← Chapters

ချီဆေးလုံး

Vol. 49 Ch. 589

ချီဆေးလုံး

Vol. 49 Ch. 589

​လျူယောင်က အကြားအာရုံ ကောင်းသောကြောင့် ဖုန်းတစ်ဖက်မှ စကားများအားရှင်းရှင်းလင်းလင်း သူ ကြားလိုက်ရ၏။

​တင်းဝိန်၏မျက်နှာတွင် အံ့သြတုန်လှုပ်မှုများ ဖြစ် ပေါ်နေပေသည်။သူ့အဖေ ပီချင်းယွန်တစ်ယောက် အသည်းကင်ဆာ နောက်ဆုံးအဆင့်သို့ ရောက်နေပြီ ဆိုသည့် သတင်းမှာ သူ့အတွက်မူ မိုးကြိုးပစ်ချ လို က်သကဲ့သို့ပင်။

​တင်းဝိန်က ဝမ်းနည်းကြေကွဲမှုကြောင့် မျက်နှာတစ် ပြင်လုံး ညှိုးငယ်လျက် ပြောရှာသည်။

“အကိုယောင်...ကျွန်တော့်အဖေ ကင်ဆာဖြစ်နေပြီဗျ ..ကျွန်တော် အခုချက်ချင်း ပြန်သွားမှဖြစ်မယ်.. အခု ပဲ ပြန်မှရတော့မယ်အကိုရာ...”

​လျူယောင်က တင်းဝိန်၏ပုခုံးကို ညင်သာစွာပုတ် ၍ နှစ်သိမ့်ပေးလိုက်၏။

“အေးပါ..မင်း အရင်သွားနှင့်ပါ ငါလည်း မနက်ဖြန် ကျရင် ဦးလေးဆီ လာခဲ့ပါ့မယ်..”

​ထွက်သွားသော တင်းဝိန်၏ ကျောပြင်ကို ကြည့်ရင်း လျူယောင်က တစ်ယောက်တည်း ထိတ်လန့်နေဆဲ ဖြစ်ခဲ့ရသည်။လူတစ်ယောက်သည် မည်မျှပင် ချမ်း သာကြွယ်ဝပြီး အာဏာစက် ပြင်းထန်ပါစေဦးတော့ ‘ကင်ဆာ’ ဟူသော ရောဂါဆိုးနှင့် ထိပ် တိုက်တွေ့ချိန် တွင်မူ သေမင်း၏ ခေါ်သံအား ငြင်းဆန်ရန်မှာမူ ခ က်ခဲလှသည် မဟုတ်ပေလော။

လျူယောင်က နေရာတွင်ပင် အကြာကြီး ငြိမ်သက် စွာ ထိုင်နေမိသည်။

​ချင်းယွန်အင်တာနေရှင်နယ်၏ ရှေ့ခရီးလမ်းမှာ ချေ ာမွေ့နေသော်လည်း ယခုကဲ့သို့ အဆုံးအဖြတ် ပေး ရမည့် အရေးကြီးသည့် အချိန်ကာလတွင်မှ အဓိက ခေါင်းဆောင်ကြီးမှာ ရုတ်တရက် လဲကျသွားခဲ့ရ၏။

သူလဲကျသွားသည်နှင့်တစ်ပြိုင်နက် သူ့နေရာကို အ စားထိုး ဆက်ခံသူတစ်ဦးမျှ မရှိသေးကြောင်း ပီချင် းယွန် ကောင်းကောင်းသိနေသည်။ဆက်ခံမည့် သူ များအား လေ့ကျင့်ပျိုးထောင်ပေးရန်အတွက်လည်း သူ့မှာ အချိန်မကျန်တော့ပေ။

​သူ့စိတ်ထဲတွင် ကုမ္ပဏီမှ လူယုံတော် ဒုဥက္ကဋ္ဌများနှင့် မိမိ၏ သားနှစ်ယောက်မျက်နှာများက တစ်ဦးပြီးတ စ်ဦး ပေါ်လာခဲ့သော်လည်း ထိုသူများထဲတွင် ချင်း ယွန်နိုင်ငံတကာကြီးတစ်ခုလုံးအား တစ်ဦးတည်း ပု ခုံးထမ်းတင်ပြီး ရပ်တည်နိုင်စွမ်းရှိသူ တစ်ယောက်မှ မရှိသေးပေ။

​......

နောက်တစ်နေ့ နံနက်တွင် လျူယောင်သည် ကုမ္ပဏီ သို့သွားရန် အစီအစဉ်အားလုံးကို ဖျက်သိမ်းလိုက် ပြီး ပီချင်းယွန်အား တွေ့ဆုံရန် မြို့တော်သို့ ခရီးထွ က် လာခဲ့၏။

​

ကိုယ်ပိုင်လေယာဉ်ပေါ်တွင် လျူယောင် ထိုင်ရင်း ပြ တင်းပေါက်အပြင်ဘက်မှ တိမ်တိုက်များကို ငေးကြ ည့်ကာ စဉ်းစားနေမိသည်။

​"တကယ်လို့ ပီချင်းယွန်သာ သေဆုံးသွားရင် ချင်း ယွန်နိုင်ငံတကာက ဘာဖြစ်သွားမလဲ..တင်းဝိန်ရဲ့ အ စ်ကိုတွေကရော ဒီလောက်ကြီးမားတဲ့ လုပ်ငန်းစုကြီး ကို ထိန်းကျောင်းနိုင်ပါ့မလား..."

နိုင်ငံ၏ ​လက်ရှိဆေးပညာက အသည်းကင်ဆာ နော က်ဆုံးအဆင့်အား ကုသရန်မှာမူ မျှော်လင့်ချက် န ည်းပါးလှသည်။အဆင့်မြင့်ကုသမှုနည်းလမ်းများဖြင့် လူနာ၏သက်တမ်းအား အနည်းငယ် ဆွဲဆန့် ပေး နိုင်သော်လည်း အလွန်ဆုံးနေရမှ လအနည်းငယ်သာ ဖြစ်ပေလိမ့်မည်။

အချိန်အတော်ကြာအောင် စဉ်းစားပြီးနောက် လျူ ယောင်က သူ့ အတွေးစကို ဖြတ်တောက်လိုက်သည် ။သူ နာရီကို ကြည့်လိုက်ရာ မြို့တော်လေဆိပ်သို့ ဆိုက်ရောက်ရန် မိနစ် ၄၀ မှ ၅၀ ခန့် လိုသေး၏။

ထို့ကြောင့် သူသည် ဂူဝူကမ္ဘာမှာဝယ်လာသည့် လျှို့ ဝှက်စာအုပ်အဟောင်းကြီးကို ထုတ်၍ ဖတ်နေလိုက် သည်။

​ဒီရက်ပိုင်းအတွင်း အားလပ်ချိန်ရတိုင်း သူသည် ထို စာအုပ်ကို ထုတ်၍ စာမျက်နှာ အနည်းငယ်စီ ပုံမှန်ဖ တ်လေ့ရှိ၏။အစပိုင်းတွင်မူ ရှေးဟောင်းစာလုံးများ ကို ဖတ်ရသည်မှာ ခက်ခဲနေသော်လည်း ယခုအခါ တွင်မူ အဓိပ္ပာယ်များအား ကောင်းစွာ နားလည် သ ဘောပေါက်နေပြီ ဖြစ်သဖြင့် သူ ဖတ်ရသည်မှာ အ ခက်အခဲ မရှိတော့ပေ။

​မိနစ် ၂၀ ခန့်အကြာ စာမျက်နှာ တစ်ဒါဇင်ကျော်ကို ဖတ်ပြီးချိန်တွင် ဆေးဝါးဗေဒဆိုင်ရာ အခန်း ကဏ္ဍ တစ်ခုကို လျူယောင် သတိပြုမိခဲ့သည်။ထိုစာမျက် နှာတွင် သာမန်ဆေးဝါး အမျိုးအစားပေါင်း ဒါဇင်နှ င့်ချီ၍ ဖော်ပြထားရာ တစ်ခုသော ဆေးအမည်တွင် သူ့အကြည့်များ ရပ်တန့်သွား၏။

​“ချီကို အားဖြည့်ပေး၍ ခန္ဓာကိုယ်၏ အခြေခံအုတ် မြစ်ကို ပြုပြင်သောဆေး "

​လျူယောင်သည် ထိုဆေး၏ အာနိသင်နှင့် ကုသနိုင် စွမ်းအား ဂရုတစိုက် ဖတ်ကြည့်လိုက်သည်။ဖတ်ပြီး သည်နှင့် သူ့ ရင်ထဲတွင် အဆမတန် ခုန်ပေါက်လာ ၏။

​ယခင်က ဝမ်ပေါ်အဆောက်အအုံတွင် ဤဆေးမျိုး ကို ဝယ်ယူစဉ်က ဆိုင်စာရေးက "ရောဂါအားလုံးကို ကုသနိုင်သည်" ဟု ညွှန်းခဲ့ဖူးသည်။ထိုစဉ်ကမူ လျူ ယောင်သည် ၎င်းအား "ကိုယ့်ဖရဲသီးကိုယ် ချိုတယ် လို့ ပြောနေသောဈေးသည်" ဟုသာ သဘောထားပြီ း အယုံအကြည် မရှိခဲ့ပေ။

​သို့သော်လည်း ယခုမူ အခြေအနေက ပြောင်းလဲ သွားခဲ့ရ၏။

​ဤစာအုပ်ထဲတွင် ဖော်ပြထားသော ဆေး၏ အာနိ သင်မှာ အလွန်ပင် အသေးစိတ်ကျလှသည်။ခန္ဓာ ကိုယ်တွင်းရှိ 'ချီ'ဓာတ်ကို ပြုစုပျိုးထောင်ပေးပြီး ဗ ဟိုချက်ကို အကျိုးပြုရုံသာမက သိုင်းပညာလေ့ကျ င့်သူများ၏ အတွင်းဒဏ်ရာများကိုပါ ကုသပေး နိုင် စွမ်းရှိ၏။

သာမန်လူများအတွက်မူ ရောဂါဝေဒ နာမျိုးစုံအား အမြစ်ပြတ်ကုသပေးနိုင်သည့် အစွမ်းသတ္တိရှိကြော င်း အခိုင်အမာ ဖော်ပြထားပေသည်။

​လျူယောင်သည် လက်ရာမြောက်လှသော သေတ္တာ လေးတစ်လုံးအား ထုတ်ယူလိုက်၏။သေတ္တာထဲမှ ဆေးလုံးလေးကို စိုက်ကြည့်ရင်း သူ အလေးအနက် တွေးနေမိသည်။

​"ဒီဆေးက ရောဂါဝေဒနာမျိုးစုံကို ကုသနိုင်တယ် ဆို ရင်... ကင်ဆာရောဂါကိုရော အနိုင်ယူနိုင်ပါ့မလား . .. "

​သူ တွေးကြည့်လေလေ မျှော်လင့်ချက်ရောင်ခြည် က ပိုမိုတောက်ပလာလေလေပင်။အကယ်၍သာ ဤဆေးလုံးသည် ကင်ဆာကိုပင် အမြစ်ပြတ်ကုသနို င်ပါက ကမ္ဘာပေါ်တွင် အံ့အားသင့်စရာအောင်မြင်မှု တစ်ခု ဖြစ်ပေလိမ့်မည်။

အဆင့်မြင့်ဂိုဝူကမ္ဘာတွင် ဤဆေးမျိုးမှာ သာမာန် မျှ သာ ဖြစ်သော်လည်း သူကမ္ဘာတွင်မူ တန်ဖိုးမဖြ တ်နိုင်သော ရတနာ ဖြစ်နေသည်လေ။

နောက်တစ်ကြိမ် ထိုကမ္ဘာသို့သွားဖြစ်လျှင် ထိုဆေး လုံးမျိုးအား အလုံးတစ်ရာခန့် ဝယ်ယူလာနိုင်ပါက မ ည်မျှကောင်းလိုက်မည်နည်းဟုပင် လျူယောင်က ကြံစည်နေမိသည်။

​........

​နံနက် (၁၀) နာရီခွဲခန့်တွင်မူ ဆေးရုံသို့ လျူယောင် ရောက်လာ၏။ လူနာခန်းတံခါးဝတွင် တင်းဝိန်က ကြိုတင်ကာ စောင့်နေခဲ့သည်။မနေ့ကပုံစံနှင့် နှိုင်း ယှဉ်ပါက တင်းဝိန်၏ ယခုပုံစံမှာ လုံးဝပြောင်း လဲ နေ၏။

​ပင်ပန်းနွမ်းနယ်မှုများကြောင့် သူ့မျက်ဝန်းအစုံမှာ နီ မြန်းနေပြီး တစ်ကိုယ်လုံးမှာလည်း စိတ်ဓာတ်ကျနေ သကဲ့သို့ သူ ခံစားနေပုံရသည်။တင်းဝိန်၏ အကြည့် များတွင် ဖုံးမရသော ဝမ်းနည်းကြေကွဲမှုများ အထင် သား ပေါ်လွင်နေ၏။

​“အော် အကိုယောင်... ခင်ဗျား ရောက်လာပြီပဲ”

လျူယောင်က စိုးရိမ်တကြီး ပြန်မေးလိုက်သည်။

​“အင်း...ငါ ရောက်ပြီ..ဦးလေးရဲ့ အခြေအနေ ဘယ် လိုရှိလဲ”

​တင်းဝိန်က သက်ပြင်းတစ်ချက်ချရင်း ပြန်ဖြေလိုက် ၏။

“ဟူး..အသည်းကင်ဆာ နောက်ဆုံးအဆင့်ပါပဲ အကို ယောင်ရာ.. ကျွန်တော်တို့အခုလုပ်နိုင်တာက သူ့ရဲ့ နာကျင်မှုတွေကို သက်သာစေဖို့နဲ့ အသက်ကို အတ တ်နိုင်ဆုံး ဆွဲဆန့်ထားဖို့ပါပဲ..ကမ္ဘာ့အဆင့်မီ ဆရာ ဝန်ကြီးတွေနဲ့ အဆင့်မြင့်ဆေးဘက်ဆိုင်ရာအဖွဲ့ကို ကျွန်တော် ငှားထားပါတယ်..ကံကောင်းရင်တော့ တ စ်နှစ်ခွဲလောက်အထိ ဆွဲထားနိုင်ဖို့ မျှော် လင့်ရတာ ပဲ...”

​လျူယောင်က သူ နားလည်ကြောင်း ခေါင်းညိတ်ပြ လိုက်သည်။ချင်းယွန်အင်တာနေရှင်နယ်ကဲ့သို့သော လုပ်ငန်းစုကြီးအတွက်မူ ကမ္ဘာ့အကောင်းဆုံး ဆေး ကုသရေးအဖွဲ့အား ငှားရမ်းနိုင်ခြင်းမှာ မဆန်းပေ။

​“လာ... အကို​ယောင်.. ကျွန်တော် အထဲကို ခေါ်သွား ပေးမယ်..”

​တင်းဝိန်၏ ဦးဆောင်မှုဖြင့် လျူယောင်သည် VIP လူနာခန်းထဲသို့ ဝင်လာခဲ့သည်။ထိုအခန်းမှာ လူနာ ခန်းဆိုသည်ထက် ခမ်းနားသော ဟိုတယ်ခန်းတစ်ခ န်းကဲ့သို့ပင်။ဧည့်တွေ့ခန်းတစ်ခန်းပါဝင်ပြီး ဆိုဖာ၊ ရုပ်မြင်သံကြား၊ ကော်ဖီစားပွဲနှင့် လူသုံးကုန် ပစ္စည်း မျိုးစုံဖြင့် ပြည့်စုံစွာ ပြင်ဆင်ထားပေသည်။

​ ပီချင်းယွင်သည် ဆေးရုံကုတင်ပေါ်တွင် မျက်နှာညို းနွမ်းလျက် လဲလျောင်းနေ၏။သူ့ဘေးတွင် ရှိနေ သော ဆရာဝန်နှင့် သူနာပြုများမှာ ယန်နိုင်ငံ၏ အ ကျော်ကြားဆုံး ဆေးဘက်ဆိုင်ရာ ဆရာဝန်များပင် ဖြစ်သည်။

​ထိုအဖွဲ့အား ဦးဆောင်သူမှာ အသည်းနှင့် သည်းခြေ ဆိုင်ရာ ရောဂါကုသမှုနယ်ပယ်တွင် ကျော်ကြားသ ည့် ထိပ်တန်းဆရာဝန်ကြီး ရှောင်သယ်ရှင်းပင် ဖြစ် ၏။ လျူယောင်သည် ကုတင်ဘေးသို့ ဖြည်းညှင်းစွ ာ လျှောက်လာကာ တိုးတိုးလေး မေးလိုက်သည်။

"ဦးလေး..နေရထိုင်ရ..ဘယ်လိုရှိလဲဗျ"

​ပီချင်းယွန်၏ မျက်နှာက သွေးမရှိသကဲ့သို့ ဖြူဖျော့ နေသော်လည်း သတိမှာမူ အလွန်ရှင်းလင်းနေ၏။ လျူယောင်ကို မြင်ရသောအခါ သူက အားယူ၍ ပြုံး ကာ ပြန်ဖြေလိုက်သည်။

"အာ မစ္စတာလျူ... ဒီအထိ အပင်ပန်းခံ လာတွေ့ ပေးတာ ကျေးဇူးတင်ပါတယ်ဗျာ..တကယ်တော့ လောကမှာ မွေးဖွားခြင်း၊အိုမင်းခြင်း၊ဖျားနာခြင်းနဲ့ သေဆုံးခြင်းဆိုတာ ရှောင်လွှဲမရတဲ့ သဘာဝ တရား တွေပါပဲ.. ဒါပေမဲ့ အခုအချိန်မှာ ကျွန်တော့်စိတ်ကို အေးအေးချမ်းချမ်း အနားပေးလို့ မရနိုင် သေးဘူး ဗျာ... အဲဒါက တခြားမဟုတ်ပါဘူး.. 'ချင်းယွန်နိုင်ငံ တကာ'ကြောင့်ပါပဲ.."

​လျူယောင်ကလည်း စိတ်မကောင်းစွာ နှစ်သိမ့်ပေး လိုက်၏။

"ဦးလေး စိတ်အေးအေးထားပြီး ရောဂါကိုပဲ အာရုံ စိုက်ကုသပါဗျာ.. ကုမ္ပဏီကိစ္စတွေကို အခုလောလေ ာဆယ် ခေါင်းထဲမထည့်ပါနဲ့ဦး..ကျန်းမာရေး ပြန် ကောင်းလာမှ အတူတူ ပြန်ကြိုးစားကြတာပေါ့"

​ပီချင်းယွန်က ဖျော့တော့သော လှောင်ပြုံးတစ်ခုကို ပြုံးကာ စိတ်ပျက်အားငယ်စွာ ပြန်ပြောလိုက်၏။

"ကျွန်တော့်ရောဂါအကြောင်း ကျွန်တော် သိပါတယ် မစ္စတာလျူရယ်... ကျွန်တော့်မှာ နေရမဲ့အချိန် လအ နည်းငယ်ပဲ ကျန်တော့တယ်ဆိုတာ"

​သူ့မျက်လုံးများတွင်မူ အထီးကျန်ဆန်မှုနှင့် နာကျင် မှုများ ထင်ဟပ်နေသည်။ "သူရဲကောင်းလည်း အိုမ င်းရပြီ... အင်အားတွေလည်း ကုန်ခမ်းခဲ့ပြီ" ဟူသော စကားပုံကဲ့သို့ပင် သူ၏ စိတ်ပျက်မှုအား စကားလုံး ဖြင့် ဖော်ပြရန်ပင် ခက်ခဲနေပုံရ၏။

​ပီချင်းယွန်က သက်ပြင်းရှည်ကြီး တစ်ချက်ချကာ လေးလေးပင်ပင် ဆက်ပြောလိုက်သည်။

"ဟူး ကျွန်တော် နောက်ထပ် တစ်နှစ်.. နှစ်နှစ်လော က်ပဲ အချိန်ရရင်တောင်... အနည်းဆုံးတော့ ကျွန် တော့်လုပ်ငန်းကို ဆက်ခံမယ့်သူကို စနစ်တကျ လေ့ ကျင့်ပေးခဲ့လို့ ရသေးတာပေါ့.. အခုတော့ဗျာ..."

​သူက ခဏမျှ တိတ်ဆိတ်သွားပြီးမှ လျူယောင်အား အားကိုးတကြီး ကြည့်ကာ ပြောလိုက်၏။

"မစ္စတာလျူ... ကျွန်တော့်မှာ တောင်းဆိုစရာ တစ်ခု ပဲ ရှိပါတယ်ဗျာ..ကျွန်တော် မရှိတော့တဲ့နောက် အနာ ဂတ်မှာ 'ချင်းယွန်နိုင်ငံတကာ' ကို ကူညီစောင့်ရှောက် ပေးပါဦး..ကျွန်တော်တို့ဆီမှာ ဂရက်ဖင်း-အလူမီနီ ယမ် ဘက်ထရီ နည်းပညာတွေ အခိုင်အမာ ရှိသလို ချပ်ပြား ထုတ်လုပ်မှု နယ်ပယ်မှာလည်း ပူးပေါင်း ဆောင်ရွက်ထားတာတွေ ရှိတယ်လေ..."

​ပီချင်းယွန်၏ စကားများသည် လျူယောင်အား သူ ၏ နောက်ဆုံးအားကိုးရာအဖြစ် သတ်မှတ်လိုက်ပုံရ သည်။ဘေးတွင်ရှိနေသော တင်းဝိန်၏ မျက်ဝန်းမျာ းမှာမူ နီမြန်းနေကာ မျက်ရည်ဝဲနေပြီး အခန်းထဲရှိ လူအားလုံးကလည်း စိတ်မကောင်းစွာဖြင့် သက်ပြ င်းကိုယ်စီ ချလိုက်ကြ၏။

​ထိုစဉ် လျူယောင်က တည်ငြိမ်စွာ ပြောလိုက်သ ည်။

“ဦးလေး... ဒီလောက်ထိ အဆိုးမြင်မနေပါနဲ့ဦး.. ဦး လေး သေချာပေါက် ပြန်ကောင်းလာမှာပါဗျ.. ကျွန် တော့်မှာ ဆေးတစ်မျိုးရှိတယ်... ဒီဆေးက ဦးလေး ရဲ့ ရောဂါအခြေအနေကို အများကြီး အထောက် အ ကူပြုနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်.. တ ကယ်လို့ ကျွန်တော့်ကို ယုံကြည်တယ်ဆိုရင် အခုပဲ သောက်ကြည့်ပါလား..”

​ပြောပြောဆိုဆိုဖြင့် လျူယောင်သည် သူ့ အိတ်ထဲမှ လှပသော သေတ္တာလေးအား ထုတ်ယူလိုက်၏။ လျူယောင် သေတ္တာကို ဖွင့်လိုက်သည့်အခါ လက် ချောင်းအရွယ်အစားရှိသော ဆေးလုံးတစ်လုံးအား လူတိုင်း မြင်လိုက်ရသည်။

​ပီချင်းယွန် တစ်ခုခု ပြန်မပြောခင်မှာပင် ဆေးအဖွဲ့ ခေါင်းဆောင် ပါမောက္ခရှောင်သယ်ရှင်းက ကြားဖြ တ်၍ တားမြစ်လိုက်၏။

“မစ္စတာလျူ... ခဏလောက်ဗျာ..လူနာရဲ့ အခြေအ နေ က အခုအချိန်မှာ အရမ်းကို နုနယ်ပြီး မတည်မ ငြိမ် ဖြစ်နေတာ..စစ်ဆေးအတည်ပြုထားခြင်း မရှိ တဲ့ တခြားဆေးတွေကို ပေါ့ပေါ့တန်တန် မသောက် သင့်ဘူးဗျ”

​သို့သော်လည်း ပီချင်းယွင်က လက်ကာပြရင်း တည် ငြိမ်စွာ တုံ့ပြန်လိုက်သည်။

“ပါမောက္ခရှောင်... ရပါတယ်..ကိစ္စမရှိပါဘူး.. ကျွန် တော် မစ္စတာလျူကို အပြည့်အဝ ယုံကြည်တယ်.. ခင်ဗျား တားစရာ မလိုပါဘူး..”

စကားအဆုံး၌ တင်းဝိန်က ဆေးလုံးအား ဂရုတစို က် ယူလိုက်၍ ရေနွေးတစ်ခွက်ကို အမြန်ပြင် ဆင် ကာ ဖခင်ဖြစ်သူ ပီချင်းယွန်ထိုင်နိုင်ရန် ကူညီပေး လို က်၏။

​ပါမောက္ခရှောင်သယ်ရှင်းသည် စိုးရိမ်တကြီးဖြင့် ထ ပ် မံကန့်ကွက်ရန် ပြင်လိုက်သော်လည်း ပီချင်းယွန် က ဆေးလုံးလေးအား သောက်ပြီးသား ဖြစ်နေသ ည်။ ထို့ကြောင့် သူသည် ပြောချင်သော စကားလုံး များအား ပြန်မျိုချလိုက်ရုံမှအပ ဘာမျှမတတ်နိုင်ဘဲ သက်ပြင်းသာ ချလိုက်မိ၏။

"ဟူး ခက်တယ် ခက်တယ်..ဘာမှန်းမသိတဲ့ဆေးကို ရမ်းသောက်နေတာပဲ.."

All Chapters