မင်းရော ကြောက်နေပြီလား
Vol. 52 Ch. 518
"ဂိုဏ်းချုပ်ရှန်း... ကျွန်တော်တို့ဆီက မက်မွန်ပန်းတွေက တကယ့်ကို လှပလွန်းပါတယ်။ ဒီမှာ နောက်ထပ် ရက်အနည်းငယ်လောက် ထပ်မနေချင်ဘူးလား၊ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော် ကျိန်းသေပေါက် ရှင်းပြချက်တစ်ခု ပေးပါ့မယ်။"
ကျုံးကွမ်းတဲ့ က နောက်တစ်ကြိမ် အရိုအသေ ပေးလိုက်သည်။ သို့သော် သူ ခေါင်းမော့လိုက်ချိန်တွင် တည်ငြိမ်လှသော ထိုနက်မှောင်သည့် သူငယ်အိမ်များနှင့် ဆုံတွေ့လိုက်ရ၏။
ရှန်းယီသည် ထိုင်ခုံပေါ်တွင် ထိုင်နေသည့် အချိန်တစ်လျှောက်လုံး စကားတစ်လုံးမျှမပြောခဲ့ပေ။ သူသည် စိတ်ဝင်စားဖွယ်မျောက်ပြပွဲတစ်ခုကို ကြည့်နေသကဲ့သို့ ထိုမြင်ကွင်းကို တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့ခြင်းသာ ဖြစ်သည်။
ကျုံးကွမ်တဲ့မှာမူ ပျာပျာသလဲ ကခုန်နေသော မျောက်တစ်ကောင်နှင့် တူနေသည်။
သို့သော် ဤမျောက်မှာ ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့် ၈ ကျင့်ကြံခြင်း ရှိထားပြီး၊ နန်ဟုန်နယ်မြေအတွင်းရှိ ထောင်ယွမ်စံအိမ်မှာလည်း မည်သူမဆို စော်ကား၍ရသည့် အင်အားစုအသေးစားလေး မဟုတ်ပေ။
"ဂိုဏ်းချုပ်ရှန်း... ပွင့်ပွင့်လင်းလင်းပဲ ပြောကြရအောင်လား"
ကျုံးကွမ်တဲ့သည် သူ၏ ဟန်ဆောင်အပြုံးနှင့် မြှောက်ပင့်မှုများကို သိမ်းဆည်းလိုက်ပြီး လက်နှစ်ဖက်ကို ဘေးချကာ ရပ်လိုက်၏။ တစ်ခဏအတွင်းမှာပင် ခန်းမတစ်ခုလုံး၏ လေထုမှာ တင်းမာသွားတော့သည်။
နန်ယန်ဂိုဏ်းမှ လူများသည် ဤသို့လုပ်ခြင်းမှာ တန်ဖိုးမရှိဟု ခံစားနေရသော်လည်း၊ သူတို့အားလုံးသည် တညီတညွတ်တည်း ရှေ့သို့တိုးလာကြရာ သူတို့၏ လွှမ်းမိုးသော အရှိန်အဝါများမှာ ပတ်ဝန်းကျင်တစ်ခုလုံးကို ချက်ချင်း ဖုံးလွှမ်းသွားခဲ့သည်။
သူတို့သည် မည်သည့် ပူးပေါင်းတိုက်ခိုက်ရေး နည်းစနစ်ကိုမျှ မကျင့်ကြံထားသော်လည်း၊ ခဏချင်းမှာပင် ကျုံးကွမ်တဲ့ကို အတောင်ပံပေါက်လျှင်ပင် ထွက်မပြေးနိုင်အောင် ပါးနပ်စွာ ဝိုင်းရံထားလိုက်ကြသည်။
"ဂိုဏ်းချုပ်ရှန်း... ဒါက ဘာအဓိပ္ပာယ်လဲ"
ကောင်းကင်ဓားဂိုဏ်း မှ ရှဲ့ချောင်းယွီ က အပြုံးတစ်ခုကို အတင်းညှစ်ထုတ်ကာ မေးလိုက်၏။ ပုံမှန်အားဖြင့် ဂိုဏ်းချုပ်ရှေ့တွင် အပြင်စည်းအကြီးအကဲတစ်ဦးမှာ ကြားဖြတ်ပြောဆိုပိုင်ခွင့် မရှိပေ။
သို့သော် မျက်နှာသာပေးမှုများကို ဘေးဖယ်ထားလျှင်၊ သူသည် ရှန်းယီကို ဂိုဏ်းချုပ်အစစ်အမှန်အဖြစ် မသတ်မှတ်ထားသည်မှာ ထင်ရှားသည်။
မည်သို့ပင်ဆိုစေ သားတော်ခုနစ်ပါးစုဝေးပွဲ မကျင်းပရသေးသရွေ့ မည်သည့်အရာမှ အတည်မဖြစ်သေးပေ။
သို့သော် ရှန်းယီသည် မဟာမိတ်ဂိုဏ်းကို မျက်နှာမထောက်သည့်အပြင် တစ်ဖက်လူကိုပါ တိုက်ရိုက် လျစ်လျူရှုထားခဲ့၏။
သူသည် ဖြည်းဖြည်းချင်း မတ်တတ်ရပ်လိုက်ပြီး သေးငယ်သော သိုလှောင်အိတ်ကို ကျုံးကွမ်တဲ့၏ ကိုယ်ပေါ်သို့ ပစ်ပေးလိုက်ကာ အေးစက်စွာ ပြောလိုက်သည်။ "မင်းတို့ ယူလာတဲ့ အသက်ကယ်ပစ္စည်းတွေကဘာတွေလဲဆိုတာ ငါ့ကို အရင်ဆုံး လိုက်ပြစမ်း။"
ထိုစကားကြောင့် မဟာမိတ်ဂိုဏ်း ကျင့်ကြံသူများ၏ မျက်နှာများ ပြောင်းလဲသွား၏။ ချင်းယွဲ့ဂိုဏ်း နှင့် တုနှိုင်းမဲ့ဂိုဏ်း မှ အထောက်တော်များသည် သူတို့၏ ဆက်သွယ်ရေး ကျောက်စိမ်းပြားများကို မသိမသာ ဆုပ်ကိုင်ထားလိုက်ကြပြီ ဖြစ်သည်။
သူတို့၏ တိုတောင်းသော ဖော်ပြချက်များအရ
အသက်ဝယ်ငွေ ဟုခေါ်သောအရာကို ဘေးဖယ်ထားလျှင်ပင်၊ ရှန်းယီက ထောင်ယွမ်စံအိမ်ကို အရေးယူနေသည့် သတင်းမှာ မဟာမိတ်ဂိုဏ်းအတွင်းသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့၏။
တစ်ချိန်တည်းမှာပင် နန်ဟုန်သားတော်ခုနစ်ပါးကြားရှိ တာအိုချပ်ပြားမှတစ်ဆင့် ဆက်သွယ်မှုများမှာလည်း ပိုမို စိပ်လာခဲ့သည်။
"သူက ထောင်ယွမ်စံအိမ်ကို လက်ဖျားနဲ့ တို့တော့မလို့လား"
"ဟဲဟဲ၊ ငါတို့ ဂိုဏ်းချုပ်ရှန်းက ထောင်ယွမ်စံအိမ်ရဲ့ ကျင့်ကြံသူတွေက ဘယ်သူ့အပေါ် သစ္စာစောင့်သိလဲဆိုတာ မေ့သွားတာ ထင်တယ်"
ကျောက်စိမ်းဖြူမြို့တော် လေးယောက်စလုံးက သူတို့၏ သဘောထားကို ထုတ်ဖော်မပြောသေးသော်လည်း၊ ထောင်ယွမ်စံအိမ်၏ သြဇာမှာ နန်ယန်ဂိုဏ်း၏လက်ဝဲလက်ယာ လက်ရုံးများဟု ယူဆနိုင်လောက်အောင် ကြီးမားသည်။
သားတော်ခုနစ်ပါး စုဝေးပွဲမတိုင်ခင် မိမိလက်ရုံးကို မိမိပြန်ဖြတ်ခြင်းလော။
သူတို့ကို နန်ယန်ဂိုဏ်းရဲ့ ထိန်းချုပ်မှုအောက်ကနေ ထွက်သွားအောင် တိုက်ရိုက် ဖိအားပေးနေတာလား။ ဒါက စိတ်မှန်တဲ့သူတစ်ယောက် လုပ်မယ့် အလုပ်မျိုးလား။
"..."
ဝေယွမ်ကျိုး သည် တာအိုချပ်ပြားမှတစ်ဆင့် ရောက်ရှိလာသော အကြောင်းပြန်ချက်များကို နားထောင်နေရင်း မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။
မိမိဂိုဏ်း၏ လက်အောက်ခံအင်အားစုကို ဆုံးမသည့် ဤကဲ့သို့သော အတွင်းရေးကိစ္စတွင် ပြင်ပလူများ ဝင်စွက်ဖက်ရန်မှာ အဆင်မပြေပေ။ သူကိုယ်တိုင်ပင်လျှင် ယခုအချိန်တွင် ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။
အကြောင်းရင်းမှာ ရိုးရှင်းပါသည် အကယ်၍ မဟာမိတ်ဂိုဏ်းက နန်ယန်၏ အတွင်းရေးကို ကိုင်တွယ်မည်ဆိုလျှင် ၎င်းမှာ ရှန်းယီကို စော်ကားရာ ရောက်သွားလိမ့်မည် ဖြစ်သည်။
ခဏအကြာတွင် လျိုရှီချန်း က ဆန့်ကျင်ဘက်တွင်ရှိသော သူ၏သမီးကို လှည့်ကြည့်လိုက်၏။ "သမီး စိတ်ရှုပ်နေသလိုပဲ"
"ဟင့်အင်း... မဟုတ်ပါဘူး။"
လျိုချန်းယွင် သည် ခေါင်းကို အတွင်အလဲ ခါယမ်းလိုက်ပြီး သူမ၏ လက်စများကို ဆွဲဖြဲမတတ် နောက်ကျောတွင် ဝှက်ထားလိုက်၏။ သူမသည် ရှန်းယီထံသို့ အကြောင်းအရာများကို လျှို့ဝှက်ပေးခဲ့ခြင်းမှာ အန္တရာယ်ရှိသော အခြေအနေတွင် သူ့အသက်ကို ကာကွယ်ရန် ဖြစ်သည်။
နန်ဟုန်သားတော်ခုနစ်ပါးလုံး၏ ရှေ့တွင် ဤမျှ သိသိသာသာ ထုတ်သုံးရန် မဟုတ်ပေ။ သူမ၏ အဖေ ပြဿနာတက်တော့မည်ဟု သူမ စတင် ခံစားနေရပြီဖြစ်၏။
နန်ဟုန်သားတော်ခုနစ်ပါးကြား ဆူညံပွက်လောရိုက်နေသည့် အချိန်မှာပင်။
ထောင်ယွမ်စံအိမ်အတွင်း၌ ကျုံးကွမ်တဲ့၏ မျက်လုံးထဲတွင် အေးစက်သော အလင်းတန်းများ စတင် လင်းလက်လာသည်။
သူသည် မင်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသော ထိုအရပ်ရှည်ရှည် ပုံရိပ်ကို စိုက်ကြည့်နေပြီးနောက်၊ တိတ်ဆိတ်မှုအတော်ကြာမှ သူ၏ နှုတ်ခမ်းများမှာ တွန့်ကွေးသွား၏။ "စိတ်မရှိပါနဲ့၊ ခင်ဗျား ဘာပြောနေတာလဲဆိုတာ ကျွန်တော် ကောင်းကောင်း နားမလည်ဘူး။"
လက်အောက်ခံအင်အားစုတစ်ခုက မိမိတို့၏ ပင်မဂိုဏ်းကို ဤကဲ့သို့သော စကားမျိုး ပြောလိုက်ခြင်းမှာ အတိအလင်း ပုန်ကန်ခြင်းပင်။
မဟာမိတ်ဂိုဏ်း ကျင့်ကြံသူများ၏ မျက်နှာပေါ်တွင် ထူးဆန်းသော အပြုံးများ ထွက်ပေါ်လာ၏။ ထောင်ယွမ်စံအိမ်က သူ့ကို သခင်အဖြစ် မအသိအမှတ်ပြုတော့လျှင် ဂိုဏ်းချုပ်ရှန်းက ဘာတွေ ဆက်လုပ်မလဲဆိုတာကို သူတို့ သိချင်နေကြသည်။
ရန်လိုချင်လျှင် နောက်ကွယ်မှ ထောက်ပံ့ပေးနိုင်မည့် အစွမ်းအစရှိရမည်။ နန်ယန်ဂိုဏ်းသည် သူ၏ လက်အောက်ခံ အင်အားစု ၁၈၂ ခုကို စကားလုံးသက်သက်ဖြင့် ရရှိခဲ့ခြင်း မဟုတ်ပေ။
"..."
ရှန်းယီသည် သူ၏ အကြည့်ကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး ခန်းမအပြင်ဘက်သို့ အေးအေးဆေးဆေး လျှောက်သွားတော့သည်။ နန်ယန်ဂိုဏ်းမှ လူများသည် အနည်းငယ် စိုးရိမ်နေကြသော်လည်း သူ၏နောက်သို့ အမြန်လိုက်သွားကြ၏။
၎င်းကို မြင်သော် ကျုံးကွမ်တဲ့သည် ခန်းမထဲတွင် ရပ်မြဲအတိုင်း ရပ်နေပြီး သူ၏ မျက်လုံးများတွင် ကြောက်မက်ဖွယ်ကောင်းသော အရိပ်အယောင်များ ရှိနေသည်။ သူသည်လည်း ခြေလှမ်းများကို လှမ်းလိုက်ပြီး ခန်းမအတွင်းမှ ဖြည်းဖြည်းချင်း ထွက်လာခဲ့သည်။
မက်မွန်ပန်းတောင်ကြီးများကြားရှိ မြင့်မားသော နေရာများမှသော်လည်းကောင်း၊ ချိုင့်ဝှမ်းများမှသော်လည်းကောင်း ပုံရိပ်များစွာ ထွက်ပေါ်လာပြီး နန်ယန်ဂိုဏ်းမှ လူများကို ဝိုင်းကြည့်နေကြသည်။
တစ်ခဏအတွင်းမှာပင် ငြိမ်းချမ်းလှသည်ဟု ထင်ရသော ထောင်ယွမ်စံအိမ်အတွင်း၌ သတ်ဖြတ်ခြင်း အငွေ့အသက်များ ပျံ့နှံ့သွားတော့သည်။ သို့သော် မည်သူမျှ လက်ဦးမှု မယူခဲ့ကြပေ။
အကြောင်းရင်းမှာ ရိုးရှင်းပါသည်။ ထောင်ယွမ်စံအိမ်၏ ရှုပ်ထွေးမှုမှာ အသစ်ရောက်ရှိလာသော ကျင့်ကြံသူတစ်ဦး အလွယ်တကူ နားလည်နိုင်သော အရာမျိုး မဟုတ်ပေ။
သို့သော် စောင့်ကြည့်နေသူများစွာထဲတွင် မည်သူမျှ အရပ်မျက်နှာ အနှံ့အပြားမှ အလျင်အမြန် ပြန်လာနေသော နတ်ဆိုးဝိညာဉ်များကို သတိမထားမိခဲ့ကြပေ။
ရှန်းယီသည် မက်မွန်တောင်၏ အတွင်းပိုင်းအထိ လျှောက်လှမ်းသွား၏။ နီကျွင်းပင်လျှင် အနည်းငယ် အံ့အားသင့်သွားရသည်။
ရှန်းယီသည် ဤနေရာသို့ အရင်ရောက်ဖူးသော သူတို့ထက်ပင် မက်မွန်ပန်းစံအိမ်အကြောင်းကို ပို၍ သိနေပုံရသောကြောင့် ဖြစ်သည်။
ကျုံးကွမ်တဲ့နှင့် မဟာမိတ်ဂိုဏ်း ကျင့်ကြံသူများ၏ မျက်နှာများမှာလည်း တဖြည်းဖြည်း ရုပ်ဆိုးလာပြီး မယုံကြည်နိုင်မှုများ ရောယှက်နေခဲ့၏။ သူတို့သည် ရှန်းယီက မှန်ကဲ့သို့ ချောမွေ့နေသော တောင်နံရံတစ်ခုဆီသို့ ချဉ်းကပ်သွားသည်ကို အကူအညီမဲ့စွာ ကြည့်နေခဲ့ကြသည်။
"မင်းကိုယ်တိုင် ဖွင့်မလား ဒါမှမဟုတ် ငါကပဲ ဖွင့်ပေးရမလား"
ရှန်းယီသည် သူ၏ခြေလှမ်းများကို ရပ်လိုက်၏။ ကြည်လင်သော စမ်းရေတွင်းအထက်တွင် ရပ်နေရင်း သူ၏ မင်ရောင်ဝတ်ရုံမှာ လေထဲတွင် တဖျပ်ဖျပ် လွင့်နေကာ ထိုတောင်နံရံကို စိုက်ကြည့်နေသည်။
ထောင်ယွမ်စံအိမ်မှ တပည့်များစွာမှာ ပတ်ဝန်းကျင် တောင်တန်းများပေါ်တွင် ပြည့်နှက်နေပြီ ဖြစ်သည်။
စိတ်လှုပ်ရှားမှုကို လိုက်ကြည့်နေသော မဟာမိတ်ဂိုဏ်း ကျင့်ကြံသူအချို့မှာမူ ယခုအခါ နောက်ဆုတ်ချင်စိတ်များ ပေါက်လာကြ၏။
ဂိုဏ်းချုပ်ရှန်းသည် အဆင်သင့် ပြင်ဆင်လာခြင်းဖြစ်ပြီး သူ၏ လက်ထဲတွင် မည်မျှလောက်သော သတင်းအချက်အလက်များ ရှိနေသည်ကို မည်သူမျှ မသိနိုင်ပေ။
"ဟူး။"
ကျုံးကွမ်တဲ့က မျက်လုံးများကို မှိတ်လိုက်ရာ သူ၏ နဖူးကြားတွင် အနက်ရောင်အလင်းတန်းတစ်ခု လင်းလက်လာ၏။ ထို့နောက် ရှစ်ထပ်ရှိသော အမှောင်တာအိုနန်းတော်ကြီး က ကောင်းကင်ယံကို လွှမ်းမိုးသွားသည်။
သူသည် ကျော်ကြားသော အင်အားကြီးမိသားစုတစ်ခု၏ ဆက်ခံသူဖြစ်ထိုက်ပေ၏။
နန်းတော်အလွှာများမှ ထူထပ်သော ဖိအားများကို ထုတ်လွှတ်နေပြီး မသေမျိုးဂိုဏ်း ကျင့်ကြံသူများပင် သူ၏ ပါရမီကို အံ့သြနေရသည်။
သူသည် လီယွီကဲ့သို့ တိုက်ရိုက်တပည့်တစ်ဦး မဟုတ်သော်လည်း အကြီးအကဲတစ်ဦး၏ နေရာကို ဆက်ခံနိုင်မည့် အခွင့်အရေး ရှိထားသူဖြစ်ရာ အကြီးအကဲများထံမှ ကိုယ်တိုင်ကိုယ်ကျ သင်ကြားပြသမှုကို ရရှိရန် အဆင့်မီသူ ဖြစ်သည်။
"ဂိုဏ်းချုပ်ရှန်း... ဒီမှာတင် ရပ်လိုက်ဖို့ ကျွန်တော် အကြံပြုပါရစေ။"
သူ မျက်လုံးဖွင့်လိုက်ချိန်တွင် သူ၏ နက်ရှိုင်းသော အသံမှာ ကောင်းကင်အနှံ့ ဟိန်းထွက်သွား၏။
"နန်ယန်ဂိုဏ်းရဲ့လက်ရှိ အကျပ်အတည်းကို ပြန်စဉ်းစားပါ၊ ပြီးရင် ထောင်ယွမ်စံအိမ်ရဲ့ စွမ်းအားကို မျက်လုံးဖွင့်ကြည့်ပါ။ အမည်ခံဂုဏ်သတင်းတွေနဲ့ စိတ်ကူးမယဉ်ပါနဲ့၊ လူယုတ်မာတွေရဲ့ စကားနောက် မျက်စိမကွယ်စေနဲ့။ အခု ရပ်လိုက်ဖို့ အချိန်မနှောင်းသေးပါဘူး။"
"ကျွန်တော်တို့က နန်ယန်ဂိုဏ်းရဲ့ အနီးကပ်ဆုံး မဟာမိတ်တွေ ဖြစ်သင့်တာပါ။"
"ဒါ့အပြင် နောက်ထပ်ခြေတစ်လှမ်း ထပ်တိုးဖို့အတွက် ပေးဆပ်ရမယ့် တန်ဖိုးက ခင်ဗျား မတတ်နိုင်တဲ့ အရာမျိုး ဖြစ်သွားလိမ့်မယ်။"
သူ့စကားဆုံးသည်နှင့် တောင်စောင်းပေါ်တွင် နောက်ထပ် ရှစ်ထပ်သော တရားနန်းတော်သုံးခု ထွက်ပေါ်လာပြီး ပုံရိပ်အချို့ ကောင်းကင်သို့ ပျံတက်လာကြ၏။ ထိုပြင်းထန်သော ဖိအားများသည် နန်ယန်ဂိုဏ်း ကျင့်ကြံသူများ၏ အရှိန်အဝါကို ချက်ချင်း ဖုံးလွှမ်းသွားတော့သည်။
"..."
ရှန်းယီသည် သူ၏ မေးစေ့ကို အသာအယာ ပွတ်လိုက်သည်။ သူ့အတွက်တော့ တစ်ဖက်လူ၏ စကားများစွာမှာ တုံးပြန်စရာတစ်ခွန်းတည်းသာ ဖြစ်သည် သူကိုယ်တိုင် လုပ်ရှားရတော့မည်။
နောက်တစ်ခဏတွင် ကျောက်စိမ်းပြာဖြင့် ပြုလုပ်ထားသော ဧရာမပုံရိပ်ကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။ မောက်မာလှသော ရယ်သံနှင့်အတူ ဧရာမကျောက်စိမ်းကြံ့ကြီးသည် ကောင်းကင်ယံကို ဖြတ်သန်းကာ ထိုတောင်နံရံကို ပြင်းထန်စွာ ဝင်တိုက်လိုက်တော့သည်။
"ငါ့အတွက် အဲဒါကို ခွဲပစ်လိုက်စမ်း"
ဘန်း
မှန်ကဲ့သို့ ချောမွေ့နေသော ကျောက်တံတိုင်းမှာ ထူထပ်သောအက်ကြောင်းများ ချက်ချင်း ပေါ်လာပြီး အစီအရင်ပျက်စီးသွားသည်မှာ ထင်ရှားနေ၏။
"သူ့ကို တားကြစမ်း" ကျုံးကွမ်တဲ့က လက်ဖြင့် ဂါထာမန္တန်တစ်ခုကို ဖော်ဆောင်ရင်း အော်ဟစ်လိုက်သည်။
ချက်ချင်းပင် လူတစ်ဦးသည် လေထဲသို့ ပျံတက်လာသည်။ သူသည် စိတ်ဝိညာဉ်ခန္ဓာနည်းစနစ် ကဲ့သို့သော အရာတစ်ခုကို ကျင့်ကြံထားပုံရပြီး ဧရာမကျောက်စိမ်းကြံ့ကြီး၏ နောက်ကျောမှနေ၍ အတင်းအဓမ္မ တိုက်ခိုက်လိုက်သည်။
သို့သော် သူ ပျံသန်းနေသည့် လမ်းခုလတ်မှာပင်...
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ မြေပြင်ပေါ်သို့ ရုတ်တရက်ရိုက်ချခြင်း ခံလိုက်ရပြီး တောင်စမ်းရေများ စီးဆင်းမှု ရပ်တန့်ကာ မြင့်မားသော တောင်ကြီးမှာ ပြိုကျသွားတော့သည်။
ဖုန်မှုန့်များ ငြိမ်သက်သွားချိန်တွင်...
ငွေရောင်ချပ်ဝတ်ဝတ်ဆင်ထားသော၊ ကြောက်မက်ဖွယ်ကောင်းသော မျက်နှာထားနှင့် မျက်လုံးထဲတွင် နက်ရှိုင်းသော ကြောက်ရွံ့မှုများ ရှိနေသောပုံရိပ်တစ်ခုက ထိုကျင့်ကြံသူ၏ လည်ပင်းကို ညှစ်ထားသည်ကို တွေ့လိုက်ရသည်။
"ငါ အရမ်းကြောက်တယ်... ငါ တကယ်ကို အရမ်းကြောက်တယ်"
၎င်းက တိုးတိုးလေးရေရွတ်လိုက်ပြီးနောက် ထိုကျင့်ကြံသူ၏ ဦးခေါင်းကို ပြင်းထန်သော လက်သီးဖြင့် ထိုးနှက်လိုက်ရာ လက်သီးတစ်ခုလုံး ဦးနှောက်အရည်များဖြင့် စိုရွှဲသွားတော့သည်။
"မင်းက ကောင်းကင်ကြီးကို တိုက်ရိုက်ကြည့်ရဲတယ်ပေါ့လေ"
နောက်ထပ် လက်သီးတစ်ချက်ဖြင့် ထိုကျင့်ကြံသူ၏မျက်လုံးများကို ထိုးခွဲပစ်လိုက်သည်။ ငွေရောင်ချပ်ဝတ်နှင့် ပုံရိပ်၏ လုပ်ဆောင်ချက်များတွင် ထျန်းယန် ၄၉ ၏ အငွေ့အသက်များ အတိုင်းသား ပါဝင်နေ၏။
"မင်း မကြောက်ဘူးလား မင်းမှာ မကြောက်ရအောင် ဘာအခွင့်အရေး ရှိလို့လဲ"
လူအားလုံး၏ ရှေ့မှောက်တွင် ငွေရောင်ချပ်ဝတ်နှင့် ပုံရိပ်သည် ထိုကျင့်ကြံသူ၏ ခန္ဓာကိုယ်ကို ဒေါသတကြီး ထိုးနှက်ပြီး တောင်တန်းကြီး၏ အနက်ရှိုင်းဆုံးနေရာသို့ ရိုက်သွင်းလိုက်သည်။
ကျုံးကွမ်တဲ့ အံ့အားသင့်နေသည့် ခဏမှာပင်။
ဧရာမကျောက်စိမ်းကြံ့ကြီးသည် ကျောက်တံတိုင်းကို အစိတ်စိတ်အမွှာမွှာ ခွဲပစ်လိုက်ပြီး အောက်ဘက်ရှိ နေရာရွေ့ပြောင်းအစီအရင်ကို ဖော်ထုတ်လိုက်ပြီ ဖြစ်သည်။ ၎င်းသည် အစီအရင်ထဲသို့ တိုးဝင်သွားခဲ့၏။
နောက်ဆုံးတွင် ရှန်းယီသည် သူ၏ခြေလှမ်းကို လှမ်းလိုက်ကာ လေထဲသို့ ပျံတက်သွားပြီး သူ၏ ပုံရိပ်မှာ အစီအရင်အတွင်းသို့ ပျောက်ကွယ်သွားတော့သည်။ ထိုခဏ၌ ကျုံးကွမ်တဲ့၏ မျက်နှာမှာ အနည်းငယ် ဖြူလျော့သွားသည်။
သူသည် အလိုအလျောက် ရှေ့သို့ တိုးချင်သွားခဲ့၏။
သူ လှုပ်ရှားလိုက်သည်နှင့် သွေးချင်းချင်းနီကာ အသားများစုတ်ပြတ်နေသော အလောင်းတစ်ခုမှာ သူ့ထံသို့ ပြန်လည် ရိုက်ချခြင်း ခံလိုက်ရသည်။
သူသည် ထိုအလောင်းကို အခက်အခဲဖြင့် တွန်းဖယ်လိုက်ချိန်တွင် ရုတ်တရက် ရှုံ့မဲ့နေသော်လည်း မည်သည့် ခံစားချက်မျှမရှိသော မျက်နှာတစ်ခုက သူ၏ မြင်ကွင်းထဲသို့ ရောက်ရှိလာသည်။
"မင်းကော... မင်းလည်း မကြောက်ဘူးလား"
အက်ကွဲနေသော အသံတစ်ခုက သူ၏ နားအနားတွင် ပျံ့လွင့်လာ၏။
ကျုံးကွမ်တဲ့ တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး ဗီဇအရ အနောက်သို့ အသည်းအသန် ဆုတ်ခွာလိုက်ရတော့သည်။
"ရှီး..။"
နန်ယန်ဂိုဏ်းမှ အထောက်တော်များသည် မသိမသာ တံတွေးမျိုချလိုက်ကြ၏။ ဤစိတ်ဝိညာဉ်ရုပ်သေးမှာ ပိုပိုပြီး ရင်းနှီးလာသလို၊ ရှေ့က ဧရာမကျောက်စိမ်းကြံ့ကြီးထက်ပင် ပို၍ ကြောက်စရာကောင်းနေသည်။
သူတို့သည်လည်း အလျင်အမြန်ပင် ရှန်းယီနောက်သို့ လိုက်ပါကာ ကျောက်တံတိုင်းအတွင်းသို့ ပျောက်ကွယ်သွားကြတော့သည်။