အမတနယ်မြေ ကောင်းကင်လမ်းစဉ်၏ လက်အောက်ခံများ၊ တုံထျန်းအဝေးဘိုးဘေး၏ ကြံစည်မှု
Vol. 59 Ch. 770
ထိုစကားသံအဆုံးတွင် ၊
ပီယွီ့ကောင်းကင်အရှင်၏ ကိုယ်ကျင့်တရားကို အပြစ်တင်ရန် ကြိုးစားနေသော အမတဘုရင် နှစ်ဦးမှာ ကြောင်အမ်းသွားကြသည်။
ထို့နောက် မကြာမီမှာပင် နှစ်ယောက်လုံး သတိပြန်ကပ်လာကြပြီး ၊ ထျန်းချန်လမ်းစဉ်ဂိုဏ်း မှ အမတဘုရင်က နှာခေါင်းရှုံ့ကာ ပြောလေသည်။
"ဟားး.... ပီယွီ့ကောင်းကင်အရှင်လို အကြီးတန်းတစ်ယောက်က စကားကို ပြောင်းပြန်ပြောနေတာပဲ"
"ကျုပ်တို့ကို တိုက်ခိုက်ဖို့ အကြောင်းပြချက်မရှာနိုင်တာနဲ့ပဲ ၊ တွေ့ရာအကြောင်းပြချက်နဲ့ လူကို အပြစ်တင်နေတာ ဒါ သိပ်ရယ်စရာကောင်းတာပဲ!"
"မှန်တယ်! ပီယွီ့ကောင်းကင်အရှင် က တိတ်တိတ်နေစေချင်တယ်ဆိုရင်လည်း တန်းပြီး သတ်လိုက်ပါတော့လား ၊ ဘာလို့ ကျူပ်တို့ကို ဒီလိုစော်ကားနေရတာလဲ?!"
ဖုန်းယွင်လှံခန်းမ မှ အမတဘုရင်ကလည်း ဖြောင့်မတ်သော အမူအရာဖြင့် ဆိုလေသည်။
"ကိုယ့်သာ ဖြောင့်မတ်ရင် ဘာမှကြောက်စရာ မရှိဘူး ၊ ကျုပ်တို့ကို အမတနယ်မြေရဲ့ သစ္စာဖောက်တွေလို့ ပြောတာ လူကြီးမင်းမှာ သက်သေရှိလား?!"
ဤလူနှစ်ဦး၏ စကားများသည် ဖြောင့်မတ်သော စိတ်ဓာတ်များဖြင့် ပြည့်နှက်နေသည်ဟု ထင်ရသော်လည်း ၊အမှန်အားဖြင့် ၎င်းတို့၏ စိတ်ထဲတွင် လှိုင်းလုံးကြီးများ ဖြစ်ပေါ်နေပြီ ဖြစ်သည်။
အမတဘုရင် အဆင့်ရှိ စွမ်းအားရှင်များအနေဖြင့်၊ သူတို့၏ အဆင့်အတန်းသည် ၎င်းတို့၏ သက်ဆိုင်ရာဂိုဏ်းများတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည်ဟု ဆိုနိုင်သည်။
ထို့ကြောင့် သူတို့သည် ဂိုဏ်းနှင့် ပတ်သတ်သော ကိစ္စအချို့ကို သဘာဝကျကျပင် သိရှိထားသည်။
သူတို့၏ အင်အားစုနှစ်ဖွဲ့သည် အမတနယ်မြေရှိ သာလွန်အင်အားစု ၁၈ ဖွဲ့ ထဲတွင် ပါဝင်လာနိုင်ခြင်းမှာ အမတနယ်မြေ ကောင်းကင်လမ်းစဉ် ၏ လျှို့ဝှက်ထောက်ပံ့မှုကြောင့် ဖြစ်သည်ဟု ဆိုနိုင်သည်။
ယခင်က ၊ အမတနယ်မြေ၏ ကောင်းကင်လမ်းစဉ်သည် ဖုန်းယွင်လှံခန်းမ နှင့် ထျန်းချန်လမ်းစဉ်ဂိုဏ်း ၏ ဂိုဏ်းချုပ်များကို ဤသို့ ညွှန်ကြားချက်တစ်ခု ထုတ်ပြန်ခဲ့သည် ----
" ဘယ်လိုတန်ကြေးဘဲ ပေးဆပ်ရ ပေးဆပ်ရ ၊ နတ်ဘုရားလက်နက် အမတမျှော်စင်အတွင်း အားရှင်း လို့ခေါ်တဲ့ သံမဏိစက်ရုပ်ကို ရှာဖွေပြီး အားရှင်း နဲ့ ထိတွေ့သူတိုင်းကို အကုန်သတ်!"
ဤအမိန့်ကို ဂိုဏ်းနှစ်ခုမှ တပည့်များသာမက ကာကွယ်စောင့်ရှောက်သူများ ဖြစ်သော သူတို့နှစ်ဦးသည်လည်း သဘာဝကျကျပင် လက်ခံရရှိခဲ့သည်။
အင်အားစုနှစ်ဖွဲ့ သည် စူးချန်ကဲ အပြင် ကွေးယွမ်အမတဂိုဏ်း တို့နှင့် ရန်ပွဲဖြစ်ပွားခဲ့ခြင်းမှာ အတိတ်က မကျေနပ်ချက်များကြောင့် ဖြစ်ပေါ်လာသော ပဋိပက္ခဟု ထင်ရသော်လည်း၊ အမှန်တွင် သူတို့သည် ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
သူတို့သည် ကွေးယွမ်အမတဂိုဏ်း နှင့် ထျန်းယွမ်နတ်ဘုရားမင်းဆက် တို့ကြားက ပဋိပက္ခကို အခွင့်ကောင်းယူကာ ၊ ရေနောက်တုန်း ငါးဖမ်းမည်ဆိုသည့်အတိုင်း စူးချန်ကဲ အား တိုက်ရိုက် သတ်ဖြတ်ရန် ရည်ရွယ်ထားသည်။
ထို့အပြင် သူတို့နှစ်ဦးသည် နောက်ကွယ်ရာတွင် အဆင်သင့် ပြင်ဆင်ထားပြီး၊ အခွင့်အရေး တစ်စုံတစ်ရာ တွေ့ရှိသည်နှင့် တုံ့ဆိုင်းခြင်းမရှိ စူးချန်ကဲအား သတ်ဖြတ်ပစ်ပေမည်။
သို့သော် မျှော်လင့်မထားသော ဖြစ်ရပ်ဆိုးကြီးတစ်ခု ပေါ်ပေါက်လာခဲ့သည်။ ဤသည်မှာ ပီယွီ့ကောင်းကင်အရှင်သည် စူးချန်ကဲ၏ ကာကွယ်စောင့်ရှောက်သူ ဖြစ်နေခဲ့သည်။
သူမသည် ချန်းယွင် အမတဘုရင် ကို တိုက်ရိုက် သတ်ဖြတ်ခဲ့ရုံသာမက၊ ကြီးကျယ်ခမ်းနားသော သူမ၏ နတ်ဘုရားစွမ်းအားဖြင့် သူတို့ကို ချုပ်နှောင်ထားခဲ့သည်။ ဒါတင်မက ၊ သူတို့အင်အားစု နှစ်ဖွဲ့သည် အမတနယ်မြေ၏ သစ္စာဖောက်များဖြစ်ကြောင်း ထောက်ပြလိုက်သေးသည်။
အမတဘုရင် နှစ်ဦးစလုံး မည်သို့ မထိတ်လန့်ဘဲ နေနိုင်မည်နည်း။
ထိုအတွေးများသည် အမတဘုရင် နှစ်ဦး၏ စိတ်ထဲတွင် ချက်ချင်းပင် ပြေးဖြတ်သွားပြီး ၊ ထိုအခိုက်အတန့်တွင်ပင် ၊ ပီယွီ့ကောင်းကင်အရှင် သည် သူတို့နှစ်ဦး၏ ရှေ့သို့ ရောက်ရှိလာခဲ့သည်။
အမတဘုရင်အဆင့်ရှိသော စွမ်းအားရှင်များ ဖြစ်သော်လည်း ၊ ပီယွီ့ကောင်းကင်အရှင်၏ ခန္ဓာကိုယ်မှ ဖြာထွက်လာသော ရောင်ဝါသည် သူတို့နှစ်ဦးကို အသက်ရှူမဝ ဖြစ်စေသည်။
"ဟားး ဟန်ဆောင်ကြ ၊ ငါ့ရှေ့မှာ ဆက်ပြီး ဟန်ဆောင်နေကြ !"
ပီယွီ့ကောင်းကင်အရှင်၏ နှုတ်ခမ်းများသည် အပြုံးတစ်ခုအဖြစ် ကွေးညွှတ်သွားသည်။
"မင်းတို့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ကောင်းကင်လမ်းစဉ်ရဲ့ အငွေ့အသက်တွေ ရှိနေတယ် ၊ ခပ်ဖျော့ဖျော့ ဆိုပေမဲ့ အထူး မှော်သင်္ကေတ တားမြစ်ချက်တွေနဲ့ ပေါင်းစပ်ထားတော့ အမတဧကရာဇ် စွမ်းအားရှင်တွေတောင် သိဖို့ ခဲယဉ်းတယ် "
ပီယွီ့ကောင်းကင်အရှင် ၏ နောက်ထပ်စကားများသည် အမတဘုရင် နှစ်ဦးစလုံးကို ရေခဲသမုဒ္ဒရာထဲသို့ ကျရောက်စေသည့်အလား လုံးဝ အေးခဲသွားစေခဲ့သည်။
" ပြီးတော့ ၊ ငါကောင်းကင်အရှင် က ခုနလေးတင် ကောင်းကင်လမ်းစဉ် က ကောင်တွေကို အကွက်နည်းနည်းနဲ့ စမ်းသပ်တိုက်ခိုက်ခဲ့သေးတယ်"
"မင်းတို့ခန္ဓာကိုယ်ပေါ်က အငွေ့အသက်ကို ငါကောင်းကင်အရှင် အလွန်ရင်းနှီးတယ်၊ မင်းတို့က အခြားအမတဧကရာဇ်မင်းတွေကို လှည့်စားနိုင်ပေမယ့်၊ ငါ့ကောင်းကင်အရှင်ကိုတော့ လှည့်စားလို့မရဘူး"
ဤစကားများ ထွက်လာသည်နှင့် ၊
အမတဘုရင် နှစ်ဦး၏ မျက်နှာအမူအရာများသည် ရုတ်တရက် ဖြူဖျော့သွားသည်။
တဖက်လူ၏ ယုံကြည်ချက်ရှိသော ပုံစံအရ ၊ သူမသည် သူတို့၏ သက်သေကို ဖမ်းမိထားခြင်း ဖြစ်နိုင်သလို သို့မဟုတ် လျှို့ဝှက်ချက်တစ်ခုခုကို သိရှိထားပုံရသည်။
အမတဘုရင်နှစ်ဦးသည် အလွန်လျင်မြန်စွာ တုံ့ပြန်ခဲ့ပြီး ၊ မျက်စိတမှိတ်အတွင်းမှာပင် ဆုံးဖြတ်ချက်ချပြီး ဖြစ်သည်။
ရန်သူနှင့် အင်အားချင်း ထိပ်တိုက်ရင်ဆိုင်ခြင်းသည် ကျောက်တုံးကို ဥဖြင့် ပစ်ပေါက်ခြင်းနှင့် မကွာခြားပေ။
သူတို့၏ နောက်ကွယ်က ဂိုဏ်းကို ဆိုးရွားသော အကျပ်အတည်းထဲသို့ မကျရောက်စေရန်၊ မိမိကိုယ်ကို အဆုံးစီရင်ခြင်းက တစ်ခုတည်းသော နည်းလမ်း ဖြစ်ပေသည်။
အမတဘုရင် နှစ်ဦးသည် မိမိတို့၏ ခန္ဓာကိုယ်ထဲက အမတရင်းမြစ်ကို ဖျက်ဆီးရန် ချက်ချင်းပင် ပြင်ဆင်လိုက်သည်။
သို့သော် သူတို့နှစ်ဦး၏ စိတ်ထဲတွင် ထိုသို့ ဆုံးဖြတ်လိုက်သည့် အခိုက်အတန့်မှာပင် ၊ ပီယွီ့ကောင်းကင်အရှင် သည် လှုပ်ရှားလိုက်ပြီးဖြစ်သည်။
"ဟားး ငါ့ရှေ့မှာ၊ မင်းတို့နှစ်ယောက် ကိုယ့်ကိုယ်ကို သတ်သေဖို့ အခွင့်အရေးရှိမယ်လို့ ထင်နေလား"
ချပ်~
လက်ဖျစ်တစ်ချက် တီးခတ်သံသည် မိုးမြေတစ်ခွင်လုံးတွင် ပဲ့တင်ထပ်သွားသည်နှင့်အမျှ ၊
ဝီ !!
မူလက ငြိမ်သက်နေခဲ့သော မြစိမ်းရောင် အလင်းပင်လယ်သည် တစ်ဖန် သက်ဝင်လှုပ်ရှားလာခဲ့သည်။ ဤမျှ လျှို့ဝှက်ဆန်းကြယ်သော အင်အား၏ လွှမ်းမိုးမှုအောက်တွင်၊ ဤကမ္ဘာကြီးတစ်ခုလုံးသည် စိမ်းလန်းစိုပြေသော အစိမ်းရောင်များဖြင့် ဖုံးလွှမ်းသွားခဲ့သည်။
အမတဘုရင် နှစ်ဦး၏ လျင်မြန်စွာ မြင့်တက်လာသော ရောင်ဝါများသည် အဆိုပါ ထူးဆန်းသောစွမ်းအား၏ သက်ရောက်မှုကို ခံလိုက်ရပြီး ချက်ချင်းပင် ပျောက်ကွယ်သွားပုံရသည်။
ယခင်က အင်အားကြီမားသော အမတဘုရင် များသည် ယခုအချိန်တွင် သာမန်လူသားများနှင့် မခြားနားတော့ဘဲ အမတစွမ်းအင်များသည် လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
"ဒါ ဘယ်လိုဖြစ်တာလဲ!?"
နှစ်ဦးသား အံ့အားသင့်စွာဖြင့် ဟစ်အော်ရန်ပင် အချိန်မရလိုက်ချေ။
ဟူး ——
နောက်အခိုက်အတန့်တွင် ၊ လျှို့ဝှက်ဆန်းကြယ်သော တာအိုစည်းချက်များဖြင့် ပြည့်နှက်နေသော မိုးမခ၏ နွယ်ပင်များသည် ဟင်းလင်းပြင်ထဲမှ ပျံ့နှံ့ထွက်ပေါ်လာခဲ့သည်။
အမတဘုရင်နှစ်ဦးသည် တုံ့ပြန်ရန်ပင် အချိန်မရလိုက်ချေ။ မိုးမခ၏ နွယ်ပင်များသည် လောင်ကျွမ်းနေသော တောမီးများသဖွယ် ချက်ချင်းပင် အမတဘုရင် နှစ်ဦး၏ ခန္ဓာကိုယ်များကို ရစ်ပတ်ဖုံးလွှမ်းပစ်ခဲ့သည်။
ခဏလေးအတွင်းမှာပင် ၊အမတဘုရင် နှစ်ဦးသည် တိုက်ရိုက် ဖိနှိပ်ချုပ်နှောင်ခံလိုက်ရသည်။
ခုခံရန်ပင် မဆိုနှင့် ၊ စိတ်ဝိညာဉ်ကို ထုတ်လွှင့်ကာ ဆက်သွယ်မှုပြုလုပ်ရန်ပင် မတတ်နိုင်တော့ချေ။
ဤအရာအားလုံးကို လုပ်ဆောင်ပြီးနောက်၊ ပီယွီ့ကောင်းကင်အရှင်သည် သူမ၏ လက်ချောင်းကို ဆန့်ထုတ်လိုက်သည်နှင့် ၊ အစိမ်းရင့်ရောင် အာကာသမီးတောက်တစ်ခုသည် သူမ၏ လက်ဖျားထိပ်တွင် တောက်လောင်လာသည်။ အဆုံးတွင် သူမ၏ လက်ချောင်းကို ဟင်းလင်းပြင်နှင့် ပေါ့ပါးစွာ တို့ထိလိုက်သည်နှင့် ၊
ဝီ !
အစိမ်းရင့်ရောင် အလင်းလှိုင်းတံပိုးများသည် အရပ်ရှစ်မျက်နှာတစ်ခွင် လွင့်စဉ်ရိုက်ခတ်သွားသည်။
အချိန်နှင့် အာကာသ အပိုင်းအစများသည် ဤနေရာတွင် အဆက်မပြတ် စုပြုံလာကြပြီး ၊ ၎င်းတို့သည် အထူး အာကာသလမ်းကြောင်းတစ်ခုကို တည်ဆောက်နေဟန် ရှိသည်။
"အဘိုးကြီး ၊ငါ့ ကိစ္စ ပြီးပြီ"
"လူကို လာခေါ်တော့"
နောက်အခိုက်အတန့်တွင် ၊
နက်ရှိုင်းပြီး ရှေးကျသော နတ်ဘုရား အသံတစ်ချက်သည် အာကာသတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားသည်။
"ကောင်းကောင်း လုပ်ခဲ့တယ်"
ကွဲအက်သံ.......
ဟင်းလင်းပြင်သည် မှန်ကဲ့သို့ ကွဲထွက်သွားပြီးနောက် ၊ ဖြည်းဖြည်းချင်း ပွင့်လာကာ ထိုကွဲအက်နေသော နေရာအတွင်းမှ နိယာမဆိုင်ရာ ဧရာမလက်တစ်ဖက် ထွက်ပေါ်လာခဲ့သည်။
နောက်ဆုံးတွင် ချုပ်နှောင်ခံထားရသော အမတဘုရင်နှစ်ဦးကို တစ်ချက်တည်းဖြင့် ဆုပ်ကိုင်ပြီး အာကာသအက်ကြောင်းအတွင်းသို့ ဆွဲသွင်းကာ ပျောက်ကွယ်သွားလေသည်။
"ငါပြောမယ် အဘိုးကြီး၊ ရှင် ဒီအင်အားစုနှစ်ခုက ကောင်းကင်လမ်းစဉ် နဲ့ ဆက်စပ်နေတယ်ဆိုတာကို ဘယ်လိုလုပ် သိလဲ"
ပီယွီ့ကောင်းကင်အရှင်သည် လက်ပိုက်ကာ မပြုံးတပြုံး မေးလိုက်သည်။
" မဟုတ်မှလွဲရော ၊ အဲ့လူလေးယောက်ထဲမှာ ရှင် ထည့်ထားတဲ့ သူလျှိုရှိနေတာလား"
ပီယွီ့ကောင်းကင်အရှင် ပြောသော အဘိုးကြီးဟူသည် ကွေးယွမ်အမတဂိုဏ်း၏ တုံထျန်းအဝေးဘိုးဘေးပင် ဖြစ်သည်။
အမှန်အားဖြင့် ပီယွီ့ကောင်းကင်အရှင်သည် ဤကိစ္စကို မသိရှိခဲ့ပေ။
အမတနယ်မြေ ရှိ ကောင်းကင်လမ်းစဉ် လေးခုသည် အလွန်ပင် ကောက်ကျစ်သည်။ နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ပြီးနောက်၊ စူးချန်ကဲကြောင့် ဖော်ထုတ်ခံလိုက်ရပြီးနောက် ချက်ချင်းပင် ပုန်းရှောင်သွားခဲ့ကြသည်။
သူမအား ထျန်းချန်လမ်းစဉ်ဂိုဏ်း နှင့် ဖုန်းယွင်လှံခန်းမ မှ လူများကို ဖမ်းဆီးရန် တုံထျန်းအဝေးဘိုးဘေး၏ ညွှန်ကြားချက်ကြောင့်သာ မဟုတ်ပါက ၊
သာလွန်အင်အားစု ၁၈ ဖွဲ့ ထဲမှ အင်အားစုနှစ်ခုသည် ကောင်းကင်လမ်းစဉ်၏ လက်အောက်ခံများ ဖြစ်နေလိမ့်မည်ဟု သူမ ဘယ်သောအခါမှ ထင်မှတ်ထားမည် မဟုတ်ချေ။
"ဟားးး... ပီယွီ၊ တကယ်တော့ ဒီကိစ္စက မင်းကို အများကြီး ကျေးဇူးတင်ရမယ်"
"ငါ့ကြောင့်လား?"
ပီယွီ့ကောင်းကင်အရှင်သည် အနည်းငယ် ရှုပ်ထွေးသွားသည်။
ယခင်က စူးချန်ကဲကြောင့် သူမသည် အမတနယ်မြေ ကောင်းကင်လမ်းစဉ်နှင့် စစ်ခင်းခဲ့ပြီး၊ မိမိ၏ အငွေ့အသက်ကို ရည်ရွယ်ချက်ရှိရှိ ချန်ရစ်ခြင်းဖြင့် ၎င်းတို့၏ ပုန်းအောင်းရာနေရာကို ရှာဖွေတွေ့ရှိခဲ့သော်လည်း ၊
သို့သော် ထိုတိုက်ပွဲအပြီးတွင် လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
ဤအဘိုးကြီးသည် ထိုသတင်းအချက်အလက်များမှ တဆင့် ၊ ဤအင်အားစုနှစ်ခုသည် အမတနယ်မြေ ကောင်းကင်လမ်းစဉ်၏ လက်အောက်ခံများဖြစ်ကြောင်း မည်သို့ ကောက်ချက်ချနိုင်ခဲ့သနည်း။