အခန်း (၁၂၂)
Vol. 13 Ch. 122
နှစ်သုံးထောင်လော သံချောင်းလော။ အပိုင်း (၁၂၂)
မူရင်းစာရေးဆရာ -
ဘာသာပြန် - Author Aven
Team - True Immortal Team
ရှုထောင့်ပြောင်း၍ စဉ်းစားကြည့်ခြင်း(၁)
…သစ္စာဖောက်ပါလား…
ပိုင်ချူးရန်၏ အဖြေစကားကြောင့် စုရှန်းရွှယ်အား နှစ်သက်သည့် တန်ရော်ဝေပင် အတွေးဝင်မိသွားသည်။
"ဂိုဏ်းသခင်စုနဲ့ ဓားခေါင်းဆောင် ရင်းနှီးတယ်လို့တော့ ကြားဖူးတာ ကြာပြီ… ဒီလိုသတင်းမျိုး ပြောပြမယ်လို့တော့ မထင်ထားဘူး… ကြည့်ရတာ သူ့စိတ်ထဲမှာ ဓားခေါင်းဆောင်ကို မငြင်းဆန်နိုင်ပုံပဲ…"
လိကျင်းယောင်က ပြုံးကာ မှတ်ချက်ပေးသည်။
"ဒါကတော့ ငါက နာကျင်အောင် မလုပ်တတ်ဘူးဆိုတာ သိနေလို့လေ…'
ပိုင်ချူးရန်ကလည်း လိကျင်းယောင်အား ခေါင်းစခြေဆုံး စိုက်ကြည့်သည်။
"ကောင်းကင်နတ်ဆိုး ခန္ဓာရှင်ဆိုတော့ ပုံရိပ် မာယာအတတ်ကို သင်ထားမှာပဲ… သက်ရောက်မှုကို မတွေ့နေပါလား…'
"ဒါကတော့ နည်းနည်းပြန်ပြောင်းထားတာ… အဲ့တာမို့ သက်ရောက်မှုကို လိုချင်မှ ထုတ်သုံးနိုင်တယ်…"
လိကျင်းယောင်က ပြောပြောဆိုဆိုဖြင့် မျက်စိတဖက် မှိတ်လိုက်၏ ။
"ကြည့်စမ်း…"
ထိုခဏ၌ သူမ၏ ကိုယ်မှ ဆွဲဆောင်မှုများ ပေါ်လာသည်။ ထို့ကြောင့် တန်ရော်ဝေပင် ရှက်သွေးဖြာကာ မျက်နှာနီသွားတော့၏ ။ သို့သော်လည်း ပိုင်ချူးရန်က မျက်နှာသေဖြင့် ရှိနေဆဲ ဖြစ်သည်။
"ဪ ဒါကို ပြောတာလား…"
ခဏကြာပြီးချိန်၌ ပိုင်ချူးရန်က မှတ်ချက်ပေးသည်။
"မင်းက ငါပြောင်းထားတဲ့ နည်းလမ်းကို ပြန်ပြင်ဆင်ထားတော့ ဆွဲဆောင်မှုကို ပိတ်ဖွင့်နိုင်ပေမယ့် ဆွဲဆောင်အားတော့ လျော့သွားတယ်… ဒီလှည့်ကွက်က ခန္ဓာကိုယ်နဲ့ အဆင်ပြေနေတယ်… ဒါက မင်းတယောက်တည်းအတွက်ပဲ အဆင်ပြေတာ…"
လိကျင်းယောင်က ခဏတာ မင်သေသွားကာ အောင့်သက်သက်ပြုံးလိုက်သည်။
"တကယ့်ကို ဓားခေါင်းဆောင်ပါလား… ဒီနည်းလမ်းရဖို့ နှစ်နှစ်တောင် စဉ်းစားခဲ့ရတာ… ဆရာတောင် ခြားနားချက်ကို သိဖို့ အချိန်ယူရသေးတယ် စီနီယာက တချက်ကြည့်ရုံနဲ့ မြင်တာပဲ…"
"ငါက ကျိလင်းယွမ်ထက် အသက်ရှင်တာ ကြာပြီလေ…"
ပိုင်ချူးရန်က သာမန်သာ အဖြေပေးသည်။
"နားမလည်တာ ရှိနေတယ်…"
လိကျင်းယောင်မှ ဆွဲဆောင်မှုများ ရုတ်သိမ်းပြီးနောက်တွင် တန်ရော်ဝေက နားမလည်နိုင်ဘဲ ဖြစ်နေသည်။
"ဒီဆွဲဆောင်မှု မာယာက ဘေးထွက်ဆိုးကျိုး ရှိနေလို့လား…"
"ဒါတွေကို ဖယ်ထားလို့မရရင်လည်း ဘေးထွက်ဆိုးကျိုးလို့ တွေးလို့ရတာပဲလေ…"
ပိုင်ချူးရန်က တပည့်ဖြစ်သူအား တချက်ကြည့်လိုက်သည်။
"စုရှန်းရွှယ်သာ ခံနိုင်ရည် မရှိတဲ့ သူတယောက်ကို နေ့တိုင်း စိုက်ကြည့်လိုက်ရင် အဲ့လူ သေသွားရမှာပဲ… ဒါက ဘေးထွက်ဆိုးကျိုး မဟုတ်ဘူးလား…"
ဆရာဖြစ်သူ၏ စကားအဆုံး၌ တန်ရော်ဝေက ခေါင်းညိမ့်လိုက်မိသည်။
"ဟုတ်ပြီ ငါကြည့်ပြီးပြီဆိုတော့ အလုပ်သွားလုပ်ကြတော့…'
ပိုင်ချူးရန်က လက်ရမ်းက ပြောပြန်သည်။
"အခု မြန်မြန်ခန့်မှန်းကြ ရှေးဟောင်းမြို့ လှုပ်ရှားမှုနဲ့ ပက်သက်ပြီး နည်းလမ်းသိဖို့ လိုနေပြီ…"
"ပြောရရင်တော့ အကြံတခုရှိနေတယ်…'
လိကျင်းယောင်က ရုတ်တရက် ပြောလာ၏ ။
"ဟမ်… အကြံပဲလား အခုက ရှုထောင့်ပြောင်းပြီး တွေးရမယ့်အချိန်တော့ ရောက်နေပြီ…"
ပိုင်ချူးရန်က စားပွဲဝိုင်းမှ ထိုင်ခုံတွင် ဝင်ထိုင်ကာ ရေရွတ်သည်။
"ထိုင်ပါဦး မိန်းကလေး လိကျင်းယောင်နဲ့… ရော်ဝေ အဲ့မှာပဲ ရပ်မနေနဲ့…"
"ကျေးဇူးပါ…'
လိကျင်းယောင်နှင့် တန်ရော်ဝေတို့က ထိုင်ခုံတွင် ဝင်ထိုင်လိုက်ကြ၏ ။ ထို့နောက် လိကျင်းယောင်က စကားဆက်သည်။
"ဆန်းကြယ်ကျောင်းတော်က အကြီးအကဲရှုကို ကူညီဖူးတယ်… သူက သတိကြီးပေမယ့် ငါတော့ သဲလွန်စ တချို့မြင်မိတာပေါ့… သူ့သုံးသပ်မှုမှာတော့ ရှေးဟောင်းမြို့က ကမ္ဘာ့မြေကြောပေါ်မှာ လှုပ်ရှားတာ… ဒီနည်းလမ်းက ငါတို့တွေ မသိသေးတဲ့ နည်းလမ်းပဲ သူက မြေကြောနဲ့ ပေါင်းစပ် လှုပ်ရှားတာမျိုး…"
"ဒီအကြံက လွဲနေတာမျိုးတော့ မရှိနေဘူး…"
ပိုင်ချူးရန်က မှတ်ချက်ပေးသည်။
"ရှေးဟောင်းမြို့ တခုလုံး လှုပ်ရှားဖို့က မြေကြောပေါ် မှီတည်နေမှ ဖြစ်မှာ…"
"ဒါပေမယ့် အဲ့လို မမြင်နေဘူး… ရှေးဟောင်းမြို့ရဲ့ တချို့နေရာတွေက မြေကြောမှတ်ပေါ်မှာ မဟုတ်ဘူးလေ…"
လိကျင်းယောင်က စကားဆက်နေသည်။
"အဲ့တာကြောင့်မို့ ရှေးဟောင်းမြို့က တခြားစွမ်းအင် သုံးလောက်မယ်… ဒီလောကကြီးမှာ မြေကြောတခုတည်းကနေပဲ စွမ်းအားယူလို့ရတာမှ မဟုတ်တာ… ပြောရရင် ကောင်းကင် နက္ခတ်တွေကော မြေကြောနဲ့တော့ ဆန့်ကျင်ဘက်ပဲ… စီနီယာကော ဘယ်လိုမြင်နေလဲ…"
"ကောင်းကင်နက္ခတ်တွေလား…"
ပိုင်ချူးရန်က ခေါင်းငုံကာ ခဏတာ သုံးသပ်ကြည့်သည်။ ထို့နောက် ပြည်နယ်ကိုးခုနှင့် နယ်မြေဆယ်ခု၏ မြေပုံအား ထုတ်ကာ စားပွဲပေါ်၌ ဖြန့်ခင်းလိုက်၏ ။
မြေပုံ၏ညတချို့နေရာများ၏ ဝဲကတော့ သင်္ကေတများ ရှိသည်။ ထိုနေရာများမှ ရှေးဟောင်းမြို့ ပေါ်လာဖူးသည့် နေရာများဖြစ်၏ ။
ပိုင်ချူးရန်က မြေပုံအထက်၌ ချီစွမ်းအင်ဖြင့် နက္ခတ်ဇယားတခု ဖန်တီးလိုက်သေးသည်။
လိကျင်းယောင်ကလည်း နက္ခတ်တာရာများနှင့် မြေပုံထက်မှ ဝဲကတော့များအား တိုက်ဆိုင် စစ်ဆေးရန် ကူညီပေးသည်။
"မဟုတ်နေဘူး ကြယ်တာရာနဲ့ မဆိုင်ဘူး…'
လိကျင်းယောင်က စိတ်ပျက်သွားပုံရသည်။
"ကြည့်ရတာတော့ ခန့်မှန်းတာ မှားသွားပုံပဲ…"
"ရပါတယ်… ဒါက တခေါက်နှစ်ခေါက် ခန့်မှန်းရုံနဲ့ ရတာမျိုးမှ မဟုတ်တာ…"
ပိုင်ျူးရန်က နှစ်သိမ့်စကား ဆိုသည်။
"အနည်းဆုံးတော့ ငါတို့ အကြံတခုရတာပဲလေ… မင့်အကြံကလည်း မှန်ပါတယ်… ရှေးဟောင်းမြို့က ငါတို့ သာမန် တွေးထားတာထက်ကို ဆန်းသစ်နေတာလေ…"
"ဟုတ်ပြီ…"
ထိုခဏ၌ မြေပုံအား စိုက်ကြည့်နေခဲ့သည့် တန်ရော်ဝေမှ ရုတ်တရက် စကားဆိုလာသည်။
"ဆရာ ဒီနေရာတွေမှာ အဓိပ္ပာယ် တခုခုရှိမယ် မထင်မိဘူးလား…"