ဟိုင်ကျိုးစီရင်စု
Vol. 49 Ch. 582
မျက်နှာတွင် အမာရွတ်နှင့်လူမှာ နာကျင်မူများ ခံစား နေရရှာသည်။ဤအိတ်ကလေးမှာ သူပိုင်ဆိုင်သမျှ အရာအားလုံးဖြစ်သော်လည်း ယခုတော့ အားလုံးကို ဆုံးရှုံးလိုက်ရ၏။ထို့အပြင် သူ၏ ကျန်ရှိနေသော ခြေထောက်တစ်ဖက်မှာလည်း အကန် ခံရသဖြင့် အ ရိုးကျိုးကြေနေပေသည်။
လျူယောင်ကမူ ထိုဓားပြခေါင်းဆောင်အား အထင် သေးသော အကြည့်ဖြင့် ကြည့်ကာ ဆဲဆိုလိုက်၏။
"ဒီလို အိတ်စုတ်လေးနဲ့ ငါ့ကို လိမ်ချင်နေတာလား... တကယ့် စောက်ရူးပဲ.."
ထို့နောက် သူသည် မြေပြင်ပေါ်တွင် လဲကျနေသည့် ဓားပြများကို တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် မြ င်းလှည်းမောင်းသမားကြီးအား ပြေးထူရင်း စိုးရိမ် တကြီး မေးလိုက်သည်။။
"ဦးလေး... အဆင်ပြေရဲ့လားဗျ.."
"ပြေပါတယ်... ပြေပါတယ် သခင်လေးရာ.. ကျေး ဇူးလည်း အများကြီးတင်ပါတယ်.. သခင်လေးက ဒီ လောက်အစွမ်းထက်လိမ့်မယ်လို့ ကျွန်တော် တက ယ် မထင်ထားခဲ့ဘူးဗျာ.."
မြင်းလှည်းမောင်းသမားကြီးမှာ ဒဏ်ရာအနာတရ တစ်စုံတစ်ရာ မရရှိခဲ့သော်လည်း ခုနက အဖြစ်အပျ က်ကြောင့် အတော်လေး ထိတ်လန့်တုန်လှုပ်နေရှာ သည်။
ဤနေရာမှမထွက်ခွာမီ လျူယောင်သည် တစ်ခုခုကို သတိရသွားဟန်ဖြင့် လဲကျနေသော ဓားပြများ၏ ခ န္ဓာကိုယ်များအား လိုက်လံရှာဖွေပြီး ထိုလူတွေဆီမှာ ပါသမျှ ပိုက်ဆံများအား တစ်ခုမကျန် သိမ်းကျုံးယူ လိုက်၏။
အမာရွတ်မျက်နှာနှင့်လူ၏ အိတ်စုတ်မှလွဲ၍ ကျန် ဓားပြများထံမှ ရွှေဒင်္ဂါးနှင့် ငွေဒင်္ဂါးအချို့အား သူ သိမ်းဆည်းရမိခဲ့သည်။
လျူယောင်က ခပ်နောက်နောက်ပြောလိုက်၏။
"ဟီးဟီး...မြေးလေးတွေရဲ့ ပိုက်ဆံဆိုတော့ ငါပြုံး ပြုံးလေးပဲ လက်ခံလိုက်ပါ့မယ်.."
ထို့နောက် ဓားပြများ လုယူသွားသော ပိုက်ဆံများအ ား မြင်းလှည်းမောင်းသမားကြီးထံသို့ သူ ပြန်ပေး လိုက်၏။
မြင်းလှည်းမောင်းသမားကြီးက ဝမ်းသာအားရ ပြေ ာလိုက်သည်။
"သခင်လေးရယ်... ကျွန်တော်မျိုး ဘယ်လိုကျေးဇူး ဆပ်ရမှန်းတောင် မသိတော့ပါဘူး"
"ကိစ္စမရှိပါဘူး ဦးလေးရာ.ကဲ... သွားကြစို့"
မြင်းလှည်းကြီးမှာ လမ်းမထက်ဝယ် တဖြည်းဖြည်း မောင်းလာခဲ့၏။လျူယောင်က သိမ်းဆည်းရမိသော ငွေကြေးများကို အကြမ်းဖျင်း ရေတွက်ကြည့်ရာ ရွှေဒင်္ဂါး ဒါဇင်အနည်းငယ်ခန့် ရှိနေသည်။
ဤပမာဏမှာ များလှသည်မဟုတ်သော်လည်း နော င်တွင် သူသွားရောက်မည့် ဟိုင်ကျိုးမြို့ကြီးကဲ့သို့ နေရာမျိုး၌ အသုံးဝင်မည်မှာ အသေအချာပင်။
ထို့နောက် လျူယောင်သည် ထူးထူးခြားခြား သူရခဲ့ သည့် အိတ်စုတ်လေးကို ထုတ်ယူကာ အချိန်အတေ ာ်ကြာအောင် စူးစမ်းကြည့်သော်လည်း ဘာမှန်းမ သိဖြစ်နေဆဲပင်။
ထိုစဉ်မှာပင် မြင်းလှည်းမောင်းသမားကြီးက အိတ်င ယ်လေးအား သတိထားမိသွားပြီး ဝင်ပြောလိုက်သ ည်။
"သခင်လေး... အဲဒါက 'ချန်ခွန်းအိတ်' ဖြစ်မယ်ဗျ.."
လျူယောင်မှာမူ နားမလည်နိုင်ဘဲ မျက်မှောင်ကြုတ် ကာ ပြန်မေးလိုက်၏။
"ချန်ခွန်းအိတ်... အဲဒါက ဘာကြီးလဲ"
မြင်းလှည်းမောင်းသမားကြီးက လျူယောင်ကို အံ့ အားသင့်ကာ ကြည့်ရင်း စိတ်ထဲမှ ရေရွတ်မိလိုက်သ ည်။
"ဒီလောက် အစွမ်းထက်တဲ့ သခင်လေးက 'ချန်ခွန်း အိတ်'တောင် မသိဘူးလားဟ.."
လျူယောင်ကလည်း ထိုလူ့၏အကြည့်ကို ရိပ်မိသွား ကာ အလျင်အမြန်ပင် အကြောင်းပြချက် ပေးလိုက် ရ၏။
"ကျွန်တော်က ပင်လယ်ရပ်ခြားမှာပဲ နေခဲ့တာဆို တော့ ဒီလိုအရာမျိုးတွေနဲ့ သိပ်မရင်းနှီးဘူးဗျ"
"ဪ... ဒါကြောင့်ကိုး..အဲ့ဒါကြောင့် သခင်လေးရဲ့ အပြောအဆိုက ယဉ်ကျေးနေတာ..ပင်လယ် ရပ်ခြား မှာ အကြာကြီး နေခဲ့လို့ကိုး.."
မြင်းလှည်းမောင်းသမားကြီးက နားလည်သွားဟန် ဖြင့် ခေါင်းတညိတ်ညိတ် လုပ်ရင်း ဆက်ရှင်းပြလို က်သည်။
"ချိန်ခွန်အိတ်ဆိုတာ ပစ္စည်းတွေ သိုလှောင်ဖို့ သုံး တာဗျ. ကျွန်တော် ကြားဖူးသလောက်တော့ အဆင့် နိမ့်၊အလယ်အဆင့်နဲ့ အဆင့်မြင့်ဆိုပြီး သုံးဆင့်ရှိတ ယ်. အဆင့်တစ်ခုနဲ့တစ်ခုလည်း အရမ်းကွာသလို ဈေးနှုန်းကလည်း ကောင်းကင်နဲ့ မြေကြီးလိုပဲ ကွာ ခြားတယ် သခင်လေးရ.."
"ဒါဆို... အွန်လိုင်းဝတ္ထုတွေထဲကလို 'ဟင်းလင်းပြင် သိုလှောင်အိတ်မျိုးပေါ့..အပြင်ပန်းက သေးပေမဲ့ အ ထဲမှာတော့ ပစ္စည်းတွေအများကြီး ထည့်လို့ရတဲ့ စ ကြာဝဠာတစ်ခု ရှိနေတာမျိုးပေါ့.."
လျူယောင်ကလည်း တစ်ခါတစ်ရံ ဝတ္ထုများ ဖတ် လေ့ရှိသဖြင့် ထိုအယူအဆအား နားလည်ရန် မခက် ခဲလှပေ။
ခုနက အမာရွတ်မျက်နှာနှင့်လူကို ကန်ကျောက်ခဲ့သ ည် ဖြစ်ရပ်အား ပြန်တွေးမိကာ သူ ခပ်ပြုံးပြုံး ဖြစ် သွားရသည်။
"ငါ အဲ့လူကို အထင်လွဲသွားတာ ဖြစ်နိုင်တယ်..ဒါပေ မဲ့လည်း လမ်းပိတ်ပြီး ဓားပြတိုက်တဲ့ကောင်ဆိုတော့ ခြေထောက်နှစ်ချောင်း ကျိုးသွားတာပဲ ကံကောင်း တယ်လို့ ပြောရမှာပဲ.."
'ချန်ခွန်းအိတ်' တွေ၊ 'ချန်ခွန်းလက်စွပ်' တွေ ရှိနေတ ယ်ဆိုတော့... ခုနက မြင်းလှည်းမောင်းသမားကြီး ပြောတဲ့ 'စစ်ပွဲစာမေးပွဲ' နဲ့ 'စစ်သည်တော်' ဆိုတာ တွေကရော...
“ဒါက တကယ်ပဲ သိုင်းပညာကို အလေးပေးတဲ့ က မ္ဘာတစ်ခု ဖြစ်နေတာလား"
လျူယောင် တစ်ယောက်တည်း တွေးတော နေမိသ ည်။
"ဒါသာ တကယ့်ကိုယ်ခံပညာလောကဆိုရင်တော့ ခု နကဓားပြတွေက ဘာလို့ အစွမ်းထက်သလဲဆိုတာ နားလည်ရမခက်တော့ဘူး..ဒီလူတွေလည်း လေ့ကျ င့် ထားကြတာကိုး"
သို့သော်လည်း ဤကမ္ဘာ၌ စစ်သည်တော်များက မ ည်မျှအထိ စွမ်းအားကြီးမားသည်ကိုမူ သူ မသိသေး ပေ။
"ဒီနေရာက လူတွေက တံတိုင်းတွေကို ကျော်ဖြတ် ပျံသန်းနိုင်တာမျိုးလား.. ဒါမှမဟုတ် ဓားပြီး၊သေန တ်ပြီးတဲ့ ခန္ဓာကိုာ်မျိုးတွေလား... မြစ်တွေ၊ပင်လ ယ်တွေကိုတောင် ပြောင်းပြန်လှန်ပစ်နိုင်တဲ့အထိ စွမ်းကြတာလားဟ"
ဤကဲ့သို့ လျူယောင်က အများကြီး ခန့်မှန်းလိုက်မိ ၏။အဖြေအတိအကျကိုမူ ဟိုင်ကျိုးမြို့သို့ ရောက် မှသာ အဖြည်းဖြည်းချင်း စုံစမ်းရန် သူ ဆုံးဖြတ်လို က်သည်။
ခုနက အဖြစ်အပျက်ကြောင့် မြင်းလှည်းမောင်းသမ ားကြီးမှာလည်း နောက်ထပ် အန္တရာယ်ကြုံမည်ကို စိုးရိမ်နေ၏။ထို့ကြောင့် သူက မြင်းလှည်းကို အရှိန် မြှင့်မောင်းနှင်ခဲ့ရာ လမ်းခရီးတစ်လျှောက် မည်သ ည့်နေရာမှာမှ မရပ်နားခဲ့ပေ။
အစကညဘက်ရောက်မှ မြို့သို့ ဆိုက်ရောက်မည်ဟု လျူယောင်ခန့်မှန်းထားသော်လည်း ညနေစောင်းအ ချိန်မှာပင် မြင်းလည်းမောင်းသမားကြီး၏ အသံထွ က် ပေါ်လာသည်။
"သခင်လေး... ရှေ့မှာ ဟိုင်ကျိုးမြို့ကို မြင်နေရပြီဗျ .. မြို့ထဲရောက်ဖို့ ၁၅ မိနစ်လောက်ပဲ လိုတော့တယ်"
လျူယောင်က မြင်လှည်းပြတင်းပေါက်မှ ရှေ့သို့ လှမ်းကြည့်လိုက်ရာ အံ့အားသင့်သွားမိသည်။
"ဟောဗျာ... ဘယ်လောက်တောင် ကြီးမားတဲ့ မြို့ ကြီးလဲ.."
သူ့မျက်စိတဆုံး မြင်နေရသည်မှာ မြင့်မားခန့်ညား လှသည့် မြို့ရိုးကြီးများပင်။မြို့ရိုး၏ အဆုံးကိုပင် လှမ်းမမြင်နိုင်တော့ဘဲ အကျယ်မှာ အနည်းဆုံး ကီ လိုမီတာ ဒါဇင်အနည်းငယ်မျှ ရှိမည်ဟု သူ ခန့်မှန်းမိ သည်။
ထိုမြို့ကြီး၏ ခန့်နားထည်ဝါလှပုံမှာ သူစိတ်ကူးထား သည်ထက် များစွာ ကျော်လွန်နေပေသည်။
မကြာမီ မြင်းရထားသည် မြို့တံခါးဝသို့ ဆိုက်ရော က်လာ၏။မြို့တံခါးဝတွင်မူ သံချပ်ကာဝတ်စုံ အပြ ည့် ဖြင့် ဝင့်ကြွားစွာ ရပ်နေသော စစ်သားနှစ်တန်းမှာ အ လွန်ပင် ခန့်ညားလှ၏။မှတ်ပုံတင်စစ်ဆေးမည် ကို လျူယောင် အနည်းငယ် စိုးရိမ်နေမိသော်လည်း လက်တွေ့တွင်မူ မည်သူကမျှ သူ့အား လာရောက်စ စ်ဆေးခြင်း မရှိပေ။
မြို့စောင့်တပ်သားများက သတ်မှတ်ထားသည့် နေ ရာအသီးသီးတွင် ကျောက်ရုပ်များကဲ့သို့ တည်ငြိမ်စွ ာ ရပ်နေကြပြီး မြို့ထဲသို့ ဝင်ထွက်သွားလာနေသ ည့် သာမန်ပြည်သူများအား လုံးဝပင် ဂရုမစိုက်ချေ။
မြို့တံခါးကြီးမှာ အလွန်ကျယ်ဝန်းလှရာ ခေတ်သစ် ကမ္ဘာမှ ထရပ်ကားကြီးနှစ်စီး ဘေးချင်းယှဉ်မောင်း လျှင်ပင် ချောင်ချောင်ချိချိ ဖြတ်သန်းနိုင်မည့် အနေ အထားရှိနေသည်။ကြီးမားသည့် အပြာရောင်အုတ်ခဲ ကြီးများဖြင့် အစီအရီတည်ဆောက်ထားသော မြို့ရို းကြီးမှာ ပေသုံးဆယ်ကျော် မြင့်မားကာ အလွန်ပင် ထည်ဝါလှ၏။
မြို့တံခါးအတွင်းသို့ လျူယောင် ဝင်လိုက်သည်နှင့် လေးထောင့်ကျောက်ပြားများ စနစ်တကျ ခင်းထား သည့် လမ်းမကြီးက ဖြောင့်တန်းလျက်ရှိနေသည်။ လမ်းဘေးဝဲယာရှိ အဆောက်အအုံများမှာလည်း လျူ ယောင် ယခင်က ဖြတ်သန်းခဲ့သည့် ကျောင်းကု န်းမြို့မှ အဆောက်အအုံများထက်ပင် ခမ်းနားနေ သေးသည်။
အဆောက်အအုံအများစုမှာလည်း သုံး လေးထပ် ရှိ ကြပြီး အချို့ဆိုလျှင် ငါးထပ်ခန့်အထိပင် ရှိနေကြ ၏။
လမ်းဘေးတစ်လျှောက်တွင်မူ စည်ကားနေသော ဆို င်တန်းကြီးများကိုပါ တွေ့ရပြီး သူ တချက်ဝေ့ကြည့် လိုက်ရာ ဓား၊လှံ အစရှိသည့် လက်နက်အမျိုးမျိုး အား ခင်းကျင်းရောင်းချနေသည့် ဆိုင်များကိုပါ သတိထားမိလိုက်သည်။
လမ်းမပေါ်တွင်မူ လူများစွာ သွားလာနေကြရာ အ ချို့မှာမူ သန်မာထွားကြိုင်းပြီး ကိုယ်ကျပ်ဝတ်စုံများ နှင့် လက်နက်ကိုယ်စီ ကိုင်ဆောင်ထား၏။ထိုသူတို့ မှာ ရိုးရိုးတန်းတန်းပင် သွားလာနေကြသဖြင့် ဤမြို့ တွင် လက်နက်ကိုင်ဆောင်သွားလာခြင်းမှာ ထူးဆန်း သည့်ကိစ္စမဟုတ်ဘဲ ခွင့်ပြုထားပုံရသည်။
ထိုစဉ် မြင်းလှည်းမောင်းသမားကြီးက လှမ်းပြောလို က်၏။
"သခင်လေး... ဟိုင်ကျိုးမြို့ကို ရောက်ပါပြီဗျ..သခ င်လေး တည်းခိုနေကျ ဧည့်ဂေဟာ ရှိပါသလားဗျ.."
နေဝင်မိုးချုပ်စပြုနေပြီဖြစ်ရာ လျူယောင်အတွက် ပထမဆုံးလိုအပ်သည်မှာ တည်းခိုရန် အခန်းတစ်ခန် းပင် ဖြစ်သည်။
လျူယောင်က ခေါင်းခါက ပြန်ပြောလိုက်၏။
" ကျွန်တော့်မှာတည်းနေကျနေရာ မရှိဘူး ဦးလေးရ ဒီမြို့မှာရှိတဲ့ အကောင်းဆုံးဆိုတဲ့ နေရာကိုပဲ ခေါ်သွာ းပေးပါ.."
မြင်းလှည်းမောင်းသမားကြီးသည် မြင်းလှည်းကို မိ နစ် ၂၀၊ ၃၀ ခန့် ထပ်မံမောင်းနှင်ပြီးနောက် ခန့်ညား ထည်ဝါလှသည့် ဧည့်ဂေဟာကြီးရှေ့တွင် ရပ်တန့်လို က်သည်။လျူယောင်က ပြတင်းပေါက်မှတစ်ဆင့် ပြ င်ပမြင်ကွင်းများအား မလွှတ်တမ်း စူးစမ်းကြည့်နေ ခဲ့ရာ သူ၏ သိချင်စိတ်မှာ အထွဋ်အထိပ်သို့ ရောက် ရှိနေ၏။
"လခွမ်း ဒါက... တကယ်ပဲ ဘယ်လိုကမ္ဘာမျိုးလဲဟ. ."
ပထမတွင် ရိုးရိုးသိုင်းပညာကမ္ဘာဟုသာ သူ ထင်မှ တ်ခဲ့သော်လည်း လမ်းတစ်လျှောက် မြင်ကွင်းများ မှာမူ ရှေးခေတ်ဆီသို့ ပြန်ရောက်သွားသလိုမျိုး သန့် စင်လွန်းနေသဖြင့် လျူယောင်အတွက်မူ အရာအား လုံးက အသစ်အဆန်း ဖြစ်နေရသည်။
"သခင်လေး... ရောက်ပါပြီခင်ဗျာ"
လျူယောင်သည် မြင်းရထားပေါ်မှ ဆင်းကာ မြင်း လှည်းခအားရက်ရက်ရောရော ပေးချေလိုက်၏။ ရှေ့မှ ဧည့်ဂေဟာကြီးကို ကြည့်ရင်း သူ အတော် လေး ကျေနပ်ခဲ့ရ၏။
"ဒီညတော့ ဒီမှာပဲ အေးအေးဆေးဆေး နားရတော့မ ယ်"
ဧည့်ဂေဟာကြီးမှာ ဤဟိုင်ကျိုးမြို့၏ အကောင်းဆုံ းစာရင်းဝင် ဖြစ်ပုံရသည်။ဧည့်ကြိုများမှာလည်း အလွန်ပင် ဖော်ရွေကြပြီး လျူယောင်ကလည်း ငွေ ကြေးချမ်းသာသူတစ်ဦးပီပီ အဆင့်မြင့်အခန်းတစ်ခ န်းအား ချက်ချင်း ယူလိုက်၏။
ညစာစားချိန်တွင်မူ ဧည့်ဂေဟာ၏ အစားအစာများ ကို မြည်းစမ်းကြည့်ရာ နေ့လယ်ကကဲ့သို့ပင် ထူးကဲ သော အရသာမှာ လျှာဖျားထက်တွင် စွဲကျန်သွားစေ ပြန်သည်။ဤသည်မှာ သူ၏ အာရုံခံစားမှုအတွက် နောက်ထပ် ပျော်ရွှင်မှုတစ်ခုပင်။
"ဒီနေရာ အစားအသောက်တွေက ဘာလို့ ဒီလောက် တောင် အရသာရှိနေရတာလဲ ထမင်းချက်တွေကပဲ အရမ်းတော်နေတာလား.ဒါမှမဟုတ် ပါဝင်ပစ္စည်း တွေကပဲ ထူးခြားနေတာလား..၈၀ ရာခိုင်နှုန်းကတေ ာ့ ပါဝင်ပစ္စည်းတွေ.ထူးခြားမှုကြောင့် ဖြစ်ရမယ်"
လျူယောင် ကိုယ့်ဘာကိုယ် သုံးသပ်နေမိသည်။
ညရောက်သော်အခါ လျူယောင် တစ်ယောက် အိပ် ရာပေါ်တွင် လူးလှိမ့်ရင်း အိပ်မပျော်နိုင် ဖြစ်နေ၏။ မနက်ဖြန် သူ ဘာတွေ ဆက်လုပ်ရမည်ကို တွေးရင်း မျက်စိကြောင်နေသည်။
ညဉ့်နက်သန်းခေါင်ယံ အချိန်အထိ သူ့စိတ်အစဉ်မှာ နိုးကြားတက်ကြွနေဆဲပင်။
ဤကမ္ဘာတွင် လက်ပတ်နာရီဖြစ်စေ မိုဘိုင်းဖုန်းဖြစ် စေ မရှိသဖြင့် အချိန်အတိအကျကိုမူ သူ မသိနိုင်ပေ ။သို့သော်လည်းပတ်ဝန်းကျင် တိတ်ဆိတ်ငြိမ်သက်ပုံ အရ မနက် ၂ နာရီ သို့မဟုတ် ၃ နာရီခန့် ရှိမည်ဟု လျူယောင် ခန့်မှန်းလိုက်သည်။
သူသည် လက်ဖက်ရည်တစ်ငုံကို သောက်ကာ ကိုယ် လက်သန့်စင်ရန် အိမ်သာသို့ ထွက်လာလိုက်၏။၎င်း နောက် အိပ်စက်ရန် အခန်းထဲသို့ ပြန်လာခဲ့သည်။
အမှန်စင်စစ် ဧည့်ဂေဟာ၏ အဆင့်မြင့်အခန်းထဲ၌ သီးသန့်အိမ်သာ ရှိသော်လည်း လျူယောင်မှာမူ ၎င်း အား အသုံးမပြုလိုပေ။အခန်းထဲ၌ အနံ့အသက်ဆိုး များ ကျန်နေမည်ကို စိုးရိမ်သဖြင့် ဧည့်ဂေဟာ၏ အ များသုံးအိမ်သာသို့သာ သွားရောက်ခဲ့ခြင်းပင် ဖြစ် သည်။
အခန်းထဲသို့ သူ ပြန်ဝင်ပြီး ဆက်အိပ်ရန် ပြင်ဆင်နေ စဉ်မှာပင် ရုတ်တရက် ထိတ်လန့်တကြား အော်ဟစ် သံကြီး ထွက်ပေါ်လာ၏။
“လူသတ်သမား... လူသတ်သမားဗျို့... လူသတ်သွာ းပြီဗျ.”
တိတ်ဆိတ်နေသော ညဉ့်နက်ပိုင်းအချိန်၌ ထိုအော် သံမှာ ကျယ်လှောင်လှသောကြောင့် လျူယောင်၏ အိပ်ချင်စိတ်များအားလုံးမှာမူ ချက်ချင်းဆိုသလိုပ င် လွင့်ပြယ်သွားပေသည်။