အရသာရှိသည့် ဟင်းပွဲများ
Vol. 49 Ch. 586
ဝမ်ရွှယ်မင်တစ်ယောက် တကယ်ကို တုန်လှုပ်ခြော က်ခြားသွားရသည်။
ယူနီဗာဆဲလ်လုပ်ငန်းစု ဆိုသည်မှာ သူတို့လို လူမျိုး များအတွက်ဆို မော့ကြည့်ရုံပင် မော့ကြည့်နိုင်သည့် အဖွဲ့အစည်းကြီး မဟုတ်ပေလော။
သူသည် အတွင်းသို့ ဆက်မဝင်တော့ဘဲ ချက်ချင်းပ င် နောက်လှည့်လိုက်၏။ထို့နောက် အဖွဲ့သားများဘ က်သို့ မျက်နှာမူကာ ရှက်ရွံ့စွာ ပြောလိုက်ရသည်။
"လူကြီးမင်းတို့... ဒီနေရာက ယူနီဗာဆဲလ်က ကြိုတ င်စာရင်းသွင်းထားတာတဲ့ဗျ..ကျွန်တော်တို့ တခြား နေရာကိုပဲ ပြောင်းလိုက်ရအောင်"
ထိုစကားကြောင့် ကျန်လူများလည်း ပျာပျာသလဲ ဖြ စ်သွားကြကာ အဆက်မပြတ်ခေါင်း ညိတ်လိုက်ကြ ၏။
"ဪ..ဒီနေမှာ ဘာလို့ ဇိမ်ခံကားတွေ အများကြီး ရ ပ်ထားတာလဲလို့ စဉ်းစားနေတာ..ဒါကြောင့်ကိုး.."
"သွားကြစို့.. သွားကြစို့..သူတို့ကို သွားငြိမိရင် ဒုက္ခ ရောက်ကုန်မယ်..နေရာပြောင်းတာ အကောင်းဆုံးပဲ"
"ဟုတ်တယ်... ဟုတ်တယ်.. မြန်မြန်သွားကြရအောင် "
လူအုပ်ကြီးမှာ တစ်ဦးပြီးတစ်ဦး ကားပေါ်သို့ အပြေး အလွှား ပြန်တက်လိုက်ကြသည်။ဝမ်ရွှယ်မင်သည် လည်း သူ၏ Rolls Royce ကားတံခါးကို ဖွင့်ကာ ဝ င်မည်အလုပ်တွင် ရုတ်တရက် သူသည် ကျောက်ရုပ် ပမာ တောင့်တင်းသွား၏။
၎င်းမှာ သူ့ရှေ့ မလှမ်းမကမ်းမှ ဦးတည်မောင်းနှင်လ ာသည့် ခန့်ညားလှသော ယာဉ်တန်းကြီးကြောင့်ပင် ။ဟိုတယ်တံခါးဝရှိ လုံခြုံရေးဝန်ထမ်းများမှာလည်း တစ်ချက်လေးမျှ မလှုပ်ဘဲ စနစ်တကျ အလေးပြု ရန် ပြင်နေကြ၏။
ကားများ ရပ်တန့်သွားပြီးနောက် ဆင်းလာသော လူ အုပ်စုကို မြင်လိုက်ရသည့်အခါတွင်မူ ဝမ်ရွှယ်မင် တစ်ယောက် ဆွံ့အနေပေသည်။
ကျိုးယောင်၊ ဟူဂျွန်ရှီး၊ ဟွမ်းကွမ်တို့မှာ ယူနီဗာဆဲ လ်၏ အဆင့်မြင့် အမှုဆောင်အရာရှိချုပ်များ ဖြစ် ကြပြီး ဝမ်ရွှယ်မင် လေးစား အားကျခဲ့ရသူများ ဖြစ် ၏။သို့သော်လည်း ကားတန်းကြီး၏ အလယ်ဗဟိုရှိ ကားတံခါး ပွင့်သွားချိန်တွင်မူ ဝမ်ရွှယ်မင်၏ ရင်ခုန် သံများမှာ ထိန်းမနိုင်သိမ်းမရ ခုန်ပေါက်ခဲ့ပြန်သည်။
ထိုပုဂ္ဂိုလ်ကိုယ်တိုင် ဤနေရာသို့ ရောက်ရှိလာလိမ့် မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ပေ။
သူ့အား ပို၍ပင် မှင်သက်သွားစေသည်မှာ 'ခရစ္စတ ယ်နန်းတော်'ပိုင်ရှင် ဝေပင်း ကိုယ်တိုင် တံခါးဝအထိ ထွက်၍ ကြိုဆိုနေခြင်းပင်။ဝေပင်းကဲ့သို့သော လုပ် ငန်းရှင်ကြီးက ဤမျှအလေးအနက်ထားကာ ရိုရို သေသေ ဆက်ဆံနေသည်မှာ လျူယောင် တစ်ယော က်တည်းသာ ရှိနိုင်ပေမည်။
'ခရစ္စတယ်နန်းတော်'၏ သူဌေးသည် အလွန်လျှို့ဝှ က်လွန်းသူဖြစ်ပြီး ဩဇာအာဏာနှင့် ဆက်ဆံရေးကွ န်ယက် ကြီးမားလှသည်ဟု ကောလာဟလများ ထွ က်လေ့ရှိသည်။ပုံမှန်အားဖြင့် လူလုံးပြခဲလှသော ထို သူဌေးကြီးသည် ယနေ့တွင်မူ ထူးထူးခြားခြား ကိုယ် တိုင်ကိုယ်ကျ ပေါ်ထွက်လာခဲ့၏။
ဝမ်ရွှယ်မင်မှာ အားကျစိတ်များဖြင့် ငေးကြည့်နေမိ ရင်း စိတ်ထဲမှ ရေရွတ်လိုက်သည်။
"ဒါဟာ တကယ့်ကို ဘဝရဲ့ အောင်မြင်မူကြီးပဲကွာ"
လျူယောင်သည် ကားပေါ်မှ ဆင်းလာပြီးနောက် လူ အများ၏ ဝန်းရံမှုဖြင့် ခမ်းနားထည်ဝါလှသော စား သောက်ဆိုင်အတွင်းသို့ ဝင်လာခဲ့၏။သူ ဝင်လိုက် သည်နှင့် တစ်ပြိုင်နက် ဆိုင်အတွင်းမှ နွေးထွေးသေ ာ လက်ခုပ်သံများ ထွက်လာခဲ့သည်။
စားပွဲပေါင်း တစ်ဒါဇင်ကျော်ရှိ လူအားလုံးမှာ ကြို တင်ရောက်နေကြခြင်းဖြစ်ပြီး အခမ်းအနားမှာ အ လွန်စည်ကားလှသည်။လျူယောင်က လူတိုင်းအား ပြုံးပြရင်း လက်ဝှေ့ယမ်းကာ အေးအေး ဆေးဆေး ပြောလိုက်၏။
"ကဲ... အားလုံးပဲ..အရမ်းကြီး အော်မနေကြပါနဲ့ဦး"
.
လူအားလုံးက ပျော်ရွှင်စွာ ရယ်မောနေကြပြီး ပတ်ဝ န်းကျင်တစ်ခုလုံး နွေးထွေးကာ စိတ်အပန်းပြေစရာ ကောင်းလှသည်။အရှေ့ဆုံးရှိ အဓိက စားပွဲဝိုင်းကြီး ၌ လျူယောင် ဝင်ထိုင်လိုက်၏။
…………
တစ်ဖက်တွင်မူ 'ခရစ္စတယ်နန်းတော်' ၏ မီးဖိုချောင် အတွင်း၌ အလုပ်များနေကြပြီ ဖြစ်သည်။စားဖိုမှူးမျ ားမှာ ဟင်းလျာများကို အပြိုင်အဆိုင် ချက်ပြုတ် နေကြပြီး မီးဖိုချောင်ကြီးမှာ စစ်မြေပြင်အလား ဖြစ် နေ၏။
စားဖိုမှူးများသည် လက်မလည်အောင် အလုပ်များ နေကြသော်လည်း ပါဝင်ပစ္စည်းများနှင့် ပတ်သက်၍ တစ်ယောက်နှင့်တစ်ယောက် စကားမပြောဘဲ မနေနို င်ကြချေ။
"တကယ်ကို ရှားပါးဖြစ်ရပ်ပဲဗျာ..ကျွန်တော် စားဖို မှူး လုပ်လာတာ နှစ်ပေါင်း ၃၀ နီးပါး ရှိပြီ..ပါဝင်ပစ္စ ည်း အကုန်လုံးကို ဖောက်သည်ကိုယ်တိုင် ဒီလောက် အများကြီး ပို့ပေးတာမျိုး တစ်ခါမှ မကြုံဖူးဘူး”
"ဟုတ်ပါရဲ့ဗျာ.. တချို့ဆိုရင် တစ်မျိုး၊နှစ်မျိုးလော က် ယူလာပြီး ချက်ခိုင်းတာမျိုး ရှိပေမဲ့ အခုလို အစုံ အလင်ကြီး ယူလာတာတော့ ကျွန်တော်လည်း ဒါ ပ ထမဆုံးအကြိမ် မြင်ဖူးတာပဲ"
"တကယ်လည်း ဘာမှ ထူးခြားတာ မဟုတ်ပါဘူး .. ဝက်သား၊ သိုးသား၊ အမဲသား၊ငါးနဲ့ ဟင်းသီးဟင်း ရွက်တွေပဲ... အားလုံးက သာမန်ပါဝင်ပစ္စည်းတွေပဲ လေ"
"ဘာပဲဖြစ်ဖြစ်လေ..ဖောက်သည်က နတ်ဘုရားပဲမ ဟုတ်လား.. သူတို့က ဒါတွေကိုပဲ သုံးစေချင်တယ် ဆိုတော့လည်း ငါတို့က ချက်ပေးရမှာပေါ့ကွာ.."
ခဏအကြာတွင်မူ ဟင်းပွဲအချို့မှာ အသင့်ဖြစ်လာ ၏။အထူးသဖြင့် ရေနွေးငွေ့ဖြင့် ပေါင်းထားသော နံ ရိုးဟင်းပွဲမှ ထွက်ပေါ်လာသည့် အသားနံ့မှာ မီးဖိုချေ ာင်တစ်ခုလုံး မွှေးပျံ့နေပေသည်။
"ဝါး... မွှေးလိုက်တာဗျာ..ကြည့်ရတာ တကယ့်ကို အ ရသာရှိမယ့်ပုံပဲ.."
"ဆရာ... ဆရာ့လက်ရာက တိုးတက်လာတာလား... အပြင်အဆင်ကို မကြည့်ဘဲ အနံ့လေးနဲ့တင် လူကို သရေယိုစေတယ်ဗျာ"
"အမ် ငါ့လက်ရာက တကယ်ပဲ တိုးတက်လာတာလာ းဟ..."
ခန္ဓာကိုယ် ဝဖြိုးသော စားဖိုမှူးကြီးက ခေါင်းခါလိုက် ပြီး စိတ်ထဲတွင် ထူးဆန်းသလို ခံစားလိုက်ရသည်။ ထိုဟင်းပွဲမှာ အနံ့အရသာနှင့် ပြည့်စုံလွန်းသည်မှာ အမှန်ပင်။သူသည် ဝက်သားဟင်းအိုးအား မီးဖိုပေါ် မှ ချလိုက်ရင်း တွေးနေမိ၏။
စားဖိုမှူးကြီးကျိုးသည် သူချက်ပြုတ်သမျှ ဟင်းလျ ာတိုင်းအား ကိုယ်တိုင် မြည်းစမ်းကြည့်သည့် အ ကျင့်ရှိပေသည်။အရသာမှာ အပြစ်ပြောစရာမရှိဟု ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိမှသာ ဧည့်သည်များ ထံ တည်ခင်းပေးလေ့ရှိသူလည်း ဖြစ်၏။
ယခုလည်း ထုံးစံအတိုင်း တူကိုကောက်ယူကာ ဝက် သားတစ်ဖဲ့အား သူ မြည်းစမ်းလိုက်သည်။ထိုအချိန် ခဏလေးအတွင်းမှာပင် ကျိုး၏မျက်လုံးများမှာ ပြူးကျယ်လာကာ အံ့အားသင့်သွားခဲ့၏။
"ဘုရားရေ... ငါ့ဘဝတစ်လျှောက်လုံး ဒီလောက် အ ရသာရှိတဲ့ ဝက်သားဟင်းမျိုး တစ်ခါမှ မစားဖူးဘူး ကွာ"
သူသည် စိတ်မထိန်းနိုင်ဘဲ အော်လိုက်မိရာ ဘေးနား ရှိ စားဖိုမှူးများအားလုံး၏ အကြည့်များက သူ့ထံသို့ ရောက်လာကြ၏။အနားရှိ စားဖိုမှူးတစ်ယောက်က စိုးရိမ်တကြီး မေးလိုက်သည်။
"ဆရာကျိုး. အရသာက တစ်ခုခု လွဲနေလို့လားဗျ"
"မဟုတ်ဘူး... မဟုတ်ဘူး..မင်းကိုယ်တိုင် မြည်းကြ ည့်စမ်းပါဦး.. ဒါက နတ်သုဒ္ဓါအရသာပဲကွာ.. မယုံနို င်စရာ ကောင်းလွန်းတယ်.."
ဘေးက စားဖိုမှူးမှာ ဇဝေဇဝါမျက်နှာဖြင့် တူကိုကေ ာက်ကိုင်ကာ အသားတစ်ဖဲ့ကို မြည်းကြည့်လိုက်သ ည်။ ချက်ချင်းဆိုသလိုပင် သူ့မျက်လုံးများလည်း ပြူးလာကာ လက်မထောင်၍ အားရပါးရ ချီးကျူး လိုက်၏။
"ဆရာကျိုး... ဒါက ဆရာ့လက်ရာအစစ်လားဗျာ.. ဒီ ချက်ပြုတ်ပုံမျိုးနဲ့ဆိုရင်တော့ ကျွန်တော်တို့ကို အပြ တ်အသတ် ကျော်သွားပြီ..တကယ့်ကို အဆင့်အတ န်းတစ်ခုမှာ ရှိနေတာပဲ.."
သို့သော်လည်း စာဖိုမှူးကြီးကျိုးက ခေါင်းခါရမ်းရင်း ဖြေလိုက်၏။
"ဒီဟင်းကို ငါချက်တာတော့ မှန်ပါတယ်.ဒါပေမဲ့ ငါ့ ရဲ့ နည်းစနစ်တွေက တိုးတက်လာတာ မဟုတ်ဘူး.. အရင်ကအတိုင်း ပုံမှန်နည်းလမ်းနဲ့ပဲ ငါ ချက်ခဲ့တာ ဒါပေမဲ့ ဘာကြောင့် ဒီလောက်အထိ အရသာ ထူးကဲ နေရတာလဲဆိုတာကိုတော့ ငါလည်း နားမလည်နိုင် တော့ဘူး"
ထိုအခါ အခြားစားဖိုမှူးများလည်း စုရုံးရောက်ရှိလာ ပြီး တစ်ယောက်တစ်လုပ် မြည်းကြည့်လိုက်သည်။ အားလုံးက တစ်ညီတစ်ညွတ်တည်း လက်မထောင် ကာ အံ့ဩမဆုံး ဖြစ်နေခဲ့၏။သူတို့အားလုံးသည် စာ းဖိုမှူးလောကတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ သူများဖြစ်၍ အရသာကို ကောင်းကောင်းသိကြသူ များပင် မဟုတ်ပေလော။
"တကယ်..အရမ်း... အရမ်းကို အရသာရှိတာပဲဗျာ.."
"ဒီအရသာက လျှာဖျားပေါ်မှာတင် ပေါက်ကွဲ ထွက် သွားသလိုပဲဗျာ..ကိုယ်တိုင်သာ မမြည်းကြည့်ရရင် ဒီလိုအရသာမျိုး ရှိနိုင်တယ်ဆိုတာ ဘယ်သူမှ ယုံမှာ မဟုတ်ဘူး.."
ထို့နောက် စားဖိုမှူးများအားလုံး တခြား ဟင်းပွဲများ ကိုပါ ဝိုင်းမြည်းစမ်းကြည့်ကြရာ တစ်ပွဲထက်တစ်ပွဲ ထူးကဲသော အရသာများကြောင့် အားလုံးမှာအံ့ဩ မဆုံး ဖြစ်နေကြပေသည်။
"ဒါက ပါဝင်ပစ္စည်းတွေကြောင့်ပဲ ဖြစ်ရမယ်..ဟုတ် တယ်... ဒီပါဝင်ပစ္စည်းတွေက အဓိကပဲ.."
"ဘုရားရေ... ဒီလောက် ထူးခြားတဲ့ ပါဝင်ပစ္စည်းတွေ ကို ဘယ်ကများ ရလာတာလဲ.. တကယ်ကို အံ့ဩစ ရာပဲဗျာ"
......
တစ်ဖက်တွင်မူ ဧည့်ခန်းမဆောင်ထဲ၌...
လျူယောင်တို့အဖွဲ့မှာ စားပွဲဝိုင်းတွင် အေးချမ်းစွာ ထိုင်နေကြသည်။ဟင်းပွဲများ မရောက်လာသေးမီ အချိန်အတွင်း ကျိုးယန်က အခွင့်ကောင်းယူကာ အ ကြံပြုလိုက်သည်။
"သူဌေး.အခုလို လူစုံတုန်းလေးမှာ အားလုံးအတွက် အမှတ်တရ စကားလေးတစ်ခွန်းလောက် ပြောပေး ပါဦးလားဗျာ.."
လျူယောင် မတ်တပ်ရပ်လိုက်သည်နှင့် တစ်ပြိုင်န က် တစ်ခန်းမလုံးမှ သောင်းသောင်းဖျဖျ လက်ခုပ် သံများ ထွက်လာ၏။သူသည် မိုက်ကို စမ်းလိုက်ပြီး နောက် ကြိုးမဲ့မိုက်ခရိုဖုန်းကို ကိုင်ကာ မိန့်ခွန်းစတ င် ပြောလိုက်သည်။
လျူယောင်က လူတိုင်း၏ ကြိုးစားအားထုတ်မှုအ တွက် ကျေးဇူးတင်စကား အရင်ပြောလိုက်သည်။ သို့သော်လည်း နောက်ဆုံး၌လျူယောင်က "ဒီနေ့ တ က်ရောက်လာတဲ့ ဝန်ထမ်းတစ်ဦးချင်းစီကို ဆုကြေး ငွေ ယွမ် ၁၀၀,၀၀၀စီ ချီးမြှင့်မယ်" ဟု ကြေညာလို က်ချိန်တွင်မူ တစ်ခန်းလုံး ဆူညံသွားပြီး အခမ်းအန ားမှာ အထွဋ်အထိပ်သို့ ရောက်ရှိသွားပေသည်။
ပုံမှန်အားဖြင့် ယူနီဗာဆဲလ်၏ ဆုချီးမြှင့်မှုများတွင် ဝန်ထမ်းတစ်ဦးလျှင် ယွမ် ၁၀,၀၀၀ ခန့်သာ ရလေ့ ရှိသော်လည်း ယခုကဲ့သို့ အလယ်အလတ်နှင့် အဆ င့်မြင့်ဝန်ထမ်းများကို တစ်ဦးလျှင် ယွမ် ၁၀၀ ,၀၀၀ အထိ ရက်ရက်ရောရော ချီးမြှင့်ခြင်းမှာ လျူယောင် ၏ ရက်ရောမှုအား သက်သေပြလိုက်ခြင်းပင် ဖြစ် ၏။
"သူဌေးကြီး ကျန်းမာပါစေ.."
"သူဌေးကတော့ တကယ့်ကို အစွမ်းထက်တာပဲဗျာ"
လူတိုင်း၏ ဝမ်းသာအားရ အော်ဟစ်သံများကြောင့် လျူယောင်က ပြုံး၍ လက်ဝှေ့ယမ်းကာ ပြန်ပြောလို က်သည်။
"ကဲ... အားလုံးပဲ.. အစားအစာတွေ စားလို့ ရပါပြီ .. ဒီနေ့တော့ လူတိုင်း ဒီအရသာရှိတဲ့ ဟင်းလျာတွေကို စမ်းမြည်းကြစို့"
ဤဟင်းလျာများမှာ မည်မျှအထိ ထူးကဲကောင်းမွန် သည်ကို တခြားသူများ မသိကြသေးသော်လည်း လျူယောင်ကမူ နတ်သုဒ္ဓါကဲ့သို့ အရသာရှိမည်ကိုမူ ကြိုတင် သိနေသည်။ခရစ္စတယ်နန်းတော်' မှ စားဖို မှူးများ၏ လက်ရာမှာ အဆင့်မြင့်သိုင်းပညာကမ္ဘာမှ စားဖိုမှူးများနှင့် နှိုင်းယှဉ်လျှင်ပင် သိပ်မကွာလှပေ။
ထိုကဲ့သို့သော လက်ရာမျိုးနှင့် အဆင့်မြင့်ပါဝင်ပစ္စ ည်းများ ပေါင်းစပ်လိုက်လျှင်မူ အရသာမှာ ပြောစရ ာ မရှိအောင် ပြည့်စုံသွားသည် မဟုတ်ပေလော။
ကျိုးယန်နှင့် အခြားအဆင့်မြင့်ဝန်ထမ်းများ၏ မျက် နှာတွင်လည်း အပြုံးကိုယ်စီရှိနေကြ၏။သူဌေး ဖြစ် သူက ယခုကဲ့သို့ ငွေအမြောက်အမြား ဆုချ၍ ခမ်း နားစွာ ဧည့်ခံရခြင်း၏ နောက်ကွယ်မှ အကြောင်းရင် းကိုလည်း သူတို့က သိထားခဲ့သည်။
၎င်းမှာ အခြားမဟုတ် သူတို့၏ သူဌေးလျူယောင် မှာ မကြာမီအချိန်၌ ဖခင်ဘဝသို့ ရောက်ရှိတော့မည် ဖြစ်သောကြောင့်ပင်။
မကြာမီမှာပင် ဆွဲဆောင်မှုရှိလှသော ဟင်းလျာမျိုး စုံမှာ တစ်ပွဲပြီးတစ်ပွဲ စားပွဲပေါ်သို့ ရောက်လာ၏။ လျူယောင်က သူ၏ ဝိုင်ဖန်ခွက်ကို မြှောက်လိုက်ရ င်း အသံကျယ်ကျယ် ပြောလိုက်သည်။
"ကဲ..အားလုံးပဲ... သောက်ကြ.. စားကြပါ ..အားမနာ ကြနဲ့..ဒီနေ့မှာတော့ အထက်လူကြီး.လက်အောက်င ယ်သားဆိုပြီး ခွဲခြားမနေကြပါနဲ့.. ကျွန်တော်တို့အား လုံးက သူငယ်ချင်းတွေ..လုပ်ဖော်ကိုင်ဖက်တွေပါပဲ"
လူတိုင်းက မိမိတို့၏ ဖန်ခွက်များကို မြှောက်ကာ ဝိုင် တစ်ငုံစီ သောက်လိုက်ကြ၏။ထို့နောက် တူများကို ယ်စီ ကောက်ကိုင်ကာ ဟင်းလျာများ စတင်မြည်း ကြည့်လိုက်ရာ ခန်းမတစ်ခုလုံး၌ အံ့ဩမှင်သက်သွာ းသည့် အသံများ တပြိုင်နက်တည်း ထွက်ပေါ်လာ ပေသည်။
"ဝါး... ဒါ... ဒါက အရသာရှိလှချေလားဗျာ"
"ကျွန်တော် ခရစ္စတယ်နန်းတော်ကို အရင်ကလည်း အခါခါ ရောက်ဖူးပါတယ်..ဒါပေမဲ့ အစားအသောက် တွေက အခုလိုမျိုး နတ်သုဒ္ဓါလို အရသာမျိုး ရှိနေ တာကိုတော့ တစ်ခါမှ မကြုံဖူးဘူးပဲ.."
"ဝိုး..ဒါက ဘယ်လိုမျိုး ထူးခြားတဲ့ အရသာလဲ. .တ ကယ်ကို မယုံနိုင်စရာပဲဗျာ..ကျွန်တော့်တစ်သက်မှာ ဒီလောက် အရသာထူးကဲတဲ့ ဟင်းပွဲမျိုးကို တစ်ခါမှ မစားဖူးခဲ့ဖူးဘူး.."
တစ်ဦးချင်းစီ၏ ပါးစပ်ဖျားမှ ချီးကျူးသံများမှာ မ ရပ်မနား ထွက်ပေါ်လာ၏။လူတိုင်းမှာ စကားပင် ဆ က်မပြောနိုင်ကြတော့ဘဲ ဟင်းလျာများကို အငမ်းမ ရ မြည်းစမ်းနေကြသည်။သူတို့၏ လျှာဖျားပေါ်သို့ ဟင်းတစ်လုပ် ရောက်သွားတိုင်း ခန္ဓာကိုယ်အတွင်း ရှိ အာရုံကြောများအားလုံး နိုးကြားသွားသကဲ့သို့ ခံ စားနေရ၏။
ကျိုးယန်နှင့် အခြားအမှုဆောင်ကြီးများပင်လျှင် သူ တို့၏ တည်ကြည်မှုအား မေ့လျော့ကုန်ကာ ဟင်းပွဲ များအား အားပါးတရ စားနေကြသည်။ခန်းမကြီးထဲ တွင်မူ ဟင်းပွဲများ၏ မွှေးရနံ့နှင့် အံ့ဩချီးကျူးသံ များဖြင့်သာ ဖုံးလွှမ်းနေခဲ့၏။