← Chapters

ဓားပြတွေက အစွမ်းထက်တယ်

Vol. 49 Ch. 581

ဓားပြတွေက အစွမ်းထက်တယ်

Vol. 49 Ch. 581

"အင်း တကယ် ​စိတ်ဝင်စားစရာကောင်းလိုက်တာ.."

​

ထိုကဲ့သို့ လမ်းပိတ်ပြီး လုယက်တိုက်ခိုက်တာမျိုးကို သိုင်းကားတွေထဲမှာပဲ လျူယောင် မြင်ဖူးခဲ့၏။ယခု မူ အပြင်မှာ သူ တကယ်ကြီး ကြုံတွေ့နေရသည်။

လျူယောင်ကမူ ထိတ်လန့်ရမည့်အစား စိတ်ဝင်စား စရာလိုပဲ ထင်နေ၏။

​ခေါင်းဆောင်ဖြစ်သူက မျက်နှာမှာ အမာရွတ်နှင့် လ က်ထဲမှာလည်း ကြောက်မက်ဖွယ် နတ်ဆိုးဓားကို ကို င်ထားပြီး သူ ကြည့်ရုံနဲ့တင် လူသတ်သမားတစ်ယေ ာက်မှန်း သိသာလှသည်။ကျန်လေးယောက်မှာမူ နောက်လိုက်တွေဖြစ်ပုံရ၏။

သူတို့အားလုံးကလည်း ဓားရှည်ကိုယ်စီနှင့် အသင့် အနေအထား ရှိနေကြသည်။

​တစ်ဖက်မှာလည်း သာမန်လူတန်းစားဖြစ်သည့် မြ င်းလှည်းမောင်းသမားခမျာ ဤကဲ့သို့ အခြေအနေ မျိုးအား တစ်ခါမျှ မကြုံဖူးသောကြောင့် သူ မျက်နှ ာ တစ်ခုလုံး သွေးဆုတ်ဖြူလျော့ကာ တစ်ကိုယ်လုံ း တုန်ယင်နေပေသည်။

​ထိုစဉ်မှာပင် ဓားပြတစ်ယောက်က ရှေးရိုး အစဉ်လာ အတိုင်း အော်ဟစ်လိုက်၏။

“ဒီလမ်းကို ငါဖောက်ခဲ့တာ..ဒီသစ်ပင်ကိုလည်း ငါစိုက်ခဲ့တာ..”

​လျူယောင်ကမူ သဘောကျစွာ ရယ်ရင်း စိတ်ထဲက နေ​ရေရွတ်မိလိုက်သည်။

“ဟားဟား ဒီလူက တကယ့်ကို သွေးပူနေတာပဲ.. စ ကားစတာတောင် ရှေးကျလှချေလားဟ..”

ပြီးနောက် လျူယောင်က ဓားပြများ ပြောမည့်စကာ း အား ကြိုသိနေသကဲ့သို့ သူကပဲ အရင် ဖြည့်စွက် ကာ ပြောလိုက်၏။

​“ဒီလမ်းက ဖြတ်ချင်ရင်တော့ လမ်းကြေးပေးခဲ့.. မ ပေးနိုင်ရင်တော့ လမ်းဘေးမှာ အသက်ပျောက်ဖို့ သာ ပြင်ထားလိုက်တော့.ဟား.”

​လျူယောင့်၏ ရယ်မောသံက ဓားပြတွေအတွက်မူ အကြီးအကျယ် စော်ကားခံလိုက်ရသလိုပင်။

သူတို့ ရှေ့ဆက်ပြောမည့် ခြိမ်းခြောက်စကားတွေ တောင် လည်ချောင်းထဲမှာတင် တစ်ဆို့သွားပြီး ဒေါ သတွေက ငယ်ထိပ်သို့ ရောက်လာကြ၏။ သူတို့ လု ယက်လာသည့် သက်တမ်းတစ်လျှောက်လုံးတွင် ဤ ကဲ့သို့ အဖက်မလုပ်သည့် အခြေအနေမျိုးအား တစ် ခါမျှ မကြုံဖူးခဲ့သောကြောင့်ပင်။

​အမာရွတ်မျက်နှာနှင့်ခေါင်းဆောင်က မျက်လုံးအစုံ ပြူးကျယ်လာကာ လျူယောင့်အား သတ်ဖြတ်လို သောအကြည့်ဖြင့် စိုက်ကြည့်ရင်း အော်ပြောလိုက် ၏။

“ဟိတ်ကောင်လေး..အသက်ရှင်ချင်ရင် မင်းမှာပါလ ာသမျှ ပစ္စည်းတွေ အကုန်ထားခဲ့ပြီး အခုချက်ချင်း ထွက်သွားလိုက်စမ်း..”

​လျူယောင်ကမူ ထိုစကားတွေအား မကြားလေဟန် ဖြင့် မလှုပ်မယှက် တည်ညိမ်နေဆဲပင်။သူ့မျက်နှာထ က်က အေးစက်စက် အမူအရာက ထိုဓားပြတွေအား လုံးဝဂရုမစိုက်ကြောင်း သက်သေပြနေသည်။

​

သို့သော်လည်း မြင်းလှည်းမောင်းသမားမှာမူ လျူ ယောင်လို တည်ငြိမ်နိုင်စွမ်း ရှိမနေပေ။ထိုလူက လှ ည်းပေါ်မှ အမြန်ဆင်းကာ မြေပြင်ပေါ် ဒူးထောက်ချ လိုက်ပြီး တုန်တုန်ရင်ရင်ဖြင့် အသနားခံလိုက်၏။

​“လူကြီးမင်းတို့ရယ်... ကျွန်တော့်ကို သနားကြပါဦး ကျွန်တော့် အိမ်မှာ အသက် ၇၀.အရွယ် အမေအိုကြီး ရယ်..မယားနဲ့ သားသမီးတွေရယ် ရှိပါသေးတယ်... .ကျွန်တော့် အသက်ကို ချမ်းသာပေးကြပါဗျာ...”

"ဖုန်း.. ""အင့် "

​သူ့စကား မဆုံးသေးမီမှာပင် စိတ်မရှည်သော ဓားပြ တစ်ယောက်က မြင်းလှည်းမောင်းသမားအား ခပ် ကြမ်းကြမ်း ကန်ထည့်လိုက်ရာ မြေပြင်ပေါ်သို့ ခွေ ခေါက်လဲကျသွားသည်။ထို့နောက် အေးစက်လှသ ည့် ဓားရှည်က ရထားမောင်းသမား၏ လည်ပင်းပေါ် သို့ ရောက်လာကာ အော်ပြောလိုက်၏။

​“စကားများမနေနဲ့..မင်းမှာရှိတာ အကုန်ထုတ်စမ်း..မ ဟုတ်ရင် မင်းခေါင်းနဲ့ ကိုယ် အခုချက်ချင်း အိုးစား ကွဲသွားမယ်..”

​“မလုပ်ပါနဲ့ လူကြီးမင်းတို့ရယ် သနားညာတာပါဗျာ”

​မြင်းလှည်းမောင်းသမားခမျာ တုန်ယင်နေသော လ က်အစုံဖြင့် သူ့ထံတွင်ပါသမျှ ပိုက်ဆံအိတ်ကို ထုတ် ပေးရှာသည်။သို့သော်လည်း အိတ်ကိုဖွင့်ကြည့် လို က်သော ဓားပြမှာ ဒေါသတကြီးဖြင့် ထိုလူ့အား ထပ် မံကန်ကျောက်လိုက်၏။

မြင်းလှည်းမောင်းသမား၏ အိတ်ထဲတွင်မူ ကြေးနီ ဒင်္ဂါးပြားအချို့သာရှိပြီး ငွေဒင်္ဂါး ၁၀ပြားပင် မပြည့် ပေ။

​“တောက်.. တကယ်ကို ငနွားပဲ..ဒီလောက်နည်းတာ လား ငါတစ်ခါ ကန်တာနဲ့တောင် မတန်ဘူး ..ကံဆိုး လိုက်တာကွာ ထွီး..”

​ထိုစဉ် အခြားဓားပြတစ်ယောက်က လျူယောင်ရှိရာ သို့ ဓားကိုဝှေ့ယမ်းရင်း လျှောက်လာ၏။

“ဟေ့ကောင်လေး... မင်းမှာရှိတာတွေ အကုန်ထုတ် ပေးစမ်း.. ဒါမှ မင်း နာကျင်မှု မရှိမှာ "

​လျူယောင်ကတော့ စိတ်ထဲကနေသာ ကျိန်ဆဲလို က်သည်။

"ခွေးမသားတွေ.."

​သူတို့အား ဂရုမစိုက်သော လျူယောင့်အမူအရာ ကြောင့် ထိုဓားပြမှာ ဒေါသအလိပ်လိုက် ထွက်လာ ပြီး လျူယောင်အား မြေပြင်ပေါ် လဲကျသွားစေရန် အားပါပါ ကန်ထည့်လိုက်၏။လျူယောင်၏ မျက် လုံးအစုံမှာမူ ကျဉ်းမြောင်းသွားပြီး ထိုဓားပြ၏ လှုပ် ရှားမှုအား အကဲခတ်ကြည့်လိုက်သည်။

​‘အမ် ဒီဓားပြလေးက တကယ်ကို သိုင်းအခြေခံ ရှိသူ ပဲဟ..’

လျူယောင် စိတ်ထဲကနေ အံ့အားသင့်သွားရ၏။သာ မာန်လူ ဆယ်ယောက်ဆိုလျှင်ပင် ထိုဓားပြအား ယှဉ် နိုင်မည်မဟုတ်ပေ။သို့သော်လည်း သူ့ကို ကန်ချင်သ ည်ဆိုပါက ထိုဓားပြအတွက်မူ ဝေးလွန်းလှသည်။

​“ဘုန်း..”

​လျူယောင်သည်လည်း ယဉ်ကျေးမနေတော့ဘဲ ဓား ပြ၏ ခြေထောက်ကို တန်ပြန်ကန်ထုတ်လိုက်၏။ထို အခါဓားပြက နောက်သို့ အရှိန်ဖြင့် လွင့်ထွက်သွား ကာ ခြေလှမ်းအနည်းငယ် ယိုင်ထိုးသွားပြီးမှ မြေပြ င်ပေါ်သို့ လဲကျသွားပေသည်။

​လျူယောင်တစ်ယောက် သူ့ကိုယ်ကိုယ် ပြန်၍ အံ့ ဩသွားမိသည်။သူက အားအနည်းငယ်သာ သုံးခဲ့ သော်လည်း သာမာန်လူတစ်ယောက်ဆိုလျှင်မူ မီတာ အနည်းငယ်အထိ လွင့်ထွက်သွားပြီး ခြေထောက် အ ရိုးပင် ကျိုးသွားနိုင်လောက်သည့် အရှိန်မျိုး ဖြစ်၏။

​သို့သော်လည်း တစ်ဖက်လူက သူ ထင်ထားသလော က် အားနည်းမနေခဲ့ပေ။

​ထိုဓားပြသည် နောက်သို့ လွင့်ထွက်သွားပြီး လဲကျ သွားသော်လည်း ဒဏ်ရာရဟန်မတူဘဲ ရှက်ရွံ့ဒေါ သထွက်စွာဖြင့် ချက်ချင်းပြန်ထလာ၏။ထိုဓားပြက သူ့ အဖော်တွေကိုလည်း သတိပေးလိုက်သည်။

“ညီအစ်ကိုတို့... ဒီကောင်က အတော်လေး တိုက်ရ ည်ခိုက်ရှိတယ်ဟ..ငါတို့ အတူတူ တက်ကြစို့..”

​အမာရွတ်မျက်နှာနှင့် ခေါင်းဆောင်ကလည်း လျူ ယောင်မှာ အခြေခံသိုင်းပညာရှိကြောင်း ရိပ်မိသွား ပုံရ၏။သူက လက်ဝှေ့ယမ်းကာ အမိန့်ပေးလိုက်သ ည် ။

“အားလုံး ဝိုင်းတိုက်ကြ ဒီကောင့်ကို အပိုင်းပိုင်းခုတ် ပစ်လိုက်စမ်း..”

​ကြည့်ရသည်မှာ ထိုဓားပြတွေသည် သူ့ဆီက ငွေကို ယူ ချင်ယုံသာမက သူ့ အသက်ကိုပါ ရည်ရွယ်နေပုံ ရသည်။အမာရွတ်နှင့်ဓားပြခေါင်းဆောင်က ဘေးမှ ကြည့်နေစဉ် ကျန်ဓားပြလေးဦးစလုံးမှာ ဓားရှည်ကို ယ်စီဖြင့် အုပ်စုလိုက် ဗျူဟာခင်းကာ တစ်ပြိုင်နက် ပြေးဝင်လာ၏။

​

မြေပြင်ပေါ်တွင် လဲကျနေသည့် မြင်းလှည်းမောင်း သမားခမျာ သူမျက်လုံးများအား ကြောက်လန့်တ ကြား ပိတ်လိုက်မိသည်။

“သွားပြီ ‘ဒီလူငယ်လေးတော့ သွားပြီပဲ...’

သူ ဝမ်းနည်းစွာ ရေရွတ်လိုက်၏။သာမာန်စစ်သည် တော်တစ်ယောက် မဟုတ်လျှင် ဤမျှကျွမ်းကျင် သော ဓားပြအုပ်စုအား ယှဉ်နိုင်ဖို့ဆိုသည်မှာ လုံးဝ မ ဖြစ်နိုင်သလောက်ပင်။

​သို့သော်လည်း လျူယောင်ကမူ အကြောက်တရား လုံးဝမရှိပေ။သူက အေးအေးဆေးဆေး ရေရွတ်လို က်၏။

“ကောင်းပြီလေ... ငါလည်း လေ့ကျင့်ခန်း မလုပ်ရတ ာကြာပြီပဲ”

​သူ သတိထားမိသည်က ထိုဓားပြများအားလုံးသည် သာမာန်လူများမဟုတ်ဘဲ စနစ်တကျ လေ့ကျင့်ထား သည့် သိုင်းသမားများ ဖြစ်နေကြခြင်းပင်။တစ်ဦးချ င်းစီ၏ အရည်အချင်းမှာ ခေတ်သစ်ကမ္ဘာမှာရှိသော အထူးတပ်ဖွဲ့ဝင်များထက်ပင် ကျော်လွန်နိုင်၏။

သူ၏ ဝံပုလွေကြေးစားအဖွဲ့ဝင်များနှင့် ယှဉ်လျှင် တောင်မှ အနိုင်ရနိုင်ခြေက တစ်ဝက်စီ ရှိနေသည်။

​လျူယောင့် စိတ်ထဲတွင်မူ မေးခွန်းတစ်ခု ပေါ်လာခဲ့ ၏။

‘လခွမ်း ဒါ ဘယ်လိုကမ္ဘာမျိုးလဲ သာမာန် လမ်းဘေး ဓားပြတွေတောင် ဒီလောက်ထိ ကျွမ်းကျင်နေကြတ ာလားဟ..’

​ထို့နောက် လျူယောင်က ဆက်၍ တွေးလိုက်မိသေး သည်။

‘ဒီလောက် အရည်အချင်းရှိတဲ့သူတွေက ဘာလို့ ဓား ပြတိုက်နေကြတာလဲ..သူဌေးတွေဆီမှာ သက်တော် စောင့်လုပ်တာပဲဖြစ်ဖြစ်.တိုက်ကွမ်ဒို ကျောင်းဖွင့်တ ာပဲဖြစ်ဖြစ် လုပ်ရင် ဒီထက် အများကြီး ပိုချမ်းသာ မှာကိုကွာ...’

လျူယောင်တစ်ယောက် ဆက်ပြီး ​တွေးနေဖို့ အချိန် မရှိတော့ဘဲ ရန်သူ့ဓားချက်များက သူ့ဆီသို့ ဦးတည် လာနေသည်။ဓားရှည်လေးလက်သည် စနစ်တကျပ င် သူ့အား အရပ်လေးမျက်နှာမှ ဝိုင်းရံတိုက်ခိုက်လာ ကြ၏။

​လျူယောင်သည် တည်ငြိမ်စွာဖြင့် ထိုတိုက်ခိုက်မှုမျ ားကို ရင်ဆိုင်ရင်း ရန်သူ့အကွက်များအား အကဲ ခတ်ကာ ကြည့်နေမိသည်။အချီအနည်းငယ်အကြာ တွင်မူ သူသည် အခွင့်အရေးကို လျှပ်တစ်ပြက် ဖမ်း ဆုပ်လိုက်ပြီး ဓားပြတစ်ယောက်၏ မျက်နှာတည့်တ ည့်အား လက်သီးဖြင့် အားရပါးရ ထိုးပစ်လိုက်၏။

​“ခွပ်..” "အား.."

​ဤတစ်ကြိမ်တွင်မူ သူက အားကို နည်းနည်းထုတ် သုံးလိုက်သောကြောင့် ထိုဓားပြမှာ အသံနက်ကြီးဖြ င့် အော်ဟစ်ကာ လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားပေသည်။

ထိုဓားပြက ချက်ချင်းပြန်မထနိုင်ဘဲ လူးလိမ့်နေကာ အတွင်းဒဏ်ရာ ရသွားပုံရ၏။

"ဘာလဲဟ.."

​အစောပိုင်းက အခြေအနေကို စောင့်ကြည့်နေသည့် အမာရွတ်မျက်နှာနှင့်ခေါင်းဆောင်မှာမူ အံ့အား သင့်သွားပုံရသည်။သူ အကဲခတ်ရသလောက် ထိုလူ ငယ်က မည်သည့် သိုင်းကွက်ကိုမျှ ထုတ်သုံးခြင်း မ ရှိပေ။

သို့သော်လည်း သိုင်းပညာမတတ်သော ထိုလူငယ် က သူ့လက်အောက်ငယ်သားအား လွင့်ထွက်သွား အောင် လုပ်နိုင်ခြင်းမှာ သူတစ်သက်လုံး မမြင်ဖူးခဲ့ သည့် ထူးဆန်းသော အခြေအနေပင် ဖြစ်နေ၏။

​သူ ကြောင်အမ်းအမ်း ဖြစ်နေစဉ်မှာပင် လျူယောင် က နောက်ထပ်ဓားပြတစ်ယောက်ကို လေထဲသို့မြော က်တက်သွားအောင် ကန်တင်လိုက်ပြန်သည်။မကြာ ခင်မှာပင် ကျန်ဓားပြနှစ်ယောက်စလုံးလည်း မြေပြ င်ပေါ်တွင် ခွေခေါက်လဲကျကုန်၏။

​“ခွေးမသားတွေ စောက်သုံးကို မကျဘူး..”

​အမာရွတ်နှင့်ဓားပြခေါင်းဆောင်မှာ ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီမြန်းလာကာ လက်ထဲမှ နတ်ဆိုး ဓားကို တင်းတင်းဆုပ်၍ လျူယောင့်ဆီသို့ ပြေးဝင် လာသည်။သူသည် တောင်တစ်လုံးကို ဖြတ်မည့်အ လား ရိုးရှင်းပြီး ကြမ်းတမ်းလှသော ဓားကွက်ဖြင့် လျူယောင်အား ခုတ်ချလိုက်၏။

​လျူယောင်က ဘေးသို့ လျင်မြန်စွာ ရှောင်တိမ်းလို က်သော်လည်း ဓားသွားမှ ထွက်ပေါ်လာသော လေ တိုးသံကြောင့် သူ့စိတ်ထဲမှ ထိတ်လန့်သွားမိသည်။

‘လခွမ်း..ဒီအမာရွတ်ကောင်က တကယ်ကို အစွမ်း ထက်တာပဲ... ဒီဓားချက်က လေထုကိုတောင် ထိုး ဖောက်သွားသလိုပဲ.သာမာန်လူသာဆိုရင်တော့ နှစ် ပိုင်းပြတ်သွားမှာ သေချာတယ်’

​သူ့စိတ်ထဲတွင်လည်း မေးခွန်းတစ်ခုက ထပ်မံပေါ် လာပြန်သည်။

‘ရှေးခေတ်လူတွေအားလုံးက ဒီလောက်တောင် အစွ မ်းထက်ကြတာလား..’

​“ဒါက သာမာန်ဓားပြတစ်ယောက်ပဲ မဟုတ်လား...”

​လျူယောင်၏ စိတ်ထဲတွင်မူ သံသယများ ပြည့်နှက် နေ၏။တောတောင်ထဲမှာ လုယက်နေသည့် သာမာန် ဓားပြတစ်ယောက်က ဤမျှအစွမ်းထက်နေခြင်းမှာ မည်သို့မျှ မဖြစ်နိုင်သလို မူမမှန်လှပေ။

​အချီအနည်းငယ် အပြန်အလှန် တိုက်ခိုက်ပြီးနောက် တွင်မူ လျူယောင်က အသာစီးရလာကာ ဓားပြခေါ င်း ဆောင်အား မြေပြင်ပေါ်သို့ လဲကျသွားအောင် လုပ်နိုင်ခဲ့သည်။လျူယောင်က သူ့.ဒေါသကို မထိန်း နိုင်ဘဲ လဲကျနေသည့် ဓားပြခေါင်းဆောင်ဆီသို့ လျှောက်လာကာ အားပြင်းပြင်း ကန်ထည့်လိုက်၏။

​“ဂျွတ်.”

​ထိုကန်ချက်က အမာရွတ်မျက်နှာ၏ ပေါင်ကို တည့် တည့်ထိမှန်သွားပြီး ခြေထောက်အရိုးအား တိုက်ရို က်ကျိုးသွားစေခဲ့သည်။

​“အားးးးး”

​အမာရွတ်မျက်နှာနှင့်ခေါင်းဆောင်ဓားပြမှာမူ နာကျ င်လွန်း၍ မျက်နှာတစ်ခုလုံး ဖြူဖျော့လာကာ သူ့ အ သက်ဆုံးရူံးမှာကိုပါ ထိတ်လန့်လာ၏။သူသည် လျူ ယောင့်အား အတင်းတောင်းပန်လိုက်သည်။

“သူရဲကောင်းလေး. ကျေးဇူးပြုပြီး ကျွန်တော့်အသ က် ကို ချမ်းသာပေးပါဗျာ..ကျွန်တော့်မှာရှိတဲ့ ပစ္စည်း တွေအကုန်လုံးပေးပါ့မယ်..”

​သူသည် တုန်ယင်နေသော လက်များဖြင့် သူ့ကိုယ် ပေါ် မှ လက်ဖဝါးအရွယ်ထက်ပင် သေးငယ်သည့် မီးခိုးရောင် အိတ်လေးတစ်လုံးအား ထုတ်ပေးလိုက် ၏။

​လျူယောင်က ထိုအိတ်ကို ယူပြီး စမ်းကြည့်ရာ အိ တ်ထဲတွင် ဘာမှမရှိသလို ပေါ့ပါးနေသည်ကိုလည်း သူ ခံစားလိုက်ရသည်။ထိုအိတ်မှာ ခြောက်သွေ့နေ ပြီး ကြေးနီဒင်္ဂါးတစ်ပြားစာမျှပင် အဖုအထစ် ရှိမ နေပေ။

​“မင်း ငါ့ကို အရူးလုပ်နေတာလား..”

​လျူယောင်တစ်ယောက် ဒေါသထွက်လာခဲ့၏။ ထိုဓားပြခေါင်းဆောင်က အသက်အန္တရာယ် ကြုံရ ချိန်မှာတောင် အိတ်အလွတ်တစ်လုံးဖြင့် သူ့ကို လှည့် စားရန် ကြိုးစားသည်ဟု သူထင်လိုက်သည်။

သူက အားဖြင့် ထပ်မံကန်ထုတ်လိုက်ပြန်ရာ “ဂျွတ်” ဆိုသည့် အသံနှင့်အတူ အမာရွတ်မျက်နှာ၏ ကျန် ခြေထောက်တစ်ဖက်မှာလည်း ရစရာမရှိအောင် ကျို းသွား၏။

All Chapters