← Chapters

အခန်း (၁၂၆)

Vol. 13 Ch. 126

အခန်း (၁၂၆)

Vol. 13 Ch. 126

နှစ်သုံးထောင်လော သံချောင်းလော။ အပိုင်း (၁၂၆)

မူရင်းစာရေးဆရာ -

ဘာသာပြန် - Author Aven

Team - True Immortal Team

ဝိညာဉ်၌ပင် အဖော်ရှိသည်လော

ရှေးဟောင်းမြို့၏ ဒုတိယမြောက် ဂိတ်တံခါး၌ ချိတ်ဆွဲခံထားရသူမှာ ပုံသွင်းကောင်းကင် ရဲတိုက်မှ ဂိုဏ်းခေါင်းဆောင်၏ အစ်ကိုကြီးဖြစ်သည့် ယွဲ့ချန်းရန် ဖြစ်သည်။

ပိုင်ချူးရန်က စိတ်ဝိညာဉ်ဖြင့် စစ်ဆေးကြည့်ရာ တဖက်သူ၏ စိတ်ဝိညာဉ် ပုံရိပ်နှင့် ဒန်တျန်မှာ မူလအတိုင်း ဖြစ်သည်ကို မြင်နေရသည်။ နတ်ဝိညာဉ်နှင့် ပေါင်းစပ်ခြင်းအဆင့်၏ ခုနှစ်ရောင်ခြယ်ချီများ ကျန်နေသေးသည်ကို မြင်နေရသည်။

ပိုင်ချူးရန်က ခဏကြာ စဉ်းစားလိုက်ကာ သိုလှောင်အိတ်အတွင်းမှ သံဓားတချောင်း ထုတ်ယူသည်။ ထို့နောက် ဓားအတွင်းသို့ ချီစွမ်းအင် ထည့်သွင်းကာ မြို့ဂိတ်တံခါးရှေ့မှ ကျောက်သားရင်ပြင်၌ ထိုးစိုက်လိုက်သည်။

ဓားထိုးစိုက်ပြီးနောက်တွင် မြို့ဂိတ်တံခါးဆီသို့ ခုန်တက်သွားကာ ယွဲ့ချန်းရန်အား ခေါ်ဆောင်၍ ပြန်လည်ထွက်ခွာခဲ့သည်။

ပိုင်ချူးရန် ထွက်သွားပြီးချိန်၌ အမှောင်ထုက ပြန်လည် စုဝေးရောက်ရှိလာသည်။ ထိုစွမ်းအင်များက ပိုင်ချူးရန် ချန်ရစ်ထားခဲ့သည့် ဓားအား ဖယ်ရှားပစ်ရန် ကြိုးပမ်းနေကြသည်။ သို့သော်လည်း ဓားအတွင်းမှ ဓားအလင်း ထွက်လာကာ ဘေးပတ်လည်မှ အမှောင်ထုအား တွန်းထုတ်ပစ်သည်။

အမှောင်ထု စွမ်းအင်မှ ဓားအား ဖယ်ရှားပစ်ရန် ကြိမ်ဖန်များစွာ ကြိုးစားသော်လည်း အချည်းအနှီးသာ ဖြစ်နေသည်။ ထို့ကြောင့် အမှောင်စွမ်းအင်များက ဓားအား ဝိုင်းရံလိုက်ကာ ဖြေးဖြေးချင်း တိုက်စားရန်သာ ရည်ရွယ်ထားတော့သည်။

……

ရှေးဟောင်းမြို့ဖြင့် မိုင်ပေါင်း ဒါဇင်ချီ အလှမ်းဝေးသည့် တောင်စောင်းတခုတွင် စုရှန်းရွှယ်၊ ဟွမ်ဖုဖိန်တို့ အပါအဝင် ဂိုဏ်းအသီးသီး၏ ကိုယ်စားလှယ်များ ရှိနေသည်။ ထိုသူများက အဝေးရှိ ရှေးဟောင်းမြို့အား အာရုံစိုက်နေကြ၏ ။

ပိုင်ချူးရန်က မြို့အတွင်းသို့ ဝင်ရောက်သွားပြီး ဖြစ်သည့်အတွက် အခြေအနေ စောင့်ကြည့်နေကြခြင်း ဖြစ်သည်။

ကိုယ်စားလှယ်များက တက်ကြွစွာဖြင့် ရှေးဟောင်းမြို့အား စိုက်ကြည့်နေသည်။ ထိုခဏ၌ မြို့ပြင်သို့ ပြေးထွက်လာသည့် ပိုင်ချူးရန်အား မြင်လိုက်ကြသည်။ ပုခုံးထက်၌ လူတယောက်အား ထမ်းပိုးထားကာ အနောက်တွင်လည်း မကောင်းဆိုးဝါးများ လိုက်ပါနေသေးသည်။ ခေါင်းလောင်းသံသည်လည်း အဆင်မပြတ် ပေါ်နေသည်။ ပိုင်ချူးရန်က လက်တဖက်ဖြင့် သတိမေ့နေသူအား ထိန်းထားရသော်လည်း ကျန်လက်တဖက်ဖြင့် မကောင်းဆိုးဝါးများအား ပြန်လည်တိုက်ခိုက်သေးသည်။

တောင်စောင်းသို့ ရောက်သွားပြီးနောက်တွင် ပိုင်ချူးရန်က ထမ်းပိုးလာသူအား မြေပြင်သို့ ချလိုက်၏ ။ ထိုအချိန်၌ စုရှန်းရွှယ်က စကားစလာသည်။

"အဆင်ပြေရဲ့လား…"

"အဆင်ပြေတယ်…"

ပိုင်ချူးရန်က မြေပြင်ထက်မှ လူအား မျက်နှာမြင်ရရန် အနေအထားပြောင်းလိုက်သည်။

"အစ်ကိုကြီး…"

ယွဲ့ချန်းလျန်က ကြေကွဲစွာဖြင့် ပြေးလာသည်။ ထို့နောက် အစ်ကိုကြီးဖြစ်သူအား ပွေ့ချီလိုက်၏ ။ ထို့နောက် တပည့်များအား ထမ်းစင် ယူလာစေကာ နေရာချပေးသည်။

ပုံသွင်းကောင်းကင် ရဲတိုက်မှ တပည့်တချို့က ဂိုဏ်းခေါင်းဆောင်၏ အနောက်သို့ လိုက်ပါနေသည်။ ကျန်နေသူများမှာ ပိုင်ချူးရန်၏ အနောက်တွင် ရှိကြသည်။

ဆန်းကြယ်ကျောင်းတော်မှ အကြီးအကဲရှုကလည်း ပိုင်ချူးရန်အား မေးမြန်းလာသေးသည်။

"ဓားခေါင်းဆောင် အထဲမှာ အဆခုအနေ ဘယ်လိုများလဲ…"

ပိုင်ချူးရန်က အထဲမှ အဆခြအနေအား အကျဉ်းချုပ် ပြောပြသည်? ထို့နောက် စကားဆိုလိုက်သေး၏ ။

"အထဲကို သိပ်မသွားလိုက်ရဘူး … ယွဲ့ချန်းရန်ကို ကယ်ရဦးမယ်လေ ဒါပေမယ့် ထူးဆန်းတဲ့ သားရဲတွေရဲ့ မျက်လုံးက စာကို ရေးလာတယ် မင်းတို့ လေ့လာနိုင်ဖို့ ပြန်ပေးမယ်…"

"မြို့ပျောက်သွားပြန်ပြီ…"

စုရှန်းရွှယ်က သတိပေးမှုပြုသည်။

အကုန်လုံးက နောက်လှည့်ကြည့်လိုက်ရာ ရှေးဟောင်းမြို့ကြီးက မြူအတွင်းသို့ တိုးဝင်ကာ တဖြေးဖြေးချင်း ပျောက်ကွယ်နေသည်ကို မြင်နေရသည်။

ထိုဖြစ်စဉ်အား မြင်ရချိန်၌ အကြီးအကဲရှုက ပုံရိပ်ကျောက်တုံး ထုတ်ကာ အလျင်အမြန် မှတ်တမ်းယူသည်။

ပိုင်ချူးရန်က ကျန်နေသူများက ဝေ့ကြည်ကလိုက်ကာ…

"စိတ်ပူစရာ မရှိဘူး မြို့ထဲမှာ ငါ့ဓားကို ချန်ထားတယ်… ငါ့ဓားဆိုတော့ ဘယ်နေရာမှာဆိုတာ အာရုံနိုင်တယ်လေ… အဲ့တာကြောင့်မို့ ရှေးဟောင်းမြို့ ဘယ်နေရာရောက်ရောက် ပျောက်သွားမှာကို မပူတော့ဘူး…"

"အို ဟုတ်သာစပဲ… ချီမင်ဓားဂိုဏ်း တပည့်တွေက သူတို့ဓားနဲ့ ဆက်နွယ်မှုရှိကြတယ်…"

ဟွမ်ဖုဖိန်က ခေါင်းညိမ့်၍ ရေရွတ်နေရာမှ ရုတ်တရက် စကားရပ်သွား၏ ။

"မဟုတ်သေးဘူးလေ… ဓားခေါင်းဆောင် ကျွန်တော် မှတ်မိသလောက် စီနီယာ့ရဲ့ ဓားက သာမန်သံဓားပဲ မဟုတ်ဘူးလား…"

"ဓားပျံ မဟုတ်ပေမယ့် ငါ့ချီ ပါနေတဲ့ ဓားဆိုရင် ဘယ်နေရာမှာလဲ အာရုံခံနိုင်ပါတယ်ကွာ…"

ပိုင်ချူးရန်က ဒေါသတကြီးဖြင့် ပြောသည်။

"မင်းက ဘယ်လိုမြင်နေတာတုံး…"

"မဟုတ်ပါဘူး ထင်မြင်ချက် မရှိပါဘူး…"

ဟွမ်ဖုဖိန်က ပြောပြောဆိုဆိုဖြင့် လက်ကာပြသည်။ ထို့နောက် ပိုင်ချူးရန်ဖြင့် အကြည့်ချင်း မဆုံမိစေရန် မိတ်ဆွေဟောင်း ယွဲ့ချန်းရန်ရှိရာသို့ သွားလိုက်သည်။

ပိုင်ချူးရန်က ဟွမ်ဖုဖိန်အား လျစ်လျူရှုထားကာ စုရှန်းရွှယ်နှင့် တခြားသူများအား စကားစလိုက်သည်။

"မှတ်တမ်းယူထားလား… ရှေးဟောင်းမြို့ ပေါ်လာတာနဲ့ ပျောက်သွားတာက ဘယ်လောက်ကြာလဲ…"

"မှတ်တမ်းအရတော့ ငါးမိနစ်နဲ့ လေးဆယ် စက္ကန့်ပဲ…"

ကျောက်စိမ်း မျှော်စင်မှ အကြီးအကဲ လီပိန်ဖေးက အိတ်ဆောင် နာရီထုတ်ကာ ပြောလာသည်။

"ဓားခေါင်းဆောင် ထွက်လာတဲ့ အချိန်ကို နုတ်ရင် ငါးမိနစ်ပဲ ဖြစ်လိမ့်မယ်…"

"ငါးမိနစ်လား… ရပြီ…"

ပိုင်ချူးရန်က ခေါင်းညိမ့်ကာ ရေရွတ်လိုက်သည်။

All Chapters