← Chapters

အခန်း (၁၂၅)

Vol. 13 Ch. 125

အခန်း (၁၂၅)

Vol. 13 Ch. 125

နှစ်သုံးထောင်လော သံချောင်းလော။ အပိုင်း (၁၂၅)

မူရင်းစာရေးဆရာ -

ဘာသာပြန် - Author Aven

Team - True Immortal Team

ကျူးကျော်သူတဦး(၁)

ရှေးဟောင်းမြို့ အတွင်းတွင် ဖြစ်၏ ။ မြို့အတွင်းသို့ ဝင်သွားချိန်၌ ကျောက်သားရင်ပြင် တခု ရှိနေသည်။ ရင်ပြင်၏ ဘေးတဖက်တချက်၌ ခြင်္သေ့ကိုယ်နှင့် နဂါးခေါင်းရှိသော သားရဲများ အတန်းလိုက် ရှိနေသည်။ သားရဲများ၏ မျက်လုံးထဲ၌ ပိုင်ချူးရန် အနေဖြင့် တကြိမ်တခါမျှ မြင်တွေ့ဖူးခြင်း မရှိသော မျဉ်းများရှိနေသည်။

သားရဲများ၏ ကိုယ်မှ အမှောင်ထုသည်လည်း လှိုင်းအလား ဖြစ်လာကာ တမြိုလုံးအား လွှမ်းခြုံသွားတော့သည်။ ထိုအချိန်၌ ပိုင်ချူးရန်က မြင်နေရသည့် မျဉ်းများအား ရေးမှတ်ထားပြီး ဖြစ်၏ ။ ခဏကြာပြီးနောက်တွင် မြို့အတွင်းမှ ဟိန်းဟောက်သံများ ကြားလာရသည်။ ဟိန်းသံများပြီးဆုံးချိန်၌ ဦးခေါင်း၌ ချိုများပါရှိသည့် မကောင်းဆိုးဝါးများက ဓားပျံစီးနင်း၍ ရောက်လာသည်။ ထို့နောက် ပိုင်ချူးရန်အား စတင်တိုကိုက်ကြ၏ ။

ထိုမကောင်းဆိုးဝါးများမှာ ပုံသွင်းကောင်းကင် ရဲတိုက်မှ ပျောက်ဆုံးနေသည့် တပည့်များဖြစ်သည်။ သို့သော်လည်း ထိုသူများမှာ ထိန်းချုပ်ခံနေရပြီ ဖြစ်၏ ။ သို့ဖြစ်ရာ ကျင့်ကြံခြင်း လောက၌ မြင်တွေ့ဖူးခြင်း မရှိသော ထူးဆန်းသည့် တိုက်ကွက်များဖြင့် စတင်တိုက်ခိုက်လာသည်။

ဓားပျံများက အစီအစဉ်တကျ မဟုတ်ဘဲ ပျံသန်းလာကာ အနက်ရောင် ဓားအလင်းများ ထွက်ပေါ်လာပြီး လေထုအတွင်း၌ ပေါင်းစပ်သွားကာ တိုက်ခိုက်မှုများ ပေါ်လာသည်။ အဘက်ဘက်မှ ရောက်လာသည့် ဓားအလင်းများက ပိုင်ချူးရန်အား တပြိုင်တည်း တိုက်ခိုက်လာကြသည်။ သို့သော်လည်း ပိုင်ချူးရန်က လက်ဝေ့ယမ်းက ပုံရိပ်များ ပေါ်လာစေပြီး ဓားအလင်းများအား တားဆီးပစ်လိုက်သည်။

ကြောက်မက်ဖွယ် ကောင်းသည့် ဖျက်အားပါဝင်သော ဓားအလင်းများက ပိုင်ချူးရန်၏ လက်ဝေ့ယမ်းမှု၌ မြေခသွားကြရသည်။ သို့သော်လည်း ဓားအလင်းများကြောင့် မြေပြင်၌ အက်ကြောင်းများ ထွက်ပေါ်လာ၏ ။ တချို့သော ဓားအလင်းများက အဝေးသို့ လွင့်စင်သွားကာ အနီးမှ တောင်ကုန်းအား ထိမှန်ကာ ပေါက်ကွဲထွက်သွားစေသည်။

သို့ရာတွင် တိုက်ကွက်များ၏ ပစ်မှတ်ထားခံရသူ ဖြစ်သည် ပိုင်ချူးရန်က ထူးခြားမှုအား သတိပြုမိသည်။

…တိုက်ကွက်တွေက ထိပ်သီး နတ်အသွင်ပြောင်း အဆင့်ပါလား… ငါမှတ်မိသလောက်တော့ ဒီတပည့် တော်တော်များများက စိတ်ဝိညာဉ် အဆင့်တွေပါပဲ ပြီးတော့ ထိပ်သီး စိတ်ဝိညာဉ်အဆင့်တွေတောင် များသေးတယ်…

ပိုင်ချူးရန်က တွေးနေမိသည်။

ပုံရိပ်ကျောက်တုံးမှ အချက်အလက်များအရ ရှေးဟောင်းမြို့၏ ပြုပြင်မှု၌ ရွှေအမြုတေအဆင့် တပည့်များမှာ နတ်အသွင်ပြောင်းအဆင့်ဖြင့် တူညီပေလိမ့်မည်။ ထိုတွက်ချက်မှုအရ စိတ်ဝိညာဉ်အဆင့် တပည့်များမှာ တဆင့်တိုး၍ စွမ်းအားပိုမည် ဖြစ်ပြီး ပေါင်းစပ်ခြင်းအဆင့်ဖြင့် အင်အားတူညီရမည် ဖြစ်သည်။

သို့သော်လည်း လက်ရှိ အခြေအနေအရ ပြောင်းလဲခြင်း၌ ကန့်သတ်ချက် ရှိနေပုံရသည်။

သို့ဖြစ်ရာ ယွဲ့ချန်းရန်အနေဖြင့် မည်သည့်အဆင့်သို့ ရောက်နေမည်နည်း။

ပိုင်ချူးရန်က စိတ်ပိုင်းဖြတ်ကာ မကောင်းဆိုးဝါးများ၏ အရှေ့သို့ သွားလိုက်သည်။ ထို့နောက် လက်ဆန့်တန်းကာ မကောင်းဆိုးဝါး၏ လည်ပင်းအား ဖမ်းဆုပ်လိုက်၏ ။

ပိုင်ချူးရန်၏ လက်ဝါးချက် စွမ်းအားမှာ ထူးဆန်းသဘ့် စွမ်းရည် ရှိသည်။ ထို့ကြောင့် အနက်ရောင် မကောင်းဆိုးဝါးများအား လွှမ်းခြုံထားသည့် အနက်ရောင် အခွံအား ခွာပစ်သည်။ သို့သော်လည်း အခွံအတွင်း ရှိနေသူအား အန္တရာယ် မဖြစ်စေပေ။ အနက်ရောင် မကောင်းဆိုးဝါး၏ အခွံက ရေထိသွားသည့် ရွံ့အလား ဖြစ်သွားကာ အထဲတွင် ရှိနေသူ ပေါ်ထွက်လာသည်။

အခွံနက် ကွာသွားပြီးချိန်၌ ပေါ်လာသူမှာ သတိမေ့နေဆဲဖြစ်သည့် ပုံသွင်းကောင်းကင်ရဲတိုက်၏ တပည့်တဦး ဖြစ်သည်။

ချူးရန်က ထိုသူ၏ နှာခေါင်းအား စမ်းကြည့်ရာ အသက်မရှူတော့သည်ကို သိလိုက်ရ၏ ။ ထို့နောက် စိတ်ဝိညာဉ် ပုံရိပ်နှင့် ဒန်တျန်တို့အား စမ်းသပ်ကြည့်သည်။ ထိုနေရာများတွင်လည်း နတ်ဝိညာဉ်နှင့် မူလချီများ ရှိမနေပေ။

"ဝိညာဉ် မရှိတော့တာလား…"

ပိုင်ျူးရန်က ပြောပြောဆိုဆိုဖြင့် ထိုတပည့်အား မြေပြင်သို့ ပစ်ချလိုက်သည်။

ဘေးပတ်လည်၌ ဒါဇင်ချီသည့် မကောင်းဆိုးဝါးများ ပေါ်လာကာ ဓားအလင်းများဖြင့် တိုက်ခိုက်လာကြသည်။ ထိုအခြေအနေတွင် ပိုင်ချူးရန်က လက်ဝါးချက်ဖြင့်သာ ပြန်လည်တိုက်ခိုက်သည်။

ထိန်းချုပ်ခံထားရသူများနှာ ဝိညာဉ်ပျက်ပြယ်သွားကြပြီ ဖြစ်၏ ။ ထိုအချက်မှာ ကောင်းမွန်သည့် အရာ မဟုတ်သော်လည်း ပိုင်ချူးရန်အနေဖြင့် စိတ်လိုလက်ရ တိုက်ခိုက်နိုင်သည်ဟု ဆိုလိုနေသည်။

တွေးဆ၍ မရနိုင်လောက်သည့် ချီစွမ်းအင်များ ထွက်ပေါ်လာကာ ရေလှိုင်းများကဲ့သို့ အဘက်ဘက်သို့ ပြန့်သွား၏ ။ ထိုစွမ်းအင်လှိုင်းဖြင့် ထိတွေ့မိသည့် ဓားအလင်းများနှင့် အနက်ရောင် မကောင်းဆိုးဝါးများသည့် အပိုင်းပိုင်းအစစ ဖြစ်သွားကြသည်။ ထိုအချိန်၌ ပိုင်ချူးရန်က ရှေးဟောင်းမြို့ အတွင်းပိုင်းသို့ ဦးတည်လိုက်သည်။

ပိုင်ချူးရန်၏ ကြောက်မက်ဖွယ် တိုက်ကွက်ကြောင့် ရှေးဟောင်းမြို့ကြီးမှ အားကုန်သုံး၍ ပြန်လည်တိုက်ခိုက်သည်။ ခေါင်းလောင်းသံများ တရစပ်ပေါ်လာကာ ရွှေအမြုတေအဆင့်၊ ဝိညာဉ်အဆင့်နှင့် နတ်အသွင်ပြောင်းအဆင့် မကောင်းဆိုးဝါးများ ပေါ်လာကြသည်။ သို့သော်လည်း ထိုမကောင်းဆိုးဝါးများမှ ပိုင်ချူးရန်အား ဟန့်တားနိုင်စွမ်း မရှိကြချေ။

ပိုင်ချူးရန်က မြို့၏ အမှောင်ထုအတွင်း၌ ညကာလ၌ သွားလာနေသည့် သ‌င်္ဘောတစီးအလား လှုပ်ရှားနေသည်။ တကိုယ်တည်းဖြင့် မြို့အတွင်းပိုင်းသို့ ဦးတည်နေတော့သည်။

ဂိတ်တံခါးအား ဖြတ်သန်းပြီးချိန်၌ ချူးရန်က ဘေးပတ်လည်မှ အမှောင်စွမ်းအင်များအား ချီစွမ်းအင်ဖြင့် တွန်းလှန်ပစ်သည်။ ထို့နောက် ကျောက်သားရင်ပြင်အား ဖြတ်သန်းကာ ဒုတိ‌ယမြောက် ဂိတ်တံခါးဆီသို့ ရောက်သွားသည်။

ထိုဂိတ်တံခါးဝ၏ မျှော်စင်၌ မျက်နှာတွင် သွေးများ ပေကျံနေသည့် လူတဦးအား တွဲလောင်းချိတ်ဆွဲထားသည်။

ပိုင်ချူးရန်က တချက်ကြည့်ရုံဖြင့် မည်သူဖြစ်သည်ကို သိလိုက်၏ ။ ထိုသူမှာ တခြားသူမဟုတ်ဘဲ ပျောက်ဆုံးနေသည့် ယွဲ့ချူးရန်တည်း။

All Chapters