သွေးရောင်ဓားသွားငါး
Vol. 9 Ch. 123
ဓားသွားငါး...ဒါဟာ ဓားသွားငါး တစ်ကောင်ပဲ..။
ရွှီရှင်းကို အကြောက်ဆုံးဖြစ်စေသည်မှာ ထိုငါး၏ ရှည်လျားထက်မြက်လှသော နှုတ်သီးချွန်ကြီး မဟုတ်ပေ။
ထိုငါး၏ ကိုယ်ပေါ်တွင် ငွေရောင်ဘုရင်နှင့် မီမီ တို့ထက်ပင် ပိုမိုအရောင်ရင့်လှသော သွေးရောင်အဆင်းသဏ္ဌာန်များကို အထင်အရှား မြင်နေရခြင်းပင် ဖြစ်၏။
ဒါက အလယ်အလတ်အဆင့် ဗီဇပြောင်းသတ္တဝါတစ်ကောင်ပဲ။
အလယ်အလတ်အဆင့် ဗီဇပြောင်း ဓားသွားငါးတစ်ကောင်ပါလား။
"တောက်... လခွီးပဲ ဘာလို့ ဒီလိုငါးမျိုးနဲ့ လာတိုးရတာလဲဟ။ ဒါက သမုဒ္ဒရာထဲမှာပဲ နေတဲ့ငါး မဟုတ်ဘူးလား"
ရွှီရှင်းသည် သူ၏ကျောပိုးအိတ်ထဲမှ လှံကို အမြန်ထုတ်ယူလိုက်ပြီး သွေးရောင်ဓားသွားငါး၏ နောက်ထပ်လှုပ်ရှားမှုကို စူးစိုက်ကြည့်နေမိသည်။
နက်ရှိုင်းလှသော ပင်လယ်ပြင်၏ ဘုရင်တစ်ပါးသည် အဘယ်ကြောင့် ဤနေရာတွင် ရုတ်တရက် ပေါ်လာရသနည်းဟု သူ နားမလည်နိုင်အောင် ဖြစ်နေရ၏။
သူသည် ရေတစ်ငုံကို ငုံကြည့်လိုက်ရာ ဤရေပြင်မှာ အမှန်တကယ်ပင် ရေချိုဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
"ဒါ စောက်အဓိပ္ပာယ်မရှိတာပဲကွ။"
ဓားသွားငါးများသည် ရေထဲတွင် တစ်နာရီလျှင် ၁၁၀ ကီလိုမီတာနှုန်းဖြင့် ကူးခတ်နိုင်ကြသည်။
၎င်းတို့သည် ပင်လယ်ပြင်၌ ရေကူးအမြန်ဆုံး သတ္တဝါများ ဖြစ်ကြ၏။
ပြင်းထန်လှသော အရှိန်၊ ကြမ်းတမ်းသည့် သဘာဝနှင့် အားကောင်းသော တိုက်ခိုက်နိုင်စွမ်းတို့ကြောင့် ၎င်းတို့သည် အရာအားလုံးကို စားသောက်ကြပြီး၊ ထက်မြက်လှသော နှုတ်သီးချွန်မှာ ဧရာမငါးကြီးများကိုပင် ရင်ဆိုင်နိုင်သည်။
အရွယ်ရောက်ပြီးသော ဓားသွားငါးများတွင် သဘာဝရန်သူဟူ၍ မရှိသလောက်ဖြစ်ပြီး အစာကွင်းဆက်၏ ထိပ်ဆုံးတွင် ရှိနေကြခြင်း ဖြစ်သည်။
ဤသို့သော သတ္တဝါမျိုးက မိုးရေကြောင့် ဖြစ်ပေါ်လာသည့် ရေချိုပြင်၌ ရုတ်တရက် ပေါ်လာခြင်းက ရွှီရှင်းကို ဇဝေဇဝါ ဖြစ်စေသည်။
ဤဝဲဂယက်အတွင်း၌ ဘာများ ရှိနေသနည်း။
ရေချိုတွင် ရှင်သန်နိုင်သော သွေးရောင်ဓားသွားငါးက အထဲမှ ထွက်ပေါ်လာသည်ဆိုတော့....။
ကံကောင်းထောက်မစွာဖြင့် ထိုငါးကြီးသည် ရေပြင်ပေါ်သို့ ပေါ်လာပြီးနောက် ၎င်း၏ ရှည်လျားလှသော နှုတ်သီးချွန်ဖြင့် ရွှီရှင်းရှိရာဘက်သို့ ချိန်ရွယ်ထားရုံသာ ရှိပြီး၊ ချက်ချင်း တိုက်ခိုက်ခြင်း မပြုသေးပေ။
သူ အံ့အားသင့်နေသဖြင့် သတိမထားမိခဲ့သည်မှာ ထိုငါး၏ နှုတ်သီးချွန်သည် ၎င်း၏ ကိုယ်ထည်ထက်ပင် ရှည်လျားနေပြီး သွေးရောင်အကွင်းများ ပါရှိနေခြင်းပင်။
ကြည့်ရသည်မှာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။
အလယ်အလတ်အဆင့် ဗီဇပြောင်းသားရဲများသည် ၎င်းတို့၏ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုခုကို ပိုမိုသန်မာအောင် အားဖြည့်ထားလေ့ရှိကြ၏။
ဤဓားသွားငါးမှာမူ ၎င်း၏ ရှည်လျားလှသော နှုတ်သီးကို လက်နက်အဖြစ် အဆင့်မြှင့်ထားပုံရပေသည်။
သူ့ကို ချိန်ရွယ်ထားသော ထိုနှုတ်သီးချွန်ကြောင့် ရွှီရှင်းမှာ အချိန်မရွေး ရှောင်တိမ်းရန် အသင့်ပြင်ထားလိုက်သည်။
သို့သော် သွေးရောင်ဓားသွားငါးမှာ တိုက်ခိုက်ခြင်း မရှိသေးဘဲ ရှေ့သို့ အနည်းငယ် ကူးလာလိုက်၊ နောက်ပြန်ဆုတ်လိုက်နှင့် တစ်စုံတစ်ခုကို ကြောက်ရွံ့တုံ့ဆိုင်းနေဟန် တူ၏။
ရွှီရှင်းသည် တစ်စုံတစ်ခုကို သတိရလိုက်သဖြင့် စိတ်အနည်းငယ် လျော့သွားသည်။
ကြည့်ရသည်မှာ သူဝတ်ဆင်ထားသော ဧရာမမြွေကြေးခွံချပ်ဝတ်၏ ရေနေသတ္တဝါများကို ကြောက်ရွံ့စေသော အာနိသင်မှာ ထိရောက်နေပုံရပေသည်။
သို့သော် သူ လျှော့တွက်၍ မရသေးပေ။
ရေထဲ၌ ရှိနေသရွေ့ သာမန်ဓားသွားငါးကိုပင် သူ မယှဉ်နိုင်ရာ၊ ဤဗီဇပြောင်းငါးကြီးကိုဆိုလျှင် ပြောနေစရာပင် မလိုတော့ပေ။
သူ့တွင် ခရမ်းရောင်အဆင့် ချပ်ဝတ်ရှိနေသော်လည်း ၎င်း၏ ခုခံနိုင်စွမ်းကို မစမ်းသပ်ရသေးသလို၊ ဗီဇပြောင်းငါး၏ နှုတ်သီးဒဏ်ကို ခံနိုင်ရည်ရှိမရှိလည်း သူ မသိသေးပါ။
အနည်းဆုံးတော့ အပြာရောင်အဆင့် သံချပ်ကာသည်ပင် အလယ်အလတ်အဆင့် ဗီဇပြောင်းယုန်၏ နားရွက်ဒဏ်ကို မခံနိုင်ခဲ့ပေ။
ရေထဲတွင် ရွှီရှင်း၏ တိုက်စစ်စွမ်းရည်မှာ များစွာ လျော့ကျနေပြီး၊ ရေကြောင့် သူ၏လှံမှာလည်း အစွမ်းကုန် ထုတ်မပြနိုင်ပေ။
"မဖြစ်ဘူး... ဆုတ်မှပဲ"
ရွှီရှင်းသည် ငါးကြီးကို မျက်နှာမူလျက် ဖြည်းဖြည်းချင်း နောက်ပြန်ကူးလိုက်သည်။
သို့သော် ရွှီရှင်း နောက်ဆုတ်လိုက်သည့် ခဏမှာပင် ဝဲဂယက်အနီးရှိ သွေးရောင်ဓားသွားငါးသည် ရုတ်တရက် အဟုန်ပြင်းစွာဖြင့် ရွှီရှင်းထံသို့ ပြေးဝင်လာတော့သည်။
"ငါလခွီး"
ရွှီရှင်းသည် ရေစီးကြောင်းအတိုင်း အမြန်ဆုံးနှုန်းဖြင့် ကူးခတ်လိုက်ပြီး ရေစီး၏အကူအညီဖြင့် မူလနေရာမှ အမြန်ဖယ်လိုက်ရ၏။
ဓားသွားငါးကြီးသည် သူ့ဘေးမှ သီသီလေး ဖြတ်ကျော်သွားခဲ့သည်။
ငါးကြီးသည် မီတာ ဆယ်ဂဏန်းခန့် အရှိန်ဖြင့် သွားပြီးနောက် ကိုယ်ကိုလှည့်ကာ ရွှီရှင်း၏ မီတာနှစ်ဆယ်ခန့်အကွာတွင် ပြန်လည်ရပ်တန့်သွားပြန်သည်။
၎င်း၏ နှုတ်သီးချွန်ဖြင့် သူ့ကို ပြန်ချိန်ထားပြန်၏။
ကြည့်ရသည်မှာ နောက်တစ်ကြိမ် တုံ့ဆိုင်းနေပုံရသည်။
ကြေးခွံချပ်ဝတ်က အာနိသင် ရှိနေဆဲပင် ဖြစ်သည်။
ဖြစ်နိုင်သည်မှာ ရွှီရှင်း၏ နောက်ဆုတ်မှုမှာ အားနည်းချက် ပြလိုက်သကဲ့သို့ ဖြစ်သွားသဖြင့် ဓားသွားငါးက တိုက်ခိုက်လာခြင်း ဖြစ်ပေလိမ့်မည်။
ငါးကြီး ကိုယ်လှည့်နေစဉ်အတွင်း ရွှီရှင်းသည် ဝဲဂယက်ဗဟိုနှင့် ဝေးရာသို့ ရောက်ရှိသွားပြီး ရေအောက်ခြေအထိ ငုပ်လျှိုးလိုက်သည်။
ဤနေရာတွင် ပျိုးပင်ငယ်လေးများက အကာအကွယ် ပေးနိုင်ပေသည်။
အပင်များမှာ လက်မောင်းခန့်သာ တုတ်သော်လည်း ရေအောက်၌ အစီအစဉ်မရှိ ပေါက်ရောက်နေကြသဖြင့်၊ ဓားသွားငါး တိုက်ခိုက်လိုပါက ထိုအပင်များကို တိုက်မိပေလိမ့်မည်။
အပင်များကြားမှ တိုးဝှေ့သွားရမည်ဖြစ်ရာ ငါး၏ အရှိန်နှင့် အားမှာ လျော့နည်းသွားမည်ဖြစ်ပြီး ရွှီရှင်းအတွက် ရှောင်တိမ်းရန် အခွင့်အရေး ရရှိပေလိမ့်မည်။
အမှန်တကယ်တော့ သူ ဝဲဂယက်ဆီ ပြန်သွားလျှင် အကောင်းဆုံးပင်။
သို့သော် အခြေအနေက သူ ဖြစ်ချင်သလို ဖြစ်မလာခဲ့ပေ။
ရွှီရှင်း နောက်ဆုတ်နေသည်ကို မြင်သောအခါ ငါးကြီးမှာ ထပ်မံ၍ တိုက်ခိုက်လာပြန်သည်။
ရွှီရှင်း ခန့်မှန်းထားသည့်အတိုင်းပင်၊ အပင်များကြားမှ ဖြတ်သန်းလာရသဖြင့် ငါး၏အရှိန်မှာ အရင်ကလောက် မမြန်တော့ပေ။
လမ်းကြောင်းလွှဲရန် ခက်ခဲနေသဖြင့် ၎င်း၏ နှုတ်သီးမှာ အပင်စည်အချို့ကိုပင် တိုက်မိသွားသေးသည်။
ငါးကြီးမှာ အရှိန်မလျှော့ဘဲ အပင်အချို့ကို ၎င်း၏ နှုတ်သီးဖြင့် တစ်ခါတည်း နှစ်ပိုင်းပြတ်အောင် ပိုင်းဖြတ်ပစ်လိုက်၏။
ရွှီရှင်းသည် လက်တစ်ဖက်ဖြင့် လှံကိုကိုင်ကာ ကျန်လက်တစ်ဖက်ဖြင့် အပင်ငယ်တစ်ပင်ကို ဆွဲကိုင်ထားလိုက်သည်။
သွေးရောင်ဓားသွားငါး နီးကပ်လာသောအခါ သူသည် အပင်ကို အရှိန်ယူကန်ထုတ်လျက် ငါး၏ တိုက်ခိုက်မှုကို နောက်တစ်ကြိမ် သီသီလေး ရှောင်လိုက်နိုင်သည်။
သူသည် လှံကို တင်းတင်းကိုင်ကာ ၎င်း၏ လှံဦးကို သူ မူလရှိခဲ့သော နေရာ၌ ချန်ထားခဲ့ရာ၊ ငါးကြီး အရှိန်ပြင်းပြင်းနှင့် ဖြတ်သွားချိန်တွင် လှံဦးမှာ ငါး၏ ကိုယ်ထည်ပေါ်၌ ဒဏ်ရာတစ်ခု ထင်ကျန်သွားစေခဲ့သည်။
ဓားသွားငါး၏ သွေးများမှာ ရေထဲတွင် ပျံ့နှံ့သွားပြီး ညှီစို့စို့ သွေးနံ့ကို ရွှီရှင်း ရရှိလိုက်သည်။
သူသည် မျက်မှောင်ကြုတ်လျက် သစ်ပင်အိမ်ရှိရာ အရပ်ဆီသို့ အမြန်ဆုံး ကူးခတ်သွားတော့၏။
ယခင်က သွေးရောင်ယုန်နှင့် သွေးရောင်ကြောင်များကို အမဲလိုက်ခဲ့ဖူးသဖြင့် ဒဏ်ရာရသွားသော အလယ်အလတ်အဆင့် ဗီဇပြောင်းသားရဲများသည် ၎င်းတို့ကို နာကျင်အောင်လုပ်သူကို သေသည်အထိ မလိုက်မချင်း လက်လျှော့မည်မဟုတ်ကြောင်း သူ သိရှိထားသည်။
ထို့ကြောင့် ငါးကြီးကို ဒဏ်ရာရစေခဲ့သည့် ခဏမှာပင် သူသည် အမဲလိုက်ခံရသူ ဖြစ်သွားခဲ့ပြီ ဖြစ်၏။
ရွှီရှင်း၏ အစီအစဉ်မှာ ရိုးရှင်းပါသည်။
ရေအောက်က အပင်ငယ်လေးများကို အကာအကွယ်ယူပြီး ငါးကြီးကို သူ၏ သစ်ပင်အိမ်အနီးအထိ အမြန်ဆုံး ခေါ်ဆောင်သွားရန်ပင် ဖြစ်သည်။
ရေထဲတွင် သူသည် ဤငါးကို မယှဉ်နိုင်သော်လည်း၊ သစ်ပင်အိမ်အနီးရောက်လျှင် လေထဲတွင် တွဲလောင်းကျနေသော အမြစ်များကို အသုံးပြု၍ အိမ်ထဲသို့ အမြန်ဝင်ကာ မြှားသေနတ်ကြီး ဖြင့် တိုက်ခိုက်နိုင်ပေလိမ့်မည်။
သစ်ပင်အိမ်အနီးမှာ သူ၏ နယ်မြေ မဟုတ်ပါလား။
ရွှီရှင်းသည် တောအုပ်ငယ်လေးကြားမှ အမြန်ကူးခတ်သွားရာ၊ ဒဏ်ရာရထားသော ငါးကြီးသည်လည်း သူ၏ ချပ်ဝတ်အာနိသင်ကို မကြောက်တော့ဘဲ သူ့နောက်သို့ တောက်လျှောက် လိုက်ပါတိုက်ခိုက်လာသည်။
ရွှီရှင်းသည် အပင်ငယ်လေးများကို အကာအကွယ်ယူ၍ အကြိမ်ကြိမ် ရှောင်တိမ်းခဲ့ရပြီး၊ ငါးကြီး၏ တိုက်ခိုက်မှုကြောင့် အပင်ငယ်များစွာမှာလည်း ကျိုးပဲ့ပျက်စီးကုန်၏။
ငါးကြီးမှာ သူ့ကိုသာ အာရုံစိုက်နေသဖြင့် သစ်ပင်အိမ်အနီးအထိ ဆွဲခေါ်သွားရန် လွယ်ကူနေသည်။
ရွှီရှင်းမှာ ငါးထက် နှေးသော်လည်း သာမန်လူထက် များစွာ ပိုမြန်သဖြင့်၊ တိုက်ခိုက်မှုများကို ရှောင်တိမ်းရင်း တစ်ကီလိုမီတာခန့် ခရီးကို ငါးမိနစ်အတွင်း ရောက်ရှိသွားပြီး သစ်ပင်အိမ်အောက်ရှိ ရေမျက်နှာပြင်ပေါ်သို့ ထွက်ပေါ်လာခဲ့သည်။
"အီးးး အီးးး အီးးး"
အပေါ် ပြတင်းပေါက်မှ စောင့်ကြည့်နေသော ခဲခဲလေးမှာ ရွှီရှင်းကို မြင်သည်နှင့် နောက်က အန္တရာယ်ကို သတိပေးရန် စိုးရိမ်တကြီး အော်ဟစ်နေတော့သည်။
သူ့နောက်ဘက်တွင် ငါးကြီးမှာ ထပ်မံ၍ အဟုန်ပြင်းစွာ ပြေးဝင်လာပြီ ဖြစ်သည်။
ရေမျက်နှာပြင်ပေါ်တွင် အကာအကွယ် မရှိသဖြင့် ငါးကြီးမှာ ခဏချင်းပင် သူ့နားသို့ ရောက်လာပြီး သူ၏ ခန္ဓာကိုယ်ကို ဖောက်ရန် အဆင်သင့် ဖြစ်နေ၏။
သို့သော် ရွှီရှင်းမှာမူ ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည်။
သူသည် သစ်ပင်အိမ်၏ အမြစ်များကို တိုက်ရိုက်ဆွဲကိုင်လိုက်ရာ အမြစ်များမှာ အပေါ်သို့ ချက်ချင်း ပြန်လည်ကျုံ့ဝင်သွားတော့၏။
သူသည် ရေထဲမှ ဆွဲတင်ခံရသော ငါးတစ်ကောင်ကဲ့သို့ အပေါ်သို့ ပျံတက်သွားသည်။
သို့သော်လည်း ငါးကြီး၏ အရှိန်မှာ ပို၍ မြန်ဆန်နေဆဲပင် ဖြစ်၏။
ရွှီရှင်း ခြေထောက်ကို အမြန်ပင် ကျုံ့လိုက်သော်လည်း ငါး၏ နှုတ်သီးချွန်မှာ သူ၏ ဖိနပ်ကို ထိမှန်သွားခဲ့သည်။
အလယ်အလတ်အဆင့် ဗီဇပြောင်းသားရဲမှာ သာမန်ငါးထက် များစွာ ပိုမြန်နေသည် မဟုတ်ပါလား။
ရွှီရှင်း အပေါ်သို့ ဆွဲတင်ခံရစဉ် ငါးကြီးမှာလည်း ရေထဲမှ အရှိန်ဖြင့် အပေါ်သို့ ခုန်တက်လာရာ၊ ၎င်း၏ နှုတ်သီးချွန်မှာ ရွှီရှင်း၏ ဖိနပ်ကို ထိမှန်ပြီး ကျွိ... ဟူသော နာကျင်ဖွယ် အသံကြီး ထွက်ပေါ်လာသည်။
ငါးကြီးမှာ လေထဲသို့ နှစ်မီတာ၊ သုံးမီတာခန့်အထိ မြင့်တက်သွားပြီးမှ ရေထဲသို့ ပြန်လည် ကျသွားတော့၏။
ရွှီရှင်း ခြေထောက်တွင် နာကျင်မှုကို မခံစားရသဖြင့် သူ ငုံ့ကြည့်လိုက်ရာ စိတ်အနည်းငယ် သက်သာသွားသည်။
ဘာပဲဖြစ်ဖြစ် သူ၏ ချပ်ဝတ်မှာ ခရမ်းရောင်အဆင့် ဖြစ်သည်။
ငါး၏ နှုတ်သီးမှာ အဆင့်မြှင့်ထားသည်ဆိုသော်လည်း အပြာရောင်အဆင့်ထက် မပိုနိုင်သဖြင့် သူ၏ ချပ်ဝတ်ကိုတော့ မဖောက်နိုင်ခဲ့ပေ။
သို့သော်လည်း ငါး၏ ပြင်းထန်သော အရှိန်နှင့် အားကြောင့် သူ၏ အဖိုးတန် ဖိနပ်ပေါ်၌ သိသာထင်ရှားသော အစင်းရာကြီးတစ်ခု ထင်ကျန်သွားသဖြင့် သူ အလွန် စိတ်မကောင်း ဖြစ်သွားရသည်။
ချပ်ဝတ်များကို ပြန်လည်ပြုပြင်၍ ရသည်ဆိုသော်လည်း ခရမ်းရောင်အဆင့်အတွက် ခရမ်းရောင်ကုန်ကြမ်းများ လိုအပ်သည် မဟုတ်ပါလား။
သူ့မှာ ခရမ်းရောင်ကုန်ကြမ်း မရှိတော့ပေ။
တောက်...
ငါ့ရဲ့ ခရမ်းရောင်ချပ်ဝတ်ကို ဒဏ်ရာရအောင် လုပ်ဝံ့တယ်ပေါ့။
ဒီသွေးရောင်ဓားသွားငါးကတော့ အသေသတ်မှ ဖြစ်တော့မယ်။
---
အခန်း ၁၂၃ ပြီး။