← Chapters

ဘုရားရေ..ဒါ..ဒါက ဘယ်လိုဖြစ်တာ လဲ

Vol. 49 Ch. 590

ဘုရားရေ..ဒါ..ဒါက ဘယ်လိုဖြစ်တာ လဲ

Vol. 49 Ch. 590

​“သွားပြီ... အကုန်ပြီးသွားပြီ..”

အာနိသင်သေချာမသိသည့် ဤကဲ့သို့သောဆေးမျိုး ကို သောက်သုံးခြင်းမှာ လူနာ၏အခြေအနေအား ပို ဆိုးသွားစေလိမ့်မည်ဟု ရှောင်သယ်ရှင်းတစ်ယော က် စိုးရိမ်မကင်း ဖြစ်နေ၏။လူနာ၏ အခြေအနေ ပို ဆိုးရွားမသွားဖို့ကိုသာ သူ ဆုတောင်းနေမိသည်။

မဟုတ်လျှင်မူ ယခင်က သူတို့ကြိုးစားပမ်းစား ကု သခဲ့သမျှ အားထုတ်မှုအားလုံးမှာမူ အချည်းနှီး ဖြစ် သွားပေလိမ့်မည်။

​သို့သော်လည်း ပီချင်းယွန်ကမူ မည်သို့မျှ ပူပန်ခြင်း မှမရှိဘဲ လျူယောင်ကိုသာ အကြွင်းမဲ့ ယုံကြည်နေ ခဲ့သည်။လျူယောင်သည် မသေချာဘဲနှင့် ဤကဲ့သို့ သော ဆေးမျိုးအား ယူဆောင်လာမည်မဟုတ်ကြော င်း သူ ကောင်းကောင်းသိနေ၏။

​

ဆေးလုံးကို မြိုချလိုက်ပြီးနောက် လျူယောင်၏ စိ တ်ထဲတွင်မူ စိတ်သက်သာရာ ရသွားကာ နှုတ်ဆက် လိုက်သည်။

“နောက်ထပ် တစ်ရက်.. နှစ်ရက်လောက် စောင့်ကြ ည့်လိုက်ပါအုံး ဆေးရဲ့အာနိသင်ကို မြင်တွေ့ရပါလိ မ့်မယ်..ဦးလေး... ကျွန်တော်တို့ အနှောင့်အယှက် မပေးတော့ဘူး ကောင်းကောင်း အနားယူပါခဗျ..”

​ပီချင်းယွန်က ခေါင်းညိတ်ပြလိုက်၏။ဆေးသောက် ပြီးသည်နှင့် တစ်ကိုယ်လုံး နွေးထွေးလာကာ သက် တောင့်သက်သာ ရှိလာသည်ဟု သူ ခံစားလိုက် ရသ ည်။ ယခုအချိန်တွင်မူ သူ အလိုချင်ဆုံးအရာမှာ နှစ် နှစ်ခြိုက်ခြိုက် အိပ်စက်အနားယူရန်ပင်။

ပီချင်းယွန်က ညွှန်ကြားလိုက်သည်။

​“တင်းဝိန်... မစ္စတာလျူကို လိုက်ပို့ပေးလိုက်ဦး”

​“အကိုယောင်... အကို ဘယ်ဟိုတယ်မှာ တည်းနေတ ာလဲ..ကျွန်တော်..လိုက်ပို့ပေးမယ်လေ..”

​ထို့နောက် နှစ်ဦးသား လူနာခန်းထဲမှ ထွက်ခွာလာကြ သည်။ပီချင်းယွင်လည်း ကျန်နေသည့်လူများကို ကြ ည့်ကာ အမိန့်ထပ်ပေးလိုက်၏။

“ငါ အိပ်ချင်ပြီ..မင်းတို့အားလုံး အပြင်ထွက်သွားကြ တော့..”

လူအားလုံးက လူနာခန်းထဲမှ ထွက်လာကြပြီး တံခါ း အား ဖြည်းညင်းစွာ ပိတ်လိုက်သည်။အပြင်ခန်းရှိ ဆိုဖာပေါ်တွင် ထိုင်နေသော ရှောင်သယ်ရှင်းမှာမူ ရ င်တထိတ်ထိတ် ဖြစ်နေရ၏။

​သူက လက်ထောက်ဆရာဝန် ရှောင်ရှဲကို သေချာ မှာ လိုက်သည်။

"ရှောင်ရှဲ. မစ္စတာပီရဲ့ အခြေအနေကို မျက်ခြေမပြ တ် မင်း စောင့်ကြည့်နေရမယ်..နှစ်နာရီခြားတ စ်ခါ စစ်ဆေးပြီး ရလာတဲ့ အချက်အလက်အားလုံးကို ငါ့ ဆီ ချက်ချင်းပို့ပေး.."

ထိုသို့ ​မှာပြီးသွားသည့်တိုင် သူက စိတ်မချနိုင်သေး ဘဲ စိုးရိမ်ပူပန်နေဆဲပင်။လူနာခန်းအပြင်သို့ ထွက်ရ န် ပင် ဝန်လေးနေမိသော်လည်း လိုအပ်သည်များကို ထပ်မံမှာကြားပြီးနောက် သူသည် မထွက်ချင်ထွက် ချင်ဖြင့် ထွက်လာခဲ့ရသည်။

​ဆေးရုံကုတင်ပေါ်တွင်မူ ပီချင်းယွန်တစ်ယောက် အ လွန်အေးချမ်းစွာဖြင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေ ပြီး သူ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေမှာလည်း အတေ ာ် ကောင်းနေပုံရ၏။

​ရှောင်ရှဲသည် သူနာပြုတစ်ဦးကို ခေါ်ဆောင်ကာ လူ နာခန်းတံခါးကို အသံမထွက်အောင် ညင်သာစွာ တွ န်းဖွင့်လိုက်သည်။လူနာ နိုးသွားမည်ကို စိုးရိမ်သဖြင့် နှစ်ဦးသား ခြေသံဖွဖွလျှောက်ကာ ကုတင်အနီးသို့ လျှောက်လာခဲ့၏။

​မစ္စတာပီ ထိုမျှလောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် နေသည်ကို မြင်ရသောအခါ သူတို့ အနည်းငယ် အံ့ သြခဲ့သည်။အိပ်နေသည်မှာ နှစ်နာရီခန့် ကြာသွား သော်လည်း မစ္စတာပီက နိုးမည့် အရိပ်အယောင်ပင် မရှိသေးပေ။

​သူတို့နှစ်ဦးသည် လူနာကို မနှောင့်ယှက်မိစေရန် ဂရု တစိုက်ဖြင့် လိုအပ်သည့် စစ်ဆေးမှုများအား လုပ် လိုက်၏။စစ်ဆေးမှုရလဒ် အချို့ကို မြင်လိုက်ရသေ ာအခါ နှစ်ယောက်သား အံ့အားသင့်ကာ မှင်သက် ခဲ့ရသည်။

​

အချက်အလက်များအားလုံးမှာ သိသိသာသာ တိုး တက်ကောင်းမွန်နေခဲ့ပြီး အထူးသဖြင့် အသည်း၏ အခြေအနေမှာ အံ့ဩစရာကောင်းလောက်အောင် ပြောင်းလဲသွားခြင်းပင်။အသည်းကင်ဆာ နောက် ဆုံးအဆင့် လူနာများတွင် တွေ့ရလေ့ရှိသည့် အသ ည်းအဆီဖုံးမှုမှာ သိသိသာသာ လျော့ကျသွားသည် အား သူတို့ တွေ့လိုက်ရ၏။

​စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် နှစ်ဦးသား အခန်း တံခါးကို ညင်သာစွာ ပြန်ပိတ်ကာ ထွက်လာခဲ့သည်။ ခဏအကြာတွင်မူ ပါမောက္ခရှောင်သယ် ရောက်လာ ၏။

ရောက်ရောက်ခြင်းမှာပင် သူက လှမ်းမေးလိုက်၏။

​“ရှောင်ရှဲ... ခုနက စစ်ဆေးမှုတွေ လုပ်ပြီးပြီလား”

​“ဟုတ်ကဲ့... ခုနတင် စစ်ဆေးပြီးသွားပါပြီ ဆရာ.. ဒါ က စစ်ဆေးမှု ရလဒ်အစီရင်ခံစာပါ ကြည့်ပေးပါဦး ခဗျ..”

​ရှောင်သယ်သည် အစီရင်ခံစာကို လှမ်းယူကာ အ သေအချာ ဖတ်ကြည့်လိုက်သည်။ခဏအကြာတွင်မူ သူက သက်ပြင်းတစ်ချက်ချရင်း ပြောလိုက်၏။

​“ဟူး ငါ့ခန့်မှန်းချက် မှားသွားတယ် ထင်တယ်.. မစ္စ တာလျူရဲ့ ဆေးလုံးကြောင့် တစ်ခုခု လွဲချော်သွား မှာကို ငါ တော်တော်လေး စိုးရိမ်နေခဲ့တာ.. ဒါပေမဲ့ အခု စစ်ဆေးမှု ရလဒ်တွေအရတော့ မစ္စတာပီရဲ့ အ ခြေအနေက တည်ငြိမ်သွားပြီလို့ ပြောလို့ရတယ်...”

​ထိုအခါ ရှောင်ရှဲက တုန်လှုပ်စွာ ချီးကျူးလိုက်သည် ။

“ပါမောက္ခက တကယ်ကို အံ့သြဖို့ကောင်းတာပဲ.. ဒီ လောက်ဆိုးရွားတဲ့ အသည်းကင်ဆာ အခြေအနေကို တောင် တည်ငြိမ်အောင် ကုသပေးနိုင်ခဲ့တာပဲ"

​ရှောင်သယ်ရှင်းမှာမူ စိတ်ထဲတွင် အတိုင်းမသိ ဝမ်း သာသွားသော်လည်း သူ့ မျက်နှာ အမူအရာအား ထိ န်းထားဆဲပင်။သူက တည်ကြည်စွာ သတိပေးလိုက် ၏။

​“၂၄ နာရီလုံး မင်း သေချာ ဂရုတစိုက် စောင့်ကြည့် နေပါ.. ပေါ့ပေါ့တန်တန်တော့ မထားနဲ့ဦး.မနက်ဖြန် အထိ အခြေအနေက ဒီအတိုင်းပဲ တည်ငြိမ်နေဦးမ ယ်ဆိုရင်တော့ စိတ်ချရပြီလို့ ပြောလို့ရပြီ..”

........

​နောက်တစ်နေ့ မနက်ခင်း၌.

​ဆယ်နာရီကျော်ကြာအောင် နှစ်နှစ်ခြိုက်ခြိုက် အိပ် ပျော်သွားသည့် ပီချင်းယွန်တစ်ယောက် နောက်ဆုံး တွင် နိုးလာခဲ့သည်။အချိန်မှာ အလွန်စောသေးသဖြ င့် အပြင်ဘက် ကောင်းကင်ယံ၌ အလင်းရောင် အန ည်းငယ်သာ ပျိုးနေသေးပြီး ဆေးရုံကုတင်ဘေးတွင် လည်း မည်သူမျှ ရှိမနေပေ။

​သို့သော်လည်း အပြင်ဘက်ရှိ ဧည့်ခန်းထဲတွင်မူ လူ အချို့ ရှိနေသော်လည်း အားလုံးမှာ အိပ်မောကျနေ ကြသည်။တစ်ညလုံး မျက်တောင်မခတ်တမ်း စော င့်ကြည့်ခဲ့ရသဖြင့် ဆရာဝန်များနှင့် သူနာပြုများမှာ မခံနိုင်တော့ဘဲ ပီချင်းယွန် အိပ်ပျော်နေချိန်တွင် သူ တို့လည်း အိပ်ငိုက်သွားကြခြင်း ဖြစ်သည်။

​

အနားတွင် လူမရှိသဖြင့် ပီချင်းယွန်က အသာအယာ ထရန် ပြင်လိုက်သည်။

​"ဟေး..ငါ တော်တော်လေး သက်သာသွားသလိုပဲ.."

​အသည်းနားမှ စူးအောင့်နာကျင်မှုများမှာ သိသိသာ သာ လျော့ပါးသွားပြီး သူ့ စိတ်ထဲတွင်လည်း အားအ င်များ ပြည့်ဝလာသလိုမျိုး သူ ခံစားလိုက်ရ၏။အ ကူ အညီမပါဘဲ ကိုယ်တိုင် ထကြည့်သည့်အခါမှာလ ည်း မည်သည့်အခက်အခဲမျှ ရှိမနေပေ။

​ထို့နောက် ပီချင်းယွန်သည် အခန်းထဲတွင် ဟိုဟိုဒီဒီ လမ်းလျှောက်ကြည့်လိုက်သည်။သူ့ ခန္ဓာကိုယ်က ယခင်ကလိုမျိုး လေးလံထိုင်းမှိုင်းခြင်း မရှိတော့ဘဲ ပေါ့ပါးနေသဖြင့် သူက တံခါးကို တွန်းဖွင့်ကာ အပြ င်ဘက်သို့ ထွက်လာခဲ့၏။

​သူ့၏ လှုပ်ရှားသံကြောင့် ဆရာဝန်ရှောင်ရှဲနှင့် တခြာ းသူများအားလုံး နိုးလာပြီး သူတို့ ရှေ့တွင် မတ်တ ပ်ရပ်နေသော ပီချင်းယွန်ကို မြင်သောအခါ လူတိုင်း က မယုံနိုင်လောက်အောင် အံ့အား သင့်သွားကြသ ည်။

​“ဟာ မစ္စတာပီ... ဘာလို့ ထလာတာလဲဗျာ”

​“အိုး... မြန်မြန် ပြန်လှဲနေပါဦး..ကုတင်ပေါ် အမြန်ပြ န်တက်နေပါ..”

​ဆရာဝန်များမှာ အလန့်တကြားဖြစ်သွားပြီး သူ့ကို တွဲကူရန် ချက်ချင်း ပြေးလာကြ၏။သို့သော်လည်း ပီချင်းယွန်ကမူ ထိုအကူအညီအား ငြင်းပယ်လိုက်ပြီ း ပြုံးရွှင်စွာ ​ပြန်မေးလိုက်သည်။

​

“ကျွန်တော် အဆင်ပြေပါတယ်ဗျာ..ခင်ဗျားတို့ ကူ စရာမလိုပါဘူး..အခု ကျွန်တော် ဗိုက်တော်တော် လေးဆာနေပြီ..စားစရာ တစ်ခုခု ရှိမလား”

​

“ဗျာ. ဗိုက်ဆာနေတာလား..”

​ရှောင်းရွှဲနှင့် တခြားသူများမှာ ကြောင်အမ်းအမ်း ဖြ စ်သွား၏။မနေ့ကအထိ မစ္စတာပီသည် အစားအ သောက် လုံးဝပျက်နေပြီး အစာမြင်လျှင်ပင် ပျို့အ န်ချင်သလို ခံစားနေရသူ မဟုတ်ပေလော။

ယခုကဲ့သို့ ဗိုက်ဆာသည်ဟု ပြောလာခြင်းမှာ မယုံ နိုင်စရာပင်။

​“ဘုရားရေ..ဒါ... ဒါက ဘယ်လိုဖြစ်တာလဲ”

​သူတို့အားလုံး နားမလည်နိုင်အောင် ဖြစ်နေသော်လ ည်း မျက်နှာထက်မှ အံ့ဩမူများမှာ အထင်သားပင် ။ဤသည်မှာ လူနာ၏ အခြေအနေ သိသိသာသာ တို းတက်ကောင်းမွန်လာသည့် လက္ခဏာပင် ဖြစ်သ ည်လေ။

ဆရာဝန်ရှောင်ရှဲက သတိထား၍ ပြောလိုက်သည်။

​”မစ္စတာပီ ... ကျွန်တော့်ကို အရင်ဆုံး စစ်ဆေးခွင့်ပြု ပါဦး”

​မူလက နှစ်နာရီခြားတစ်ခါ စစ်ဆေးရန် သဘောတူ ထားသော်လည်း ညဘက်တွင် ပီချင်းယွန်၏ အနား ယူမှုကို မနှောင့်ယှက်လိုသဖြင့် ထပ်မံစစ်ဆေးခြင်း မပြုခဲ့ပေ။

​“ကောင်းပါပြီ... ဒါပေမဲ့ စစ်ဆေးပြီးတာနဲ့ ကျွန်တေ ာ် တစ်ခုခုတော့ စားမယ်နော်..တကယ်ကို ဗိုက်ထဲမှ ာ ဟာနေပြီဗျာ..”

​“စိတ်ချပါခင်ဗျာ... ခဏနေရင် ဆန်ပြုတ်ပူပူလေး သောက်ရအောင် စီစဉ်ပေးပါ့မယ်..”

​ရှောင်ရှဲသည် စစ်ဆေးမှုများကို အလွန်အလေးအန က်ထားကာ လုပ်ဆောင်နေခဲ့သည်။သူ၏ ဆေးပညာ ရပ်ဆိုင်ရာ အတွေ့အကြုံများအရ ပီချင်းယွန်၏ အ ခြေအနေမှာ တည်ငြိမ်ရုံတင်မကဘဲ သိသိသာ သာ တိုးတက်လာသည်မှာ သေချာနေ၏။

​သူ့စိတ်ထဲတွင်လည်း ပါမောက္ခရှောင်သယ်ရှင်းကို အရင်ကထက်ပင် ပို၍ ကြည်ညိုလေးစားသွားမိသ ည်။

"ဆရာကြီးကတော့ နာမည်ကျော် ဆရာဝန်တစ်ယော က် ဖြစ်ရကျိုးနပ်ပါပေတယ်..တကယ့်ကို အရည်အ ချင်းရှိတဲ့သူပဲကွာ..တစ်ရက်တည်းနဲ့ လူနာရဲ့အခြေ အနေကို ဒီလောက်အထိ ထူးထူးခြားခြား ပြောင်းလဲ သွားအောင် ကုသနိုင်တာ တကယ်ကို အံ့မခန်းပါပဲ.."

ပြီးနောက် သူ ဆက်တွေးမိလိုက်၏။

​"ဆေးပညာလောကမှာ ငါတို့ သင်ယူရဦးမှာတွေ အ များကြီး ရှိသေးတာပဲ..ပါမောက္ခရှောင်ရဲ့ အဆင့်အ တန်းမျိုးရောက်ဖို့ ငါတို့ ဘယ်နှစ်နှစ်လောက် ကြိုးစ ားရဦးမလဲ မသိဘူး.."

လေးစားမှုများစွာဖြင့်ပင် သူသည် ပါမောက္ခရှောင် သယ်ရှင်းထံသို့ အခြေအနေများအား ချက်ချင်း သ တင်းပို့လိုက်တော့သည်။

​မကြာမီမှာပင် ရှောင်သယ်ရှင်းတစ်ယောက် လူနာခ န်းထဲသို့ အလောတကြီး ပြေးဝင်လာ၏။သူက လော လောလောလောနှင့် လမ်းတစ်လျှောက် လဲကျလုနီ းပါးပင် ဖြစ်ခဲ့သော်လည်း ဂရုမစိုက်နိုင်အားဘဲ တံ ခါးကို ဝုန်းခနဲ တွန်းဖွင့်ကာ အသံကျယ်ကျယ်ဖြင့် မေးလိုက်သည်။

​"ရှောင်ရှဲ မစ္စတာပီရဲ့ အခြေအနေက တကယ်ပဲ သိ သိသာသာကြီး တိုးတက်လာပြီလား"

​"ဟုတ်တယ် ဆရာ..အခြေအနေက အတော်လေး ကောင်းမွန်လာပါပြီ..ဒါက ခုနတင် စစ်ဆေးထားတဲ့ ရလဒ်တွေပါ"

​ရှောင်းသယ်ရှင်းသည် စစ်ဆေးမှုအစီရင်ခံစာကို လှ မ်းယူကာ အမြန် ဖတ်ကြည့်လိုက်ပြီးနောက် အတွင်း ခန်းထဲသို့ ပြေးဝင်လာခဲ့၏။မနေ့က မြင်ခဲ့ရသည့် အခြေအနေနှင့် နှိုင်းယှဉ်ပါက ပီချင်းယွန်၏ မျက်နှ ာသွင်ပြင်မှာ သိသိသာသာပင် သွေးရောင်လွှမ်းနေ ကာ ကြည့်ကောင်းနေသည်အား မြင်လိုက်ရသဖြင့် သူ အံ့အားသင့်ကာ မှင်သက်ခဲ့ရသည်။

​“အိုး..မစ္စတာပီ... ခင်ဗျား ကြည့်ရတာ အများကြီး ပို ကျန်းမာလာသလိုပဲဗျာ”

ပီချင်းယွန်ကလည်း အားတက်သရော ပြန်ဖြေလိုက် ၏။

​“ဟုတ်တယ်... ကျွန်တော်လည်း အရင်ကထက် အ များကြီး နေလို့ ပိုကောင်းလာတယ်လို့ ခံစားရတယ် .. ခုနတင် ဆန်ပြုတ်တစ်ပန်းကန် အကုန်သောက်လို က်နိုင်တယ်..အပြင်မှာ လမ်းလျှောက်ဖို့တောင် အား ရှိနေသလိုပဲဗျာ..”

​“ကောင်းပါပြီ... စိတ်ချရအောင် ကျွန်တော် ကိုယ်တို င် ထပ်စစ်ဆေးကြည့်ပါဦးမယ်”

​ရှောင်သယ်ရှင်းက သေသေချာချာ စစ်ဆေးပြီးနော က်တွင်မူ သူက အတည်ပြုလိုက်၏။

“မစ္စတာပီ... ခင်ဗျားရဲ့ အခြေအနေက တကယ်ပဲ မ ယုံနိုင်လောက်အောင် တိုးတက်လာခဲ့တာပဲဗျ..”

ထိုစကားကို ကြားလိုက်ရချိန်တွင်မူ ပီချင်းယွန်၏ မျက်နှာပေါ်၌ ပျော်ရွှင်မှုများ အတိုင်းအဆမဲ့ ပေါ်လ ာပေသည်။ဤသည်မှာ သူ အမျှော်လင့်ဆုံး သတင် း စကားပင် မဟုတ်ပေလော။

​ဘေးနားမှာရှိသည့် ဆရာဝန် ရှောင်ရှဲကလည်း စိတ် လှုပ်ရှားစွာ ပြောလိုက်၏။

“ဆရာကြီးက တကယ်ကို အံ့ဩဖို့ကောင်းတာပဲဗျာ ဆရာကြီးရဲ့ ကုသမှုအောက်မှာ မစ္စတာပီရဲ့ အခြေ အနေက ဒီလောက်အထိ မြန်မြန်ဆန်ဆန် တိုးတက် လာလိမ့်မယ်လို့ ကျွန်တော် မထင်ထားမိဘူး..”

​သို့သော်လည်း ထိုစကားကိုမူ ပါမောက္ခ ရှောင်သယ် ရှင်းက ချက်ချင်းပြန်မဖြေဘဲ ခဏမျှ သူစဉ်းစားလို က်သည်။ထို့နောက် လေးနက်သော လေသံဖြင့် ဝန်ခံ လိုက်၏။

“မစ္စတာပီရဲ့ အခြေအနေ သိသိသာသာ တိုးတက်လ ာတာက မှန်ပါတယ်.. ဒါပေမဲ့... ဒါက ငါ့ရဲ့ ကုသမှု ကြောင့် မဟုတ်ပါဘူး.. မနေ့က မစ္စတာလျူ ပေးတဲ့ ဆေးလုံးရဲ့ အာနိသင်ကြောင့်ပဲ ဖြစ်ရမယ်..”

​“ဗျာ...မစ္စတာလျူယူလာတဲ့ဆေးကြောင့်လား..”

​“ဘယ်လိုဆေးမျိုးက ဒီလောက်အထိ အစွမ်းထက်ရ တာလဲ ဒါက အသည်းကင်ဆာ နောက်ဆုံးအဆင့်​ လေ...”

​အခန်းထဲရှိ လူတိုင်းမှာမူ ထိတ်လန့်တုန်လှုပ်သွား ရ သည်။ပါ​မောက္ခရှောင်သယ်ရှင်းက ဆက်ပြောလိုက် ၏။

“ငါ့ရဲ့ ကုသမှုကြောင့် ဖြစ်ပါစေလို့ ငါလည်း မျှော် လင့်မိတာပေါ့.. ဒါပေမဲ့ လက်တွေ့ကျကျ ပြန်ဆန်းစ စ်ကြည့်လိုက်တော့ မစ္စတာလျူရဲ့ ဆေးလုံးကလွဲလို့ တခြားအကြောင်းပြချက် မရှိနိုင်ဘူး..”

​တစ်ခန်းလုံး တိတ်ဆိတ်သွားခဲ့သည်။

အပ်ကျသံပင် ကြားရလောက်အောင်ကို တိတ်ဆိတ် ငြိမ်သက်သွားခြင်းပင်။အခန်းထဲရှိ လူအားလုံးမှာ ဝါ ရင့် ဆေးပညာရှင်များ ဖြစ်ကြသော်လည်း ယခုကဲ့ သို့ အကျိုးသက်ရောက်မှုရှိသည့် ဆေးလုံးမှာ သူတို့ ၏ ဆေးပညာဆိုင်ရာ အယူအဆများအား လုံးဝ ပြောင်းပြန်လှန်ပစ်လိုက်သလို ဖြစ်နေသည်။

ဤအစွမ်းမှာ သဘာဝတရားကိုတောင် ဆန့်ကျင်နေ ခြင်းပင် မဟုတ်ပေလော။

.....

​ဟိုတယ်တစ်ခု အတွင်းရှိ စားသောက်ခန်းတွင်...

​တင်းဝိန်သည် လျူယောင်နှင့်အတူ မနက်စာ စားနေ စဉ် သူ့ဖုန်းမှာ တုန်ခါလျက် မြည်လာခဲ့သည်။ဖုန်းနံ ပါတ်ကို ကြည့်လိုက်သည်နှင့် ဆေးရုံမှ ဖြစ်ကြောင်း သိလိုက်ရသဖြင့် သူ ချက်ချင်းပင် ဖုန်းအား ကိုင်လို က်၏။

​တစ်ဖက်မှ အလောတကြီးနှင့် ဝမ်းသာအားရ ပြော လိုက်သည့် အသံ ထွက်လာခဲ့ပေသည်။

​“မစ္စတာတင်း.. ဆေးရုံကို အမြန်ဆုံး လာခဲ့ဦး.. မော င်ရင့် အဖေ့ရဲ့ အခြေအနေက သိသိသာသာ တိုးတ က်လာပြီဗျ”

All Chapters