ဘယ်သူက အမိန့်ပေးတာလည်း
Vol. 49 Ch. 585
ယုကောင်းလန်ဆိုသူသည် တက္ကသိုလ်ကြီးတစ်ခုမှ ဘွဲ့ရရှိထားသူဖြစ်ပြီး အလုပ်ခွင်ဝင်သည်မှာ မကြာ သေးပေ။
ပုဂ္ဂလိကကုမ္ပဏီတစ်ခုတွင် နှစ်လခန့် အတွေ့အကြုံ ယူပြီး နောက်တစ်လအကြာတွင်မူ သူက ယူနီဗာဆဲ လ်စွမ်းအင်သစ်လုပ်ငန်းစု၌ ဝန်ထမ်းအသစ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။ဘွဲ့ရကာစ လူငယ်ပီပီ သူသ ည်လည်း တခြားသူ များကဲ့သို့ပင် စိန်ခေါ်မှုများစွာ ရင်ဆိုင်နေရ၏။
သို့သော်လည်း ကံကောင်းထောက်မစွာဖြင့် အိမ်ငှား စရိတ် သက်သာသွားခြင်းက သူ့အတွက်မူ ငွေကြေး အနည်းငယ် ချောင်လည်စေခဲ့သည်။
လုပ်ငန်းခွင်တွင်ရှိသည့် စီနီယာများကို ကြည့်ပြီး သူ အားကျမိ၏။ထိုလူတို့မှာ လုပ်သက် တစ်နှစ်၊နှစ်နှစ် ရှိရုံဖြင့် ကားအသစ်လေးများ ကိုယ်စီစီး နိုင်နေကြ ပြီ မဟုတ်ပေလော။
ထိုစီနီယာကြီးတို့သည် ယုကော င်းလန်အတွက်မူ " မျှော်လင့်ချက်"ပင်ဖြစ်သည်။
သူသာ ကြိုးစားမည်ဆိုလျှင် မကြာမီကာလအတွင်း ထိုလူတွေကဲ့သို့ပင် တိုးတက်ပြောင်းလဲလာမည်ဟု ယုံကြည်နေ၏။သို့သော်လည်း ထိုမျှော်လင့်ချက်ရေ ာင်ခြည်များ ဝေဖြာနေစဉ်မှာပင် ဖုန်းမြည်သံက သူ့အားလက်တွေ့လောကထဲသို့ ဆွဲချလိုက်သည်။
"သား... သူနာပြုက ပိုက်ဆံထပ်သွင်းဖို့ ပြောနေတ ယ်..မနေ့က မင်းပို့လိုက်တဲ့ ပိုက်ဆံတွေ အကုန်ကုန် သွားပြီတဲ့..."
ဖုန်းတစ်ဖက်မှ ဖခင်ဖြစ်သူ၏ စိုးရိမ်တကြီးပြောလို က်သော စကားကြောင့် ယုကောင်းလန်၏ ရင်ထဲ၌ ဆို့တက်သွားရသည်။သူတို့မိသားစုသည်ကျေးလက်တောရွာမှ ဆင်းရဲသား မိသားစုလေးဖြစ်သဖြင့် သူ့ အပေါ်တွင်သာ မိသားစု၏ တာဝန်များ ပိကျနေ၏။
လွန်ခဲ့သော ရက်အနည်းငယ်က သူ့ မိခင်ဖြစ်သူဟာ ဆေးရုံတက်ကာ ခွဲစိတ်မှုကြီး ပြုလုပ်ခဲ့ရသည်။သူ စုဆောင်းထားသမျှ ယွမ် ၂၀,၀၀၀ ကျော် ပေးချေခဲ့ ပြီးသော်လည်း ယခုအခါ ငွေထပ်လိုနေ၏။
အကြီးတန်းဝန်ထမ်းများ၏ ဘဝကို အားကျခဲ့သော သူ့စိတ်ကူးများမှာ ခဏလေးအတွင်း ပျောက်ကွယ် သွားရပြီး "ဘယ်သူ့ဆီကနေ ပိုက်ဆံချေးရမလဲ" ဆို သည့် အတွေးကသာ နေရာယူလိုက်သည်။
ယုကောင်းလန်အတွက်မူ အနာဂတ်၏ မျှော်လင့်ချ က် ထက် ယနေ့ဖြတ်ကျော်ရမည့် ဖိအားက ပိုများ နေ၏။
ယုကောင်းလန်က သူ စုဆောင်းထားသမျှ ယွမ် ၂၀, ၀ ၀၀ ထဲမှ တစ်ဝက်ကျော်မှာ သူတစ်သက်လုံး ခြိုး ခြံချွေတာစုဆောင်းလာခဲ့သော ငွေများပင် ဖြစ်သ ည်။ဘွဲ့ရသည်မှာ လအနည်းငယ်သာ ရှိသေးသော် လည်း ယူနီဗာဆဲလ် စွမ်းအင်သစ်လုပ်ငန်းစု၏ မြင့် မားသော လစာကြောင့်သာ သူကယခုကဲ့သို့ ထိန်းထ ားနိုင်ခြင်းဖြစ်၏။
အလုပ်ဝင်သည်မှာ တစ်လကျော်ရုံသာ ရှိသေးသော် လည်း သူက ပထမလမှာပင် ယွမ် ၁၀,၀၀၀ ကျော် ရခဲ့သည်။သူ့အတွက် စားစရိတ် ယွမ် ၂,၀၀၀ ခန့်သ ာ ချန်ထားပြီး ကျန်သမျှကို အိမ်သို့ အကုန် ပြန်ပို့ခဲ့ ၏။ထိုငွေများသည် အရေးပေါ်အခြေအနေအတွက် အထောက်အပံ့ဖြစ်လိမ့်မည်ဟု သူ ယူဆခဲ့သည်။
သို့သော်လည်း လက်တွေ့တွင်မူ သူ့မိခင်သည် ပြင်း ထန်သောရောဂါဖြင့် ဆေးရုံတက်ရခြင်းမှာ "အော က်ခြေမမြင်ရသည့် နက်ရှိုင်းသော တွင်းကြီး" တစ် တွင်းနှင့် တူနေ၏။
သူ စုဆောင်းသမျှ ယွမ် ၂၀,၀၀၀ ကျော် ကုန်ဆုံးသွာ းပြီးနောက် နောက်ထပ် ပေးချေစရာမရှိတော့သည့် အဆုံး ဖခင်ဖြစ်သူမှာ သားဖြစ်သူထံ ဖုန်းဆက်ရုံမှ တစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။
ဖုန်းထဲတွင်မူ ယုကောင်းလန်သည် ကိုယ့်ကိုယ်ကို အားတင်းကာ ယုံကြည်မှုအပြည့်ဖြင့် ပြန်ပြောလိုက် ၏။
"အဖေ... ပိုက်ဆံအတွက် ဘာမှစိတ်မပူနဲ့ ကျွန်တော် ..ဒီနေ့ အဖေတို့ဆီ ပိုက်ဆံရောက်အောင် သေချာ ပေါက် ပို့ပေးမယ်ဗျာ.."
ဖခင်ဖြစ်သူအား စိတ်အေးလက်အေး ဖြစ်စေရန် သူ ကတိပေးလိုက်သော်လည်း ဖုန်းချလိုက်သည်နှင့် တ ပြိုင်နက် "ဘယ်ကနေ ငွေရှာရမလဲ" ဆိုသည့် ဖိအား ကြီးက ယုကောင်းလန်၏ ပခုံးပေါ်သို့ တောင်ကြီးတ စ်လုံးပိသကဲ့သို့ ဖိစီးနေပေသည်။
ဖုန်းချလိုက်သည်နှင့် တစ်ပြိုင်နက် ယုကောင်းလန် ၏ ရင်ထဲတွင် ဖိအားလှိုင်းလုံးကြီးများ တစ်လုံးပြီး တစ်လုံး တိုးဝင်လာခဲ့၏။
"ငါ ဘယ်သူ့ဆီမှာ မျက်နှာပူပူနဲ့ ပိုက်ဆံသွားချေးရ မလဲကွာ.."
ဆိုသည့် အတွေးက သူ့အား အကျပ်ရိုက်စေ၏။
ငွေချေးရသည်မှာ လောကတွင် အခက်ခဲဆုံးနှင့် စိ တ်အပင်ပန်းဆုံး အလုပ်တစ်ခုပင် မဟုတ်ပေလော။
သူ ဘာလုပ်ရမှန်းမသိဘဲ စိတ်ရှုပ်ထွေးနေစဉ်မှာပင် ရုံးခန်းထဲရှိ လုပ်ဖော်ကိုင်ဖက်များထံမှ ဝမ်းသာအား ရ အော်ဟစ်သံများ ထွက်ပေါ်လာသည်။
"ဟေး... မိုက်လှချည်လားဟေ့.."
"ငါတို့သူဌေးကတော့ အကောင်းဆုံးပဲ တကယ်ကိုချ စ်ဖို့ကောင်းတာပဲကွာ...."
"ဟားဟား... ဒီစနေ၊တနင်္ဂနွေတော့ ငါတို့ အပန်း ဖြေခရီး ထွက်လို့ရပြီဟေ့.."
ပျော်ရွှင်နေသည့် ထိုအသံများကြောင့် ယုကောင်းလ န် ကြောင်တောင်တောင်ဖြစ်သွားကာ ဘေးနားရှိ စီနီ ယာဖြစ်သူအား လှမ်းမေးလိုက်သည်။
"အစ်ကိုလူ... ဘာတွေဖြစ်နေကြတာလဲဗျ..ဘာလို့ အားလုံးက ပျော်နေကြတာလဲ.."
"ဟေ့ကောင်လေး...Group ထဲက message ကို မင်း မ ကြည့်မိဘူးလား..ကုမ္ပဏီက ငါတို့ကို ဂုဏ်ပြုဆု ချီး မြှင့်လိုက်ပြီလေ.. ဝန်ထမ်းတစ်ယောက်ကို ယွမ် ၁ ၀,၀၀၀ စီ ရမှာ..ဒီနေ့ မွန်းတည့် ၁၂ နာရီမတိုင်ခင် အကောင့်ထဲ ရောက်လိမ့်မယ်တဲ့.."
"ဗျာ... တကယ်ကြီးလား..ဟုတ်ကောဟုတ်ရဲ့လား ဗျာ...."
ယုကောင်းလန်တစ်ယောက် အံ့အားသင့်ခဲ့ရ၏။
ဤအရာမှာ နေပူထဲ ရေငတ်နေသူတစ်ဦးအဖို့ ကော င်း ကင်မှ မိုးရေစက်များ ကျလာသကဲ့သို့ပင်။ထိုယွ မ် ၁၀,၀၀၀ သာရလျှင် မိခင်ဖြစ်သူ၏ ဆေးရုံစရိတ် အတွက် လောလောဆယ် ပြေလည်သွာပေလိမ့်မည် ။
သို့သော်လည်း ဝမ်းသာမှုနှင့်အတူ စိုးရိမ်စိတ်က က ပ်ပါလာ၏။သူက အလုပ်ဝင်သည်မှာ တစ်လကျော် သာ ရှိသေးသည့် ဝန်ထမ်းအသစ်တစ်ဦးပင် မဟုတ် ပေလော။
"ငါကော ဒီဆုကြေးကို ရနိုင်ပါ့မလား" ဆိုသည့် အတွေးက သူ့စိတ်အား ပြန်လေး လံစေခဲ့ပေသည်။
ယုကောင်းလန်က မျှော်လင့်ချက်တစ်ဝက် စိုးရိမ်စိ တ် တစ်ဝက်ဖြင့် တိုးတိုးလေး မေးလိုက်၏။
"အစ်ကိုလူ...လူအကုန်ရတာကော ဟုတ်လို့လားဟင် ..ကျွန်တော့်လို အလုပ်သင်ကာလ မကုန်သေးတဲ့ ဝန် ထမ်းအသစ်တွေရော ပါရဲ့လားဗျာ"
"ပါတာပေါ့ကွ..မင်း Group ထဲက အသိပေးချက်ကို သေချာဖတ်ကြည့်ဦး..ဝန်ထမ်းအသစ်တွေရောဒီနေ့မှ အလုပ်စဝင်တဲ့သူတွေပါမကျန် လူတိုင်းရမယ်လို့ ရေးထားတယ်.."
ထိုစကားကို ကြားကြားချင်း ယုကောင်းလန်ုက တု န်ယင်နေသော လက်များဖြင့် ဖုန်းကိုထုတ်ကာ အ ကြောင်းကြားစာကို အသည်းအသန် ဖတ်ကြည့်လို က်သည်။အမှန်တကယ်ပင်...သူကဲ့သို့ အလုပ်သင် ဝန်ထမ်းများလည်း ပါဝင်နေသည်အား မြင်လိုက်ရ သောအခါ သူ ဝမ်းသာလွန်း၍ မျက်ရည်ပင် ဝဲချင် လာ၏။
သူ့ ပခုံးပေါ်တွင် တောင်ကြီးတစ်လုံးပိထားသကဲ့သို့ ခံစားနေရသော ဖိအားများမှာလည်း ချက်ချင်းပင် လွင့်စင်ပျောက်ကွယ်သွားပေသည်။
"ကျွန်တော်တို့ သူဌေးကတော့ လူတိုင်းကို ဒီလောက် ရက်ရက်ရောရော ပေးတာပဲဗျာ”
ဤကဲ့သို့ ယုကောင်းလန်က ပျော်ရွှင်စွာ တဖွဖွ ရေ ရွတ်မိလိုက်၏။
..........
တစ်ချိန်တည်းမှာပင်...
ကုမ္ပဏီ၏ အဆင့်မြင့်ရုံးခန်းအတွင်း၌မူ လျူယော င်သည် စားပွဲပေါ်ရှိ ခလုတ်တစ်ခုအား ခပ်ဖွဖွ နှိပ်လို က်သည်။ ခဏအကြာတွင် လုပ်ငန်းခွင်ဝတ်စုံကို သ ပ်ရပ်စွာ ဝတ်ဆင်ထားသည့် ငယ်ရွယ်ချောမောသော အမျိုးသမီးတစ်ဦးက ယဉ်ကျေးစွာ ဝင်လာ၏။
သူမသည် လျူယောင်၏ အတွင်းရေးမှူးနှစ်ဦးအ န က် တစ်ဦးဖြစ်ပြီး နာမည်ကြီး တက္ကသိုလ်မှ ဘွဲ့ရကာ ပြည်ပမှ ပြန်လာသူလည်း ဖြစ်သည်။ဘာသာ စကား မျိုးစုံ ကျွမ်းကျင်သလို ဖြတ်ထိုးဉာဏ်လည်း ကောင် း လှ၏။လျူယောင်ကဲ့သို့ လူမျိုး၏ အနီးကပ် အ တွင်းရေးမှူးအဖြစ် အလုပ်လုပ်နိုင်သူမှာ အလှပြ "ပ န်းအိုး" မျှသာ မဟုတ်ဘဲ အရည်အချင်းရော ရုပ်ရ ည်ပါ ပြည့်စုံမှသာ ရပေမည်။
လျူယောင်က တည်ငြိမ်စွာ အမိန့်ပေးလိုက်၏။
"ဒီနေ့ညအတွက် ခမ်းနားတဲ့ ပါတီပွဲတစ်ခု စီစဉ်လို က်..ကုမ္ပဏီရဲ့ အလယ်အလတ်နဲ့ အဆင့်မြင့်ဝန်ထမ် းတွေအားလုံး တက်ရောက်ရမယ်..နေရာကတော့ 'ခရစ္စတယ်နန်းတော်' ပဲ..."
"ဟုတ်ကဲ့ပါရှင့် ကျွန်မ အခုချက်ချင်း စီစဉ်လိုက်ပါ့ မယ်.."
အလှပဂေး အတွင်းရေးမှူးမလေးက ယဉ်ကျေးစွာ ပြန်ဖြေရင်း အခန်းထဲမှ ထွက်ခွာသွားပေသည်။ လျူယောင်၏ စိတ်ထဲတွင်မူ ကြည်နူးမှုများ ဖုံးလွှ မ်းနေ၏။
"ဒီနေ့က တကယ်ကို ပျော်စရာကောင်းတဲ့နေ့ပဲ... လဲ့ လဲ့ ကိုယ်တိုင်က ပျော်နေတာဆိုတော့ ငါတို့လည်း တစ်ဝကြီး ပျော်ကြတာပေါ့ကွာ.."
ခရစ္စတယ်နန်းတော် ဆိုသည်မှာ ဟွာဟိုင်းမြို့၏ အ ကျော်ကြားဆုံးနှင့် အဆင့်မြင့်ဆုံး နေရာတစ်ခုပင်ဖြ စ်၏။ထိုနေရာတွင် ထိပ်တန်းအဆင့် စားသောက် ဆိုင်များသာမက ဘိုးလင်းကစားကွင်း၊ KTV နှင့် ပြ ဇာတ်ရုံများကဲ့သို့ ဖျော်ဖြေရေး အစုံအလင်ရှိသည်။
ဌာနချုပ်မှ မန်နေဂျာအဆင့်ရှိသူ ၁၀၀ ကျော်ကိုသာ ဖိတ်ကြားထားခြင်းဖြစ်ပြီး ရုံးခွဲများအထိပါ အသိမ ပေးခဲ့ခြင်းမှာ လူဦးရေ အရမ်းများသွားမည်ကို လျူ ယောင် စိုးရိမ်သောကြောင့်ဖြစ်၏။
ညမှောင်လာသည်နှင့်အမျှ ခရစ္စတယ်နန်းတော်သ ည် ပိုမိုစည်ကားလာသည်။ဟွာဟိုင်းမြို့သည် လူဦး ရေ သန်း ၂၀ ကျော် နေထိုင်သည့် နိုင်ငံတကာ အ ဆင့်မီ မြို့ကြီးဖြစ်သည့်အားလျော်စွာ ချမ်းသာ ကြွ ယ်ဝသူများလည်း မနည်းလှပေ။
ဤနေရာတွင် တစ်ဦးလျှင် ယွမ်သောင်းနှင့်ချီ၍ ကုန် ကျစရိတ် မြင့်မားသော်လည်း ဧည့်သည်များ နေ့စဉ် မပြတ် စည်ကားနေဆဲပင်။
ထိုစဉ် ဝင်ပေါက်သို့ ဇိမ်ခံကားတန်းကြီး ဆိုက်ရော က်လာ၏။ထိုကားတန်းထဲတွင် တန်ဖိုးကြီးသည့် Ro lls-Royce ကားသည် ခရစ္စတယ်နန်းတော်၏ မီးရော င်အောက်တွင် ရပ်တန့်လိုက်ပေသည်။
ထိုဇိမ်ခံကားကြီးများပေါ်မှ လူတစ်စု ဆင်းလာ၏။ ထိုအုပ်စု၏ ထိပ်ဆုံးတွင် လျှောက်လာသူမှာ အောင် မြင်ကျော်ကြားသော စီးပွားရေးလုပ်ငန်းရှင်ကြီး တ စ်ဦး၏ အရှိန်အဝါမျိုး ပိုင်ဆိုင်ထားသည့် အလယ် အလတ်အရွယ် အမျိုးသားတစ်ဦးပင်။
ထိုလူသည် သူ့ ဧည့်သည်တော်များအား ဂုဏ်ယူ ဝင့် ကြွားစွာဖြင့် ခရစ္စတယ်နန်းတော်ဘက်သို့ လက်ညှိုး ထိုးပြရင်း စိတ်အားထက်သန်စွာ ပြောလိုက်၏။
"ကဲ... ကြည့်ပါဦး.. ဒါကတော့ ကျွန်တော်တို့ မြို့ရဲ့ နာမည်ကြီး 'ခရစ္စတယ်နန်းတော်' ပဲ..ဒီနေရာက ဟ င်းပွဲတွေက တကယ့်ကို အရသာရှိတာဗျ... ဒီနေ့ည ကျွန်တော်တို့ အားရပါးရ မြည်းစမ်းကြည့်ကြတာ ပေါ့ဗျာ.."
ဧည့်သည်များက အံ့အားသင့်ကာ ပြန်ပြောလိုက် ကြသည်။
"အာ.. မစ္စတာဝမ်.. ဒီညတော့ ကျွန်တော်တို့က ခင် ဗျားကို အတော်လေး အကုန်အကျ များစေခဲ့ပြီထင် တယ်"
သူတို့၏ စကားသံထဲတွင် ဝမ်ရွှယ်မင်အပေါ် ရိုသေ လေးစားမှုနှင့် အားနာမှုများ ရောယှက်နေသည်အား မြင်နိုင်ပေသည်။
ထိုချီးကျူးစကားများကြောင့် ဝမ်ရွှယ်မင်တစ်ယော က် ပို၍ပင် ဂုဏ်ယူလာကာ ရင်ကိုကော့၊ခေါင်းကို မော့ပြီး ခန့်ညားသော ခြေလှမ်းများဖြင့် အထဲသို့ ဝ င်ရန် သူ ပြင်လိုက်၏။သို့သော်လည်း မမျှော်လင့် ထားသည့် အဖြစ်အပျက်တစ်ခုက သူ့ကို ဆီးကြိုနေ ခဲ့သည်။
တံခါးဝရှိ လုံခြုံရေးက လက်ပြကာ သူ့အား တားလို က်၏။
"ခွင့်လွှတ်ပါ ခင်ဗျာ... ဒီညအတွက် ဒီနေရာတစ်ခုလုံ းကို ကြိုတင်စာရင်းသွင်းထားပြီးသားမို့လို့ပါ တခြ ားနေရာကို ပြောင်းလဲပေးဖို့ မေတ္တာရပ်ခံပါတယ် ဗျာ.."
ဝမ်ရွှယ်မင်က ထိုစကားကို ဂရုမစိုက်သည့်အပြင် မျ က်မှောင်ကြုတ်ကာ သူ့အိတ်ထဲမှ တောက်ပနေသော 'ရွှေရောင်ကဒ်'မြှောက်ပြလိုက်သည်။
"မင်း ငါ့ကို ဘယ်သူမှတ်နေလဲ.. ငါက ဒီဆိုင်ရဲ့ VIP ရွှေကဒ် ကိုင်ထားတဲ့သူကွ..ငါ့အတွက် ဘယ်တုန်းက မှ ကြိုတင်စာရင်းသွင်းစရာ မလိုဘူး. ငါလာချင်တဲ့ အချိန် လာလို့ရတယ်.မင်း.. နားလည်လား"
သို့သော်လည်း လုံခြုံရေးခေါင်းဆောင်ကမူ အလျှေ ာ့မပေးဘဲ တည်ငြိမ်စွာပင် ပြန်လည်တုံ့ပြန်လိုက် ၏။
"တကယ်ကို စိတ်မကောင်းပါဘူးခင်ဗျာ..ဒီနေ့ညရွှေ ကဒ်ကိုင်ထားတဲ့ VIP တွေတောင် ဝင်ခွင့်မရှိပါဘူး. . နေရာတစ်ခုလုံးကို သီးသန့် ငှားရမ်းထားပြီးသား ဖြ စ်လို့ပါ"
ဝမ်ရွှယ်မင်၏ အသံက ဒေါသကြောင့် တုန်ယင်နေ သည်။
"ဘယ်သူက ဒီလောက်တောင် အခွင့်အရေး သာနေ လို့လဲ.. ငါ့လို ရွှေကဒ်ကိုင်ထားတဲ့သူကိုတောင် ပေး မဝင်ရအောင် ဘယ်သူက အမိန့်ပေးထားတာလဲ.."
ဟွာဟိုင်းမြို့ကဲ့သို့ နေရာမျိုးတွင် သူ့အား လူရာမသွ င်းဘဲ နေဝံ့သူ မရှိသလောက်ပင်။သူက ကုဋေကြွယ် သူဌေးတစ်ဦးဖြစ်ပြီး ပိုင်ဆိုင်မှု ယွမ်ဘီလီ ယံနှင့်ချီ ရှိသည့် သူ့အတွက်မူ ယခုကဲ့သို့ ငြင်းပယ်ခံရခြင်းမှ ာ သူ့ ဘဝတွင် ပထမဆုံးအကြိမ် ကြုံဖူးသည့် အရှ က်ရစရာပင်။
ပုံမှန်ဆိုလျှင် သူသည် ဤနေရာသို့ ကြိုတင်အကြော င်းကြားစရာမလိုဘဲ မည်သည့်အချိန်မဆို မင်းသား တစ်ပါးကဲ့သို့ ဝင်ထွက်နိုင်သူဖြစ်သော်လည်း ယနေ့ တွင်မူ အခြေအနေက လုံးဝခြားနားနေသည်။
ဝမ်ရွှယ်မင်က ဒေါသတကြီးဖြင့် အထဲသို့ ဇွတ်အတ င်း ဝင်ရန် ကြိုးစားနေသည်ကို မြင်သောအခါ လုံခြုံ ရေးခေါင်းဆောင်က တည်ငြိမ်သော လေသံဖြင့် သ တိပေးလိုက်၏။
"ဆရာ... ဒီညအတွက် ခရစ္စတယ်နန်းတော်တစ်ခုလုံး ကို 'ယူနီဗာဆဲလ် လုပ်ငန်းစု'က ငှားထားတာပါ ခင် ဗျား တကယ်ပဲ ဇွတ်ဝင်ချင်သေးတာလား.."
"ဘာ.ဘာလဲ..."
"ယူနီဗာဆဲလ် လုပ်ငန်းစု" ဆိုသည့် အမည်ကို ကြား လိုက်ရုံမျှဖြင့် ဝမ်ရွှယ်မင်၏ မျက်နှာက ချက်ခြင်း ပင် ဖြူလျော့သွားသည်။မဏ္ဍိုင်ကြီးတစ်ခုကဲ့သို့ ခိုင် မာလှသော ထိုလုပ်ငန်းစုကြီး၏ အရှိန်အဝါအား သူ ကောင်းကောင်းသိနေ၏။
ခဏတဖြုတ် အံ့အားသင့်သွားပြီးနောက် ဝမ်ရွှယ်မင် ၏ မာန်မာနများမှာ ဆပ်ပြာပူဖောင်းအား လေလျော့ လိုက်သကဲ့သို့ ပျောက်ကွယ်သွားပြီး သူ့အမူအရာမှာ လည်း ချက်ချင်းပင် အလျော့ပေးသည့်ပုံစံသို့ ပြော င်းလဲသွားပေသည်။