အခန်း (၇၄၈-၇၅၀)
Vol. 50 Ch. 748-750
အပိုင်း ( ၇၄၈ ) ငယ်ရွယ်သော မာစတာ များ..
အချိန်တစ်ချို့ကြာပြီးတဲ့နောက်မှာတော့..ဆန်နီဟာ အိမ်ထဲကနေ ထွက်လာခဲ့ပြီး ဝရန်တာမှာ တစ်ယောက်တည်း လာထိုင်နေခဲ့ပါတယ်..။
သူ့အတွေးတွေကေတာ့ ရှုပ်ထွေးနေခဲ့ပါတယ်..။
အရာတွေအများကြီး ပြောင်းလဲသွားခဲ့သလို ..အရာတွေ အများကြီး ဖြစ်ပျက်သွားခဲ့တယ်..။နောက်ထပ်ရက်အနည်းငယ် ကြာတဲ့ အချိန်မှာလည်း အရာတွေ အများကြီး ဖြစ်ပျက်လာဦးမှာပါ..။သူ့ရဲ့ ဘဝက ရှောင်လွှဲလို့ မရနိုင်လောက်အောင် ပြောင်းလဲတော့မှာဖြစ်ပြီး ဒီပြောင်းလဲမူက အကောင်းဘက်ကို ဦးတည်နေဖို့သာ သူ မျှော်လင့်မိပါတယ်..။
သို့ပေမယ့်..ဒီအဖြစ်အပျက်တွေကြားထဲမှာ..သူ ကျော်ဖြတ်ရမယ့် အတားအဆီးတွေနဲ့..ချမှတ်ရမယ့် ဆုံးဖြတ်ချက်တွေ အများကြီး ရှိနေခဲ့ပါတယ်..။သူက ပြောင်းလဲမူတွေကနေ ပျက်ဆီးထိခိုက်မူတွေ မရှိအောင် လုပ်ဖို့လည်း လိုအပ်နေပါသေးတယ်..။ဆန်နီက အတော်လေး သန်မာလာခဲ့ပြီး သူ့ကို လွယ်လွယ်ကူကူ ခြိမ်းခြောက်လို့ မရနိုင်တော့ဘူး ဆိုပေမယ့်လည်း..သူ ရင်မဆိုင်ရဲတဲ့ ခြိမ်းခြောက်မူတွေက ရှိနေပါသေးတယ်..။
သူ သက်ပြင်းချပြီး အောက်ကို ငုံ့ကြည့်လိုက်တယ်..။
‘ငါက မာစတာ တစ်ယောက်..’
ဒီအသိက သူ့စိတ်ထဲမှာ ရှိနေခဲ့ပေမယ့် အမှန်တကယ်တော့ နားလည်သဘောပေါက်ဖို့ လိုအပ်နေပါသေးတယ်..။တစ်ချိန်ကတော့…တက်ရောက်သူ ဆိုတာက သူ့အတွက် အတော်ကြီးကို ကြီးကျယ်ခမ်းနား ခဲ့တာပါ..။ဒါက နတ်ဘုရားတစ်ပိုင်း မဟုတ်ကြပေမယ့်..သာမန် လူသားတွေလည်း မဟုတ်ကြတော့ပါဘူး..။သို့ပေမယ့်..အခုချိန်မှာတော့ သူကိုယ်တိုင်က လေးစားခံဖြစ်တည်မူ အဖြစ်ကို ရောက်နေခဲ့ပါပြီ..။သူ့ရဲ့ သွေးကြေားတွေထဲမှာ စီးဆင်းနေတဲ့ လူသားမဆန်တဲ့ စွမ်းအားတွေကို သူ ခံစားနေခဲ့ရတယ်..။
ဒါက သူ ချက်ချင်းကြီး ကျင့်သားရနိုင်တဲ့ အရာတစ်ခု မဟုတ်ပါဘူး..။
ဒါတောင်မှ..အချိန်က သိပ်မရှိပေ..။သူ့အနေနဲ့..လျှင်မြန်စွာပြောင်းလဲနေတဲ့ အခြေအနေတွေကို ကျင့်သားရဖို့ အတွက် အချိန်ရှိမှာ မဟူတ်ဘူးလို့ ဆန်နီ ခံစားနေရပါတယ်..။သူ့ မှာ လုပ်စရာတွေ အများကြီး ရှိနေပြီး အဲတာတွေကို ချက်ချင်း လုပ်ဆောင်ရပါလိမ့်မယ်..။
‘ဒီတိုင်း တစ်ကြိမ်မှာ ခြေတစ်လှမ်းချင်းစီပဲသွားကြတာပေါ့..’
သူက အခုချက်ချင်း ဘာလုပ်ဖို့ လိုအပ်နေတာလဲ…
ပထမဆုံး အီကို ကို ဖုန်းဆက်ရမယ်..။သူ ပြန်ရောက်နေပြီ ဆိုတာကို သူ့ရဲ့ စီးပွားဖက် ပါတနာကို အသိပေးဖို့ လိုအပ်သလို..ရိမ်းက ဘာတွေ လုပ်နေလဲ ဆိုတာကိုလည်း သိဖို့ လိုအပ်ပါတယ်..။
ပြီးရင်တော့..အဖြူရောင် တောင်ပံ မျိုးနွယ်စုနဲ့ ဆက်သွယ်ဖို့ နည်းလမ်းရှာပြီး..ညဘုရားကျောင်းက နောက်ဆက်တွဲ ပြသနာတွေကို..စုံစမ်းကြည့်ရမှာပါ..။ဒါပေမဲ့ ဒါကိုတော့ ကတ်စီကို ကိုင်တွယ်ခိုင်းလို့ ရပါတယ်..။
နောက်ဆုံးမှာတော့ သူ မာစတာဂျက် နဲ့ ဆက်သွယ်ရမယ်..။အဆိုးပဲဖြစ်ဖြစ် ၊ အကောင်းပဲဖြစ်ဖြစ်..သူမက ဆန်နီကို ကိုင်တွယ်ပေးရတဲ့ သူဖြစ်ပြီး အစိုးရနဲ့ ဆက်သွယ်ပေးတဲ့ လူဆိုလည်း ဟုတ်ပါတယ်..။တကယ်လို့..ကြီးမြတ်တဲ့ ကလန်တွေနဲ့အခြေအနေတွေ ဆိုးဝါးလာခဲ့မယ်ဆိုရင်..အစိုးရက..သူ့ကို ကာကွယ်ပေးနိုင်တဲ့ တစ်ခုတည်းသော အင်အားစု ဖြစ်လာတော့မှာပါ..။ဒါပေါ့..ဒီအတွက် အဖိုးအခတော့ ပြန်ပေးဆပ်ရမှာ အမှန်ပါပဲ..။
ဆန်နီ မျက်နှာရှုံ့မဲ့သွားခဲ့တယ်..။
‘အခုတော့ မဟုတ်သေးဘူး..အရင်ဆုံး ငါ့ရဲ့ အတွေးတွေကို စုစည်းဖို့ လိုအပ်တယ်..’
သူ နောက်ကို မှီလိုက်ကာ..ရင်းနှီးပြီး တိတ်ဆိတ်ငြိမ်သက်နေတဲ့ ရူခင်းကို ကြည့်လိုက်ပါတယ်..။
ကြီးမြတ်တဲ့ ကလန်တွေက..မယုံနိုင်လောက်အောင် အင်အားကောင်းကြတာ မှန်ပေမယ့်..ဆန်နီနဲ့ ကျန်တဲ့ အဖွဲ့သားတွေကို ကိုင်တွယ်ဖို့ အတွက်ကတော့ အရင်လို လွယ်ကူတော့မှာ မဟုတ်တော့ပါဘူး..။အခုဆိုရင် သူတို့ လေးယောက်စလုံးက မာစတာတွေ ဖြစ်နေကြပြီဖြစ်ပြီး..ထူးချွန်အဆင့်တွေလည်း ပါဝင်ကြပါတယ်..။သူတို့က ဒုတိယမြောက် အိပ်မက်ဆိုးကို အနိုင်ယူခဲ့ယုံတင်မကပဲ..နိုးထပြီး တစ်နှစ်အကြာမှာတင် မျိုးစေ့ထဲကို ဝင်ရောက်စိန်ခေါ်အနိုင်ယူခဲ့ကြတဲ့ ငယ်ရွယ်တဲ့ လူတွေဆိုရင်လည်း ဟုတ်ပါတယ်..။
သူတို့ တစ်ယောက်ချင်းစီတိုင်းက..အရမ်းကို အားကောင်းတဲ့ စွမ်းရည်တွေကို ပိုင်ဆိုင်ထားကြတာကိုတော့ ပြောနေစရာတောင် မလိုအပ်တော့ပါဘူး..။
အယ်ဖီရဲ့ စွမ်းရည်ကတော့ အသုံးဝင်ဆုံး ဖြစ်နေနိုင်ပါတယ်..။မုဆိုးမိန်းကလေး အနေနဲ့ နောက်ထပ် အသုံးဝင်တဲ့ ကိုယ်ခံပညာ စွမ်းရည်ကို ရရှိနိုင်လိမ့်မယ်လို့ ဆန်နီ မျှော်လင့် ထားခဲ့ပေမယ့်..အဲဒီအစား သူမရဲ့ စွမ်းအား အသစ်က မဟာမိတ်တွေကို သူမကို မြင်တွေ့တာနဲ့ ခွန်အားတွေ မြင့်တက်လာစေမယ့် စွမ်းအား ဖြစ်နေခဲ့ပါတယ်..။ဒါက သူမရဲ့ အံ့မခန်း ရုပ်ပိုင်းဆိုင်ရာ ခွန်အား မြှင့်တင်မူရဲ့ တစ်စိတ်တစ်ပိုင်းကို ခွဲဝေပေးလိုက်သလိုပါပဲ..။
အယ်ဖီက သူမရဲ့ စွမ်းရည်အသစ်ကို စိတ်အားထက်သန်စွာ စမ်းသပ်ပြနေတုန်းက..ဆန်နီ ကိုယ်တိုင် ခံစားမိလိုက်တဲ့အချိန်မှာ ဒီစွမ်းအားက တကယ်ကို ကောင်းမွန်တယ်ဆိုတာကို လက်ခံမိခဲ့ပါတယ်..။ဒါက လူငယ်မိန်းကလေး ရရှိတဲ့ ခွန်အားလောက်တောင့် အားမကောင်းပေမယ့် အတော်လေးကို ကောင်းမွန်နေပါသေးတယ်..။
ပိုပြီး အံ့ဩဖို့ကောင်းတာက..သူမကို မြင်နေရသ၍ လူဘယ်နှစ်ယောက်မဆို..ဒီခွန်အားတွေ ဝေမျှပေးနိုင်တာပါပဲ..။ဒါက သူမအတွက် အဆီအနှစ်တွေ ကုန်ဆုံးစေမှာ မဟုတ်ပေ..။အခြေခံအားဖြင့်တော့ အဖွဲ့သားတွေပဲဖြစ်ဖြစ်..တစ်ခြားအဖွဲ့တွေပဲဖြစ်ဖြစ်..အယ်ဖီ ဘက်ကနေသာ ကူတိုက်ခိုက်ပေးမယ် ဆိုရင်..အများကြီး အကျိုးရှိနိုင်ပါလိမ့်မယ်..။
ဒါပေါ့..မာစတာတွေဆိုတာက အများအားဖြင့်တော့ တစ်ယောက်တည်းသာ လှုပ်ရှားတတ်ကြပါတယ်..။တက်ရောက်သူတွေ ချည်းပဲ အဖွဲ့တစ်ခု ဖွဲ့စည်းဖို့ ဆိုတာက မာစတာ လူဦးရေ မလုံလောက်သလို လုပ်စရာတွေလည်း များလွန်းလှပါတယ်..။သို့ပေမယ့်..ဒီလိုဆိုတာနဲ့ပဲ မာစတာတွေက သူတို့ဘေးနားမှာ နိုးထသူ စစ်သည်တော် ဒါမှမဟုတ် သာမန် စစ်သည်တော်တွေ မထားထားဘူး လို့ မဆိုလိုပါဘူး..။ဂိတ်ကို ထိန်းချုပ်ဖို့အတွက် အစိုးရအဖွဲ့တွေ မတိုင်ခင်..မာစတာဂျက် ရောက်လာတုန်းက ဆန်နီ ဒီလိုအရာမျိုးကို မြင်တွေ့ခဲ့ဖူးပါတယ်..။
ဒီတော့..အယ်ဖီက လူသားတွေရဲ့ အင်အားစုတွေကြားထဲမှာ အတော်လေးကို ပေါ်ပြူလာ ဖြစ်လာတော့မှာပါ.။
ကိုင်ကလည်း တစ်ချို့သော အကြောင်းပြချက်တွေကြောင့် အလားတူ အခြေအနေပါပဲ..။
သူ့ရဲ့ တက်ရောက်မူ စွမ်းရည်က ထူးဆန်းသလို ..အတော်လေးလည်း ကြောက်မက်ဖွယ်ကောင်းပါတယ်..။သူတို့အပါအဝင်..ကိုင်ကိုယ်တိုင်တောင်မှ..ဒီစွမ်းရည်ရဲ့ အတိုင်းအတာ အပြည့်အဝကို မစမ်းသပ်ကြရသေးပေ..။သို့ပေမယ့်..သူ့ရဲ့ လုပ်ဆောင်နိုင်ခြေကတော့ အတော်လေးကို ကျယ်ပြန့်လွန်းမှာပါ..။
အခြေခံအားဖြင့်တော့..ကိုင် ရဲ့ အသံက သူ့အမိန်းကို ကြားရတဲ့ လူတွေကို အမှန်တကယ် လိုက်နာလာအောင် လုပ်နိုင်တဲ့ သဘာဝလွန်စွမ်းအားတွေကို ပိုင်ဆိုင်ထားခဲ့တယ်..။ရလာဒ်နဲ့ အကျိုးဆက်ကတော့..ဒီအပေါ်မှာ သူ အဆီအနှစ် ဘယ်လောက်သုံးမလဲနဲ့..သူ့ရဲ့ ပစ်မှတ်က ဘယ်လောက်အထိ ခုခံနိုင်မလဲ ဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်..။
စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မူတွေကို ခုခံနိုင်စွမ်းမြင့်မားတဲ့လူတွေ ဒါမှမဟုတ် စိတ်စွမ်းအား သန်မာတဲ့ လူတွေကို တိုက်ရိုက် အမိန့်ပေးဖို့ကတော့ မလွယ်ကူပါဘူး..။ဉပမာအနေနဲ့ ကိုင်က တစ်ခြား တက်ရောက်သူ တစ်ယောက်ကို လက်နက်ချဖို့ အမိန့်ပေးမယ်ဆိုရင်..သူတို့တွေက ဒီအမိန့်ကို ငြင်းဆန်နိုင်ကြပါလိမ့်မယ်..။
..သို့ပေမယ့် သူတို့ရဲ့ လက်နက်ကို ကိုင်ထားတဲ့ အားက လျော့နည်းသွားပြီး..သူတို့ရဲ့ တိုက်ခိုက်မူတွေက နှေးကွေးသွားမှာတော့ အမှန်ပါပဲ..။
ဒီစွမ်းအားက ပြောင်းပြန်အနေနဲ့ လည်း အလုပ်လုပ်ပါသေးတယ်..။ကိုင်အနေနဲ့ ဒီစွမ်းအားကို ရန်သူတွေ ဆီမှာပဲ အသုံးပြုစရာ မလိုပါဘူး..။သူက မဟာမိတ်တွေ အပေါ်မှာ ပြင်းပြင်းထန်ထန် တိုက်ခိုက်ဖိူ့ အသုံးပြုနိုင်သလို..နေရာမပျက်ခုခံကြဖို့ အတွက်လည်း အသုံးပြုနိုင်ပါတယ်..။သူက လူအုပ်ကြီးထဲမှာ သူအလိုရှိတဲ့ ခံစားချက်မျိုး ဖြစ်လာအောင် လုပ်နိုင်သလို..သေမင်းဆီကိုလည်း ခေါ်ဆောင်သွားနိုင်ပါသေးတယ်..။
ဒီစွမ်းရည်က အာဏာပိုင်တွေအတွက်တော့ မဖိုးမဖြတ်နိုင်လောက်တဲ့ အရာတစ်ခုပါပဲ..။အထူးသဖြင့်..အစိုးရရဲ့ ဝါဒဖြန့်ချီရေးတွေက နိက်တင်ဂေးနဲ့ သူ့ရဲ့ အသံစွမ်းအားတွေအောက်မှာ ရူးသွပ်သွားနိုင်ပါတယ်..။
ဆင်စွယ်ရောင် နဂါးကို သတ်ဖြတ်ပြီးတဲ့ နောက်မှာ ကိုင်ရဲ့ ဂဏ္ဍစွမ်းရည်ကလည်း ဆင့်ကဲပြောင်းလဲလာခဲ့တယ်..။ကိုင်အနေနဲ့ သူ့ရဲ့ ဒီစွမ်းရည်တွေကိုတော့..သေချာ မလေ့လာရသေးတာကြောင့်..သူငယ်ချင်းတွေ အနေနဲ့လည်း သူဘာတွေ ပြောင်းလဲသွားလဲ ဆိုတာကို မသိသေးပါဘူး..။သူတို့ရဲ့ သူငယ်ချင်းက ပိုသန်မာလာပြီ ဆိုတာကိုသာ သူတို့သိထားခဲ့ကြပါတယ်..။
နောက်ဆုံးမှာတော့ ကတ်စီ ရှိနေခဲ့တယ်..။
သူမရဲ့ စွမ်းရည်အသစ်က အခက်ခဲဆုံးနဲ့ အနက်နဲဆုံးတောင် ဖြစ်နေနိုင်ပါတယ်..။မျက်မမြင် မိန်းကလေးက ကမ္ဘာကြီးကို မတူညီတဲ့ ရူ့ထောင့်ကနေ ကြည့်နေနိုင်ခဲ့ပါပြီ..။
တစ်နည်းအားဖြင့်..သူမက အခုချိန်မှာဆိုရင် တစ်ခြား တစ်ခုခု ဒါမှမဟုတ် တစ်ခြားတစ်ယောက်ယောက်ရဲ့ ခံစားချက်တွေကို အစားထိုး အသုံးချနေနိုင်ခဲ့တယ်..။သူမက တစ်ခြားတစ်စုံတစ်ယောက်ရဲ့ နှာခေါင်းနဲ့ အနံ့ခံနိုင်သလို ၊ တစ်စုံတစ်ယောက်ရဲ့ အထိအတွေ့ကနေလည်း..ခံစားလို့ ရပြီး..တစ်စုံတစ်ယောက်ရဲ့ အမြင်ကနေလည်း မြင်နိုင်ပါတယ်..။
ကတ်စီ ကိုယ်တိုင်က မျက်လုံးမမြင်တော့ပေမယ့်..သူမက ကမ္ဘာကြီးကို ပြန်ကြည့်နိုင်ပြီဖြစ်ပြီး..သူမနဲ့ဆက်သွယ်ထားတဲ့လူ ဖြစ်ရတာတိုင်းကို မြင်နေရပါတယ်..။သူမရဲ့ စိတ်ပိုင်းဆိုင်ရာသာ ခံနိုင်ရည်ရှိမယ်ဆိုရင်..ကြားခံနယ်မျို့စုံကို တစ်ပြိုင်နက်တည်း ဆက်သွယ်ထားနိုင်မှာပါ..။
ပိုပြီး ထိပ်လန့်စရာကောင်းတာက ဆက်သွယ်ခံရသူဟာ..ဒီအရာကိုသဘောတူဖို့ မလိုသလို..သိနေဖို့လည်း မလိုအပ်ပါဘူး..။တကယ်လို့ ဆက်သွယ်ခံရသူက လက်ခံပေးတယ် ဆိုရင်တော့ အဆီအနှစ်ကုန်ကျမူကို ပိုပြီး သက်သာစေပါတယ်..။
ပုံမှန်ကြည့်လိုက်ရင်တော့..ဒါက ဘာမှမထူးခြားဘူးလို့ ထင်ရပေမယ့် အမှန်တကယ်တော့..အတော်လေးကို ကြောက်စရာကောင်းတဲ့ စွမ်းရည်တစ်ခုပါပဲ..။ဘာပဲဖြစ်ဖြစ် အသိပညာဆိုတာက စွမ်းအားရဲ့ အရင်းအမြစ်ပါပဲ..။ဒါကြောင့် ကတ်စီကလည်း အချက်အလက်ရဲ့ ဗဟိုချက် ဖြစ်လာခဲ့ပါပြီ..။ကြီးမားတဲ့ တိုက်ပွဲတွေအတွင်းမှာ ခေါင်းဆောင်နဲ့ စစ်သားတွေကြားထဲမှာ ပေါင်းကူးတံတားတစ်ခုအဖြစ် လုပ်ဆောင်ပေးတာမျိုးတွေမှာ ဒီစွမ်းရည်ကို အသုံးချလို့ရပါတယ်..။
ထပ်ပြောရရင် ကတ်စီရဲ့ ပထမစွမ်းရည်ကလည်း ကျယ်ပြန့်လာခဲ့တယ်..။အခုချိန်မှာ သူမက တစ်ခြား နိုးထသူ တစ်ယောက်ရဲ့ အရည်အသွေး နဲ့ ဂဏ္ဍနာမည် တွေတင်မကဲ..ဂဏ္ဍစွမ်းရည်ကိုပါ မြင်နိုင်နေခဲ့ပါပြီ..။
အတိုချုပ်ပြောရရင် သူမက ဘယ်ကလန်အတွက် ၊ ဘယ်အင်အားစုအတွက် မဆို ရတနာ တစ်ပါးပါပဲ..။သို့ပေမယ့် မျက်မမြင် မိန်းကလေးက လွတ်လွတ်လပ်လပ်နေပြီး မီးစောင့်ရှောက်သူတွေကိုပဲ ဦးဆောင်သွားမယ် ဆိုတာ ဆန်နီ သိထားခဲ့ပါတယ်..။
..သူမက ဒီလို အခွင့်အရေး ရကောင်းရနိုင်ပါတယ်..။
ဒီအချက်အတွေကို သိလိုက်ရတဲ့ အချိန်မှာတော့ သူ့ရဲ့ကိုယ်ပိုင် တက်ရောက်မူ စွမ်းရည်ဖြစ်တဲ့ အရိပ်သရုပ်ဖော်ခြင်း စွမ်းရည်က အားနည်းနေသလို ဖြစ်နေခဲ့တယ်..။
…ဒါပေမဲ့ ဒါက အပေါ်ယံမှာပဲ အဲလို ထင်ရတာပါ..။
ဆန်နီကတော့ သူ့ရဲ့ စွမ်းရည်က ကျန်တဲ့ သုံးယောက်ထက် ဘက်စုံသုံးတာ ၊ လှည့်စားတာ တွေမှာ ပိုအားကောင်းတယ်လို့ ထင်မိပါတယ်..။
ပြီးတော့ ဒီအကြောင်းပြောမှပဲ….
အခုက ဒီစွမ်းရည်ကို ပိုပြီး သေချာသိအောင် လုပ်ရမယ့် အချိန်မဟုတ်ဘူးလား…
အပိုင်း ( ၇၄၈ ) ပြီး၏။
အပိုင်း ( ၇၄၉ ) အရိပ်ရုပ်သွင်ဖော်ခြင်း
အချိန်အတော်ကြာတဲ့အထိ ဆန်နီဟာ သူ့ရဲ့ စွမ်းရည်အသစ်ကို တိတ်ဆိတ်စွာ စမ်းသပ်နေခဲ့ပါတယ်..။
အရိပ်ရုပ်သွင်ဖော်ခြင်း ဆိုတာက... စိတ်ဝင်စားဖို့ကောင်းတဲ့ စွမ်းရည်တစ်ခုပါ ။အထူးသဖြင့် ဆင့်ကဲပြောင်းလဲသွားတဲ့ အရိပ်ထိန်းချုပ်ခြင်း နဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာ ပိုပြီး စိတ်ဝင်စားစရာ ကောင်းလာခဲ့တယ်။ ဒါက အပေါ်ယံကြည့်ရင် ရိုးရှင်းသလို ထင်ရပေမဲ့ တကယ့်တမ်းမှာတော့ အတော် နက်နဲလွန်းတာကြောင့် ဆန်နီအနေနဲ့ အချိန်တိုအတွင်းမှာ ဒီစွမ်းရည်ရဲ့ အသုံးချနိုင်စွမ်း အကုန်လုံးကို ဖော်ထုတ်ဖို့ဆိုတာ မသေချာပါဘူး..။
အရိပ်ရုပ်သွင်ဖော်ခြင်းရဲ့ အခြေခံလုပ်ဆောင်ချက်ကတော့ ရိုးရှင်းပါတယ် ။ အဲ့ဒါက အရိပ်တွေကို ဒြပ်ရှိပစ္စည်းတွေအဖြစ် ပြောင်းလဲပေးနိုင်တာပါပဲ..။
ဒါပေမဲ့ အသေးစိတ်အချက်အလက်တွေမှာတော့ အခက်အခဲတစ်ချို့ ရှိနေခဲ့ပါတယ်..။
အခုဆိုရင် ဆန်နီဟာ သူ့ရဲ့ ကိုယ်ပိုင်အရိပ်တွေတင်မကဘဲ အရိပ်အားလုံးအပေါ်မှာ အာဏာသက်ရောက်နေတာကြောင့် အရိပ်တွေရဲ့ ပုံသဏ္ဌာန်ကို စိတ်ကြိုက်ပြောင်းလဲနိုင်သလို သူ့စိတ်တိုင်းကျ လှုပ်ရှားစေနိုင်ပါတယ်..။သို့ပေမယ့် သူ့ရဲ့ ဒီ စွမ်းရည်မှာ ကန့်သတ်ချက်အချို့ ရှိနေခဲ့တယ်..။
အရိပ်တွေ အားလုံးက တူညီကြတာ မဟုတ်ပါဘူး..။ အချို့က ငယ်ရွယ်ပြီး အချို့ကတော့ ရှေးကျပါတယ်..။ အချို့က နက်ရှိုင်းပြီး အချို့ကတော့ အပေါ်ယံမျှသာ ရှိကြတယ်..။
အရေးကြီးဆုံးအချက်ကတော့ တစ်ချို့ အရိပ်တွေက သက်မဲ့ပစ္စည်းတွေကနေ ဖြစ်ပေါ်လာတာဖြစ်ပြီး တစ်ချို့အရိပ်တွေကတော့ သက်ရှိသတ္တဝါတွေဆီကနေ ဖြစ်ပေါ်လာကြတာပါ။
ဆန်နီက အရိပ်တွေရဲ့ လေးစားမှုကို ရရှိထားတယ်ဆိုပေမဲ့ အဲဲဒါနဲ့ပဲ အရိပ်အားလုံးက သူ့ကို အကြွင်းမဲ့ နာခံကြလိမ့်မယ်လို့ မဆိုလိုပါဘူး..။ သူတို့က ဆန်နီ့ကို အရိပ်တွေရဲ့ အရှင်သခင် အဖြစ် အသိအမှတ်ပြုထားတာကြောင့် အတင်းအကျပ် ခိုင်းစေစရာမလိုဘဲ သူ့ရဲ့ အမိန့်တွေကို လိုက်နာဖို့ ရွေးချယ်ခဲ့ကြတာပါ။
ဒါက ဆန်နီအတွက်တော့ မထူးဆန်းပေ.။ အရိပ်မီးအိမ် ထဲကို ဝင်ဖို့ တောရိုင်းအရိပ်တွေကို ဖိတ်ခေါ်တုန်းကလည်း ဒီလို အပြုအမူမျိုးကို သူ သတိထားမိခဲ့ဖူးပါတယ်..။အရိပ် အများစုက သူတို့ရဲ့ ကိုယ်ပိုင်ဆန္ဒနဲ့ လိုက်နာကြပေမဲ့ တစ်ချို့ ခေါင်းမာတဲ့ အရိပ်တွေကတော့ သူ့ရဲ့ ဖိတ်ခေါ်မှုကို ငြင်းဆန်ခဲ့ကြတယ်..။
အခုတော့ [ အရိပ်များ၏သားတော် ] အရည်အသွေးက ဆင့်ကဲပြောင်းလဲသွားတာကြောင့် ရှေးအကျဆုံးနဲ့ အနက်ရှိုင်းဆုံး တောရိုင်းအရိပ်တွေပဲ သူ့ရဲ့ ခေါ်ယူမှုကို ငြင်းဆန်ဖို့ ဝန်လေးနေကြပုံရပါတယ်..။ ဒါပေမဲ့ အရိပ်အားလုံးက "တောရိုင်း" အရိပ် တွေ မဟုတ်ကြပါဘူး ။ဒါကြောင့် ဒီအသုံးအနှုန်းကိုတော့ သက်မဲ့ပစ္စည်းတွေကနေ ထွက်ပေါ်လာတဲ့ အရိပ်တွေအတွက် သုံးဖို့ သူ ဆုံးဖြတ်လိုက်ပါတယ်..။
တကယ်လို့ အရိပ်တစ်ခုက သက်ရှိသတ္တဝါတစ်ခုဆီကနေ ထွက်ပေါ်လာပြီး သက်ရှိဝိဥာဉ်တစ်ခုနဲ့ ဆက်နွှယ်နေမယ်ဆိုရင်တော့ ဆန်နီမှာ ဘယ်လောက်ပဲ လုပ်ပိုင်ခွင့်ရှိနေပါစေ အဲ့ဒီအရိပ်ကို သူ့ရဲ့ မူလပိုင်ရှင်ကို စွန့်ခွာဖို့ ဒါမှမဟုတ် သစ္စာဖောက်ဖို့ တိုက်တွန်းလို့ မရနိုင်ပေ။
ဒါကြောင့် အရိပ်ထိန်းချုပ်ခြင်းက သူ့ကို သက်မဲ့တောရိုင်း အရိပ်တွေကိုပဲ စီမံခန့်ခွဲခွင့် ပေးထားတာပါ..။ အရိပ်က ပိုပြီး နက်ရှိုင်းလေ၊ ပိုပြီး ရှေးကျလေ သူ့ကို အမိန့်ပေးဖို့ စိတ်အာရုံစူးစိုက်မှု ပိုလိုအပ်လေပါပဲ..။ အဝေးက အရိပ်တွေကို အမိန့်ပေးတဲ့အခါမှာလည်း ပင်ပန်းနွမ်းနယ်မှုကို ပိုခံစားရပါတယ် ။အခုဆိုရင် ဆန်နီက တက်ရောက်မူ အဆင့် နတ်ဆိုး တစ်ကောင် ဖြစ်လာတာကြောင့် သူ့ရဲ့ ထိန်းချုပ်နိုင်စွမ်းက ဆယ်ကီလိုမီတာနီးပါး အထိ ကျယ်ပြန့်လာခဲ့ပါပြီ..။ သို့သော်လည်း သူ့ရဲ့ အရိပ်အာရုံခံနိုင်စွမ်းကတော့ ပုံမှန်အားဖြင့် အဲ့ဒီလောက်အထိ အကွာအဝေးကို မဖြန့်ကျတ်နိုင်သေးပေ။
တကယ်လို့သာ အဲ့ဒီလောက်အထိ ဝေးသွားမယ်ဆိုရင် သူ့ရဲ့ လူသားစိတ်အာရုံက ဖိအားများသွားပါလိမ့်မယ်..။ ဒါကြောင့် ဆန်နီအနေနဲ့ အဝေးကြီးမှာရှိတဲ့ အရိပ်တွေကို ထိန်းချုပ်နိုင်စွမ်း ရှိနေနိုင်ပေမဲ့ အဲ့ဒါတွေကို အာရုံခံဖို့ နည်းလမ်းမရှိပေ..။
...သူ့ရဲ့ ကိုယ်ပိုင်အရိပ်တွေ ဒါမှမဟုတ် တစ်ခြားအရိပ်တွေကတစ်ဆင့် သူ မြင်ရတဲ့ အရာတွေ ကိုတော့ ထိန်းချုပ်နိုင်ပါတယ်။အဲ့နောက်မှာတော့ အစစ်အမှန် အရိပ်ရုပ်သွင်ဖော်ခြင်း စတင်ပါတော့တယ်..။
အရိပ်ထိန်းချုပ်ခြင်းနဲ့ မတူတာကတော့ ရုပ်သွင်ဖော်ခြင်းအတွက် သူ အဆီအနှစ်တွေကို အသုံးပြုရတော့မှာပါ..။ သူက အဆီအနှစ်တွေနဲ့ ထောက်ပံ့ပေးထားသရွေ့ အဲ့ဒီအရိပ်တွေက ထိတွေ့လို့ရတဲ့ ဒြပ်ရှိ ပစ္စည်းတွေအဖြစ် တည်ရှိနေမှာဖြစ်ပြီး သူ ရပ်တန့်လိုက်တာနဲ့ အရိပ်အားလုံးက သဘာဝအတိုင်း ပြန်ဖြစ်သွားပါလိမ့်မယ်..။
ဒါက ကောင်းကျိုးရော ဆိုးကျိုးပါ ရှိနေခဲ့တယ်..။အကြောင်းပြချက် တစ်ချို့ကြောင့်
ဆန်နီအနေနဲ့ သူ့ရဲ့ အဆီအနှစ်တွေကို သိမ်းထားချင်တာ မှန်ပေမဲ့... ဒီစွမ်းရည်မှာ မထင်မှတ်ထားလောက်အောင် အံ့ဩစရာကောင်းတဲ့ အကျိုးကျေးဇူးတစ်ခု ရှိနေပါတယ်..။
ရုပ်သွင်ပေါ်လာတဲ့ အရိပ်တွေဟာ သူ့ရဲ့ အဆီအနှစ်တွေနဲ့ ပြည့်နှက်နေတာကြောင့် ၎င်းတို့က အဆီအနှစ်ရဲ့ ဂုဏ်သတ္တိတွေကို ရရှိသွားကြမှာပါ..။ တစ်နည်းအားဖြင့် ပြောရရင်... အဲ့ဒီအရာတွေ အားလုံးက ခံနိုင်ရည်နဲ့ ကြံ့ခိုင်မှုပိုင်းမှာ တက်ရောက်မူအဆင့် နဲ့ ဆင်တူနေမှာပါလိမ့်မယ်။
ဆိုလိုတာကတော့ တကယ်လို့ ဆန်နီက အရိပ်တစ်ခုကို ဓားပုံသဏ္ဌာန်ဖော်ပြီး ရုပ်သွင်ပေါ်အောင် လုပ်လိုက်မယ်ဆိုရင် အဲ့ဒီဓားက ကြံ့ခိုင်မှုနဲ့ ဖျက်ဆီးနိုင်စွမ်းမှာ တက်ရောက်မူအဆင့် မှတ်သားမူ တစ်ခုနဲ့ နှိုင်းယှဉ်လို့ ရနိုင်ပါတယ်..။
ဒါပေမဲ့ သူက လက်နက်တွေ ဖန်တီးဖို့ပဲ ကန့်သတ်ထားတာ မဟုတ်ပါဘူး။အရိပ်ရုပ်သွင်ဖော်ခြင်းက သူ့ကို မယုံနိုင်လောက်အောင် အသုံးဝင်တဲ့ နည်းလမ်းတွေ ပေးစွမ်းပါတယ်..။ အရိပ်တွေက သဘာဝအတိုင်း ပုံသဏ္ဌာန်မရှိတာကြောင့် သူ အလိုရှိတဲ့ ဘယ်အရာကို မဆို ပုံဖော်နိုင်စွမ်းရှိနေခဲ့တယ်..။ သူက အတားအဆီးတွေ၊ တံတားတွေ၊ ကြိုးတွေ၊ ချပ်ဝတ်တန်ဆာတွေကို ဖန်တီးနိုင်စွမ်းရှိပါတယ်...။ကန့်သတ်ချက်ကတော့ သူ့ရဲ့ စိတ်ကူးစိတ်သန်းနဲ့ သူ့ဆီမှာရှိတဲ့ အဆီအနှစ် ပမာဏပါပဲ..။
ငရဲလိုပဲ.. သူက အိပ်မက်ဆိုး အတွက် ကုန်းနှီးတစ်ခု ဖန်တီးနိုင်သလို၊ အိမ်တစ်လုံးလုံးကိုတောင် ဖန်တီးနိုင်စွမ်းရှိနေခဲ့တယ်။
ဒါပေါ့... ဘာအရာမှတော့ အလကားမရပါဘူး..။ သူ ပုံဖော်ချင်တဲ့ အရာက ပိုပြီး ရှုပ်ထွေးလေ၊ ပိုပြီး သိပ်သည်းလေ ဒီအရာကို ထိန်းသိမ်းဖို့ အဆီအနှစ် ပိုလိုအပ်လေပါပဲ..။ ရိုးရှင်းတဲ့ အရိပ်လက်ချောင်း တစ်ခု ဖန်တီးဖို့က သိပ်မခက်ပေမဲ့ ရန်သူကို ဓားတစ်လက်လို ပိုင်းဖြတ်နိုင်လောက်တဲ့အထိ ခိုင်မာအောင် လုပ်ဖို့ကတော့ အများကြီး ပိုပြီး ပင်ပန်းပါတယ်..။
နက်ရှိုင်းပြီး ရှေးကျတဲ့ အရိပ်တွေကို ရုပ်သွင်ဖော်တာကလည်း အဆီအနှစ် ပိုကုန်ပါတယ်..။ ဒါပေါ့ ဒီအရိပ်တွေကတော့ ပိုပြီး သန်မာကြတာ အမှန်ပါပဲ..။
နောက်ဆုံးအနေနဲ့ကတော့... သူ ဖန်တီးလိုက်တဲ့ ဒြပ်ရှိပစ္စည်းတွေက သူတို့ရဲ့ ပုံသဏ္ဌာန်ပေါ် မူတည်ပြီး ကိုယ်တိုင် လှုပ်ရှားနိုင်ကြပါတယ်..။ ဓားတစ်လက်ကတော့ သူ့အလိုလို ပျံသန်းနိုင်မှာ မဟုတ်ပေမဲ့ ရုပ်သွင်ပေါ်နေတဲ့ အရိပ်လက်ချောင်း တစ်ခုကတော့ လှုပ်ရှားသွားလာပြီး သူ့ရဲ့ ရန်သူတွေကို ဖမ်းဆီးနိုင်ပါတယ်..။ သို့ပေမယ့် ဒါက အခြေအနေအများစုမှာတော့ ထိရောက်မူရှိတဲ့ တိုက်ခိုက်မှုပုံစံ မဖြစ်နိုင်ပါဘူး..။
အရိပ်တစ်ခုချင်းစီမှာ ကိုယ်ပိုင်ခွန်အားအဆင့် ရှိကြပြီး အများအားဖြင့်တော့ သိပ်အဆင့်မမြင့်လှပေ..။ ဆန်နီအနေနဲ့ နိုးထမူအဆင့် တိုင်းရန့်
တစ်ကောင်ကို အပိုင်းပိုင်း ဆွဲဖြတ်နိုင်ဖို့ အတွက်တော့... အခုချိန်မှာ အများကြီး လိုအပ်နေပါသေးတယ်..။
သူ တကယ် မလုပ်ချင်သ၍ပေါ့..။
အနည်းငယ် စမ်းသပ်ပြီးတဲ့ အခါမှာတော့ သူက အဆီအနှစ်တွေ ပိုထည့်ပေးမယ်ဆိုရင် ရုပ်သွင်ပေါ်နေတဲ့ အရိပ်တွေရဲ့ ခွန်အားကို မြှင့်တင်နိုင်တာကို တွေ့ရှိခဲ့ပါတယ်..။ အရိပ်တွေရဲ့ သဘာဝအတိုင်းရှိတဲ့ ကန့်သတ်ချက်ထက် ကျော်လွန်ပြီး ခွန်အားသုံးချင်လေ အဆီအနှစ်တွေကို ပိုပြီး ထည့်သွင်းပေးရလေပါပဲ..။ ဒါက သာမန် မာစတာ တစ်ယောက်ရဲ့ လက်ထဲမှာဆိုရင်တော့ သိပ်ပြီး အားကောင်းနိုင်မှာမဟုတ်ပေ။
သို့ပေမယ့် ဆန်နီကတော့ နတ်ဆိုး တစ်ကောင်ပါ..။
သူ့မှာ တခြား ဘယ် မာစတာ ထက်မဆို ပို များပြားတဲ့ အဆီအနှစ်တွေ ရှိနေပါတယ်..။ တကယ်လို့ သူသာ အမှန်တကယ် အလိုရှိမယ်ဆိုရင် ရုပ်သွင်ပေါ်နေတဲ့ အရိပ်တွေကတစ်ဆင့် တကယ့်ကို ကြောက်မက်ဖွယ်ကောင်းတဲ့ ခွန်အားကို ထုတ်သုံးနိုင်ပါတယ်..။ဒီနည်းလမ်းက အဆီအနှစ် အသုံးပြုမှုပိုင်းမှာ အရမ်းကို အလေအလွင့်များမယ် ဆိုပေမဲ့လည်း ဒီလို ရွေးချယ်စရာမျိုး ရှိနေတာကို သူ တကယ်ကို ပျော်ရွှင်မိပါတယ်..။
လက်တစ်ချောင်းတောင် မမြှောက်ရဘဲ ရန်သူတွေကို အပိုင်းပိုင်း ဆွဲဖြဲပစ်နိုင်တဲ့ စွမ်းအားမျိုးကို ဘယ်သူက မလိုချင်ပဲနေမှာလဲ..။တစ်စုံတစ်ခုကို သတ်ဖို့အတွက် ပို လွယ်ကူ ၊
ပိုစမတ်ကျတဲ့ နည်းလမ်းတွေ အများကြီး ရှိနေနိုင်ပေမဲ့... ဒီလိုမျိုး လုပ်ရတာလောက် ဘယ်အရာကမှ ပိုမိုက်မှာ မဟုတ်ပါဘူး။
ပြီးတော့ ဒါက လှည့်စားနိုင်စွမ်းလည်း ရှိပါတယ်။
...တောရိုင်းအရိပ်တွေအပြင် ဆန်နီက သူ့ရဲ့ ကိုယ်ပိုင်အရိပ်တွေကိုလည်း ရုပ်သွင်ဖော်နိုင်ပါတယ်..။ အမှန်တော့ အဲ့ဒီလိုလုပ်တာက ပိုပြီးတော့ လွယ်ကူမူ ရှိပါတယ်။ဒါက ထိန်းချုပ်လို့ ပိုကောင်းသလို ၊ အဆီအနှစ် ကုန်ကျမူလည်း
ပိုနည်းပါးပါတယ်..။သူက သုန်မုန်နေတဲ့ အရိပ်၊ ပျော်ရွှင်တတ်တဲ့ အရိပ်၊ ဒေါသကြီးတဲ့ အရိပ်နဲ့ မောက်မာတဲ့ အရိပ်တွေကို ခေါ်ယူပြီး အရိပ်ဓားတွေနဲ့ သူ့အစား တိုက်ခိုက်ခိုင်းတဲ့ ပုံရိပ်တွေကို စိတ်ကူးကြည့်မိလိုက်တယ်..။
'ဒါက ကြည့်လို့ တကယ် ကောင်းမှာပဲ "
သို့ပေမဲ့ ခနလောက် စဉ်းစားပြီးနောက်မှာတော့ ဒါက အကြံကောင်း မဟုတ်ဘူးလို့ သူ ဆုံးဖြတ်လိုက်ပါတယ်..။ဒီနေရာမှာ ရိုးရှင်းတဲ့ အကြောင်းပြချက်တစ်ခု ရှိနေခဲ့တယ်။ရုပ်ဝတ္တု
ရှိလာတဲ့ အရိပ်တွေက တစ်ခြားသူတွေကို သက်ရောက်မှု ရှိနိုင်သလို သူတို့ကိုယ်တိုင်လည်း ပြန်ပြီး သက်ရောက်ခံရနိုင်တာကြောင့်ပါ..။ ရုပ်သွင်ပေါ်လာတဲ့ အရိပ်တွေက ရန်သူကို ဒဏ်ရာပေးနိုင်သလို သူတို့ကိုယ်တိုင်လည်း ဒဏ်ရာရသွား နိုင်ပါတယ်..။
သူ့ရဲ့ အရိပ်တွေက သူ့ရဲ့ ဝိဥာဉ်နဲ့ နက်နက်ရှိုင်းရှိုင်း ဆက်နွှယ်နေတာကြောင့် သူတို့ကို ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေ ခံရအောင် လုပ်လိုက်တာက အရမ်းကို မိုက်မဲတဲ့ လုပ်ရပ် ဖြစ်ပါလိမ့်မယ်..။ ဒီအရိပ်တွေထဲက တစ်ခုခုသာ ပျက်စီးသွားမယ်ဆိုရင် ဘာဆက်ဖြစ်မလဲဆိုတာကို ဆန်နီ စဉ်းစားတောင် မစဉ်းစားကြည့်ချင်ပါဘူး..။
အလွန်ဆုံးရှိမှ သူတို့ကို အန္တရာယ်မရှိတဲ့ သာမန်အလုပ်လေးတွေကိုပဲ လုပ်ခိုင်းလို့ ရပါလိမ့်မယ်..။
...အားလုံး ခြုံကြည့်လိုက်ရင်တော့ ဆန်နီဟာ သူ့ရဲ့ ဂဏ္ဍစွမ်းရည် အသစ်အတွက် အရမ်းကို ပျော်ရွှင်နေခဲ့တယ်....။
ဒါက အတော်လေး အားကောင်းပြီး ဘက်စုံသုံးလို့လည်းရပါတယ်။ ဒီစွမ်းရည်က တိုက်ခိုက်မူအတွက်ရော ၊ခုခံဖို့အတွက်ပါ ထိရောက်တဲ့ နည်းလမ်းတွေ ပေးစွမ်းနိုင်သလို အံ့ဩစရာကောင်းတဲ့ အသုံးဝင်မှုတွေကိုလည်း ပေးစွမ်းနိုင်ပါသေးတယ်..။
အထူးသဖြင့် သူ့ကို ပျော်ရွှင်စေတဲ့ အချက်ကတော့...
ဒီစွမ်းရည်က အရိပ်မီးအိမ် နဲ့ ဘယ်လောက်တောင် ပြီးပြည့်စုံအောင် ပေါင်းစပ်သွားလဲ ဆိုတာကို စဥ်းစားကြည့်မိလိုက်တဲ့ အချိန်ပါပဲ။
အရိပ်ရုပ်သွင်ဖော်ခြင်းမှာ သိသာထင်ရှားတဲ့ အားနည်းချက် တစ်ခုသာ ရှိနေခဲ့တယ်။အဲ့ဒါကတော့ သူက အမြဲတမ်း အရိပ်တွေ ကြားထဲမှာ ရှိနေရမှာ မဟုတ်ဘူးဆိုတဲ့ အချက်ပါပဲ..။ရုပ်သွင်ဖော်ဖို့အတွက် ဘာမှရှိမနေရင် ဒီစွမ်းရည်ကလည်း တန်ဖိုးမရှိသလောက် ဖြစ်နေမှာပါ... ။ဒါပေါ့ သူ့ရဲ့ ကိုယ်ပိုင်အရိပ်တွေကို အန္တရာယ်
မဖြစ်စေချင်ဘူး ဆိုရင်ပေါ့..။
သို့ပေမယ့် ဒီအားနည်းချက်ကို အရိပ်မီးအိမ် က ကာကွယ်ပေးထားခဲ့ပါတယ်..။သူ့ရဲ့ အကူအညီနဲ့ဆိုရင် ဆန်နီဟာ အကန့်အသတ်မရှိတဲ့ အရိပ်ပမာဏကို အချိန်ပြည့် သယ်ဆောင်ထားနိုင်မှာပါ..။ သူ ဘယ်နေရာကိုပဲသွားသွား အရိပ်တွေရဲ့ အကူအညီကို အမြဲတမ်း ရရှိနေပါလိမ့်မယ်..။ သူက အစေခံမရှိတဲ့ သခင်တစ်ယောက် ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး..။
ဆန်နီ ဘယ်နေရာကိုပဲ သွားသွား...
အရိပ်အုပ်ကြီးက နောက်ကနေ လိုက်ပါနေတော့မှာပါ။
အပိုင်း ( ၇၄၉ ) ပြီး၏။
အပိုင်း ( ၇၅၀ ) အိမ်..
ဆန်နီဟာ အိမ်ရှေ့က ခုံတန်းရှည်ပေါ်မှာ ထူးထူခြားခြား ဘာမှမတွေးပဲ အတော်ကြာအောင် ထိုင်နေခဲ့တယ်..။
သူက အတိတ်နဲ့ အနာဂတ်အကြောင်းတွေကို စဉ်းစားနေခဲ့တာပါ..။
တကယ့်အစစ်အမှန် နိုတစ်က ဘယ်လိုဖြစ်သွားတာလဲ..။တကယ့်အစစ်အမှန် မျှော်လင့်ချက်ကရော ဘာဖြစ်သွားတာလဲ..။သူမရဲ့ ကျိန်စာသင့် နိုင်ငံတော်ကရော ဘယ်လိုဖြစ်သွားတာလဲ..။
အိပ်မက်ကမ္ဘာထဲမှာ..ဆေးဗားရက် နဲ့ နေမင်းသားတွေရဲ့ အလောင်းကို သူ မြင်တွေ့ခဲ့ပါတယ်..။သို့ပေမယ့်..ဆိုဗန်ကတော့ အသက်ရှင်နေတုန်းပါပဲ..။မီးတောင်ကျောက်ဓား နဲ့ ဆင်စွယ်ရောင် ဓားတွေက အသုံးပြုထားတဲ့ ပုံစံ မတွေ့ရတာကြောင့်..အိပ်မက်ဆိုးထဲမှာ ဖြစ်ပျက်ခဲ့တာတွေက အမှန်တကယ်ဖြစ်ပျက်ခဲ့တာတွေနဲ့ ဆင်တူသလိုဖြစ်ပေမယ့် အတော်လေး ကွဲပြားမူတွေရှိနေပါတယ်..။
နိုတစ်က အမှန်တကယ်ပဲ ဝီဗာ နဲ့ အပေးအယူ လုပ်နိုင်ခဲ့တာလား..။ကံတရား နတ်ဆိုးက..ဓားတွေကို အသုံးမပြုပဲ မျှော်လင့်ချက်ကို လွှတ်ပေးနိုင်မယ့် နည်းလမ်းကို ရှာဖွေပေးခဲ့တာလား..။
တကယ်လို့ ဒီလိုသာ ဆိုရင်..မှော်ဆရာက..သူ့ရဲ့ ရူးသွပ်တဲ့ တော်လှန်မူကနေ အသက်ရှင်သန်နိုင်ခဲ့တာလား..။
ဒီအတွက် သူက ဘယ်လို တန်ကြေးမျိုးကို ပေးဆပ်ခဲ့ရတာလဲ..။
ဒါပေါ့..ဒီမေးခွန်းတွေ အားလုံးအတွက် အဖြေမရှိဘူး ဆိုတာကို သူသိထားပြီးသားပါ..။သူက အမှန်တရားကို ဘယ်တော့မှ သိရှိနိုင်မှာ မဟုတ်ပါဘူး..။အိပ်မက်ဆိုးထဲမှာ ဖြစ်ပျက်ခဲ့တာတွေက အတော်လေး အလှမ်းဝေးလှသလို..လျို့ဝှက်ချက်တွေနဲ့လည်း ပြည့်နှက်နေခဲ့ပါသေးတယ်..။
..သူ ဒီအကြောင်းတွေကို တွေးနေတုန်းမှာပဲ..ရင်းနှီးတဲ့ ပုံရိပ်တစ်ခုက..လမ်းတစ်နေရာမှာ ပေါ်လာခဲ့တယ်..။
ဖြူဖျော့တဲ့ အသားအရည် ၊ အကန်ရောင်ဆံပင် နဲ့ ဆယ်ကျော်သက် မိန်းကလေးတစ်ယောက်ဟာ..သုန်မုန်တဲ့အမူအရာနဲ့ ကျောင်းကနေ ပြန်လာခဲ့တာပါ..။
သူမက ဆန်နီကို သတိထားမိသွားတဲ့ အချိန်မှာ..တစ်စက္ကန့်လောက်..အေးခဲသွားခဲ့ပြီးကာမှ..ရုတ်တရက် အပြေးလေး ရောက်လာခဲ့တယ်..။
ခုံတန်းရှည်နားကို ရောက်ခါနီး လမ်းတစ်ဝက်လောက် အလိုကျမှ..ရိမ်းဟာ..ကိုယ့်ကိုကို ပြန်သတိထားမိလိုက်ပြီး အရှိန်ပြန်လျော့လိုက်တယ်..။ပြီးတာနဲ့ ရှက်ရွံ့စွာပဲ စိတ်လှုပ်ရှားမူတွေကို ဖုံးကွယ်ထားဖို့ ကြိုးစားလိုက်ပါတယ်..။
သူမက ဆန်နီ အနားမှာ ရပ်လိုက်ပြီး တစ်ခနလောက် တွေဝေနေခဲ့တယ်..။ယင်းနောက်..သူ့ရဲ့ ပုခုံးကို သူမရဲ့ လက်သီးနဲ့ ထုလိုက်ပါတယ်..။
“နင်…နင်က ဘယ်ငရဲကို ရောက်နေတာလဲ..။အခုမှ ပြန်လာတာလား..။နင်က အတော်ကြာအောင် ပျောက်နေတာပဲ..”
ဆန်နီ နောက်ကို မှီပြီး ပြုံးလိုက်တယ်..။
“ဟေး..ရိမ်း..။ဒါပေါ့..ငါ ပြန်လာပြီလေ..။နင် မမြင်ရဘူးလား..။ငါ ဘယ်ရောက်နေတာလဲ ဆိုရင်တော့..ဘုရားကျောင်းတစ်ခုဆီကို အလည်သွားနေခဲ့တာ..။ပြီးတော့..အပျော်စီးသဘော်ပေါ်ကိုလည်း သွားခဲ့သေးတယ်..။ပြီးတော့..တာဝါတစ်ချို့ကို သွားတယ် ၊ ပြဇာတ်ရုံထဲမှာ အချိန်ဖြုန်းတယ် ၊ မြင်းတစ်ကောင်နဲ့ သူငယ်ချင်းဖြစ်ခဲ့တယ် ၊နောက်ထပ် ဘုရားကျောင်းတစ်ခုမှာ အတော်ကြာအောင်နေခဲ့တယ်..။နောက်ဆုံးမှာတော့..ငါက အရမ်းကို လှပတဲ့ မြို့တစ်မြို့ကို သွားလည်ခဲ့ပြီး အဲဒီက အုပ်ချုပ်သူနဲ့ သိကျွမ်းခဲ့တယ်..။ဘာလို့လဲ..။မင်းက ငါ့ကို လွမ်းနေတာလား..”
ရိမ်းက သူ့ကို အတော်ကြာအောင် ကြည့်နေပြီးကာမှ ပြန်ပြောလိုက်တယ်..။
“ငါကလား..။ဟမ့်…လူတွေအများကြီးထဲမှာမှ ဘာလို့ နင့်ကို လွမ်းရမှာလဲ..”
သူမက တိတ်ဆိတ်သွားခဲ့တယ်..။ပြီးကာမှ ရှက်ရွံ့စွာ ထပ်ပြောလာခဲ့ပါတယ်..။
“ကောင်းပြီလေ..ငါ နင့်ကို နည်းနည်းတော့ လွမ်းမိသလိုပဲ..။ငါ့ရဲ့ နည်းပြအသစ်က တကယ်ကို လေးစားဖို့ကောင်းတဲ့ နိုးထသူ တစ်ယောက်ဆိုပေမယ့်..နင့်လောက်တော့ ပျော်ဖို့ မကောင်းဘူး..”
ဆန်နီ သူမကို တစ်ခနလောက်ကြည့်နေပြီးကာမှ ပြုံးလိုက်တယ်..။
“နိုထသူတစ်ယောက်..ဟုတ်လား..။စိတ်မကောင်းစရာပဲ..ငါက အခု မာစတာ တစ်ယောက်ဖြစ်နေပြီ..”
ရိမ်းက အံ့ဩသင့်တဲ့ ပုံစံနဲ့ သူ့ကို ကြည့်လိုက်တယ်..။
“နင်က မာစတာ ဖြစ်နေပြီလား..။တက်ရောက်သူ တစ်ယောက်ပေါ့..။ခနလေး..အဲတာဆို..”
သူ့ရဲ့ အပြုံးက ဂုဏ်ယူမူတွေနဲ့ပြည့်နှက်လာခဲ့ပါတယ်..။
“အမှန်ပဲ..ငါက တက်ရောက်သူ ဖြစ်နေပြီ..။အဲတာက ဘာကိုဆိုလိုတာလဲ ဆိုတာ နင်သိရဲ့လား..”
သူမ တွေဝေသွားခဲ့ပြီးမှ..
“ဘာကိုဆိုလိုတာလဲ.”
ဆန်နီ ရှေ့ကို တိုးလိုက်ပြီး ရင်းနှီးတဲ့ လေသံနဲ့ ပြောလိုက်တယ်..။
“ဘာလို့လဲဆိုတော့.ဒါပေါ့..အခုချိန်ကနေစပြီး ငါ့ရဲ့ သင်ခန်းစာတွေက စေ◌ျးတက်သွားပြီလို့ ဆိုလိုတာပေါ့..”
သူ ရယ်မောလိုက်ပြီး တိတ်ဆိတ်သွားခဲ့တယ်..။ပြီးမှ..ထပ်ပြောလာခဲ့ပါတယ်..။
“အိုး..ငါလည်း မင်းကို နည်းနည်းတော့ လွမ်းနေခဲ့သလိုပဲ..”
….
အနက်ရောင်ကျောက်တုံးတွေနဲ့ ပြည့်နှက်နေတဲ့ လှိုဏ်ဂူတစ်ခုထဲမှာတော့..အနက်ရောင် မြစ်တစ်စင်းက စီးဆင်းနေခဲ့ပါတယ်..။မြစ်ရေပြင်ပေါ်မှာတော့..မြူနှင်းတွေနဲ့ ဖုံးလွှမ်းနေခဲ့တယ်..။ဒီ မြူနှင်းတွေက..မြစ်ရဲ့ တီးတိုးထွက်ပေါ်နေတဲ့ အသံကို တိတ်ဆိတ်သွားစေပြီး အရာအားလုံးကို အဖြူရောင် မြူတွေနဲ့ ကာရံထားခဲ့ပါတယ်..။အလင်းရောင်တစ်ခုတည်းကသာ..ဒီမြူနှင်းတွေကြားထဲမှာ လမ်းဖောက်ပြီး ခရီးနှင်နေခဲ့ပါတယ်..။
ဒါက မဟူရာကျောက်နဲ့ ထွင်းထုထားတဲ့ သွယ်လှတဲ့ လှေငယ်တစ်စင်းဖြစ်ပြီး..သူ့ရဲ့ ဦးပိုင်းမှာတော့ မီးအိမ်တစ်ခုကို ချိတ်ဆွဲထားခဲ့တယ်..။မီးအိမ်ထဲမှာတော့ အဖြူရောင် မီးတောက်တစ်ခုက လောင်ကျွမ်းနေခဲ့ပြီး..ဖန်သား မီးအိမ်ထဲကနေ ရုန်းထွက်ဖို့ ကြိုးစားနေတဲ့ အလား ထင်မှတ်ရပါတယ်..။မြူနှင်းတွေက လှေငယ်ရဲ့ ရှေ့မှာ ပွင့်ထွက်သွားခဲ့ကြပြီး..နောက်ဘက်မှာတော့ တိတ်တဆိတ်ပြန်ပိတ်သွားခဲ့တယ်..။
ငွေရောင်ဆံပင် ၊ ဆင်စွယ်ရောင် အသားအရေနဲ့ မိန်းမပျိုလေးတစ်ယောက်က..မဟူရာ လှေရဲ့ ဝမ်းဗိုက်ထဲမှာ အိပ်နေခဲ့တယ်..။မီးအိမ်ရဲ့ အလင်းရောင် အောက်မှာတော့ သူမရဲ့ မျက်နှာက ဖြူဖျော့ပြီး..အားနည်းနေပုံရပါတယ်..။
လှေငယ်ရဲ့ အမြီးပိုင်းမှာတော့..စုတ်ပြဲနေတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ထားတဲ့ အရိုးစု တစ်ခု ရှိနေခဲ့တယ်..။သူက တက်မ ကို လှော်ခတ်ရင်း..မြူနှင်တွေ ဒါမှမဟုတ် မိန်းမပျိုလေးကို စိုက်ကြည့်နေခဲ့ပါတယ်..။ဒီအရိုးစုမှာ..အဆုတ်တွေ ၊ နှုတ်ခမ်းတွေ ၊ လျာတွေ မရှိဘူးဆိုပေမယ့်..သူက သီချင်းတစ်ပုဒ်ကို သီဆိုနေခဲ့တယ်..။
“တစ်နေ့မှာ နတ်ဘုရားတွေ ကျရှုံးလိမ့်မယ်..
ပြီးတော့..သူတို့ရဲ့ အလိမ်အညာတွေ ပေါ်လာလိမ့်မယ်..
အိမ်ပျော်တဲ့လူက နိုးထလာလိမ့်မယ်..
သူ့ရဲ့ ကလေးတွေကို ဝါးမြိုဖို့အတွက်..
အို..ငါတို့အားလုံးကိုရော ပေါ့…
မေ့လျော့ခံထားရတဲ့ အရာတွေ..
ပြန်ပြီး မှတ်မိလာကြလိမ့်မယ်..
ပြီးတော့..ကမ္ဘာကြီးကို စားသောက်ကြမှာ..
အို..ငါတို့အားလုံး..အိပ်မက်မက်ကြလိမ့်မယ်..
အိပ်မက်ဆိုး..
မေ့လျော့ခံ နတ်ဘုရားကြီး..ရဲ့
အိပ်မက်ဆိုး ပါ…”
သူ သီချင်း ဆိုနေတုန်းမှာပဲ..မိန်းမပျိုလေးဟာ လှုပ်လာခဲ့ပြီး..မျက်လုံးတွေ ပွင့်လာခဲ့ပါတယ်..။အရိုးစုက တိတ်ဆိတ်သွားခဲ့ပြီး သူမကို ကြည့်ကာ ပြောလိုက်တယ်..။
“ကောင်းသော မနက်ခင်းပါ သတ္တဝါလေး..။အိပ်လို့ ကောင်းရဲ့လား..”
သူမက ထထိုင်လိုက်ပေမယ့် အဖြေပြန်မပေးခဲ့ပဲ..အရိုးစုကိုသာ..ပင်ပန်းတဲ့ အညိုရောင် မျက်လုံးတွေနဲ့ စိုက်ကြည့်နေခဲ့ပါတယ်..။
လှေသမားက တစ်ခနလောက် စောင့်လိုက်ပြီးကာမှ ပုခုံးတွန့်လိုက်ပြီး..
“မင်း နေကောင်းရဲ့လား..။မင်း..မင်းက စကားမပြောတာက ရက်သတ္တပတ် အတော်ကြာပြီ သတ္တဝါလေး..။မင်းက တကယ်ပဲ အသိစိတ်လွတ်သွားတာလား..”
မိန်းမပျိုလေးကတော့ ဆက်လက်တိတ်ဆိတ်နေခဲ့ပြီး..အရိုးစုကို မသက်မသာ ခံစားနေစေခဲ့ပါတယ်..။သူက ခေါင်းခါယမ်းလိုက်ပြီး..
“အင်း..ဒီနေ့ မင်းက တစ်ခုခု ထူးခြားနေသလိုပဲ..။မင်းရဲ့ အရိပ်က..ပိုပြီး နက်ရှိုင်းလာသလိုပဲ..။ဘယ်လောက် ထူးဆန်းလိုက်လဲ..”
အဖြေပြန်မရခဲ့ပေ..။
သူတို့က အတော်ကြာအောင် တိတ်တဆိတ်ရွက်လွင့်နေခဲ့တယ်..။ဖြည်းညှင်းစွာပဲ..မြူတွေက..လွင့်ပြယ်လာပြီး အနက်ရောင် ကမ်းခြေကို မြင်လာခဲ့ရပါတယ်..။အရိုးစုက လှေရဲ့ ဦးတည်ရာကို ပြောင်းလဲလိုက်ပြီး..လှေအောက်ခြေနဲ့ ကျောက်တုံးနဲ့ မထိသ၍ လွှတ်ပေးထားလိုက်တယ်..။
သူက တက်ကို လွှတ်ကာ သက်ပြင်းချလိုက်တယ်..။
“ငါ လိုက်ပို့ပေးနိုင်တာကတော့ ဒီအထိပဲ သတ္တဝါလေး..”
မိန်းမပျိုလေးဟာ အချိန်အတော်ကြအောင် ငြိမ်သက်နေပြီးကာမှ..မတ်တတ်ထရပ်ပြီး မီးအိမ်ကို ထိတွေ့လိုက်တယ်..။အဖြူရောင် မီးတောက်က..သူမရဲ့ လက်ထဲကို ဝင်ရောက်လာခဲ့ပါတယ်..။ပြီးတာနဲ့ သူမက ကမ်းခြေဆီကို လှမ်းခုန်လိုက်ပါတယ်..။သူမက အနည်းငယ် ယိုင်သွားပေမယ့်လည်း..ဖြည်းဖြည်းချင်း ပြန်မတ်ကာ..အမှောင်ထုထဲကို စိုက်ကြည့်နေခဲ့တယ်..။
နောက်ဆုံးမှာတော့ သူမက စကားပြောလာခဲ့ပါပြီ..။
“အဲ့နေရာနဲ့ နီးနေပြီလား..”
အရိုးစုက ပုခုံးတွန့်လိုက်ပြီး..
“နီးနေပြီလို့တော့ ထင်တာပဲ..။အာ..စကားမစပ်..ငါ မင်းကို လိမ်ခဲ့မိလို့ တောင်းပန်ပါတယ်..။ကိုယ့်ကိုကို ကာကွယ်ပြောရရင်တော့ မင်းက ကိုယ့်ကိုကိုပဲ အပြစ်တင်သင့်တယ်..။မြေအောက်ကမ္ဘာကို ဖြတ်သွားနိုင်တဲ့ လို့ ပြောတဲ့လူကို ယုံကြည်ရလောက်အောင် ဘယ်လိုလူက မိုက်မဲမှာလဲ..။ဒီနေရာမျိုးက ငါတို့တွေ ခရီးသွားလာလို့ ရတဲ့ နေရာမျိုးမဟုတ်ဘူး..။သူ့ရဲ့ အတွင်းပိုင်းစည်းထဲကို ဒီလောက်အထိ ဝင်လာနိုင်တာကတင် အတော်လေး ဆန်းကျယ်ဖို့ ကောင်းနေပြီ..”
သူ ခနလောက် တွေဝေနေပြီးကာမှ ထပ်ပြောလိုက်တယ်..။
“မင်း ..ဆက်သွားချင်တာ သေချာရဲ့လား..။အဲဒီမှာ သေခြင်းထက် ဆိုးဝါးတဲ့ ကံတရားက စောင့်ဆိုင်းနေလိမ့်မယ် သတ္တဝါလေး..။ငါ့ကို ယုံကြည်လိုက်..ငါ အသိဆုံးပဲ..”
မိန်းမပျိုလေးက သူ့ကို ကြည့်ကာ မေးလိုက်တယ်..။
“နင်ကရော..။ဘာလုပ်မှာလဲ..”
အရိုးစုက ရယ်မောလိုက်ပြီး..
“ငါလား..။အိုး.. မသိသေးဘူး..။ငါက အဲဒီကျိန်စာသင့်နေတဲ့ သစ်ပင်ပေါ်ကနေ ဆင်းခွင့်ရပြီ ဆိုတော့ ဆက်ပြီး တည်ရှိနေရဖို့ အချိန်သိပ်မကျန်တော့ဘူးလေ..။ငါက သေခြင်းတရားကို ရင်ဆိုင်ဖို့အတွက် အရိပ်နယ်မြေတွေကို ရှာရင်လည်း ရှာမိမှာပေါ့..။ငါက အယ်ဇာယက် ဆီကို ပြန်သွားပြီး နောက်ဆုံးအနေနဲ့ တစ်ခေါက်လောက်တော့ စနောက်ချင်သေးတယ်..။အဲ့ငနဲက အတော်လေးကို သည်းမခံနိုင်စရာ ကောင်းတာပဲ..သိရဲ့လား..။သူ့အနားမှာ ထာဝရ အချိန်ကုန်ဆုံးနေရတာက အကြီးမားဆုံး ပြစ်ဒဏ်တစ်ခုလိုပဲ..။ငါ အကြံတစ်ုခ ပေးရမယ်ဆိုရင်တော့..မင်းအနားမှာ ထာဝရ ရှိနေမယ့် အဖော်ကို သေချာရွေးချယ်ပါ ဆိုတာပဲ သတ္တဝါလေး..”
မိန်းမပျိုလေးက..ခနလောက် တွေဝေနေပြီးကာမှ..ခေါင်းညိမ့်လိုက်ပြီး..အမှောင်ထုထဲကို လျောက်ဝင်သွားခဲ့ပါတယ်..။သူမရဲ့ ခြေလှမ်းတွေကတော့ မြဲမြံနေခဲ့တယ်..။
ယင်းနောက် သူမက နောက်လှည့်မကြည့်ပဲ ပြောလာခဲ့ပါတယ်..။
“ကျေးဇူးတင်ပါတယ်..အူရီ..။နှုတ်ဆက်ပါတယ်..”
အရိုးစုကတော့ သူမ ထွက်သွားတာကို ကြည့်ပြီး သက်ပြင်းချလိုက်တယ်..။
“ဘယ်လောက်တောင် ရူးမိုက်တဲ့ သတ္တဝါမျိုးလဲ..။ဒါတောင်မှ..သူမက ကံကောင်းပါစေလို့ ငါ ဆုတောင်းပေးနေမိတယ်..။သူမ ဘာကို ရှာနေတာလဲဆိုတာ မသိပေမယ့်..အဲတာကို ရှာတွေ့ပါစေလို့..ငါ မျှော်လင့်ပါတယ်..”
မိန်းမပျိုလေး က ဝေးသထက် ဝေးသွားတဲ့ အချိန်မှာတော့ သူမရဲ့ မီးတောက်ကလည်း မှိန်ဖျော့သွားခဲ့ပါတယ်..။အမှောင်ထုက အရိုးစုကို ဝန်းရံထားခဲ့ပြီး..မြူနှင်းတွေက သူ့ကို ဝါးမြိုပစ်တော့မယ့် အလား..ဖြည်းညှင်စွာ စီးဆင်းလာနေခဲ့ကြတယ်..။
အူရီ ဟာ နီးကပ်လာနေတဲ့ မြူတွေကို ကြည့်ရင်း နောက်ထပ်တစ်ကြိမ် သက်ပြင်းချလိုက်ပါတယ်..။
“..အနည်းဆုံးတော့..သူမက ငါ့လောက် မမိုက်မဲသေးပါဘူး..”
ယင်းနောက် အဖြူရောင် မြူတွေက သူ့ကို ဝါးမြိုသွားခဲ့ပြီး..သူ့ရဲ့ အသံကလည်း တိတ်ဆိတ်သွားခဲ့ပါတယ်..။
မကြာခင်မှာပဲ.အေးစက်နေတဲ့ မြစ်ရေပြင်ပေါ်မှာ ထိုးဖောက်လို့မရနိုင်တဲ့ အမှောင်ထုကသာ ပြန်လည် ကြီးစိုးသွားခဲ့တယ်..။
..အဝေးတစ်နေရာမှာတော့ အထီးကျန်နေတဲ့..အလင်းစက်လေးတစ်ခုဟာ..ဖြည်းဖြည်းချင်း အမြင့်ကို တက်တက်သွားခဲ့တယ်..။သိပ်မကြာခင်မှာတော့..ဒီအလင်းစက်ကလည်း မြင်ကွင်းကနေ ပျောက်ကွယ်သွားခဲ့ပါပြီ..။
[ အတွဲ ( ၄ ) ပြီးဆုံးပါပြီ - ချိန်းဖျက်ဆီးသူ ]
အပိုင်း ( ၇၅၀ ) ပြီး၏