← Chapters

အဖေ..အသည်းကင်ဆာ နောက်ဆုံးအ ဆင့်ဖြစ်နေပြီ

Vol. 49 Ch. 588

အဖေ..အသည်းကင်ဆာ နောက်ဆုံးအ ဆင့်ဖြစ်နေပြီ

Vol. 49 Ch. 588

ခရစ္စတယ်နန်းတော်၏ သီးသန့်ဇိမ်ခံခန်းထဲတွင်မူ လျူယောင်နှင့် တင်းဝိန်တို့ နှစ်ယောက်သား အေး အေးဆေးဆေး ထိုင်နေကြ၏။အဆင့်မြင့်လက်ဖ က်ရွက်အစုံအလင်ကိုလည်း တင်းဝိန်က ယူလာခဲ့သ ည်။

တင်းဝိန်က ရယ်ကာ ပြောလိုက်၏။

​"အကိုယောင်..ဒီလက်ဖက်ရွက်ကို အဖိုးကြီးဆီက နေ ကျွန်တော်အတင်းလုယူလာတာဗျ..သူက ပုံမှန် ဆို ဘယ်သူ့ကိုမှ တော်တော်နဲ့ မတိုက်ချင်တဲ့ဟာမျိုး ..ဒီနေ့တော့ ကျွန်တော်တို့နှစ်ယောက် ကံကောင်းသွာ းတာပေါ့ဗျာ ဟဲဟဲ..”

​လျူယောင်ကမူ ပြုံးရင်း နားထောင်နေသည်။

​တင်းဝိန်တစ်ယောက်မှာမူ ကျွမ်းကျင်ပိုင်နိုင်သည့် လက်ဟန်တွေနှင့် လက်ဖက်ရည်ဖျော်နေ၏။သူ့အ ဖေ ပီချင်းယွန်ပုလင်းထဲကနေ ထိပ်တန်းအရည်အ သွေးရှိတဲ့ လက်ဖက်ရွက်တွေကို ထုတ်ပြီး သူက သေသေချာချာ ဖျော်စပ်နေသည်။

ဖျော်ပြီးသား ပ ထမဆုံး လက်ဖက်ရည်ခွက်အား လျူယောင်ထံသို့ကမ်းပေးရင်း မေးလိုက်၏။

​“ကဲ... အကိုယောင်..ဒီလက်ဖက်ရည်ရဲ့ အရသာ မြ ည်းကြည့်ပါဦး.. ဘယ်လိုနေလဲ..”

​လျူယောင်ကမူ အငွေ့တထောင်းထောင်းထနေသ ည့် လက်ဖက်ရည်ခွက်လေးကို မြှောက်ပြီး အရသာ ခံ၍ သောက်လိုက်သည်။ထို့နောက် သူက ကျေနပ် ဟန်ဖြင့် ခေါင်းညိတ်ပြကာ ချီးကျူးလိုက်၏။

​“အင်း... မဆိုးဘူးပဲ..တကယ်ကို ရှားပါးတဲ့ လက်ဖ က်ရည်ကောင်းတစ်မျိုးပဲ..”

တင်းဝိန်က ဂုဏ်ယူဝင့်ကြွားစွာ ပြန်ပြောလိုက်သည် ။

“ဒါပေါ့ အကိုယောင်ရဲ့.. ဒီလိုလက်ဖက်ရည်မျိုးက တစ်နှစ်မှ နည်းနည်းလေးပဲ ထွက်တာ ..ပိုက်ဆံရှိတို င်းလည်း ဝယ်လို့မရဘူးလေ..”

​တင်းဝိန်အနေဖြင့်လည်း အဆင့်အတန်းမြင့် လက် ဖက်ရည်မျိုးကိုတောင် တွန့်တိုတတ်သည့် သူ့​ အဖေ ပီချင်းယွန်ထံမှ မရရအောင် ယူလာခဲ့ခြင်းဖြစ်လော က်မည်။ထို့ကြောင့်လည်း တင်းဝိန် ဤမျှ ဂုဏ်ယူနေ ခြင်းအား လျူယောင် နားလည်မိသည်။

​အကြိမ်အနည်းငယ် သောက်ပြီးသည့်နောက်တွင်မူ တင်းဝိန်က လက်ဖက်ရွက်အသစ် လဲရန် ပြင်လိုက် ၏။ထိုစဉ်မှာပင် လျူယောင်က လက်မြှောက်၍ လှ ပသည့် အိုးတစ်လုံးအား စားပွဲပေါ်တင်ကာ ပြောလို က်၏။

​“နေဦး... ဒီတစ်ခါ ငါ ယူလာတဲ့ လက်ဖက်ရွက်ကို မြ ည်းကြည့်ရအောင်..”

​တင်းဝိန်ကလည်း ခေါင်းညိတ်ကာ သဘောတူလိုက် သည်။

“ကောင်းပြီလေ အကိုယောင် ယူလာတဲ့ လက်ဖက် ခြောက်ဆိုတော့လည်း အရသာကောင်းမှာပဲလို့ ကျွ န်တော်ယုံကြည်ပါတယ်”

​လျူယောင်ကတော့ ဘာမှမပြောဘဲ အသာအယာသ ာ ပြုံးနေမိသည်။ဤလက်ဖက်ရည်က ကောင်းရမ ည်မှာ အမှန်ပင်။၎င်းမှာ ‘ဂိုဝူ’ကမ္ဘာမှ သူကိုယ်တိုင် ယူလာခဲ့ခြင်း ဖြစ်၏။

ထိုကမ္ဘာတွင် စွမ်းအင်များ ပြန်လည်ရှင်သန် လာမှု ကြောင့် အပင်နှင့် တိရိစ္ဆာန်များမှာ ထူးခြားသည့် ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့ပြီး အထူးသဖြင့် အရသ ာပိုင်းတွင် သိသိသာသာ တိုးတက်ကောင်းမွန်လာ ခဲ့သည်လေ။

​တစ်ပိဿာလော​က်ဆံ့မည့် လက်ဖက်ခြောက် အိုး ကြီးကို ကြည့်ကာ တင်းဝိန်က နောက်ပြောင်လိုက် ၏။

​“အကိုယောင်ရဲ့ လက်ဖက်ရွက်က တန်ဖိုးရှိတဲ့ ရတ နာတော့ မဟုတ်လောက်ဘူး ထင်တယ်နော်. .ဒီ လောက်အများကြီးဆိုတော့ ပေါ့ပေါ့တန်တန်ပဲ ယူ လာတာထင်တယ်..ဒါပေမဲ့ ဒီအိုးက လက်ရာမြောက် သားပဲ..”

​

ယေဘုယျအားဖြင့် ရှားပါးပြီး ဈေးကြီးသည့် လက် ဖက်ရွက်ဆိုသည်မှာ အလေးချိန် တစ်ပိဿာပင် ပြ ည့်ခဲလှသည်။လျူယောင် ယူလာသည့် လက်ဖက်ရွ က်များမှာ သူ့ဖခင် စုဆောင်းမှုလောက်ပင် မကောင် းနိုင်လောက်ဟု တင်းဝိန်က တွေးမိသောကြောင့် သိပ်အလေးမထားခဲ့ဘဲ အိုးထဲမှ လက်ဖက်ရွက် အန ည်းငယ်ကို ယူ၍ ခပ်ပေါ့ပေါ့ပင် သူ ဖျော်စပ်လိုက် သည်။

​ပထမဆုံးရေကို ပုံမှန်အတိုင်း လောင်းပစ်လိုက်ပြီး ပထမဆုံး လက်ဖက်ရည်တစ်ခွက်အား လျူယောင် ထံသို့ ကမ်းပေးကာ နောက်တစ်ခွက်ကိုမူ သူကိုယ် တိုင် ယူလိုက်သည်။

​လျူယောင်က မသောက်သေးဘဲ မေးလိုက်၏။

“ကဲ...မင်း မြည်းကြည့်ပါဦး..အရသာ ဘယ်လိုနေလဲ ဆိုတာ..”

တင်းဝိန်က လျူယောင်နှင့် ရင်းနှီးသောကြောင့် ဘာ ကိုမှ သိပ်အလေးမထားဘဲ လက်ဖက်ရည်အား အမှု မဲ့အမှတ်မဲ့ တစ်ငုံသောက်လိုက်သည်။သို့ပေမဲ့ လက် ဖက်ရည်စက်တွေ လျှာပေါ်ရောက်လာသည်နှင့် သူ့ မျက်လုံးတွေဟာ အံ့ဩလွန်း၍ ပြူးကျယ်လာ၏။

"အိုး..ရှစ်.."

​တင်းဝိန်တစ်ယောက် မထိန်းသိမ်းနိုင်ဘဲဆဲလိုက်မိ ပြီး ဒုတိယတစ်ငုံကို ထပ်သောက်လိုက်တဲ့အခါမှာမူ သူ့ တစ်ကိုယ်လုံး မိန်းမောယစ်မူးသွားသလို ခံစား လိုက်ရသည်။သူ့ပုံစံသည် လက်ဖက်ရည်မြည်းနေ သည်ထက် နတ်ပြည်မှ ရေသောက်နေရသလိုမျိုးပ င်။

တင်းဝိန်က မယုံကြည်နိုင်စွာ ပြောလိုက်၏။

​“ကမ္ဘာပေါ်မှာ ဒီလိုအရသာမျိုးရှိတဲ့ လက်ဖက်ရည် တကယ်ရှိနေတာလားဗျာ...”

​“အကိုယောင်...အ​ကို ဒါကို ဘယ်ကရတာလဲ.. ကျွန် တော့် တစ်သက်မှာ ဒီလောက်ကောင်းတဲ့ လက်ဖက် ရည်မျိုး တစ်ခါမှ မသောက်ဖူးသေးဘူး ..မဟုတ်ဘူ း ... သောက်ဖို့နေနေသာသာ ကြားတောင်မကြားဖူး ဘူးဗျာ..”

​“ဒီလက်ဖက်ရည်ရဲ့ အရသာက တကယ်ကို အံ့မခန်း ပဲ..ခုနက ကျွန်တော်ကြွားနေတဲ့ လက်ဖက်ရည်နဲ့ နှို င်းယှဉ်ရင်တောင် ကောင်းကင်နဲ့ မြေကြီးလို ကွာတ ယ်ဗျာ..လုံးဝကို ယှဉ်လို့မရဘူး..”

​လျူယောင်က တည်တည်ငြိမ်ငြိမ်ပဲ ပြန်ပြောလို က်သည်။

"မင်း အရသာရှိတယ်ဆိုရင်လည်း အားမနာဘဲ မျာ းများသောက်ပါကွာ..လက်ဖက်ရွက်တွေက အများ ကြီးရှိပါတယ်..မင်း ပြန်ရင်လည်း ဒီအိုးကြီးကိုငါ လ က်ဆောင်ပေးလိုက်မယ်"

တင်းဝိန်မှာမူ မထင်မှတ်ထားသည့် လက်ဆောင် ကြောင့် ဝမ်းသာအားရ ဖြစ်သွားရ၏။ဒီအိုးကြီးထဲ မှာပါတဲ့ လက်ဖက်ခြောက် ပမာဏက အတော်လေး များသောကြောင့် သူ နေ့တိုင်းသောက်မည်ဆိုရင် တောင် အကြာကြီးသောက်ရပေမည်။

​သို့ပေမဲ့လည်း ဒီလောက်အဖိုးတန်သည့် လက်ဖက် ရွက်မျိုးကို တင်းဝိန်တစ်ယောက် အလွန်အကျွံ မ သုံးစွဲရဲပေ။အရေးကြီးသည့် အချိန်အခါမျိုးမှသာ နည်းနည်းစီ ထုတ်သောက်ဖို့ သူ စိတ်ကူးထားလိုက် ၏။

​

ဤကဲ့သို ထူးခြားသည့် လက်ဖက်ရည်ကို သောက် လိုက်ရလို့လားမသိ နှစ်ယောက်သား စိတ်ကြည်လ င်လန်း ဆန်းနေကာ ညနေစောင်းသည်အထိ စကာ းပြောဖြစ်ကြသည်။

​ညစာစားဖို့အတွက်မူ နေရာပြောင်းနေစရာ မလို သောကြောင့် ဤဇိမ်ခံအခန်းထဲမှာပဲ စားရန် ပြင်ဆ င်လိုက်၏။လျူယောင်က လက်ဝှေ့ယမ်းပြီး အချက် ပေးလိုက်သည်။

​“ကဲ... ပစ္စည်းတွေကို အရင်သိမ်းကြရအောင်. .အ စားအစာတွေ လာတော့မယ်”

ဤနေရာကို လျူ​ယောင် မလာခင်ကတည်းက ဝေပ င်းအား ပါဝင်ပစ္စည်းတွေ အလုံအလောက် ရှိ၊မရှိ မေ းမြန်းပြီးနောက် ဟင်းပွဲတချို့ ကို သူ.ပြင်ဆင်ခိုင်း ထား၏။

​တင်းဝိန်က စားပွဲပေါ်က ဟင်းပွဲတွေကို ကြည့်ရင်း စိတ်ပျက်စွာ မေးလိုက်သည်။

“အကိုယောင်... ဒီနေ့တော့ ပင်လယ်စာအသစ်အဆ န်းတွေ မပါဘူးပဲ..အိမ်ချက်ဟင်းတွေနဲ့ပဲလား”

အမှန်တကယ်တွင်မူ ဟင်းပွဲတွေကို ကြည့်လိုက်လျှ င် အိမ်ချက်ဟင်းတွေနှင့် တူနေ၏။ကြက်သားပြုတ် ၊ငါးပြုတ်၊ အမဲသားဟင်း၊ဘဲသားနှင့် အသားဟင်း ချို တစ်ခွက်ပင် ဖြစ်သည်။ထူးခြားသည်က အသီး အရွက်ဟင်း တစ်ပွဲမျှမပါဘဲ အသားဟင်းတွေချည် းဖြစ်နေ၏။

​၎င်းတို့က သာမန်ဟင်းပွဲတွေလို့ပဲ ထင်ရသောကြော င့် တင်းဝိန် အနည်းငယ် စိတ်ပျက်သွားသည်အား လျူယောင် နားလည်လိုက်သည်။တင်းဝိန်က လျူ ယောင်ရဲ့ ဧည့်ခံပွဲဆိုရင် ပင်လယ်စာအသစ်အဆန်း တွေ ပါလာလိမ့်မည်ဟု မျှော်လင့်ထားခဲ့သည်ကိုး။

​တင်းဝိန်၏ စိတ်ပျက်သွားသည် မျက်နှာရိပ် မျက် နှာကဲကို ကြည့်ပြီး လျူယောင်က ပြုံးပြုံးလေးပဲ တို က်တွန်းလိုက်သည်။

“ကဲ...မင်း.. အရင်ဆုံး မြည်းကြည့်ပါဦး..အရသာဘ ယ်လိုရှိလဲဆိုတာ”

​တင်းဝိန်လည်း ဇွန်းကိုယူ၍ ဟင်းချိုကို တစ်ငုံအရ င် သောက် ပြီးတော့မှ အသားတွေကို မြည်းစမ်းကြ ည့်လိုက်သည်အခါမှာမူ ​သူ့ မျက်လုံးတွေက ဒုတိ ယအကြိမ် ပြူးကျယ်လာ၏။

.“ဝိုး ဒီအရသာက လျှာဖျားပေါ်မှာတင် စွဲနေတာပဲ ဗျာ..”

​တင်းဝိန်တစ်ယောက် သူ့ တစ်သက်နဲ့တစ်ကိုယ် ထို ကဲ့သို့ လောက်အရသာရှိသည့် ဟင်းချိုပူပူမျိုးအား တစ်ခါမှ မသောက်ဖူးကြောင်း ကျိန်ဆိုသည် အထိ ဖြစ်နေခဲ့သည်။သူက ငွေဇွန်းကိုက်ပြီး မွေးလာသော သူဌေးသားဖြစ်၍ အစားအသောက် အကောင်းစား တွေနှင့် ကြီးပြင်းလာသော်လည်း ယခုဟင်းချို၏ အရသာကိုမူ သူတစ်ခါမျှ မခံစားခဲ့ဘူးပေ။

​“အား... ကောင်းလိုက်တာဗျာ..”

​

တင်းဝိန်က အားရကျေနပ်လွန်း၍ ဟင်းချိုပန်းကန် လေးအား တစ်ကျိုက်နှစ်ကျိုက်တည်းနှင့် အကုန် မော့သောက်လိုက်၏။ပြီးတော့ နောက်တစ်ပန်းကန် ထပ်ဖြည့်ပြီး နွားသိုးကြီး ရေသောက်သလိုမျိုး တ ငုံ ငုံနဲ့ အားရပါးရ သောက်နေပြန်သည်။

သူ့ ပုံစံအား ပြောပြရမည်ဆိုလျှင် ဟင်းချိုထဲက ဝိ ညာဉ်အငွေ့ အ သက်တွေကိုပါ စုပ်ယူနေသလိုမျိုးပ င်။

​

လျူယောင်က ပြုံး၍ ကြည့်နေကာ သတိပေးလိုက် ရ၏။

“မင်း..ဟင်းချိုချည်းပဲ သောက်မနေနဲ့လေ..တခြား ဟင်းတွေကိုလည်း မြည်းကြည့်ပါဦး..”

​“အာ.. သေချာပေါက် မြည်းရမှာပေါ့”

တင်းဝိန်က တူကိုကောက်ကိုင်၍ ငါးတစ်ဖဲ့ကို ပါးစ ပ်ထဲ ထည့်လိုက်၏။အသားလေး လျှာပေါ်ရောက်သ ည်နှင့် သူ့မျက်လုံးတွေက ပြူးကျယ်နေပြီး နောက် တစ်ခါ ထပ်ဖဲ့လိုက်ပြန်သည်။

​“ဝိုး.. အရသာရှိလိုက်တာ..”

“တကယ်ကို ရှယ်ပဲဗျာ..”

​ငါးနှစ်ဖဲ့လောက် စားပြီးသည်နှင့် ကြက်သားအား တစ်ခါ ထပ်မြည်းလိုက်၏။ပါးစပ်ထဲရောက်သည် နှင့် သူ့ မျက်လုံးတွေက ထပ်မံ ပြူးလာကာ ထပ်ပြီး ရေရွတ်လိုက်သည်။

​“အား ဒါ... ဒါတွေက ဘာလို့ ဒီလောက်တောင် အံ့သြ ဖို့ကောင်းနေရတာလဲ..”

​သာမန်အိမ်ချက်ဟင်းတွေလို့ ထင်ရသည့် ဟင်းပွဲ တွေကို တကယ်တမ်း စားကြည့်မှ ကမ္ဘာခြားသွား သလိုမျိုး အရသာရှိနေခြင်းပင်။ဟင်းပွဲတွေကို တစ် ပွဲပြီးတစ်ပွဲ မြည်းစမ်းပြီးနောက် တင်းဝိန်က ထမင်း တစ်လုတ် စားကြည့်လိုက်ပြန်တော့လည်း အာမေဍိ တ်သံ ထပ်ထွက်လာ၏။

“အိုး ကောင်းလိုက်တာ..အရသာရှိလိုက်တာဗျာ”

ထမင်းဖြူတောင် အရသာရှိမည်ဟူ၍ သူ တစ်ခါမျှ မတွေးခဲ့ဖူးပေ။

​တင်းဝိန်၏ မျက်နှာအမူအရာက အပိုတွေလုပ်နေသ လို ထင်ရသော်လည်း “အိုး...” ဆိုသည့် အသံကမူ ပါ း စပ်ကနေ အဆက်မပြတ် ထွက်နေ၏။

​ဟင်းလေးပွဲနှင့်ဟင်းချိုတစ်ပွဲက သိပ်မကြာလိုက် ဘဲ ပြောင်သလင်းခါလုနီးပါး ဖြစ်သွားသည်။သုံးပုံ နှစ်ပုံလောက်က တင်းဝိန်၏ ဗိုက်ထဲ ရောက်သွားတ ာ ဖြစ်ပြီး သူက ထမင်းပန်းကန်ကြီး နှစ်ပန်းကန် တောင် စားပစ်လိုက်၏။

တူတွေကို ချပြီးနောက် တင်းဝိန်က သူ့ဗိုက်ကို ကျေ နပ်အားရစွာ ပွတ်ရင်း ပြောလိုက်သည်။

“ဝပြီ... ဝပြီ... တကယ်ကို ဗိုက်တင်းသွားတာပဲဗျာ”

တင်းဝိန်ပုံစံကို ကြည့်ကာ လျူယောင်က ထပ်မံ က မ်းလှမ်းလိုက်၏။

“ညစာစားပြီးပြီဆိုတော့ ငါတို့ လက်ဖက်ရည်လေး နည်းနည်းလောက် ထပ်သောက်မလား”

​တင်းဝိန်က သူ့လက်တွေကို အမြန်ခါယမ်းပြီး ငြင်း လိုက်ရသည်။

“မသောက်တော့ဘူး ကျွန်တော် မသောက်နိုင်တော့ပ ါဘူး... ထပ်ပြီး မဆံ့တော့ဘူးဗျ. .ဒီလက်ဖက်ရည် က အရမ်းကောင်းလို့ သောက်ချင်တာတော့ အမှန်ပဲ . .ဒါပေမဲ့ ကျွန်တော့်ဗိုက်က လုံးဝခွင့်မပြုတော့ဘူး အကိုယောင်ရ..”

​တင်းဝိန်၏ပုံစံကိုကြည့်ပြီး လျူယောင်က သဘော ကျကာ ရယ်လိုက်မိသည်။

နှစ်ယောက်သား လက်ဖက်ရည်ထပ် မသောက်ကြ တော့ဘဲ ဆိုဖာပေါ်မှာပဲ အေးအေးဆေးဆေး ထိုင်ရ င်း ဆက်ပြောလိုက်၏။အိမ်ပြန်ဖို့အတွက်လည်း သူ တို့ အလျင်မလိုကြသေးပေ။

" တီ..တီ..တီ.."

သို့သော်လည်း ​မိနစ်နှစ်ဆယ် သုံးဆယ်ခန့်အကြာတွ င်မူ တင်းဝိန်၏ ဖုန်းက ကျယ်လောင်စွာ မြည်လာခဲ့ ၏။တင်းဝိန်က ဖုန်းကို ကြည့်လိုက်ပြီး လျူယောင့် အား ပြန်ပြောလိုက်သည်။

“အမ်..ကျွန်တော့်အစ်ကို ခေါ်နေတာပဲ.. အရေးကြီး တာတစ်ခုခု ရှိလို့ထင်တယ်..”

သူ ​ဖုန်းကိုင်လိုက်သည်နှင့် တစ်ပြိုင်နက် တစ်ဖက်မှ အလွန်စိုးရိမ်တကြီး ဖြစ်နေသော အသံအား ကြား လိုက်ရ၏။

“တင်းဝိန် ..မင်း..မြန်မြန်ပြန်လာခဲ့ဦး.. အဖေ ဆေးရုံ တက်နေရပြီ..အသည်းကင်ဆာ နောက်ဆုံးအဆင့် တဲ့ကွာ..”

​“ဘာ... ဘာပြောတယ်..”

​တင်းဝိန်၏ မျက်နှာတစ်ပြင်လုံးမှာ ချက်ချင်းပင် သွေး ဆုတ်ဖြူလျော်သွားကာ သူ့လက်ထဲက ဖုန်းမှာ လည်း ကြမ်းပြင်ပေါ်သို လွတ်ကျသွားပေသည်။

All Chapters