ကိုယ်ကျိုးစွန့် အနစ်နာခံရန် ပြင်ဆင်နေသည့် ရွှမ်ချင်း ၄
Vol. 52 Ch. 515
လီချင်းဖုန်းသည် အချိန်အတော်ကြာ ကြိုးစားရုန်းကန်ခဲ့ရသော်လည်း ဘာမှဖြစ်မလာခဲ့ပေ။ သူသည် ဂိုဏ်းအကြီးအကဲတစ်ဦး၏ အလုပ်များကို လုပ်ဆောင်နေရသော်လည်း လက်တွေ့တွင် အတွင်းစည်းတပည့်အဖြစ်ပင် သတ်မှတ်မခံရပေ။
"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်"
နီကျွင်း သည် သူ၏ အကြည့်ကို ရုပ်သိမ်းလိုက်ပြီး ရှန်းယီဘက်သို့ လက်ယှက်ကာ ထပ်မံ၍ အရိုအသေပေးလိုက်သည်။ သို့သော်လည်း သူ၏မျက်လုံးထဲမှ တုံ့ဆိုင်းနေမှုများက ပျောက်ကွယ်မသွားခဲ့ဘဲ ကျင့်ကြံခြင်းကိစ္စရပ်များနှင့်သာ သက်ဆိုင်နေပုံမရပေ။
"ကျွန်တော်တို့ ထောင်ယွမ်စံအိမ်ကို သွားခဲ့ပါတယ်။ ဒါက သူတို့ပေးလိုက်တဲ့ အခွန်ပဏ္ဍာပါ"
နောက်ဆုံးတွင် လက်ရှိကိစ္စဆီသို့ ရောက်လာပြီး နီကျွင်းက သိုလှောင်ရတနာအိတ်နှစ်လုံးကို ရှန်းယီရှေ့တွင် ချထားလိုက်၏။ ဤအချိန်တွင် စီမံခန့်ခွဲသူ တပည့်အချို့မှာလည်း သူတို့၏ ပထမဆုံးတာဝန်မှာပင် အခွန်ပဏ္ဍာ ကောက်ခံနိုင်ခဲ့သဖြင့် ဂုဏ်ယူဝင့်ကြွားစွာ မတ်မတ်ရပ်နေကြသည်။
ထို့ပြင် ၎င်းမှာ အဆင့်အမြင့်ဆုံး မိသားစုကြီးလေးခု၏ အောက် တစ်ဆင့်သာနိမ့်သော အင်အားစုဖြစ်သည့် ထောင်ယွမ်စံအိမ်ထံမှ ဖြစ်နေသည်။
"ဂိုဏ်းချုပ်မှာ တခြား ညွှန်ကြားစရာမရှိတော့ဘူးဆိုရင်၊ ကျွန်တော် ပြန်ပြီး တာအိုမဏ္ဍိုင် ကျင့်စဉ်ကို သွားကြည့်ချင်ပါတယ်"
နီကျွင်းက ရိုသေစွာဖြင့် ထွက်ခွာရန် ပြင်လိုက်သော်လည်း သူ လှည့်မထွက်မီမှာပင် ပြန်ခေါ်ခံလိုက်ရ၏။
"တခြား ဘာမှမရှိတော့ဘူးလား" ရှန်းယီက သိုလှောင်ရတနာနှစ်ခုကို ကစားရင်း ခံစားချက်ကင်းမဲ့သော လေသံဖြင့် မေးလိုက်သည်။
ထွက်ခွာရန် ပြင်နေကြသော စီမံခန့်ခွဲသူတပည့်များအားလုံး သိသိသာသာ ဇဝေဇဝါဖြစ်သွားကြပြီးနောက် နေရာတွင်ပင် ပြန်လည်ရပ်တန့်သွားကြသည်။
နီကျွင်း တစ်ယောက်သာ သူ၏ ခါးရှိ ရွှမ်ဓားကို ဖြည်းညှင်းစွာ ဆုပ်ကိုင်လိုက်၏။
သူသည် အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် သူ၏မျက်လုံးများတွင် ထက်ရှသော အရိပ်အယောင်များ ပေါ်လာသည်။
ထို့နောက် ရှန်းယီဆီသို့ လျှောက်သွားကာ ဆောင့်ကြောင့်ထိုင်လိုက်ပြီး သိုလှောင်ရတနာနှစ်ခုကို ညင်သာစွာ ခွဲထုတ်လိုက်သည်။
တစ်ခုချင်းစီကို လက်ညှိုးထိုးပြကာ "ဒါက အခွန်ပဏ္ဍာပါ... ပြီးတော့ ဒါက သူတို့ရဲ့သွေးစွန်းငွေ ပါ"
"ဘယ်သူ့အသက်ကို ဝယ်တာလဲ"
ရှန်းယီက သူ၏ဝတ်ရုံကို ပုတ်ရင်း တည်ငြိမ်စွာ မတ်တပ်ရပ်လိုက်သည်။
နီယဲ့ကျွင်း၏ စိတ်ထဲတွင် တစ်ခုခု အနှောင့်အယှက်ဖြစ်နေကြောင်းကို စောစောကတည်းက သူ သတိထားမိနေ၏။ ၎င်းမှာ ရှင်းပြမရနိုင်သော အကြောင်းပြချက်တစ်ခုကြောင့် ထက်ရှသော ဓားတစ်လက်ကို အိမ်ထဲသို့ ပြန်သွင်းထားရသကဲ့သို့ ဖြစ်နေသည်။
"..."
နီကျွင်းက သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်၏။ "နန်ယန် ရတနာနယ်မြေထဲမှာ ဘာတွေရှိလဲဆိုတာကို တစ်ယောက်ယောက်က မြင်သွားတယ်။ မဟာချန်လိုမျိုး တည်ရှိမှုတွေ ရှိနေတာကို သိသွားကြတယ်။ ထောင်ယွမ်စံအိမ်က အသက်တွေအများကြီးလိုအပ်နေတယ်၊ ရေတွက်လို့မရနိုင်လောက်အောင် အများကြီးပေါ့၊ ဒါကြောင့် သူတို့က ကျွန်တော့်ဆီချဉ်းကပ်လာပြီး သူတို့ဆီကို အသက်တချို့ ပို့ပေးနိုင်မလားဆိုပြီး မျှော်လင့်နေကြတယ်။ ဒါက ပထမအသုတ်ပဲ ရှိသေးတယ်"
"ကျွန်တော် တိုက်ခိုက်ချင်ခဲ့တယ်၊ ဒါပေမဲ့ သူတို့ကို မနိုင်ခဲ့ဘူး"
နီကျွင်း၏ လေသံမှာ ရုတ်တရက် အတော်လေး တိုးတိတ်သွား၏။
လီချင်းဖုန်းက လှမ်းကြည့်ကာ အံ့အားသင့်သွားသည်။
အားလုံးက စီနီယာအစ်ကိုနီ၏ စရိုက်ကို သိကြ၏။ သူက တိုက်ပွဲတစ်ပွဲတွင် နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ ဘယ်တော့မှ ဂရုမစိုက်တတ်သူဖြစ်သည်။
အတိတ်က သေလုမျောပါး အရိုက်မခံခဲ့ရလျှင် သူသည် ဝူထုံတောင်၏ တပည့်တစ်ယောက် ဖြစ်လာခဲ့မည်မဟုတ်ပေ။ တစ်ဖက်လူ၏ ပစ္စည်းများကိုလည်း လက်ခံခဲ့မည် မဟုတ်ပေ။
သူ မနိုင်ဘူးဟု ပြောခြင်းမှာ... ဂိုဏ်းချုပ်ရှန်းအတွက် ပြဿနာဖြစ်လာမည်ကို စိုးရိမ်နေခြင်းကြောင့်သာ ဖြစ်တန်ရာ၏။
"သားတော်ခုနစ်ပါး တွေ့ဆုံပွဲ က နောက်ထပ် နှစ်လတောင် လိုပါသေးတယ်။ အဲဒီပွဲပြီးမှ ဂိုဏ်းချုပ်ဆီကို သတင်းပို့ဖို့ ကျွန်တော် စောင့်ချင်ခဲ့တာပါ" နီကျွင်းက သူ့ကိုယ်သူ လှောင်ပြောင်သည့်အပြုံးဖြင့် ပြုံးလိုက်ပြီး ဓားကို ဆုပ်ကိုင်ထားသော သူ၏ လက်ချောင်းများမှာ ကျိုးကြေလုမတတ် ဖြစ်နေသည်။
နောက်ဆုံးတော့ သူသည် သူအမုန်းဆုံး လူစားမျိုး ဖြစ်လာခဲ့ချေပြီ။ အခြေအနေအရပ်ရပ်ကို ထည့်တွက်စဉ်းစားပြီး အရေးမပါသော ကိစ္စရပ်များကို ဂရုစိုက်နေရခြင်းမျိုး ဖြစ်သည်။
သူ၏ဆရာပင် ပြောင်းလဲ၍မရခဲ့သော သူ၏စရိုက်မှာ ရှန်းယီနောက်သို့ လိုက်ပြီးနောက်တွင် တဖြည်းဖြည်း စတင်ပြောင်းလဲလာခဲ့၏။
နီကျွင်း စကားပြောပြီးချိန်တွင် ချင်းဟိုင်စံအိမ်နှင့် ချန်မိသားစုမှ စီမံခန့်ခွဲသူတပည့်အချို့၏ မျက်နှာအမူအရာများမှာ အနည်းငယ် အနေရခက်လာကြ၏။
ထောင်ယွမ်စံအိမ်က အတိအကျ ဘာလုပ်နေသလဲဆိုတာကို သူတို့ မသိကြသော်လည်း၊ ကျင့်ကြံခြင်းအဆင့် အနိမ့်ဆုံးဟု ထင်ရသော နီကျွင်းထံ ချဉ်းကပ်လာခြင်းက သူတို့၏ လှုပ်ရှားမှုများကို နန်ယန်ဂိုဏ်းမှ မသိစေချင်ကြောင်း ညွှန်ပြနေသည်။
နီကျွင်း၏ ခွန်အားဖြင့် နန်ယန်ဂိုဏ်း၏ အစစ်အမှန် အရေးပါသော ပုဂ္ဂိုလ်များနှင့် ထိတွေ့နိုင်မည်မဟုတ်ဟု သူတို့က ယုံကြည်ထားကြ၏။
မည်သို့ပင်ဖြစ်စေ ၎င်းသည် သာမန်သေမျိုးများ၏ အသက်များနှင့် ဆက်နွှယ်နေသည်။ အကယ်၍ သတင်းထွက်သွားပါက မသေမျိုးဂိုဏ်း၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေမည်သာ ဖြစ်သည်။
သို့သော် နီကျွင်း၏ စဉ်းစားတွေးခေါ်မှုများကို သူတို့ နားလည်နိုင်ပါသည်။ အနည်းဆုံးတော့ ဒီနှစ်လအတွင်းမှာ ရှန်းယီသည် တည်ငြိမ်မှုကို အလိုအပ်ဆုံးဖြစ်ပြီး၊ နန်ယန်ဂိုဏ်းပင် ပါဝင်ပတ်သက်စရာ မလိုလျှင် အကောင်းဆုံးဖြစ်မည်။
သားတော်ခုနစ်ပါး တွေ့ဆုံပွဲသည် အလွန်အရေးကြီးလှ၏။
သို့သော်လည်း လီချင်းဖုန်း၏ မျက်နှာမှာ ရုတ်တရက် သွေးဆုတ်ဖြူရော်သွားသည်ကို သူတို့ သတိမထားမိလိုက်ကြပေ။
"ဘုရားရေ"
ရှန်းယီနှင့် ပတ်သက်ပြီး သူ နားလည်ထားမှုအရ..
ပြီးပြီ၊ ကြီးမားတဲ့ ကိစ္စတစ်ခုခု ဖြစ်တော့မယ်။
အမှန်ပင် လီချင်းဖုန်း မျှော်လင့်ထားသည့်အတိုင်း ရှန်းယီသည် လူတိုင်းကို အချိန်အကြာကြီး စောင့်ဆိုင်းမနေစေဘဲ နီကျွင်းကို ပေါ့ပေါ့ပါးပါး တစ်ချက်ကြည့်လိုက်၏။
ထို့နောက် သူ၏ခါးရှိ ဓားဆွဲသီးကို လက်ချောင်းဖြင့် ခေါက်လိုက်ရာ ၎င်းသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူ၏ခြေရင်းသို့ ကျဆင်းလာသည်။
သူ၏ တည်ငြိမ်သော အသံမှာ ပတ်ဝန်းကျင်၌ ပဲ့တင်ထပ်သွား၏။
"လမ်းပြ"