← Chapters

စွမ်းရည်သစ်: နတ်တိုင်ပင် စစ်သူကြီးစေခိုင်းခြင်း

Vol. 6 Ch. 59

စွမ်းရည်သစ်: နတ်တိုင်ပင် စစ်သူကြီးစေခိုင်းခြင်း

Vol. 6 Ch. 59

“ဦးလေး...ဦးလေးရဲ့ ဓားက ဘယ်ရောက်သွားတာလဲ။”

အန်နီက တန်ဝမ်ကျဲကို ကြည့်ကာ မေးလိုက်၏။ ခုနကတင် ဓားတစ်လက် ရုတ်တရက် ပေါ်လာပြီးနောက် ပြန်ပျောက်သွားသည်ကို သူမ မြင်လိုက်ရခြင်းဖြစ်သည်။

“မျက်လှည့်ပြလိုက်တာလေ။”

အန်နီကတော့ မယုံပေ။

ဘယ်လိုမျက်လှည့်လဲ။ သူက တကယ့်ကို သရဲဖမ်းနေတာပဲ။

ဤဖြစ်ရပ်ဖြစ်ပြီးနောက် ဈေးဆက်ဝယ်ရန်မှာ မဖြစ်နိုင်တော့ပေ။ မထင်မှတ်ထားဘဲ သူ၏ ပုလိပ်အဖွဲ့ဝင်များက သူ့ကို လာရောက်ရှာဖွေခဲ့ကြသည်။

တန်ဝမ်ကျဲသည် အမည်ခံ ပုလိပ်အရာရှိတစ်ဦးသာ ဖြစ်ပြီး ပုံမှန်အားဖြင့် အလုပ်များကို စီမံခန့်ခွဲလေ့မရှိပေ။ ၎င်းကို ပုလိပ်အဖွဲ့ဟု ခေါ်သော်လည်း အမှန်တကယ်မှာ တန်မိသားစု၏ ကိုယ်ပိုင်လက်နက်ကိုင်တပ်ဖွဲ့သာ ဖြစ်သည်။

တန်မိသားစုမြို့ကို ကာကွယ်ခြင်းနှင့် သူဌေးကြီးတန်၏ ကိုယ်ပိုင်ပိုင်ဆိုင်မှုများကို ကာကွယ်ခြင်းမှာ အတူတူပင်ဖြစ်သည်။ တန်မိသားစုသည် ဤနေရာတွင် မျိုးဆက်ပေါင်းများစွာ အမြစ်တွယ်ခဲ့သဖြင့် မြို့တစ်ခုလုံးမှာ သူ၏ အမည်မဖော်သော စည်းစိမ်များပင်ဖြစ်သည်။ စာချုပ်ရှိသော ဆိုင်များ၊ ကုန်ကြမ်းများ၊ အရောင်းလမ်းကြောင်းများ အားလုံးမှာ သူ့ကို ကျော်လွန်၍မရပေ။

ပုံမှန်အားဖြင့် ပုလိပ်အဖွဲ့သည် တန်ဝမ်ကျဲကို လာရောက်နှောင့်ယှက်လေ့မရှိရာ ယခုကဲ့သို့ သူတို့ကိုယ်တိုင် လာရှာသည်ဆိုပါက ကြီးမားသောကိစ္စတစ်ခုခု ဖြစ်ပွားခြင်းကြောင့်သာ ဖြစ်ရပေမည်။

“သခင်ကြီး လူတစ်ယောက် သေနေပါတယ်။ အရှေ့လမ်းဆုံမှာ အလောင်းကို တွေ့ခဲ့တာပါ။ တစ်ကိုယ်လုံးမှာ ဘာဒဏ်ရာမှ မရှိပါဘူး။”

“မမလေးအန်နီကို အိမ်ပြန်ပို့လိုက်။”

တန်ဝမ်ကျဲက အမိန့်ပေးလိုက်၏။ အန်နီကလည်း လိမ္မာပါးနပ်စွာဖြင့် “ဂွတ်နိုက်ပါ ဦးလေး” ဟု နှုတ်ဆက်ကာ ထွက်ခွာသွားခဲ့သည်။

တန်ဝမ်ကျဲ ပုလိပ်စခန်းသို့ အလျင်အမြန်ရောက်ရှိလာခဲ့သည်။ သူအတွင်းထဲသို့ဝင်လိုက်သည်နှင့် အဖြူရောင်ပိတ်စဖြင့် အုပ်ထားသော အလောင်းတစ်ခုကို တွေ့လိုက်ရ၏။ သူ ထိုအဖြူရောင်ပိတ်စကို လှန်ကြည့်လိုက်ရာ မျက်ခုံးများ ချက်ချင်းပင် တွန့်ကွေးသွားတော့သည်။

ဒါ ဝိုင်ချက်စက်ရုံက သူဌေးကျောက်ပဲ။

ဒီနေ့မွန်းလွဲပိုင်းကမှ စာချုပ်လက်မှတ်ထိုးခဲ့တာလေ။ အခု သေသွားပြီလား။

အလောင်း၏ မေးရိုးမှာ ဟနေပြီး မျက်လုံးများမှာလည်း ပြူးထွက်နေခဲ့သည်။ သို့သော် သူငယ်အိမ်မှာမူ အပ်နဖားကဲ့သို့ ကျဉ်းမြောင်းနေကာ မျက်လုံးအိမ်တစ်ခုလုံး ကြောက်မက်ဖွယ်ကောင်းလောက်အောင် မျက်ဖြူလန်နေပြီး မျက်နှာတွင်လည်း အလွန်အမင်း ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

သေချာပေါက် ကြောက်လန့်ပြီး သေဆုံးသွားခြင်းဖြစ်သည်။

တန်ဝမ်ကျဲက လှည့်မေးလိုက်သည်။

“မှုခင်းဆရာဝန်ကို ခေါ်ထားပြီးပြီလား။”

“သွားခေါ်နေပါပြီ။”

မင်းဆက်ဟောင်း၏ ရုံးတော်များ ပျက်စီးသွားသော်လည်း ပညာရှိသူများမှာတော့ အလုပ်လက်မဲ့မဖြစ်သွားကြပေ။

မှုခင်းဆရာဝန်၏ စစ်ဆေးချက်အရ ၎င်းမှာ နှလုံးရောဂါကြောင့် သေဆုံးသွားခြင်းဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

သူဌေးကျောက်သည် ဖီးနစ်မျှော်စင်၌ နေ့တိုင်း အချိန်ဖြုန်းနေသူဖြစ်သည်။ အကယ်၍ သူ့မှာ နှလုံးရောဂါရှိပါက ပြည့်တန်ဆာမလေး၏ ကုတင်ပေါ်မှာကတည်းက သေဆုံးသွားမှာဖြစ်ပြီး ယခုကဲ့သို့ လမ်းလယ်ခေါင်တွင် ရုတ်တရက် သေဆုံးရန်မှာ မဖြစ်နိုင်ပေ။

ပုလိပ်စခန်းတစ်ခုလုံး ဆူညံပွက်လောရိုက်သွားခဲ့၏။

သူဌေးကျောက်၏ ဝိုင်ချက်စက်ရုံမှာ သရဲခြောက်နေပြီး လူအများအပြား သေဆုံးခဲ့ဖူးသည်ကို လူတိုင်းသိကြသည်။ ယခုတော့ သူဌေးကျောက်ကိုယ်တိုင် သေဆုံးသွားပြီဖြစ်ရာ ထိုအရာမှာ သရဲတစ္ဆေများနှင့်ပတ်သက်နေမည်မှာ သေချာပေသည်။

“စက်ရုံထဲက သရဲက အပြင်ထွက်လာများတာလား။”

တန်ဝမ်ကျဲသည် သူဌေးကျောက်၏ အဝတ်အစားများကို စစ်ဆေးကြည့်ရာ သူသည် ပစ္စည်းအနည်းငယ်ဖြင့် ခရီးသွားရန် ပြင်ထားကြောင်း တွေ့လိုက်ရလေသည်။ သူ၏ အိတ်ထဲတွင် ငွေပြားခြောက်သောင်းတန် ငွေစက္ကူများ၊ ရွှေတုံး ဆယ်တုံးကျော်၊ ငွေဒင်္ဂါးအချို့နှင့် ကြေးပြားများ၊ စက္ကူငွေများအပြင် စာရင်းစာအုပ်တစ်အုပ်ကိုလည်း တွေ့လိုက်ရသည်။ သူသည် ထွက်ပြေးရန် ပြင်ဆင်နေစဉ် လမ်းခုလတ်မှာတင် အမှတ်မထင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

သူသည် စာရင်းစာအုပ်ကို ယူ၍ လှန်ကြည့်လိုက်ပြီးနောက် ဒေါသတကြီးဖြင့် စားပွဲကို ရိုက်ချလိုက်မိ၏။

“လူယုတ်မာကုန်သည် တကယ်သေသင့်တဲ့ကောင်ပဲ။ မြို့အုပ်နဲ့ လူကြီးလူကောင်းတွေကို အကြောင်းကြားလိုက်။ မနက်ဖြန်ကျရင် ဒီစာရင်းထဲက ကြွေးရှင်တွေကို လာခိုင်းပြီး အကြွေးတွေ ဆပ်ပေးမယ်။ ငါ တန်ဝမ်ကျဲကိုယ်တိုင် ဒီကိစ္စကို ကိုင်တွယ်မယ်။ ကြွေးရှင်တွေအတွက် နစ်နာမှုမရှိစေရဘူး။ သေသွားရုံနဲ့ အကြွေးကျေသွားတယ်ဆိုတာမျိုး မရှိစေရဘူး။”

ပုလိပ်အဖွဲ့ဝင်များမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ စိတ်ထဲမှ ချီးကျူးမိလိုက်ကြသည်။

‘သူဌေးကြီးတန်’ ပီသပါပေတယ်။ ဒီလောက်များပြားတဲ့ ငွေကြေးအပေါ်မှာတောင် မမက်မောဘဲ နေနိုင်တယ်။’

ဤသည်များ စာအုပ်များထဲကလို ‘အများအကျိုးကို ရှေးရှုပြီး တရားမျှတမှုကို မြတ်နိုးသူ’ ဆိုသည်မျိုးဖြစ်၏။

တန်ဝမ်ကျဲမှာ အူကြောင်ကြောင်နိုင်သည်ဟု သူတို့တွေးမိလိုက်ကြသော်လည်း သူ့ကိုတော့ အလွန်လေးစားသွားခဲ့ကြသည်။

တန်ဝမ်ကျဲသည် ပစ္စည်းများကို သိမ်းဆည်းကာ ပုလိပ်များကို ကင်းလှည့်ရန် အမိန့်ပေးပြီးနောက် အိမ်သို့ အမြန်ပြန်လာခဲ့သည်။

အိမ်ရောက်ရောက်ချင်း သူသည် အရင်ဆုံး အမွှေးတိုင် ထွန်းလိုက်၏။

ထို့နောက် လုံခြုံမှုရှိသည်ဟူသော ခံစားချက်မှာ အလိုလို ပေါ်ပေါက်လာခဲ့သည်။ အပြင်မှာ အတော်လေး ရှုပ်ထွေးနေသဖြင့် အိမ်မှာနေရသည်က ပို၍ စိတ်ချရပေသည်။

“လူရှိလား။”

“သခင်ကြီး။”

“မနက်ဖြန်ကျရင် ပုလိပ်စခန်းကိုသွားပြီး အကြွေးတွေ တောင်းခဲ့။ ဟိုကျောက်မျိုးနွယ်ကောင်က ငါတို့ဆီက ငွေတွေ အများကြီး ချေးထားတယ်။ စောစောသွားဖို့ မမေ့နဲ့။ မဟုတ်ရင် ဝေုခွဲဖို့ ငွေမလောက်ဘဲ နေလိမ့်မယ်။”

ကျန်သည့် ကုန်သည်များနှင့် လူကြီးလူကောင်းများ ဘယ်လောက်ရသွားမလဲဆိုသည်ကိုတော့ တန်ဝမ်ကျဲ စိတ်မဝင်စားပေ။ ထို့ပြင် သူကိုယ်တိုင်လည်း သူဌေးကျောက်၏ အကြွေးရှင်တစ်ဦး ဖြစ်နေသည်မဟုတ်ပါလား။ ထို့ကြောင့် သူ၏ငွေများကို ပြန်ယူခြင်းမှာ သဘာဝကျပေသည်။

အလောင်းပေါ်မှ ငွေကို တိုက်ရိုက်ယူလျှင် ခိုးမှုဟု ခေါ်သော်လည်း စာရင်းစာအုပ်နှင့်တကွ လျော်ကြေးတောင်းခံခြင်းမှာတော့ တရားမျှတပေသည်။

အကွက်ဆင်တာလား။ မဟုတ်ပါဘူး။ တန်ဝမ်ကျဲက လူကောင်းတစ်ယောက်ပါ။ ဒါဟာ တရားဝင် အကြွေးတောင်းတာပဲလေ။

နောက်တစ်နေ့၌ ငွေခွဲဝေသည့် မြင်ကွင်းမှာ အလွန်စည်ကားလှပေသည်။

သူဌေးကျောက် သေဆုံးသွားသည်ကို လူတိုင်းက ဝမ်းသာအားရဖြင့် လက်ခုပ်တီးခဲ့ကြသည်။ သူ၏ ပိုင်ဆိုင်မှုများကို ဈေးပေါပေါဖြင့် ရောင်း၍ စုဆောင်းထားသော ငွေများကိုလည်း ခွဲဝေခဲ့ကြသည်။ တန်ဝမ်ကျဲ၏ လူများမှာ အတွင်းသိများဖြစ်သဖြင့် အမြန်ဆုံး လှုပ်ရှားနိုင်သောကြောင့် အကြွေးအားလုံးကို ပြန်လည်ရရှိခဲ့လေသည်။

အခြားသူများမှာမူ မကျေမနပ် ဖြစ်နေကြသော်လည်း ဘာမှမတတ်နိုင်ပေ။ ဘာမှမရတာထက်စာလျှင် အနည်းငယ်ရခြင်းက ပိုကောင်းပါသေးသည်။ တန်ဝမ်ကျဲက ငွေအားလုံးကိုတော့ လျှို့ဝှက်မသိမ်းပိုက်ခဲ့ပေ။ သို့သော် တန်ဝမ်ကျဲ ယူပြီးနောက်တွင်တော့ ငွေများများစားစား မကျန်တော့ပေ။

ဘယ်သူမှ သူဌေးကျောက်၏ အလောင်းကို ဂရုမစိုက်ကြပေ။ နောက်ဆုံးတွင် လူကြီးလူကောင်းများက ဦးဆောင်ကာ အိမ်နီးချင်းမြို့မှ ဒုတိယဦးလေးဘိုးဘိုးကို ပင့်ဖိတ်၍ တရားနာ အမျှဝေရန်သာ ဆုံးဖြတ်လိုက်ကြသည်။

၇ ရက်ပြည့် အလှူအတန်းတွေ ဘာတွေဆိုတာကတော့ စဉ်းစားမနေပါနဲ့တော့။

အခြားသူများက အလောင်းအတွက် ခေါင်းတလား အပါးတစ်လုံး ဝယ်ရန် စဉ်းစားကြသော်လည်း တန်ဝမ်ကျဲက ကန့်ကွက်မှုအားလုံးကို ပယ်ချကာ အရင်ဆုံး မီးရှို့ရန် အတင်းအကျပ် တောင်းဆိုခဲ့သည်။

ဤကိစ္စများ ပြီးဆုံးသည်နှင့် ကျူးအူမကြီး အပါအဝင် ကျူးမိသားစုဝင်းမှ လူများက ပစ္စည်းများ သိမ်းဆည်းနေကြသည်ကို လှမ်းမြင်လိုက်ရသည်။

“ဒုတိယ ဦးလေးဘိုးဘိုး ပင်ပန်းသွားရပါပြီ။”

တန်ဝမ်ကျဲက လျှောက်သွားကာ နှုတ်ဆက်လိုက်သည်။

ဒုတိယ ဦးလေးဘိုးဘိုး၏ အစွမ်းမှာ အလွန်မမြင့်မားလှပေ။ သို့သော် သူသည် အိုမင်းနေပြီဖြစ်သော်လည်း စောစောကကဲ့သို့ တရားနာအမျှဝေသည့်အခါမျိုးတွင်တော့ သူ၏ အမူအရာနှင့် ဟန်ပန်များမှာ အလွန်ကျွမ်းကျင်ပြီး လှပလှ၏။

တန်ဝမ်ကျဲသည် တရားဓမ္မ ကျင့်ကြံသူများနှင့် ထိတွေ့ရသည်ကို အလွန်နှစ်သက်ပေသည်။

“သူဌေးတန်။”

ဒုတိယ ဦးလေးဘိုးဘိုးက လက်အုပ်ချီကာ နှုတ်ဆက်လိုက်၏။

“မနေ့ညက ကူညီပေးခဲ့လို့လည်း သူဌေးကိုလည်း ကျေးဇူးတင်ရပါဦးမယ်။ မဟုတ်ရင် ဟိုခေါင်းမာတဲ့ ကျူးအူမကြီးက ပြဿနာရှာဦးမှာ သေချာတယ်။”

“အဲ့ဒီတစ္ဆေက ကျုပ်ကို အကြောင်းမရှိ လာနှောင့်ယှက်တာမို့လို့ ကိုပ်ဘက်က လွှတ်မပေးခဲ့ရုံပါပဲ။ နောက်ပြီး ကျူးအူမကြီးက စိတ်ရင်းကောင်းတဲ့ လူတစ်ယောက်ပါ။ သူ့မှာ အခက်အခဲရှိရင်လည်း ကျုပ် ကူညီမှာပဲ။ သူ့ကို ကျုပ် အတော်လေး လေးစားပါတယ်။”

တန်ဝမ်ကျဲက ပြောလိုက်သည်။

ကျူးအူမကြီးသည် အမျိုးကို ချစ်သူ၊ သစ္စာရှိပြီး ရိုးသားသူဖြစ်သည်။ သူသည် သူငယ်ချင်းအဖြစ် ရွေးချယ်ရန် အားအကိုးရဆုံး လူမျိုးဖြစ်ပြီး စစ်မြေပြင်မှာဆိုလျှင်ပင် ကျောခိုင်းထားရဲသည့် လူမျိုးဖြစ်သည်။ ဘယ်သူမှ ကိုယ့်ကိုယ်ကိုယ် ငတုံးလူကောင်း မဖြစ်ချင်ကြသော်လည်း လူတိုင်းကတော့ ငတုံးလူကောင်းနှင့် သူငယ်ချင်းဖြစ်ရသည်ကို သဘောကျကြပေသည်။

ဒုတိယဦးလေးဘိုးဘိုးက ခေါင်းငြိမ့်လိုက်သော်လည်း မာမိသားစု ချန်ခဲ့သည့် ငွေတစ်သိန်းခွဲအကြောင်းကိုတော့ မပြောခဲ့ပေ။ သူသည် မြေကြီးထဲဝင်ခါနီး အဖိုးအိုတစ်ဦးဖြစ်ရာ ဘယ်အချိန်မှာ အူကြောင်ကြောင်လုပ်ရမည်၊ ဘယ်အချိန်မှာ ရှင်းရှင်းလင်းလင်း ရှိရမည်ကို သိပေသည်။

“သူဌေးတန်က ဂါထာမန္တန်တွေ သင်ထားတာလား။”

ဒုတိယ ဦးလေးဘိုးဘိုးက မေးလိုက်သည်။

တန်ဝမ်ကျဲကလည်း မဖုံးကွယ်ဘဲ သူ၏ အဝတ်စုတ် နှင့် မြေနင်းဂိုဏ်းသို့ ဝင်ထားသည့်အကြောင်းကို ပြောပြလိုက်သည်။ ဤအရာကို ဖုံးကွယ်ထားစရာ မလိုပေ။

“အော်... ဒါကြောင့်ကိုး။ ကျူးအူမကြီးက သေချာမသင်ချင်ဘဲ နေ့တိုင်း သူရဲကောင်းလုပ်ဖို့ပဲ စဉ်းစားနေတာ နှမြောစရာပဲ။ ဘာမှလည်း အဖတ်တင်အောင် မလုပ်နိုင်ဘူး။ အလုပ်တွေတော့ အများကြီး လက်ခံထားပေမဲ့ အမြဲတမ်း ပြဿနာတက်တာတော့ သူ့အဖေအတိုင်းပဲ။”

ဒုတိယ ဦးလေးဘိုးဘိုးက တန်ဝမ်ကျဲကို အကြိမ်ကြိမ် ကြည့်လိုက်ပြီး ကြည့်လေ ပိုသဘောကျလေ ဖြစ်နေ၏။

အပြင်လူများက တန်ဝမ်ကျဲ၏ ချောမောသော ရုပ်ရည်နှင့် အရပ်အမောင်းကိုသာ မြင်ကြသော်လည်း ပညာရှင်များကတော့ သူသည် တက်ကြွလှုပ်ရှားပြီး မျက်လုံးများက တောက်ပကာ ခြေလှမ်းများက ခိုင်မာနေသည်မှာ ကျင့်ကြံရန် အလွန်ကောင်းမွန်သော မျိုးစေ့မှန်း သိကြသည်။

ထို့ပြင် တန်ဝမ်ကျဲတွင် တရားဝင်ဆရာ မရှိသော်လည်း နေရာအနှံ့မှ ပညာရှင်များကို မေးမြန်းရင်းနှင့်ပင် တစ္ဆေဖမ်းပညာများကို သင်ယူနိုင်ခဲ့သည်ဟု ကြားသိရသဖြင့် သူ၏ ပါရမီမှာ အလွန်ထူးခြားသည်ဟု ခံစားလိုက်ရသည်။

ဒုတိယ ဦးလေးဘိုးဘိုးက သက်ပြင်းချလိုက်မိသည်။

“ဟူး... ကျူးအူမကြီးသာ မင်းလိုမျိုး ပညာသင်ချင်တဲ့စိတ် ရှိရင် ကျုပ်ရဲ့ ပညာတွေကို ခေါင်းတလားထဲအထိ သယ်သွားစရာ လိုမှာမဟုတ်ဘူး။”

“ဒုတိယ ဦးလေးဘိုးဘိုး ဆရာက တပည့်လက်ခံပါသလား။”

တန်ဝမ်ကျဲ၏ မျက်လုံးများ တောက်ပသွားခဲ့သည်။

သူသည် လိုချင်တာရှိလျှင် အမြဲတမ်း တိုက်ရိုက်ပြောတတ်သူဖြစ်သည်။ ပညာရှင်တစ်ယောက်ကို တွေ့လျှင် သူသည် ၎င်း၏ တပည့်သာ ဖြစ်ချင်နေတော့သည်။

“မင်းက ကျုပ်ဆီမှာ ပညာသင်ချင်လို့လား။”

ဒုတိယ ဦးလေးဘိုးဘိုး၏ စွမ်းရည်မှာ သာမန်မျှသာဖြစ်ပြီး တန်ဝမ်ကျဲကဲ့သို့ ပါရမီရှင်တစ်ယောက်က သူ့ကို ဆရာတင်ချင်လိမ့်မည်ဟု မထင်ထားခဲ့သဖြင့် အံ့အားသင့်သွားခဲ့သည်။

“ဒါပေါ့...ဒါပေမဲ့ ကျုပ်က အဝတ်စုတ်နှင့် မြေနင်းဂိုဏ်းကို အရင်ဝင်ထားခဲ့မိတယ်။”

တန်ဝမ်ကျဲလည်း အံ့သြမိသွား၏။ သူ၏ အတိတ်က နာမည်ဆိုးမှာ ရွာအနှံ့ သိကြသည်မဟုတ်ပါလား။ သို့သော် အချိန်တိုအတွင်း လူကောင်းလုပ်ပြရုံဖြင့် လူထု၏ အမြင်မှာ ပြောင်းလဲသွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

သို့သော် ဒုတိယ ဦးလေးဘိုးဘိုးက သူ့ကို တပည့်အဖြစ် လက်ခံချင်သည်မှာ သူ လူကောင်းလုပ်နေသောကြောင့် မဟုတ်ဘဲ မနေ့ညက ကျူးအူမကြီးကို ကူညီခဲ့သောကြောင့် ဖြစ်သည်ကို သူသိပေသည်။

ကျူးအူမကြီး ပြန်ရောက်သည့်အခါက ဘာတွေပြောခဲ့သလဲဆိုတာ သူမသိသော်လည်း ကောင်းကွက်များကိုသာ ပြောခဲ့သည်မှာ သေချာပေသည်။

ဒီကျူးအူမကြီးကတော့ တကယ့်ကို အပေါင်းအသင်း လုပ်လို့ကောင်းတဲ့လူပဲ။

တန်ဝမ်ကျဲ မနေ့ညက အမှန်တကယ် ကူညီပေးခဲ့ခြင်း၊ ကျူးအူမကြီးကလည်း ကောင်းသတင်း ပြောပေးခြင်းနှင့် တန်ဝမ်ကျဲကိုယ်တိုင်ကလည်း ပညာရှင်တွေ့တိုင်း ဆရာတင်ချင်သည့် အကျင့်ရှိခြင်းတို့ကြောင့် ဤဆရာတပည့် ဆက်ဆံရေးမှာ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

“ငါတို့အားလုံးက မော်ရှန်းဂိုဏ်းဝင်တွေချည်းပါပဲ။ အဝတ်စုတ်နှင့် မြေနင်းဆိုတာ မော်ရှန်းရဲ့ အကိုင်းအခက်တစ်ခုပဲဆိုတော့ မင်းကို ဂိုဏ်းချုပ်ဆီ ပြန်ပို့ပေးတာက ကောင်းတဲ့ကိစ္စပါ။ အဝတ်စုတ်နှင့် မြေနင်းရဲ့ ဆရာဘိုးဘေးကြီးလည်း ဝမ်းသာမှာပါ။ အရင်ဆုံး ပြန်သွားပြီး ခွင့်တောင်းကြည့်လိုက်ပါဦး။ ပြီးမှ ဆုံးဖြတ်ကြတာပေါ့။”

“ဟုတ်ကဲ့။”

တန်ဝမ်ကျဲ ခေါင်းငြိမ့်လိုက်သည်။ အားလုံးက မော်ရှန်းဂိုဏ်းဝင်တွေဆိုတော့ တစ်ဖွဲ့တည်း ပေါင်းလိုက်သလို သူ ခံစာလိုက်ရသည်။

ဒုတိယ ဦးလေးဘိုးဘိုးက ဆက်ပြောသည်။

“ငါတို့ ကျူးမိသားစု မျိုးရိုးက တရားဝင် ဘွဲ့နှင်းသဘင် ရထားတာလေ။ ငါက ငရဲဘဏ်ရဲ့ မန်နေဂျာတစ်ယောက်လည်း ဖြစ်တယ်။ ငါက မကြာခင်မှာ ငရဲပြည်ကို သွားပြီး ရာထူးတစ်ခု လက်ခံရတော့မယ်။”

ထိုနေရာသို့ ရောက်သောအခါ ဒုတိယ ဦးလေးဘိုးဘိုးက ချောင်းတစ်ချက် ဟန့်လိုက်၏။

သူက ကြွားချင်လို့ မဟုတ်ချေ။ ဒီလို တပည့်ကောင်းတစ်ယောက်ကိုသာ လက်မခံခဲ့လျှင် သူ သေပြီး ငရဲပြည်မှာ အလုပ်သွားလုပ်သည့်အခါ နောင်တရနေရမည်ကို စိုးရိမ်သောကြောင့်ပင်။

‘ဆရာကို ဒုက္ခပေးမယ့်’ ကိစ္စအတွက်လည်း စိုးရိမ်စရာမလိုပေ။ ဒုတိယ ဦးလေးဘိုးဘိုးသည် သူ ဒီနှစ်ထက် ပိုမနေရတော့မှန်း သိထားခဲ့ပြီး ငရဲပြည်မှ အလုပ်ခန့်စာပင် ရောက်နှင့်နေပြီ ဖြစ်သည်။

တန်ဝမ်ကျဲ ရုတ်တရက် သဘောပေါက်သွားခဲ့သည်။ ဒုတိယ ဦးလေးဘိုးဘိုးသည် သေမင်းတမန်များကို မည်သို့ ကိုင်တွယ်ရမည်ကို သိနေသည်မှာ မထူးဆန်းတော့ပေ။ ‘Human Scares Human’ ထဲမှာတောင် သူသည် ရှောင်ယွမ်ကို သေမင်းတမန်များကို ခြိမ်းခြောက်ရန် ရဲရဲဝံ့ဝံ့ သင်ကြားပေးခဲ့သည်ပင်။

သူကိုယ်တိုင်က အနာဂတ်မှာ ငရဲပြည်မှာ သေမင်းတမန် ခေါင်းဆောင် ဖြစ်လာမယ့်သူကိုး။

တကယ်ပဲ အထက်မှာ လူရှိရင် အလုပ်လုပ်ရတာ ပိုလွယ်တယ်။

ထိုသို့တွေးကြည့်လျှင် ချူရှန်နှင့် ဝမ်ချိုင်တို့ ပြဿနာများ အများကြီး ရှာတာတောင် ဘာမှမဖြစ်ခြင်းဟာ အထက်မှာ လူရှိ၍သာ ဖြစ်ရပေမည်။

ပြီးတော့ ဟို ငရဲဘဏ်မန်နေဂျာဆိုတာက ဦးလေးကျိုးကလည်း သူတို့ထဲက တစ်ယောက်ပဲ။ ရာထူးက သေးပေမဲ့ လုပ်ပိုင်ခွင့်က ကြီးတယ်...။ ကျူးမိသားစုကလည်း မသေးဘူးပဲ။

“ဆရာ...လက်ဖက်ရည် သောက်ပါဦး။”

တန်ဝမ်ကျဲသည် ဒူးထောက်ကာ လက်ဖက်ရည်ဖြင့် ကန်တော့လိုက်သည်။

“အင်း။”

ဒုတိယ ဦးလေးဘိုးဘိုးက ပြုံးကာ လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်ပြီးနောက် အလေးအနက် ပြောလိုက်သည်။

“မင်း မှတ်ထားရမှာက မော်ရှန်းတပည့်တစ်ယောက်အနေနဲ့ တရားသောသူနဲ့ မတရားသောသူဟာ ဆန့်ကျင်ဘက်ပဲ။ ဒါဟာ တစ်သက်လုံး တိုက်ပွဲဝင်ရမယ့် အလုပ်ပဲ။”

“ဟုတ်ကဲ့ပါ။”

“အဝတ်စုတ်နှင့် မြေနင်းဂိုဏ်းရဲ့ ဆရာဘိုးဘေးကြီးကိုလည်း ဆက်ပြီး ရိုရိုသေသေကိုးကွယ်ရမယ်။ မရိုမသေ မလုပ်ရဘူး။”

“ဟုတ်ကဲ့ပါ။”

ဘေးမှ ဝိုင်းကြည့်နေသူများမှာ တိုးတိုးတိုးတိုးဖြင့် ပြောနေကြသော်လည်း အားလုံးက စိတ်လှုပ်ရှားနေကြသည်။

သူဌေးကြီးတန်က ဒုတိယ ဦးလေးဘိုးဘိုးဆီမှာ တစ္ဆေဖမ်းပညာ သင်ယူတယ်ဆိုတော့ ချမ်းသာတဲ့လူတွေရဲ့ စိတ်ကတော့ တကယ့်ကို ထူးဆန်းတာပါလား။ ဒါပေမဲ့ နောင်ကျရင် သူဌေးကြီးတန်နဲ့ ပတ်သက်ရရင်တော့ ငွေပြတ်မှာ မဟုတ်တော့တာ သေချာတယ်။

ကျူးအူမကြီးသည် မတ်တပ်ရပ်လိုက်သော တန်ဝမ်ကျဲကို ကြည့်ကာ ခေါင်းကုတ်လိုက်မိ၏။

“အခု ခင်ဗျားက ကျုပ်ရဲ့ ဦးလေး ဖြစ်သွားတာလား။”

တန်ဝမ်ကျဲက ကျူးအူမကြီး၏ ပုခုံးကို ပုတ်လိုက်သည်။

“လိမ္မာတယ် ငါ့တူ ဦးလေးလို့ ခေါ်ကြည့်စမ်း။”

အကြိမ်ကြိမ် ဆရာတင်ရန် ကြိုးစားခဲ့ပြီးနောက် နောက်ဆုံးတွင်တော့ သူသည် ဒုတိယ ဦးလေးဘိုးဘိုးကို ဆရာအဖြစ် တင်မြှောက်နိုင်ခဲ့ပြီး စစ်မှန်သော မော်ရှန်းတပည့် ဖြစ်လာခဲ့ပြီဖြစ်သည်။ ဤသည်မှာ တန်ဝမ်ကျဲ၏ ရင်ထဲရှိ အလေးတုံးကြီးတစ်ခုကို ဖယ်ရှားလိုက်သလိုပင်။ ယခုဆိုလျှင် သူ၏နောက်ကွယ်၌ အားကိုးရှိသွားပြီဖြစ်သည်။

ထို့နောက်တွင်တော့ အခမ်းအနားများ ပြီးဆုံးသွားခဲ့ပြီး တန်ဝမ်ကျဲသည် သူ၏ စွမ်းရည်များကို ပြန်ကြည့်လိုက်သည်။

သူသည် အဝတ်စုတ် နှင့် အထီးကျန်ခြင်း ဟူသော ဆိုးကျိုးပေးသည့် ပါရမီနှစ်ခု ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရလေသည်။

မြေနင်းခြင်း အဆင့် ၁၊ ယင်ယန်မျက်လုံး အဆင့် ၄ နှင့် ပါရမီသစ်တစ်ခုသာ ကျန်တော့သည်။

[နတ်တိုင်ပင် စစ်သူကြီးစေခိုင်းခြင်း အဆင့် ၁။]

“ပါရမီ: နတ်တိုင်ပင် စစ်သူကြီးစေခိုင်းခြင်း အဆင့် ၁ - ပင့်ဖိတ်လိုက်သော နတ်ဘုရားအပေါ် မူတည်၍ သက်ဆိုင်ရာ အကျိုးကျေးဇူးများ ရရှိနိုင်သည်။ လက်ရှိ အကျိုးခံစားခွင့် +၅%၊ အကွာအဝေး ၁၀ မီတာ။]”

All Chapters