← Chapters

ဒီလောက်တောင် ကြီးလာပြီလား၊ ဦးလေးကို ဖက်ခွင့်ပေးပါဦး

Vol. 6 Ch. 54

ဒီလောက်တောင် ကြီးလာပြီလား၊ ဦးလေးကို ဖက်ခွင့်ပေးပါဦး

Vol. 6 Ch. 54

တန်ဝမ်ကျဲ သူဌေးကျောက်ကို တစ်ချက်ကြည့်လိုက်၏။ အလွန်ကြည်ညိုလေးစားခံရသော ဤအဖိုးကြီးကျောက်က သူ၏ ဝိုင်ချက်စက်ရုံကို အသည်းအသန် ရောင်းချချင်နေရသည့် အကြောင်းရင်းမှာ ထိုနေရာတွင် လူသေမှုများ မကြာသေးမီက ဖြစ်ပွားခဲ့သောကြောင့်ဖြစ်သည်။ ထို့ပြင် တစ်ယောက်မကပေ။

လူတိုင်းသိသည့်အဆင့်သို့ မရောက်သေးသော်လည်း တန်ဝမ်ကျဲ၏ လက်အောက်တွင် အလုပ်လုပ်နေသော ဝိုင်ဟွားအဘိုးကြီးနှင့် အခြားသူများမှာ ထိုကဲ့သို့သော သတင်းစကားများကို အများအပြား ကြားထားပြီးဖြစ်သည်။

ဝိုင်ချက်စက်ရုံမှာ သရဲတစ္ဆေများ ခြောက်လှန့်နေပြီး စီးပွားရေးမှာလည်း ခန်းခြောက်နေပြီ ဖြစ်သည်။ ၎င်းကို မရောင်းချပါက ဖွင့်ထားသမျှ တစ်ရက်စီတိုင်းတွင် သူသည် ငွေများရှုံးနေရမည်သာ ဖြစ်သည်။

လက်ထဲသို့ ထိုးထည့်ပေးလာသည့် ငွေကို လက်မခံစရာ အကြောင်းမရှိပေ။ အလွန်ဆုံးရှိမှ တစ်ဆယ်၊ နှစ််ဆယ်ခန့် အကုန်အကျခံကာ ဦးလေးကျိုးကို ဖိတ်ကြားပြီး ပယောဂပညာဖြင့် နှင်ထုတ်ခိုင်းလိုက်ရုံပင်။ ထိုဝိုင်ချက်စက်ရုံကို သူကိုယ်တိုင် ဆက်ကိုင်ထားသည်ဖြစ်စေ၊ ပြန်လည်ရောင်းချသည်ဖြစ်စေ ငွေထောင်ချီ အမြတ်နိုင်ရန်မှာ အခက်အခဲ မရှိပေ။

သူသည် ငွေပမာဏအပေါ် များစွာ အာရုံမစိုက်သော်လည်း စကားပြောရုံမျှဖြင့် မိမိရင်းနှီးမြှုပ်နှံမှုထက် အဆပေါင်း ရာနှင့်၊ ထောင်နှင့်ချီကာ ပြန်ရမည့် အပေးအယူမျိုးကို လုပ်ဆောင်ရခြင်းအပေါ် ပျော်ရွှင်နေဆဲဖြစ်သည်။

“သူဌေးတန်၊ သူဌေးကျောက်၊ မင်္ဂလာနံနက်ခင်းပါ။ လက်ဖက်ရည် သောက်ဖို့ ရောက်လာတာလား။”

လက်ဖက်ရည်ဆိုင်ပိုင်ရှင်မှာ ဆူညံသံများကို ကြားလိုက်ရပြီးဖြစ်သဖြင့် အပြုံးတစ်ခုဖြင့် ချဉ်းကပ်လာခဲ့သည်။

ဆိုင်ရှင်မှာ အသစ်ချုပ်လုပ်ထားသော အပေါ်အင်္ကျီကို ဝတ်ဆင်ထားပြီး ဖြူဖွေးသော မုတ်ဆိတ်နှင့် ဆံပင်များကို သပ်သပ်ရပ်ရပ် ပြုပြင်ထားကာ လက်ကောက်ဝတ်တွင် ပုတီးစိပ်တစ်ကုံးကို ပတ်ထားသဖြင့် ချမ်းသာသော အိမ်ထောင်ဦးစီးကြီးတစ်ဦးနှင့်ပင် တူနေခဲ့လေသည်။

“ဆိုင်ရှင်ချိန်...ဒီနေ့ ခင်ဗျား ဝတ်စားထားတာက တော်တော်လန်းနေပါလား။ လူပျိုလှည့်ထွက်မလို့လား။”

တန်မိသားစု၏ ပိုင်ဆိုင်မှုများကို မည်သို့ခွဲဝေကြမည်အား ဒေသခံလူချမ်းသာများ စုဝေးတိုင်ပင်ခဲ့ကြစဉ်က ဤဆိုင်ရှင်ချိန်သည်လည်း တစ်ဦးအပါအဝင် ဖြစ်ခဲ့သည်။

အကယ်၍ ထိုလူသာ သူ့ထံသို့ အပြေးအလွှား လာမနှုတ်ဆက်ခဲ့လျှင်သော်လည်းကောင်း၊ နှုတ်ဆက်ခြင်းက ငွေကုန်ကြေးကျ ရှိခဲ့လျှင်သော်လည်းကောင်း သူသည် ဤကဲ့သို့သော ဒေသခံလူချမ်းသာဆိုသူများနှင့် စကားပြောနေမည် မဟုတ်ပေ။

“ကျုပ်က အရွယ်လွန်နေပါပြီ။”

ဆိုင်ရှင်ချိန်က ခေါင်းကို တရစပ်ခါယမ်းလျက် ပြောလိုက၏။

“ဒါက ကျုပ်သမီးလေးကြောင့်ပါ။ သူ နိုင်ငံခြားမှာ ပညာသင်ပြီး ပြန်လာပြီလေ။ ဒီနေ့ အိမ်ပြန်ရောက်မယ် ပြောထားလို့ပါ။”

အပြင်ဘက်တွင်မူ လူများမှာ ဗျောက်အိုးများ ချိတ်ဆွဲခြင်းနှင့် ပွဲတော်အပြင်အဆင် ပြုလုပ်ခြင်းတို့ဖြင့် အလုပ်ရှုပ်နေကြပြီဖြစ်သည်။

“သူ့ကို မတွေ့ရတာတောင် နှစ်အတော်ကြာပြီပဲ။”

တန်ဝမ်ကျဲသည် ဆိုင်ရှင်ချိန်၏ သမီးမှာ မည်သူဖြစ်သည်ကို မှတ်မိရန် ကြိုးစားလိုက်သော်လည်း မရခဲ့ပေ။ ဆိုင်ရှင်ချိန်၏ ရုပ်ရည်ကို ကြည့်ခြင်းအားဖြင့် သူ၏သမီးမှာလည်း ရုပ်ဆိုးမည့်ပုံသာ ရှိသည်။

“ဟုတ်ပါတယ်...ဟုတ်ပါတယ်။”

ဆိုင်ရှင်ချိန်က ခေါင်းငြိမ့်ပြလိုက်သည်။ ဒေသခံလူကြီးတစ်ဦးကဲ့သို့ မာန်တက်နေခြင်းမှာ တန်ဝမ်ကျဲအပေါ် သက်ရောက်မှုမရှိကြောင်း သူသိပေသည်။

သူဌေးကျောက်ကလည်း သူ့ကို ထွက်သွားရန် လက်ဟန်ပြလိုက်၏။

“ကဲ ဆိုင်ရှင်ချိန်... သူဌေးတန်နဲ့ ကျုပ်နဲ့ အရေးကြီးတဲ့ စီးပွားရေးကိစ္စ ဆွေးနွေးစရာ ရှိသေးတယ်။ ခင်ဗျား သွားပြီး အလုပ်ရှုပ်လိုက်ပါဦး။”

သူတို့နှစ်ဦး ပြန်ထိုင်လိုက်ကြသော်လည်း သူဌေးကျောက်က စကားဝိုင်းကို ဝိုင်ချက်စက်ရုံဘက်သို့ မဦးတည်သေးပေ။ တစ်ခါတစ်ရံတွင် သူသည် ဖီးနစ်မျှော်စင်မှ “မြင်းလေးကောင်ကို ခွာမှာချည်ခြင်း” အကြောင်းကို စိတ်လှုပ်ရှားစွာ ပြောဆိုနေတတ်သည်။ ၎င်းမှာ အလွန်အဆင့်မြင့်လွန်းလှသဖြင့် တန်ဝမ်ကျဲ လုံးဝ နားမလည်နိုင်ပေ။

“အာ...သူ လာနေပြီပဲ”

သူဌေးကျောက်က ဝင်ပေါက်ဆီသို့ ရုတ်တရက် လက်ညှိုးထိုးပြလိုက်သည်။

တန်ဝမ်ကျဲ လှည့်ကြည့်လိုက်ရာ အနောက်တိုင်းဝတ်စုံဝတ်ကာ ဆံပင်ကို ဆီနှင့် ဖိကပ်ဖြီးထားသော လူတစ်ဦးကို တွေ့လိုက်ရ၏။ ထိုလူမှာ သူစိမ်းတစ်ဦး ဖြစ်ပုံပင်။

“ဆောရီးပါ ကျုပ်လာတာ နောက်ကျသွားတယ်။”

ထိုလူ စကားပြောလိုက်သည်နှင့် တန်ဝမ်ကျဲမှာ ဒေါသလှိုင်းတစ်ခုကို ခံစားလိုက်ရသည်။ “နိုင်ငံခြားမှင်ရည် သောက်လာသည့်” နောက်ထပ် လူတစ်ယောက်ပင်။

ထိုလူသည် မည်သူမျှ နားမလည်နိုင်သည်ကို သိသိကြီးနှင့် အင်္ဂလိပ်စကားလုံးများကို ညှပ်ပြောနေခြင်းဖြစ်သည်။ ထို့အပြင် တန်ဝမ်ကျဲမှာ နှာခေါင်းမွှေးများ ပြူးထွက်နေသော နှာခေါင်းပေါက်ကြီးများဖြင့် သူ့ကို အထက်စီးမှ ငုံ့ကြည့်သည်ကို အမုန်းဆုံးဖြစ်သည်။

“ဟီးဟီး...သခင်လေးယဲ့... မင်း နောက်ဆုံးတော့ ရောက်လာပြီပဲ။”

သို့သော် သူဌေးကျောက်မှာမူ ထိုလူ ပြောနေသည့် အဓိပ္ပာယ်မရှိသော စကားများကို နားမလည်သော်လည်း သူ့အပေါ် မရိုင်းစိုင်းရဲပေ။

“ဦးလေးက ကျုပ်ကို ဒေးဗစ်လို့ ခေါ်နိုင်ပါတယ်။ ဒေးဗစ်...သန့်စ် (Thanks)။”

ဒေးဗစ်က အနောက်တိုင်းနှင့် ဒေသန္တရစကားကို ရောနှောပြီး ပြောလိုက်၏။

“မပြီးသေးပါဘူး...မပြီးသေးပါဘူး။ ငါတို့ရဲ့ စီးပွားရေးအရောင်းအဝယ်က ဘယ်လိုလုပ် ပြီးနိုင်မှာလဲ။”

သူဌေးကျောက်က သူ့ကို ဆွဲကာ ထိုင်ခိုင်းလိုက်သည်။

ယခုမှ တန်ဝမ်ကျဲ သဘောပေါက်သွားတော့သည်။ သူဌေးကျောက်၏ အကြံမှာ သူတို့နှစ်ဦးကို တစ်ယောက်နှင့်တစ်ယောက် ဈေးပြိုင်ပေးခိုင်းရန် ဖြစ်သည်။

ဒေးဗစ်သည်လည်း တန်ဝမ်ကျဲကို မြင်သောအခါ ထိုအချက်ကို ရိပ်မိသွားခဲ့သည်။

“ဒါက တန်မိသားစုမြို့က သူဌေးတန်ပဲ။ အင်မတန် ချမ်းသာတဲ့သူပေါ့။”

သူဌေးကျောက်က ပြုံးကာ မိတ်ဆက်ပေးလိုက်သည်။

“ဒါကတော့ ကျုပ်တို့ ကျိုးချွမ်မြို့နယ်ရဲ့ မြို့တော်ဝန်ရဲ့သားယဲ့... ဒေးဗစ်ပေါ့။ ဟုတ်တာပေါ့...သူက နိုင်ငံခြားမှာ ပညာသင်ပြီး ပြန်ရောက်ကာစပဲ ရှိသေးတယ်လေ။”

ဒေးဗစ်လား။

တန်ဝမ်ကျဲ သူ့ကို မသိသော်လည်း အိမ်နီးချင်းမြို့မှ မြို့တော်ဝန်အကြောင်းကိုမူ သူကြားဖူး၏။ ထိုလူသည် ကြက်သွန်ဖြူ စားရသည်ကို နှစ်သက်သော ဘိန်းကုန်သည်တစ်ဦးဖြစ်သည်။ တစ်မီတာ ပတ်လည်အတွင်း သူ၏ကြက်သွန်ဖြူနံ့နှင့် ခံတွင်းနံ့မှာ အလွန်ပြင်းထန်လှသဖြင့် နွေရာသီတွင်ပင် ခြင်များမှာ သူ့အနီးသို့ မကပ်ရဲကြပေ။

“နှစ်ယောက်စလုံးလည်း ရောက်ပြီ။ အားလုံးကလည်း မိတ်ဆွေတွေပဲဆိုတော့ အရင်ဆုံး စီးပွားရေးအကြောင်း ပြောကြရအောင်။”

သူဌေးကျောက်က စတင်မိတ်ဆက်ရန် ပြင်လိုက်စဉ်မှာပင် ဒေးဗစ်က ပြောလိုက်သည်။

“သူဌေးကျောက် ခင်ဗျားရဲ့ ဝိုင်ချက်စက်ရုံအတွက် ကျုပ် အလွန်ဆုံး သုံးထောင်ပဲ ပေးနိုင်မယ်။”

သူက သူပေးနိုင်သည့် အနိမ့်ဆုံးဈေးကို တိုက်ရိုက်ပြောချလိုက်ပြီး တန်ဝမ်ကျဲကို ကြည့်လိုက်သည်။

သူသည် မည်သည့်မျက်နှာသာပေးမှုကိုမျှ မပြပေ။ ဤအတုအယောင် နိုင်ငံခြားပြန်မှာ စည်းမျဉ်းကို ကောင်းကောင်းကစားတတ်ပေသည်။ သူသည် ထမင်းဝိုင်းပေါ်ရှိ လူမှုရေးဆိုင်ရာ ယဉ်ကျေးပျူငှာမှုများကို ဂရုမစိုက်ပေ။

“ဒေးဗစ်...ဒါတော့ မဟုတ်သေးဘူးလေ။”

သူဌေးကျောက်မှာ ပျာယာခတ်သွားခဲ့၏။

“ငါ့ရဲ့ဝိုင်ချက်စက်ရုံက မိုင်တစ်ရာ ပတ်လည်က ဒေသတစ်ခုလုံးကို ဝိုင်တွေဖြန့်ဖြူးပေးနေတာ။ စစ်သေနာပတိချုပ်ရဲ့ မီးဖိုချောင်မှာတောင် ငါ့ရဲ့ဝိုင်ဝါကို ဟင်းချက်ရာမှာ သုံးကြတယ်။ အနည်းဆုံး ရှစ်ထောင်လောက်တော့ ရမှဖြစ်မယ်။”

“သူဌေးကျောက် ခင်ဗျားရဲ့ ဝိုင်ချက်စက်ရုံက သရဲခြောက်နေတယ်လေ။ အဲဒါကြောင့်လည်း ခင်ဗျား အသည်းအသန် ရောင်းချင်နေတာ မဟုတ်လား။”

ဒေးဗစ်က ဆိုသည်။

“သရဲခြောက်တာလား။ ဘာသရဲလဲ။ သရဲမရှိပါဘူး။”

သူဌေးကျောက်က စားပွဲကို ရိုက်ကာ ထရပ်လိုက်သည်။ လူတိုင်း သူ့ကို ကြည့်နေသည်ကို မြင်သောအခါ သူက ရှက်ပြုံးပြုံးလိုက်သည်။

“ဒါတွေအားလုံးက တခြားလူတွေ လုပ်ကြံပြောဆိုနေကြတာတွေပါ။”

ဒေးဗစ်က လက်ဖက်ရည် တစ်ခွက်ငှဲ့လိုက်သော်လည်း ဘာမှထပ်မပြောတော့ပေ။

“သူဌေးတန်...”

သူဌေးကျောက်က တန်ဝမ်ကျဲကို ကြည့်လိုက်သည်။

“ကျုပ် အခုမှပဲ ရုတ်တရက် သတိရသွားတော့တယ်။ ကျုပ်က အရက်သောက်ရတာကို သိပ်မကြိုက်ဘူး။ ထားလိုက်ပါတော့၊ မစ္စတာ ‘ဘစ်’ (Big) ကိုပဲ ပေးလိုက်ပါ။”

“ကျုပ်ရဲ့မျိုးရိုးက ယဲ့ပါ၊ နာမည်က ဒေးဗစ်။ ‘ဘစ်’ မဟုတ်ဘူး”

ဒေးဗစ်က ခေါင်းမော့ကြည့်ကာ အတင်းပြုံးရန် ကြိုးစားရင်း ပြောလိုက်၏။

“ကောင်းပါပြီ... မစ္စတာ ဘစ်”

“နေပါဦး...နေကြပါဦး၊ ကျုပ်တို့ အရောင်းအဝယ်အကြောင်း ဆက်ပြောလို့ရပါတယ်။”

သူဌေးကျောက်က တန်ဝမ်ကျဲကို အလျင်အမြန် ဆွဲထားလိုက်သည်။ သူ၏ အဓိကပစ်မှတ်မှာ အမြဲတမ်း တန်ဝမ်ကျဲသာဖြစ်သည်။ မှောင်ခိုဘိန်းများ ရောင်းစားနေသည့် မြို့တော်ဝန်၏သားဖြစ်သူ ဒေးဗစ်မှာမူ လက်ငင်းငွေ ငါးထောင်ရရန်ပင် ကံကောင်းမှ ဖြစ်ပေလိမ့်မည်။

ထို့အပြင် နိုင်ငံခြားပြန် ပုံစံဖမ်းနိုင်ရန်အတွက် ဒေးဗစ်မှာ အလွန်အမင်း ဖြုန်းတီးတတ်ကြောင်း သူဌေးကျောက်က သိထားပေသည်။ ဘိန်းခန်းများသာ မရှိပါက မြို့တော်ဝန်၏ နည်းပါးလှသော လစာဖြင့် သူ၏ဖခင်မှာ ကြက်သွန်ဖြူပင် ဝယ်စားနိုင်မည် မဟုတ်ပေ။

သူ ဒေးဗစ်ကို ဖိတ်ခေါ်ခဲ့ခြင်းမှာ ထိုလူသည် လူရာဝင်ချင်စိတ် ပြင်းပြပြီး သရဲတစ္ဆေများကို မယုံကြည်သဖြင့် အပေါဈေးနှင့် ရနိုင်မည်ဟု ထင်နေသောကြောင့် ဖြစ်သည်။ သူက အရံလူတစ်ဦးသာ ဖြစ်သည်။ သူဌေးကျောက် လိုချင်သည်မှာ ဈေးတင်ပေးမည့်သူ တစ်ဦးသာဖြစ်သည်။ ဒေးဗစ်က ယခုကဲ့သို့ ဗုံးကြဲလိုက်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ သုံးထောင်ဟု ဈေးသတ်မှတ်လိုက်ရုံသာမက သရဲခြောက်သည့် သတင်းများကိုပါ ထုတ်ဖော်ပြောဆိုခဲ့၏။

သုံးထောင်လား။ အဲဒါက ငါ့ကို သတ်နေတာပဲ။

သူ့ထိုင်ခုံသို့ ပြန်လည်ဆွဲခေါ်ခြင်း ခံရပြီးနောက် တန်ဝမ်ကျဲကလည်း ဈေးတစ်ခု ပေးလိုက်သည်။ ၎င်းမှာလည်း သုံးထောင်ပင်ဖြစ်သည်။

စီးပွားရေးဟူသည် အပေးအယူ ရှိသင့်သော်လည်း ဤအတုအယောင် နိုင်ငံခြားပြန်က မျက်နှာဖုံးကို ခွာချပြီး ပွင့်ပွင့်လင်းလင်း ပြောလာသည့်အတွက် သူလည်း ယဉ်ကျေးပြနေစရာ မလိုတော့ပေ။

“အရမ်းနည်းလွန်းတယ်၊ အရမ်းနည်းလွန်းတယ်။”

သူဌေးကျောက်က ခေါင်းခါလိုက်သည်။

“အကယ်၍ ဝိုင်ချက်စက်ရုံကို ပြန်ဖွင့်နိုင်မယ်ဆိုရင် ကျုပ် ငါးထောင်ပေးဖို့ အသင့်ပါပဲ။”

“ပြန်ဖွင့်နိုင်တာပေါ့...တစ်သောင်းပေးရင်တောင် ကျုပ် မလုပ်...”

သူဌေးကျောက်က သူ၏မျက်နှာကို ကုတ်လိုက်သည်။

“သရဲခြောက်တာကတော့ ဖြေရှင်းဖို့ လွယ်ပါတယ်။ ခင်ဗျားသာ ကျုပ်ရဲ့ဝိုင်ချက်စက်ရုံကို ဝယ်မယ်ဆိုရင် နာမည်ကြီး ဆရာတွေကို ငှားပြီး ပွဲတော်ပူဇော်တာ၊ ဝိညာဉ်တွေကို လွတ်မြောက်အောင် လုပ်တာတွေအတွက် ကျုပ်ပဲ ငွေကုန်ခံပေးပါ့မယ်။ သရဲတစ်ကောင်မှ မကျန်စေရဘူးလို့ ကျုပ် အာမခံတယ်။”

တန်ဝမ်ကျဲက လက်ဖက်ရည် တစ်ခွက်ငှဲ့လိုက်ရင်း သူ၏ အကြည့်မှာ လက်ဖက်ရည်ဆိုင် အပြင်ဘက်သို့ ရောက်သွားခဲ့သည်။

ဗျောက်အိုးသံများမှာ တဖြောင်းဖြောင်း မြည်နေပြီး အခြေအနေမှာ အလွန်စည်ကားနေခဲ့သည်။

ထိုစဉ် ထီးဆောင်းထားသော အမျိုးသမီးတစ်ဦးကို တင်ဆောင်လာသည့် ဆိုက်ကားတစ်စီးမှာ လက်ဖက်ရည်ဆိုင်ရှေ့တွင် ရပ်လိုက်၏။ သူမသည် “မြောက်ပိုင်းအတွက် အလွန်အေးမြစေမည့်” အနောက်တိုင်းစတိုင် ဂါဝန်တိုလေးကို ဝတ်ဆင်ထားသည်။

“အဲ့ဒါ အန်နီပဲ...။”

သူမကို မြင်သောအခါ ဒေးဗစ်က ပျော်ရွှင်စွာဖြင့် ကြိုဆိုရန် မတ်တပ်ရပ်လိုက်၏။

စီးပွားရေးလား။

သူသည် မည်သို့ပင်ဖြစ်စေ သုံးထောင်ကို ရှာပေးနိုင်မည် မဟုတ်ပေ။ ထိုငွေကို ဘိန်းခိုးသွင်းရာတွင် သုံးခြင်းက ပိုကောင်းပေလိမ့်မည်။

သူသည် ယနေ့ ဤနေရာသို့ ရောက်လာရခြင်းမှာ လူတစ်ယောက်အတွက်၊ ဆိုင်ရှင်၏သမီး အန်နီအတွက်သာ ဖြစ်ပြီး သူဌေးကျောက်အတွက် မဟုတ်ပေ။

“ခင်ဗျား သေချာစဉ်းစားပြီးမှ ကျုပ်ကို လာရှာလိုက်ပါ။ နောက်ထပ် လူတစ်ယောက်လောက် ထပ်သေမယ်ဆိုရင် ကျုပ် နှစ်ထောင်တောင် ပေးတော့မှာ မဟုတ်ဘူးနော်။”

တန်ဝမ်ကျဲက သူဌေးကျောက်၏ ပုခုံးကို ပုတ်ကာ ထရပ်လိုက်သည်။ သူ၏အိမ်မှ အစေခံတစ်ဦး သူ့ကို လိုက်ရှာနေသည်ကို တွေ့လိုက်ရသဖြင့် တစ်ခုခု ဖြစ်ပြီဖြစ်ကြောင်း သူသိလိုက်ချေပြီ။

“သူဌေးတန်...သူဌေးတန်...ဟူး...။”

သူဌေးကျောက်က နှစ်ကြိမ်တိုင်တိုင် ခေါ်လိုက်သော်လည်း တန်ဝမ်ကျဲတစ်ယောက် လှည့်မကြည့်ဘဲ ထွက်သွားသည်ကိုသာ ကြည့်နေလိုက်ရသည်။

ထို့နောက် သူသည် စိတ်ပျက်လက်ပျက်ဖြင့် ပြန်ထိုင်လိုက်ကာ စားပွဲပေါ်ရှိ ခွက်တစ်ခုကို ကောက်ကိုင်ပြီး မော့ချလိုက်၏။ မည်သူ့ခွက်မှန်းပင် သူ မသိပေ။

“အား ပူတယ်၊ ပူတယ်၊ ပူတယ်!”

သူဌေးကျောက်သည် နာကျင်စွာဖြင့် သူ၏ပါးစပ်ကို လက်ဖြင့် ယပ်ခတ်လိုက်ရ၏။

သူ မကြိုးစားခဲ့ခြင်း မဟုတ်ပေ။ သူ တိတ်တဆိတ် ငှားရမ်းခဲ့သော တာအိုဆရာများနှင့် ဂိုဏ်းချုပ်များမှာ အကုန်သေဆုံးခဲ့ကြရခြင်းဖြစ်သည်။ သူသာ ကောင်းကောင်းဖုံးကွယ်မထားခဲ့လျှင် ဝိုင်ချက်စက်ရုံရှိ သရဲမှာ ဆရာတွေကိုပါ သတ်နိုင်လောက်အောင် ရက်စက်ကြမ်းကြုတ်သည်ကို အပြင်လူများ သိသွားပါက သူ အလကားပေးလျှင်ပင် မည်သူမျှ ယူကြမည် မဟုတ်ပေ။

ယခုမူ ဝိုင်ချက်စက်ရုံမှာ ကိုင်ရခက်သော မီးခဲကြီးကဲ့သို့ ဖြစ်နေပြီဖြစ်သည်။ အချို့လူများဆိုလျှင်မူ သူလည်း ထိုသရဲလက်ချက်ဖြင့် သေရလိမ့်မည်ဟုပင် ပြောနေကြချေသည်။

သူဌေးကျောက်သည် လက်ရှိတွင် ဝိုင်ချက်စက်ရုံကို ရောင်းပြီး ထွက်ပြေးရန်သာ စဉ်းစားနေခြင်းဖြစ်သောကြောင့် ဤမျှ အလျင်လိုနေရခြင်းဖြစ်၏...။

လက်ဖက်ရည်ဆိုင်၏ အဝင်ဝတွင်မူ ဆိုင်ရှင်ချိန်နှင့် သူ၏သမီးတို့မှာ ပျော်ရွှင်စွာဖြင့် ပြန်လည်ဆုံတွေ့နေကြပြီး ဒေးဗစ်သည်မူ အနီးတွင် ဝဲလည်ဝဲလည်လုပ်ကာ အင်္ဂလိပ်စကားများကို တစ်ချက်တစ်ချက် ညှပ်၍ပြောဆိုနေခဲ့သည်။

ရုတ်တရက် အန်နီသည် လက်ဖက်ရည်ဆိုင်ထဲမှ ထွက်လာသော ချောမောခန့်ညားသည့် အမျိုးသားတစ်ဦးကို မြင်လိုက်ရပြီး သူမ၏ မျက်လုံးများမှာ ထိုသူ့အပေါ်တွင် မခွာတမ်း စိုက်ကြည့်နေမိတော့သည်။

တန်ဝမ်ကျဲသည် သူမ၏ အကြည့်ကို သတိပြုမိသွားကာ ရပ်တန့်လိုက်ပြီး အသာအယာ ပြုံးပြလိုက်သည်။

“မင်းက ငါ့ရဲ့ တူမလေး ဖြစ်ရမယ်။ ဟုတ်တယ်မလား။”

သူမက တကယ်ပဲ ဆိုင်ရှင်ချိန်ရဲ့ သမီး ဟုတ်လို့လား။ မျိုးရိုးဗီဇဆိုင်ရာ ကွဲလွဲချက်ကြီး ကြီးမားလွန်းတယ်။

ခန့်မှန်းချက်အရ ၉၉ ရာခိုင်နှုန်းမှာ ဆိုင်ရှင်ချိန် အဖောက်ပြန်ခံရခြင်း ဖြစ်နိုင်ပြီး ကျန် ၁ ရာခိုင်နှုန်းမှာ ကလေးချင်း မှားသွားခြင်းပင် ဖြစ်နိုင်သည်။

“တူမလေးလား။”

အန်နီ၏ မျက်နှာပေါ်မှ အပြုံးမှာ အေးခဲသွားခဲ့သည်။ သူမသည် ဤသည်မှာ ရိုမန်းတစ်ဆန်သော ဆုံတွေ့မှုတစ်ခု၏ အစဟု ထင်မှတ်ထားခဲ့သော်လည်း သူတို့မှာ ဆွေမျိုးများဖြစ်နေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

သူမက ဝေခွဲမရစွာဖြင့် “ဦးလေးလား” ဟု ခေါ်လိုက်သည်။

ဆိုင်ရှင်ချိန်မှာ ဘာတွေးနေသည်မသိဘဲ အလျင်အမြန်ပင် ပြောလိုက်၏။

“ဒါက သူဌေးတန်ပဲ။ သူနဲ့ အဖေက မျိုးဆက်တူတွေလေ။ မင်းတို့နှစ်ယောက်က အသက်ချင်း သိပ်မကွာဘူး။”

တန်ဝမခကျဲသည် သူမကို ကြည့်လိုက်ရာ သူမ၏ ရင်ဘတ်ပေါ်ရှိ အမာရွတ်ကို အာရုံရောက်သွားခဲ့သည်။ သူသည် သမားတော်တစ်ဦးကဲ့သို့ ကြင်နာတတ်သော နှလုံးသား ရှိသူဖြစ်သဖြင့် “ဒီလောက်တောင် ကြီးလာပြီလား။ လာပါဦး၊ ဦးလေးကို ဖက်ခွင့်ပေးပါဦး” ဟု ဆိုလိုက်၏။

အန်နီမှာ ရှက်ကိုးရှက်ကန်းဖြင့် နောက်သို့ ဆုတ်လိုက်မိသည်။ သူမက သူ့ကို ဦးလေးဟု ခေါ်နေသော်လည်း သူမ၏ နှလုံးသားကမူ ထိုသို့ တွေးမနေပေ။

ဘေးတွင်မူ ဒေးဗစ်သည် တန်ဝမ်ကျဲ၏ လုပ်ရပ်အား အလွန်မကျေမနပ် ဖြစ်နေခဲ့သည်။ သူ တစ်ခုခုပြောရန် ပြင်လိုက်စဉ်မှာပင် တန်မိသားစု အစေခံတစ်ဦး၏ အသံကို ခပ်လှမ်းလှမ်းမှ ကြားလိုက်ရလေသည်။

“သခင်ကြီး...သခင်ကြီး။”

“ကျုပ် လုပ်စရာလေးရှိလို့ သွားလိုက်ဦးပါမယ်။ တူမလေး နောက်မှတွေ့မယ်နော်။”

တန်ဝမ်ကျဲက အန်နီကို ခေါင်းငြိမ့်ပြကာ မဆိုင်းမတွပင် လှည့်ထွက်သွားခဲ့သည်။

အန်နီ၏ အကြည့်မှာ တန်ဝမ်ကျဲ၏ ကျောပြင်နောက်သို့ လိုက်ပါသွား၏။ သူ့ကို ကြည့်ပြီးနောက်တွင်မူ သူမ၏ ဖခင်အနီးတွင် မျက်နှာချိုသွေးပြနေသော ဒေးဗစ်မှာ ရုတ်တရက် အလွန် စိတ်ပျက်စရာ ကောင်းလာတော့သည်။

ဆိုင်ရှင်ချိန်မှာမူ မူလက သူ၏သမီးနှင့် ဒေးဗစ်တို့မှာ နိုင်ငံခြားတွင် ရွှေဖူးစာဆုံခဲ့ကြသည်ဟု ထင်မှတ်ထားခဲ့ခြင်းဖြစ်သည်။ သို့သော် အကယ်၍ သူမသာ တန်ဝမ်ကျဲနှင့် ပတ်သက်နိုင်မည်ဆိုပါက ထိုသည်က ပို၍ပင် ကောင်းဦးပေမည်...။

တန်ဝမ်ကျဲ အမောတကော ပြေးလာသည့် အစေခံကို ကြည့်လိုက်၏။

“ဘာကိစ္စလဲ...”

“သခင်ကြီး... သခင်ကြီးအတွက် မှာထားတဲ့ စက္ကူရုပ်တွေ၊ စက္ကူမြင်းတွေ၊ စက္ကူတံတားတွေနဲ့ ဖယောင်းတိုင်တွေ... အဲဒါတွေက မလောက်တော့ဘူး။”

“ငါ မင်းကို ဆိုင်အတော်များများမှာ အမှာစာတင်ထားဖို့ ပြောခဲ့တယ် မဟုတ်ဘူးလား။ ဒါက အမှားအယွင်း ဖြစ်လို့မရဘူး။ ငါ့ဦးလေးက သက်ရှိထင်ရှားရှိစဉ်တုန်းက အင်မတန် ချမ်းချမ်းသာသာနဲ့ နေလာခဲ့တဲ့သူ၊ သေပြီးရင်လည်း ခမ်းခမ်းနားနား နေချင်မှာပဲ။ မဟုတ်ရင် သူ အောက်ဘုံမှာ ကောင်းကောင်းမနေရရင် ငါလည်း အိပ်ပျော်မှာ မဟုတ်ဘူး။”

အရာအားလုံး အခြေကျရန်အတွက် (၄၉) ရက်မြောက် ဆွမ်းသွတ်ခြင်း တစ်ခုသာ ကျန်တော့သည်။ ဤအရေးကြီးသော အချိန်တွင် မည်သည့်ပြဿနာမျှ ဖြစ်ခွင့်မပေးနိုင်ပေ။

ထိုအချိန်မှစ၍ သူသည် ရေပြင်ကျယ်ထဲမှ ငါးတစ်ကောင်ကဲ့သို့ လွတ်လပ်သွားမည်ဖြစ်သည်။ တန်ယွီသည် မြေအောက်ကမ္ဘာတွင် ချမ်းသာသော ဝိညာဉ်ကြီး ဖြစ်နေမည်ဖြစ်ပြီး တန်ဝမ်ကျဲသည်လည်း လူ့လောကတွင် ‘သူဌေးကြီးတန်’ အဖြစ် ရှိနေမည်ဖြစ်သည်။ အားလုံးအတွက် တောက်ပသော အနာဂတ် ရှိလာပေလိမ့်မည်။

“အရင် စက္ကူဆိုင်တွေမှာ ရှိသမျှကို ကျုပ်တို့ အကုန်ဝယ်ပြီးပါပြီ။ ဒီတစ်ခါမှာလည်း စက္ကူရုပ်တွေနဲ့ စက္ကူမြင်းတွေအတွက် ပျော်ရွှင်ခြင်းခန်းမမှာ ကြိုတင်မှာထားခဲ့တာပါ။ ဒါပေမယ့် ဘယ်သူသိမှာလဲ... ဒီနေ့ သွားယူတော့မှ အဲဒီဆိုင်က အလုပ်သမားတွေက သူတို့မှာ ရှိရင်တောင်မှ ကျုပ်တို့ကို မရောင်းဘူးလို့ ရုတ်တရက် ငြင်းလိုက်တယ်လေ။”

ထိုလူက စကားပြောရင်းဖြင့် စက္ကူရုပ်နှင့် စက္ကူမြင်းပုံစံများကို လက်ဟန်ခြေဟန်ဖြင့်ပင် ပြသနေသေးသည်။

“တခြဝယ်လို့ရဦးမလဲ ဝယ်လို့ရဦးမလဲ။”

တန်ဝမ်ကျဲက နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။ သူသည် ထိုစက္ကူဆိုင်နှင့် ရန်ငြိုးရှိနေ၍လော။ ဆိုင်ရှင်၏ ဇနီးကို ပွတ်သပ်မိခဲ့၍လော။ သို့သော် အစေခံ၏ တုံ့ပြန်မှုကို ကြည့်ရသည်မှာ ထိုသို့ ဟုတ်ပုံမရပေ။

“ဟိုဟိုဒီဒီ သွားရှာနေရင် သခင်ကြီးရဲ့ (၄၉) ရက်မြောက် ဆွမ်းသွတ်ပွဲကို မှီမှာ မဟုတ်တော့ပါဘူး။”

“ဟုတ်လား။ ဒါဆို အဲဒီဆိုင်ကို သွားကြည့်ရအောင်။ နာမည်က ဘယ်လိုခေါ်လဲ။”

“ကျူးမိသားစုရဲ့ ပျော်ရွှင်ခြင်းခန်းမ စက္ကူပန်းပုဆိုင်ပါ”

All Chapters