← Chapters

အခန်း (၁၂၉)

Vol. 13 Ch. 129

အခန်း (၁၂၉)

Vol. 13 Ch. 129

နှစ်သုံးထောင်လော သံချောင်းလော။ အပိုင်း (၁၂၉)

မူရင်းစာရေးဆရာ -

ဘာသာပြန် - Author Aven

Team - True Immortal TeamTeam

ထိန်းချုပ်ထားခြင်း(၁)

ယွဲ့ချန်းရန်က ရုတ်ရက် ကြုံလိုက်ရသည့် အဆခြအနေကြောင့် မင်သက်မိသွားသည်။ ထို့နောက်တွင် လျင်မြန်စွာ လှုပ်ရှားကာ ထမ်းစင်မှ အဝေးသို့ ရောက်သွားတော့သည်။

"မင်းလွတ်မယ်လို့ ထင်နေတာလား…"

ကျန်နေသူများက တုံ့ပြန်မှုပြုရန် နှောင့်နှေးနေကြသည်။ ပိုင်ချူးရန်အား ဖယ်ထားပါက အားအကောင်းဆုံးဖြစ်သည့် ဟွမ်ဖုဖိန်ပင် ရုတ်တရက် အဖြစ်အပျက်ကြောင့် အံ့ဩနေလေသည်။ စုရှန်းရွှယ်တယောက်သာ တုံ့ပြန်လာ၏ ။ သူမ လက်ထဲ၌ ကျောက်စိမ်း ကုချင်းတလက် ရောက်လာကာ သံစဉ်များ ထွက်ပေါ်လာပြီး ယွဲ့ချန်းရန်အား လွှမ်းခြုံသွားသည်။

"ဟမ် မာယာအတတ်လား…"

သာယာနာပျော်ဖွယ် ဖြစ်သည့် ဂီတသံမှာ ယွဲ့ချန်းရန်အား ခဏတာ ဇဝေဇဝါ ဖြစ်သွားစေသည်။ သို့သော်လည်း ခဏတွင်းချင်း အာရုံစုစည်းကာ ခါးမှ ဆေဘာဓားအား ဆွဲထုတ်၍ ဓားချက်တခု ဖန်တီးသည်။ ထိုဓားချက်မှာ ကုချင်း တီးခတ်နေသည့် စုရှန်းရွှယ် ရှိရာသို့ ဦးတည်သွားသည်။

"ဘုန်း…"

စုရှန်းရွှယ်၏ ရှေ့၌ လူတဦး ပေါ်လာကာ ဓားအလင်းအား လက်ဖြင့် ပုတ်ထုတ်ပစ်သည်။ သို့ဖြစ်ရာ တိုက်ခိုက်လာသည့် ဓားအလင်းက မိုင်ရာချီအလှမ်းဝေးသည့် တောတွင်း တနေရာသို့ ရောက်ရှိကာ အက်ကြောင်းများ ပေါ်သွားစေသည်။ ဓားအလင်းအား လက်ဗလာဖြင့် ရင်ဆိုင်သည့် ပိုင်ချူးရန်က တုံ့ဆိုင်းမနေဘဲ ယွဲ့ချန်းရန်အား ရိုက်ပစ်သေးသည်။

"ဘန်း…"

သို့သော်လည်း ယွဲ့ချန်းရန်၏ ခန္ဓာကိုယ်မှာ ပုံရိပ်တခုအလား ထင်မှတ်ရသည်။ ထို့ကြောင့် လက်ဝါးချက်က ခန္ဓာကိုယ်အား ဖြတ်သန်းသွားကာ ဘေးမှ တောင်စောင်းသို့ သွားရောက်ထိမှန်သည်။ လက်ဝါးချက် ကျဆင်းသွားသည့် တောင်စောင်းမှာ ပေါက်ကွဲထွက်သွားရသည်။

"အို နှစ်သောင်းချီ ကြာပြီးတော့ ဒီကမ္ဘာမှာ အားကောင်းတဲ့သူ ရှိနေမယ်လို့ မထင်ထားမိဘူး…"

ယွဲ့ချန်းရန်၏ ကိုယ်က ရှေးဟောင်းမြို့ကဲ့သို့ မြူထု ပေါ်လာကာ ဖုံးလွှမ်းသွားသည်။ ထိုသူက ပိုင်ချူးရန်အား စိုက်ကြည့်ကာ သရော်စကား ဆိုသေးသည်။

"ဘာဖြစ်ဖြစ်ပါ ဒါက အခြေအနေ ပမွှားလေးပဲ… ငါတို့ ဒေဝါနိုင်ငံတော်ရဲ့ နည်းလမ်းကို မယှဉ်နိုင်သေးဘူး… သေမျိုးတွေရေ အချိန်ကျဖို့ နီးလာပြီ… ဒီလောကထဲ ဒေဝါနိုင်ငံတော် ထပ်ပေါ်လာတော့မှာ…"

စကားအဆုံး၌ ယွဲ့ချန်းရန်၏ ခန္ဓာကိုယ်က မြူအတွင်းသို့ ဝင်ရောက် ပျောက်ကွယ်သွားသည်။

………

ပုံသွင်းကောင်းကင် ရဲတိုက်ရှိ ပိုင်ချူးရန်၏ အခန်းတွင် ဖြစ်၏ ။

စုရှန်းရွှယ်က တံခါးဖွင့်၍ ဝင်လာသည်။

"အခြေအနေ ဘယ်လိုလဲ…"

စားပွဲတွင် ထိုင်နေသည့် ပိုင်ချူးရန်က စုရှန်းရွှယ်အား မေးခွန်းထုတ်သည်။

"ဂိုဏ်းချုပ်ယွဲ့ရဲ့ စိတ်အခြေအနေ တည်ငြိမ်သွားပါပြီ…"

စုရှန်းရွှယ်က ပြောလာ၏ ။

"ပုံသွင်းကောင်းကင် ရဲတိုက်ရဲ့ လေ့ကျင့်မှုတွေက တခြားအမှန်တရား လမ်းစဉ် ဂိုဏ်းတွေလို စိတ်တည်ငြိမ်မှုကို အလေးပေးလို့ ကံကောင်းသွးတယ်…"

"အခုက ဘာတွေ ဖြစ်နေတာများလဲ…"

လိကျင်းယောင်က ဝင်ပြောသည်။

"စီနီယာ ယွဲ့ချန်းရန်က သူ့ညီကို ဘာလို့ တိုက်ခိုက်တာများလဲ… သူက တကယ်တခြားတယောက်လို ဖြစ်သွားတာပါလား…"

"ဒိအကြောင်းမစခင် ပြောမှဖြစ်မယ်… လိကျင်းယောင် မင်းက ယောက်ျားတယောက် အခန်းထဲ ဝင်လာပြီးတော့ ပိုင်စိုးပိုင်နင်း ပြုမူနေတာ ဘာကြောင့်များလဲ… ကျိလင်းယွမ်နဲ့ ဟွမ်ဖုဖိန်တို့က စိတ်ပူလို့ သေတော့မယ်…"

ပိုင်ချူးရန်က လိကျင်းယောင်အား စိုက်ကြည့်၍ ပြောသည်။

လိကျင်းယောင်က အခန်းအတွင်း ရှိနေ‌သူများ ဖြစ်သော စုရှန်းရွှယ်၊တန်ရော်ဝေနှင့် ပိုင်ချူးရန်တို့အား တလှည့်စီကြည့်ကာ စကားမဆိုတော့ပေ။

"တယောက်က ငါ့တပည့် နောက်တယောက်က ငါ့အိတ်ဆွေ ဒါပေမယ့် မင်းက နတ်ဆိုး အင်အားစုရဲ့ မျှော်လင့်ချက်လေ… ဒါတောင် ရန်သူ့ အခန်းထဲ ဝင်လာနေသေးတယ်… ကောင်းသေးရဲ့လား…"

လိကျင်းယောင်က မသိသယောင် ဟန်ဆောင်ကာ မျက်တောင် ပုတ်ခတ်ပုတ်ခတ် ပြုနေသည်။

"စူးစမ်းချင်တာပါ…"

"ဟုတ်ပြီ နားထောင်လို့ရတယ် ဒါပေမယ့် ပြီးရင်တော့ ကောင်းကင်နတ်ဆိုးဂိုဏ်းကို ပြန်တင်ပြလိုက်…"

ပိုင်ချူးရန်က လက်ရမ်းကာ လက်တလောဖြစ်ရပ်အား စကားစလိုက်သည်။

"ယွဲ့ချန်းရန်က ယွဲ့ချန်းလျန်ကို တိုက်ခိုက်တာ အရင် ယွဲ့ချန်းရန် မဟုတ်တော့လို့ပဲ… ပြောရရင် သူ့ကို တခြားတယောက်က ထိန်းချုပ်ထားပြီးနေပြီ…"

"ထိန်းချုပ်တာလား…"

လိကျင်းယောင်က မေးလာသေးသည်။

"ဒါပေမယ့် ဝိညာဉ်ဂိုဏ်းရဲ့ ဝိညာဉ်အိုကြီးလည်း ရှိနေတယ် ပြီးတော့ တခြားဟာတွေပါ စစ်ဆေးထားပြီးပြီလေ… ယွဲ့ချန်းရန်ရဲ့ နတ်ဝိညာဉ်က အဆင်ပြေနေတာကို ဘယ်လိုလုပ် ထိန်းချုပ်ခံရတာများလဲ…"

"ငါလည်း မသိနေဘူး… ဖြစ်နိုင်တာက အင်မော်တယ်လောကရဲ့ အထူးနည်းလမ်းတခု ဖြစ်မယ်…"

ပိုင်ချူးရန်က ရှင်းပြပေးသည်။

"ယွဲပချန်းရန်ကို တိုက်ခိုက်တာကလည်း ထိန်းချုပ်ဖို့ပဲ ဖြစ်ရမယ်… စကားမစပ် ငါပြောထားတာကို လုပ်ပြီးပြီလား…"

"အကြီးအကဲရှုက အပျက်အစီးတွေ စုပြီးတော့ လေ့လာဖို့ လုပ်နေပါပြီ…"

တန်ရော်ဝေက ဖြေပေးသည်။

"ခဏနေပါဦး… ဒါကိုထားဦး… ဆရာလည်း တိုက်ခိုက်ခံထားရတယ် မဟုတ်လား…"

တန်ရော်ဝေက ပြောပြောဆိုဆိုဖြင့် သတိကပ်၍ နောက်ဆုတ်လိုက်တော့သည်။

"ငါ့ကို သံသယဝင်ရဲသေးတာလား…'

ပိုင်ချူးရန်က ပျင်းရိစွာဖြင့် ပြန်ပြောသည်။

"သူ့တို့ တိုက်ခိုက်မှုက ငါ့ကို မထိခိုက်ဘူး ဟုတ်ပြီလား…"

"အင်း… အဲ့တာ ပျက်စီးသွားတာက ဆရာ့ရဲ့ အကာအကွယ်ကို မထိုးဖောက်နိုင်တာထက် ထိန်းချုပ်ခံထားရပြီးသားမို့ သက်ရောက်မှု မရှိတာမျိုး ဆိုရင်ကော…"

All Chapters