ကမ္ဘာပေါ်မှာ အမြင်ဆုံးသိုင်းအဆင့်
Vol. 49 Ch. 583
"လိုက်ဟေ့..လိုက်ဟ.."
ရုတ်တရက်ထွက်ပေါ်လာသည့် အော်ဟစ်သံက တိ တ်ဆိတ်နေသော ပတ်ဝန်းကျင်အား ဆူညံသွား၏။ လျူယောင်တစ်ယောက် ထိုအသံကြောင့် အိပ်ချင်စိ တ်တွေ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားပြီး အသံလာရာဆီကို ချက်ချင်း အာရုံစိုက်မိလိုက်သည် ။
ထိုအသံက သူနှင့် မီတာတစ်ရာ နှစ်ရာခန့်အကွာမှာရှိ သော အိမ်အချို့ဆီကပင်။ဧည့်ဂေဟာထဲမှာ မဟုတ် သော်လည်း အမြင့်ပိုင်းမှာ ရှိနေသောကြောင့် လျူ ယောင်က အောက်ကအခြေအနေများအား အထင်း သား မြင်နေရ၏။
"လိုက်ဟေ့ လိုက်ဟ.."
"လူသတ်သမားကို မလွတ်စေနဲ့.."
မကြာခင်မှာပင် မီးရောင်တွေ လင်းလာပြီး ဆူညံသံ မျိုးစုံ ထွက်လာသည်။ထိုစဉ်မှာပဲ လူမည်းတစ်ဦးက အိမ်ခေါင်မိုးပေါ်သို့ ဖျတ်ခနဲ ခုန်တက်ပြီး အဆောက် အအုံတွေပေါ်သို့ ကျွမ်းကျင်စွာ ကျော်လွှားရင်း ထွ က်ပြေးနေ၏။သူ့နောက်ကနေ နောက်ထပ် လူမည်းနှ စ်ဦးက ထပ်ကြပ်မကွာ လိုက်ပါသွားသည်ကိုလည်း လျူယောင် မြင်လိုက်ရသည်။
လျူယောင်တစ်ယောက် ပါးစပ်အဟောင်းသားနဲ့ အံ့ အားသင့်ကာ တိုးတိုးလေး ရေရွတ်မိလိုက်၏။
"လခွမ်း..မယုံနိုင်စရာပဲ... တကယ့်ကို အံ့ဩစရာ ကောင်းတာပဲဟ.."
"ဒီလူတွေက သုံးထပ်အမိုးပေါ်ကို တစ်ချက်တည်း ခု န်တက်သွားတာလား..ပြီးတော့ မီတာ ဒါဇင်နဲ့ချီတဲ့ အကွာအဝေးကိုလည်း ခုန်ပျံပြီး သွားနေကြတာလား ..ဘုရားရေ ငါ ကိုယ်တိုင်မတွေ့ရင် ဒီလိုမျိုးကို လုံး ဝ ယုံနိုင်မှာ မဟုတ်ဘူး.."
"သိုင်းပညာရှင်လို့ ခေါ်တဲ့လူတွေလား... တကယ်ကို အစွမ်းထက်တာပဲလား"
စင်္ကြံထက်မှာ ရပ်ရင်း လျူယောင်တစ်ယောက် ထို လူမည်းတွေ အမှောင်ထဲ ပျောက်ကွယ်သွားသည် အထိ ငေးကြည့်နေမိသည်။ထို့နောက် သူသည် အခ န်းထဲသို့ ပြန်ဝင်လာကာ အိပ်ရာထဲ လှဲချလိုက်၏။
ဘယ်လိုပဲဖြစ်ဖြစ်..ဤသည်မှာ သူ့ကိစ္စ မဟုတ်ပေ။
အကယ်၍သာ သူ လိုက်ချင်လျှင်ပင် ထိုလူများအား မှီအောင် လိုက်နိုင်မည်ဟု ကိုယ့်ကိုယ်ကိုယ် ယုံကြ ည်မှုရှိသော်လည်း အကြောင်းမဲ့သက်သက် လူစိမ်း တွေနောက် လိုက်နေဖို့ရာ သူ့ထံတွင် အကြောင်း ပြ ချက် မရှိပေ။
"ထားလိုက်ပါတော့... ဆက်အိပ်တာပဲ ကောင်းပါတ ယ်.."
လျူယောင်က အတွေးတို့ကို ဖြတ်တောက်ကာ မျက် စိမှိတ်လိုက်ရာ မကြာခင်မှာပင် သူ နှစ်ခြိုက်စွာ အိပ် ပျော်သွားခဲ့သည်။
မနက်ခင်း နိုးနိုးချင်း မျက်နှာသစ်ပြီးနောက် ရှေ့ဆ က်လုပ်ဆောင်ရမည့် အစီအစဉ်များကို လျုယောင် စတင်တွေးလိုက်၏။ပထမဆုံးအနေဖြင့် စာအုပ်ဆို င်တစ်ဆိုင်ကို သူ ရှာဖွေရပေမည်။ဤကမ္ဘာ အသစ် ၏ သမိုင်းကြောင်းနှင့် အခြေခံအကြောင်းအရာများ ကို သိနိုင်ရန်အတွက် မိတ်ဆက် စာအုပ်အချို့အား ဝယ်ယူဖတ်ရှုဖို့ လျူယောင် ဆုံး ဖြတ်လိုက်သည်။
ဧည့်ဂေဟာပြင်ပသို့ လျူယောင် ထွက်လာသည့် အ ခါ လမ်းဘေးတစ်လျှောက်၌ မနက်စာဆိုင်များစွာ ဖြင့် စည်ကားနေသည်ကိုလည်း တွေ့လိုက်ရ၏။
လျူ ယောင်သည် လူအစည်ကားဆုံး ဆိုင်တစ်ဆိုင် ကို ရွေးချယ်ဝင်ရောက်လိုက်ပြီး ဆန်ပြုတ်တစ်ပန်း ကန်နှင့် အသားပေါက်စီတစ်ခြင်းကို မှာယူလိုက်သ ည်။
"ဟေး.. အရသာကတော့ ရှယ်ပဲကွ.."
ပူပူနွေးနွေး ဆန်ပြုတ်က ချိုမြိန်လှပြီး အဆင့် အတ န်းတစ်ခုမှာ ရှိနေ၏။အသားပေါက်စီတစ်လုံးအား ကောက်ယူကာ တစ်ကိုက် ကိုက်လိုက်မိချိန်တွင်မူ လျူယောင်၏ မျက်လုံးများ ပြူးကျယ်လာ၏။
ထိုအရသာမှာ လူသားတို့ ခံစားဖူးသမျှထဲတွင် အ ကောင်းဆုံးဟုပင် ဆိုရမည်ဖြစ်ပြီး နတ်ဘုရားတို့၏ စားသောက်ဖွယ်ရာကဲ့သို့ ထူးကဲလှသည်။
ထိုကဲ့သို့ အရသာထူးကဲနေခြင်းမှာ ဟင်းချက်နည်း ကောင်းမွန်ခြင်းကြောင့်ထက် အသုံးပြုထားသည့် ပါ ဝင်ပစ္စည်းများ၏ အရည်အသွေးကြောင့်သာ ဖြစ်နို င်သည်ဟု သူ ဆုံးဖြတ်လိုက်၏။
အရသာထူးကဲလှသည့် မနက်စာကို အားရပါးရစား ပြီးနောက် သူက လမ်းမထက်သို့ အေးအေးဆေး ဆေး လျှောက်လာခဲ့၏။မကြာခင်မှာပင် လမ်းဘေး ရှိ စာအုပ်ဆိုင်တစ်ဆိုင်ကို တွေ့လိုက်ရာ တုံ့ဆိုင်းခြင် းမရှိဘဲ သူ ဝင်လိုက်သည်။
လျူယောက်တစ်ယောက် ဝယ်လာခဲ့သည့် စာအုပ် များအား ပွေ့ပိုက်လျက် ဧည့်ဂေဟာသို့ ချက်ချင်းပြ န်လာကာ အခန်းတံခါးပိတ်ပြီးနောက် သူ သေချာ ဖ တ်ကြည့်လိုက်၏။
စာအုပ်ထဲရှိ စာလုံးများမှာမူ ရှေးဟောင်းစာများ ဖြ စ်သော်လည်း သူ့အတွက်မှာမူ ခွဲခြားသိမြင်နိုင်စွမ်း ရှိနေသည်။သူ မရင်းနှီးသည့် စာလုံးအနည်းငယ်ကို လည်း ရှေ့နောက်စကားစပ်ဖြင့် ခန့်မှန်းကြည့်ရာ ဖ တ်ရှုရန်မှာမူ အဟန့်အတားမရှိခဲ့ပေ။
“သမိုင်းကြောင်းကနေ အရင်စဖတ်ကြည့်ရအောင် . . .”
စာမျက်နှာများအား တစ်ရွက်ချင်း ဖတ်ရှုပြီးနောက် တွင်မူ သူ သဘောပေါက်လာခဲ့၏။ဤကမ္ဘာ၏ သမို င်းကြောင်းသည် မင်မင်းဆက်ကာလကတည်းက သူ သိထားသည့် ကမ္ဘာနှင့် လမ်းခွဲထွက်သွားခြင်းပင် ဖြစ်သည်။.
မင်မင်းဆက်သည် နှစ်ပေါင်း ၃၀၀ မဟုတ်ဘဲ နှစ် ပေါင်း ၄၀၀ ကျော်အထိ တည်တံ့ခဲ့၏။
ထူးခြားသည်မှာ မင်မင်းဆက်အပြီးတွင် ချင်မင်းဆ က် ပေါ်ပေါက်မလာဘဲ "မဟာရှောင်မင်အင်ပါယာ" ဟူ၍သာ ပေါ်ထွန်းလာခဲ့ခြင်းပင်။ယခုအချိန်အထိ ထိုအင်ပါယာသည် အနောက်ဘက်တွင် အလယ်အာ ရှ၊မြောက်ဘက်တွင် ဘိုင်ကယ်ရေကန်နှင့် တောင်ဘ က်တွင် တောင်အာရှအထိ နယ်မြေတိုးချဲ့ထားသည့် အင်အားကြီးနိုင်ငံတစ်နိုင်ငံ ဖြစ်နေ၏။
မဟာရှောင်မင်အင်ပါယာသည် အလွန်တရာ အစွမ်း ထက်လှသဖြင့် ပတ်ဝန်းကျင်မှာရှိသည့် နိုင်ငံများက နှစ်စဉ်နှစ်တိုင်း ထိုနိုင်ငံအား ဂုဏ်ပြုလက် ဆောင်မျ ား ဆက်သခဲ့ရသည်။
သို့သော်လည်း သူ့အား အံ့အားသင့်စေသည့် အချ က်မှာ စာအုပ်ထဲမှာရှိသည့် မှတ်တမ်းတစ်ခုပင် ဖြစ် ၏။ထိုမှတ်တမ်းတွင် "ချုံကျိန်း နန်းစံသက် ငါးနှစ် မြောက်၌ လောကကြီး၏ စွမ်းအင်များ ပြန်လည် ရှ င်သန် နိုးထလာခဲ့သည်" ဟူသော အချက်အား အထူ းတလည် ဖော်ပြထားခြင်းပင် ဖြစ်သည်။
သမိုင်းကြောင်းကို သိရှိပြီးနောက် လျူယောင်သည် သိုင်းပညာရှင်များအကြောင်း မိတ်ဆက်ထားသည့် စာအုပ်အား စိတ်အားထက်သန်စွာ ထပ်မံဖတ်ကြည့် လိုက်၏။
ဤကမ္ဘာတွင် ကိုယ်ခံပညာရှင်များကိုမူ ကောင်းကင် အဆင့်၊ မြေအဆင့်၊ ရွှမ်အဆင့်နှင့်ဟွမ် အဆင့်ဟူ၍ အဆင့်ကြီး လေးဆင့် ခွဲထားခဲ့သည်။ကောင်းကင်အ ဆင့်သည် အမြင့်ဆုံးဖြစ်ပြီး အဆင့်တစ်ခု စီတွင်လ ည်း အဆင့်ပွား ကိုးဆင့်အထိ ထပ်မံခွဲခြားထားသေး သည်။
ဥပမာအားဖြင့် အခြေခံအကျဆုံးဖြစ်သော ဟွမ်အ ဆင့်တွင်ပင် ပထမအဆင့်မှသည် အထွဋ်အထိပ် နဝ မအဆင့်အထိရောက်ဖို့အတွက်မူ လှေကားထစ်သဖွ ယ် ကျော်ဖြတ်ရခြင်း ဖြစ်၏။
ထို့အပြင် သိုင်းပညာလောကတွင် ဂုဏ်သတင်းကျေ ာ် ကြားမှုကို ကိုယ်စားပြုသည့် "စာရင်းသုံးခု" လ ည်း ရှိနေပြန်သည်။
၎င်းတို့မှာ-
ကောင်းကင်စာရင်းတွင် အဆင့်မြင့်ဆုံး ပုဂ္ဂိုလ် ၁ ၀ ဦးသာ ပါဝင်သည်။
မြေစာရင်းတွင်မူ ထူးချွန်ထက်မြက်သူ ရာဂဏန် းမျှသာ ရှိ၏။
လူသားစာရင်းမူကား အလားအလာရှိသော ပါရ မီရှင် ထောင်ဂဏန်းခန့်သာ ပါဝင်သည်။
လျူယောင်သည် သိုင်းပညာ လေ့ကျင့်နည်းများနှင့် ပတ်သက်သည်များအား ဖတ်ရင်း စိတ်ထဲကနေ တ အံ့တသြ ရေရွတ်မိလိုက်၏။
"ဘုရားရေ ဒါက တကယ့်ကို အဆင့်မြင့် သိုင်းပညာ ကမ္ဘာပဲ... ကောင်းကင်အဆင့် စစ်သည်တော်တစ်ဦး ဆိုတာ ဘယ်လောက်တောင် ကြောက်စရာကောင်း တဲ့ တန်ခိုးစွမ်းအားမျိုး ပိုင်ဆိုင်ထားမလဲ မသိဘူး.."
ထိုမျှတင်မကသေးဘဲ စာအုပ်ထဲတွင် လျူယောင် ၏ စိတ်ကို ဖမ်းစားနိုင်သည့် အခြားအရာတစ်ခုမှာ "ချန်ခွန်းအိတ်"နှင့်"ချန်ခွန်းလက်စွပ်" တို့ အကြောင်း ပင် ဖြစ်၏။၎င်းတို့မှာ ပစ္စည်းများ သိမ်းဆည်းနိုင်သ ည့် ထူးခြားသော မှော်ပစ္စည်းများပင် ဖြစ်သည်။
ချန်ခွန်းအိတ်များကိုမူ အဆင့်မြင့်၊အလယ်အလတ်နှ င့် အောက်အဆင့်ဟူ၍ ခွဲခြားထားပြီး အနိမ့်ဆုံး ချန် ခွန်းအိတ်တစ်လုံးပင်လျှင် အတွင်း၌ ဆယ်ပေပတ် လည်ခန့် ကျယ်ဝန်းကာ တန်ဖိုးအားဖြင့်ဆို ရွှေဒင်္ဂါး သောင်းနှင့်ချီ၍ ပေးဆောင်ရသည်ဟု ရေးထားပေ သည်။
"ဘုရားရေ... တကယ်ကြီးလား.."
"ဒါ... ဒါက ဒီလောက်တောင် ဈေးကြီးတာလား.."
လျူယောင်သည် အမာရွတ်မျက်နှာနှင့် လူဆီမှ သိ မ်းဆည်းရမိခဲ့သော ချန်ခွန်းအိတ်ကို ထုတ်ယူကာအ ကြိမ်ကြိမ်အခါခါ ကြည့်နေမိ၏။
ကြည့်ပြီးနောက် လျူယောင်က ပျော်ရွှင်စွာ ရေရွတ် ရင်း သူ့ ရင်ခုန်သံတွေ မြန်လာရသည်။
"ငါ့ကံကတော့ တကယ်ကို ကောင်းလွန်းတယ်ကွာ အနိမ့်ဆုံးအဆင့် ချန်ခွန်းအိတ်တစ်လုံးကတောင် ရွှေဒင်္ဂါးသောင်းနဲ့ချီ တန်တယ်ဆိုတော့..ဟားဟား."
ရွှေဒင်္ဂါး တစ်သောင်းဆိုသည့် ပမာဏကို သူ တွက် ချက်ကြည့်လိုက်သည်။သူ ပြင်ပကမ္ဘာမှ ယူလာခဲ့သ ည့် ၁၀၀၀ဂရမ်ရှိသော ရွှေချောင်းကြီးအား လဲလှယ် စဉ်ကပင် ရွှေဒင်္ဂါး ၃၂၀သာ ရခဲ့၏။ထို့ကြောင့် ရွှေဒ င်္ဂါး တစ်သောင်းဆိုသည်မှာ ရွှေအလေးချိန် ၃၀၀ကီ လိုဂရမ်ကျော်နှင့် ညီမျှနေသည်။
အလယ်အလ တ်နှင့် အဆင့်မြင့် အိတ်များမှာမူ ဤ ဈေးထက် ဆယ်ဆလောက် ရှိပေမည်။
"ဒါက အဆင့်နိမ့်အိတ်ပဲ ဖြစ်ရမယ်..အထဲမှာ ဆယ် ပေပတ်လည်လောက်တော့ ကျယ်မှာပဲ...နေပါအုံး ဒါ ကို ငါ ဘယ်လိုဖွင့်ရမလဲ.."
လျူယောင်သည် စာအုပ်ထဲရှိ ညွှန်ကြားချက်များအ တိုင်း အာရုံစိုက်၍ အကြိမ်အနည်းငယ် ကြိုးစားကြ ည့်ရာ နောက်ဆုံးတွင်မူ သူ အောင်မြင်သွားခဲ့သည်။ အိတ်အတွင်းပိုင်းကို သူ ကြည့်လိုက်သည့်အခါ ဆ ယ်ပေခန့် ကျယ်ဝန်းသည့် ဟင်းလင်းပြင်တစ်ခုကို အမှန်တကယ် သူ မြင်လိုက်ရ၏။
ဧရိယာက သိပ်မကျယ်လှသော်လည်း ကားတစ်စီး စာထက်ပင် ပိုမိုကျယ်ဝန်းနေသေးသဖြင့် ပစ္စည်းမျာ းစွာ သိမ်းဆည်းရန်မှာမူ လုံလောက်လှပေသည်။
"ဟေး အထဲမှာ ပစ္စည်းတွေ တော်တော်ရှိတာပဲ..."
မျက်နှာဖုံးတစ်ခု၊နေ့စဉ်သုံးပစ္စည်းအချို့နှင့်အတူ ဓာ းကြီးနှစ်လက်ကိုလည်း သူ တွေ့လိုက်ရသည်။အဓိ ကအကျဆုံးမှာ ထောင်နှင့်ချီသော ရွှေဒင်္ဂါးများ ဖြစ် ၏။၎င်းမှာ နည်းလှသည့် ပမာဏမဟုတ်ပေ။
လျူယောင်က မလိုအပ်သည့် ပစ္စည်းအချို့ကို ထု တ် ပစ်လိုက်ပြီး ကျန်အဖိုးတန်ပစ္စည်းများအား သပ် သပ်ရပ်ရပ် ပြန်စီလိုက်၏။ထို့နောက် ပစ္စည်းများကို သူ အသွင်းအထုတ် လုပ်ကြည့်ရင်း ကျွမ်းကျင်အော င် လေ့ကျင့်လိုက်ရာ နောက်ဆုံးတွင်မူ စိတ်အာရုံဖြင့် ရုံဖြင့် ပစ္စည်းများအား စိတ်ကြိုက်ထုတ် ယူနိုင်သ ည်အထိ အဆင်ပြေသွားခဲ့သည်။
ခဏအကြာတွင်မူ လျူယောင်သည် ခုနက ဝယ်ယူ လာသော စာအုပ်အားလုံးကိုလည်း ချန်ခွန်းအိတ်ထဲ သို့ သိ မ်းဆည်းလိုက်ပြီး ကျေနပ်စွာ ပြုံးမိလိုက်၏။
"ဒီစာအုပ်တွေကို ငါ အိမ်ပြန်ရောက်မှ အေးအေး ဆေးဆေး သေချာဖတ်ရမယ်.. ဒါမှ ဒီကမ္ဘာအကြော င်းကို ငါ သေချာနားလည်မှာ"
လျူယောင်က စိတ်ထဲမှ ရေရွတ်ရင်း အစီအစဉ်သ စ်တစ်ခုကို ထပ်မံဆွဲလိုက်၏။ထိုမျှနှင့် မလုံလောက် သေးဘဲ အိမ်အပြန်လက်ဆောင်အဖြစ် ဗဟုသုတ စုံလင်သည့် စာအုပ်မျိုးစုံအား ထပ်မံဝယ်ယူရန် သူ ဆုံးဖြတ်လိုက်ခြင်းပင်။
သူသည် ဧည့်ဂေဟာထဲမှ ပြန်ထွက်လာကာ လမ်းတ စ်လျှောက်ရှိ စာအုပ်ဆိုင်အတော်များများသို့ ဝင်၍ စာအုပ်ပေါင်း ၂၀၊၃၀ခန့်အား တစ်ပြိုင်နက်တည်း ဝယ်ယူလိုက်သည်။
အထူးသဖြင့် "အတတ်ပညာမျိုးစုံအဖုံဖုံ" ဟူသော စာအုပ်တွဲကြီးကို တွေ့လိုက်ရသောအခါ လျူယော င်သည် တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်းပင် ဝယ်ယူလို က်၏။၎င်းမှာ အလွန်ထူထဲလှသော စာအုပ်ကြီးပင် ဖြစ်သည်။
စာမျက်နှာအချို့ကို သူ အမြည်းလှန်ဖတ်ကြည့်ရာ တွင် ပါဝင်သည့် အကြောင်းအရာများမှာ အလွန် ကျယ်ပြန့်လှသဖြင့် လျူယောင် ကျေနပ်ခဲ့ရ၏။
"ဒါကိုသာ အိမ်ပြန်ယူပြီး သေချာလေ့လာလိုက်ရင် ဒီကမ္ဘာအသစ်အကြောင်းကို အမှားအယွင်းမရှိ ငါ သိနိုင်တော့မှာပဲ.."
ထို့အပြင် လက်ရှိ သူရောက်ရှိနေသော မြို့အကြော င်းက်ု အသေးစိတ် သိရှိနိုင်ရန်အတွက်လည်း "ဟိုင် ကျိုးမြို့၏ သမိုင်းမှတ်တမ်း"ဆိုသည့် စာအုပ်ကိုလ ည်း မမေ့မလျော ဝယ်ယူခဲ့သည်။
စာအုပ်အုပ်ရေ ၃၀ နီးပါးအား လက်ထဲတွင် ဆွဲလာ ပြီးနောက် လူသူကင်းမဲ့သည့် နေရာတစ်နေရာသို့ လျူယောင် ရောက်လာခဲ့၏။သူ ဘေးပတ်ဝန်းကျင် ကို တစ်ချက် ဝေ့ကြည့်လိုက်ရာ မည်သူမျှ သူ့အား သတိမထားမိသည်ကို အခွင့်ကောင်းယူလျက် စိတ် ကို အာရုံစိုက်လိုက်ရာ သူ ဆွဲလာသမျှ စာအုပ်အား လုံးမှာမူ ချန်ခွန်းအိတ်အတွင်းသို့ ဖျတ်ခနဲ ပျောက် ကွယ်သွားပေသည်။
လျူယောင်တစ်ယောက် လမ်းလျှောက်လာရင်း “ဝ မ်ပေါင်မန်” ဟု အမည်ရသည့် ခန့်ညားထည်ဝါသော လေးထပ်အဆောက်အအုံကြီးရှေ့သို့ ရောက်လာခဲ့ ၏။ဤဆိုင်ကြီးသည် သာမာန်ဆိုင်မဟုတ်ဘဲ ရတန ာမျိုးစုံ ရောင်းချရာနေရာဖြစ်ကြောင်း သိသာလှသ ည်။
ပထမထပ်သို့ သူ ခြေချလိုက်သည်နှင့် တစ်ဖိတ်ဖိ တ် တောက်နေသော လက်နက်မျိုးစုံအား တွေ့လိုက် ရ၏။ဤနေရာတွင်မူ လက်နက် ၁၈မျိုးစလုံး စုံလင် စွာရှိပြီး တစ်ခုချင်းစီ၏ ဈေးနှုန်းများမှာလည်း ရွှေ ဒင်္ဂါး သောင်းဂဏန်းမှသည် သိန်းဂဏန်းအထိ ချိတ် ဆွဲထားသည်။
"ရွှေဒင်္ဂါးသိန်းချီတန်တဲ့ လက်နက်တစ်ခုလောက် တော့ ငါ ကိုင်ကြည့်ချင်သား..ဟီးဟီး."
လျူယောင်တစ်ယောက် ရွှေဒင်္ဂါးသိန်းချီတန်သည့် လက်နက်တစ်ခုကို ကြည့်ကာ လိုချင်တပ်မက်စိတ် ဖြစ်ပေါ်လာသော်လည်း ချက်ချင်းပင် ခါးသက်သ က် ပြုံးလိုက်မိ၏။ယခုလက်ရှိ သူ့အိတ်ကပ်ထဲက ရွှေဒင်္ဂါးပမာဏနှင့်ဆိုလျှင် ထိုလက်နက်များကိုမူ အလှကြည့်ရန်သာ တတ်နိုင်ပေဦးမည်။
ဒုတိယထပ်၌ လူသုံးကုန်ပစ္စည်းမျိုးစုံအား ခင်းကျင် း ပြသထားသ၏။ထိုနေရာတွင် သူပိုင်ဆိုင်သည့် ချန်ခွန်းအိတ်များကိုလည်း တွေ့ရ၏။အဆင့်နိမ့်အိ တ်တစ်လုံးကိုပင် ရွှေဒင်္ဂါး ၁၀,၀၀၀ ကျော် ပေးရပြီး အလယ်အလတ်အဆင့်ဆိုလျှင်မူ ရွှေ ဒင်္ဂါး ၁၀၀,၀၀ ၀.ကျော်အထိ ဈေးပေါက်နေသည်။
တတိယထပ်သို့ သူ ရောက်ရှိသွားချိန်တွင်မူ လျူ ယောင်၏ မျက်လုံးများ လက်ခနဲ ဖြစ်သွား၏။ဤ အထပ်တွင် ဆေးပုလင်းငယ်များ၊ဆေးပလာစတာ များနှင့် ဆေးလုံးမျိုးစုံ အစီအရီ ရှိနေသည်။ထိုစဉ် “ပုကျိုယိချီ”အမည်ရသည့် ဆေးလုံးတစ်မျိုး၏ ရှေ့ တွင် သူ ရပ်တန့်လိုက်၏။
ထိုဆေး၏ အာနိသင်အား စာလုံးကြီးများဖြင့် ဤ ကဲ့သို့ ရေးသားဖော်ပြထား၏။
“ခန္ဓာကိုယ်၏ အလယ်ဗဟိုစွမ်းအင်နေရာကို အားဖြ ည့်ပေးသည်၊ချီစွမ်းအင်ကို ပြန်လည်ဖြည့်တင်းပေး သည်၊ကိုယ်ခံအားကို ကောင်းမွန်စေရုံသာမက ရော ဂါ ဝေဒနာ အားလုံးကိုလည်း ကုသပေးနိုင်သည်..”
ရှေ့က အချက်အချို့မှာ သိုင်းလောက၏ ဆေးတစ် မျိုးအနေဖြင့် ဖြစ်နိုင်ခြေရှိသော်လည်း “ရောဂါအား လုံးကို ကုသနိုင်သည်” ဆိုသည့် အချက်ကမူ လျူ ယောင် ယုံရခက် ဖြစ်နေခဲ့သည်။
လျူယောင်က သံသယစိတ်ဖြင့် ပြုံးလိုက်ရင်း စိတ် ထဲမှ ခနဲ့တဲ့တဲ့ ရေရွတ်မိလိုက်၏။
"ဒါကတော့ နည်းနည်း အပိုပြောလွန်းရာ ကျမနေဘူ းလား..."
"ရောဂါအားလုံးဆိုတော့..ဒီဆေးက ကင်ဆာကိုရော ပြောက်အောင် ကုသနိုင်လို့လား.."