← Chapters

အခန်း (၁၃၀)

Vol. 13 Ch. 130

အခန်း (၁၃၀)

Vol. 13 Ch. 130

နှစ်သုံးထောင်လော သံချောင်းလော။ အပိုင်း (၁၃၀)

မူရင်းစာရေးဆရာ -

ဘာသာပြန် - Author Aven

Team - True Immortal Team

မည်သို့သော လုပ်ရပ်ပင်နည်း

တန်ရော်ဝေက ပြောပြောဆိုဆိုဖြင့် ခေါင်းငုံ့ကာ စဉ်းစားမှု ပြုနေသည်။ ထို့နောက် ရုတ်တရက် မေးခွန်းထုတ်ပြန်သည်။

"ဆရာ တပည့်ရဲ့ ရင်သား ဘယ်လောက်ဆိုတာ မှတ်မိသေးရဲ့လား…"

"ဘယ်လို…"

ထိုစကားကြောင့် စုရှန်းရွှယ်က ထိတ်လန့်ကာ ဒေါသဖြစ်သွားသည်။

'သူက ဘယ်လိုလုပ် ရင်သားဆိုဒ် သိမလဲ… တိရစ္ဆာန်ကောင်… နင်သူ့ကို ဘာလုပ်လိုက်တာတုံး…"

"ဘာ…"

တန်ရော်ဝေ၏ စကားကြောင့် စုရှန်းရွှယ်၏ ထိတ်လန့်မှုထက် ပိုင်ချူးရန်၏ ထိတ်လန့်မှုက ပို၍ပင် ကြီးမားသေးသည်။ စုရှန်းရွှယ်က ထိုအခြေအနေအား မျှော်လင့်မထားမိပေ။ တပည့်ဖြစ်သူ၏ မေးခွန်းကြောင့် ဆံဖြူရှင်က တုံ့ဆိုင်းမှု မရှိဘဲ ချက်ချင်းဖြေပေးသည်။

"ရော်ဝေ င့ါတပည့်… မင်းမှာ ရင်သားရှိတာလား… ငါဘာလို့ မသိနေတာပါလိမ့်…"

"ဘယ်လို…'

"အာ…'

"ဟမ်… မဟုတ်ဘူးလား…"

ပိုင်ချူးရန်၏ စကားအဆုံး၌ လိကျင်းယောင်နှင့် စုရှန်းရွှယ်တို့က တန်ရော်ဝေ၏ ရင်းသားအား ကြည့်မိကြသည်။ ထို့နောက် ပိုင်ချူးရန်အား ကြည့်ကြပြန်သည်။ ပိုင်ချူးရန်မှာ ဘေးဘီလှည့်ကာ ဇဝေဇဝါ ဖြစ်နေပုံရသည်။

တန်ရော်ဝေသည်လည်း ခေါင်းငုံ့သွားသည့်အတွက် အခန်းအတွင်း၌ အခြေအနေ ထူးဆန်းလာသည်။ ခဏကြာပြီးချိန်၌ တုန်ရီနေသည့် တန်ရော်ဝေက ပိုင်ချူးရန်၏ မျက်နှာအား လက်ဝါးဖြင့် မိတ်ဆက်ပေးရန် ကြံရွယ်လာ၏ ။

"ရော့ လက်ဝါးချက်…"

တန်ရော်ဝေ၏ လက်ဝါးက ပိုင်ချူးရန်၏ မျက်နှာဖြင့် ထိမိသွားသော်လည်း ချီတုံ့ပြန်မှုကြောင့် အားပြန်ကန်သွားတော့သည်။

တန်ရော်ဝေက နာကျင်နေသည့် လက်ဖဝါးအား ဆုပ်ကိုင်လိုက်ကာ ပင့်သက်ရှိုက်လိုက်၏ ။ ထို့နောက်တွင် ဖြေးညှင်းစွာ ပြောကြားသည်။

"ဟုတ်ပြီ… ဒါင့ါဆရာဆိုတာ သေချာတယ်…'

"ကဲကောင်းပြီလေ… နင်တို့ ဆရာတပည့် ဘာဖြစ်ကြလဲတော့ မသိဘူး… ဒါပေမယ့် ဒီလိုဝေဖန်တတ်တဲ့ လေသံအရတော့ ပိုင်ချူး… ဓားခေါင်းဆောင်ဆိုတာ ကျိန်းသေတယ်…"

စုရှန်းရွှယ်က ပြောလာသည်။

"ဒါပေမယ့် ငါတို့ ဘာလုပ်သင့်လဲ… ယွဲ့ချူးရန်ရဲ့ အဖြစ်အပျက်က ငါတို့ အကုန်လုံးကို မြေအင်မော်တယ်က အသွင်ယူနိုင်တာ ပြနေတယ် မဟုတ်လား…"

"ဒါဆိုရင်တော့ ဆန်းကြယ်ကျောင်းတော်ရဲ့ လေ့လာမှုက ရလဒ်ထွက်လာတဲ့အထိ စောင့်ဖို့ပဲ ကျန်တော့တယ်… ဒီအတောအတွင်းမှ ဆန်းကြယ်ကျောင်းတော်က လွဲပြီး အဲ့နေရာကို ကျန်တဲ့သူတွေ မဝင်ရဘူး ငါတို့ အပါအဝင်ပဲ…"

ခဏကြာ သုံးသပ်ပြီးခိန်၌ ပိုင်ချူးရန်က ပြောပြသည်။

"ငါတို့က ရှေးဟောင်းမြို့ကို ခဏထားထားဦး… ယွဲ့ချူးရန်ကို ထိန်းချုပ်ထားတဲ့သူပဲ အရင်ဆုံး သတ်ရမယ်…"

"ရှေးဟောင်းမြို့ကို လှုပ်ရှားမှု ရပ်တန့်မယ့် နည်းလမ်းကော သိထားပြီလား…'

စုရှန်းရွှယ်က မေးလာသည်။

"ရက်နည်းနည်းလောက် စောင့်ရဦးမယ်…"

ပိုင်ချူးရန်က ခြေထောက်ဖြင့် မြေပြင်သို့ ဆောင့်ချလိုက်ကာ…

"ငါ ဒီအောက်က လူတွေနဲ့ သဘောတူထားသေးတယ်…"

………

အမှောင်ထု အတွင်းရှိ ရှေးဟောင်းမြို့တွင်ဖြစ်သည်။ မြို့လယ်ခန်းမ၏ ဗဟိုမှ ပလ္လင်ထက်၌ ယွဲ့ချန်းရန် ထိုင်နေသည်။ သို့သော်လည်း ဝိုင်းရံထားသည့် ထူးခြားသော စာများအား ကြည့်နေခြင်းဖြစ်သည်။

ပိုင်ချူးရန်၏ မျက်နှာက ရုတ်တရက် နီရဲလာကာ သွေးတပွက် အန်ထုတ်လိုက်ရသည်။ ထို့ကြောင့် ရုတ်ချည်းပင် လက်ဖြင့် ဖုံးကာလိုက်၏ ။ ဝန်းရံထားသည့် စာများသည်လည်း လေထုအတွင်း၌ ကွယ်ပျောက်သွားတော့သည်။

"သာမညောင်ညလေးကို ဒီလောက် အားပြင်းတာလား…'

ယွဲ့ချန်းရန်က လက်ဝါးပြင်မှ သွေးများအား စိုက်ကြည့်ကာ ရေရွတ်မိနေသည်။

"ဒီကိုယ်က ပေါင်းစပ်ခြင်း အဆင့်ပဲလေ ဒါတောင် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတယ်တဲ့လား… နောက်ပိုင်း မျိုးဆက်တွေကို အထင်သေးလို့ မရဘူးကိုး…"

ထိုသူက အပေါ်သို့ ခဏမော့ကြည့်နေရာမှ ပလ္လင်၏ လက်ကိုင်အား ဖိနှိပ်လိုက်၏ ။ ထိုအချိန်တွင် ထိုင်နေသည့် အရှေ့တည့်တည့်တွင် ပြည်နယ်ကိုးခု နယ်မြေဆယ်ခု၊ တောနက်နှင့် နတ်ဆိုးလောက ပါ ပါဝင်သည့် မြေပုံတခု ပေါ်လာသည်။

ယွဲ့ချူးရန်က ဝိညာဉ်ပျက်မြစ်ဆီသို့ လက်ဖြင့် ထိတွေ့လိုက်သည်။

"ဒေဝါ နိုင်ငံတော်ရဲ့ ပိုင်နက်က ဝိညာဉ်ပျက်မြစ်အထိလေ… အခုတော့ ဒီနေရာရို သားရဲတွေ ပိုင်စိုးထားနေပါလား…"

ယွဲ့ချန်းရန်က ခဏကြာ စဉ်းစားနေရာမှ မြေပုံအတွင်းမှ ပြည်နယ်ကိုးခုနှင့် နယ်မြေဆယ်ခုရှိ အလင်းစက်များအား အာရုံစိုက်လိုက်သည်။

"နေနှင့်ဦးပေါ့… အိပ်ပျော်နေတဲ့ ငါ့ညီအစ်ကိုတွေကို နှိုးပြီးရင် ဆုံးရှုံးသွားတဲ့ နယ်မြေကို ပြန်ယူဖို့က ကြာမှာ မဟုတ်ဘူး…"

ထိုသူက ပြောပြောဆိုဆိုဖြင့် မြေပုံအား လက်ဖြင့် ထိုထိကြည့်နေသေးသည်။

"ဟို ကျင့်ကြံသူတွေ ငါ့ကို ဖမ်းမိသွားတော့မလို့… ငါ့ရဲ့ လှုပ်ရှားမှုကို တွက်ဆမိသွားတာ သေချာတယ်… ငါက အုပ်စုဖွဲ့ တိုက်ခိုက်တာကို မကြောက်ဘူး ဒါပေမယ့်…"

ယွဲ့ချန်းရန်၏ စိတ်အတွင်း၌ ပိုင်ချူးရန်၏ လက်ဝါးချက်အား ပြန်လည် မြင်ယောင်လာသည်။

"ထားပါတော့…'

ခဏကြာ စဉ်းစားပြီးနောက်တွင် ထိုသူက ရှေးဟောင်းမြို့၏ လှုပ်ရှားမှု လမ်းကြောင်းအား ပြောင်းလဲပစ်သည်။

"လုံခြုံရေးအတွက် ပညာရှင် အင်မော်တယ် အိမ်တော်ကို စည်းတံဆိပ် ဖယ်ပစ်တာပေါ့… ဒါဆို ဒီကျင့်ကြံသူတွေ ငါ့ကို ဖမ်းပြီး သတ်ပစ်နိုင်ရင်တောင် မူစရာ မဟုတ်တော့ဘူး…"

စကားအဆုံး၌ ယွဲ့ချန်းရန်၏ လက်နှစ်ဖက် ယခုခေတ်ကာလတွင်ပင် မရှိတော့သည့် လက်စည်းတံဆိပ်များစွာအား ပြုလုပ်လိုက်သည်။ ထိုအရာများအား ပြုလုပ်စီမံနေသူမှ ယွဲ့ချန်းရန်၏ ကိုယ်အတွင်းမှ ရှေးဟောင်းဝိညာဉ် တခုသာ ဖြစ်သည်။

ထိုသူ၏ ထိန်းချုပ်မှု၌ ရှေးဟောင်းမြို့ကြီးက ဟင်းလင်းပြင်အတွင်း ရွေ့လျားကာ နေရာတခုပြီးတခု ကူးပြောင်းသွားတော့သည်။

All Chapters