← Chapters

အခန်း (၁၂၃)

Vol. 13 Ch. 123

အခန်း (၁၂၃)

Vol. 13 Ch. 123

နှစ်သုံးထောင်လော သံချောင်းလော။ အပိုင်း (၁၂၃)

မူရင်းစာရေးဆရာ -

ဘာသာပြန် - Author Aven

Team - True Immortal Team

မြေအင်မော်တယ်၏ ရည်မှန်းချက်

ပိုင်ချူးရန်က တပည့်ဖြစ်သူ၏ မေးခွန်းကြောင့် ခဏတာ ငြိမ်သက်သွားသည်။

"ဟမ်… ဘာပြောချင်တာများလဲ…"

"ပြောရရင် ဆရာပဲ ပြောဖူးတယ် မဟုတ်လား… ရှေးဟောင်းမြို့က တပည့်တို့ထက်ကို အဆင့်မြင့်တယ်ဆို အဲ့တာကြောင့်မို့ ဒီလို ရွှေ့ပြောင်းနေတာက စွမ်းအင် မလုံလောက်လို့တော့ မဖြစ်နိုင်ဘူးလေ… စွမ်းအင်သုံးပြီး ရွေ့လျားနေတာပဲ ဖြစ်ရမယ်… ဒါပေမယ့် ဒီလို ရွေ့လျားနေရတဲ့ ရည်ရွယ်ချက်လည်း ရှိရမယ် မဟုတ်လား…"

တန်ရော်ဝေက ရှင်းပြသည်။

"ပြောရရင်တော့ အစီအရင်လိုမျိုးပေါ့…"

တန်ရော်ဝေ၏ စကားမဆုံးမီတွင် ပိုင်ချူးရန်နှင့် လိကျင်းယောင်တို့က ချီစွမ်းအင်ဖြင့် မြေ‌ပုံထက်မှ အမှတ်အသားများအား ဆက်လိုက်သည်။ နှစ်ဦးသားက အလင်းကဲ့သို့ လျင်မြန်စွာ လှုပ်ရှားကြ၏ ။ ထိုသို့ လှုပ်ရှားစဉ်၌ သာမန်မဟုတ်သည့် နည်းလမ်းတခုအား နားလည်မိသွားသည်။ နှစ်ဦးသားက ကိုယ်စီ သက်ဆိုင်ရာနေရာများ၌သာ လှုပ်ရှားကြသော်လည်း အတွေးကိုယ်စီ ရလိုက်သည်။

မြေပုံထက်တွင်လည်း ပြည်နယ်ကိုးခုနှင့် နယ်မြေဆယ်ခုအား လွှမ်းခြုံထားသည့် အစီအရင်တခု ဖြေးညှင်းစွာ ပေါ်လာသည်။

"ဒါ…'

လိကျင်းယောင်၏ မျက်နှာသည်လည်း ရွှင်ပျသွားတော့၏ ။

"အာ သက်ရောက်မှုက မသေချာနေသေးဘူး… ဒါပေမယ့် အမှတ်အသားတွေ အရတော့ တခုခု နိုးထအောင်လုပ်မှာပဲ…"

ပိုင်ချူးရန်က ရေရွတ်မိနေသည်။

"ငါ့ကို ခဏစောင့်ကြ… သွားပြီး စစ်ဆေးကြည့်ဦးမယ်…"

စကားအဆုံး၌ ပိုင်ချူးရန်က လေအလျင်ကဲ့သို့ ပြေးထွက်သွား၏ ။ တန်ရော်ဝေနှင့် လိကျင်းယောင်တို့ပင် သူ၏ ပုံရိပ်အား မမြင်ရတော့ပေ။ ပိုင်ချူးရန်က ရှေးဟောင်းမြို့တော် ပေါ်လာသည့် နေရာများမှ ပထမဆုံး နေရာဖြစ်သည့် တုန်လင်နိုင်ငံသို့ ရောက်သွားသည်။

တခြားသော နေရာများကဲ့သို့ပင် ထိုနေရာ၌ ပျောက်ကွယ်မသွားသည့် ဝဲကတော့တခု ကျန်နေသည်။

လေဟာနယ်အတွင်းမှ အက်ကြောင်းများမှ တဆင့် အတွင်းမြင်ကွင်းကိုလည်း မြင်နေရသေးသည်။ ဘေးပတ်ဝန်းကျင်မှ စိတ်ဝိညာဉ် စွမ်းအင်များက အက်ကြောင်းများအား ဖြတ်သန်းကာ တခြားတဖက်ရှိ ဟင်းလင်းပြင်မှ မြူထုအတွင်းသို့ ရောက်သွားနေသည်။

ယခုနေရာ၌ အပေါက်တခု ဖန်တီးကာ တခြားသော ဟင်းလင်ပြင်သို့ စိတ်ဝိညာဉ် စွမ်းအင်များ ရောက်စေရန် ဖန်တီးထားခြင်းတည်း။ သို့ဖြစ်ရာ အက်ကြောင်းသို့ စွမ်းအင် စီးဆင်းနေခြင်းကြောင့် ဝဲကတော့ ဖြစ်နေခြင်း ဖြစ်သည်။

"လက်စသတ်တော့ ဒီလိုကိုး…'

ပိုင်ချူးရန်က ဝဲကတော့အား ကြည့်ကာ နားလည်သွားသည်။

"ရပြီ အကုန်လုံးက ဆက်စပ်နေတာပါလား…'

ထို့နောက် ပိုင်ချူးရန်က ဆွေးနွေးမှုပြုနေသည့် အခန်းသို့ ပြန်သွားသည်။ လိကျင်းယောင်နှင့် တန်ရော်ဝေတို့က စောင့်ဆိုင်းနေကြဆဲ ဖြစ်၏ ။ ဆရာဖြစ်သူမှာ တွေး‌ဆနေပုံ ပေါ်သည့်အတွက် တန်ရော်ဝေမှာ မေးခွန်းထုတ်လာသည်။

"ဆရာ အဆခြအနေ ဘယ်လိုလဲ…"

ပိုင်ချူးရန်က တပည့်ဖြစ်သူအား ခေါင်းပုတ်လိုက်ကာ…

"ကျေးဇူးပဲ ငါ့တပည့်ရေ… အခု ရှေးဟောင်းမြို့တော်က ဘာလုပ်ချင်နေတယ်ဆိုတာကို ဆရာသိသွားပြီ…"

"သူတို့တွေ ဘာကြံစည်နေတာများလဲ…"

လိကျင်းယောင်က စူးစမ်းလာသည်။

"ခန့်မှန်းမိတာပေါ့ ဒါပေမယ့်လည်း အမှန်တရားဖြစ်ဖို့များတယ်…"

ပိုင်ချူးရန်က ပြောပြသည်။

"ရှေးဟောင်းမြို့တော် ပထမဆုံး ပေါ်လာတဲ့ နေရာကို သွားပြီး အတည်ပြုခဲ့တာ… ဝဲကတော့နောက်မှာ ဟင်းလင်းပြင် တခု ရှိနေသေးတယ်… မြင်ရခက်တဲ့ ဟင်းလင်းပြင် အက်ကြောင်းတွေက ဝဲကတော့ကို ဗဟိုပြုထားနေတာပေါ့… သူတို့တွေက ဒီလိုတွေလုပ်ရင်းကနေ တခြားဟင်းလင်းပြင်နဲ့ ချိတ်ဆက်ဖို့ လုပ်နေကြတာ… တခြားနေရာတွေလည်း အတူတူပဲ ဖြစ်လိမ့်မယ်…"

"ဒါတွေက အစီအရင် ဗဟိုချက်တွေများလား…'

လိကျင်းယောင်က မြေပုံအား တချက်ကြည့်လိုက်သည်။

"ဒီသုံးသပ်ချက်က အဓိပ္ပာယ်ရှိတယ်… ဟင်းလင်းပြင်ပေါက်တွေသုံးပြီး အစီအရင် ဗဟိုချက်တွေ ဖန်တီးပြီးရင် ပြည်နယ်ကိုးခုနဲ့ နယ်မြေဆယ်ခုစလုံးကို လွှမ်းမိုးနိုင်တဲ့ အစီအရင် ဖန်တီးနိုင်လိမ့်မယ်…"

"ဟုတ်တယ် ဒီအစီအရင်က တခုခု နိုးထအောင် လုပ်ဖို့ပဲ…"

ပိုင်ချူးရန်က ရှင်းပြနေသေးသည်။

"ဟွမ်ဖုဖိန်နဲ့ငါ ကျောက်တိုင် နိုးထတာကို မြင်တုန်းက အပြာရောင်အလင်းတွေ တော်တော်များများ ပြန့်ကျဲသွားတာ… အဲ့အချိန်က ဒီအလင်းတွေက ရှေးဟောင်းမြို့ ပေါ်လာဖို့ အချက်ပြမှုလို့ပဲ ထင်နေတာ ဒါပေမယ့် အလင်းစက် တခုစီက ရှေးဟောင်းမြို့ တခုဆိုရင်တော့…'

"ရွှေအမြုတေအဆင့် အနက်ရောင် မကောင်းဆိုးဝါးတွေလည်း အဆုံးမဲ့ပမာဏနဲ့…"

လိကျင်းယောင်ကလည်း ပြောလာသည်။

"ဒီလို အသွင်ပြောင်းမှုရဲ့ အကန့်အသတ် ပမာဏကို မသိနေသေးဘူး… ဒါပေမယ့် ရှေးဟောင်းမြို့ တခုကနေ ဖန်တီးနိုင်တဲ့ မကောင်းဆိုးဝါး ပမာဏက မှတ်တမ်းထဲ တွေ့တဲ့ အတိုင်းဆိုရင် သူတို့ အင်အားက ကျင့်ကြံသူ အကုန်လုံးထက်ကို သာနေပြီ… ဒါတောင် ကျင့်ကြံသူတွေကနေ ဖန်တီးထားတဲ့ အားကောင်းတဲ့ မကောင်းဆိုးဝါးတွေ မပါနေသေးဘူး…"

ပိုင်ချူးရန်က ပင့်သက်ရှိုက်မိသွား၏ ။

'အကုန်လုံးကို သတိပေးလိုက်ကြတော့… ငါတို့ အစီအစဉ်ချဖို့ ဆွေးနွေးမှ ရတော့မယ်…"

………

ပုံသွင်းကောင်းကင်ရဲတိုက်သို့ ရောက်ရှိနေသည့် ဂိုဏ်းအသီးသီး၏ ကိုယ်စားလှယ်များက စုဝေးသွားရသည်။ ထို့နောက် ပိုင်ချူးရန်က သူ၏ သုံးသပ်ချက်များအား ရှင်းပြပေးသည်။

သုံးသပ်ချက်များအား တင်ပြပြီးနောက်တွင် ကိုယ်စားလှယ်များက သက်ဆိုင်ရာ ဂိုဏ်းများဖြင့် ဆက်သွယ်မှု ပြုလုပ်ကြသည်။ ဆန်းကြယ် ကျောင်းတော်မှ အကြီးအကဲရှုက ပိုင်ချူးရန်နှင့် လိကျင်းယောင်တို့ သုံးသပ်ထားသည့် အစီအရင်အား လေ့လာကာ ရှေးဟောင်းမြို့တော် ပေါ်လာမည့် နေရာအား ကောက်ချက်ချမည် ဖြစ်သည်။

အစီအရင်အား ခန့်မှန်းထားနိုင်သည့်အတွက် ဆန်းကြယ်ကျောင်းတော်၏ လေ့လာသုံးသပ်မှုများမှာ ယခင်ကထက် များစွာ တိုးတက်လာပြီ ဖြစ်သည်။ တရက်တာ ကာလပင် မကြာလိုက်ဘဲ အကြီးအကဲရှုက ရှေးဟောင်းမြို့တော် ပေါ်လာနိုင်မည့် နေရာအား မှန်းဆမှု ပြုလာနိုင်သည်။

All Chapters