← Chapters

ဂိုဝူကမ္ဘာ

Vol. 49 Ch. 587

ဂိုဝူကမ္ဘာ

Vol. 49 Ch. 587

ထိုစဉ်မှာပင် လျူယောင်က ပြုံး၍ ပြောလိုက်သည်။

"အားလုံးပဲ အားမနာတမ်း စားကြပါ..ဒီဟင်းပွဲတွေရဲ့ အရသာက တကယ်ထူးခြားတယ်"

​

စကားဆုံးသည်နှင့် သူကပင် စားပွဲပေါ်ရှိ ဟင်းတစ် ပွဲအား ပထမဆုံး မြည်းကြည့်လိုက်၏။ထိုအခါမှ ကျန်လူများကလည်း တစ်ဦးပြီးတစ်ဦး တူများကို ကိုင်ကာ စတင်စားလိုက်ကြသည်။

​ချက်ချင်းဆိုသလိုပင် လူတိုင်း၏ မျက်လုံးများမှာ အရောင်တောက်လာကြသည်။သူတို့သည် ကုမ္ပဏီ ၏ အဆင့်မြင့်ဝန်ထမ်းများ ဖြစ်သည့်အတွက် ပုံမှန်အားဖြင့် တည်ငြိမ်အေးဆေးစွာ နေလေ့ရှိသော် လည်း ယခုမူ ဟင်းလျာများ၏ ထူးကဲလှသော အ ရသာကြောင့် အံ့အားသင့်သွားသည့် မျက်နှာအမူ အရာများကိုမူ ဖုံးကွယ်ထား၍ မရနိုင်ခဲ့ပေ။

ဝန်ထမ်းတစ်ဦးက မချုပ်ထိန်းနိုင်ပဲ ချီးကျူးလိုက် သည်။

​"သူဌေး... ဒါတွေက တကယ်ကို အရသာရှိလွန်းတ ယ်ဗျာ.."

လျူယောင်က ခေါင်းညိတ်ပြရင်း ရှင်းပြလိုက်၏။

​"ဒါက အရသာကောင်းရုံတင် မဟုတ်ဘူး..ပုံမှန်စား ပေးမယ်ဆိုရင် ခန္ဓာကိုယ်ရဲ့ ခုခံအားကို မြှင့်တင်ပေး နိုင်သလို ရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်တ ယ် ..နောက်ပြီး အသက်ရှည်စေတဲ့ အာနိသင်လည်း ရှိတာမို့ အသက်တစ်ရာကျော်အထိ နေထိုင်ဖို့ဆိုတာ ဘာမှမခက်ခဲဘူး.."

လူတိုင်းက အံ့သြစွာ ရေရွတ်မိလိုက်သည်။

​"ဗျာ ဒီလောက်တောင် အစွမ်းထက်တာလား..."

​၎င်းမှာ ကြွားလုံးထုတ်နေခြင်း မဟုတ်ပေ။ လျူယောင် ရောက်ခဲ့သည့် ( ဂိုဝူကမ္ဘာ)အဆင့်မြင့် သိုင်းပညာကမ္ဘာတွင်မူ သာမန်လူသားများ အသက် တ စ်ရာကျော်အထိ နေထိုင်ခြင်းမှာ အထူးအဆန်းမ ဟုတ်သည့်အပြင် ဖျားနာမှုမှာလည်း အလွန်နည်းပါ းလှ၏။

ထိုမြို့၌ ဆေးခန်း သို့မဟုတ် ဆေးရုံဟူ၍ မတွေ့ခဲ့ ပေ။

​ဝိုင်သုံးခွက်ခန့် သောက်ပြီးချိန်တွင်မူ ဝိုင်းအတွင်းရှိ လေထုအခြေအနေမှာ ပိုမိုနွေးထွေး စည်ကားလာခဲ့ သည်။အဆင့်မြင့်ဝန်ထမ်းများသည်လည်း လျူ ယောင်ရှိရာသို့ လာရောက်ကာ ဝိုင်ခွက်ချင်း တိုက်၍ ဂုဏ်ပြုလိုက်ကြ​၏။

သူဌေး၏ ဝိုင်သောက်နိုင်စွမ်းမှာ မည်မျှအထိ ရှိသန ည်းဆိုသည်ကိုမူ လူတိုင်းက သိထားကြသည်။ သူ၏ ဝိုင်သောက်နိုင်စွမ်းမှာ အောက်ခြေမရှိသည့် ရေတွင်းတစ်တွင်းကဲ့သို့ပင်။သူဌေးက မည်မျှပင် သောက်သောက် မူးသွားခြင်း မရှိဘဲ အမြဲတမ်း တ ည်ငြိမ်နေလေ့ရှိ၏။

​

ခဏအကြာတွင်မူ ခရစ္စတယ်နန်းတော်၏ ပိုင်ရှင် ဖြ စ်သူ ဝေပင်းက လျူယောင်တို့ စားပွဲဝိုင်းသို့ ရောက် လာခဲ့သည်။သူသည် ဝိုင်ခွက်ကို ကိုင်ကာ မျက်နှာတွ င် ဖော်ရွေသော အပြုံးများဖြင့် စိတ်အားထက်သန် စွာ ရောက်လာခြင်းဖြစ်၏။

ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ အလယ်အလ တ်အဆင့် ဝန်ထမ်းများမှာ အံ့အားသင့်သွားကြပြီး နောက် မိမိတို့သူဌေးအား လေးစားအားကျသည့် အကြည့်များဖြင့် ကြည့်လိုက်ကြသည်။

သူတို့သည် ဤစားသောက်ဆိုင်သို့ ယခင်က အကြိ မ်အနည်းငယ် လာရောက်စားသောက်ဖူးသော်လည်း ဆို င်ရှင်ဖြစ်သူ ဝေပင်းကိုယ်တိုင် ဝိုင်ခွက်ကိုင်ကာ လာရောက်နှုတ်ဆက်သည်ကိုမူ တစ်ခါမျှ မမြင်ဖူးခဲ့ ပေ။

​အမှန်စင်စစ် ဝေပင်းသည် လျူယောင်၏ ဂုဏ်ဒြပ် ကြောင့်သာမက အခြားရည်ရွယ်ချက်တစ်ခုကြောင့် လည်း ရောက်လာခြင်းဖြစ်၏။ထိုရည်ရွယ်ချက်မှာ လျူယောင် ယူလာခဲ့သည့် "ပါဝင်ပစ္စည်းများ" ပင်ဖြ စ်သည်။

စားသောက်ဆိုင်ပိုင်ရှင်တစ်ဦး၏ မျက်လုံး ထဲတွင် ထိုပါဝင်ပစ္စည်းများသည် သာမန်ဟင်းသီးဟင်းရွက် များ မဟုတ်ဘဲ အလွန်ရှားပါးသည့် ရတနာတစ်ပါး ကဲ့သို့ တန်ဖိုးရှိနေ၏။

​"မစ္စတာလျူ... ကျွန်တော် ခင်ဗျားကို ဝိုင်တစ်ခွက်နဲ့ ဂုဏ်ပြုပါရစေ..ဒါက ကျွန်တော့်ရဲ့ ပထမဆုံးအကြိ မ် ဂုဏ်ပြုခြင်းပါ"

​ဝေပင်းက ပြောပြောဆိုဆိုနှင့်ပင် ဖန်ခွက်ထဲရှိ ဝိုင် ဖြူများအား တစ်စက်မကျန် တစ်ကျိုက်တည်း မော့ ချလိုက်သည်။သူသောက်လိုက်သည့် ဖန်ခွက်မှာ သ ာမန်ခွက်ငယ်လေး မဟုတ်ဘဲ အနည်းဆုံး နှစ်လီ၊ သုံးလီတာခန့် ဆံ့သည့် ဖန်ခွက်ကြီးပင် ဖြစ်၏။

​ထိုခွက်အား ကုန်အောင်သောက်ပြီးနောက် ဝေပင်း က ဝိုင်ကို ထပ်ဖြည့်လိုက်ပြီး ဒုတိယ မြောက်ဝိုင်ခွ က်ကိုလည်း တစ်ကျိုက်တည်း မော့ချလိုက်ပြန်သ ည်။

"ဒီဒုတိယမြောက်ခွက်နဲ့လည်း မစ္စတာလျူကို ထပ် ပြီး ဂုဏ်ပြုပါရစေ.. ခင်ဗျားယူလာတဲ့ ပါဝင်ပစ္စည် းတွေက တကယ့်ကို အံ့မခန်းပါပဲ..ကျွန်တော့်ရဲ့ အ မြင်တွေကို ကျယ်သွားစေပါတယ်ဗျာ.."

​ဝေပင်းသည် ထိုပါဝင်ပစ္စည်းများကို ရရှိရန်အတွက် အစွမ်းကုန် ကြိုးစားနေသည့်ပုံပင်။ဝိုင်နှစ်ခွက်ကို ဆ က်တိုက်သောက်ပြီးနောက် သူက မျှော်လင့်ချက် အ ပြည့်ဖြင့် လျူယောင်ကို ကြည့်ကာ တောင်းဆိုလိုက် ၏။

​"မစ္စတာလျူ... ကျွန်တော့်မှာ တောင်းဆိုစရာလေး တစ်ခု ရှိပါတယ်.. အဲဒီ ပါဝင်ပစ္စည်းတချို့ကို ကျွန် တော့်ဆီ ရောင်းပေးလို့ ရနိုင်မလားခင်ဗျာ"

​ဝေပင်း၏ စကား ကြားသောအခါ လျူယောင်က ခပ်ပြုံးပြုံးဖြင့်ပင် တုံ့ပြန်လိုက်သည်။

"ဒါကတော့ နည်းနည်းခက်ခဲလိမ့်မယ်ဗျ..နောက်မှပဲ ကျွန်တော်တို့ အေးအေးဆေးဆေး ထပ်ပြောကြတ ာပေါ့"

​လျူယောင်က ဝိုင်ကို တစ်ငုံမျှ အရသာခံသောက်ရ င်း ဝေပင်းအား ယဉ်ကျေးပျူငှာစွာဖြင့်ပင် ငြင်းဆ န်လိုက်ခြင်း ဖြစ်၏။သို့သော်လည်း လုံးဝအပြတ်ငြ င်းလိုက်ခြင်းမျိုး မဟုတ်ဘဲ အနာဂတ်တွင် အခွင့်အ ရေးရှိနိုင်ကြောင်း အရိပ်အမွက်တော့ ချန်ထားခဲ့သ ည်။

နောက်တစ်ကြိမ် ဂိုဝူကမ္ဘာသို့ သူ သွားဖြစ်ပါက ပါ ဝင်ပစ္စည်းတချို့ ထပ်ယူလာပြီး ဝေပင်းအား အနည် းငယ် ခွဲရောင်းပေးရန် စိတ်ကူးရှိပေသည်။

​ချက်ချင်း ငြင်းခံလိုက်ရသော်လည်း ဝေပင်းမှာမူ အပြစ်ဆိုခြင်း သို့မဟုတ် ဒေါသထွက်ခြင်း အလျဉ် းမရှိပေ။သူ့ စိတ်ထဲ၌ အားမလိုအားမရ ဖြစ်သွား သော်လည်း မျက်နှာထက်တွင်မူ အပြုံးမပျက်ဘဲ ပြ န်ဖြေလိုက်၏။

"ကောင်းပါပြီ မစ္စတာလျူ..ကျွန်တော် စိတ်ရှည်ရှည် နဲ့ စောင့်နေပါ့မယ်.. အနာဂတ်မှာ အခွင့်အရေးရရင် တော့ ကျွန်တော့်ကို နည်းနည်းလောက် ခွဲဝေပေးပါ ဦးဗျာ.."

​လျူယောင်က ခေါင်းညိတ်ရင်း ပြောလိုက်သည်။

​"ဒါကို နောက်မှ အသေးစိတ် ထပ်ပြောကြတာပေါ့.. ဒါနဲ့ ဒီတစ်ခေါက် ကျွန်တော် ယူလာတဲ့ ပါဝင်ပစ္စည်း တချို့ ကျန်သေးတယ် ထင်တယ်.. အဲဒါတွေကို ခင် ဗျားဆီမှာပဲ အပ်ထားလိုက်မယ်..နောက်တစ်ခါ ကျွန် တော်တို့ လာစားတဲ့အခါကျရင် အဲဒီပစ္စည်းတွေကိုပဲ ပြန်သုံးပြီး ချက်ပေးပါ"

ဝေပင်းက ဝမ်းသာအားရ ပြန်ဖြေလိုက်၏။

"ဟုတ်ကဲ့ပါခင်ဗျာ..စိတ်ချပါ... ကျွန်တော် သေသေ ချာချာ သိမ်းထားပေးပါ့မယ်"

​နှစ်နာရီကျော်ကြာအောင် မြိန်ရည်ယှက်ရည်စားသေ ာက်ပြီးနောက်တွင်မူ စားပွဲတိုင်းရှိ ဟင်းပွဲများမှာ ပြောင်သလင်းခါသွားခဲ့သည်။ဟင်းလျာများ၏ အ ရသာမှာ အလွန်ကောင်းလှသဖြင့် အလေအလွင့် မရှိစေရန် လူတိုင်းက အကုန် စားပစ်ခဲ့သည်။

​ဝိုင်များကိုလည်း အလုအယက် သောက်ခဲ့ကြပြီး ဖျော်ဖြေမှုအစီအစဉ်များ ဆက်လက်ကျင်းပခဲ့ရာ ညသန်းခေါင် ၁၂ နာရီကျော်မှပင် လူစုကွဲသွားကြ ၏။

​ထူးခြားသည်မှာ လူအားလုံးသည် မနေ့ညက ဝိုင်မျ ားအား အလွန်အကျွံ သောက်ခဲ့သော်လည်း ယနေ့ နံနက် သူတို့ နိုးထလာသည့် အချိန်တွင်မူ မောပန်းနွ မ်းနယ်ခြင်း အလျဉ်းမရှိဘဲ ခန္ဓာကိုယ်တစ်ခုလုံး လ န်းဆန်းတက်ကြွနေပေသည်။

၎င်းမှာ အားဆေးတစ်လုံး သောက်ထားရသကဲ့သို့ ပင် စွမ်းအင်များ ပြည့်နေခဲ့၏။

​"ဒါ... ဒါက ဘယ်လိုဖြစ်ရတာလဲ"

​"တကယ်ကို ထူးဆန်းတာပဲဗျာ"

​ပုံမှန်ဆိုလျှင် ဝိုင်အလွန်အကျွံသောက်ပြီး နောက် တစ်နေ့နံနက်တွင် ခေါင်းကိုက်ဝေဒနာ ခံစားရကာ စိ တ်များ ​လေးလံနေတတ်သည်။သို့သော်လည်း ယခု မူ သူတို့သည် မည်သည့်ဝေဒနာမှ မရှိသည့်အပြင် တစ်ကိုယ်လုံး စွမ်းအင်များ ပြည့်နေသဖြင့် လူအား လုံးက တက်ကြွစွာဖြင့် ရုံးတက်နိုင်ခဲ့၏။

..........

​တစ်ဖက်တွင်လည်း လျူယောင်သည် သူ၏ရုံးခန်း အတွင်းဝယ် တည်ငြိမ်စွာ ထိုင်နေရင်း 'အတတ်ပည ာမျိုးစုံကျမ်း'စာအုပ်ကို ထုတ်ယူကာ အာရုံစိုက်ကာ ဖတ်ကြည့်လိုက်သည်။

ဤကဲ့သို့ ထူထဲလှသည့် စာအုပ်အတွဲလိုက်ကို အပြီး ဖတ်ရန်မှာမူ ဆယ်ရက်မှ တစ်လခန့်အထိ ကြာမြင့် လိမ့်မည်ဟု သူ ခန့်မှန်းထား၏။

အရေးကြီးသည့် အချက်အလက်များအား သူ သေ ချာစွာ ဖတ်ရှုပြီး အချို့နေရာများကိုမူ အမြန်ဖတ်လို က်သည်။သူ၏ စာဖတ်နိုင်စွမ်းမှာ မနှေးလှပေ။နှစ် ရက်ခန့် ဖတ်ပြီးချိန်တွင်မူ ထိုကမ္ဘာအ ကြောင်းအား သူ ပိုနားလည်လာခဲ့၏။

​

​ထိုကမ္ဘာ၏ သမိုင်းကြောင်းမှာ မင်မင်းဆက်တွင် ကြီးမားသော အချိုးအကွေ့တစ်ခု ဖြစ်ပေါ်ခဲ့သည်။ မင်မင်းဆက် မတိုင်ခင်အထိ ထိုဂိုဝူကမ္ဘာမှာ ကမ္ဘာ မြေ နှင့် အပြိုင်တည်ရှိသည့် နေရာတစ်ခုဟု ဆိုနိုင် ပြီး တိုးတက်မှုမှာလည်း ကမ္ဘာမြေနှင့် ထပ်တူနီးပါး တူညီနေသည်။

​သို့သော်လည်း စွမ်းအင်များ ပြန်လည်နိုးထလာပြီး နောက်တွင်မူ အရာအားလုံးက တဖြည်းဖြည်း ပြော င်းလဲသွားခဲ့၏။သိုင်းပညာရှင်များ အဆက်မပြတ် ပေါ်ထွက်လာပြီး လူ့အဖွဲ့အစည်း၏ တန်ဖိုးထားမှုမှ ာလည်း စာပေယဉ်ကျေးမှုထက် သိုင်းပညာဆီသို့ သာ ဦးတည်လာ ခဲ့သည်။

ထိုအချိန်မှစ၍ သိုင်းပညာရှင်များ၏ အဆင့်အတ န်းမှာလည်း အထွဋ်အထိပ်သို့ ရောက်လာခဲ့သည်။

​

ယခုအခါ၍ ထိုကမ္ဘာ၏ အခွင့်အာဏာကိုမူ သိုင်းပ ညာရှင်များကသာ ချုပ်ကိုင်ထား၏။မဟာရှောင်မင် အင်ပါယာ၏ ဧကရာဇ်မင်းမြတ်ကိုယ်တိုင်ပင် 'ကော င်းကင်အဆင့်' သိုင်းပညာရှင်တစ်ဦးဖြစ်ပြီး 'ကောင် းကင်စာရင်း'၏ ထိပ်တန်းစာရင်းဝင်တစ်ဦးဖြစ်သ ည်ဟုလည်း ရေးထားခဲ့သည်။

​မဟာရှောင်မင်အင်ပါယာသည် နယ်မြေအလွန်ကျ ယ်ပြန့်ပြီး လူဦးရေ သန်းပေါင်း ၆၀၀ နီးပါး ရှိ၏။ ထိုအထဲတွင်မူ သိုင်းပညာရှင်ပေါင်း သန်းနှင့်ချီ၍ ရှိနေသည်။

အထူးသဖြင့် 'ဟွမ်အဆင့်' သိုင်းညာရှင်များမှာ သန်း ချီ၍ရှိနေပြီး ပျမ်းမျှအားဖြင့် လူ အယောက်ငါး ဆ ယ် ခြောက်ဆယ်တွင် ဟွမ်အဆင့် ပညာရှင် တစ်ဦး နှုန်း အခြေခံအားဖြင့် ရှိနေ၏။

ဟွမ်အဆင့်ခေါ် မြေကမ္ဘာအဆင့်၌ သိုင်းပညာရှင် များမှာ သန်းနှင့်ချီ၍ ရှိနေသော်လည်း ရွှမ်အဆင့် သို့ ရောက်ရှိသူမှာအလွန်နည်းပါးလှသည်။ ထိုထက်မြင့်သော သိုင်းပညာရှင်များမှာမူ ပို၍ပင် ရှားပါးသွားပြီး ခရိုင်တစ်ခုလုံးတွင်မှ တစ်ရာ နှစ် ရာခန့်သာ ရှိပေသည်။

​အထူးသဖြင့် ကောင်းကင်အဆင့်သိုင်းပညာရှင်များ မှာမူ လက်ချိုးရေ၍ ရနိုင်လောက်အောင်ပင် ရှားပါး လှသည်။တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကြည့်လျှ င်ပင် ဂန္ထဝင်မြောက် ပညာရှင်ကြီး ၁၀ ဦးခန့်သာ ရှိ ၏။

​ထူးခြားသည်မှာ ထိုဂိုဝူကမ္ဘာ၏ နည်းပညာ တိုးတ က်နှုန်းပင် ဖြစ်သည်။အချိန်ကာလအားဖြင့် ၂၁ ရာ စုသို့ ရောက်နေသော်လည်း နေထိုင်မှုပုံစံနှင့် နည်းပ ညာများမှာမူ မင်မင်းဆက်ခေတ်ကာ လတွင်သာ ရ ပ်တန့်နေ၏။

လျူယောင်က ​နှစ်ရက်တိုင်တိုင် စာအုပ်များ ဖတ်ရှု ပြီးနောက်တွင်မူ သူငယ်ချင်း တင်းဝိန်ကို သတိရလို က်မိသည်။တင်းဝိန်သည် အစားအသောက် အလွန် မက်သူ တစ်ဦး ဖြစ်သဖြင့် ယခုကဲ့သို့ ကောင်းမွန်လှ သည့် ပါဝင်ပစ္စည်းများကိုလည်း သူ့အားလည်း မြ ည်းစမ်းခွင့် ပေးသင့်သည်ဟု လျူယောင် တွေးမိလို က်သည်။

​ဤတစ်ခေါက်တွင် ဟိုင်ကျိုးမြို့ရှိ နာမည်ကြီး လက် ဖက်ရည်ဆိုင်တစ်ဆိုင်မှ ရွှေဒင်္ဂါး ဒါဇင်နှင့်ချီ ပေး ကာ ဝယ်ယူခဲ့သည့် လက်ဖက်ခြောက်များကိုလည်း လျူယောင် ယူလာခဲ့သည်။

​"ဝိုး..ဒီလက်ဖက်ရည်က တကယ်ကို ထူးခြားတာပဲ. .."

​လျူယောင် ကိုယ်တိုင်ပင် မြည်းစမ်းကြည့်ပြီးနော က် ကျေနပ်စွာ ရေရွတ်လိုက်၏။ထိုလက်ဖက်ရည် ၏ အရသာနှင့် အာနိသင်မှာ ကမ္ဘာပေါ်ရှိ ထိပ်တန်း လက်ဖက်ရည် အားလုံးကို အပြတ်အသတ် အနိုင် ယူနိုင်ပေသည်။

၎င်းအား ပုံမှန်သောက်သုံးပေးခြင်းဖြင့် ရရှိမည့် ကျ န်းမာရေး အကျိုး ကျေးဇူးမှာ သာမန်အားဆေးများ သောက်သုံးခြင်းထက်ပင် များစွာ သာလွန်နေသည် ။

​သူက လက်ဖက်ခြောက်များစွာ ယူလာခဲ့သဖြင့် ကု မ္ပဏီရှိ အဆင့်မြင့်ဝန်ထမ်းများအား တ စ်ပိဿာခွဲစီ လက်ဆောင်အဖြစ် ဝေပေးလိုက်၏။သို့သော်ငြား လည်း သူ့ထံတွင် အမြောက်အမြား ကျန်နေသေးသ ဖြင့် လွန်ခဲ့သည့် နှစ်ရက်အတွင်း ထိုလက်ဖက်ရည် ကိုသာ ဇိမ်ရှိရှိ သောက်နေခဲ့သည်။

​ဂိုဝူကမ္ဘာမှ ယူလာသည့် လက်ဖက်ရွက်ကို မြည်းပြီး နောက်တွင်မူ သူ့အတွက်မူ ယခင်က သောက်ခဲ့ဖူး သမျှ ထိပ်တန်းအရည်အသွေးဆိုသော လက်ဖက် ရည်များအား သောက်ချင်စဖွယ် မရှိတော့ပေ။

ထိုလက်ဖက်ခြောက်အဟောင်းများကို သူ မလွင့်ပစ် ချင်သောကြောင့် အခြားသူများကိုသာ ပေးလိုက် တော့မည်ဟု လျူယောင် ဆုံးဖြတ်လိုက်၏။

​

လျူယောင်သည် သူ့ မိုဘိုင်းဖုန်းကို ယူကာ တင်းဝိန် ထံသို့ WeChat မှတစ်ဆင့် မက်ဆေ့စ်ပို့လိုက်သည်။

​"ငါ့ဆီမှာ လက်ဖက်ရည်ကောင်းလေးတွေ ရှိတယ်.. ခရစ္စတယ်နန်းတော်မှာ လာသောက်လှည့်ဦး.. ညစာ ကိုလည်း အဲဒီမှာပဲ တစ်ခါတည်း စားကြတာပေါ့"

​မကြာမီပင် တင်းဝိန်ထံမှ ပြန်စာရောက်လာ၏။

"ကျွန်တော်..အခုပဲ ထွက်လာခဲ့မယ် အကိုယောင် "

လျူယောင်လည်း အပြင်ထွက်ရန် ပြင်ဆင်လိုက်သ ည်။အချိန်ကား ညနေ ၄ နာရီကျော်ပြီဖြစ်၍ အတေ ာ်ပင် သင့်တော်လှ၏။​မထွက်ခွာမီ သူကဇနီးသည် လီချန်လဲ့ထံသို့လည်း မက်ဆေ့စ်တစ်စောင် ပို့လိုက် သေးသည်။

သူ ယနေ့ည အိမ်တွင် ညစာမစားတော့ဘဲ တင်းဝိန် နှင့်အတူ ခရစ္စတယ်နန်းတော်၌ စားမည်ဖြစ်ကြောင် း အသိပေးခြင်းပင် ဖြစ်၏။

​လီချန်လဲ့သည်လည်း လျူယောင်နှင့် လက်ထပ်ပြီး က တ ည်းက လျူယောင်၏ အဖိုးတန်ရတနာ တစ် ပါးကဲ့သို့ အစစအရာရာ ဂရုစိုက်မှု အပြည့်အဝ ရရှိ ထားသူလည်း ဖြစ်သည်။သူမ၏ မိဘများဖြစ်သည့် လီကျိန်ခိုင်နှင့် ချွင်မန်းလီတို့မှာမူ အပန်းဖြေခရီး ထွ က်နေကြသော်လည်း လျူယောင်၏ မိဘများမှာမူ ချွေးမဖြစ်သူထံ နေ့စဉ် လာကြည့်ခဲ့၏။

​လီချန်လဲ့အတွက်လည်း ဝန်ဆောင်မှုပေးရန် အိမ်ဖေ ာ်အနည်းငယ်ကို လျူယောင် ငှားရမ်း ပေးထားသ ည့်အပြင် ကျန်းမာရေးအထူးကျွမ်းကျင်သည့် အဖွဲ့ တစ်ဖွဲ့ကိုလည်း လျူယောင်က စီစဉ်ပေးထား ခဲ့သ ည်။

စုစုပေါင်း လူတစ်ဒါဇင်ကျော်ခန့်က လီချန်လဲ့ ဘေး နားတွင် ဝိုင်းဝန်းပြုစု စောင့်ရှောက်နေသဖြင့် သူမ အတွက် မည်သည့် အရာကိုမျှ လျူယောင် စိုးရိမ်ပူ ပန်နေစရာ မလိုတော့ပေ။

လီချန်လဲ့အပေါ် စိတ်ချလက်ချက်ဖြစ်မှသာ လျူ ယောင်တစ်ယောက် ခရစ္စတယ်နန်းတော်သို့ ထွက် လာခဲ့၏။

All Chapters