← Chapters

စီမံကိန်းနှစ်များ

Vol. 17 Ch. 226

စီမံကိန်းနှစ်များ

Vol. 17 Ch. 226

အခန်း(၂၂၆) :  စီမံကိန်းနှစ်များ

မိုရှင်းယွင်က တစ်ယောက်ယောက် သူမအနား သတိမထားမိစေဘဲ ရောက်လာသည့် အချက်ကြောင့် ထိတ်လန့်သွားလေသည်။ မိစ္ဆာကျင့်ကြံရေး မိသားစုတွင် ပြုစုပျိုးထောင်ခံရသူတစ်ယောက်အနေနှင့် သူမက ငယ်စဉ်ကတည်းက အမြဲတမ်း နိုးနိုးကြားကြားရှိဖို့ သင်ယူခဲ့ရသည်။ မဟုတ်ပါက သူမက ဒီလောက်ကြာကြာ အသက်ရှင်နိုင်မည် မဟုတ်ပေ။

သူမက ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်၏ မျိုးဆက် အဆင့်အတန်းဖြင့်ပင်  မိသားစုက သူမကို ကောင်းကောင်း မဆက်ခံသလို ပိုပိုသာသာ ဆက်ဆံတာမျိုးလည်း မရှိချေ။ အချုပ်အားဖြင့် သူတို့က သူမကို ပို၍ပင် ရက်ရက်စက်စက် လေ့ကျင့်ပေးကြသည်။

မိုရှင်းယွင်က ဘေးပတ်လည်ကို ကြည့်လိုက်ပြီးနောက် တစ်ယောက်ယောက်က သူမနှင့် ဘေးပတ်လည်ကို လွှမ်းခြုံထားသည့် အစီအရင်တစ်ခု ခင်းကျင်ထားကြောင်း သတိပြုမိလိုက်သည်။ သူမက ချောင်းမြောင်းလုပ်ကြံခံရပြီဟု ထင်လိုက်မိသော်လည်း အစီအရင်ကို ခပ်မြန်မြန် ဆန်းစစ်လိုက်ပြီးနောက် ပြိုင်ပွဲကို ကြည့်နေသည့် တခြားသူများ ဒီနေရာကို မမြင်စေရန်သာ ကာကွယ်ထားကြောင်း သိလိုက်ရသည်။

မိုရှင်းယွင်က သတိကို လျော့ချပစ်မည့်သူ မဟုတ်ချေ။

မိုရှင်းယွင်က ဘေးပတ်လည်ကို တစ်ချက်စစ်ဆေးလိုက်ပြီးနောက် သာမန်လူတစ်ယောက် သူမဆီ လျှောက်လာသည်ကို မြင်လိုက်ရသည်။ သူမအနေနှင့် ထိုလူက မျက်နှာပေါ် ဝတ်ရုံခေါင်းစွပ်ဖြင့် ဖုံးထားသော်လည်း အမျိုးသားတစ်ယောက် ဖြစ်ကြောင်း ပြောနိုင်လေသည်။ ထိုလူနှင့် ပတ်သက်ပြီး တစ်ခုခုမှားယွင်းနေသည်ဟု ခံစားနေရသော်လည်း ဘယ်အရာမှန်း မပြောနိုင်ပေ။

“ရှင်က ဘယ်သူလဲ။ ရှင် ဘာလိုချင်တာလဲ” မိုရှင်းယွင်က တည်ငြိမ်စွာ မေးလိုက်သည်။ သို့သော်လည်း သူမက အချိန်မရွေး တိုက်ခိုက်နိုင်ဖို့ မူလမန္တန်ကို တိတ်တဆိတ် ပြင်ဆင်ထားသည်။

“ မင်း ဘာမှလှည့်စားနေစရာ မလိုဘူး။ ငါ အားလုံးကို ဖောက်မြင်နေရတယ်။ ဒီလူက မင်းနဲ့ ဆက်သွယ်ဖို့ သုံးတဲ့ အသားအိတ်အပြင် မပိုဘူး။ အဲဒါကြောင့် မင်း ဖျက်ဆီးပစ်လိုက်ရင်လည်း ကိစ္စမရှိဘူး”

သူမ၏ လှည့်ကွက်က ထိုးဖောက်မြင်နေရေသော်လည်း မိုရှင်းယွင်က တုန်လှုပ်သွားခြင်း မရှိသလို အမူအရာလည်း ပြောင်းသွာခြင်း မရှိပေ။

“ အရှင်က ဒီလိုစွမ်းရည်တွေ ရှိထားပြီး ကျွန်မကို မတိုက်မှတော့ ကျွန်မဆီကနေ တစ်ခုခုလိုချင်နေတဲ့ အဓိပ္ပါယ်ပဲ။ အဲဒါကြောင့် အချိန်ဖြုန်းမနေဘဲ တည့်တိုးသာ ပြောလိုက်ပါ ”

“ ဉာဏ်ကောင်းတဲ့သူတွေနဲ့ ပြောရတာ ကောင်းလိုက်တာ။ မင်းဆီကနေ တစ်ခုခု လိုချင်နေတာ မှန်တယ်။ အတိအကျပြောရရင် မင်းနဲ့ အပေးအယူ လုပ်ချင်တယ်”

“အပေးအယူလား … အသေးစိတ်ပြောပါဦး”

“မင်းရဲ့ သွေးအဆီအနှစ်ကို အသုံးပြုပြီး ငါ့အတွက် ဝါးမျိုခြင်း အဆောင်တစ်ရွက် ဖန်တီးပေးစေချင်တယ်” အရိပ်က ပြောလိုက်သည်။

မိုရှင်းယွင်က ထိုအရာကို ကြားပြီး မျက်မှောင်ကြုတ်လိုက်သည်။ ကောင်းကင်ဝါးမျိုခြင်း ရုပ်ခန္ဓာပိုင်ရှင်အနေနှင့် သူမက အဆောင်တစ်ရွက် လုပ်ပေးနိုင်သော်လည်း သူမ၏ သွေးအဆီအနှစ်ကို အသုံးပြုဖို့ရာကျ …

“ အရှင် … တမူထူးရုပ်ခန္ဓာတွေရဲ့ သွေးအဆီအနှစ်က ဘယ်လောက်တောင် ထူးခြားလဲ သိမှာပါ။ အဲဒါကို အလွယ်တကူ ပေးဖို့ မဖြစ်နိုင်ဘူး။ ပြီးတော့ ဆိုးဆိုးရွားရွား ကျိန်စာတွေက သက်ရောက်မှုရှိစေဖို့ သွေးအဆီအနှစ် လိုအပ်တတ်ကြတယ်လေ။ ရှင်က ကျွန်မကို ဘယ်လိုများ ဖျောင်းဖျမလဲ သိချင်မိသား”

အရိပ်က တိတ်ဆိတ်သွားလေသည်။ မိုရှင်းယွင်က သူ့မျက်နှာထားကို မမြင်ရသော်လည်း လှောင်ပြုံး ပြုံးလိုက်သည်ဟု ခံစားချက်ရလိုက်သည်။

“ အဲဒီအဆောင်အတွက် အပေးအယူက ဇူဇကာ ဝါးမျိုခြင်းကျမ်း ရှိတဲ့ တည်နေရာအကြောင်းပဲ ”

“အရှင် ကျွန်မကို အရူးလို့ ထင်နေတာလား” မိုရှင်းယွင်က တည်တည်ငြိမ်ငြိမ် ဖြေလိုက်သည် “ ကျွန်မရဲ့ ဘိုးဘေး ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က ဧကရာဇ်ကျမ်းကို မထားခဲ့ဘူးဆိုတာ လူတိုင်းသိတယ်။ ရှင်က အဲဒီတည်နေရာကို ဘယ်လိုများသိနေတာတုန်း” မိုရှင်းယွင်က နှလုံးခုန်မြန်နေသော်လည်း ခပ်တည်တည်သာ ပြောလိုက်သည်။

“ မင်း ပြောတာ တစိတ်တပိုင်းတော့ မှန်ပါတယ်” အရိပ်က ခပ်မာမာ ပြောလိုက်သည်။

“ ဇူဇကာဝါးမျိုခြင်း ကျမ်းရဲ့ ဇစ်မြစ်ကို သိလား ”

“ဘိုးဘေးက ဖန်တီးခဲ့တာ မဟုတ်ဘူးလား”

“မဟုတ်ဘူး။ တကယ့်ကျမ်းကို မိစ္ဆာနတ်ဘုရားက မိစ္ဆာခေတ်တုန်းက ဖန်တီးခဲ့ပြီးတော့ အသင်္ချေအင်ပါယာကမ္ဘာမှာ သူ့အမွေအနှစ်ကို ထားခဲ့တာ။ မင်းရဲ့ ဘိုးဘေးက ကံကောင်းသွားပြီးတော့ အဲဒီကျမ်းရဲ့ ပုံပွားကို ရလာခဲ့တာ။ သူက တစ်ခြမ်းပဲ ရလာခဲ့တယ်။ နောက်ပိုင်း မင်းရဲ့ ဘိုးဘေးက အဆောင်ဘိုးဘေး ဖန်တီးထားတဲ့ ဘိုးဘေး အဆောင် ၁၂စာရွက်ထဲက တစ်ရွက်ရသွားပြီးတော့ သူ့နားလည်နိုင်စွမ်းနဲ့ နောက်တစ်ဝက်ကို အပြီးသတ်ခဲ့ပြီး  ကောင်းကင်ဝါးမျိုခြင်း ရုပ်ခန္ဓာကို ဖန်တီးခဲ့တာပဲ …

ကောင်းကင်ဝါးမျိုခြင်း ရုပ်ခန္ဓာကို ကောင်းကင်တာအိုက အသိအမှတ်မပြုပေမဲ့ အားကောင်းပြီးတော့ ထိပ်တန်း ကောင်းကင်ရုပ်ခန္ဓာသုံးခုနဲ့ ယှဉ်နိုင်တယ်။ သူ ဖန်တီးလိုက်တဲ့ ဇူဇကာဝါးမျိုခြင်း ကျမ်းက နဂိုထက်တောင် ပိုအားကောင်းသွားတယ် ”

မိုရှင်းယွင်က သူမ အတွေးများကို မြန်မြန် စဉ်းစားလိုက်ရင်း မျက်မှောင်ကြုတ်လိုက်သည်။ သူမက ဘိုးဘေးသည် ရှေးဟောင်းဧကရာဇ်ခတ်ကာလတုန်းက အဆောင်ဘိုးဘေး တာအိုကို သက်သေပြပြီးနောက် အသင်္ချေအင်ပါယာကမ္ဘာထဲ ထားရှိခဲ့သည့် ဘိုးဘေးအဆောင် ၁၂ ခုထဲမှ ဝါးမျိုခြင်း အဆောင်ကို ငယ်စဉ်တုန်းက ရရှိဖူးကြောင်း ကောလဟာလများ ကြားခဲ့ဖူးလေသည်။

သို့သော်လည်း သက်သေပြစရာ မရှိပေ။ ထို့အပြင် ထိုအကြောင်းကို အမှန်တကယ်သိခဲ့ကြသူများလည်း အသတ်ခံလိုက်ရလောက်ပြီ ဖြစ်၏။

မိုရှင်းယွင်က အတွေးများမှ ပြန်အသိဝင်လာကာ  “ အဲဆို ရှင် အပေးအယူ လုပ်ချင်တာက ဘိုးဘေး ဖန်တီးထားတဲ့ ကျမ်း မဟုတ်ဘူးပေါ့”

“အဲတော့ ဘာဖြစ်လဲ” အရိပ်က ပြောလိုက်သည် “ မင်း အခြေအနေကို မင်း သိသင့်တယ်။ မင်းရဲ့ ရုပ်ခန္ဓာက အားကောင်းပေမဲ့ မင်းက သင့်တော်တဲ့ ကျမ်းမရှိရင် ကောင်းကောင်း အသုံးချတတ်မှာ မဟုတ်ဘူး။ မင်းရဲ့ အစီအစဉ်က တခြားကောင်းကင်ရုပ်ခန္ဓာတွေကို ဝါးမျိုပြီး တာအိုကျောက်ပြား သုံးထောင်ကနေ မင်းနဲ့ သင့်တော်တဲ့ ကျမ်းကို ဖန်တီးပြီး ကွာဟချက်ကို ချုံ့ဖို့ဆိုတာ ငါ သိတယ်။

ကံမကောင်းတာက မင်းက မင်းရဲ့ ဘိုးဘေးလောက် ပါရမီမရှိဘူး။ အဲဒီကျောက်ပြားတွေနဲ့တောင် မင်း ဖန်တီးမဲ့ ကျမ်းက ယှဉ်နိုင်ပါ့မလားဆိုတာ အာမမခံနိုင်ဘူး။

မင်း ဝါးမျိုလိုက်တဲ့ ရုပ်ခန္ဓာတွေကို သင့်တော်တဲ့ နည်းလမ်း မရှိဘဲ မင်းအတွက် သူတို့စွမ်းအားတွေကို အစာခြေဖို့သာ အချိန်ကြာသွားပြီး နောက်ပိုင်း ပြစ်ချက်တွေ ရှိလာလိမ့်မယ်။ သာမန်ကောင်းကင်ရွေးချယ်ခံရှေ့မှာ မင်းရဲ့ စွမ်းရည်က လုံလောက်တာထက် ပိုတယ်။

ဒါပေမဲ့ ဝမ်ဝေ့တို့၊ တိထျန်းတို့လို လူမျိုးရှေ့မှာ သူတို့က မင်းရဲ့ ပြစ်ချက်နည်းနည်းလောက် တွေ့တာနဲ့ ချက်ချင်း အခွင့်ကောင်းယူသွားကြမဲ့သူတွေ … အထူးသဖြင့် မင်းရဲ့ ရုပ်ခန္ဓာက ဘယ်လောက်ကြောက်စရာကောင်းလဲ သိထားပြီးတဲ့နောက်မှာပေါ့ ”

ထိုအရာကို ကြားပြီး မိုရှင်းယွင်က တည်တည်ငြိမ်ငြိမ် ထိန်းဖို့ အကောင်းဆုံး ကြိုးစားလိုက်သော်လည်း ခက်ခဲနေသေးသည်။ ထို့ကြောင့် သူမက စိတ်လှုပ်ရှားမှုမှ ဒေါသအဖြစ် ပြောင်းလဲသွားစေဖို့ လျှာဖျားကို ကိုက်ချလိုက်သည်။

သူမက ထိုအရိပ် ပြောသည်က အမှန်ဖြစ်ကြောင်း သိလေသည်။ သူမက ဘိုးဘေးလိုမျိုး ရုပ်ခန္ဓာ ရှိထားသော်လည်း သူမ၏ ပါရမီက နိမ့်ကျနေသည်။ သူမက ဂုဏ်ကျက်သရေ ထွန်းလင်းပြောင်မြောက်ဖွယ် အချိန်ကာလတွင် မွေးဖွားလာခဲ့သည့် အရေးသာချက် တစ်ခုသာ ရှိသည်။ ထိုအရာက သူမအား ကောင်းကင်ရုပ်ခန္ဓာများစွာကို ရရှိစေနိုင်သည်။

သို့သော်လည်း ဒီအချိန်ကာလတွင် ပေါ်ထွက်လာကြသော ပါရမီရှင်များက တကယ်ကို နတ်ဆိုးဆန်လှသည်။ အင်အားနှင့် ပါရမီတို့က ကြောက်ခမန်းလိလိ ဖြစ်ကြ၏။

မိုရှင်းယွင်က စိတ်ငြိမ်အောင် ထားလိုက်ပြီးနောက် ပြောလိုက်သည် “ ရှင့်အပေးအယူကို လက်ခံတယ်။ ဒါပေမဲ့ ရှင် ကျွန်မအတွက် တခြားကောင်းကင်ရုပ်ခန္ဓာတချို့ကို ဖမ်းပေးရမယ် … အထူးသဖြင့် ထိပ်တန်းငါးယောက်ထဲကလူတွေ ”

“မရဘူး” အရိပ်က ပြန်ဖြေလိုက်သည် “ မင်း ငါ့အပေးအယူကို လက်ခံရင် လက်ခံ မဟုတ်ရင် ကိုယ့်လမ်းကို သွားကြမယ်”

မိုရှင်းယွင်က ထိုအရာကို ကြားပြီး မျက်မှောင်ကြုတ်လိုက်သည်။ ထိုအပေးအယူက ထိုလူအတွက် အရေးပါလား၊ မပါလား မပြောနိုင် ဖြစ်နေသည်။

“ အဖြေကို မပေးခင် နောက်ဆုံးမေးစရာတစ်ခု ရှိတယ်။ တကယ်လို့ ရှင်က ဇူဇကာ ဝါးမျိုခြင်းကျမ်း နေရာကို သိထားရင် ဘာလို့ ကိုယ့်ဘာသာအတွက် သွားမယူရတာလဲ။ ရှင်က ဝါးမျိုခြင်း အဆောင် လိုချင်နေမှတော့ ရှင်လည်း တစ်ခုခုကို ဝါးမျိုပစ်ဖို့ စွမ်းအားလိုနေမှန်း အသိသာကြီးပဲ။ အဲဒါကြောင့် ကျမ်းကို ကိုယ့်ဘာသာယူပြီး ဘာလို့ ရည်ရွယ်ချက်ကို အကောင်အထည်မဖော်လိုက်တာလဲ”

အရိပ်က စက္ကန့်ပိုင်းလောက် ရပ်တန့်သွားကာ  “ တုံးအအ မေးခွန်းတွေ မမေးနဲ့။ တကယ်လို့ ငါသာလုပ်နိုင်ရင် မင်းနဲ့ ညှိနှိုင်းနေမယ် ထင်လား”

မိုရှင်းယွင်က တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ အကြောင်းမှာ သူမက ထိုညှိနှိုင်းချက်ကနေ အရေးသာမှုတချို့ကို တွေ့ရှိသွားလေပြီ။ ထိုအဖြေမှ သူမက ထိုလူသည် သူကိုယ်တိုင် လုပ်ဆောင်ဖို့ရာ အတားအဆီး တွေ့နေကြောင်း သိလိုက်၏။ ထို့ကြောင့် သူမကို လုပ်ခိုင်းခြင်း ဖြစ်၏။

သူမက ထိုအချက်ကြောင့် သတိလက်လွတ်မဖြစ်သွားပေ။

“အဲဆိုတော့ ကျွန်မတို့ အပေးအယူ သေချာအောင် ဘယ်လိုလုပ်ကြမှာလဲ။ တာအိုနှလုံးသား ကျမ်းကျိန်ဆိုမှာလား”

အရိပ်က ထိုအရာကို ကြားပြီး တိတ်တဆိတ် နှာခေါင်းရှုံ့လိုက်သည်။ မိစ္ဆာကျင့်ကြံသူများက တာအိုနှလုံးသားအပေါ် ဂရုမစိုက်ကြောင်းသိထား၍ သူက ထိုသို့ လှည့်ကွက်လေးထဲ ကျမည် မဟုတ်ပေ။ သူက သူ့ဘာသာလုပ်ထားသည့် စာချုပ်ကို ထုတ်ကာ မိုရှင်းယွင်ဆီ ပေးလိုက်သည်။

သူမက လှည့်ကွက်လေး ကျရှုံးသွား၍ စိတ်မပျက်သွားပေ။ သူမက အစကတည်းက များများစားစား မမျှော်လင့်ထားမိပေ။ အထဲတွင် လျို့ဝှက်အခြေအနေ၊ တောင်းဆိုချက်များ မရှိတာ သေချာအောင် စစ်ဆေးလိုက်ပြီးနောက် လက်မှတ်ထိုးလိုက်သည်။

အကယ်၍ တခြားအချိန်မှာသာ ဖြစ်ပါက မိုရှင်းယွင်က ကြုံရာကျပန်း လူတစ်ယောက်နှင့် စာချုပ်ချုပ်ဆိုမည် မဟုတ်ပေ။ သူမက သူမဘာသာ အားကိုးလိမ့်မည်။ သို့သော် ယခု သူမတွင် ရွေးစရာ မရှိပေ။

ကောင်းကင်ဝါးမျိုခြင်း ရုပ်ခန္ဓာ၏ အမွေဆက်ခံသူအနေနှင့် သူမဘဝကြီးက ဘိုးဘေး၏ အပြုအမူများကြောင့် အန္တရာယ်တွင်းထဲ ကျရောက်နေလေသည်။ ထို့ကြောင့် သူမအနေနှင့် တတ်နိုင်သမျှ အင်အားကြီးမားလာဖို့ လိုအပ်၏။

နှစ်ယောက်လုံးက စာချုပ်ပေါ် နာမည်များ ရေးထိုးလိုက်ပြီးနောက် ထူးထူးဆန်းဆန်း မည်သူကမှ လှည့်ဖျားဖို့ မကြိုးစားကြပေ။

မိုရှင်းယွင်က သူမ သွေးအဆီအနှစ်ဖြင့် ဝါးမျိုခြင်း အဆောင်ကို လုပ်ပေးလိုက်စဉ် အရိပ်ကလည်း ဇူဇကာ ဝါးမျိုခြင်းကျမ်း ဒုတိယအပိုင်း တည်ရှိနေသည့် လျို့ဝှက်နယ်မြေအကြောင်း အသေးစိတ်အချက်အလက်ကို ပေးလိုက်သည်။ သူက အထဲတွင် သူမ ကြုံတွေ့ရမည့် စစ်ဆေးမှုတချို့ကိုပင် ပြောပြလိုက်သေးသည်။

အပေးအယူ ပြီးမြောက်သွားသည်နှင့် အရိပ်က ချက်ချင်းဆိုသလို နေရာပြောင်းရွေ့သွားကာ အစီအရင်လည်း ပျောက်ကွယ်သွားသည်။ တစ်ကမ္ဘာလုံးက မိုရှင်းယွင်ကို ပြန်မြင်လိုက်ရသည်။ သို့သော်လည်း သူမက ယခင်ထက် ဖျော့တော့နေဟန်ပေါ်၏။

အရိပ်အတွက်မူ သီးသန့်နေရာအတွင်း ပေါ်ထွက်လာသည်။ ထိုနေရာက ပျိုးထောင်ခံ ယှဉ်ပြိုင်သူများ နေထိုင်ရာ ဖြစ်ပေသည်။

သိပ်မကြာခင် ခေါင်းစွပ်အောက်မှ လူက အမှုန့်အဖြစ် ပြောင်းကာ အငွေ့ပျံသွားသည်။ သူ့အစား လေထဲ လွှင့်မျှောနေသည့် ပုံရိပ်တစ်ခု ဝင်ရောက်လာသည်။

ထိုပုံရိပ်က သီးခြားတည်နေရာတစ်ခုထဲ တိတ်တဆိတ် ဝင်ရောက်လာသည်။

အထဲတွင် အဖြူနှင့် အနက်ရောက်စပ်ထားသည့် တာအိုဝတ်ရုံ ဝတ်ဆင်ထားသည့် လူငယ်လေး ရှိနေသည်။ ထိုတာအိုသူတော်စင်လေးက ထိုက်ယီနက်နဲမုခ်မှ ဖုန်းဟွမ် ဖြစ်၏။

ထိုပုံရိပ် အခန်းထဲ ဝင်လာသည်နှင့် ဖုန်းဟွမ်က တရားထိုင်နေရာမှ မျက်လုံးဖွင့်ကာ ပြောလိုက်သည် “ဆရာ ဘယ်တွေရောက်နေတာလဲ ”

All Chapters