစ်ဖြစ်..သူ့ကို ဒီတိုင်း လွှတ်ထားမှာ မဟုတ်ပါဘူး..။မကြာခင်မှာပဲ..ကလန်တစ်ခုရဲ့ ကိုယ်စားလှယ်တစ်ယောက်က သူ့ဆီကို ရောက်လာတော့မယ်လို့ ခံစားနေခဲ့ရတယ်..။

မာစတာ ဂျက်ရဲ့ အကူအညီတွေကြောင့်..ဆန်နီ နိုးထသူ တစ်ယောက်အဖြစ် ရှိနေတုန်းက ဒီလူတွေက သူ့ကို လွှတ်ထားပေးခဲ့ကြပါတယ်..။အခုချိန်မှာသူက..တက်ရောက်မူ အဆင့်ကို ရောက်ရှိသွားပြီဖြစ်တာကြောင့် သူ့ရဲ့ အလားအလာတွေကို သက်သေပြလိုက်သလိုပါပဲ..။ဒီအခြေအနေမှာတော့ ကလန်တွေက ငြိမ်နေကြတော့မှာ မဟုတ်ပေ..။

အနည်းဆုံးတော့..သူတို့ထဲက အဖွဲ့တစ်ခုခုကို မပူးပေါင်းပဲ..သူတော်စင်တစ်ယောက် ဖြစ်လာမှာမဟုတ်ဘူး ဆိုတဲ့သတင်းစကားကို ပေးဖို့ ကြိုးစားလာကြမှာပါ..။

ပြီးတော့..ညဘုရားကျောင်းနဲ့ ပတ်သက်တဲ့ အရှုပ်ထုတ်လည်း ရှိနေပါသေးတယ်..။

သူတော်စင် တိုင်းရစ်က..ဗာလာကလန်နဲ့ပြသနာတွေကို ဖြေရှင်းပေးမယ်လို့ ပြောခဲ့ပေမယ့်..မော်ဒရက် လွတ်မြောက်သွားတဲ့အတွက်..ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေကို သူမ ဘယ်လောက်အထိ ကာကွယ်ပေးနိုင်မလဲ ဆိုတာကို မပြောနိုင်ပေ..။ဘုရားကျောင်း ပျက်ဆီးသွားပြီ ဖြစ်တဲ့အတွက် အထဲမှာ ဘာသက်သေမှ မကျန်ရစ်တော့ ပေမယ့်လည်း..ကြီးမြတ်တဲ့ ကလန် တစ်ခုအတွက်..အမှန်တရားတွေကို ရှာဖွေဖို့ နည်းလမ်းမရှိစရာ အကြောင်းမရှိပေ..။

ပြီးတော့ နောက်ဆုံးအနေနဲ့…

နစ်ဖီကလည်း ရှိနေပါသေးတယ်..။

ပြောင်းလဲနေတဲ့ ကြယ်ပွင့်က..သူ့အပေါ်မှာရှိနေတဲ့ အားသာချက်ကို အလွဲသုံးစား လုပ်မှာမဟုတ်ဘူးလို့ ဆန်နီ ယုံကြည်ချင်ပေမယ့်..အသေအချာတော့ မပြောနိုင်ပါဘူး..။

ပိုဆိုးတာက သူသိထားတဲ့ အချက်အလက်တွေအားလုံးက..သူ အရင်က သိထားတဲ့ နစ်ဖီ အပေါ်မှာပဲ အခြေခံထားခဲ့တာပါ..။

အိပ်မက်နယ်မြေထဲမှာ ကြောက်မက်ဖွယ်ကောင်းတဲ့ ငရဲတွေကို တစ်ယောက်တည်းခံစားရတာကြောင့် စိတ်မလွတ်သွားနိုင်ဘူး လို့ ဘယ်သူပြောနိုင်မှာလဲ..။

ဆန်နီ အောက်ကို ငုံ့ကြည့်ပြီး သက်ပြင်းချလိုက်တယ်..။

“မဟုတ်ဘူး..ဘာပဲဖြစ်ဖြစ် ငါက တစ်နေ့ကျရင် အပျင်းကြီးပြီး ချမ်းသာတဲ့ လူတစ်ယောက် ဖြစ်လာမှာပဲ..။မင်းတို့ အားလုံး တွေ့စေရမယ်..”

သို့ပေမယ့် သူ့အတွေးတွေက ကြားဖြတ်ခြင်း ခံလိုက်ရတယ်..။ဘာလို့လဲဆိုတော့ အဲ့အချိန်မှာပဲ..အိမ်တစ်ခုလုံးက ရုတ်တရက် တုန်လှုပ်သွားခဲ့ပြီး..အပေါ်ဘက် တစ်နေရာကနေ ထူးဆန်းတဲ့ အသံတွေထွက်လာခဲ့တာကြောင့်ပါ..။

ဆန်နီ တုန်ရီသွားပြီး..အပေါ်ကို မျက်လုံးပြူးကျယ်စွာ လှမ်းကြည့်လိုက်တယ်..။

“ဘာလဲ..ဘယ်လို ငရဲမျိုးလဲ..”

အပိုင်း ( ၇၄၅ ) ပြီး၏။

အပိုင်း ( ၇၄၆ ) ပထမဆုံး ခြေလှမ်းများ..

ဆန်နီဟာ..ထာဝရ ချိန်း နဲ့ ရက်စက်သော မြင်ကွင်း ကို ထုတ်ဖော်လိုက်ပြီး..ဓာတ်လှေကားတွေ ၊ လှေကားတွေကို အသုံးမပြုတော့ပဲ…အရိပ်တွေထဲကနေတဆင့်..မြေအောက်လေ့ကျင့်ရေးကွင်းကနေ ထွက်ခွာလိုက်ပါတယ်..။

သူ့အိမ်ထဲကို ဘယ်လိုသတ္တဝါပဲ ရောက်နေပါစေ…အဲဒီသတ္တဝါက ကောင်းကောင်းကြီး နောင်တရသွားတော့မှာပါ..။

သို့ပေမယ့် ဆန်နီ တစ်ခနလောက် တွေဝေသွားခဲ့တယ်..။

ဘာပဲဖြစ်ဖြစ်..သူ မရှိတုန်း နိုးထခြင်း ကမ္ဘာမှာ ဘာတွေဖြစ်ပျက်ခဲ့တာလဲ ဆိုတာကို မသိခဲ့ပါဘူး..။သူက ညဘုရားကျောင်းကနေ လွန်ခဲ့တဲ့ ခုနစ်လကတည်းက ထွက်ခွာခဲ့တာဖြစ်ပြီး..အဲ့ကတည်းက ပြန်မလာရသေးပေ..။

ဆန်နီ သိသလောက်ဆိုရင်တော့..အဲ့အချိန်ပမာဏလောက်က လူသားမျိုးနွယ်ကျဆုံးသွားဖို့ အတွက် လုံလောက်ပါတယ်..။တစ်မြို့လုံး ပျက်ဆီးသွားပြီး..အဆံးမရှိတဲ့ အိပ်မက်ဆိုးသားရဲ အုပ်တွေက လမ်းတွေကြားထဲမှာ လှည့်လည်သွားလာနေကြပြီလား..။သူ့ရဲ့ ဧည့်ခန်းထဲမှာ ဘယ်လိုထိပ်လန့်ဖွယ်သတ္တဝါမျိုး ရောက်နေတာလဲ ဆိုတာကို မပြောနိုင်ပါဘူး..။

“ကောင်းပြီလေ..အဲတော့ ဘာဖြစ်လဲ..။အဲတာက ငါ့ ဧည့်ခန်းပဲ..”

နိုးထခြင်း ကမ္ဘာမှာ ဘယ်လိုအခြေအနေတွေပဲ ဖြစ်ပျက်နေပါစေ..ဆန်နီ ပိုင်ဆိုင်တဲ့ အိမ်မှာ သက်သောင့်သက်သာ လာနေလို့ရမယ်လို့ ထင်နေရင်တော့..သူ့ရဲ့ ဘဝကို ပြန်ရွေးချယ်လို့ရအောင် လုပ်ပေးလိုက်မှာပါ..။

သူက တိုက်ပွဲအတွက် အသင့်ပြင်ထားရင်း အရိပ်တွေထဲကနေ ထွက်လိုက်တဲ့ အချိန်မှာတော့ အံ့ဩသင့်သွားခဲ့တယ်..။

အပေါ်ထက်ကနေ ထွက်ပေါ်လာတဲ့ စိတ်လှုပ်ရှားတဲ့ အသံတွေက ပိုမိုကျယ်လောင်လာခဲ့ပေမယ့်..ဒါက အိပ်မက်ဆိုးသားရဲ တစ်ကောင်ဆီက ထွက်လာခဲ့တာ မဟုတ်ပါဘူး..။

အဲဒီအစား အယ်ဖီဆီကနေ ထွက်ပေါ်လာခဲ့တာပါ..။

သူ့ရဲ့ သံလွင်ဆီရောင် အသားအရည်ပေါ်မှာတော့..ရေငွေ့လေးတွေက စိုစွတ်စွာ တည်ရှိနေခဲ့တယ်..။မုဆိုးမိန်းကလေးက အခန်းရဲ့အ လယ်မှာ ရှိနေရင်း..အရူးတစ်ယောက်လို အော်ဟစ်နေခဲ့တာပါ..။သူမရဲ့ နောက်ဘက်မှာတော့..ဧည့်သည်အိပ်ခန်းရဲ့ တံခါး ပတ္တာက ပြုတ်ထွက်နေခဲ့ပြီး..နံရံအပါအဝင် မျက်နှာကျတ်တွေလည်း..ကျိုးကြေနေခဲ့တယ်..။

‘အဲတာက..သံမဏိတွေနဲ့ လုပ်ထားတာ မဟုတ်ဘူးလား..ချီးပဲ..’

ဆန်နီ သူ့သူငယ်ချင်းကို အကြိမ်အနည်းငယ် ကြည့်လိုက်ပြီး..ဖြည်းညှင်းစွာ မျက်တောင်ခတ်လိုက်တယ်..။

‘ခနလေး..အယ်ဖီက..မတ်တတ်ရပ်နေတာလား..’

အဲဒီအစား..မိန်းမပျိုလေးက..အရပ်ရှည်ပြီး..သူမရဲ့ ခြေထောက်တွေကလည်း ကျန်းမာ အားကောင်းနေခဲ့တယ်..။ဝှီးချဲကတော့ မြင်ကွင်းထဲမှာတောင် မရှိပါဘူး..။

အမှန်တော့ သူမရဲ့ တည်ရှိမူ တစ်ခုလုံးက ပြောင်းလဲသွားခဲ့တာပါ..။ကျိုးပဲ့လွယ်တဲ့ အရိုးတွေနဲ့..အရိုးပေါ် အရေတင်ကာ မကျန်းမာတဲ့ မိန်းကလေးက မရှိတော့ပေ..။အဲဒီအစား..အယ်ဖီရဲ့ ပုံစံက အိပ်မက်ကမ္ဘာထဲက အတိုင်းသာ ရှိနေခဲ့ပါတယ်..။သူမက အရပ်ရှည်ပြီး ဆွဲဆောင်မူရှိကာ..သံလွင်ဆီရောင် အသားအရေ အောက်မှာ သန်မာတဲ့ ကြွက်သားတွေ ရှိနေခဲ့တယ်..။သူမဆီကနေ တက်ကြွမူ နဲ့ ခွန်အားပြည့်ဖြိုးမူ တွေကို ခံစားနေခဲ့ရပါတယ်..။

သူမ ဆီကနေ တွေ့မြင်နေရတာတွေက..ခွန်အား ၊ စွမ်းဆောင်ရည် နဲ့..ပါဝါ တွေပါပဲ..။ပြောင်းလဲသွားတဲ့ တစ်ခုတည်းသော အရာကတော့ သူမရဲ့ ဆံပင်နဲ့ အသားအရည် အနည်းငယ် ညိုသွားခဲ့တာပါပဲ..။

ဆန်နီ ကိုယ်တိုင်တောင် သတိမထားမိခင်မှာပဲ သူ့မျက်နှာပေါ်မှာ အပြုံးတစ်ခု ပေါ်လာခဲ့တယ်..။

ဒါပေါ့ တက်ရောက်ခြင်း ဆိုတာက ဆန်းကျယ်မူတစ်ခုပါ..။ဒါက ရုပ်ပိုင်းဆိုင်ရာ နဲ့ စိတ်ပိုင်းဆိုင်ရာကို ပေါင်းစပ်ပေးပြီး..အကောင်းဆုံး အစိတ်အပိုင်းတွေကို ယူဆောင်ကာ ပြီးပြည့်စုံမူကို ဖြစ်ပေါ်စေပါတယ်..။ပျောက်ဆုံးသူတွေတောင်..ဒုတိယ အိပ်မက်ဆိုးကို အောင်မြင်ပြီးသွားတဲ့ အချိန်မှာ..အစစ်အမှန်ကမ္ဘာကို ပြန်လာပြီး နေထိုင်ရှင်သန်နိုင်ကြပါတယ်..။အယ်ဖီရဲ့ မသန်စွမ်းမူကလည်း ဒီစည်းမျဉ်းထဲမှာ ချွတ်ယွင်းချက်တစ်ခု မဟုတ်ခဲ့ပါဘူး..။

ဒါကြောင့်ပဲ သူမက အစကတည်းက မာစတာ တစ်ယောက်ဖြစ်ဖို့ ကြိုးစားနေခဲ့တာပါ..။

ခနအကြာမှာတော့..အယ်ဖီက အောင်ပွဲခံအော်ဟစ်နေတာကို ရပ်တန့်လိုက်ပြီး နောက်ကို လှည့်လာခဲ့တယ်..။နောက်ဆုံးမှာတော့ သူမက သူ့ကို သတိထားမိသွားခဲ့ပါတယ်..။သူမရဲ့ မျက်လုံးတွေက တောက်ပသွားခဲ့တယ်..။သူမက ရှေ့ကို ခြေတစ်လှမ်းတိုးကာ တောက်ပစွာ ပြုံးလိုက်ပြီး..

“အရူးလေး..ငါ လမ်းလျောက်နိုင်နေပြီ..”

ဆန်နီ တစ်ခုခု ပြောချင်ခဲ့ပေမယ့်..ကိုယ့်ကိုကို ကြိုးစားပြီး အကြည့်ကို လွှဲလိုက်ရတယ်..။သူက လည်ချောင်းရှင်းလိုက်ပြီး..

“ဂုဏ်ယူပါတယ်..ငါ နင့်အတွက် တကယ်ပျော်ရွှင်မိတယ်..။ဒါပေမဲ့..ကျေးဇူးပြုပြီး..တစ်ခုခု ဝတ်လိုက်လို့ မရဘူးလား..”

အယ်ဖီ အကြိမ်အနည်းငယ် မျက်တောင် ခတ်ပြီးကာမှ အောက်ကို ငုံ့ကြည့်လိုက်တယ်..။သူမက စိတ်လှုပ်ရှားနေခဲ့တာကြောင့်..အိပ်စက်ခြင်းသေတ္တာကနေ ထွက်လာပြီးကတည်းက အဝတ်အစား ဝတ်ဖို့ မေ့နေခဲ့တာပါ..။

သူမ အနည်းငယ် ရှက်ရွံ့စွာ ပြုံးလိုက်ပြီး..

“အာ..ကောင်းပြီလေ…ဘာမှမမြင်သလို ဟန်ဆောင်နေလိုက်..”

မိန်းမပျိုလေးက အလျှင်အမြန်ပြေးသွားတဲ့ ခြေသံကို နားထောင်ရင်း ဆန်နီ သက်ပြင်းချလိုက်တယ်.။

“ငါ..ကြိုးစားပါ့မယ်..”

အယ်ဖီရဲ့ အသံက အိပ်ခန်းထဲကနေ ထွက်လာခဲ့တယ်..။

“ဆန်နီ..”

သူ ခေါင်းကို အနည်းငယ် စောင်းလိုက်ပြီး.

“ဘာလဲ..”

တစ်ခနလောက် တိတ်ဆိတ်သွားခဲ့ပါတယ်..။

“..တံခါးတွေ အတွက် စိတ်မကောင်းပါဘူး..။ပြီးတော့ နံရံတွေရောပဲ..”

ဆန်နီ မျက်နှာရှုံ့မဲ့သွားခဲ့တယ်..။

“ဒါက ကိစ္စကြီး မဟုတ်ပါဘူး..ခနလေး..နံရံတွေ တဲ့လား..။နံရံတွေ အများကြီးလား..။နင် ဘာတွေ လုပ်လိုက်တာလဲ..”

…

အယ်ဖီ အဝတ်အစား လဲနေတုန်းမှာတော့..ဆန်နီ ဟာ သူ့ အိမ်ကို ပတ်ကြည့်နေခဲ့တယ်..။

သူ ထွက်ခွာသွားခဲ့တဲ့ ခုနစ်လအတွင်းမှာ သန့်ရှင်းရေး စနစ်တွေက..အရာအားလုံးကို သပ်သပ်ရပ်ရပ် ရှိအောင် ထားထားခဲ့ပါတယ်..။ဧည့်သည် အိပ်ခန်းတံခါးက..ပျက်ဆီးနေပြီး..ကြမ်းပြင်ပေါ် ပြိုကျနေတဲ့ နံရံတွေကြောင့်သာ မဟုတ်ဘူး ဆိုရင်..သူက မနေ့ကမှ အိမ်ကနေ ထွက်ခွာသွားသလို ခံစားနေရမှာပါ..။

ဒါက အတော်လေး ထူးဆန်းတဲ့ ခံစားချက်တစ်ခုပါပဲ..။အရာတွေ အများကြီး ဖြစ်ပျက်ခဲ့ပြီး..အများကြီးလည်း ပြောင်းလဲခဲ့ပါတယ်..။သူကိုယ်တိုင်လည်း အများကြီး ပြောင်းလဲခဲ့တယ်..။အခုဆိုရင် သူက မာစတာ တစ်ယောက်ဖြစ်နေခဲ့ပါပြီ..။ဒါက ညဘုရားကျောင်း နဲ့ အိပ်မက်ဆိုးထဲမှာ အကြီးမားဆုံး ပြောင်းလဲမူတစ်ခုတော့ မဟုတ်ပါဘူး..။

ဒါတောင်မှ..ဒီနိုးထခြင်း ကမ္ဘာမှာတော့ အရာအားလုံးက အတူတူပဲ ရှိနေခဲ့ပါတယ်..။အရာရာတိုင်းက မပြောင်းလဲပဲ ရှိနေခဲ့တယ်..။

ဒါကို သူ ဘယ်လို ခံစားရမလဲတောင် မသိတော့ပါဘူး..။

သူ့ အိမ်ရဲ့ လုံခြုံမူက အရမ်းကို စိတ်သက်သာရာ ရစေခဲ့တယ်..။သို့ပေမယ့် ဘာကြောင့်မှန်း မသိ ..သူ့စိတ်ထဲမှာ နာကျင်မူကိုလည်း ခံစားနေခဲ့ရတယ်..။ဒီလို ဆန့်ကျင်ဘက်ခံစားချက်တွေက သူ့ကို စိတ်ရှုပ်ထွေးနေစေခဲ့တယ်..။

ဆန်နီ ခေါင်းခါယမ်းလိုက်ပြီး..သူ ထားရစ်ခဲ့တဲ့ နေရာကနေ စကားပြောစက်ကို သွားယူကာ အွန်လိုင်း ပြန်ပြောင်း လိုက်တယ်..။

စက်ထဲမှာတော့ သူ ပြန်ဖြေရမယ့် မက်ဆေ့တွေ အများကြီး ရှိနေပေမယ့်..ဒါတွေက အခုချိန်မှာ အရေးမကြီးသေးပါဘူး..။နောက်ဆုံး စာတစ်စောင်ကတော့..သူ့ရဲ့ အာရုံစိုက်မူကို ဖမ်းစားသွားခဲ့ပါတယ်..။

ဒါက ကတ်စီ ဆီကနေ ပို့ထားတာ ဖြစ်ပြီး.စာလုံးအနည်းငယ်သာ ပါဝင်နေခဲ့တယ်..။

“ငါ အဆင်ပြေတယ်..”

သူ အလျင်အမြန် စာပြန်လိုက်ပြီး..ကိုင် ဆီကို ဖုန်းခေါ်လိုက်ပါတယ်..။

သူ့ သူငယ်ချင်းက ဖုန်းကို စောင့်ဆိုင်းနေသလိုမျိုး ချက်ချင်း ပြန်ဖြေလာခဲ့တယ်..။ဆွဲဆောင်မူရှိတဲ့ လူငယ်လေးက..အဝတ်အစားတွေကို သေချာ ဝတ်ဆင်ထားခဲ့ပေမယ့်..သူ့ရဲ့ လှပတဲ့ ဆံပင်တွေက စိုစွတ်ကာ ရှုပ်ပွနေခဲ့ပါတယ်..။သူ့ရဲ့ နောက်မှာတော့ စတိုင်ကျတဲ့..စီးပွားရေး အနောက်တိုင်း ဝတ်စုံတွေကို ဝတ်ဆင်ထားကြတဲ့ လူတွေ ရှိနေခဲ့တယ်..။သူတို့ရဲ့ မျက်နှာပေါ်မှာတော့ အံ့ဩမူတွေ အထင်းသားပါပဲ..။သူတို့က ..သူ့ရဲ့ အေဂျင်စီ နဲ့ ကိုယ်စားလှယ်တွေ ဖြစ်လောက်ပါတယ်..။

ကိုင် ပြုံးလိုက်ပြီး..

“ဆန်နီ..။ဘာ..ဘာတွေဖြစ်သွားတာလဲ..။အိပ်မက်ဆိုးက ဘယ်လို ပြီးသွားတာလဲ..။အားလုံး အဆင်ပြေကြရဲ့လား..”

ဆန်နီ တစ်ခနလောက် တွေဝေသွားခဲ့ပြီး..

“ငါ အဆင်ပြေပါတယ်..။အယ်ဖီ နဲ့ ကတ်စီတို့လည်း အဆင်ပြေကြတယ်..။မင်း ဆေးဗားရက်ကို သတ်ပြီးတာနဲ့ အကုန်လုံးက အဆင်ပြေပြေ ပြီးသွားတာပဲ..”

လူငယ်လေးဟာ စိတ်သက်သာရာ သက်ပြင်းချလိုက်တယ်..။

“ကျေးဇူးပါ ဘုရားသခင်တို့..။ဒါပေမဲ့.. ဟိုတစ်ယောက်...”

သူ တိတ်ဆိတ်သွားခဲ့တယ်..။သူ့ ကြည့်ရတာ မော်ဒရက် ရဲ့နာမည်ကို ထုတ်မပြောချင်တဲ့ ပုံပါပဲ..။ယင်းနောက် ကိုင် ခေါင်းခါယမ်းလိုက်ပြီး..

“အမှန်တော့ မဖြေနဲ့ဦး..။ငါ နောက်ဆယ်မိနစ်လောက် နေရင် အဲ့ကို ရောက်လိမ့်မယ်..”

စကားပြောစက် စခရင် ပေါ်က ပုံရိပ်တွေက ပြောင်းလဲကာ..ပြတ်တောက်သွားခဲ့တယ်..။ဆန်နီ နောက်ဆုံး ကြားလိုက်တာကတော့ တစ်စုံတစ်ယောက်ရဲ့ အသံပါပဲ..။

“မစ္စတာ နိုက်..။ပြတင်းပေါက်နားကနေ ဖယ်ပေးဦး ဆိုတာ ဘာကို ပြောတာလဲ..”

ဆနနီ စကားပြောစက်ကို အောက်ချပြီး ပြုံးလိုက်ပါတယ်..။

မီးဖိုချောင် စားပွဲပေါ်ကို ပြိုလဲကျနေတဲ့ နံရံတစ်ခုက သူ့ရဲ့ မြင်ကွင်းထဲကို ဝင်ရောက်လာခဲ့တယ်..။ကျန်တဲ့နေရာတွေကတော့ အကုန်လုံး ရှင်းလင်းပြီး ပြောင်လက်နေခဲ့တာပါ..။

…ဆန်နီ အပျက်အစီးတွေကို အဆင်မပြေစွာ ကြည့်နေတုန်းမှာပဲ..အောက်ဘက်ကနေ လက်တစ်ဖက် ထွက်လာခဲ့ပြီး..အဲ့အရာတွေကို ကြမ်းပြင်ပေါ် အလွယ်တကူ ဖယ်ရှားသွားခဲ့ပါတယ်..။

အပိုင်း ( ၇၄၆ ) ပြီး၏။

အပိုင်း ( ၇၄၇ ) မမြင်ရတဲ့ ဒဏ်ရာများ..

ပုံမှန်အားဖြင့် ဆိုရင်တော့..ကိုင် အနေနဲ့ မြို့ကို ဖြတ်ကျော်ပြီး တိတ်ဆိတ်ငြိမ်သက်တဲ့ အိမ်ယာဆီကို ရောက်လာဖို့အတွက် အချိန်တွေအများကြီးပေးရမှာပါ..။သို့ပေမယ့် ဒီနေ့မှာတော့..နာမည်ကြီးတဲ့ အိုင်ဒေါဟာ လူတွေမမြင်အောင် သွားလာတတ်တဲ့ သူ့ရဲ့ အလေ့အကျင့်ကိုတောင် ဂရုမစိုက်တော့ပေ..။ကြည့်ရတာတော့ သူ့ရဲ့ အမြန်နှုန်းကလည်း သိသိသာသာသကို မြင့်တက်လာခဲ့တဲ့ ပုံပါပဲ..။ဘာလို့လဲဆိုတော့..သူက ဆယ်မိနစ် အတွင်းမှာပဲ ဆန်နီရဲ့ တံခါးရှေ့ကို ရောက်လာနိုင်ခဲ့တာပါ..။

ဒါကြောင့်လည်း..သူ့နောက်ကို လိုက်နေကြတဲ့ သတင်းထောက်တွေ အုပ်လိုက်ကြီးကို မတွေ့ခဲ့ရပါဘူး..။

သူတို့ ကတ်စီကို စောင့်နေကြတုန်းမှာတော့. အယ်ဖီဟာ ဘာမှမရှိတဲ့ ရေခဲသေတ္တာကို သေချာမွှေနှောက်ရှာပြီး..စိတ်ပျက်လက်ပျက်နဲ့ သက်ပြင်းချကာ ပြန်လျောက်လာခဲ့ပါတယ်..။

“ဘာမှလည်း စားစရာ မရှိဘူး..”

မုဆိုးမိန်းကလေး ဖျက်ဆီးခဲ့တဲ့ ဧည့်ခန်းကို လေ့လာနေခဲ့တဲ့ ဆန်နီဟာ သူမကို နက်မှောင်စွာ လှမ်းကြည့်လိုက်တယ်..။

“ငါတို့ထွက်သွားတာက..လပေါင်းများစွာ ကြာနေပြီလေ..။နင်က ဘာကို‌မျှော်လင့်နေတာလဲ..”

အယ်ဖီဟာ ဝမ်းနည်းတဲ့ မျက်နှာအမူအရာနဲ့ ပုခုံးတွန့်လိုက်တယ်..။

“ဒါပေမဲ့ ငါ ဗိုက်ဆာတယ်လေ..”

ဆန်နီ စိတ်ပျက်လက်ပျက်နဲ့ အသက်ကို ရူသွင်းလိုက်တယ်..။

“…နင်စားချင်ရင်..ငါ့ဆီမှာ ဆီသွပ်ဗူး တစ်ချို့တော့ ရှိနေသေးတယ်..”

သူမ တစ်ခုခု ပြန်ပြောဖို့ ပြင်လိုက်ပေမယ့် အဲ့အချိန်မှာပဲ..တံခါးခေါက်တဲ့ အသံက ထွက်ပေါ်လာခဲ့ပါတယ်..။မောက်မာတဲ့ အရိပ်ကသာ အပြင်မှာ စောင့်ကြပ်နေတာ မဟုတ်ဘူး ဆိုရင်..ဆန်နီ စိုးရိမ်မိသွားမှာပါ..။သို့ပေမယ့်..သူ့ရဲ့ အရိပ်က ဒီလိုအလုပ်မျိုးက သူ့အတွက် နိမ့်ကျလွန်းတဲ့ပုံစံ နဲ့ စိတ်မပါတပါ စောင့်ကြပ်ပေးနေခဲ့ပါတယ်..။

ဒါ့ကြောင့်..ဒါက ကတ်စီဆိုတာကို သူ သိထားနှင့်ပြီးနေပါပြီ..။

မျက်မမြင် မိန်းကလေး က အထဲကို ဝင်လာခဲ့ပြီး ခနလောက် ငြိမ်သက်သွားခဲ့တယ်..။ယင်းနောက် မွှေးကြိုင်တဲ့ အထုပ်တစ်ထုပ်ကို မြှောက်ပြလိုက်ပါတယ်..။

“ငါ စားစရာတွေယူလာတယ်..”

အယ်ဖီက ကိုင်ကို တစ်ချက်လှမ်းကြည့်လိုက်ကာ..ပြုံးလိုက်တယ်..။

“တွေ့လား…တစ်စုံတစ်ယောက်ကတော့..အလိုက်သိတတ်သားပဲ..”

သို့ပေမယ့် သူမက လေးသည်တော်ကိုတော့ အကြာကြီး မကြည့်ခဲ့ပါဘူး..။

ကိုင်က အမြဲတမ်း ခန့်ညားနေတဲ့ လူတစ်ယောက်ဆိုပေမယ့် မာစတာ တစ်ယောက်ဖြစ်လာပြီးတဲ့ နောက်မှာတော့..သူ့ရဲ့ အသွင်အပြင်က..မှော်ဆန်လောက်အောင် ညို့ယူဖမ်းစားနိုင်လွန်းလှပါတယ်..။တစ်စုံတစ်ယောက်က သူ့ကို အကြာကြီး စိုက်ကြည့်မိရင်..စိတ်တွေလွင့်ပါး သွားဖို့က အရမ်းကို လွယ်ကူနေပါပြီ..။

အမှန်တော့..သူတို့လေးယောက်စလုံးက အတိုင်းအတာ တစ်ခုအထိ ကြည့်လို့ ကောင်းလာခဲ့ကြပါတယ်..။ကိုင် နဲ့ ကတ်စီကို ခနလောက် လေ့လာကြည့်ပြီးတဲ့နောက်မှာတော့..ဆန်နီ အကူအညီမဲ့စွာ ပဲ ခေါင်းခါယမ်းလိုက်တယ်..။သူ့ မျက်နှာပေါ်မှာတော့ အံ့ဩတဲ့ အမူအရာတစ်ခု ရှိနေခဲ့ပါတယ်..။အနည်းဆုံးတော့ တက်ရောက်သူတွေထဲမှာ မာစတာဂျက်က ဘာလို့ သူ့ကိုယ်သူ သာမန်ပဲလို့ ပြောခဲ့တာလဲ ဆိုတာကို ဆန်နီ သဘောပေါက်သွားခဲ့တယ်..။

ဒါတောင်မှ..မာစတာဂျက်လို လူမျိုးကို သာမန် ဆိုတဲ့ စကားလုံးနဲ့ တွဲဖက်လိုက်တာက မှားယွင်းနေပါသေးတယ်..။ဂျက် က သူတွေ့ဖူးသမျှတွေထဲမှာ ဘယ်သူနဲ့မှ မတူတဲ့ ဆွဲဆောင်မူမျိုးကို ပိုင်ဆိုင်ထားခဲ့တာပါ.။အခုချိန်မှာ သူတို့လေးယောက်စလုံးကလည်း မာစတာတွေ ဖြစ်နေကြပြီ ဆိုပေမယ့်..သူမရဲ့ တည်ရှိမူမျိုးကို ယှဉ်နိုင်ဖို့တော့ လိုအပ်နေပါသေးတယ်..။

ပြီးတော့ ဆန်နီ ကိုယ်တိုင်ကရော..

စိတ်ဝိဉာဉ် ရိတ်သိမ်းသူ ခန့်မှန်းခဲ့သလိုမျိုး..သူကလည်း..ပန်းပွင့်ကောင်လေး တစ်ယောက်ဖြစ်နေပြီလား ဆိုတာကိုတော့ သေချာမသိပေမယ့်..အခုဆိုရင် သူ့ကိုယ်သူ သာမန်ပဲလို့တော့ ပြောလို့ မရတော့ပါဘူး..။မြို့ပြင်က ပိန်လှီတဲ့ ကောင်လေးက မရှိတော့ပေ..။အဲဒီအစား..ဖြူစင်တဲ့ အသားအရည် ၊ အနက်ရောင် မျက်လုံးတွေနဲ့ လူငယ်လေး တစ်ယောက်သာ ရှိပါတော့တယ်..။

မျက်လုံးတွေထဲက နက်ရှိုင်းတဲ့ အပိုင်းမှာတော့..ဆန်နီကိုယ်တိုင်ပဲ မြင်နိုင်တဲ့ ဝီဗာရဲ့ တားမြစ်ထားတဲ့ အမွေအနှစ်က နတ်ဘုရား မီးတောက်တွေနဲ့အတူ တောက်ပနေခဲ့ပါတယ်…။

သူတို့လေးယောက်သားဟာ စားပွဲမှာ ထိုင်လိုက်ကြပြီး အစားအသောက်တွေကို တိတ်တဆိတ်စားသောက်လိုက်ကြပါတယ်..။

အိပ်မက်ဆိုးကို အောင်မြင်လိုက်တဲ့ အတွက် သူတို့က စိတ်လှုပ်ရှားနေကြသင့်တယ် ဆိုပေမယ့်…ဘယ်သူကမှ ပျော်ရွှင်ပုံ မရပါဘူး..။ကောင်းပြီလေ..အယ်ဖီက လွဲလို့ပေါ့..။သူမကတော့..သူမရဲ့ ခွန်အားပြည့်ဝနေတဲ့ ခန္တာကိုယ်ကို ပြန်ပြန်ကြည့်ရင်း..သဘောတွေကျနေခဲ့တာပါ..။မုဆိုးမိန်းကလေးက အတော်လေးကို ပျော်ရွှင်နေခဲ့တယ်..။

သို့ပေမယ့်..ကျန်တဲ့ သုံးယောက်ကတော့ နာကျင်မူ ၊ ပင်ပန်းမူ နဲ့ စိတ်ထဲမှာ ဟာလာဟင်းလင်း ဖြစ်နေသလို ခံစားနေကြရတယ်..။

သူတို့က ဘာလို့ မခံစားကြရမှာလဲ..။အိပ်မက်ဆိုးထဲမှာတုန်းက သူတို့အတွက် အားနည်းဖို့ အချိန်ဆိုတာ မရှိခဲ့ကြပါဘဘူး..။သူတို့ရဲ့ ဝိဉာဉ်တွေထဲမှာ ဘယ်လောက်တောင် နက်ရှိင်းတဲ့ ဒဏ်ရာတွေပဲ ရနေပါစေ..သူတို့က ဆက်လက်ပြီး သွားနေကြရပါတယ်..။အခုချိန်မှာ အန္တရာယ်ကို ကျော်လွှားပြီး..အဖွဲ့သားတွေအကုန် အစစ်အမှန်ကမ္ဘာကို ပြန်ရောက်လာကြပြီဆိုတော့..သူတို့ရဲ့ မမြင်ရတဲ့ အမာရွက်တွေက..တည်ရှိမူကို စတင် ပြသလာခဲ့ပါတယ်..။

အနီရောင် အဆောက်အဦးက သတ်ဖြတ်မူတွေ ၊ အိပ်မက်ဆိုးတွေ ၊ ဆင်စွယ်ရောင်မြို့တော်က သတ်ဖြတ်မူတွေ အားလုံးက..ဆန်နီကို ခြောက်လှန့်ဖို့အတွက် ဖြည်းဖြည်းချင်းပဲ ပြန်လာခဲ့ကြပါပြီ..။

သံသယရှိစရာ မလိုအောင်ပဲ..တစ်ခြားလူတွေလည်း..ဖြေဖျောက်ရမယ့် စိတ်ဒဏ်ရာတွေ ရှိနေမှာ အသေအချာပါပဲ..။

အချိန်အတော်ကြာပြီးကာမှ..ကိုင်က ..သူ့ကိုယ်တိုင်အတွက် လဖက်ရည်တစ်ခွက် ငှဲ့လိုက်ပြီး..ဆန်နီကို ကြည့်ကာ မေးလိုက်တယ်..။

“ဒီတော့ ဘာတွေဖြစ်သွားတာလဲ..။ဆေဗားရက်က ငါ့ကို မြိုချလိုက်ပြီးကတည်းက ငါလည်း ဘာမှ မမှတ်မိတော့ဘူး..”

အယ်ဖီ ဒီစကားကို ကြားပြီး ခရင်းလွတ်ကျသွားခဲ့ကာ..လေးသည်တော်ကို အံ့ဩတကြီး ကြည့်နေခဲ့တယ်..။

“ဘယ်ဟာကို ..မြိုချလိုက်တာ..။နင့်ကို နဂါးက မြိုချလိုက်တာလား..”

ကိုင်က ရှက်ရွံ့စွာ ပြုံးလိုက်ပြီး..

“အိုး..အဲလိုလည်း မဟုတ်ပါဘူး..။ငါက ဒီတိုင်း..သူ့ ပါးစပ်ထဲကို ဝင်သွားခဲ့တာ..။ဘာလို့လဲဆိုတော့ ငါလည်း သူ့ကို ဘယ်လိုသတ်ရမလဲ ဆိုတာ မသိတော့ဘူးလေ..”

အယ်ဖီ အကြိမ်အနည်းငယ် မျက်တောင်ခတ်လိုက်ပြီး ဘာမှမပြောခဲ့ပေ…။သူမက အစာစားဖို့အတွက်တောင် တစ်ခနလောက် မေ့သွားခဲ့ပါတယ်..။

ဆန်နီ အောက်ကိုငုံ့ကာ သက်ပြင်းချလိုက်တယ်..။

“ဘာမှသိပ်မဖြစ်ခဲ့ဘူး..။ငါက..ငါးယောက်မြောက်စိန်ခေါ်သူကို အတော်ကြအောင် အချိန်ဆွဲထားနိုင်ခဲ့တယ်..။ငါက ဓားတွေကို ဘယ်သူ့ကိုမှ မပေးဖူးလို့ ထင်ထားခဲ့တာကြောင့်..သူက ငါ လှည့်စားတာကို ခံလိုက်ရတယ်လေ..။မင်း နဂါးကို သတ်ပြီးသွားတဲ့နောက်မှာတော့..သူလည်း ဆက်နေစရာ အကြောင်းမရှိတော့ဘူး..။ဒါကြောင့်..သူက အိပ်မက်ဆိုး မပြီးဆုံးခင်မှာ တစ်ခြားဆုလာဒ်တွေကို ယူဖို့ ထွက်သွားခဲ့တာ.။ပြီးတော့..ငါက ဆင်စွယ်ရောင် ကျွန်းဆီကို သွားခဲ့တယ်..”

သူက တစ်ခနလောက် တိတ်ဆိတ်နေခဲ့ပြီးမှ ထပ်ပြောလိုက်တယ်..။

“ဆေးဗားရက် သေပြီးသွားတော့..ကျန်နေသေးတဲ့ ချိန်းကြိုး နှစ်ချောင်းထဲက တစ်ချောင်းက ပြတ်တောက်သွားတယ်..။ပြီးတော့..ပြီးတော့..နောက်တစ်ချောင်းလည်း ပြတ်သွားခဲ့တယ်..။တာဝါက ကောင်းကင်ပေါ်ကို ထိုးတက်သွားခဲ့တယ်..။အဲလို ဖြစ်သွားတာနဲ့..ကျွန်းတွေကို လွင့်မြောနေစေတဲ့ ဖိအားက ပျောက်ကွယ်သွားပြီး..ဖိအားတစ်ခု ဖြစ်လာစေခဲ့တယ်လေ..။အဲလိုကနေ ချိန်းကျွန်းစု ဖြစ်လာခဲ့တာပဲ..။မျှော်လင့်ချက်က လွတ်မြောက်သွားတဲ့ အခါမှာတော့..အိပ်မက်ဆိုးလည်း အဆုံးသတ်သွားခဲ့တယ်..”

စားပွဲပေါ်မှာတော့ တိတ်ဆိတ်မူက ကြီးစိုးသွားခဲ့တယ်..။အချိန်အတော်ကြာပြီးတဲ့နောက်မှာတော့ ကတ်စီက မေးလာခဲ့ပါတယ်..။

“ဒီတော့…ဒီတော့ နိုတစ်လည်း သေသွားခဲ့တာပေါ့..”

ဆန်နီ ဖြည်းညှင်းစွာ ခေါင်းညိမ့်လိုက်တယ်..။

“ဟုတ်တယ်..။သူက ငါ့ဆီက မီးတောင်ကျောက်ဓားကို တောင်းပြီဂ..နောက်ဆုံးကြိုးကို သူကိုယ်တိုင် ဖြတ်တောက်ခဲ့တာပဲ…”

အယ်ဖီ သက်ပြင်းချလိုက်ပြီး သူမရှေ့က လဖက်ရည်ခွက်ကို ကြည့်လိုက်တယ်..။

“ချီးပဲ..သူ့ကို ဂုဏ်ပြုဖို့ ဒီထက် နည်းနည်းပြင်းတဲ့ သောက်စရာ ရှိရင် ကောင်းမှာပဲ..။ဝိုင် တစ်ချို့ ဆိုရင်လည်း မဆိုးဘူး..။နိုတစ်က ကောင်းကျစ် ဆိုးသွမ်းပြီး လှည့်စားတတ်တဲ့ အရူးပဲ..။ဒါပေမဲ့..သူက ကြီးကျယ်ခမ်းနားတဲ့ လူတစ်ယောက်ဆိုရင်လည်း ဟုတ်တယ်..။တစ်နည်းနည်းနဲ့ပေါ့..သိတယ်မလား..”

သူမ လွမ်းဆွတ်တမ်းတစွာ ပြုံးလိုက်ပြီး..ခေါင်းခါယမ်းလိုက်ပါတယ်..။

“ဒါက မထူးဆန်းနေဘူးလား..။အခိုက်အတန့်ရဲ့ ပုံရိပ်ယောင်တစ်ခုကြောင့် ဝမ်းနည်းပူဆွေးနေရတာက..။ဘာပဲဖြစ်ဖြစ် အဲတာတွေက အစစ်အမှန်တွေမှ မဟုတ်တာ..”

အယ်ဖီက နိုတစ် တစ်ယောက်တည်း ကို ပြောနေတာ မဟုတ်ဘူးဆိုတာ သိနေတာကြောင့် ဆန်နီ ခေါင်းကို ငုံ့ထားခဲ့ပါတယ်..။

ယင်းနောက် သူ့ နှုတ်ခမ်းတွေက အပေါ်ကို တွန့်ကွေးသွားခဲ့တယ်..။

သူ လဖက်ရည်ခွက်ကို မြှောက်လိုက်ပြီး..ပြုံးလိုက်ပါတယ်..။

“..အမှန်တော့..သူက ငါတို့ကို လဖက်ရည်သောက်ပြီး အနားယူစေချင်ခဲ့တာပဲ..။အဲတာကပဲ သူ့အစီစဉ်ဖြစ်လိမ့်မယ် ..သိတယ်မလား..။အင်မော်စင် သူတော်စင်တွေနဲ့ တိုက်တဲ့ တိုက်ပွဲမှာ အနိုင်ရမယ် ၊ နတ်ဘုရားတွေကို ဆန့်ကျင်မယ် ၊ အလိုဆန္ဒ နတ်ဆိုးကို အကျဉ်းထောင်ကနေ လွှတ်ပေးမယ်..၊ ပြီးရင်တော့ ..လဖက်ရည်တစ်ခွက်သောက်မယ်..”

ဆန်နီ တစ်ငုံသောက်လိုက်ပြီး..စိတ်ကျေနပ်စွာ သက်ပြင်းချလိုက်ပါတယ်..။

“ဒီတော့..အနားယူပြီး အဲဒီအစီအစဉ် အတိုင်းလေပဲ လုပ်ကြရအောင်..။အနည်းဆုံးတော့ ငါတို့က ဒီလောက်တော့ ထိုက်တန်ကြတယ်လေ…အဲလိုမထင်ဘူးလား..”

အပိုင်း ( ၇၄၇ ) ပြီး၏။

All Chapters