ရောဂါအားလုံး ပျောက်တဲ့ဆေး
Vol. 49 Ch. 584
ထိုဆေးလုံး၏ဈေးက အရမ်းမကြီးသလို အပေါစား လည်း မဟုတ်ပေ။
“တစ်လုံးကို ရွှေဒင်္ဂါး ၁၀ ပြားလား”
လျူယောင်က အရောင်းစာရေးကို လက်ယပ်ခေါ် ကာ မဝံ့မရဲဖြင့် မေးလိုက်၏။
“ဒီဆေးက တကယ်ပဲ ရောဂါအားလုံးကို ကုသပေးနို င်တာလား..နက်နဲတဲ့ ရောဂါမျိုးစုံကိုရော ပျောက်က င်း စေနိုင်လို့လားဗျာ..”
အရောင်းစာရေးက လျူယောင်ကို အံ့ဩသလို ကြ ည့်လိုက်မိသည်။‘ပုကျိုယိချီ’ ဆေးလုံးဆိုသည်မှာ အလွန်လူသိများသော အခြေခံဆေးတစ်မျိုးဖြစ်ပြီး ရောဂါတော်တော်များများအတွက် ဘက်စုံသုံးနိုင်သ ည်မှာ အားလုံးအသိပင်။
သို့သော်လည်း ထိုလူ၏ ယဉ်ကျေးပြေပြစ်သော စ ကားပြောပုံကို ကြည့်ပြီး အရောင်းစာရေးမှာ မပေါ့ ဆရဲဘဲ စိတ်အားထက်သန်စွာ ရှင်းပြလိုက်သည်။
“ဟုတ်ပါတယ်ခင်ဗျာ.ကုသရ ခက်ခဲတဲ့.ဘယ်လိုရော ဂါဝေဒနာပဲဖြစ်ဖြစ် ဒီဆေးတစ်လုံးတည်းနဲ့တင် ပျေ ာက်ကင်းစေနိုင်ပါတယ်”
“ဘုရားရေ ဒီလောက်တောင် အစွမ်းထက်တာလား . ..”
လျူယောင်၏ စိတ်ထဲတွင်မူ သံသယအနည်းငယ် ရှိ နေသေးသည်။ဤလူက အရောင်းသမားပီပီ လေလုံ းထွားနေခြင်းဟုသာ တွေးမိသော်လည်း ဈေးကတ န်သောကြောင့် သူ ခပ်ပြတ်ပြတ်ပင် ပြောလိုက်သည် ။
“ကောင်းပြီ... ဒါဆို နှစ်လုံးပေးပါ”
“ဟုတ်ကဲ့ပါခင်ဗျာ”
အရောင်းစာရေးက ပြုံးရွှင်စွာဖြင့် လျူယောင်ထံသို့ ဆေးသေတ္တာနှစ်လုံး ကမ်းပေးလိုက်၏။သေတ္တာပုံစံ မှာ အဆင့်အတန်းရှိလှပြီး အနုစိတ်လက်ရာမြောက် လှသဖြင့် ကြည့်ရုံဖြင့်ပင် တန်ဖိုးရှိမှန်း သိသာလှပေ သည်။
လျူယောင်သည် ဆေးလုံးနှစ်လုံးကို ဝယ်ယူပြီးနော က် ဆိုင်အတွင်း ဆက်လက်လှည့် လည်ကြည့်ရှုနေ လိုက်၏။ဆေးလုံးအမျိုးအစားမျိုးစုံကို သူ တွေ့ရ သော်လည်း ၎င်းတို့၏ အာနိသင်ဖော်ပြချက်များမှာ အနည်းငယ် ချဲ့ကားသည်ဟု သူ ခံစားနေရသည်။
"ဘာလဲဟ..အရိုးဆက်ဆေးလုံး..စိန်အဆင့်ဆေးလုံးနဲ့ မြေဝိညာဉ်ဆေးလုံး..ဆိုပါလား "
ထိုဆေးများထဲတွင် မြေဝိညာဉ်အဆင့်ဆေးလုံးမှာ ဈေးအကြီးဆုံးဖြစ်ပြီး တစ်လုံးလျှင် ရွှေဒင်္ဂါး ၁၀, ၀ ၀၀ ခန့်အထိ တန်ကြေးရှိ၏။ဤဆေးမျိုးမှာ သိုင်းပ ညာရှင်ကြီးများသာ အဓိကအသုံးပြုကြသည့် အမျို းအစား ဖြစ်လောက်မည်။
သူ ပတ်ဝန်းကျင်ကို သေချာ ကြည့်ရူပြီးနောက် စတု တ္ထထပ်သို့ ဆက်တက်လာခဲ့၏။
ထိုအထပ်မှာ အခြားအထပ်များထက် အနည်းငယ် ကျဉ်းမြောင်းသော်လည်း စာအုပ်စင်များဖြင့် ပြည့်နှ က်နေသည်။သူ အနီးကပ်ကြည့်လိုက်မှပင် ထိုစာအု ပ်များမှာ သိုင်းပညာကျမ်းများနှင့် ကျင့်စဉ်စာအုပ် များ ဖြစ်ကြောင်း လျူယောင် သိလိုက်ရ၏။
စင်ပေါ်ရှိ သိုင်းစာအုပ်အများစုမှာ အဆင့်မြင့်များ မ ဟုတ်ကြပေ။အများစုမှာ ‘ဟွမ်’အဆင့်များသာဖြစ် ပြီး အချို့မှာမူ ‘ရွှမ်" အဆင့် ၁ သို့မဟုတ် အဆင့် ၂ ခန့်ရှိသည့် သိုင်းစာအုပ်များသာ ဖြစ်နေ၏။
သူက စာအုပ်တစ်အုပ်လောက် ဝယ်ယူပြီး အစမ်း လေ့ကျင့်ကြည့်ချင်သော်လည်း ကပ်ထားသည့် ဈေး နှုန်းများကို မြင်လိုက်ရသည့်အခါတွင်မူ ထိုစိတ်ကူး အား ချက်ချင်းပင် ပယ်ဖျက်လိုက်ရသည်။
ဈေးနှုန်းများမှာ မယုံနိုင်စရာကောင်းလောက်အော င် မြင့်မားလွန်းလှ၏။
အခြေခံစွမ်းရည်ပြကျမ်းစာများပင် ရွှေဒင်္ဂါး ရာဂ ဏန်းမှ ထောင်ဂဏန်းအထိ ပေးရပြီး၊‘ဟွမ်’ အဆင့် ၁ စာတစ်အုပ်ဆိုလျှင် ရွှေဒင်္ဂါး သောင်းနှင့်ချီ၍ ရှိ သောကြောင့် စျေးနူန်းမှာ အရမ်း မြင့်မားနေပေသ ည်။
လျူယောင် ခဏမျှ လေ့လာကြည့်ရှုပြီးနောက် ယခု လောလောဆယ်တွင် မိမိကမ္ဘာသို့သာ အရင်ပြန်ရန် ဆုံးဖြတ်လိုက်၏။ဤကမ္ဘာအကြောင်း ပိုမိုနားလည် သဘောပေါက်အောင် စာအုပ်များကို သေချာ ဖတ်ရှု လေ့လာပြီးမှသာ နောက်တစ်ကြိမ် ပြန်လာခဲ့မည်ဟု သူ ကြံစည်ထားခဲ့သည်။
ဝယ်ယူပြီးသား စာအုပ်အုပ်ရေ ၂၀၊ ၃၀ ခန့်နှင့် အား ဖြည့်ဆေးလုံးနှစ်လုံးအပြင် အခြားဘာများ သူ ထပ် ယူသွားရဦးမည်နည်း။
“ဟုတ်ပြီ စားသောက်ကုန်မှာပစ္စည်းတချို့ကို တော့ အိမ်အပြန်လက်ဆောင်အဖြစ် ဝယ်သွားရမယ်..”
ဤကမ္ဘာတွင် စွမ်းအင်များ ပြန်လည်နိုးထလာခြင်း ကြောင့် သိုင်းပညာရှင်များ ပေါ်ထွက်လာရုံသာမက ဤကမ္ဘာရှိ တိရစ္ဆာန်များနှင့် အပင်လောကတွင်လ ည်း တိတ်တဆိတ် ပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့သ ည်။၎င်းတို့သည် အရသာ ပိုမိုထူးကဲကောင်းမွန်လာ ရုံသာမက ပုံမှန်စားသုံးပေးပါက အသက်ရှည်စေပြီး ရောဂါဘယများကိုလည်း ကင်းဝေးစေနိုင်စွမ်း ရှိနေ ၏။
ထိုအချက်များကိုမူ သူသည် ဧည့်ဂေဟာ၌ စာအုပ် အနည်းငယ် ဖတ်ရှုရာမှတစ်ဆင့် သိထားခဲ့ခြင်းဖြစ် သည်။ဤမဟာရှောင်မင်နိုင်ငံမှာရှိသည့် လူတို့၏ ပျ မ်းမျှသက်တမ်းမှာ သူနေထိုင်ရာ ကမ္ဘာမြေထက် သ က်တမ်းပိုရှည်ကာ အသက်ရာကျော်အရွယ်မှာမူ ဤကမ္ဘာတွင် သာမန်မျှသာ ဖြစ်ပေသည်။
ပါဝင်ပစ္စည်းများကို ဝယ်ယူရသည်မှာ မခက်ခဲလှပေ ။
လျူယောင်သည် သူ လိုချင်သမျှအား လက်ညှိုးထိုး ကာ ‘ဈေးဝယ်မင်းသား’ ပုံစံမျိုးဖြင့် အသားများ၊ဟ င်းသီးဟင်းရွက်များနှင့် လက်ဖက်ရွက်အချို့ကိုပါ တစ်ခါတည်း ဝယ်ယူလိုက်၏။
ဤကမ္ဘာမှ လက်ဖက်ရည်ကို သူ မြည်းစမ်းကြည့်ဖူး သည်။အလွန်သာမန်ကျသော လက်ဖက်ရည်ပင် ဖြ စ်သော်လည်း ၎င်း၏ ရနံ့နှင့် အရသာမှာ ဟွာဟိုင်း မြို့မှ အဆင့်မြင့်လက်ဖက်ရည်များထက်ပင် များစွာ ကောင်းလွန်နေ၏။
ဈေးဝယ်ပြီးနောက် လျူယောင်သည် နားနားနေနေ ဖြင့် နောက်တစ်နေ့မှသာ ပြန်ရန် စီစဉ်လိုက်သည်။ ယနေ့မှာ အချိန်အတော် နောက်ကျနေပြီဖြစ်ရာ မြင်း လှည်းဖြင့်ပင် ကမ်းခြေသို့ရောက်ရန် နာရီအနည်းင ယ်ကြာအောင် မောင်းရပေမည်။
ဟိုတယ်တွင် တစ်ညတာ အနားယူပြီး နောက်တစ် နေ့တွင်မူ မြင်းလှည်းတစ်စီးကို ငှားရမ်းကာ မွန်းတ ည့်ချိန်၌ ကျောင်းကုန်းမြို့သို့ လျူယောင် ပြန်လည် ရောက်လာခဲ့သည်။ထိုမှတစ်ဆင့် ခရီးဆက်ရန်မှာမူ သူ၏ ခြေထောက်နှစ်ဖက် ကိုသာ အားကိုးရတော့ မည်။
လျူယောင်သည် စိတ်ကူးယဉ်ကာ ရေရွတ်လိုက်၏ ။
“နောက်တစ်ခေါက်ကျရင် ငါ မော်တော်ဆိုင်ကယ် တစ်စီးလောက် ယူလာရမလားပဲ.. ဘာပဲဖြစ်ဖြစ် ‘ချ န်ခွန်း’ အိတ်ထဲ ထည့်လာလို့ရတာပဲဥစ္စာ ဟဲဟဲ ဒီအ ကြံမဆိုးဘူး..”
မြို့ငယ်လေးတွင် နေ့လယ်စာ စားပြီးသည့်တိုင် သူ့ လျှာဖျားပေါ်တွင်မူ အရသာများ စွဲကျန်ရစ်နေဆဲဖြ စ်သည်။ဤကမ္ဘာမှ အစားအစာများမှာ သူ စားလေ လေ အရသာရှိလေလေဖြစ်ပြီး မည်သို့မျှ ရိုးအီသွား ခြင်းမရှိဟု ခံစားနေရ၏။
စားသောက်ပြီးနောက် လျူယောင်သည် ကမ်းခြေ ဘက်သို့ အေးအေးဆေးဆေး လျှောက်လာခဲ့သည်။
ပင်လယ်ထဲဆင်းပြီးနောက် ‘အလင်းတံခါး’နှစ်ချပ် ကို သူ ဖြတ်ကျော် လိုက်သည့်အခါ သူ စထွက်လာ သည့် ဂူကြီးအတွင်းသို့ ပြန်ရောက်လာ၏။ဂူထဲသို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် လိပ်ကြီးကို လျူ ယောင် အဆင်သင့် မြင်လိုက်ရသည်။
“ဟင် မင်းက ဒီမှာ ရှိနေတုန်းပဲလား..ငါ မင်းကို လွ တ်လွတ်လပ်လပ် သွားလာ နိုင်တယ်လို့ ပြောခဲ့တယ် လေ..”
လိပ်ကြီးက ခေါင်းငြိမ့်ကာ ပြန်ဖြေလိုက်၏။
“သခင်ကလည်း... ကျွန်တော်က သခင်ပြန်လာတာ ကို ဒီမှာပဲ စောင့်နေရမှာပေါ့..သိပ်လည်း မကြာသေး ပါဘူး..သခင် နှစ်ရက်အတွင်း ပြန်လာမယ်ဆိုတာ ကျွန်တော် သိပါတယ်..”
“ငါသွားတာ နှစ်ရက်ရှိပြီပေါ့...”
လျူယောင်သည် သူ့အား နှစ်ရက်တိုင်တိုင် သစ္စာရှိရှိ စောင့်ကြိုနေသော လိပ်ကြီးကို ကြည့်ကာ အလွန်ပင် ကျေနပ်ခဲ့ရသည်။
“ကဲ... သွားကြစို့..ငါတို့ အပြင်ထွက်ရအောင်”
လိပ်ကြီး၏ ကျောပေါ်သို့ လျူယောင် ခွစီးလိုက်ပြီး ဂူထဲမှ အမြန်ဆုံးထွက်ကာ ပင်လယ်ပြင်ဘက်သို့ ဦးတည်လိုက်၏။
ဝေးလံပြီး လူသူမရှိသော ကျွန်းငယ်လေးသို့ ရောက် သောအခါ အဝတ်အစားလဲရန် လျူယောင် ပြင်ဆ င်လိုက်သည်။ယခုအခါ သူ့တွင် ‘ချန်ခွန်း’အိတ် ရှိနေ ပြီဖြစ်ရာ အဝတ်များအား ခြောက်အောင် လှမ်းစရာ မလိုတော့ပေ။ချန်ခွန်း အိတ်ထဲမှ အဝတ်အသစ်များ ထုတ်ယူကာ အလွယ်တကူပင် လဲလှယ်လိုက်၏။
“အာ..သူဌေး... ပြန်ရောက်လာပြီပဲ”
လျူယောင်ကို မြင်လိုက်ရသည်နှင့် ချန်းဟူမှာ ဝမ်း သာအားရ ဖြစ်သွားသည်။သူဌေးဆီမှ နှစ်ရက်တိုင် တိုင် ဘာသတင်းအစအန မရခဲ့သဖြင့် သူ စိုးရိမ်နေ သည်မှာ အမှန်ပင်။
လျူယောင်က ခေါင်းညိတ်ပြရင်း ပြန်ဖြေလိုက်၏။
"အေး.. ပြန်ရောက်ပြီ..သွားကြစို့.ငါတို့ ဟွာဟိုင်းမြို့ ကိုပဲ ပြန်ကြရအောင်..
နှစ်ရက်နှင့် နှစ်ညတိုင်တိုင် ခရီးထွက်ခဲ့ပြီးနောက် လျူယောင်သည် ကုမ္ပဏီသို့ပင် မဝင်တော့ဘဲ အိမ် သို့သာ တန်းပြန်လာခဲ့သည်။သူ့ စိတ်ထဲတွင်လည်း ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေ၏။
“အစ်ကို...”
အိမ်သို့ ရောက်သည်နှင့် လီချန်လဲ့က သူ့ကို ပျော်ရွှင် စွာဖြင့် ပြေးဖက်လိုက်သည်။လျူယောင်ကလည်း သူမ၏ ခါးလေးကို ပြန်လည်ပွေ့ဖက်ရင်း နူးညံ့စွာ မေးလိုက်၏။
“ကိုယ် မရှိတုန်း သိပ်လွမ်းနေတာလား”
“လွမ်းတာပေါ့ ရှင်ရယ်....”
နှစ်ဦးသား တစ်ဦးကိုတစ်ဦး ကြည့်ကာ ပြုံးလိုက်မိ သည်။ထို့နောက် လီချန်လဲ့အား ရုတ်တရက် ပွေ့ချီ လိုက်ပြီး အိပ်ခန်းရှိရာသို့ လျူယောင် လျှောက်လာ ခဲ့၏။
နောက်တစ်နေ့ နံနက်အစောပိုင်းတွင်မူ နှစ်ယောက် သား အတူတူ နိုးလာခဲ့သည်။လီချန်လဲ့မှာ ကျောင်း သွားရန် ရှိသေးသဖြင့် ရှစ်နာရီမတိုင်မီ သူမက ကျေ ာင်းသို့ အရောက်သွားရမည် ဖြစ်၏။
အိမ်ထိန်းက နံနက်စာ ပြင်ဆင်ထားခဲ့သည်။
ထိုနံနက်စာမှာ အခြားသော နံနက်စာများနှင့်မတူဘဲ ထူးခြားနေ၏။အဘယ်ကြောင့်ဆိုသော် လျူယောင် ရှေးခေတ်ကမ္ဘာမှ တစ်ပါတည်း ယူလာသည့် ဆန်ဖြ င့် ချက်ပြုတ်ထားခြင်းကြောင့်ပင်။
“ဝါး... တကယ်ကို အရသာရှိတာပဲ..ဒီလို ဆန်ပြုတ် မျိုး ကျွန်မ တစ်ခါမှ မစားဖူးဘူး”
“ဝေါ့ ဝေါ့..”
လီချန်လဲ့သည် ဆန်ပြုတ်ကို အားရပါးရသောက်နေ ရင်းမှ ရုတ်တရက် ပါးစပ်ကိုပိတ်ကာ အော့အန် ချင် သလို ဖြစ်လာ၏။လျူယောင်က စိုးရိမ်တကြီး သူမ ၏ကျောကို ညင်သာစွာ ပုတ်ရင်း မေးလိုက်သည်။
“လဲ့လဲ့.. ဘာဖြစ်လို့လဲ မင်း ဘာမှားနေလို့လဲဟင်..”
လီချန်လဲ့က ပြုံးလိုက်ပြီး လျူယောင့်အား အဓိပ္ပာ ယ်ပါပါ ကြည့်၍ ပြောလိုက်၏။
“အစ်ကို... ကျွန်မ ရာသီမလာတာလည်း ကြာပြီ အခု လည်း အန်ချင်သလို ခံစားနေရတယ်ဆိုတော့. ..ကျွ န်မ ကိုယ်ဝန်ရှိတာ ဖြစ်နိုင်တယ်..”
“ဘာ..လဲ့လဲ့မှာ ကိုယ်ဝန်ရှိနေပြီ ဟုတ်လား”
လျူယောင်သည် အံ့အားသင့်လျက် ကပျာကယာ ထလိုက်၏။
“လာဒါဆို အခုချက်ချင်း ကိုယ်တို့ ဆေးရုံသွားကြစို့”
သူသည် ဖုန်းကိုကောက်ကိုင်ကာ အတော်ဆုံး သား ဖွားမီးယပ်အထူးကုဆရာဝန်ကြီးနှင့် ရက်ချိန်းရရန် မက်ဆေ့ခ်ျပို့ကာ အမြန်ဆုံး စီစဉ်လိုက်သည်။
ဆေးစစ်ချက်ရလဒ်များအရ ထင်ထားသည့်အတိုင်း ပင် လီချန်လဲ့မှာ ကိုယ်ဝန် တကယ်ရှိနေ၏။ဆေးရုံမှ အထွက်တွင် လျူယောင်က ဂရုတစိုက်မှာ လိုက်သ ည်။
“လဲ့လဲ့.. အခုချိန်ကစပြီး မင်းက ကလေးကိုပဲ ဂရု စို က်ရတော့မယ်..ဒါကြောင့် ကျောင်းဆက်မသွား နဲ့ တော့နော်.. အိမ်မှာပဲ နားလိုက်ပါလား..”
“ကိုကလည်း... ကျွန်မမှာ ကိုယ်ဝန်ရှိကာစပဲ ရှိသေး တာလေ..ဘာမှမဖြစ်ပါဘူး..နောက်တစ်လဆို ဆော င်းတွင်းကျောင်းပိတ်ရက် အရှည်ကြီး ရတော့မှာပဲ ဟာ.. အနည်းဆုံးတော့ ဒီစာသင်နှစ်လေးကို ပြီးအေ ာင် သင်ချင်တယ်...”
လီချန်လဲ့က အတင်းအကျပ် တောင်းဆိုနေသဖြင့် လျူယောင်ခဗျာ မတတ်သာဘဲ သူမအား ကျောင်း သို့ လိုက်ပို့ပေးလိုက်ရသည်။သို့သော်လည်း လမ်း တစ်လျှောက်တွင်လည်း သူမအား အကြိမ်ကြိမ် သ တိ ပေးနေမိ၏။
လီချန်လဲ့ကို ကျောင်းပို့ပြီးနောက် လျူယောင်သည် ကုမ္ပဏီသို့ ပြန်လာခဲ့သည်။ ရုံးခန်းထဲသို့ ရောက်ပြီး မကြာမီမှာပင် ကျိုးယန်၊ဟူဂျွန်ရှီး၊ ဟွမ်ကွမ်းနှင့် အ ခြားအဆင့်မြင့်အမှုဆောင်အရာရှိများက လုပ်ငန်း ကိစ္စများ အစီရင်ခံရန် တစ်ဦးပြီးတစ်ဦး ရောက်လာ ကြသည်။
ကျိုးယန်၏ အစီရင်ခံမှုကို နားထောင်ပြီးနောက် လျူယောင်က မေးလိုက်၏။
“ဥက္ကဋ္ဌကျိုး... ကျွန်တော်တို့ကုမ္ပဏီမှာ..အခု ဝန်ထ မ်းအင့်အား ဘယ်လောက်ရှိပြီလဲ..”
“လက်ရှိမှာ စုစုပေါင်း ဝန်ထမ်း ၁၂၈,၀၀၀ ကျော် ရှိ ပါတယ် သူဌေး..”
လျူယောင်က ခေတ္တမျှ စဉ်းစားပြီးနောက် ခပ်ပြတ် ပြတ်ပင် ပြောလိုက်သည်။
“ကောင်းပြီ... ဝန်ထမ်းအားလုံးကို ဘောနပ်စ် ပေးလို က်ပါ..လူတစ်ယောက်ကို ယွမ် ၁၀,၀၀၀ စီ ပေးလိုက် ..”
အဆင့်မြင့်ဝန်ထမ်းများ အားလုံး အံ့ဩသွားကြ၏ ။သူတို့ စိတ်ထဲတွင်လည်း မျိုးစုံ တွေးနေမိသည်။
‘ငါတို့သူဌေး ဘာများဖြစ်တာပါလိမ့်ဘာအကြောင်း ပြချက်မှမရှိဘဲ အခုလို ဘောနပ်စ်တွေ အများကြီး ပေးနေရတာလဲ..’
“သူဌေး... ဒါ..ဒါက ဘယ်..ဘယ်လိုဖြစ်လို့လဲခင်ဗျာ ”
ကျိုးယန်တစ်ယောက် အံ့အားသင့်လွန်းသဖြင့် စ ကားပင် ထစ်သွားရ၏။လျူယောင်ကမူ လက်ဝှေ့ယ မ်းကာ ကြည်နူးနေသော အသံဖြင့် ပြန်ဖြေလိုက်သ ည်။
“ဟားဟား..ငါ့ မှာ ရင်သွေးလေး ရတော့မယ်လေ ငါ အရမ်းပျော်နေတာမို့ပါ.ဒါကြောင့် ဒီသတင်းကောင်း ကို ဝန်ထမ်းအားလုံးနဲ့အတူ ဘောနပ်စ်ပေးပြီး ဆင်နွှဲ ချင်တာပါ”
တစ်ဦးလျှင် ယွမ် ၁၀,၀၀၀ နှုန်းဖြင့် စုစုပေါင်း ယွမ် ဘီလီယံ ၁.၂ ကျော် ကုန်ကျမည်ဖြစ်သော်လည်း လျူယောင်အတွက်မူ ထိုငွေပမာဏမှာ ဘာမျှ မဟု တ် ပေ။လျူယောင်ကဲ့သို့ သူဌေးမျိုးက တစ်ကမ္ဘာ လုံးတွင် တစ်ဦးတည်းသာ ရှိပေလိမ့်မည်။
အမှန်တကယ်တွင်လည်း ဘီလီယံတစ်ထောင်ကျော် ဟူ သော ပမာဏမှာ အရှိန်အဝါကြီးမားလှသည့် ယူ နီဗာဆဲလ်လုပ်ငန်းစု အတွက်မူ သမုဒ္ဒရာထဲမှ ရေတ စ်ပေါက်မျှသာ ဖြစ်ပေသည်။
လီချန်လဲ့တွင် ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း သိလိုက် သောအခါ ကျိုးယန်ကလည်း အားရဝမ်းသာစွာဖြင့် ဂုဏ်ပြုလိုက်၏။
“ဂုဏ်ယူပါတယ် သူဌေး..ဂုဏ်ယူပါတယ်..ဒီလို မင်္ဂ လာရှိတဲ့ သတင်းကောင်းအတွက် ဘောနပ်စ်ပေးတာ က အလွန်ကို သင့်တော်ပါတယ်..ဒါက ကျွန်တော်တို့ ကုမ္ပဏီအတွက်လည်း နိမိတ်ကောင်း တစ်ခုပါပဲဗျာ”