← Chapters

အောင်မြင်ဖို့ လေးဆယ်ရာခိုင်နှုန်းပဲ ရှိတဲ့ အခွင့်အလမ်းက ကျရှုံးတာနဲ့ မခြားနားဘူး

Vol. 59 Ch. 772

အောင်မြင်ဖို့ လေးဆယ်ရာခိုင်နှုန်းပဲ ရှိတဲ့ အခွင့်အလမ်းက ကျရှုံးတာနဲ့ မခြားနားဘူး

Vol. 59 Ch. 772

ကျင့်ကြံသူအချို့၏ ဆွေးနွေးသံများကို နားထောင်ရင်း ၊

ကျီချောင်ကဲ၊ လင်းဟန် စသော ထိပ်တန်းပါရမီရှင်များ၏ မျက်နှာအမူအရာများသည် ယခုအချိန်တွင် အတော်လေး ကြည့်ရဆိုးနေခဲ့သည်။

သူတို့သည် ယခုလေးတင် မိမိတို့၏ ကာကွယ်စောင့်ရှောက်သူများထံမှ ရိုးရှင်းသော စကားနှစ်ခွန်းကို ရရှိခဲ့သည် ---

မလိုအပ်ရင် ၊ စူးချန်ကဲ ကို ဘယ်တော့မှ မစော်ကားမိစေနဲ့ !

စော်ကားမိရင် ၊ ကိုယ့်ကိစ္စ ကိုယ့်ဟာကိုယ် ဖြေရှင်း၊ ငါ မျိုးဆက်သစ်တွေကြား ဘယ်တော့မှ ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူး !

ထိပ်တန်းပါရမီရှင်များ ဖြစ်သည်နှင့်အလျောက် ၊ သူတို့၏ သိမြင်နားလည်နိုင်စွမ်းသည် သဘာဝကျကျပင် မြင့်မားပေသည်။

မိမိတို့၏ ကာကွယ်စောင့်ရှောက်သူများသည် ဤကဲ့သို့ ပြောလာရသည့် အကြောင်းပြချက်အတွက် တစ်စုံတစ်ခု ရှိနေနိုင်ပြီး ၊ သူတို့သည် တစ်ခုခုကို သိထားသည်မှာ သေချာသည်။

ကျီချောင်ကဲ၏ မျက်လုံးများသည် စူးချန်ကဲ ကို တစ်ချက်ကြည့်လိုက်ရင်း၊ ပေါ့ပါးစွာ ပြုံးရယ်လိုက်သည်။

"ဟားး.... အကြိမ်တစ်ရာကြားရတာထက် တစ်ကြိမ် မြင်ရတာက ပိုကောင်းတယ် ဆိုတဲ့စကားအတိုင်း ....တားမြစ်အင်အားစု သုံးဖွဲ့ရဲ့ တစ်ဦးတည်းသော ဆက်ခံသူက တကယ်ကို ပါးနပ်ပါပေတယ် "

ကျီချောင်ကဲသည် သူ့နောက်က ရွှေကျီးကန်းနတ်ဘုရားမင်းဆက် မှ ပါရမီရှင်များကို မှာကြားလိုက်သည်။

"ဒီခရီးစဉ် ကတော့ ဒီလောက်ပဲ "

"သွားမယ်၊ ငါတို့ ထွက်ခွာဖို့ အချိန်တန်ပြီ၊ အခြားနေရာတွေကို ဆက်သွားကြမယ်"

" အရှင့်သား .... အရှင့်သားပဲ အရင်က စူးချန်ကဲ က ကျွန်တော်တို့ ရွှေကျီးကန်းနတ်ဘုရားမင်းဆက် က လူနှစ်ယောက်ကို သတ်ပစ်ခဲ့တယ်လို့ ပြောခဲ့တယ်မဟုတ်လား"

ရွှေကျီးကန်းနတ်ဘုရားမင်းဆက် မှ ပါရမီရှင်တစ်ဦးက သံသယဖြင့် မေးမြန်းလိုက်သည်။

" ကျွန်တော်တို့ လက်စားမချေတော့ဘူးလား"

ဤစကားကို ကြားလိုက်ရသော ကျီချောင်ကဲသည် ဖြေကြားခြင်း မပြုဘဲ၊ လက်နှစ်ဖက်ကို နောက်ပစ်လျက် နတ်ဘုရားလက်နက် အမတမျှော်စင်၏ ပြင်ပသို့ ထွက်ခွာရန် ဟန်ပြင်လိုက်ရင်း ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

" လူကြီးလူကောင်းတစ်ယောက်ဟာ ဆယ်နှစ်ကြာပြီးနောက်မှာတောင် လက်စားချေတတ်တယ်၊ စူးချန်ကဲ က ငါ့ ရွှေကျီးကန်းနတ်ဘုရားမင်းဆက် လူကို သတ်ခဲ့တယ်၊ နောင်တစ်ချိန် ငါ ကျီချောင်ကဲ က ဒီအကြွေးကို လာရှင်းမယ် "

"အခုတော့ အချိန်မတန်သေးဘူး"

လတ်တလော စောင့်ကြည့်မှုများအရ၊ စူးချန်ကဲသည် သူ၏ စစ်မှန်သော အစွမ်းသတ္တိကို ဖုံးကွယ်ထားကြောင်း တွေ့ရှိခဲ့သည်။

အကယ်၍ ယခုအချိန်တွင် မိမိသည် သူနှင့် ရန်ပွဲဆင်နွှဲခဲ့မည်ဆိုပါက ၊ ယွမ်ချန်းဟုန် ကဲ့သို့ပင် သူ၏လှေကားထစ်အဖြစ် အသုံးပြုခံရကာ ဤနတ်ဘုရားလက်နက် အမတမျှော်စင် အတွင်း ကျဆုံးသွားနိုင်သည်။

ထိုအရာကို စဉ်းစားရင်း၊ ကျီချောင်ကဲ ၏ မျက်ဝန်းထဲမှ နတ်ဘုရားမီးတောက်များသည် လောကရှိ အရာအားလုံးကို မီးရှို့ဖျက်ဆီးနိုင်စွမ်းရှိသကဲ့သို့ ပို၍ပင် ပြင်းထန်လာသည်။ ၎င်းသည် သူ့ရှေ့တွင် အတားအဆီးဖြစ်သော အရာအားလုံးကို ပြာမှုန့်အဖြစ် ဖျက်ဆီးနိုင်ဟန်ရှိသည်။

သူ၏ နှုတ်ခမ်းထောင့်သည် အေးစက်သော အပြုံးတစ်ခုအဖြစ် ကွေးညွှတ်သွားသည်။

" အောင်မြင်ဖို့ လေးဆယ်ရာခိုင်နှုန်းပဲ ရှိတဲ့ အခွင့်အလမ်းက ကျရှုံးတာနဲ့ မခြားနားဘူး"

"စူးချန်ကဲ မင်းနဲ့တိုက်ရင် ... အောင်မြင်ဖို့ လေးဆယ်ရာခိုင်နှုန်း အခွင့်အလမ်းရှိပေမယ့် ငါလုပ်မှာ မဟုတ်ဘူး"

"ဒါပေမယ့်၊ ဒါဟာ နောက်ဆုံးအကြိမ်ပဲ ဖြစ်လိမ့်မယ်"

သူ ကျီချောင်ကဲ သည် မွေးကတည်းက တစ်ခါလေးမှ မရှုံးနိမ့်ခဲ့ဖူးပေ။

အလွန်အစွမ်းထက်သော ထိပ်တန်းပါရမီရှင်များကို ရင်ဆိုင်ရသည့်တိုင် ၊ သူသည် ၎င်းတို့ကို သတ်ရန် အနည်းဆုံး ကိုးဆယ်ရာခိုင်နှုန်း ယုံကြည်မှုရှိသည်။ သူ့မျက်လုံးထဲတွင် ယွမ်ချန်းဟုန်သည်လည်း ထိုနည်းတူစွာပင် ဖြစ်သည်။

သို့သော် ယနေ့ တွင် စူးချန်ကဲနှင့် ရင်ဆိုင်လိုက်ရသောအခါ မိမိတွင် နိုင်ချေ လေးဆယ်ရာခိုင်နှုန်း အခွင့်အလမ်းသာ ရှိပြီး၊ ငါးဆယ် ရာခိုင်နှုန်း အခွင့်အလမ်းပင် မရှိချေ။

မိမိ၏ လုံခြုံရေးအတွက် ဤသည်မှာ ကျီချောင်ကဲ ဝင်ရောက် မစွက်ဖက်သည့် အခြေခံအကြောင်းရင်းသာ ဖြစ်သည်။

အမတဧကရာဇ်မင်း၏ သားစဉ်မြေးဆက်အဖြစ်၊ သူ ကျီချောင်ကဲ သည် အာမခံချက် မရှိသော စစ်ပွဲကို ဘယ်သောအခါမှ ဆင်နွှဲမည်မဟုတ်။ ဝင်ရောက် စွက်ဖက်ရမည်ဆိုပါက ၊ ဤဖြစ်နိုင်ခြေ နှစ်ခုသာ ရှိရမည်——

တစ်၊ ရန်သူသေရမည်။

နှစ်၊ သူ အသက်ရှင်ရမည်။

.......

တစ်ချိန်တည်းမှာပင်။

စစ်မြေပြင် ဗဟိုတွင် ရှိနေသော စူးချန်ကဲသည် တစ်စုံတစ်ရာကို ခံစားမိသကဲ့သို့ သူ၏ မျက်လုံးများသည် ကျီချောင်ကဲ ထွက်ခွာသွားသော ဦးတည်ရာဆီသို့ ရောက်ရှိသွားသည်။

သို့သော် ကျီချောင်ကဲ သည် ရွှေကျီးကန်းနတ်ဘုရားမင်းဆက်မှ ပါရမီရှင်များကို ခေါ်ဆောင်ကာ ပျောက်ကွယ်သွားသော မြင်ကွင်းကိုသာ မြင်လိုက်ရသည်။

စူးချန်ကဲသည် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ ကျီချောင်ကဲ၏ ကျောဘက်မြင်ကွင်းကို ကြည့်ရင်း ၊ သူ့စိတ်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။

"ဒီကောင် က...."

"ဒီအမြောက်စာ အုပ်စုနဲ့ ၊ သိပ်တော့မတူဘူးပဲ"

သူသည် ကျီချောင်ကဲ နှင့် မဆက်ဆံဖူးသော်လည်း ၊

သို့သော် သူသည် ရွှေကျီးကန်းနတ်ဘုရားမင်းဆက် မှ ပါရမီရှင် နှစ်ဦးကို သတ်ဖြတ်ခဲ့ဖူးသည်။

ရွှေကျီးကန်းနတ်ဘုရားမင်းဆက်၏ ဦးဆောင်သူ အဖြစ် ၊ တစ်ဖန် အမတဧကရာဇ်မင်း ၏ သားစဉ်မြေးဆက်လည်း ဖြစ်သည့် စစ်မှန်သော ရွှေကျီးကန်းသွေးကို ပိုင်ဆိုင်ထားသူတစ်ယောက်အနေဖြင့် ၊ သူသည် ရွှေကျီးကန်းနတ်ဘုရားမင်းဆက်၏ ပါရမီရှင်နှစ်ဦးကို သတ်ဖြတ်ခဲ့သူမှာ မိမိ၏လက်ချက်မှန်း သေချာပေါက် သိရှိပေလိမ့်မည်။

သို့သော် တဖက်လူသည် ဤစစ်ပွဲကို အခွင့်ကောင်းယူရန် မရွေးချယ်ဘဲ ဘေးကနေ တစ်လျှောက်လုံး စောင့်ကြည့်နေခဲ့သည်။

ဤသည်မှာ မိမိ၏ သတင်းအချက်အလက်များကို စုဆောင်းနေခြင်းဖြစ်မှန်း ထင်ရှားသည်။

အမတနယ်မြေ၏ ပါရမီရှင်များအနေဖြင့်၊ သူတို့သည် သဘာဝကျကျပင် ပြိုင်ဘက်များ ဖြစ်ကြသည်။ တဖက်လူ၏ အပြုအမူကို ကြည့်ရလျှင်ဖြင့် ၊ နောင်တွင် မိမိကို ရင်ဆိုင်ရန်အတွက် နည်းလမ်းများ ပြင်ဆင်နေခြင်း ဖြစ်နိုင်သည်။

ကျီချောင်ကဲသည် မိမိအတွက် အန္တရာယ်ရှိသည်ဟု ခံစားရစေသော်လည်း၊ သို့သော် စူးချန်ကဲသည် ဤအတွက် စိုးရိမ်ခြင်း မရှိချေ။

စူးချန်ကဲသည် ပေါ့ပေါ့ပါးပါး ပြုံးရယ်လိုက်သည်။

"ဒီနေ့ဒီအချိန်ထိ စစ်ခင်းလာခဲ့တာ၊ တကယ့် ရန်သူဟောင်းတစ်ယောက်နဲ့ တွေ့နိုင်တာဟာ .. ဒါလည်း ကံကောင်းခြင်းတစ်မျိုးပဲ"

ထိုသို့ပြောရင်း ။

စူးချန်ကဲ သည် ယွမ်ချန်းဟုန်၏ အလောင်းကို လှမ်းကြည့်လိုက်သည်။

သူ့တွင် နားမလည်နိုင်သော အချက်တစ်ခု ရှိနေသည်။

သူသည် ယွမ်ချန်းဟုန်၏ ထိုက်ချင်တာအိုရွှမ် ခန္ဓာကိုယ်ကို အနည်းငယ် မျက်စိကျနေမိသည်။ ယွမ်ချန်းဟုန်ကို သတ်ဖြတ်ပြီးနောက်၊ စူးချန်ကဲသည် စုပ်ယူ သူတော်စင် ခန္ဓာကိုယ်ဖြင့် ရန်သူ၏ ကိုယ်ထည်ကို လုယူစုပ်ယူရန် ကြိုးစားခဲ့သည်။ သို့သော် အနည်းငယ်မျှ အကျိုးသက်ရောက်မှု မရှိခဲ့ပေ။

ဤသည်က စူးချန်ကဲ ကို အနည်းငယ် စဉ်းစားရခက်စေသည် ။

" ထိုက်ချင်တာအိုရွှမ်ခန္ဓာရဲ့ အသွေးအသားထဲမှာ အထူးတားမြစ်ချက်တစ်ခု ရှိနေသလိုပဲ၊ အဲ့တာက ငါ့ရဲ့ စုပ်ယူစွမ်းအားကို ခွဲထုတ်နိုင်တယ်....."

"မဟုတ်မှလွဲရော.... စုပ်ယူ သူတော်စင် ခန္ဓာကိုယ်ရဲ့ အအသွေးအသားက အဆင့်နိမ့်နေလို့ အမတနယ်မြေရဲ့ နတ်ဘုရားခန္ဓာကိုယ်ကို စုပ်ယူလို့ မရနိုင်တာလား"

စူးချန်ကဲ စဉ်းစားလို့မပြီးခင် ၊ တစ်စုံတစ်ခုကို ခံစားမိသကဲ့သို့ သူ၏ မျက်နှာအမူအရာသည် ရုတ်တရက် ပြောင်းလဲသွားပြီး ၊ သူ၏ မျက်ဝန်းတစ်စုံမှ တောက်ပသော အလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာခဲ့သည်။

"သေချင်နေတာပဲ!"

သူသည် ကျယ်လောင်စွာ ဟစ်အော်ကာ၊ အလွန်လျင်မြန်သော အရှိန်နှုန်းဖြင့် နောက်လှည့်လိုက်သည်။

ထို့နောက် သူ့လက်ကို ဆန့်တန်းကာ ၊ သူ့နောက်ကွယ်က ဟင်းလင်းပြင်တစ်နေရာဆီသို့ သူ၏လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

ဝုန်း !!!

ကြီးမားသော တိုက်ပွဲကြီးတစ်ခုကို ဆင်နွှဲခဲ့ရသော်လည်း ၊ စူးချန်ကဲမှ ထုတ်လွှတ်လိုက်သော လက်ဝါး၏ စွမ်းအားသည် အားနည်းသွားခြင်း မရှိဘဲ ကမ္ဘာကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်တော့အတိုင်း တဟုန်ထိုး ထွက်ပေါ်လာခဲ့သည်။

သို့သော် နတ်အလင်းတန်းများ ပေါက်ကွဲထွက်လာသည့် အခိုက်အတန့်မှာပင် ။

ဝီ!!

ဟင်းလင်းပြင်အတွင်းမှ မှိန်ဖျော့ဖျော့ အစိမ်းရောင် အလင်းတန်းတစ်ခုသည် လျှပ်တပြက်ဝင်းလက်သွားပြီး ၊ နောက်ဆုံးတွင် မီးပွားတစ်ခုအဖြစ် ပေါက်ကွဲထွက်လာသည်။

ကောင်းကင်ကို တုန်လှုပ်စေသော ပေါက်ကွဲသံသည် ကျယ်လောင်စွာ ဟိန်းထွက်လာသည်နှင့်အမျှ ၊ စူးချန်ကဲ မှ ရိုက်ထုတ်လိုက်သော လက်ဝါးချက်သည်လည်း ချက်ချင်းလက်ငင်း ဖြိုခွင်းခံလိုက်ရသည်။

စူးချန်ကဲ၏ တိုက်ခိုက်မှုသည် ကျပန်းရိုက်ချက်သာ ဖြစ်သော်လည်း ၊ သက်တူရွယ်တူများကြား ဤလက်ဝါးချက်ကို ခံနိုင်ရည်ရှိသူမှာ ရှားပါးသည်ဟု ဆိုနိုင်သည်။

ယခုအခါတွင် ဤအမည်မသိ တည်ရှိမှုသည် တိုက်ရိုက် ဖြေရှင်းနိုင်ခဲ့သည်ကို ကြည့်ခြင်းအားဖြင့် ၊ ဤလူ၏ အင်အားသည် သာမန်မဟုတ်သည်ကို ပြသနေသည်။

ဟွရှင်းရှေးဟောင်းမြို့ ၏ နေရာအသီးသီးတွင် တိုက်ပွဲများ ဖြစ်ပွားနေသောကြောင့် ၊ ဤနေရာတွင် ဖြစ်ပျက်နေသော လှုပ်ရှားမှုကို မည်သူမျှ သတိမပြုမိကြပေ။

စူးချန်ကဲသည် အာရုံစူးစိုက်ထားပြီး ၊ လှိုင်းထန်နေသော မီးခိုးငွေ့များကို အေးစက်စွာ စိုက်ကြည့်ရင်း ပြောလိုက်သည်။

"ခုထိ ထွက်မလာသေးဘူးလား"

All Chapters