← Chapters

အခန်း (၁၅၆၉-၁၅၇၀)

Vol. 120 Ch. 1569-1570

အခန်း (၁၅၆၉-၁၅၇၀)

Vol. 120 Ch. 1569-1570

အခန်း ၁၅၆၉ - ခရီးလှည့်လည်ခြင်း

အေးစက်စက် တစ္ဆေမီးများသည် ပိတ်ဆို့ထားသော နယ်မြေအတွင်း လောင်ကျွမ်းနေပြီး ဒီနေရာရှိ အရာအားလုံးကို ဝါးမြိုနေလေသည်။

မီးတောက်များကြားတွင် သဘာဝလွန် အငွေ့အသက်များ ကပ်ငြိနေသော အလောင်းများသည် ပြာအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားကြပြီး အကြွင်းအကျန်ပင် မရှိတော့ပေ။ ပျံ့နှံ့သွားသော တစ္ဆေမီးများသည် ဒီမြို့ကွက်အတွင်း ပုန်းအောင်းနေသော တစ္ဆေများကို အပြင်သို့ မောင်းထုတ်လိုက်ပြီး နောက်ဆုံးတွင် မီးတောက်များ၏ ဝါးမြိုခြင်းကို ခံလိုက်ရတော့သည်။

ယန်ကျန့်သည် လူသူကင်းမဲ့နေသော အဆောက်အအုံကြီးတစ်ခုထဲသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်သွားလိုက်သည်။

ဒီအဆောက်အအုံမှာ လောင်ကျွမ်းနေဆဲ ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် အတွင်း၌ အလောင်းများစွာ စုပုံနေသောကြောင့် ဖြစ်သည်။ အလောင်းအများစုမှာ ပြာအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားသော်လည်း အချို့သော အလောင်းများမှာမူ အဆက်မပြတ် လောင်ကျွမ်းနေသော်လည်း ပျက်စီးသွားခြင်း မရှိပေ။

မကြာမီ။

ယန်ကျန့်သည် အဆောက်အအုံ၏ မထင်ရှားသော ထောင့်တစ်ခုတွင် မီးကျွမ်းနေသည့် အလောင်းတစ်ခုကို ရှာတွေ့လိုက်သည်။

ဒီအလောင်းမှာ အလွန် ပိန်လှီနေပြီး ကွေးကွေးလေး ဖြစ်နေကာ မျက်နှာမှာလည်း တွန့်လိမ်နေသဖြင့် အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။ ယခုအခါ ထိုအလောင်း၏ မျက်လုံးအိမ်နှင့် ပါးစပ်ထဲမှ အစိမ်းဖျော့ရောင် မီးတောက်များ ထွက်ပေါ်နေပြီး ခန္ဓာကိုယ်အတွင်း၌ တစ္ဆေမီးများ လောင်ကျွမ်းနေဆဲ ဖြစ်ပုံရသည်။

ဒီလောက်အထိ လောင်ကျွမ်းနေသော်လည်း အလောင်းမှာ ပျက်စီးသွားခြင်း မရှိပေ။

သိသာသည်မှာ ဒါက သာမန်အလောင်း တစ်ခုမဟုတ်ဘဲ တစ္ဆေတစ်ကောင် ဖြစ်လေသည်။ တစ္ဆေမီး၏ လောင်ကျွမ်းမှုအောက်တွင် ထိုတစ္ဆေသည် လှုပ်ရှား၍ မရသလို လူလည်း မသတ်နိုင်ဘဲ မြေကြီးပေါ်တွင်သာ ငြိမ်သက်စွာ လဲလျောင်းနေရခြင်း ဖြစ်သည်။

ယန်ကျန့်သည် ထိုမီးကျွမ်းအလောင်းကို လက်ဖြင့် ဆွဲမလိုက်ပြီးနောက် ဒီနေရာမှ လှည့်ထွက်လာခဲ့သည်။

အချိန်အနည်းငယ်အတွင်းမှာပင် ဒီနယ်မြေရှိ သဘာဝလွန်ဖြစ်ရပ်မှာ ဖြေရှင်းပြီးသား ဖြစ်သွားလေသည်။ ဒါက နေရာတစ်ခုသာ ရှိသေးပြီး တာရှန်းမြို့တွင် သဘာဝလွန်နယ်မြေ သုံးခု ရှိလေသည်။ ယခုနေရာမှာ သဘာဝလွန်အငွေ့အသက် အပြင်းဆုံးနှင့် သက်ရောက်မှု အကြီးမားဆုံး နေရာ ဖြစ်သည်။

ယန်ကျန့်သည် ပိတ်ဆို့ထားသော ကျန်ရှိသည့် နေရာနှစ်ခုသို့လည်း သွားရောက်ခဲ့သည်။ သူ ပြန်ထွက်လာချိန်တွင် သူ၏ ခြေအောက်၌ မီးကျွမ်းအလောင်း နှစ်လောင်း ထပ်တိုးလာလေသည်။ ဒီအလောင်းများမှာ ပုံစံချင်း ဆင်တူသော်လည်း အမှန်တကယ်တော့ အန္တရာယ်ရှိမှု အဆင့်အတန်းမှာ အလွန် ကွာခြားလှသည်။ သို့သော် ယန်ကျန့်၏ ရှေ့မှောက်တွင်မူ အားလုံးက အတူတူပင် ဖြစ်လေသည်။

"ပြီးပြီ အခုတော့ ဒီမြို့ရဲ့ သဘာဝလွန်ဖြစ်ရပ်တွေ လုံးဝ ငြိမ်သက်သွားပြီ ဒါပေမဲ့ ဒီတစ်ခါ ရှင်းလင်းပြီးရင် ဘယ်လောက်အထိ ငြိမ်သက်နေမလဲဆိုတာတော့ မသိဘူး"

သူသည် ထိုအတွေးနှင့်အတူ မီးကျွမ်းအလောင်း သုံးလောင်းကို သူ၏ ခြေအောက်ရှိ တစ္ဆေရေကန်ထဲသို့ ပစ်ချလိုက်သည်။

သို့သော် တစ္ဆေရေကန်၏ ရေများသည် မည်းနက်မနေတော့ဘဲ သွေးကဲ့သို့ ရဲရဲနီနေလေသည်။ ဒါက ယန်ကျန့် တစ္ဆေသွေးကို ထိန်းချုပ်လိုက်ခြင်းကြောင့် တစ္ဆေရေကန်ပါ နီရဲသွားခြင်း ဖြစ်ပုံရသည်။ နီရဲသွားသော တစ္ဆေရေကန်မှာ အရင်ကထက် ပို၍ပင် ကြောက်စရာ ကောင်းလာသည်။ တစ္ဆေများ ထိုအထဲသို့ နစ်မြုပ်သွားပါက တစ္ဆေရေကန်၏ ကန့်သတ်မှုကို ခံရရုံတင်မကဘဲ တစ္ဆေသွေး၏ သက်ရောက်မှုကိုပါ ခံရမည် ဖြစ်သည်။

ဒီလို သဘာဝလွန် အစိတ်အပိုင်းများ ပေါင်းစပ်သွားခြင်းကြောင့် ယန်ကျန့်၏ ထူးခြားသော သဘာဝလွန်စွမ်းအား ဖြစ်သည့် သွေးရေကန် ဖြစ်ပေါ်လာခဲ့သည်။

သွေးရေကန် ဖြစ်ပေါ်လာခြင်းမှာ ထိပ်တန်း S အဆင့်ရှိသော သဘာဝလွန်စွမ်းအားတစ်ခု မွေးဖွားလာခြင်းကို ဆိုလိုပေသည်။ အကယ်၍ တစ္ဆေဘတ်စ်ကား စွမ်းအားနှင့် ကိုးထပ်မြောက်အထိ ဖွင့်နိုင်သော တစ္ဆေမျက်လုံးတို့ကိုပါ ပေါင်းစပ်လိုက်လျှင် ယခုအခါ ယန်ကျန့်ကိုယ်တိုင်ပင် သူ မည်သည့်အဆင့်သို့ ရောက်ရှိနေပြီလဲ ဆိုသည်ကို မသိတော့ပေ။

အဘယ်ကြောင့်ဆိုသော် သူ့ကို နှိုင်းယှဉ်ရမည့် ပြိုင်ဘက် မရှိတော့သောကြောင့် ဖြစ်လေသည်။

ကွယ်လွန်သွားကြပြီ ဖြစ်သော သမ္မတနိုင်ငံခေတ်က တစ္ဆေဆရာများသာ သူ့ကို တိုင်းတာနိုင်သည့် အရည်အချင်း ရှိပေလိမ့်မည်။

ပြင်းထန်စွာ လောင်ကျွမ်းနေသော တစ္ဆေမီးများသည်လည်း ငြိမ်းသွားမည့် အချိန် ရှိလေသည်။

မိုးလင်းချိန်တွင် တာရှန်းမြို့အတွင်းရှိ တစ္ဆေမီးများ စတင် ကွယ်ပျောက်သွားတော့သည်။

ယန်ကျန့်သည် တစ္ဆေမျက်လုံးဖြင့် မြို့တစ်မြို့လုံးကို နောက်တစ်ကြိမ် ဝေ့ကြည့်လိုက်ရာ ဒီမြို့တွင် သဘာဝလွန် အကြွင်းအကျန်များ မရှိတော့ကြောင်း အတည်ပြုနိုင်ခဲ့သည်။ သို့သော် ထိုအတောအတွင်း ဒီမြို့ထဲတွင် ပုန်းအောင်းနေသော တစ္ဆေဆရာ အသစ်တစ်ဦးကို သူ တွေ့လိုက်ရသည်။ ထိုသူမှာ လူသစ်တစ်ယောက် ဖြစ်ပြီး သဘာဝလွန်စွမ်းအားမှာလည်း အလွန် အားနည်းလှသဖြင့် ကြီးထွားလာနိုင်မည့် အခွင့်အရေး ရှိမရှိကိုတော့ မသိနိုင်ပေ။

ယန်ကျန့်တွင် လူသစ်များကို စုဆောင်းလိုသော စိတ်မရှိသလို သတ်ပစ်လိုသော အလေ့အထလည်း မရှိပေ။ သူသည် မမြင်ချင်ဟန် ဆောင်လိုက်ပြီးနောက် ဒီမြို့မှ ထွက်ခွာသွားခဲ့သည်။

သူသည် တာချန်းမြို့နှင့် ပိုမိုဝေးကွာသော နေရာများသို့ သွားရောက်ကြည့်ရှုရန် ရည်ရွယ်ထားသည်။

မကြာမီ ယန်ကျန့်သည် ရှောင်ချွန်းမြို့ကို ဖြတ်ကျော်လာခဲ့သည်။

သူသည် ဒီမြို့ကို မှတ်မိနေဆဲ ဖြစ်သည်။ အရင်က ရှောင်ချွန်းမြို့ တာဝန်ခံ ပျောက်ဆုံးသွားသည့် ကိစ္စကို စုံစမ်းရန်အတွက် ဒီမြို့တွင်ပင် တစ္ဆေဘတ်စ်ကားပေါ်သို့ တက်ခဲ့ခြင်း ဖြစ်သည်။ အဲဒီနောက်မှာတော့ ပြန်လမ်းမဲ့သော လမ်းခရီးဆီသို့ ဦးတည်သွားခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသော အလောင်းကောက်သတို့သမီးနှင့် တွေ့ဆုံကာ သဘာဝလွန် မှတ်တိုင်တွင် သေလုနီးပါး ဖြစ်ခဲ့ရသည်။ နောက်ဆုံးတွင်မှ လက်တွေ့ကမ္ဘာသို့ မနည်း အသက်ရှင်လျက် ပြန်ရောက်လာခဲ့ခြင်း ဖြစ်သည်။

အဲဒီတုန်းက ကြုံတွေ့ခဲ့ရသမျှ အရာအားလုံးမှာ ယခုတိုင် မျက်စိထဲတွင် မြင်ယောင်နေဆဲ ဖြစ်သည်။

သို့သော် ရှောင်ချွန်းမြို့၏ အခြေအနေမှာလည်း သိပ်မကောင်းလှဘဲ သဘာဝလွန်ဖြစ်ရပ်များ ပေါ်ပေါက်နေလေသည်။ ဒီမြို့မှာ သေးငယ်သဖြင့် ရှောင်ချွန်းမြို့အပေါ် သဘာဝလွန် သက်ရောက်မှုမှာ အရင်က တာရှန်းမြို့ထက်ပင် ပိုမို ဆိုးရွားနေသည်။ နေ့ခင်းဘက်တွင်ပင် မြို့မှာ ခြောက်ကပ်နေပြီး လမ်းမများပေါ်တွင် လူသွားလူလာလည်း မရှိသလို ကားများလည်း မရှိပေ။

မြို့တစ်မြို့လုံးမှာ သေလူကဲ့သို့ ငြိမ်သက်နေလေသည်။

ယန်ကျန့်သည် နေရောင်ခြည်အောက်တွင် လူသူကင်းမဲ့သော လမ်းမပေါ်တွင် လျှောက်လှမ်းနေသည်။ သူ၏ တစ္ဆေမျက်လုံးက နေရာအနှံ့သို့ ဝေ့ကြည့်ကာ ဒီမြို့၏ အခြေအနေ အားလုံးကို လေ့လာနေလေသည်။

"ဒီလိုကိုး ဒီမြို့ရဲ့ ထက်ဝက်ကျော်က ပိတ်ဆို့ခံထားရတာပဲ နေရာတိုင်းမှာ သတိပေးမျဉ်းတွေနဲ့ သတိပေးစာတွေချည်းပဲ မြို့သစ်ဘက်မှာပဲ သဘာဝလွန် သက်ရောက်မှု မရှိသေးတာ ဒါပေမဲ့ မြို့သစ်မှာ နေတဲ့လူကလည်း နည်းနည်းလေးပဲ ရှိတာပဲ နေ့ခင်းဘက်တောင် ဘယ်သူမှ အပြင်မထွက်ရဲကြဘူး"

"ကြည့်ရတာ ဒီမြို့က တစ္ဆေက လှည့်လည်သွားလာတတ်တဲ့ အမျိုးအစား ဖြစ်ရမယ် မဟုတ်ရင် ဒီလောက် ကြီးမားတဲ့ ပိတ်ဆို့နယ်မြေကို သတ်မှတ်မှာ မဟုတ်ဘူး"

"လှည့်လည်သွားလာတတ်တဲ့ တစ္ဆေတွေက သာမန်လူတွေအတွက် တစ်နေရာတည်းမှာ နေတဲ့ တစ္ဆေတွေထက် ပိုပြီး အန္တရာယ် ရှိတယ်"

ယန်ကျန့်၏ ပုံရိပ်မှာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီးနောက် သူသည် ရှောင်ချွန်းမြို့၏ မြို့ဟောင်းရပ်ကွက် တစ်နေရာသို့ ရောက်ရှိလာသည်။

ဒီနေရာတွင် သူသည် သဘာဝလွန် အငွေ့အသက်များကို ခံစားလိုက်ရသည်။

ဆိုလိုသည်မှာ တကယ့်တစ္ဆေက ဒီအနီးအနားတွင် ရှိနေခြင်း ဖြစ်ပေသည်။

ယန်ကျန့် လိုက်ရှာမနေတော့ဘဲ အရင်နည်းလမ်းဟောင်းကိုပင် အသုံးပြုကာ အနီးနားရှိ လူနေအဆောက်အအုံများ အားလုံးကို မီးတိုက်လိုက်သည်။

မကြာမီ ဟောင်းနွမ်းနေသော အဆောက်အအုံများကြားမှ မီးတောက်များ ထွက်ပေါ်လာတော့သည်။

မီးတောက်များကြားမှ ထူးဆန်းသော ပုံရိပ်တစ်ခု ပြေးထွက်လာသည်။ ထိုပုံရိပ်မှာ ပြေးလွှားရင်း ထူးဆန်းသော အသံများကို အော်ဟစ်နေလေသည်။ သိသာသည်မှာ တစ္ဆေမီး၏ လောင်ကျွမ်းမှုအောက်တွင် ဒီတစ္ဆေသည်လည်း ခံရခက်နေပုံရသည်။

"ဒီလောက်ပဲ တတ်နိုင်တာလား"

ယန်ကျန့်က မျက်နှာသေဖြင့် ပြောလိုက်ရင်း ထိုတစ္ဆေ၏ လမ်းကို ပိတ်ဆို့လိုက်သည်။ တစ္ဆေ အနားသို့ ကပ်လာသည်နှင့် သူက လက်မြှောက်ကာ ပါးရိုက်ချလိုက်သည်။

ဖျန်း

အသံတစ်ခုနှင့်အတူ တစ္ဆေမီးကြောင့် ထွက်လာသော ထိုတစ္ဆေသည် လွင့်ထွက်သွားပြီး မြေကြီးပေါ်တွင် အကြိမ်ကြိမ် လိမ့်သွားတော့သည်။ နောက်ဆုံးတွင် အလောင်းကောင် တစ်ခုကဲ့သို့ မြေကြီးပေါ်တွင် လဲလျောင်းနေပြီး မည်သည့် လှုပ်ရှားမှုမျှ မရှိတော့ပေ။

ယန်ကျန့်၏ ပါးရိုက်ချက် တစ်ချက်မှာ တစ္ဆေဘတ်စ်ကားနှင့် တိုက်မိသည်နှင့် အတူတူပင် ဖြစ်ရာ ထိုအဆင့်ရှိသော တစ္ဆေတစ်ကောင် မည်သို့ ခုခံနိုင်ပါ့မနည်း။

"ပြီးပြီ"

ယန်ကျန့်သည် သွေးရေကန်၏ စွမ်းအားကို အသုံးပြုကာ ဒီအလောင်းကို အထဲသို့ နှစ်မြှုပ်လိုက်သည်။

ထိုသို့ ပြုလုပ်ပြီးနောက် ရှောင်ချွန်းမြို့၏ သဘာဝလွန်ဖြစ်ရပ်မှာ လုံးဝ ပျောက်ကွယ်သွားတော့သည်။

သို့သော် ထိုပိတ်ဆို့ထားသော မြို့ကွက်တွင် နောင်တွင် လူတွေ ပြန်နေထိုင်ရန်မှာ အချိန်အတော်ကြာ ဦးမည် ဖြစ်သည်။ ဒီနေရာတွင် တစ္ဆေ မရှိတော့လျှင်တောင်မှပေါ့။

"တခြား နေရာတွေကိုလည်း သွားကြည့်ရဦးမယ်"

ယန်ကျန့်သည် ဒီမြို့မှ တိတ်တဆိတ် ထွက်ခွာကာ နောက်ထပ် နေရာတစ်ခုသို့ ဦးတည်လိုက်သည်။

သူ့တွင် တိကျသော ဦးတည်ရာ မရှိသလို လမ်းကြောင်းကိုလည်း ကြိုတင် မစီစဉ်ထားပေ။ သူ ရောက်တဲ့ နေရာမှာ အခြေအနေ ကြည့်ရန်သာ ရည်ရွယ်ထားသည်။ နိုင်ငံအတွင်းရှိ နေရာအသီးသီးသို့ အတတ်နိုင်ဆုံး လှည့်လည်ကြည့်ရှုမှသာ လက်ရှိ အခြေအနေကို အပြည့်အဝ နားလည်နိုင်မည် မဟုတ်ပါလော။ သူ၏ အရှိန်ဖြင့်ဆိုလျှင် တစ်နိုင်ငံလုံးကို လှည့်လည်ရန် ရက်အနည်းငယ်သာ ကြာပေလိမ့်မည်။

နိုင်ငံခြားကိုတော့ သူ သွားရန် အစီအစဉ် မရှိပေ။

ဒီအတောအတွင်း သူ ပြန်လည် ပေါ်ထွက်လာသည့် သတင်းမှာလည်း တစ္ဆေဆရာလောကတွင် တဖြည်းဖြည်း ပျံ့နှံ့နေပြီ ဖြစ်သည်။

"ယန်ကျန့် နိုးလာပြီ ဟုတ်လား ဒါ အမှန်ပဲလား သတင်းအရင်းအမြစ်ကော ယုံကြည်ရလို့လား"

တာချန်းမြို့ စန့်ထုံရုံးချုပ်…

ထုံချန်သည် မနက်စောစောမှာပင် ဒီလို အံ့အားသင့်စရာ သတင်းကို ရရှိခဲ့သည်။

"မမှားနိုင်ပါဘူး လီယန် ပြောတာပါ မနေ့ညက ယန်ကျန့် နိုးလာပြီး ကွမ်ကျန်း လူနေအိမ်ရာကို သွားခဲ့တယ် ခေါင်းတလားထဲမှာ ရှိနေတဲ့ လီယန် ဝမ်ယုံနဲ့ ဟွမ်ကျိယာတို့ သုံးယောက်နဲ့လည်း တွေ့ခဲ့တယ် အဲဒီနောက်မှာ ဝမ်ရှန်းရှန်းက ဒီအရေးကြီး သတင်းကို ကျွန်မကို ပြောပြခဲ့တာ"

လျိုရှောင်ယွိက အလွန် အလေးအနက် ပြောလိုက်သည်။

"အရမ်းကောင်းတာပဲ"

ထုံချန်လည်း အလွန် ဝမ်းသာသွားသည်။

"သူ နောက်ဆုံးတော့ နိုးလာပြီပဲ ဒီအချိန်မှာ သူ မရှိလို့ မဖြစ်ဘူး"

"ဒါပေါ့ ဌာနချုပ်က ယန်ကျန့် ပြန်လာတဲ့ သတင်းကို ကြားတာနဲ့ ချက်ချင်းပဲ ဒီသတင်းကို အပြင်ကို ဖြန့်လိုက်ပြီ အခု အရေးကြီးဆုံးက လူတွေကို တည်ငြိမ်အောင် လုပ်ဖို့ပဲ ဒီနေ့ ပြီးရင်တော့ တစ်လောကလုံး သိသွားမှာပါ"

လျိုရှောင်ယွိက ပြောလိုက်သည်။

ထုံချန်က ထပ်မေးလိုက်သည်။

"ယန်ကျန့် ပြန်လာပြီ ဆိုတော့ အခု သူ ဘယ်မှာလဲ"

"မသိဘူး လီယန်တို့ ပြောတာတော့ ယန်ကျန့်က အပြင်ကို တစ်ခေါက် လှည့်ကြည့်ဦးမယ်တဲ့ လက်ရှိ အခြေအနေကို သူကိုယ်တိုင် မြင်ချင်လို့တဲ့ အဲဒါက ဆယ်ရက် တစ်ပတ်လောက် ကြာနိုင်တယ် ဒါပေမဲ့ အဲဒါက အရေးမကြီးပါဘူး စောင့်လို့ ရပါတယ် ယန်ကျန့် ရှိနေသရွေ့ အားလုံးက ပြဿနာ မဟုတ်တော့ဘူး"

လျိုရှောင်ယွိက ပြောလိုက်သည်။

"ဒါလည်း ဟုတ်တာပဲ"

ထုံချန် ခေါင်းညိတ်လိုက်သည်။

ဌာနချုပ်က တမင်တကာ သတင်းဖြန့်လိုက်သဖြင့် ယန်ကျန့် ပြန်လာသည့် သတင်းမှာ အလွန် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

ချက်ချင်းပင် သဘာဝလွန် ဝက်ဘ်ဆိုက်တွင် ဆွေးနွေးမှုများဖြင့် ဆူညံသွားတော့သည်။

"ယန်ကျန့် ပြန်လာပြီ ဟုတ်လား နာမည်ကျော် တစ္ဆေမျက်လုံး ယန်ကျန့် ဌာနချုပ်ရဲ့ ခေါင်းဆောင်ကြီးလား သူ သေသွားပြီ မဟုတ်ဘူးလား"

တစ္ဆေဆရာ အချို့က သိချင်စိတ်ဖြင့် မေးမြန်းကြသည်။

"ဘာတွေ လျှောက်ပြောနေတာလဲ သူက ခြောက်လလောက် ပျောက်နေတာပဲ ရှိတာ ယန်ကျန့် သေပြီ ဆိုတဲ့ အတည်ပြု သတင်းမှ မရှိတာ အခု ယန်ကျန့် ပြန်ပေါ်လာပြီ ဆိုတော့ တစ္ဆေဆရာလောကမှာ တစ်ခုခု ထူးခြားတော့မှာပဲ အားလုံး စောင့်ကြည့်ကြစမ်းပါ"

"ခေတ်ကုန်နေတဲ့ အဘိုးကြီး တစ်ယောက်ပါပဲ သူ့အကြောင်း ဘာလို့ ပြောနေကြတာလဲ"

တစ်စုံတစ်ယောက်က အထင်သေးစွာ ပြောလိုက်သည်။

ဒီစကား ထွက်လာသည်နှင့် ဝက်ဘ်ဆိုက်ပေါ်တွင် အမြဲရှိနေတတ်သော အသုံးပြုသူ တစ်ဦးက ဒေါသတကြီး ပြန်လည် ဆဲဆိုလိုက်သည်။

"နင် မသိရင် ပါးစပ်ပိတ်ထားစမ်း နင် တစ္ဆေဆရာ ဖြစ်တာ ဘယ်လောက် ကြာပြီမို့လို့လဲ ဌာနချုပ်က တစ္ဆေမျက်လုံး ယန်ကျန့်ရဲ့ အရှိန်အဝါကို နင် ဘယ်သိပါ့မလဲ အခု သဘာဝလွန်ဖြစ်ရပ်တွေ ခဏခဏ ဖြစ်နေပြီး အခြေအနေတွေ ရှုပ်ထွေးနေတာ ယန်ကျန့် ထွက်လာပြီး အခြေအနေ ထိန်းပေးဖို့ လူတွေ ဘယ်လောက် စောင့်နေကြလဲ သိလား ယန်ကျန့်က ဘယ်သူလဲ မသိရင် ဝက်ဘ်ဆိုက်မှာ သွားရှာဖတ်ကြည့်လိုက် နင်နဲ့ အာရုံနောက်မခံနိုင်ဘူး"

"ဒီလောကထဲက လူဟောင်းတွေပဲ ယန်ကျန့်က ဘယ်လောက် ကြောက်စရာ ကောင်းလဲ ဆိုတာ သိကြတာပဲ ခြောက်လပဲ ရှိသေးတာကို ယန်ကျန့်ကို မေ့သလိုလို လုပ်နေကြတာပဲ"

အချို့ကလည်း ညည်းတွားရင်း မိမိကိုယ်မိမိ လူဟောင်း တစ်ယောက်အဖြစ် သွယ်ဝိုက် ဖော်ပြနေကြသည်။

အဆက်မပြတ် ဆွေးနွေးမှုများကြောင့် တစ္ဆေဆရာလောကရှိ လူသစ် အများအပြားမှာ ယန်ကျန့် ဆိုသော ပုဂ္ဂိုလ်ကို သိချင်စိတ် ပြင်းပြလာကာ အချက်အလက်များကို လိုက်လံ ရှာဖွေကြတော့သည်။

သဘာဝလွန် ဝက်ဘ်ဆိုက်ပေါ်တွင် အရေးကြီးသော လျှို့ဝှက်ချက်များ မရှိသော်လည်း ကြီးမားသော ဖြစ်ရပ်များနှင့် အခြေခံ အချက်အလက် အချို့မှာတော့ ရှိနေသဖြင့် ရှာဖွေရန် မခက်ခဲပေ။

အခန်း ၁၅၇၀ - တာချန်မြို့

ယခုအခါ ယန်ကျန့်သည် မြို့နယ်လေးတစ်ခုသို့ ရောက်ရှိနေသည်။

ဒီမြို့နယ်လေးက မကြီးလှသော်လည်း လူနေမှုအငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။ သို့သော် သူ မနက်ပိုင်းတွင် ဒီနေရာသို့ ခြေချလိုက်သည့်အခါ လူတစ်ယောက်မှ မတွေ့ရပေ။ သူ၏ တစ္ဆေမျက်လုံးဖြင့် မြို့နယ်တစ်ခုလုံးကို ဝေ့ကြည့်လိုက်ရာ မြို့ခံများအားလုံး ပြောင်းရွှေ့သွားကြပြီဖြစ်ကြောင်း တွေ့ရှိရသည်။ ဘယ်ကို ပြောင်းသွားကြမှန်း မသိရသော်လည်း ဒီမြို့ထဲတွင် သဘာဝလွန်အငွေ့အသက်များကို သူ ခံစားမိသည်။ မြို့နယ်အနီးရှိ လယ်ကွင်းများထဲတွင် ထူးဆန်းသော အလောင်း ဆယ်လောင်းကျော်ကို သူ တွေ့ရှိခဲ့သောကြောင့် ဖြစ်သည်။

ထိုအလောင်းများမှာ ပုပ်ပွခြင်းမရှိသလို လှုပ်ရှားခြင်းလည်း မရှိပေ။ သစ်သားရုပ်များကဲ့သို့ ထိုနေရာတွင် မလှုပ်မယှက် ရပ်နေကြပြီး တစ်ကိုယ်လုံးမှ အေးစက်သော အငွေ့အသက်များ ထွက်ပေါ်နေသည်။

သို့သော် ထိုအလောင်းများမှလွဲ၍ ယန်ကျန့်သည် တစ္ဆေ၏ ခြေရာလက်ရာကို ရှာမတွေ့ပေ။

မကြာသေးမီက ဒီမြို့နယ်တွင် သဘာဝလွန်ဖြစ်ရပ် ဖြစ်ပွားခဲ့ပြီး လူအတော်များများ သေဆုံးခဲ့ဖူးသည်ဟု သူ ခန့်မှန်းလိုက်သည်။ ထို့ကြောင့် မြို့နယ်တစ်ခုလုံးရှိ လူများသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် မိသားစုလိုက် ထွက်ပြေးသွားကြခြင်း ဖြစ်ရမည်။ သို့သော် ထွက်ပြေးသည့် ဖြစ်စဉ်တွင် တစ္ဆေသည်လည်း လူအုပ်ကြားထဲ ရောနှောကာ ပါသွားခြင်း ဖြစ်နိုင်သဖြင့် ယခုကဲ့သို့ ခြောက်ကပ်နေသော မြို့နယ်တစ်ခုသာ ကျန်ရစ်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

နှမြောစရာကောင်းသည်မှာ သာမန်လူများသည် အမှန်တရားကို မသိကြသဖြင့် မှားယွင်းသော ဆုံးဖြတ်ချက်များကိုသာ ချနိုင်ကြခြင်းပင်။ မြို့နယ်တွင် တစ္ဆေရှိသည်ဟူသော သတင်း ပျံ့နှံ့သွားပါက ဒီမြို့နယ်သည် ဘေးကင်းနေလျှင်ပင် မည်သူမျှ လာရဲတော့မည် မဟုတ်ပေ။

ယန်ကျန့်သည် ထိုထူးဆန်းသော အလောင်း ဆယ်လောင်းကျော်ကို တစ္ဆေမီးဖြင့် မီးရှို့ဖျက်ဆီးလိုက်ပြီးနောက် မြို့နယ်အဝင်အထွက် လမ်းမအလယ်တွင် ကြေညာချက်တစ်ခုကို ပြုလုပ်ခဲ့သည်။

ကြေညာချက်အကြောင်းအရာမှာ ရိုးရှင်းပါသည်။

"တာချန်းမြို့ တာဝန်ခံ ယန်ကျန့်က ဒီမြို့နယ် ဘေးကင်းကြောင်းနှင့် သဘာဝလွန်ဖြစ်ရပ် မရှိကြောင်း အတည်ပြုပြီးပြီ"

အနောက်တွင် အချိန်နှင့် ရက်စွဲကိုပါ ရေးသားထားလိုက်သည်။

ဒီလိုဆိုလျှင် တစ်စုံတစ်ယောက် ရောက်လာပါက ကြေညာချက်ကို မြင်တွေ့နိုင်မည်ဖြစ်ပြီး ထိတ်လန့်တုန်လှုပ်ကာ လှည့်ပြန်သွားစရာ မလိုတော့ပေ။

လူတွေသာ ဒီမြို့နယ်ထဲ ဝင်ရောက်နေထိုင်ရဲပါက အချိန်ကြာလာသည်နှင့်အမျှ လူစည်ကားမှုများ ပြန်လည်ရရှိလာမည် ဖြစ်သည်။

သေချာပေါက် သဘာဝလွန်ဖြစ်ရပ်များကို ထိန်းချုပ်နိုင်မှသာ ဖြစ်လိမ့်မည်။ မဟုတ်လျှင် သူ ယခု ဘေးကင်းကြောင်း အတည်ပြုပေးထားသော်လည်း နောင်တွင် သဘာဝလွန်ဖြစ်ရပ်များ ထပ်မံပေါ်ပေါက်လာနိုင်သေးသည်။

ဒီရိုးရှင်းသော ကိစ္စများကို လုပ်ဆောင်ပြီးနောက် ယန်ကျန့်သည် ခရီးဆက်ခဲ့သည်။ သူသည် မြို့နယ်အနီးရှိ ကျေးရွာအချို့သို့ သွားရောက်စစ်ဆေးခဲ့ရာ ထိုရွာများရှိ မြို့ခံများသည် ပုံမှန်အတိုင်း နေထိုင်နေကြကြောင်း တွေ့ရှိရသည်။ သဘာဝလွန်ဖြစ်ရပ်များနှင့် ကြုံတွေ့ရခြင်း မရှိပေ။ အချို့ရွာများ၏ ရွာဦးတွင် အဘိုးအိုအချို့ စုဝေးကာ မကြာသေးမီက ဖြစ်ပျက်ခဲ့သော ကိစ္စများကို ဆွေးနွေးနေကြပြီး ယခင်က သူတို့ကြုံတွေ့ခဲ့ဖူးသော ထူးဆန်းသည့် ကိစ္စများကိုပါ ပုံကြီးချဲ့ ပြောဆိုနေကြလေသည်။

"ဝေးလံခေါင်ဖျားတဲ့ ရွာတွေက ပြင်ပနဲ့ အဆက်အသွယ် နည်းတော့ ပိုပြီး ဘေးကင်းကြတာပဲ လူဦးရေလည်း နည်းတော့ သဘာဝလွန်စွမ်းအားတွေကို ဆွဲဆောင်မိဖို့ အခွင့်အလမ်းလည်း နည်းသွားတာပေါ့"

ယန်ကျန့်သည် သူ၏ အမြင်များကို သုံးသပ်လိုက်သည်။

ဒီနေရာတွင် သဘာဝလွန်ဖြစ်ရပ် မရှိသဖြင့် သူ အကြာကြီး မနေတော့ဘဲ ကျေးရွာများမှ ထွက်ခွာကာ နောက်ထပ် မြို့ကြီးတစ်မြို့သို့ ဦးတည်လိုက်သည်။

တစ္ဆေနယ်မြေကို အသုံးပြုလိုက်သဖြင့် သူ၏ သွားလာမှုနှုန်းမှာ အလွန် မြန်ဆန်လှသည်။

ခဏအကြာတွင် ယန်ကျန့်သည် နောက်ထပ် မြို့တစ်မြို့သို့ ရောက်ရှိလာသည်။

ဒါက မြို့ကြီးတစ်မြို့ ဖြစ်သည်။ သဘာဝလွန်ဖြစ်ရပ်များ ခဏခဏ ဖြစ်ပွားနေသော ယနေ့ခေတ်တွင်ပင် ဒီမြို့၌ မြို့ခံအများအပြား နေထိုင်နေကြဆဲ ဖြစ်သည်။ ထို့အပြင် ပိတ်ဆို့ထားသော နယ်မြေအချို့လည်း ရှိနေလေသည်။ ဒီအခြေအနေက သူ့ကို အနည်းငယ် အံ့အားသင့်စေသည်။ ဒီမှာ နေထိုင်သူတွေက တစ္ဆေတွေကို မကြောက်ကြဘူးလား။

ပိတ်ဆို့ထားသော သဘာဝလွန်နေရာနှင့် လူရှင်များ နေထိုင်ရာ နေရာကြားတွင် မမြင်ရသော နယ်နိမိတ်တစ်ခု ရှိနေသကဲ့သို့ ဖြစ်ပြီး တစ်ဖက်နှင့်တစ်ဖက် နှောင့်ယှက်ခြင်းမရှိဘဲ ထူးဆန်းစွာ သဟဇာတ ဖြစ်နေကြသည်။

"ဒီမြို့မှာ တစ္ဆေဆရာ ရှိနေတာ ဖြစ်ရမယ် ဒါမှမဟုတ် တာဝန်ခံ တစ်ယောက်ယောက် ရှိနေလို့ သဘာဝလွန်ဖြစ်ရပ်တွေကို ထိန်းချုပ်ထားနိုင်ပြီး ထိတ်လန့်မှုတွေ မပျံ့နှံ့အောင် လုပ်ထားနိုင်တာပဲ"

ယန်ကျန့် စိတ်ထဲမှ ထိုသို့ ခန့်မှန်းလိုက်ပြီးနောက် ဒီမြို့၏ အချက်အလက်များကို ရှာဖွေကြည့်လိုက်သည်။

ဒီမြို့၏ အမည်မှာ တာချန်မြို့ ဖြစ်သည်။ ပထမတန်းစား မြို့ကြီးတစ်မြို့ ဖြစ်သဖြင့် ဌာနချုပ်က ဒီမြို့ကို စီမံခန့်ခွဲရန် တာဝန်ခံများကို အမြဲ စေလွှတ်ထားလေ့ ရှိသည်။ ယခုကဲ့သို့ ခက်ခဲသော ကာလတွင်ပင် တာဝန်ခံ ရှိနေဆဲ ဖြစ်သည်။

သို့သော် တာချန်မြို့၏ တာဝန်ခံမှာ အကြိမ်အနည်းငယ် ပြောင်းလဲခဲ့ဖူးသည်။ ပထမဆုံး တာဝန်ခံ၏ အမည်မှာ ကျန့်ရှန်း ဖြစ်သည်။ ဒီလူ့နာမည်ကို ယန်ကျန့် အမှတ်ရနေသေးသည်။ ယခင်က ကော်ဖန်းနှင့်အတူ ခေါင်းဆောင်နေရာအတွက် ယှဉ်ပြိုင်ရန် ကြိုးစားခဲ့သူ ဖြစ်သည်။ နောက်ပိုင်းတွင် ကော်ဖန်း သေဆုံးသွားပြီးနောက် ခေါင်းဆောင်နေရာအတွက် ယှဉ်ပြိုင်မှု ရှုံးနိမ့်သွားသဖြင့် ပျောက်ကွယ်သွားခဲ့သည်။

ယန်ကျန့်သည် ထိုအချိန်က မိတ်ဆွေအဖွဲ့နှင့် ရင်ဆိုင်နေရသလို သေတ္တာကျိန်စာကိုလည်း ဖြေရှင်းနေရသဖြင့် ကျန့်ရှန်း ပျောက်ကွယ်သွားခြင်းကို ဂရုမစိုက်နိုင်ခဲ့ပေ။

ယခုမှသာ သူ သိလိုက်ရသည်မှာ ခေါင်းဆောင်နေရာ ပြိုင်ပွဲတွင် ရှုံးနိမ့်ခဲ့သော ကျန့်ရှန်းသည် တာချန်မြို့သို့ ပြန်လာကာ တာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့ကြောင်းနှင့် အချိန်အတော်ကြာအောင် အသက်ရှင်ခဲ့ကြောင်းပင်။ သို့သော် နောက်ပိုင်းတွင် ဘုရင်အဖွဲ့အစည်းနှင့် တိုက်ခိုက်နေသည့် ကာလ၌ သူသည် တောင့်မခံနိုင်တော့ဘဲ တစ္ဆေနိုးထမှုကြောင့် သေဆုံးသွားခဲ့သည်။ သို့သော် သူ မသေဆုံးမီတွင် စီစဉ်မှုများ ပြုလုပ်ခဲ့သဖြင့် သဘာဝလွန်ဖြစ်ရပ်ကြီးများ ဖြစ်ပွားခြင်း မရှိခဲ့ပေ။

ထို့နောက် တာချန်မြို့သည် ဒုတိယမြောက် တာဝန်ခံကို လက်ခံရရှိခဲ့သည်။ ထိုတာဝန်ခံ၏ အမည်မှာ ယွီချန်ကျိ ဖြစ်သည်။

ယွီချန်ကျိသည် ကျန့်ရှန်း၏ နေရာကို ဆက်ခံပြီးနောက် ခြောက်လကျော်ကြာ တာဝန်ခံအဖြစ် လုပ်ဆောင်နေခဲ့ရာ ယခုအချိန်ထိပင် ဖြစ်သည်။

သို့သော် ဒီယွီချန်ကျိမှာ စွမ်းရည် ကန့်သတ်ချက် ရှိသည်။ ထိပ်တန်း တစ္ဆေဆရာ တစ်ယောက် မဟုတ်သဖြင့် တာချန်မြို့ တည်ငြိမ်အောင် မနည်း ထိန်းသိမ်းနေရခြင်း ဖြစ်သည်။ မြို့အတွင်း ပေါ်ပေါက်လာသော အလွန် အန္တရာယ်ရှိသည့် သဘာဝလွန်ဖြစ်ရပ် အချို့ကို သူ မဖြေရှင်းနိုင်သဖြင့် နယ်မြေပိတ်ဆို့ခြင်းကိုသာ ရွေးချယ်ခဲ့ရသည်။

ဒီလို အကြောင်းအမျိုးမျိုးကြောင့် ယခုကဲ့သို့ တာချန်မြို့၏ ထူးခြားသော အခြေအနေ ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။

"သဘာဝလွန်ဖြစ်ရပ်မှာ လူမသေဘူးဆိုရင် ဒါမှမဟုတ် ပျံ့နှံ့မသွားဘူးဆိုရင် ဒါကလည်း အတိုင်းအတာတစ်ခုအထိ ဘေးကင်းတယ်လို့ ပြောလို့ ရတယ် ဒီယွီချန်ကျိ လုပ်တာ မမှားပါဘူး သူ တတ်နိုင်သမျှ ဒီမြို့ကို စီမံနေတာပဲ ဒါပေမဲ့ မြို့တစ်မြို့ထဲမှာတင် ပိတ်ဆို့ထားတဲ့ နယ်မြေ ငါးခုလောက် ရှိနေတာကတော့ သိသာစွာကို ပုံမှန်မဟုတ်ဘူး ကြည့်ရတာ သူလည်း ကန့်သတ်ချက်ကို ရောက်တော့မယ် ထင်တယ်"

ယန်ကျန့်သည် စဉ်းစားရင်းနှင့် အနီးဆုံးရှိ သဘာဝလွန်နယ်မြေဆီသို့ လျှောက်သွားလိုက်သည်။

သူသည် နေရာတစ်ခုကို ဖြတ်သန်းသွားတိုင်း ထိုနေရာ၏ ပြောင်းလဲမှုများကို လေ့လာရုံတင်မကဘဲ လမ်းကြုံလျှင် သဘာဝလွန်ဖြစ်ရပ်များကိုပါ ရှင်းလင်းပေးခဲ့သဖြင့် အနီးနားရှိ မြို့ခံများအတွက် အန္တရာယ်ကို လျှော့ချပေးခဲ့သည်။

ပိတ်ဆို့ထားသော နယ်မြေနှင့် နီးကပ်လာလေလေ လမ်းမပေါ်တွင် လူသွားလူလာ နည်းပါးလာလေလေ ဖြစ်သည်။

နောက်ဆုံးတွင် ယန်ကျန့်သည် ပိတ်ဆို့ထားသော မျဉ်းကြောင်းကို မြင်တွေ့လိုက်ရသည်။ ထိုမျဉ်းကြောင်းအနီးတွင် လုံခြုံရေးဝန်ထမ်းများက ၂၄ နာရီပတ်လုံး ကင်းလှည့်နေကြပြီး သိချင်စိတ် ပြင်းပြနေသူများနှင့် အခြေအနေ မသိဘဲ ပိတ်ဆို့နယ်မြေထဲ မှားယွင်းဝင်ရောက်မည့်သူများကို တားဆီးနေကြသည်။

ဒီလိုလုပ်ခြင်းက ထိရောက်မှု သိပ်မကြီးမားသော်လည်း အနည်းဆုံးတော့ ဒီမြို့ကို စီမံခန့်ခွဲမည့်သူ ရှိနေကြောင်း သိသာစေသည်။ တာဝန်ခံ မရှိသည့် အရင်က တာရှန်းမြို့နှင့် မတူပေ။

ယန်ကျန့်သည် သတိပေးမျဉ်းအနီးရှိ လုံခြုံရေးများကို ဂရုမစိုက်ဘဲ တစ္ဆေနယ်မြေအတွင်း လျှောက်လှမ်းကာ စောင့်ကြည့်ကင်မရာများကို ရှောင်တိမ်းပြီး ထိုပိတ်ဆို့နယ်မြေထဲသို့ အလွယ်တကူ ဝင်ရောက်သွားခဲ့သည်။

ဒီနယ်မြေမှာ သဘာဝလွန်စွမ်းအားများ၏ တိုက်စားမှုကို ပြင်းထန်စွာ ခံထားရသည်။

အနီးနားရှိ အဆောက်အအုံသစ်များမှာ ဆောက်လုပ်ပြီးသည်မှာ နှစ်အနည်းငယ်သာ ရှိသေးသော်လည်း ယခုအခါ အလွန် ဟောင်းနွမ်းနေပုံရသည်။ လမ်းမများပေါ်တွင်လည်း အက်ကြောင်းများ ပြည့်နှက်နေပြီး လမ်းဘေးတွင် မြက်ရိုင်းများ ထူထပ်နေကာ နံရံများတွင်လည်း မှော်များ တက်နေလေသည်။

ဒီနယ်မြေထဲ ဝင်လိုက်ခြင်းမှာ သေဆုံးနေသော မြို့တစ်မြို့ထဲ ဝင်လိုက်ရသကဲ့သို့ပင်။

"ဒီလောက်အထိ သက်ရောက်မှု ရှိနေတယ်ဆိုရင် ဒီမှာ ရှိနေတဲ့ တစ္ဆေက သာမန်မဟုတ်ဘူး ကြည့်ရတာ ဒီသဘာဝလွန်ဖြစ်ရပ်က တာချန်မြို့ တာဝန်ခံရဲ့ ဖြေရှင်းနိုင်စွမ်းကို ကျော်လွန်နေပုံရတယ် ဒါပေမဲ့ တစ္ဆေက ဒီနယ်မြေထဲကနေ ထွက်မသွားဘူးဆိုတော့ လှည့်လည်သွားလာတတ်တဲ့ အမျိုးအစားတော့ မဟုတ်ဘူး ထင်တယ်"

ယန်ကျန့်သည် မကြာမီ နယ်မြေ၏ အလယ်ဗဟိုတွင် ရပ်တန့်လိုက်သည်။

သူ လမ်းတစ်လျှောက်တွင် တစ္ဆေနှင့် မဆုံခဲ့သလို တစ္ဆေ၏ တိုက်ခိုက်မှုကိုလည်း မခံခဲ့ရပေ။

သို့သော် ဒါက ပုံမှန်ပင် ဖြစ်သည်။ တစ္ဆေ၏ လူသတ်စည်းကမ်းကို မလုပ်မိသရွေ့ ဒီလောက် ကြီးမားသော နေရာတွင် တစ္ဆေ၏ အကြည့်ခံရဖို့ ရာခိုင်နှုန်းမှာ အလွန် နည်းပါးလှသည်။

ယန်ကျန့်သည် တစ္ဆေမျက်လုံးဖြင့် လိုက်မရှာသလို ဆုတောင်းတစ္ဆေ၏ စွမ်းအားကိုလည်း အသုံးမပြုပေ။ သူသည် တည်ငြိမ်စွာဖြင့် အဖြူရောင် တစ္ဆေဖယောင်းတိုင် တစ်တိုင်ကို ထုတ်ကာ လမ်းဘေးတွင် ထွန်းညှိထားလိုက်သည်။

အဖြူရောင် တစ္ဆေဖယောင်းတိုင် လောင်ကျွမ်းခြင်းသည် အနီးနားရှိ တစ္ဆေအားလုံးကို ဆွဲဆောင်နိုင်သဖြင့် ယန်ကျန့်သည် ခဏမျှ စောင့်ဆိုင်းနေရုံသာ ဖြစ်သည်။

မကြာမီ ပတ်ဝန်းကျင်တွင် လှုပ်ရှားမှုများ ရှိလာသည်။

ကျယ်လောင်သော အသံကြီးတစ်ခု ထွက်ပေါ်လာပြီး အနီးနားရှိ အထပ်မြင့် အဆောက်အအုံပေါ်မှ တစ်ခုခု ပြုတ်ကျလာသည်။

"လာပြီလား"

ယန်ကျန့် အသံကြားရာသို့ လှမ်းကြည့်လိုက်ရာ မြေကြီးပေါ်တွင် လဲလျောင်းနေသော အလောင်းတစ်ခုကို တွေ့လိုက်ရသည်။ အလောင်းမှာ အထပ်မြင့်ပေါ်မှ ပြုတ်ကျလာသော်လည်း အကောင်းပကတိ ရှိနေပြီး ခေါင်းကို တွန့်လိမ်ကာ သေလူကဲ့သို့ အသက်မဲ့သော မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်နေသည်။

ထို့နောက် ထိုအလောင်းသည် ဒီဘက်သို့ ဖြည်းညှင်းစွာ တွားသွားလာသည်။

အစပိုင်းတွင် အရှိန်မှာ နှေးသော်လည်း နောက်ပိုင်းတွင် ပိုပိုမြန်လာပြီး သာမန်လူ တစ်ယောက် ပြေးသည်ထက်ပင် ပိုမြန်နေတော့သည်။

"ဟင်"

သို့သော် ထို့နောက်တွင် ယန်ကျန့်သည် တစ်စုံတစ်ခုကို သတိပြုမိသွားသဖြင့် ခေါင်းပေါ်သို့ မော့ကြည့်ကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။

ဒုန်း

ထပ်မံ၍ ကျယ်လောင်သော အသံကြီးတစ်ခု ထွက်ပေါ်လာပြန်သည်။

ဒုတိယမြောက် အလောင်းတစ်ခုမှာ အထပ်မြင့်ပေါ်မှ ပြုတ်ကျလာပြီး ယန်ကျန့်၏ ကိုယ်ပေါ်သို့ပင် တည့်တည့်ကျလုနီးပါး ဖြစ်သွားသည်။

အလောင်းမှာ ပြုတ်ကျပြီးနောက် ပျက်စီးသွားခြင်း မရှိဘဲ ခန္ဓာကိုယ်ကို တွန့်လိမ်ကာ လျင်မြန်စွာ နိုးထလာနေသည်။

"ဒီလိုကိုး ဒီသဘာဝလွန်ဖြစ်ရပ်မှာ တစ္ဆေ နှစ်ကောင် ရှိနေတာပဲ မဟုတ်ဘူး မဟုတ်ဘူး ဒီအလောင်း နှစ်လောင်းလုံးက တစ္ဆေ တစ်ကောင်တည်းပဲ တစ္ဆေတစ်ကောင်ရဲ့ စွမ်းအားက အလောင်း နှစ်လောင်းထဲမှာ ကိန်းအောင်းနေတာပဲ"

ယန်ကျန့်သည် ဘယ်ညာ ဝေ့ကြည့်လိုက်သည်နှင့် ချက်ချင်း သဘောပေါက်သွားသည်။

ဒီသဘာဝလွန်ဖြစ်ရပ်ကို ဘာကြောင့် မဖြေရှင်းနိုင်တာလဲဆိုတာ သိသာသွားပြီ။

တစ္ဆေဆရာ တစ်ယောက်သာ ဒီထဲ ဝင်လာပါက တစ္ဆေ တစ်ကောင်တည်းကိုပဲ ရင်ဆိုင်ရမည်ဟု အလိုအလျောက် ယူဆမိလိမ့်မည်။ အလောင်း တစ်လောင်းကို အောင်အောင်မြင်မြင် ဖမ်းချုပ်ပြီးသွားသည့်အခါ နောက်ထပ် အလောင်း တစ်လောင်းက သူ့ကို တိုက်ခိုက်လာလိမ့်မည်ဟု လုံးဝ ထင်ထားမည် မဟုတ်ပေ။

သတိလက်လွတ် ဖြစ်သွားပါက ဒီနေရာတွင် အမှန်တကယ် သေဆုံးသွားနိုင်သည်။

သို့သော် နှမြောစရာကောင်းသည်မှာ ထိုအလောင်း နှစ်လောင်း ရင်ဆိုင်နေရသူမှာ ယန်ကျန့် ဖြစ်နေခြင်းပင်။

ယန်ကျန့်က သူ့အနီးသို့ ကျလာသည့် အလောင်းကို ခြေထောက်ဖြင့် ကန်ထုတ်လိုက်သည်။

ယခုလေးတင် နိုးထလာပြီး လူသတ်ရန် ပြင်နေသည့် ထူးဆန်းသော အလောင်းမှာ ယန်ကျန့်၏ ကန်ချက်ကြောင့် မီတာအနည်းငယ်အကွာသို့ လွင့်ထွက်သွားပြီးနောက် မြေကြီးပေါ်တွင် အင်အားချည့်နဲ့စွာ လဲလျောင်းသွားကာ လှုပ်ရှားမှု လုံးဝ မရှိတော့ဘဲ ငြိမ်သက်သွားတော့သည်။

နောက်ထပ် အလောင်း တစ်လောင်းမှာလည်း ယန်ကျန့်ကို တိုက်ခိုက်ရန် အမြန် တွားသွားလာသော်လည်း ယန်ကျန့်၏ ခြေထောက်အောက်တွင် နင်းခြေခြင်း ခံလိုက်ရပြီး တစ်ကိုယ်လုံး တုန်ခါကာ လှုပ်ရှားမှု ရပ်တန့်သွားပြန်သည်။

တစ္ဆေ နှစ်ကောင်မှာ ယန်ကျန့်၏ လက်ထဲတွင် အလွန် လွယ်ကူစွာဖြင့် ပြီးဆုံးသွားခဲ့ရသည်။ ဘာအခက်အခဲမှ မရှိပေ။

ယခင်အချိန်များကို ပြန်လည် စဉ်းစားကြည့်လျှင် ယန်ကျန့်သည် တစ္ဆေများကို ရင်ဆိုင်ရာတွင် အလွန် သတိထားခဲ့ရပြီး ခြေလှမ်းတိုင်းကို သေသေချာချာ ချခဲ့ရသည်။ ယခုအခါတွင်မူ ဤမျှအထိ ကြီးထွားလာခဲ့ပြီ ဖြစ်ရာ တစ္ဆေများပင် သူ့ကို မြင်လျှင် ရှောင်ကွင်းသွားကြရသည်။

ယန်ကျန့်သည် ထိုနေရာတွင် မလှုပ်မယှက် ရပ်နေပြီး တစ္ဆေ၏ တိုက်ခိုက်မှုကို ခံယူလျှင်ပင် တစ္ဆေမှာ ယန်ကျန့်ကို သတ်နိုင်မည် မဟုတ်ရုံတင်မကဘဲ ယန်ကျန့်၏ သဘာဝလွန် တုံ့ပြန်မှုကြောင့် တစ္ဆေကိုယ်တိုင်သာ ပြန်လည် ငြိမ်သက်သွားမည် ဖြစ်သည်။

"ငါသာ လူခွဲနိုင်ရင် ဒါမှမဟုတ် ငါ့တစ်ယောက်တည်းရဲ့ စွမ်းအားက အကန့်အသတ် မရှိဘူးဆိုရင် ငါ့ရဲ့ လက်ရှိ အစွမ်းနဲ့ ဒီသဘာဝလွန် ခေတ်ကြီးကို အမှန်တကယ် အဆုံးသတ်နိုင်မှာပဲ"

ယန်ကျန့် မနေနိုင်ဘဲ ထိုသို့ တွေးလိုက်မိသည်။

နှမြောစရာကောင်းသည်မှာ ဒါက တွေးကြည့်ရုံသာ ရှိသေးသည်။

သူ ၂၄ နာရီပတ်လုံး မနားတမ်း အလုပ်လုပ်လျှင်တောင် အလုပ်တွေက နိုင်နင်းမည် မဟုတ်ပေ။

ထို့အပြင် ပြင်းထန်သော အလုပ်များမှာ သေဆုံးမှုကိုသာ ပိုမို မြန်ဆန်စေမည် ဖြစ်သည်။

ယန်ကျန့်သည် ထိုအလောင်း နှစ်လောင်းကို သွေးရေကန်ထဲသို့ ပစ်ချလိုက်သည်။ ဒီပိတ်ဆို့နယ်မြေ၏ သဘာဝလွန်ဖြစ်ရပ်မှာ ဖြေရှင်းပြီးသား ဖြစ်သွားလေပြီ။ သူ ခြေလှမ်း မရပ်တန့်ဘဲ နောက်ထပ် ပိတ်ဆို့နယ်မြေတစ်ခုဆီသို့ ဦးတည်လိုက်သည်။

ဆယ်မိနစ်အကြာတွင် ယန်ကျန့်သည် ဒုတိယမြောက် ပိတ်ဆို့နယ်မြေမှ ထွက်လာခဲ့ပြီး တတိယမြောက် နယ်မြေဆီသို့ သွားရန် ပြင်လိုက်သည်။

နောက်ထပ် ဆယ်မိနစ် ကုန်ဆုံးသွားပြန်သည်။

ယန်ကျန့် တတိယမြောက် ပိတ်ဆို့နယ်မြေမှ ထွက်လာသည့်အခါ သူ၏ ရှေ့တွင် လူတစ်ယောက်က လမ်းကို ပိတ်ဆို့ထားလေသည်။

"ဌာနချုပ်က သတင်းက လူတွေကို နှစ်သိမ့်ဖို့ လိမ်ညာထားတာလို့ ကျွန်တော် ထင်နေတာ ယန်ကျန့် တကယ် ပြန်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"

အသက် သုံးဆယ်ကျော်ခန့် ရှိသော်လည်း မျက်နှာမှာ ညှိုးနွမ်းနေပြီး ခန္ဓာကိုယ် ပိန်လှီကာ သေခါနီး လူတစ်ယောက်ကဲ့သို့ ဖြစ်နေသော အမျိုးသား တစ်ဦးက ပြောလိုက်သည်။

သူ့အမည်မှာ ယွီချန်ကျိ ဖြစ်ပြီး တာချန်မြို့၏ တာဝန်ခံ ဖြစ်လေသည်။

All Chapters