← Chapters

ကောင်းကင်ဝါးမျိုခြင်း ရုပ်ခန္ဓာ

Vol. 17 Ch. 225

ကောင်းကင်ဝါးမျိုခြင်း ရုပ်ခန္ဓာ

Vol. 17 Ch. 225

အခန်း(၂၂၅)  : ကောင်းကင်ဝါးမျိုခြင်း ရုပ်ခန္ဓာ

“ မင်း ဘာပြောနေမှန်း မသိဘူး” ဝမ်ဝေ့က ခပ်တည်တည်ဖြင့် ပြောလိုက်သည်။ ယခင်ရက်ပိုင်းအတွင်း သူက ဝူဟုန်၏ သူ့အပေါ် ထိုးဖောက်မြင်နိုင်စွမ်းနှင့် ပတ်သက်၍ သင်ယူခဲ့ရသည်။ သူ့အနေနှင့် တတ်နိုင်သမျှ အရှက်မဲ့ကာ အရေထူထူနေဖို့သာ လိုလေသည်။

ဝူဟုန်က ဧကရီဝူ၏ ဘဝအကြောင်း ပြောပြပြီးနောက် နှစ်ယောက်သား ညစာစားရင်း တခြားကိစ္စများကို ဆက်လက် ပြောဆိုခဲ့ကြသည်။ ထို့နောက် နှစ်ယောက်သား ကိုယ်လုပ်စရာရှိတာကို လုပ်ဖို့ လမ်းခွဲလိုက်ကြသည်။

ဝူဟုန်က သူမ၏ အိမ်ဆီ ပြန်သွားပြီး ဝမ်ဝေ့က အစစ်အမှန် အုပ်ချုပ်သူ ယန်းချန် ဖန်တီးပေးထားသည့် ကမ္ဘာငယ်ထဲ ဆက်နေကာ လေ့ကျင့်နေလိုက်သည်။

သူက ကမ္ဘာငယ်ထဲ ကြီးမားကျယ်ပြောသည့် ပင်လယ်ကြီး ရှိရာဆီ ဦးတည်လိုက်သည်။ ထို့နောက် သူ့အဝတ်များကို ချွတ်လိုက်ကာ စတင်မွမ်းမံလိုက်သည်။ သူ့အဝတ်အစားတွင် သူ့အတွင်းအင်္ဂါများကို သန့်စင်ပေးနေသည့် အားပြင်းပြင်း မြေဆွဲအားအပြင် သူ့အတွင်းအင်္ဂါအပါအဝင် တစ်ကိုယ်လုံး အနှံ့ အားကောင်းကောင်း တုန်ခါမှုကို ထုတ်လွှင့်ပေးနေသော အစီအရင်တစ်ခုလည်း ထပ်ထည့်ထားသည်။

ထိုအရာက အားလုံး မဟုတ်သေးပေ။ ဝမ်ဝေ့က ပြုပြင်မွမ်းမံနေစဉ်အတွင်း ဆေးလုံးများကို ချိုချဉ်များကဲ့သို့ ဝါးစားနေသည်။ ထိုဆေးလုံးများတွင် ကလီစာ အားကောင်းဆေးလုံး၊ ရွှေကြွက်သား ဆေးလုံး၊ နဂါးထောက်တိုင် အရိုး ဆေးလုံးများ ပါဝင်လေသည်။

ထိုဆေးလုံးများက သူတော်စင်အဆင့် ဖြစ်ကြပြီး ကျင့်ကြံသူများက သူတို့ခန္ဓာကိုယ် သန်မာလာစေဖို့ အသုံးပြုကြသည့်အချက်ကြောင့် ရှားပါးကာ ဈေးကြီးလှသည်။ မူလလမ်းစဉ် စနစ်က သိုင်းပညာနှင့် ချီကျင့်ကြံရေးအပေါ် အများစု အခြေခံထားသော်လည်း အစောပိုင်းအဆင့်များတွင် သိုင်းပညာပေါ် ပို၍ အမှီသဟဲပြုထားသည်။ ချီသဘောတရားက အလယ်ပိုင်းနှင့် နောက်ပိုင်းအဆင့်များတွင် ပိုအသုံးဝင်လာလိမ့်မည်။

ထို့ကြောင့် ကျင့်ကြံသူများက သူတို့ခန္ဓာကိုယ်ကို အံ့ဖွယ်ခန္ဓာအဆင့် ရောက်ပြီးသည့်နောက် အာရုံစိုက်ကြခြင်း မရှိတော့ပေ။ သူတို့က သူတို့ဘာသာ တိုးတက်လာစေဖို့အတွက် အဖိုးတန်ဆေးလုံးများကို ဖန်တီးခဲ့ကြသည်။ သို့သော်လည်း ဝမ်ဝေ့က ထိုဆေးလုံးများကို သူ့ခန္ဓာကိုယ်ခွန်အား တိုးတက်သန်မာလာစေဖို့ အသုံးပြုနေသည်။

သူ့အနေနှင့် ဒီလိုအဆင့်မြင့် ဆေးလုံးမျိုး အသုံးပြုနိုင်သည့် အကြောင်းအရင်းမှာ သူ့ခန္ဓာကိုယ်က အားကောင်းကာ သူတော်စင်အဆင့် ဆေးအာနိသင်များကို ခံနိုင်ရည်ရှိနေသောကြောင့် ဖြစ်၏။ သို့သော်လည်း အများကြီး အသုံးပြုခြင်းက ဆိုးကျိုးဖြစ်စေနိုင်သည်။

အားကောင်းလှသည့် ထိုဆေးစွမ်းအားများက ဝမ်ဝေ့၏ ခန္ဓာကိုယ်ဖြင့် တစ်ခုနှင့် တစ်ခု ပြိုင်ဆိုင်ကာ ဖျက်ဆီးပစ်လိုက်လေသည်။ မည်သို့ပင်ဆိုစေကာမူ သူက ထိုသို့ဖြစ်လာနိုင်ခြေကို တွက်ထားလေသည်။ သူက ထိုဆေးလုံးများကို သူ့ခန္ဓာကိုယ်အား ဖျက်ဆီးစေခွင့်ပေးထားလိုက်ပြီး သူ့ပြန်လည်ကောင်းမွန်နိုင်စွမ်း စွမ်းရည် အသက်ဝင်လာသည့်အခါ ဆက်တိုက် ဖျက်ဆီးခြင်းနှင့် ဆက်တိုက် ပြန်ကောင်းမှုတို့ ဖြစ်စဉ်ကြား ပို၍ အားကောင်းလာစေလိမ့်မည်။

ထိုအပြင် သူက အာနိသင်မတူသော ထိုဆေးလုံးများကို ရောစပ်ထားသောကြောင့် သူ ရရှိမည့် အကျိုးကျေးဇူးများက တိုးပွားလာသည်။ ထိုဖြစ်စဉ်က မည်မျှနာကျင်မှန်း စိတ်ကူးကြည့်နိုင်သော်လည်း ယခုအခါ သူက နာကျင်မှုနှင့် အသားကျနေလေပြီ။ သူ့နာကျင်မှု ပင်ကိုစွမ်းရည်လည်း အလျှင်အမြန် တိုးတက်လာခဲ့၏။

ဝမ်ဝေ့က သူ့အဝတ်များကို မွမ်းမံသန့်စင်လိုက်ပြီးနောက် ပြန်ဝတ်ကာ ပင်လယ်ထဲ ငုပ်ချလိုက်သည်။ မီတာတစ်သောင်းအနက်အထိ သွားပြီးနောက် ဖိအားက သူ့အတွက် များပြားလာသောကြောင့် ယာယီရပ်တန့်လိုက်ရသည်။

မြေဆွဲအား တုန်ခါမှု၊ ဆေးအာနိသင်များ၊ ရေအောက်ဖိအားများဖြင့် ဝမ်ဝေ့က သူ့ခန္ဓာကိုယ်ကို စတင်လေ့ကျင့်လိုက်ပြီး သူ့အံ့ဖွယ်ပင်လယ်ထဲမှ မူလအဆီအနှစ်ကိုလည်း ကန့်သတ်ချက် ကျော်လွန်အောင် ပြုပြင်လိုက်သည်။ သူက ဝိညာဉ်နှင့် အံ့ဖွယ်အသိစိတ်ကိုပင် လေ့ကျင့်ဖို့ ကြိုးစားသော်လည်း အသုံးမဝင်သောကြောင့် လက်လျော့လိုက်ရသည်။

ဝမ်ဝေ့က အပြင်ဘက်မှ သတင်းအကြောင်းအရာများကို ဆက်သွယ်ရေးအဆောင်မှသာ တဆင့်ရရှိနိုင်သည့် ကမ္ဘာငယ်ထဲ လေ့ကျင့်နေသော်လည်း ဝူဟုန်နှင့် အဆက်အသွယ်ကို မပြတ်တောက်စေခဲ့ပေ။

………….

လတချို့ ကုန်ဆုံးသွားပြီးနောက် ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော် စစ်ဆေးမှု၏ လျို့ဝှက်နယ်မြေအတွင်း

မိုရှင်းယွင်က မိန်းမလှလေးတစ်ယောက်နှင့် မျက်နှာချင်းဆိုင်တွင် မားမားမတ်မတ် ရပ်နေသည်။ သူမ၏ ဆံပင်နီနီများက လေနှင့်အတူ လွှင့်နေသည်။ သူမရှေ့ရှိ မိန်းမလှလေးတွင် နှင်းပွင့်လို အသားရောင်ရှိပြီး အနက်ရောင်ဆံပင်နှင့် မျက်ဝန်းများကို ပိုင်ဆိုင်ထားသည်။ သူမ၏ သဘာဝကလည်း နတ်မိမယ်တစ်ပါးလို ဖြူစင်လှသည်။

သို့သော်လည်း သူမ နှုတ်ခမ်းထောင့်မှ သွေးများစီးကျနေမှုနှင့်  စုတ်ပြဲနေသော အပြာရောင် ဝတ်စုံတို့ကြောင့် သူမ၏ ဖြူစင်သန့်ရှင်းသော သဘာဝကို ပျက်စီးစေသည်။

ထိုလူက ကုပင်ချင်း ဖြစ်ပြီး အဆင့် ၈ ကောင်းကင်ရုပ်ခန္ဓာဖြစ်သည့် ယင်ကိုးပါး ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူ ဖြစ်ပေသည်။

ကုပင်ချင်းက  သူမ၏ ဂုဏ်ယူဖွယ် ရုပ်ခန္ဓာဖြင့် အလွှာနိမ့်တွင် သူမ၏ ပြိုင်ဘက်အားလုံးကို အနိုင်ပိုင်းပစ်ခဲ့သော်လည်း ယနေ့တွင် သူမ၏ ပြိုင်ဘက်အစစ်အမှန်နှင့် တွေ့ရလေပြီ။

ကုပင်ချင်းက အသက်ပြင်းပြင်းရှုကာ စိတ်ငြိမ်အောင် ထားလိုက်ပြီးနောက် ပြိုင်ဘက်ထံ ဓားကို ဝေ့လိုက်သည်။ ထိုစဉ် ရေခဲဖြင့် ပြုလုပ်ထားသည့် ဓားပေါင်းများစွာ ထွက်ပေါ်လာသည်။ ထိုဓားများက လမ်းတွင် ရှိသမျှအရာအားလုံးကို အေးခဲပစ်ချင်ဟန်ပေါ်နေသည်။

“ လှည့်ကွက်အတူတူကြီးပဲလား .. ပျင်းစရာတောင်ကောင်းလာပြီ” မိုရှင်းယွင်က တည်တည်ငြိမ်ငြိမ် ရေရွတ်လိုက်သည်။ သူမ၏ လက်တစ်ချက်အဝေ့တွင် အနက်ရောင် အလင်းပေါ်လာပြီး သူမခန္ဓာကိုယ်မှ ထွက်ပေါ်လာသည့် ထူးခြားဆန်းကြယ် စွမ်းအားတစ်ခုက ထိုရေခဲဓားများကို ဝါးမျိုသွားလေသည်။

ထိုစဉ် ကုပင်ချင်းက မအံ့ဩမိပေ။ အကြောင်းမှာ တိုက်ပွဲစတင်ကတည်းက သူမ ပြိုင်ဘက်ကို ထိခိုက်အောင် တစ်ခါမှ မလုပ်နိုင်ခဲ့သေးပေ။ သူမက နည်းလမ်းတူ အသုံးပြုသည့် အကြောင်းအရင်းက ထိုလူတွင် ဝါးမျိုနိုင်သည့် အချိန်ပမာဏ ကန့်သတ်ချက်ရှိလားဟု စမ်းသပ်ကြည့်ချင်ရုံ ဖြစ်၏။

ကံဆိုးသည်က သူမအတွက် အကြိမ်များစွာ ကြိုးစားပြီးသည့်နောက်တွင်ပင် အဖြေမတွေ့သေးပေ။ သူမ၏ ကြိုးပမ်းမှုများက အသုံးမဝင်မှန်း သိထားကာ စိတ်ဓာတ်ကျလာပြီး သူမ၏ အားအကောင်းဆုံး တိုက်ကွက် ဖြစ်သည့် ပင်ကိုစွမ်းရည်ကို ထုတ်သုံးဖို့ ဆုံးဖြတ်လိုက်သည်။

ထိုစဉ် သူမ၏ နှင်းဖြူလို အရေပြားတွင် ထူးထူးဆန်းဆန်း အမှတ်အသားများ ထွက်ပေါ်လာသည်။ သူမက စိတ်ခံစားချက် ကင်းမဲ့သော အသံဖြင့် အော်ပြောလိုက်သည်  “ အေးခဲငရဲ ”

ထို့နောက် သူမခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် အေးခဲမှုက ကီလိုမီတာတချို့အထိ ပျံ့နှံ့သွားလေသည်။ သစ်ပင်ဖြစ်စေ၊ တောင်တန်းဖြစ်စေ၊ မြစ်ဖြစ်ပါစေ အားလုံး ချက်ချင်းဆိုသလို အေးခဲသွားလေသည်။

အကယ်၍ မိုရှင်းယွင်သာ သူမ၏ ဝါးမျိုခြင်းစွမ်းရည်ဖြင့် သူမဘာသာ မကာကွယ်ထားခဲ့လျှင် သူမခန္ဓာကိုယ်နှင့် ဝိညာဉ်ပင် အေးခဲသွားလိမ့်မည်။

ကုပင်ချင်းအတွက်မူ အဆင်ပြေနေလေသည်။ သူမက အဆင်ပြေသည်ထက် ပို၏။ အေးခဲနေသည့် နေရာကို ဖန်တီးလိုက်ပြီးသည့်နောက် သူမ၏ ဒဏ်ရာများက သူ့အလိုလို ပြန်ကောင်းသွားပြီ စွမ်းအားလည်း တိုးပွားလာသည်။

သို့သော်လည်း သူမ တိုက်ခိုက်မှုက ပြီးဆုံးဖို့ အလှမ်းဝေးနေသေးသည်။ အေးခဲနေရာအတွင်း ထိုးဖောက်မြင်နိုင်သည့် ငရဲမှ တစ္ဆေများနှင့် ဝိညာဉ်များ တက်လာကြသည်။

သူတို့အားလုံးက ထူးဆန်းနေသည်။ တချို့က လူသားမျိုးနွယ် ဖြစ်သော်လည်း ဦးချိုများ ပါရှိပြီး တချို့က လူခေါင်းအစား တိရစ္ဆာန်ခေါင်း ဖြစ်ကြသည်။ တချို့က မျက်နှာသွင်ပြင်များက နေရာလွဲနေကြသည်။ ယေဘုယျအားဖြင့် ထိုတစ္ဆေများက ရွံ့စရာကောင်းလှသည်။

မိုရှင်းယွင်က ထိုအရာကို မြင်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ သူမက ပတ်ဝန်းကျင်မှ အအေးဓာတ်ကို စုပ်ယူဖို့ ကြိုးစားလိုက်သော်လည်း သူမ ဖြစ်ချင်သလို မအောင်မြင်ကြောင်း သိလိုက်ရ၏။ သူမက တချို့ကို စုပ်ယူနိုင်လိုက်သော်လည်း သိပ်မကြာခင် ထိုကြောက်မက်ဖွယ် အအေးဓာတ်ကို သန့်စင်ဖို့ အချိန်ကြာမည် ဖြစ်ကြောင်း သဘောပေါက်သွားသည်။

ပို၍ အရေးကြီးသည်က သူမ အများကြီး စုပ်ယူမိသွားလျှင် ပြင်းထန်သည့် အအေးဓာတ်က သူမခန္ဓာကိုယ်ထဲ စိမ့်ဝင်ကာ အကုန်ဖျက်ဆီးပစ်မည် ဖြစ်၍ ရပ်တန့်လိုက်ရသည်။

ထို့ကြောင့် သူမက အံ့ဖွယ်အသိစိတ်ဖြင့် ဘေးဘက် ကီလိုမီတာပတ်လည်ကို စစ်ဆေးကြည့်လိုက်ပြီးနောက် ရေရွတ်လိုက်သည်။

“ ပိုင်နက်တစ်ပိုင်းစွမ်းရည်လား … မဟုတ်သေးဘူး သူမက ခန္ဓာကိုယ်ထဲ လွန်ကဲယင်စွမ်းအား ပမာဏအမြောက်အများ သိုလှောင်ထားတဲ့ပုံပဲ။ သူမကိုယ်သူမ အရေးသာဖို့ လိုတဲ့အချိန်မှ ပြန်လွှင့်ထုတ်လိုက်တာမျိုး … သူတို့စက်ကွင်းအတွင်းမှာ အကုန်ထိန်းချုပ်နိုင်တဲ့ ပိုင်နက်နဲ့ ယှဉ်လိုက်ရင်  ဒီစွမ်းရည်က အတော်လေး ဆိုးတာပဲ။ ဒါပေမဲ့ မင်းက ဒီနတ်ဆိုးကျင့်ကြံသူနဲ့ ဝိညာဉ်ကစားပွဲ ဆော့ချင်တယ်ဆိုတော့ ကောင်မလေး … မင်းက အရမ်းညင်သာလွန်းနေတယ်”

မိုရှင်းယွင်က လက်ကိုဝေ့လိုက်သည့်အခါ အနက်ရောင်အလင်းများစွာက တစ္ဆေများ၏ ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားကာ  “ ဝိညာဉ်ဝါးမျိုခြင်း အမှတ်အသား”

ထိုတစ္ဆေများက ရုတ်ချည်းဆိုသလို သူတို့ထံမှ အရေးကြီးသည့်အရာ လုယူသွားသလို ခံစားလိုက်ရသော်လည်း ဘာမှန်း မသိကြပေ။ သူတို့က နဂိုသခင် ကုပင်ချင်း၏ စကားကို နားမထောင်ကြတော့ဘဲ မိုရှင်းယွင်၏ အမိန့်အောက် ကျရောက်သွားလေသည်။

ထို့နောက် သခင်အသစ်ဖြစ်သူ၏ အမိန့်ကို နာခံရန် သူတို့က ကုပင်ချင်းကို စတင်တိုက်ခိုက်ကြတော့သည်။ ကုပင်ချင်းက ထိတ်လန့်သွားကာ သူမ ဆင့်ခေါ်မှုကို ထိန်းချုပ်ဖို့ ကြိုးစားသော်လည်း မအောင်မြင်ပေ။

ထို့ကြောင့် ကုပင်ချင်းက အားပြင်းပြင်း ရေခဲ သို့မဟုတ် ယင် တိုက်ကွက်များ အသုံးပြုကာ ထိုတစ္ဆေများကို စတင် ဖျက်ဆီးပစ်ရသည်။ ကံဆိုးသည်က ထိုတစ္ဆေများ၏ စွမ်းရည်တစ်ခုက အေးခဲသည့် နေရာများတွင် နေသရွေ့ ထာဝရတည်ရှိခြင်း ဖြစ်၏။

သူတို့က ဖျက်ဆီးခံလိုက်ရလျှင်ပင် သူတို့ဘာသာ ပြန်လည်ပြုပြင်ပြီး တိုက်ပွဲ ဆက်တိုက်နေသည်။ အစပိုင်းတွင် သူမအတွက် အရေးသာမှု ဖြစ်ခဲ့သော်လည်း ယခုအခါ သူမကို ရင်ဆိုင်ဖို့ အသုံးချခံလိုက်ရသည်။

ထိုစဉ် မိုရှင်းယွင်က ရုန်းကန်နေရသည့် ကုပင်ချင်းကို တည်တည်ငြိမ်ငြိမ်သာ ဆက်ကြည့်နေသည်။ သူမက ပြန်လည်တိုက်ကွက်ကို စောင့်ဆိုင်းနေလေ၏။ သို့သော်လည်း သိပ်မကြာခင် သူမက စိတ်ပျက်လက်ပျက်သာ ခေါင်းခါလိုက်တော့သည်။

သူမအနေနှင့် ယင်ကိုးပါး ရုပ်ခန္ဓာပိုင်ရှင်သည် သူမဘာသာ ယင်ယန်မျှခြေထိန်းရန်အတွက် ယန်နည်းစနစ်တချို့လည်း လေ့ကျင့်ထားမည်ဟု ထင်ထားမိသည်။ အကယ်၍ ဒီလောက်အထိ မဟုတ်လျှင်ပင် အနည်းဆုံးတော့ လွန်ကဲယင်ကို ယန်အဖြစ် ပြောင်းလဲနိုင်လောက်အောင်အထိ ဖြစ်၏။ သို့သော် သူမက မလေ့ကျင့်ထားခဲ့ပေ။

မိုရှင်းယွင်က ထိုမိန်းကလေးသည် တခြားသာမန်ကျင့်ကြံသူများကို အနိုင်ကျင့်ဖို့ သူမ၏ အားကောင်းသော ရုပ်ခန္ဓာကိုသာ အားကိုးခဲ့ကြောင်း မှန်းဆမိလိုက်သည်။ သို့သော်လည်း ထိုသို့သော လေ့ကျင့်နည်းက ဒီကမ္ဘာတွင် ဘာမှမဟုတ်ပေ။ အထူးသဖြင့် ဒီလိုဂုဏ်ကျက်သ‌ရေ ထွန်းလင်းပြောင်မြောက်ဖွယ် ခေတ်ကာလတွင် ဖြစ်သည်။ သူတို့၏ ရုပ်ခန္ဓာပေါ်သာ မှီခိုလွန်းပြီး ကန့်သတ်ချက်ကို မကျော်လွန်ပါက နောက်ကျကျန်နေခဲ့လိမ့်မည်။

ထို့ကြောင့် သူမက တိုက်ပွဲကို မြန်မြန် အဆုံးသတ်ပစ်ဖို့ ဆုံးဖြတ်လိုက်သည်။

“မီးတောက်ဝါးမျိုခြင်း ” မိုရှင်းယွင်က ရေရွတ်လိုက်သည်။ ထို့နောက် အညိုတောက်တောက် မီးလျှံများက အေးခဲနေသည့် နေရာတစ်ဝိုက်လုံးကို ဖုံးလွှမ်းသွားလေသည်။ စက္ကန့်ပိုင်းအတွင်း လွန်ကဲယင် အအေးဓာတ်က အပြီးတိုင် ပျောက်ကွယ်သွားသည်။

ကုပင်ချင်း၏ အမူအရာက ထိုအရာကိုမြင်ပြီး ချက်ချင်း ပျက်ယွင်းသွားသည်။ သူမ၏ ဝှက်ဖဲတစ်ခုက အေးခဲနေရာကို အသုံးပြုကာ သူမဘာသာ တာတိုပြောင်းရွေ့နိုင်စွမ်းကို ပေးလေသည်။ သူမက တစ်ဖက်လူကို ခိုးကြောင်ခိုးဝှက်တိုက်ဖို့ အခွင့်ကောင်းကို စောင့်နေခဲ့၏။ ထိုအရာက သူမကို ထွက်ပြေးဖို့ရာ အချိန်ဆွဲထားပေးဖို့ လုံလောက်ပေလိမ့်မည်။

ယခု သူမ၏ အခွင့်အရေးကား ကုန်ဆုံးသွားလေပြီ။

မိုရှင်းယွင်က ထိုအရာကို မြင်ပြီး နှာခေါင်းရှုံ့လိုက်သည်။ သူမက ကုပင်ချင်း ဘယ်လိုကြံစည်နေမှန်း မသိသော်လည်း တစ်ဖက်လူ၏ အရေးသာချက်ဖြစ်နေသည့် အေးခဲကွင်းပြင်ကို ဖျက်ဆီးပစ်ရမည်မှန်း သိထားဖို့ အတွေ့အကြုံအလုံအလောက် ရှိထားလေသည်။

ထို့ကြောင့် အချိန်တချို့ ရုန်းကန်ကာ သူမ၏ ကံကြမ္မာကောင်း မီးတောက်အထိ အသုံးပြုခဲ့သော်လည်း အဆင့် ၈ ယင်ကိုးပါး ရုပ်ခန္ဓာပိုင်ရှင် ကုပင်ချင်းကား အသတ်ခံလိုက်ရသည်။

မိုရှင်းယွင် အတွက်မူ တစ်ဖက်လူကို သတ်ပြီးသည့်နောက် အလောင်းဆီ သွားကာ နဖူးပေါ် လက်တင်လိုက်သည်။ ထိုစဉ် ကုပင်ချင်း ခန္ဓာကိုယ်ကို အနက်ရောင်အလင်း လွှမ်းခြုံသွားကာ ဘာမှမကျန်တော့သည့်အထိ ဝါးမျိုခံလိုက်ရသည်။ သွေးတစ်စက်ပင် မကျန်နေခဲ့ပေ။

မိုရှင်းယွင်က မျက်လုံးကို မှိတ်ကာ သူမခန္ဓာကိုယ်အတွင်း စီးဆင်းလာသည့် စွမ်းအားကို ခံစားလိုက်သည်။ သူမက လက်ကို ဆန့်ထုတ်လိုက်သည့်အခါ အားပြင်းပြင်း အအေးဓာတ်က မီတာအနည်းငယ်အထိ ပျံ့နှံ့သွားလေသည်။

သူမက စွမ်းအားအသစ်ကို စမ်းကြည့်နေစဉ် အသံတစ်သံက ရုတ်ချည်း ထွက်ပေါ်လာသည်။

“တခြားကောင်းကင်ရုပ်ခန္ဓာကို ဝါးမျိုနိုင်တယ်ဆိုတော့ ကောင်းကင်ဝါးမျိုခြင်း ရုပ်ခန္ဓာနဲ့ ထိုက်တန်ပါပေတယ်”

“ဘယ်သူလဲ” မိုရှင်းယွင်က အသံပိုင်ရှင်ကို လိုက်ရှာရင်း အော်ပြောလိုက်သည်။

All Chapters