← Chapters

အခန်း (၁၅၆၅-၁၅၆၆)

Vol. 120 Ch. 1565-1566

အခန်း (၁၅၆၅-၁၅၆၆)

Vol. 120 Ch. 1565-1566

အခန်း ၁၅၆၅ - နိုးထတော့မည့် အိပ်မက်

အချိန်တွေက တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့ရာ နောက်ထပ် တစ်လပင် ကုန်လွန်သွားခဲ့လေပြီ။

ယန်ကျန့် သွေးကန်ထဲ နစ်မြုပ်သွားသည်မှာ ခြောက်လတိတိ ရှိသွားခဲ့ပြီ ဖြစ်သည်။

ဒီအချိန်က သာမန်လူတွေအတွက်တော့ သိပ်မကြာလှသော်လည်း တစ္ဆေဆရာလောကအတွက်မူ ဒီခြောက်လတာ ကာလအတွင်းမှာ မျိုးဆက်တစ်ခုလုံး နစ်မြုပ်သွားခဲ့ရသလိုပင်။ ယန်ကျန့်ကို ထားလိုက်ပါတော့ ဌာနချုပ်အကြောင်းကိုပင် လူတွေက ပြောဆိုခြင်း မရှိကြတော့ဘဲ အခြေအနေ မဟန်တော့သည့် ဌာနတစ်ခုက သဘာဝလွန် ဖြစ်ရပ်တွေကို ဖြေရှင်းရန် နည်းလမ်းမျိုးစုံဖြင့် မနည်း တောင့်ခံနေရသည် ဟုသာ လူအများက သိရှိကြတော့သည်။

သို့သော် ဒီကာလအတွင်း ဟယ်ယွဲ့လျန်ကတော့ သူမ၏ တာဝန်ကို သေသေချာချာ ထမ်းဆောင်နေဆဲ ဖြစ်သည်။ သူမသည် သွေးကန်ထဲရှိ ယန်ကျန့်၏ အလောင်းကို အမြဲ စောင့်ကြပ်ပေးနေခဲ့သည်။

အစောပိုင်းကာလများနောက်ပိုင်း သူမ အိပ်မက်ထဲ ထပ်မံ ဝင်ရောက်ရခြင်း မရှိတော့သလို ယန်ကျန့်ဆီမှ မည်သည့် သတင်းစကားမျှလည်း ထပ်မံ မရရှိတော့ပေ။ သို့သော် သူမသည် ယန်ကျန့် အသက်ရှင်သလား သေဆုံးသွားပြီလား ဆိုသည်ကိုတော့ ထပ်မံ မစမ်းသပ်ရဲတော့ချေ။

အဘယ်ကြောင့်ဆိုသော် သူမတွင် အမှားခံနိုင်သည့် အရင်းအနှီး မရှိတော့သောကြောင့် ဖြစ်သည်။ ခြေလှမ်း တစ်လှမ်း မှားသွားသည်နှင့် သူမကို စောင့်ကြိုနေသည်မှာ သေခြင်းတရားသာ ဖြစ်ပေလိမ့်မည်။

"သူ တကယ် သေသွားပြီ ထင်တယ်"

ဟယ်ယွဲ့လျန်၏ စိတ်ထဲတွင် ဒီလို အတွေးမျိုး အကြိမ်ကြိမ် ပေါ်လာတတ်သည်။ သို့သော် အကြိမ်တိုင်းတွင် သူမသည် ဒီခန့်မှန်းချက်ကို ချက်ချင်းပင် ပြန်လည် ဖျောက်ဖျက်ပစ်လိုက်သည်။

ဒီနေ့ ညပိုင်းတွင် ပိတ်ဆို့ထားသည့် ဒီနယ်မြေထဲသို့ လူအချို့ ကျူးကျော်ဝင်ရောက်လာကြသည်။ သူတို့သည် သာမန်လူများ မဟုတ်ကြဘဲ မျိုးဆက်သစ် တစ္ဆေဆရာများ ဖြစ်ကြလေသည်။

မသိနားမလည်မှုကပင် သူတို့ကို ဒီနေရာထဲ ဝင်လာရန် သတ္တိများ ပေးလိုက်ခြင်း ဖြစ်ရမည်။

"ငါတို့ ဒီကို လာတဲ့ ရည်ရွယ်ချက်က တစ်ခုပဲ ရှိတယ် ယန်ကျန့် ဒီမှာ ထားခဲ့တဲ့ အလောင်းကောင် သံချောင်းကို ရှာဖို့ပဲ အဲဒီ သဘာဝလွန် ပစ္စည်းကို ရတာနဲ့ ငါတို့က ဘယ်တစ္ဆေကိုမဆို ရင်ဆိုင်နိုင်လိမ့်မယ် တခြား တစ္ဆေဆရာတွေကိုလည်း မကြောက်ရတော့ဘူး အောင်မြင်သွားရင် ငါတို့ အသက်ရှင်ဖို့ လမ်းစ ရှာတွေ့ပြီလို့ ပြောလို့ ရတယ်"

သူ၏ အမည်မှာ ဝမ်ကျော့ ဖြစ်သည်။ အသက် နှစ်ဆယ်ကျော်အရွယ် လူငယ် တစ်ဦး ဖြစ်ပြီး တက်ကြွလှုပ်ရှားသူ တစ်ဦး ဖြစ်သည်။ မတော်တဆမှု တစ်ခုကြောင့် သူ တစ္ဆေဆရာ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

သို့သော် ဒီခေတ်က တစ္ဆေဆရာများ၏ ဘဝက မလွယ်ကူလှပေ။

တစ္ဆေနိုးထမည့် အန္တရာယ်ကို ရင်ဆိုင်နေရသလို သဘာဝလွန် အရာများနှင့်လည်း အမြဲ တိုက်ခိုက်နေရသည်။ အသက်ဆက်နိုင်ရန်အတွက် ထိန်းချုပ်၍ ရမည့် တစ္ဆေများကို အမြဲ ရှာဖွေနေရလေသည်။ သို့သော် တစ္ဆေဆရာ ဖြစ်လာရန်ပင် မလွယ်ကူသည့် အခြေအနေတွင် ဒုတိယမြောက် တစ္ဆေကို ထိန်းချုပ်ရန် ဆိုသည်မှာ ပို၍ပင် ခက်ခဲလှပေသည်။

သို့သော် ဒီလမ်းကို ရွေးချယ်လိုက်ပြီးနောက်တွင်မူ နောက်ဆုတ်ရန် လမ်းမရှိတော့ချေ။ ထို့ကြောင့် ဝမ်ကျော့နှင့်အတူ နောက်ထပ် လူသုံးယောက်က တာချန်းမြို့သို့ လာရောက်ကာ အလောင်းအစား လုပ်ရန် ဆုံးဖြတ်လိုက်ကြခြင်း ဖြစ်သည်။

"အဲဒီ ယန်ကျန့်က သေချာပေါက် သေသွားပြီ ခြောက်လတောင် ပျောက်ကွယ်နေတာလေ တစ္ဆေဆရာလောကမှာ ဒီလောက်ကြာအောင် ငြိမ်နေတဲ့ လူတစ်ယောက် အသက်ပြန်ရှင်လာတာ တစ်ခါမှ မကြားဖူးဘူး သူက ခေါင်းဆောင်ဟောင်း ဖြစ်နေရင်တောင်မှပေါ့ ဒါကြောင့် ငါတို့ အခု စိုးရိမ်ရမှာက ဒီမှာ စောင့်ကြည့်နေတဲ့ လူ ရှိလား မရှိဘူးလား ဆိုတာပဲ"

ဘေးမှ လိုက်ပါလာသည့် တစ္ဆေဆရာ တစ်ယောက်က တိုးတိုးလေး ပြောလိုက်သည်။

"စောင့်ကြည့်နေတဲ့ လူ ရှိတယ်လို့ ကြားတယ် ဒါပေမဲ့ အဲဒီ သတင်းက အရင်က သတင်းအဟောင်းကြီးပါ အခု စောင့်နေတဲ့ လူ ရှိသေးလား ဆိုတာကတော့ မသေချာဘူး တစ္ဆေဆရာလောကမှာ ဒီအသားတုံးကြီးကို ချောင်းနေတဲ့ လူတွေ အများကြီးပဲ ဦးဆောင်မယ့် လူပဲ မရှိတာ ဝက်လို စားပြီး သေမလား ဒါမှမဟုတ် ကြောက်ပြီး ငတ်သေမလားပဲ ဒီနေ့ ငါတို့ကပဲ ဦးဆောင်မယ် ချမ်းသာရင် ချမ်းသာ မဟုတ်ရင် သေပေါ့"

"သေမယ် ဟုတ်လား အဲဒီလောက်လည်း မဟုတ်ပါဘူး စောင့်ကြည့်နေတဲ့ လူနဲ့ တွေ့ရင် တိုက်လိုက်ရုံပေါ့ ငါတို့ လေးယောက် ပေါင်းရင် အဲဒီလူကို သတ်နိုင်မှာပါ ပြီးရင် ယန်ကျန့်ရဲ့ အမွေအနှစ်တွေကို သိမ်းပိုက်ရုံပဲ တာချန်းမြို့ရဲ့ တာဝန်ခံ လီယန်လည်း ပျောက်နေတာ ရက်အတော်ကြာပြီ အခု တာဝန်ခံက ထုံချန်ပဲ ကြည့်ရတာ အရင်က တစ္ဆေဆရာတွေက တောင့်မခံနိုင်တော့ဘဲ သေကုန်ကြပြီ ထင်တယ် တကယ်လို့ ထုံချန်ပါ ထွက်သွားရင် တစ္ဆေဆရာတွေ အများကြီး တာချန်းမြို့ကို ဝင်လာပြီး အပိုင်စီးကြတော့မှာ"

နောက်တစ်ယောက်က လှောင်ပြုံးဖြင့် ပြောဆိုလိုက်သည်။

"ငြိမ်ငြိမ်နေကြ ရှေ့မှာ သွေးကန် ရောက်တော့မယ်"

ဝမ်ကျော့က လေသံမာမာဖြင့် ပြောလိုက်သည်။ ကျန်ရှိသည့် လူများလည်း ချက်ချင်းပင် ငြိမ်သက်သွားကြလေသည်။

ပတ်ဝန်းကျင်က အခြေအနေများမှာ တဖြည်းဖြည်း ထူးဆန်းလာသည်။ မြေကြီးများမှာ မီးလောင်ထားသကဲ့သို့ မည်းနက်နေသည်။ ခြောက်လ ကြာမြင့်သွားပြီ ဆိုသော်လည်း ဒီနေရာကို ဝင်လာသည့် အခါ လေထုက ပူလောင်နေဆဲ ဖြစ်သည်။ အသက်ရှူရသည်မှာ တကယ်ကို မသက်မသာ ဖြစ်စေလေသည်။

"ဟိုမှာကြည့် အဲဒီမှာ စိုက်ထားတဲ့ လှံရှည်က ယန်ကျန့်ရဲ့ သဘာဝလွန် လက်နက် မဟုတ်လား"

ရုတ်တရက် လူတစ်ယောက်က မလှမ်းမကမ်းကို ညွှန်ပြပြီး ပြောလိုက်သည်။

အနီရောင် လှံရှည်မှာ မြေကြီးထဲတွင် စိုက်ထူထားဆဲ ဖြစ်သည်။ အချိန်များစွာ ကုန်လွန်သွားသော်လည်း အသစ်အတိုင်း ရှိနေဆဲ ဖြစ်သည်။

"ယန်ကျန့်ရဲ့ အလောင်းကောင် သံချောင်းက အဲဒီ လှံရှည်ရဲ့ အမြီးပိုင်းမှာ ရှိတယ်လို့ သတင်းကြားတယ် လှံရှည်ကို ဆွဲနှုတ်လိုက်တာနဲ့ မြေကြီးထဲက အလောင်းကောင် သံချောင်းကို ယူလို့ ရပြီ"

ဝမ်ကျော့က အနီရောင် လှံရှည်ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။ ညအမှောင်ထဲတွင် အနီရောင် လှံရှည်က ပိုမို၍ ထင်ရှားနေလေသည်။

"ဒီလောက် အချိန်အကြာကြီးမှာ ယန်ကျန့်ရဲ့ လက်နက်ကို တာချန်းမြို့ တာဝန်ခံ လီယန် ယူသွားပြီလို့ ငါ ထင်နေတာ ငါတို့ လာတာ အလကား ဖြစ်တော့မယ်လို့တောင် စိုးရိမ်နေတာ အခုတော့ ကံကောင်းသွားပြီ"

ဘေးမှ လူက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"သတိထားပြီး အနားကို ကပ်သွားရအောင်"

ဝမ်ကျော့က ကျန်သည့် လူများကို အချက်ပြပြီး လှံရှည်ဆီသို့ ဖြည်းညှင်းစွာ ချဉ်းကပ်သွားကြသည်။

အရာအားလုံးက ချောမွေ့နေသည်။ အနားသို့ ကပ်သွားရာတွင် မည်သည့် အန္တရာယ်မှ မတွေ့ရသလို သဘာဝလွန် တိုက်ခိုက်မှုလည်း မရှိပေ။ သို့သော် သူတို့ကတော့ သတိထားနေဆဲ ဖြစ်သည်။ ဒီနေရာတွင် အန္တရာယ် ရှိမည်ကို သူတို့ သိသော်လည်း ယခုထိ ပေါ်မလာသေးခြင်းသာ ဖြစ်ပေသည်။

"နီးနေပြီ"

လှံရှည်က လက်တစ်ကမ်း အကွာတွင် ရှိနေသည်ကို ကြည့်ပြီး ဝမ်ကျော့ ရင်ခုန်လာသည်။ ဒါပေမဲ့ သူတို့က လက်နက်ကိုသာ စိုက်ကြည့်နေကြသဖြင့် မြေကြီးပေါ်တွင် ရေးဆွဲထားသည့် သတိပေး မျဉ်းကြောင်းနားသို့ ရောက်နေသည်ကို သတိမထားမိကြချေ။

ဒါက သတိပေး မျဉ်းကြောင်းတင် မဟုတ်ဘဲ အသက်နှင့် သေခြင်းတရားကို ခွဲခြားထားသည့် မျဉ်းကြောင်းလည်း ဖြစ်ပေသည်။

ထိုအချိန်တွင် အေးစက်စက် အသံတစ်ခုက ညအမှောင်ထဲတွင် ပဲ့တင်ထပ် ထွက်ပေါ်လာလေသည်။

"ရပ်လိုက်တော့ မင်းတို့ အနားကို ထပ်ကပ်လာရင် ဒီမှာပဲ အကုန် သေလိမ့်မယ်"

ဘယ်သူလဲ…..

လူလေးယောက်စလုံး လန့်သွားပြီး ချက်ချင်း ခြေလှမ်း ရပ်လိုက်ကြသည်။ ပတ်ဝန်းကျင်ကိုလည်း အမြန် ရှာဖွေကြည့်လိုက်ကြသည်။

မကြာမီ သူတို့၏ မျက်လုံးများ ပြူးကျယ်သွားကြသည်။

မလှမ်းမကမ်းရှိ မြေကွက်လပ်တွင် အမျိုးသမီး တစ်ယောက် ရပ်နေလေသည်။ သူမသည် အနီရောင် မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားပြီး ခေါင်းတွင်လည်း အနီရောင် ခေါင်းဆောင်း ဆောင်းထားသည်။ ညအမှောင်ထဲတွင် သူမ၏ ကိုယ်မှ အနီရောင် အလင်းဖျော့ဖျော့ ထွက်နေသည်မှာ တကယ်ကို ကြောက်စရာ ကောင်းလှပေသည်။

"ဒါ ဟယ်ယွဲ့လျန်ပဲ တစ္ဆေပန်းချီကားကို ထိန်းချုပ်ထားတဲ့ အမျိုးသမီးလို့ သတင်းကြားတယ်"

အဖွဲ့ထဲမှ အမျိုးသမီး တစ္ဆေဆရာက ကြောက်လန့်တကြား အော်ပြောလိုက်သည်။

"ဟယ်ယွဲ့လျန် ဟုတ်လား ဒီမိန်းမက ဘာလို့ ဒီမှာ ရှိနေတာလဲ"

ဝမ်ကျော့ မျက်နှာ ပျက်သွားသည်။ အခြေအနေ မကောင်းမှန်း သူ သိလိုက်ပြီ ဖြစ်သည်။

သူတို့သည် မျိုးဆက်သစ် တစ္ဆေဆရာများ ဖြစ်ကြသော်လည်း အရင် မျိုးဆက်မှ ဌာနချုပ် ခေါင်းဆောင်များကိုတော့ ကြောက်ရွံ့ကြသည်။ သို့သော် ခေါင်းဆောင်များက လက်ချိုးရေ၍ ရသည့် အနည်းငယ်သာ ကျန်ရှိတော့သဖြင့် သူတို့နှင့် ဆုံလိမ့်မည်ဟု မထင်ထားခဲ့ကြချေ။ အခုတော့ ဒီမှာ တစ်ယောက်နှင့် လာရောက် ဆုံတွေ့နေရပြီ ဖြစ်သည်။

"ဝမ်ကျော့ ဘယ်လို လုပ်မလဲ တိုက်ကြမလား"

ဘေးမှ လူက သတိထား၍ မေးလိုက်သည်။

ဝမ်ကျော့ ဘာလုပ်ရမည်ကို မသိဘဲ ဝေခွဲမရ ဖြစ်နေသည်။ တစ်ဖက်တွင် ခေါင်းဆောင်ဟောင်း ဆိုသဖြင့် ကြောက်စရာ ကောင်းနေပြီး အခြားတစ်ဖက်တွင်လည်း ယန်ကျန့်၏ လက်နက်က လက်တစ်ကမ်းတွင် ရှိနေသည်။ ဒါကို ရရှိပါက သူတို့ အောင်မြင်ပြီ မဟုတ်ပါလား။

ဒါဟာ ရွေးချယ်ရ ခက်ခဲသည့် ကိစ္စ ဖြစ်ပေသည်။ သို့သော် ဒီနေရာတွင် မှားယွင်း ရွေးချယ်၍ မရပေ၊ မှားယွင်းသွားပါက သေဆုံးရမည် ဖြစ်သည်။

"ငါတို့ လေးယောက် ပေါင်းရင် ဒီဟယ်ယွဲ့လျန်ကို ယှဉ်နိုင်မလား ခဏလောက် တောင့်ခံနိုင်ရင်တောင် ရပြီ သူမရဲ့ တာဝန်က သွေးကန်ကို စောင့်ဖို့ပဲ ဖြစ်လိမ့်မယ် ဒီလက်နက်ကို စောင့်နေတာ မဟုတ်လောက်ဘူး ငါတို့ သူမကို အချိန်ဆွဲထားပြီး လက်နက်ကို ယူပြေးရင် သူမ လိုက်လာမှာ မဟုတ်ဘူး"

ဝမ်ကျော့၏ မျက်လုံးများက တုန်လှုပ်နေသည်။ သူ၏ ခေါင်းထဲတွင် ရဲတင်းသည့် အကြံတစ်ခု ပေါ်လာလေသည်။

ထိုအချိန်တွင် ဟယ်ယွဲ့လျန်၏ အသံက ထပ်မံ ထွက်ပေါ်လာသည်။

"အခု ခေတ်မှာ တစ္ဆေဆရာတွေ ရှားပါးနေတာကို ထောက်ထားပြီး ငါ မင်းတို့ကို လွှတ်ပေးမယ် ဒီနေရာမှာ အလကား သေမသွားပါနဲ့ ယန်ကျန့်ရဲ့ လက်နက်က မင်းတို့ ထိလို့ ရတဲ့ အရာ မဟုတ်ဘူး"

"ငါတို့ ဒီကို လာတာ အသက်ရှင်ဖို့ လမ်းစ ရှာဖို့ပဲ အခွင့်အရေးက ရှေ့မှာ ရှိနေမှတော့ ငါ လက်မလျှော့နိုင်ဘူး"

ဝမ်ကျော့က ပြတ်သားစွာ ပြောဆိုလိုက်သည်။

"ဟုတ်တယ် မင်းက ဌာနချုပ် ခေါင်းဆောင် ဖြစ်နေရင်တောင် ငါတို့ရဲ့ အသက်ရှင်ခွင့်ကို ပိတ်ပင်ပိုင်ခွင့် မရှိဘူး မင်း ဒီကိစ္စမှာ ဝင်မပါဖို့ ငါ မျှော်လင့်တယ် တကယ်လို့ တိုက်ပွဲ ဖြစ်ရင် ဘယ်သူ့အတွက်မှ မကောင်းဘူး မင်းက ခေါင်းဆောင်မို့လို့ အစွမ်းထက်တယ် ဆိုတာ သိတယ် ဒါပေမဲ့ ငါတို့လည်း အသုံးမကျတဲ့ လူတွေ မဟုတ်ဘူး တစ္ဆေနိုးထတဲ့အထိ တိုက်မယ် ဆိုရင် ခေါင်းဆောင် တစ်ယောက်ကိုတော့ အောက်ဆွဲချနိုင်မှာပဲ"

သူတို့သည် ဟယ်ယွဲ့လျန်ကို စိုက်ကြည့်ပြီး အသေခံ တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြသည်။ အခြေအနေက တင်းမာလာလေသည်။ သို့သော် မကြာမီ အခြေအနေက ပြောင်းလဲသွားသည်။

မြေကွက်လပ်တွင် ရပ်နေသည့် ဟယ်ယွဲ့လျန်၏ ပုံရိပ်က တဖြည်းဖြည်း မှေးမှိန်သွားပြီး သူတို့ ရှေ့မှ ပျောက်ကွယ်သွားလေသည်။

"ပျောက်သွားပြီလား သူမ တိုက်တော့မှာလား"

"တိုက်မယ့် လက္ခဏာ မရှိဘူး သဘာဝလွန် စွမ်းအား အနားကပ်လာတာကို ငါ မခံစားရဘူး"

"ကြည့်ရတာ ငါတို့ အသေခံ တိုက်မှာကို ကြောက်လို့ သူမ နောက်ဆုတ်သွားတာ ထင်တယ် ခေါင်းဆောင် ဆိုတာလည်း ဒီလောက်ပါပဲ ဟုတ်တယ်လေ ဒီဟယ်ယွဲ့လျန်က ဌာနချုပ်မှာ အစွမ်းအထက်ဆုံး မဟုတ်ဘူး အစွမ်းအထက်ဆုံးက ယန်ကျန့်ပဲ ယန်ကျန့် အသက်ပြန်ရှင်မလာသရွေ့ ဒီမိန်းမက ငါတို့ကို သတ်နိုင်တဲ့ အရည်အချင်း မရှိပါဘူး"

သူတို့ စကားပြောဆိုလိုက်ကြသည်။

ဝမ်ကျော့က ပြောလိုက်သည်။

"အချိန်မဖြုန်းနဲ့ ဟယ်ယွဲ့လျန် ထွက်သွားတုန်း လှံရှည်ကို ယူပြီး ဒီကနေ မြန်မြန် ထွက်ရအောင်"

"ကောင်းပြီ အခုပဲ လုပ်မယ်"

ကျန်ရှိသည့် လူများလည်း မတွေးတော့ဘဲ ဝမ်ကျော့ နောက်မှ လှံရှည်ဆီသို့ အမြန် သွားလိုက်ကြသည်။ သူတို့ သတိမထားမိလိုက်သည်မှာ အဲဒီ သတိပေး မျဉ်းကြောင်းကို သူတို့ ကျော်လွန်သွားပြီ ဆိုသည်ကိုပင် ဖြစ်သည်။

ထိုအချိန်တွင် ထူးဆန်းသည်များ ဖြစ်ပေါ်လာလေသည်။

မြေကြီးပေါ်တွင် ငြိမ်သက်နေသည့် လှံရှည်က ရုတ်တရက် တုန်ခါလာသည်။ မှန်းဆ၍ မရသည့် သဘာဝလွန် စွမ်းအားတစ်ခု နိုးထလာပြီး လက်နက်ကို လွှမ်းမိုးလိုက်သလိုပင်။

ချက်ချင်းပင် တုန်ခါနေသည့် လှံရှည်က မြေကြီးထဲမှ ထွက်ပေါ်လာပြီး မယုံနိုင်စရာ အရှိန်ဖြင့် သူတို့ဆီသို့ ပျံသန်းလာသည်။

"သတိထား"

ဝမ်ကျော့ အော်လိုက်သည်။ သို့သော် သူ စကားပင် မဆုံးသေးမီ ဘေးမှ လူတစ်ယောက် လွင့်ထွက်သွားပြီး လှံရှည်က သူ၏ ကိုယ်ကို ထိုးဖောက်ကာ မြေကြီးပေါ်တွင် အသေစိုက်ထားလိုက်ပြီ ဖြစ်သည်။

"ဒါ ဘယ်လို ဖြစ်တာလဲ"

မြေကြီးပေါ်တွင် အစိုက်ခံလိုက်ရသည့် လူက သွေးများ အန်ပြီး မယုံနိုင်သလို ကြည့်နေလေသည်။

"လှံရှည်ကို မြန်မြန် ဆွဲနှုတ်လိုက် မဟုတ်ရင် သူ သေလိမ့်မယ် ဒီလှံမှာ အလောင်းကောင် သံချောင်း ပါတယ် သူ့ကိုယ်ထဲက သဘာဝလွန် စွမ်းအားကို ဖိနှိပ်ထားလိမ့်မယ် သဘာဝလွန် စွမ်းအား မရှိရင် ဒီဒဏ်ရာနဲ့ သူ အသက်မရှင်နိုင်ဘူး"

ဝမ်ကျော့က အလျင်စလို ပြောရင်း အနားသို့ ပြေးသွားသည်။

"ငါ လုပ်မယ်"

နောက်ထပ် တစ္ဆေဆရာ တစ်ယောက်က ပြောပြီး ပျောက်ကွယ်သွားသည်။

"တစ္ဆေနယ်မြေလား မင်းမှာ တစ္ဆေနယ်မြေ ရှိတာပဲ လီချန် မင်း တကယ် ဝှက်ထားတာပဲ"

ဝမ်ကျော့ အံ့သြသွားသည်။ မဟုတ်သေးချေ၊ သူ တစ္ဆေနယ်မြေကို အသုံးပြုသည်မှာ လှံရှည်ကို ယူပြီး ထွက်ပြေးရန် ဖြစ်သည်။

လီချန် ဆိုသည့် လူက လှံရှည် ဘေးတွင် ချက်ချင်း ပေါ်လာပြီး လှောင်ပြုံးဖြင့် ပြောလိုက်သည်။

"တောင်းပန်ပါတယ် အလောင်းကောင် သံချောင်းက တစ်ခုပဲ ရှိတာလေ"

ပြောပြီးသည်နှင့် သူက အနီရောင် လှံရှည်ကို လှမ်းကိုင်လိုက်သည်။ ထိုအချိန်တွင် လီချန်သည် အလွန်ပင် စိတ်လှုပ်ရှားနေသည်။ နာမည်ကျော်လှသည့် အလောင်းကောင် သံချောင်းက သူ၏ လက်ထဲ ရောက်ရှိတော့မည် မဟုတ်ပါလော။

သို့သော် သူ လှံကို ကိုင်လိုက်သည့် အချိန်မှာပင် သူ၏ မျက်နှာက တောင့်တင်းသွားသည်။ သူ၏ အသားများက ချက်ချင်းပင် ပြာနှမ်းသွားပြီး မြေကြီးပေါ်သို့ မှောက်ရက် ကျသွားတော့သည်။ အသက်လည်း မရှိတော့ပေ။

ဒါကို မြင်သောအခါ ဝမ်ကျော့နှင့် ကျန်ရှိနေသည့် အမျိုးသမီး တစ္ဆေဆရာလည်း ကြောင်အမ်းသွားကြသည်။

"ဒါ ကျိန်စာပဲ လှံပေါ်မှာ ကျိန်စာ ရှိတယ် လက်နဲ့ တိုက်ရိုက် မကိုင်နဲ့ လက်အိတ် သုံး"

ဝမ်ကျော့ သတိဝင်လာပြီး ရွှေလက်အိတ် တစ်စုံကို ထုတ်လိုက်သည်။ ဒီလက်အိတ်က ရွှေကြိုးများဖြင့် ရက်လုပ်ထားခြင်း ဖြစ်သည်။ သဘာဝလွန် ပစ္စည်းများကို ကိုင်တွယ်သည့် အခါ ကျိန်စာ မသင့်စေရန် အသုံးပြုခြင်း ဖြစ်သည်။

သူတို့ မျိုးဆက်က အားမကောင်းသေးသော်လည်း သဘာဝလွန် အရာများကို ရင်ဆိုင်သည့် နည်းလမ်းများကတော့ ပျံ့နှံ့နေပြီ ဖြစ်ရာ လူတိုင်းက ဒါတွေကို မှတ်သားထားကြသည်။ စောစောက လီချန်သည် မသိနားမလည်ခြင်း မဟုတ်ဘဲ လောဘ ကြီးသွားသဖြင့် သတိလက်လွတ် ဖြစ်သွားခြင်း ဖြစ်သည်။ အကယ်၍ သူ သတိထားပါက အလောင်းကောင် သံချောင်းကို သူ တကယ် ယူသွားနိုင်ပေလိမ့်မည်။

ဝမ်ကျော့ လက်အိတ် ဝတ်လိုက်သည့် အချိန်မှာပင် လှံရှည်က ထပ်မံ၍ တုန်ခါလာပြန်သည်။

"သတိထား ဒုတိယ အကြိမ် တိုက်ခိုက်တော့မယ် သဘာဝလွန် စွမ်းအားနဲ့ မခုခံနဲ့ အလောင်းကောင် သံချောင်းက သဘာဝလွန် စွမ်းအားကို ဖောက်ထွက်နိုင်တယ် လှံ ပျံလာတဲ့ အချိန်ကျမှ လက်အိတ်နဲ့ ဖမ်းရမယ်"

ဝမ်ကျော့ သတိပေးလိုက်သည်။ သူကိုယ်တိုင်လည်း ချွေးစေးများ ထွက်နေပြီ ဖြစ်သည်။

ဒါက လူမရှိသည့် လက်နက် တစ်ခုသာ ရှိသေးသည်၊ သူတို့ လူနှစ်ယောက်ကို အလွယ်တကူ သတ်ပစ်လိုက်ပြီ ဖြစ်သည်။ ယခု သံချောင်းကို ယူနိုင်မလား ဆိုသည်မှာလည်း မသေချာချေ။ စောစောက ဟယ်ယွဲ့လျန် ဘာကြောင့် မတိုက်ခိုက်သလဲ ဆိုသည်မှာ သူမ မတိုက်ခိုက်လျှင်ပင် ငါတို့ ဒီလှံကို မယှဉ်နိုင်မှန်း သိနေ၍လား။

ရယ်စရာပင် ဖြစ်ကာ တစ္ဆေဆရာ အချင်းချင်း ဒီလောက်အထိ ကွာခြားရန် မဖြစ်နိုင်ပေ။

ခဏလေးအတွင်းမှာပင် လှံရှည်က ဝမ်ကျော့ဆီသို့ ပျံသန်းလာသည်။ အရှိန်က အလွန်ပင် မြန်ဆန်လှသည်။

"မင်းဆီ လာနေပြီ ဝမ်ကျော့"

ဘေးမှ အမျိုးသမီးက အော်ပြောလိုက်သည်။

"မြင်တယ်"

ဝမ်ကျော့ ခန္ဓာကိုယ်ကို ကိုင်းညွှတ်ပြီး လှံကို ရှောင်တိမ်းလိုက်သည်။ အလောင်းကောင် သံချောင်းနှင့် မထိတွေ့သရွေ့ သူ မကြောက်ချေ။ လှံက လွဲချော်သွားသောအခါ ခဏလေး ရပ်တန့်သွားသည်။

"အခုပဲ"

ဝမ်ကျော့က လှံကို လက်အိတ်ဖြင့် အမိအရ ဖမ်းဆုပ်လိုက်သည်။ လှံက ရုန်းကန်နေသော်လည်း ဝမ်ကျော့ကလည်း အားဖြင့် ဖိထားလေသည်။ တစ္ဆေဆရာ၏ ခွန်အားကလည်း မနည်းလှပေ။

"ငါ ကူမယ်"

အမျိုးသမီးကလည်း ပြေးလာပြီး လှံကို ဝိုင်းဖမ်းလေသည်။

"မြန်မြန်လုပ် သံချောင်းကို ဖြုတ်ပြီး ဒီကနေ ပြေးရအောင်"

ဝမ်ကျော့က အော်ပြောလိုက်သည်။ ဒီလှံက ကြောက်စရာ ကောင်းလွန်းသည်။ သူ လိုချင်သည်မှာ အလောင်းကောင် သံချောင်းသာ ဖြစ်သည်။

အမျိုးသမီးက သံချောင်းကို ဆွဲဖြုတ်လိုက်သောအခါ အလွယ်တကူပင် ထွက်ပေါ်လာလေသည်။

"ပြေးမယ်"

ဝမ်ကျော့ လှံကို လွှတ်လိုက်ပြီး အမျိုးသမီးကို ခေါ်ကာ ဒီနေရာမှ ထွက်ပြေးတော့သည်။ သံချောင်း မရှိတော့လျှင် သူ မကြောက်တော့ပေ။

"တကယ် အောင်မြင်သွားတာပဲ"

ဘေးကင်းသည့် နေရာ ရောက်သောအခါ အမျိုးသမီးက လက်ထဲမှ သံချောင်းကို ကြည့်ပြီး ဝမ်းသာနေလေသည်။ ဝမ်ကျော့လည်း သံချောင်းကို ကြည့်ပြီး ပြုံးလိုက်သည်။ လူနှစ်ယောက် ဆုံးရှုံးသွားသော်လည်း ရလဒ်ကတော့ တန်ဖိုးရှိလှသည်။ ဒီသံချောင်း ရှိပါက သူ အောင်မြင်ပြီ ဖြစ်သည်။

သို့သော် သူတို့ ပြုံးနေစဉ်မှာပင် အဝေးမှ ပြင်းထန်သည့် အလင်းတန်း တစ်ခု ပေါ်လာလေသည်။

"ဒါ ဘာဖြစ်တာလဲ"

ဝမ်ကျော့ မျက်လုံးကို ကွယ်လိုက်ရသည်။ အလင်းတန်း ပျောက်ကွယ်သွားပြီး ဝမ်ကျော့ မျက်လုံး ပြန်ဖွင့်လိုက်သည့် အခါ သူ ကြောင်အမ်းသွားသည်။ သူ မြေကြီးပေါ်တွင် လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။

ဝမ်ကျော့ ချက်ချင်း ထထိုင်လိုက်သည်။ သူ၏လက်ကို ကြည့်လိုက်သောအခါ လက်အိတ် မရှိတော့ချေ။ ဘေးကို ကြည့်လိုက်သောအခါ ကျန်ရှိသည့် လူသုံးယောက်စလုံး အိပ်ပျော်နေသကဲ့သို့ လဲနေကြသည်ကို တွေ့ရသည်။

"ဝမ်ကျော့ သံချောင်း ဘယ်မှာလဲ စောစောက ငါ ရလိုက်တဲ့ သံချောင်း ဘယ်မှာလဲ"

အမျိုးသမီးလည်း နိုးလာပြီး ပတ်ဝန်းကျင်ကို ရှာဖွေနေသည်။ ဒါပေမဲ့ ဘာမှ မရှိပေ။ ဝမ်ကျော့ ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ကောင်းကင်က ပြာလွင်နေပြီး နေရောင်က တောက်ပနေသည်။ ထိုအချိန်တွင် သူ ပြုံးလိုက်မိသည်၊ ဒါပေမဲ့ အဲဒီ အပြုံးထဲမှာ ကြောက်ရွံ့မှုများ ပါဝင်နေလေသည်။

"သံချောင်း မရှိဘူး ဘာမှ မရှိဘူး ငါတို့ စောစောက အိပ်မက် မက်နေတာပဲ နေ့ခင်းကြောင်တောင် အိပ်မက် မက်နေတာ"

ဝမ်ကျော့ သူ၏ အခြေအနေကို နားလည်သွားပြီ ဖြစ်သည်။ ဒါပေမဲ့ နားလည်လေ ပိုကြောက်လေပင်။ ဘယ်အချိန်က အိပ်မက်ထဲ ရောက်သွားမှန်း သူ မသိလိုက်ချေ။ အိပ်မက်နှင့် လက်တွေ့ ဘာကွာသလဲ ဆိုသည်ကို သူ မခွဲခြားနိုင်ခဲ့ပေ။

သွေးကန်ဘေးကို လှမ်းကြည့်လိုက်သောအခါ လှံရှည်က အဲဒီမှာပင် ရှိနေဆဲ ဖြစ်သည်။ ဘာမှ မလှုပ်ရှားခဲ့ချေ။ ဝမ်ကျော့ လှမ်းကြည့်ပြီး မသွားရဲတော့ပေ။ ဒီလောက် အဆင့်ရှိသည့် သဘာဝလွန် စွမ်းအားကို သူ မယှဉ်နိုင်ချေ။ ဒီနေ့ အသက်မသေခြင်းကပင် ကံကောင်းလှပြီ ဖြစ်သည်။

"သွားမယ် ဒီကနေ ထွက်ရအောင်"

ဝမ်ကျော့က ထပြီး ပြောလိုက်သည်။

"အိပ်မက် တစ်ခုပဲလား"

အမျိုးသမီးကလည်း ငိုင်နေပြီးမှ သတိဝင်လာသည်။ သူတို့ နှစ်ယောက် ဒီနေရာမှ အမြန် ထွက်ပြေးကြသည်။ သို့သော် ကျန်သည့် လူနှစ်ယောက်ကတော့ မြေကြီးပေါ်တွင် နိုးမလာတော့ချေ။ ဝမ်ကျော့ ပြန်ကြည့်လိုက်သောအခါ လီချန်တို့က အသက်မရှိတော့သည်ကို တွေ့လိုက်ရသည်။ သူ၏ ရင်ထဲ တုန်လှုပ်သွားသည်။

အိပ်မက်ထဲတွင် သေဆုံးပါက တကယ် သေဆုံးခြင်း ဖြစ်ပေသည်။

သူတို့ ထွက်သွားပြီးနောက် ပျောက်ကွယ်သွားသည့် ဟယ်ယွဲ့လျန် ပြန်လည် ပေါ်လာလေသည်။ ဟယ်ယွဲ့လျန်က သေဆုံးနေသည့် လူနှစ်ယောက်ကို ကြည့်ပြီး သွေးကန်ထဲရှိ ယန်ကျန့်၏ အလောင်းကို ပြောလိုက်သည်။

"နင် ငါ့ကို သူတို့ကို သတ်ခိုင်းသင့်တာ အခု တစ္ဆေဆရာလောကမှာ နင့်ကို ချောင်းနေတဲ့ လူတွေ ရှိနေပြီ ငါ သတ်လိုက်ရင် သူတို့ကို သတိပေးပြီးသား ဖြစ်မှာလေ"

ဒါပေမဲ့ ယန်ကျန့်၏ အလောင်းကတော့ ငြိမ်သက်နေဆဲ ဖြစ်သည်။ ဟယ်ယွဲ့လျန် စောင့်ကြည့်သော်လည်း ဘာမှ ပြန်လည် မတုံ့ပြန်ပေ။ သူမလည်း ထပ်မပြောတော့ဘဲ ပျောက်ကွယ်သွားလေသည်။

သို့သော် ထိုအချိန်တွင် သွေးကန်ထဲရှိ ယန်ကျန့်၏ အလောင်းက အနည်းငယ် လှုပ်ရှားလာသည်။ လေတိုက်သကဲ့သို့မျိုး လှုပ်ရှားခြင်း ဖြစ်သည်။ အရင် လများက ယန်ကျန့်၏ အလောင်းက တစ်ချက်မှ မလှုပ်ရှားခဲ့ပေ။ လှုပ်ရှားမှု ရှိလာပြီ ဆိုသည်မှာ တစ်ခုခု ဖြစ်တော့မည် ဆိုသည့် အဓိပ္ပာယ်ပင် ဖြစ်သည်။ သဘာဝလွန် အရာများ၏ တိုက်ပွဲက ပြီးဆုံးတော့မည် ဆိုသည်ကို ဖော်ပြနေခြင်း ဖြစ်ပေသည်။

တစ္ဆေအိပ်မက်ထဲတွင်…..

"အဲဒီ ဝမ်ကျော့ ဆိုတဲ့ ကောင်လေးက အလားအလာ ရှိသားပဲ တစ္ဆေအိပ်မက်ရဲ့ စမ်းသပ်မှုကို ကျော်ဖြတ်နိုင်တယ် ဒါကြောင့် သူ့ကို လွှတ်ပေးလိုက်တာပေါ့ အခု ခေတ်မှာ တစ္ဆေဆရာတွေ အများကြီး လိုအပ်နေတာပဲ လူနှစ်ယောက်ကို သတ်ပြီး သတိပေးလိုက်ရင် ရပြီ"

ယန်ကျန့်က ခွေးကျောင်းရင်း တွေးနေသည်။ ဒီကာလအတွင်း သူသည် တစ္ဆေအိပ်မက်ကို ပိုမို ကျွမ်းကျင်လာပြီ ဖြစ်သည်။

ဟင်

ယန်ကျန့် ခြေလှမ်း ရပ်လိုက်သည်။ ထူးဆန်းသည့် ခံစားချက်တစ်ခု ပေါ်လာသည်။ သူ နိုးထတော့မည့် ခံစားချက်ပင် ဖြစ်သည်။ ယန်ကျန့် ခဏမျှ ရပ်နေပြီး ပြုံးလိုက်သည်။

"အချိန်တန်ပြီပဲ သွေးကန်ထဲက မျှခြေက ပျက်သွားပြီ နောက်ဆုံး အနိုင်ရတဲ့ လူက ငါပဲ"

အခန်း ၁၅၆၆ - နိုးထလာခြင်း

ခြောက်လ

ခြောက်လတိတိ

တစ္ဆေအိပ်မက် ကမ္ဘာထဲမှာ နေထိုင်နေတဲ့ ယန်ကျန့်ဟာ နောက်ဆုံးတော့ ဒီနေ့ကို စောင့်မျှော်နိုင်ခဲ့ပြီ ဖြစ်သည်။ သူဟာ တစ်ချိန်က တစ္ဆေသွေးကို ထိန်းချုပ်မယ့် အစီအစဉ် ကျရှုံးသွားပြီလို့တောင် သံသယ ဝင်ခဲ့မိသေးသည်။ မိမိကိုယ်မိမိ တစ္ဆေအိပ်မက် ကမ္ဘာထဲမှာပဲ အသိစိတ် တစ်ခုအနေနဲ့ ဆက်ရှိနေပြီး ဘယ်တော့မှ နိုးထလာနိုင်မှာ မဟုတ်ဘူးလို့ ထင်ခဲ့တာပဲ။ ဘာလို့လဲဆိုတော့ တစ္ဆေဆရာ တစ်ယောက်အတွက် ခြောက်လဆိုတဲ့ အချိန်က တကယ်ကို ကြာလွန်းလို့ ဖြစ်သည်။

ကံကောင်းတာက အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ရတာဟာ နောက်ဆုံးတော့ မျှော်လင့်ချက် ရောင်ခြည်ကို မြင်တွေ့ခဲ့ရပြီပဲ ဖြစ်သည်။

"အရာအားလုံး အဆင်ပြေရင် အလွန်ဆုံး သုံးရက်အတွင်း ငါ နိုးလာနိုင်လိမ့်မယ်"

ယန်ကျန့်က စိတ်ထဲကနေ တွက်ချက်လိုက်သည်။

ဘာလို့လဲဆိုတော့ တင်းမာနေတဲ့ အခြေအနေဟာ တစ်ခါ ပြိုလဲသွားတာနဲ့ ချိန်ခွင်လျှာဟာ တစ်ဖက်ကို အရှိန်အဟုန်နဲ့ ယိမ်းယိုင်သွားတော့မှာ မို့လို့ပဲ ဖြစ်သည်။

ဒီလို အခြေအနေမျိုးမှာ ယန်ကျန့်အတွက် ရလဒ် နှစ်ခုပဲ ရှိနိုင်သည်။ တစ်ခုက တစ္ဆေနိုးထမှုကြောင့် သေဆုံးသွားဖို့ ဖြစ်ပြီး နောက်တစ်ခုကတော့ တစ္ဆေသွေးကို ထိန်းချုပ်ပြီး တစ္ဆေဘတ်စ်ကားရဲ့ စွမ်းအားကို ရင်ဆိုင်ကာ သဘာဝလွန် မျှခြေအသစ် တစ်ခုကို တည်ဆောက်နိုင်ဖို့ပဲ ဖြစ်သည်။

ပထမ ရလဒ်သာ ဆိုရင် ယန်ကျန့်ဟာ အခုချိန်ထိ တစ္ဆေအိပ်မက်ထဲမှာ အေးအေးဆေးဆေး ရှိနေနိုင်မှာ မဟုတ်ဘူး။ ဒုတိယ ရလဒ်မို့လို့သာ သူဟာ အခုလို နိုးထတော့မယ့် ခံစားချက်မျိုးကို ရရှိနေတာ ဖြစ်သည်။

ဒါကြောင့် ဒီခံစားချက် ပေါ်လာတာနဲ့ ယန်ကျန့်ဟာ သဘောပေါက်သွားပြီ ဖြစ်သည်။ ဒီနောက်ဆုံး အကြိမ် အလောင်းအစားမှာ သူ အနိုင်ရသွားခဲ့ပြီ။

ဒါပေမဲ့ ခြောက်လဆိုတဲ့ အချိန်ကတော့ အရမ်းကို ကြာလွန်းလှသည်။

ယန်ကျန့်ဟာ ကျန်းဝေ့နဲ့ ကျန်းယန်တို့ဆီကနေ အပြင်ဘက်က အခြေအနေတွေကို သိထားခဲ့သည်။ အခု တစ္ဆေဆရာလောကက အရင်နဲ့ လုံးဝ မတူတော့ဘူး ဆိုတာကို သူ သိသည်။ ဌာနချုပ်က အခုချိန်မှာ အခြေအနေ တကယ် ဆိုးနေပြီး မနည်း တောင့်ခံနေရသည်။ ကျန်တဲ့ ခေါင်းဆောင်တွေရဲ့ အခြေအနေကလည်း မဟန်တော့ဘူး။ သေသူသေ ပျောက်သူပျောက် ဖြစ်နေကြသည်။ အခု မြင်တွေ့နေရတဲ့ ခေါင်းဆောင်ဆိုလို့ သုံးယောက်ပဲ ကျန်တော့သည်။

ဟဲယင်အာ၊ လီလဲ့ဖိန်နဲ့ ဟယ်ယွဲ့လျန် တို့ပဲ ဖြစ်ကြသည်။

တခြား အရန်ခေါင်းဆောင်တွေကတော့ ခေါင်းဆောင်အဆင့်ကို မရောက်ခင်မှာတင် လောကထဲကနေ ထွက်ခွာသွားကြပြီ ဖြစ်သည်။

ဘာလို့လဲဆိုတော့ သဘာဝလွန် စွမ်းအားတွေ နိုးထတဲ့ အရှိန်က အရမ်း မြန်လွန်းတာကြောင့် အရန်ခေါင်းဆောင်တွေမှာ ကြီးထွားလာဖို့ အခွင့်အလမ်း မရှိတော့လို့ပဲ ဖြစ်သည်။ တစ္ဆေ သုံးကောင်ကို ထိန်းချုပ်ထားတဲ့ လီယန်တောင်မှ တာချန်းမြို့ တာဝန်ခံ ရာထူးကနေ နုတ်ထွက်ပြီး နောက်ကွယ်ကို ရောက်သွားခဲ့ပြီ။ အခု အခြေအနေ ဘယ်လို ရှိလဲဆိုတာ ဘယ်သူမှ မသိကြဘူး။

ကံကောင်းတာက ထုံချန် ရှိနေသေးတာပဲ။

မဟုတ်ရင် ယန်ကျန့်ရဲ့ လက်အောက်မှာ အခြေအနေကို ထိန်းပေးမယ့် လူတောင် ရှိတော့မှာ မဟုတ်ဘူး။

"ဒီလို အခြေအနေမှာ ငါ နိုးလာရင်ရော ဘာလုပ်နိုင်မှာလဲ"

ယန်ကျန့်က ဒီခြောက်လအတွင်းမှာ အများကြီး စဉ်းစားခဲ့သည်။ ဒီမေးခွန်းကလည်း အဲဒီအထဲက တစ်ခုပဲ ဖြစ်သည်။

သူ တစ်ယောက်တည်းနဲ့ တစ္ဆေတွေ သောင်းကျန်းနေတဲ့ ဒီခေတ်ကြီးကို ရင်ဆိုင်ဖို့ မဖြစ်နိုင်ဘူး။ မျိုးဆက်သစ် တစ္ဆေဆရာတွေကလည်း ကြီးထွားမလာသေးဘူး။ တော်တဲ့ လူသစ် အနည်းငယ် ရှိပေမဲ့လည်း ဒါက ပင်လယ်ထဲ အပ်ရှာသလိုပဲ ဘာမှ အရာထင်မှာ မဟုတ်ဘူး။

ယန်ကျန့်ဟာ ထိပ်တန်း တစ္ဆေဆရာတွေနဲ့ ပူးပေါင်းပြီး တစ်ခုခု လုပ်ဖို့လည်း စဉ်းစားခဲ့ဖူးတယ်။ ဒါပေမဲ့ ဒီခေတ်ရဲ့ ကျန်ရှိနေတဲ့ ထိပ်တန်း တစ္ဆေဆရာတွေ အကုန်လုံးကို စုစည်းလိုက်ရင်တောင် အခြေအနေကို ပြောင်းလဲနိုင်မှာ မဟုတ်ဘူး။

ယန်ကျန့်ဟာ တစ်ချိန်က ကျန်းရှန်းကွမ်ရဲ့ မက်မွန်ပန်းဥယျာဉ် စီမံကိန်းကိုတောင် သေသေချာချာ စဉ်းစားခဲ့ဖူးသေးသည်။

တကယ်လို့ အခြေအနေတွေက ဆက်ပြီး ဆိုးလာမယ်ဆိုရင် ကျန်းရှန်းကွမ်ရဲ့ စီမံကိန်းက တကယ်ပဲ မဆိုးဘူးလို့ ပြောလို့ ရသည်။ အနည်းဆုံးတော့ တစ္ဆေပန်းချီကား ထိန်းချုပ်မှု မလွတ်ခင်အထိ ဆယ်စုနှစ်ပေါင်းများစွာ ဒါမှမဟုတ် ရာစုနှစ်နဲ့ချီပြီး ငြိမ်းချမ်းမှုကို ပေးနိုင်လို့ပဲ ဖြစ်သည်။

ယန်ကျန့် အများကြီး တွေးခဲ့ပေမဲ့လည်း အဖြေတော့ ရှာမတွေ့ခဲ့ဘူး။

"အရာအားလုံးကို ငါ နိုးလာမှပဲ ဆက်စဉ်းစားတော့မယ်" ပြောပြီး နောက်ဆုံးမှာတော့ သူ ခေါင်းခါယမ်းကာ ဒီရှုပ်ထွေးတဲ့ အတွေးတွေကို ခေါင်းထဲကနေ မောင်းထုတ်လိုက်သည်။

မကြာမီ

တစ်ရက် ကုန်ဆုံးသွားခဲ့ပြီ။

ဒုတိယမြောက်နေ့မှာတော့ သွေးကန်ထဲက အခြေအနေတွေ ထပ်ပြီး ပြောင်းလဲသွားပြန်သည်။

မူလက ရဲရဲနီနေတဲ့ သွေးကန်ဟာ အခုတော့ အရောင်လွင့်သွားသလို ဖြစ်လာသည်။ သွေးကန်ထဲက ရေတွေဟာ အရင်လို ပျစ်ခဲမနေတော့ဘဲ နီရဲမနေတော့ဘူး။ တဖြည်းဖြည်း ကြည်လင်လာသလို ဖြစ်လာတာပဲ။

ဒီလို ထူးခြားတဲ့ ဖြစ်စဉ်က ဟယ်ယွဲ့လျန်ရဲ့ အာရုံကို ချက်ချင်း ဖမ်းစားလိုက်သည်။

"သူ နိုးတော့မှာလား"

ဟယ်ယွဲ့လျန်က သွေးကန်ဘေးမှာ စောင့်နေရင်း တွေးလိုက်သည်။ ဒီလို အပြောင်းအလဲမျိုးက ပထမဆုံးအကြိမ် ပေါ်လာတာမို့လို့ သူမ တစ်ခုခုကို ရိပ်မိသွားပြီ ဖြစ်သည်။

တတိယမြောက်နေ့မှာတော့။

သွေးကန်က ပိုပြီး ကြည်လင်လာသည်။ တစ္ဆေသွေးရဲ့ သဘာဝလွန် စွမ်းအားတွေဟာ လျင်မြန်စွာ ပျောက်ကွယ်နေတာကို သိသိသာသာ ခံစားရသည်။

ဒီလို ပျောက်ကွယ်တဲ့ အရှိန်နဲ့ တွက်ကြည့်ရင် ညပိုင်းကျရင် ဒီသွေးကန်ဟာ ရေကန် တစ်ခု ဖြစ်သွားတော့မှာပဲ။ အထဲက တစ္ဆေသွေးတွေ အကုန်လုံး ပျောက်ကွယ်သွားလိမ့်မည်။

ဟယ်ယွဲ့လျန်ဟာ ဒါကို ကြည့်ပြီး မျှော်လင့်ချက်တွေ ရှိလာသည်။

သူမဟာ ယန်ကျန့်ကို နိုးလာစေချင်သည်။ မဟုတ်ရင် သူမဟာ ဒီနေရာမှာပဲ အမြဲ စောင့်နေရမှာ မို့လို့ပဲ ဖြစ်သည်။

တတိယမြောက်နေ့ ညနေစောင်း အချိန်မှာတော့…..

သွေးကန်ထဲက တစ္ဆေသွေးတွေ လုံးဝ ပျောက်ကွယ်သွားပြီး ရေမျက်နှာပြင်ပေါ်မှာ ယန်ကျန့်ရဲ့ အလောင်း တစ်ခုပဲ ပေါလော ပေါ်နေတော့သည်။ ဒါပေမဲ့ ဒီအလောင်းထဲမှာ ကပ်ငြိနေတဲ့ သဘာဝလွန် စွမ်းအားတွေက အရမ်းကို ကြောက်စရာ ကောင်းလွန်းတာကြောင့် ဒီလောက် အချိန်အကြာကြီးမှာတောင် အလောင်းက ဘာမှ ပြောင်းလဲမှု မရှိဘူး။ ခြောက်လတောင် စိမ်ထားခံရပေမဲ့ နည်းနည်းလေးတောင် ဖောယောင်လာခြင်း မရှိဘူး။

နောက်ထပ် ဆယ်မိနစ် ကြာတဲ့အခါမှာတော့ အလောင်းက စပြီး လှုပ်ရှားလာသည်။ အသက်ပြန်ဝင်လာသလိုမျိုး ဖြစ်လာတာပဲ။

"တစ္ဆေနိုးထတဲ့ အငွေ့အသက် မရှိဘူး ယန်ကျန့် တကယ် အောင်မြင်သွားတာပဲ တကယ်ကို မယုံနိုင်စရာပဲ သူ ကျော်ဖြတ်နိုင်ခဲ့တယ်ပေါ့"

ဟယ်ယွဲ့လျန်က ဒါကို ကြည့်ပြီး စိတ်ထဲကနေ ရေရွတ်လိုက်သည်။

နောက်တစ်ခဏမှာတော့။

ရေထဲက အလောင်းဟာ ရုတ်တရက် မျက်လုံး ပွင့်လာခဲ့သည်။

ခြောက်လတိတိ ငြိမ်သက်နေခဲ့တဲ့ ယန်ကျန့်ဟာ အခုတော့ နောက်ဆုံးမှာ နိုးထလာခဲ့ပြီ ဖြစ်သည်။ အရင်က သွေးကန်ထဲ ဝင်သွားတုန်းကလိုပဲ သူ နိုးထလာတာဟာလည်း အသံတိတ်ဖြစ်ပြီး ဘယ်သူ့ကိုမှ မနှောင့်ယှက်ခဲ့ဘူး။

"ပြန်ပြီး အသက်ရှင်လာရတာ တကယ် မလွယ်ဘူး"

ယန်ကျန့်ရဲ့ အသံ ထွက်ပေါ်လာပြီး သူဟာ မတ်တပ်ရပ်လိုက်သည်။ ပြီးတော့ သွေးကန်ထဲကနေ ဖြည်းဖြည်းချင်း ထွက်လာပြီး ကုန်းပေါ်ကို ရောက်လာခဲ့သည်။

အချိန်အကြာကြီး အိပ်မောကျနေခဲ့တာကြောင့် အခု အသိစိတ် ပြန်ဝင်လာတဲ့ အခါမှာ သူ နည်းနည်းတော့ အသားမကျသေးဘူး။ သူဟာ ခန္ဓာကိုယ်ကို လှုပ်ရှားကြည့်ပြီး ဒီခံစားချက်ကို အမြန် အသားကျအောင် လုပ်လိုက်သလို မိမိရဲ့ အခြေအနေကိုလည်း စစ်ဆေးလိုက်သည်။

သံသယဖြစ်စရာ မလိုဘူး၊ သူဟာ တစ္ဆေသွေးကို ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်သည်။

အရင်က နိုးထခဲ့တဲ့ တစ္ဆေဘတ်စ်ကားရဲ့ စွမ်းအားဟာလည်း ပြန်ပြီး ငြိမ်သက်သွားခဲ့ပြီ။ ဒါဟာ လုံးဝ ရပ်တန့်သွားတာလား ဒါမှမဟုတ် တစ္ဆေသွေးနဲ့ မျှခြေ အသစ်တစ်ခု ဖြစ်သွားတာလား ဆိုတာတော့ မသိရသေးဘူး။ အနည်းဆုံးတော့ အနာဂတ် အချိန်အတိုင်းအတာ တစ်ခုအထိ ယန်ကျန့်ဟာ တစ္ဆေနိုးထမယ့် ပြဿနာကို စိုးရိမ်နေစရာ မလိုတော့ဘူး။

နောက်ပိုင်းမှာ ဒီလို အခြေအနေမျိုး ထပ်ဖြစ်ဦးမလား ဆိုတာကိုတော့ ယန်ကျန့်လည်း ကြိုမသိနိုင်ဘူး။

အနည်းဆုံးတော့ အခု ယန်ကျန့်ရဲ့ အခြေအနေက ထူးထူးခြားခြားကို ကောင်းမွန်နေသည်။

"မဆိုးပါဘူး ခြောက်လလုံးလုံး ခံစားခဲ့ရတာ ငါ့ကို စိတ်မပျက်စေခဲ့ဘူး တစ္ဆေသွေးကို ထိန်းချုပ်ပြီးတဲ့နောက် ငါ့ရဲ့ သဘာဝလွန် စွမ်းအားက နောက်ထပ် ထိပ်ဆုံး အဆင့်တစ်ခုကို ရောက်သွားပြန်ပြီ အခု ငါ့အခြေအနေနဲ့ ဆိုရင် သမ္မတနိုင်ငံခေတ်က အဖိုးကြီးတွေနဲ့တောင် ယှဉ်နိုင်လောက်ပြီ"

ယန်ကျန့်က မျက်လုံးတွေ အရောင်လက်ရင်း တွေးလိုက်သည်။

ခန္ဓာကိုယ်ထဲမှာ တစ္ဆေသွေးတွေ စီးဆင်းနေတာဟာ တစ္ဆေဘတ်စ်ကားကို ငြိမ်သက်သွားစေရုံတင် မဟုတ်ဘဲ တခြား သဘာဝလွန် စွမ်းအားတွေကိုလည်း ပိုပြီး ရဲရဲဝံ့ဝံ့ သုံးနိုင်တော့မယ် ဆိုတဲ့ အဓိပ္ပာယ်ပဲ ဖြစ်သည်။

အရင်က တစ္ဆေမျက်လုံးရဲ့ နယ်မြေကို ရှစ်ထပ်အထိပဲ ဖွင့်နိုင်ခဲ့ပေမဲ့ အခုတော့ ယန်ကျန့် ခံစားနေရတယ်၊ ကိုးထပ်အထိ ဖွင့်ဖို့အတွက် ဘာပြဿနာမှ ရှိမှာ မဟုတ်ဘူး ဆိုတာကိုပဲ ဖြစ်သည်။

"ယန်ကျန့် မင်း ပြန်လာတာကို ဂုဏ်ပြုပါတယ်"

ဟယ်ယွဲ့လျန်က အနားကို ရောက်လာပြီး ပြောလိုက်သည်။

"မင်း စိတ်မပါတဲ့ စကားတွေ ပြောမနေနဲ့ တခြား လူတွေထက် မင်းက ငါ့ကို ပိုပြီး နိုးမလာစေချင်တာ မဟုတ်လား"

ယန်ကျန့်က တည်ငြိမ်စွာ ပြောလိုက်သည်။

ဟယ်ယွဲ့လျန်က ရှင်းပြသည်။

"အရင်ကတော့ ငါ့မှာ အဲဒီလို အတွေးမျိုး ရှိခဲ့ကောင်း ရှိခဲ့လိမ့်မယ် ဒါပေမဲ့ အခုတော့ မတူတော့ဘူး ဒီခေတ်ကြီးက မင်းကို လိုအပ်နေတယ် လူအများကြီးက မင်း ထွက်လာပြီး အခြေအနေကို ထိန်းပေးဖို့ မျှော်လင့်နေကြတယ် အရင်က ဝမ်ကော်ချန်က ငါ့ကို ခဏခဏ လာရှာတယ် မင်းရဲ့ နေရာမှာ အစားထိုးပြီး ဌာနချုပ်ကို ဦးဆောင်ဖို့ပေါ့ ဒါပေမဲ့ ငါ့မှာ အဲဒီ အရည်အချင်း မရှိမှန်း သိလို့ ငါ ငြင်းခဲ့တယ်"

"မင်းက လူလည်ပဲ ဒီလို ရှုပ်ထွေးနေတဲ့ အခြေအနေကို လက်မခံချင်တာနေမှာပေါ့"

ယန်ကျန့်က ပြောလိုက်သည်။

"ဒါပေမဲ့ အခု အခြေအနေက ဒီလောက်အထိ ပျက်စီးနေမှတော့ ငါကိုယ်တိုင်တောင် ဘာမှ သိပ်မပြောင်းလဲနိုင်ဘူး ဒါပေမဲ့လည်း လုပ်သင့်တာတွေကိုတော့ လုပ်ရဦးမှာပဲ"

သူ စကားပြောရင်း ရှေ့ကို လျှောက်သွားခဲ့သည်။ ဒါပေမဲ့ ခြေလှမ်း အနည်းငယ်မှာတင်….

ရုတ်တရက် အနီရောင် လှံရှည် တစ်လက်ဟာ ယန်ကျန့်ဆီကို တည့်တည့်မတ်မတ် ပျံလာခဲ့သည်။ အရှိန်ကတော့ မယုံနိုင်စရာကို မြန်လှသည်။

ယန်ကျန့်ဟာ တစ္ဆေမျက်လုံးကို ဖွင့်လိုက်ပြီး တစ္ဆေလက်နဲ့ လှမ်းဖမ်းလိုက်သည်။

ပျံလာတဲ့ အနီရောင် လှံရှည်ဟာ သူ့လက်ထဲမှာ မြဲမြဲမြံမြံ ပါသွားခဲ့ပြီး ချက်ချင်းပဲ ငြိမ်ကျသွားတော့သည်။

ဆုမတောင်းရင်တောင်မှ ယန်ကျန့်ဟာ မိမိရဲ့ သဘာဝလွန် စွမ်းအားနဲ့တင် ဒီလက်နက်ကို အလွယ်တကူ ထိန်းချုပ်နိုင်နေပြီ ဖြစ်သည်။

လှံရှည်ကို ပြန်ရပြီးနောက် ယန်ကျန့်ဟာ တာချန်းမြို့ဘက်ကို မော့ကြည့်လိုက်သည်။

"ဒါပေမဲ့ တစ်ခုခု မလုပ်ခင် အခု အခြေအနေတွေကို ငါ အရင် သိအောင် လုပ်ရမယ် ဟယ်ယွဲ့လျန် မင်း တာအောက်မြို့ကို ပြန်တော့ လိုအပ်တဲ့ အခါကျရင် ငါ မင်းကို လာရှာမယ်"

"ကောင်းပြီ"

ဟယ်ယွဲ့လျန်က သက်ပြင်းချရင်း ပြန်ဖြေလိုက်သည်။

ကြည့်ရတာ သူမ ခဏတော့ အနားယူလို့ ရဦးမည်။

ဟယ်ယွဲ့လျန် ထွက်သွားတော့မယ့် အချိန်မှာ ယန်ကျန့်က ထပ်မှာလိုက်သေးသည်။

"မှတ်ထားဦး တကယ်လို့ ကျန်းရှန်းကွမ်နဲ့ တွေ့ရင် ငါ့မှာ သူနဲ့ ဆွေးနွေးစရာ ရှိတယ်လို့ ပြောလိုက် တာချန်းမြို့ကို တစ်ခေါက် လာခဲ့ပါလို့ ပြောပေး"

"ငါ ဒီခြောက်လအတွင်း ကျန်းရှန်းကွမ်ကို တစ်ခါမှ မတွေ့ခဲ့ဘူး"

ဟယ်ယွဲ့လျန်က ပြောသည်။

"မင်း မတွေ့ရပေမဲ့ သူက မင်းကို စောင့်ကြည့်နေမှာပဲ"

ယန်ကျန့်က ဆိုသည်။

ဟယ်ယွဲ့လျန်က ပြန်ပြောသည်။

"ကောင်းပြီ တကယ်လို့ သူ ငါ့ကို လာရှာရင် ငါ မင်းအတွက် မှာပေးလိုက်ပါ့မယ်"

ပြောပြီးတာနဲ့ သူမ ထွက်သွားခဲ့သည်။

ယန်ကျန့်လည်း ဒီမှာ ဆက်မနေတော့ဘဲ တာချန်းမြို့ဘက်ကို ထွက်လာခဲ့သည်။ သူ မရှိတဲ့ ဒီခြောက်လအတွင်းမှာ တာချန်းမြို့ရဲ့ အခြေအနေတွေ အရမ်းကြီး ဆိုးမနေပါစေနဲ့လို့ပဲ သူ ဆုတောင်းလိုက်သည်။

All Chapters