← Chapters

ဝါးမျို၍ မရခြင်း ၊ ကျွန်တော်မျိုးမကို လိုက်လျောလိုက်ပါ့လား

Vol. 59 Ch. 773

ဝါးမျို၍ မရခြင်း ၊ ကျွန်တော်မျိုးမကို လိုက်လျောလိုက်ပါ့လား

Vol. 59 Ch. 773

ဟူး——

ရုတ်တရက်၊

နိယာမ စွမ်းအားတစ်ခုခုဖြင့် ဖွဲ့စည်းထားဟန်ရှိသည့် ပုံမှန်မဟုတ်သော လေညင်းတစ်ချက်သည် ကောင်း‌ကင်နှင့်မြေကြီးကြားတွင် ဝင်ရောက်တိုက်ခတ်သွားသည်။

အလွန်ပေါ့ပါးပြီး ညင်သာသော်လည်း ၊ စစ်မြေပြင်အတွင်းရှိ ဖုန်မှုန့်အားလုံးကို လွင့်စင်သွားစေသည်။

မြင်ကွင်းသည် တဖြည်းဖြည်း ကြည်လင်လာသည်နှင့်အမျှ၊ အမျိုးသမီးတစ်ဦး၏ ပုံသဏ္ဍာန်သည် စူးချန်ကဲ၏ ရှေ့တွင် ပေါ်ထွက်လာခဲ့သည်။

စိမ်းပြာရောင် အလင်းတန်းများသည် နေရာအနှံ့ ပျံ့နှံ့လျက် ရှိပြီး ၊ အဆိုပါ အင်အား၏ လွှမ်းမိုးမှုအောက်တွင် ဤနေရာရှိ ဟင်းလင်းပြင်သည်ပင် အနည်းငယ် ရွဲ့စောင်းနေသည်။

ပို၍ ထူးဆန်းသည်မှာ ထိုအမျိုးသမီး၏ ထွက်ပေါ်လာမှုနှင့်အတူ ၊ ထူးဆန်းသည့် မူးယစ်စေသော ရနံ့တစ်ခုသည်လည်း ပျံ့နှံ့ထွက်ပေါ်လာခဲ့သည်။

အဘယ်ကြောင့် မူးယစ်စေသော ရနံ့ဟု ဆိုရသနည်း။

အကြောင်းမှာ ဤရနံ့ကို ပထမဆုံးအကြိမ်အဖြစ် ရှူရှိုက်မိသော စူးချန်ကဲသည်ပင် သူ့အလိုလို မျက်မှောင်ကြုတ်သွားမိသည် ။

ဤထူးဆန်းသော ရနံ့သည် ဆန်းကြယ်သော မှော်စွမ်းအားတစ်ခု ရှိနေသကဲ့သို့၊ သူ၏ စိတ်ဝိညာဉ်ကို နှောင့်ယှက်နိုင်သည်။

ထိုအခိုက်အတန့်တွင် ၊ စူးချန်ကဲ သည် အမျိုးသမီး၏ ပုံသဏ္ဍာန်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်ပေါ်တွင် စိမ်းပြာရောင် ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားသော်လည်း ၊ ဖော်လှစ်ကာ ဝတ်ဆင်ထားသဖြင့် သူမ၏ ကိုယ်လုံးကိုယ်ထည် အချိုးအစားကို ရှင်းရှင်းလင်းလင်း မြင်တွေ့နေရသည်။

သူမ၏ မျက်နှာထက်တွင် စူးချန်ကဲကို စိန်ခေါ်နိုင်သည့် ဆွဲဆောင်မှု တစ်ခု ရှိနေခဲ့ပြီး ၊ ပန်းနီရောင်မိတ်ကပ်ကို ခြယ်သထားသည်မှာ ရေထဲမှ ဖူးပွင့်ထွက်လာသော ကြာပန်းကဲ့သို့ပင် ။ သာမန်ကျင့်ကြံသူများအဖို့ သူမ၏ရှေ့တွင် ၎င်းတို့၏စိတ်ထဲက ကာမမီးကို ဖိနှိပ်ရန် ခက်ခဲကြပေလိမ့်မည်။

ဤသူမှာ ထျန်းချန်လမ်းစဉ်ဂိုဏ်းရှိ ထိပ်တန်း ပါရမီရှင်တို့၏ ခေါင်းဆောင်ဖြစ်သူ ထျန်းယွီလော့ရုံပင် ။

"အိုင်းယားးယားး..... ချန်ကဲ ဆက်ခံသူက ဒီလောက်ထိ ချောမောလှပတာ၊ ဒါပေမယ့် အမျိုးသမီးတွေအပေါ် ဘယ်လိုနူးညံ့ရမယ်‌ဆိုတာ မသိဘူးပဲ ၊ ကျွန်မ အရမ်းကို စိတ်ထိခိုက်မိတယ်~"

ထျန်းယွီလော့ရုံ ၏ အသံသည် နူးညံ့ပျော့ပျောင်းလှပြီး၊ အရိုးတွေထိ စိမ့်ဝင်သွားစေနိုင်သော စွဲမက်ဖွယ်ရာ အသံသည် အသံလှိုင်းများအဖြစ်သို့ ပြောင်းလဲသွားပြီး စူးချန်ကဲ၏ နားစည်မှတစ်ဆင့် သူ၏ စိတ်ဝိညာဉ်ကို ဖမ်းယူရန် ကြိုးစားနေပုံရသည်။

"ဟမ်! အသေးစား လှည့်ကွက်သာသာပဲ!"

စူးချန်ကဲသည် သူ၏ ဝတ်ရုံလက်စကို တချက် ဝှေ့ယမ်းလိုက်သည်နှင့် ၊

ဝုန်း ——

ရုတ်တရက်၊ ကြောက်မက်ဖွယ် ကောင်းသော နိယာမလှိုင်းတံပိုးများသည် သူ့ကို ဗဟိုပြုကာ အရပ်ရှစ်မျက်နှာတစ်ခွင် လွင့်စဉ်ရိုက်ခတ်သွားသည်။

ထိုထူးဆန်းသော အသံလှိုင်းသည် စူးချန်ကဲ ကို မထိတွေ့ခင်မှာပင် ၊ သူ၏ အင်အားဖြင့် ချက်ချင်း ချုပ်နှောင်ခံလိုက်ရပြီး အပိုင်းအစများအဖြစ် ပျောက်ကွယ်သွားသည်။

ဤရုတ်တရက် ပေါ်ထွက်လာသော အမျိုးသမီးသည် အလွန်အားကောင်းသော ညို့ယူကျင့်စဉ်ကို ကျင့်ကြံထားမှန်း စူးချန်ကဲ နားလည်လိုက်သည်။

ထို့အပြင် သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ ထိုထူးဆန်းသော ကိုယ်ထည်နှင့် ပေါင်းစပ်လိုက်လျှင်ဖြင့် ၊ စစ်မှန်အမတ နယ်ပယ် အဆင့်(၉)ရှိသော စွမ်းအားရှင်များပင် ခံနိုင်ရည်ရှိရန် ခဲယဉ်းပေလိမ့်မည်။

စိတ်ထဲတွင် ဆုံးဖြတ်ပြီးနောက်၊ စူးချန်ကဲသည် သူမနှင့် အချည်းနှီးစကားများ ပြောရန် ပျင်းရိလွန်းသည်။ ထိုအမျိုးသမီးအပေါ် သနားကြင်နာရန် စိတ်ကူးမရှိသောကြောင့် ချက်ချင်းလက်ငင်း အရေးယူရန် ရွေးချယ်လိုက်သည် ။

"နေဝန်းနတ်ဘုရားလက်သီး!"

စူးချန်ကဲ၏ ပုံသဏ္ဍာန်သည် လျှပ်တပြက် ဝင်းလက်တောက်ပသွားပြီး ၊ မျက်စိတမှိတ်အတွင်းမှာပင် မရေမတွက်နိုင်သော လက်သီးအလင်းများကို ထုတ်လွှတ်ကာ ထျန်းယွီလော့ရုံ ကို တိုက်ခိုက်လိုက်သည်။

ဤမြင်ကွင်းသည် ရုတ်တရက်ဆန်သော်လည်း ၊ ထျန်းယွီလော့ရုံသည် ကြိုတင် ပြင်ဆင်ထားပုံရသည်။

ဝုန်း ! ဝုန်း ! ဝုန်း !

သူမ၏ လက်များသည် လက်တစ်ထောင်ရှိသော ကွမ်ယင်မယ်တော်ကဲ့သို့ပင် ဆန့်တန်းထွက်ပေါ်လာပြီး ၊ စိမ်းပြာရောင် လက်ဝါးရာများကို ထုတ်လွှတ်ကာ ပြန်လည် တိုက်ခိုက်ခဲ့သည်။

"အိုင်ယားး..... သူများက ချန်ကဲ ဆက်ခံသူနဲ့ မိတ်ဆွေဖွဲ့ချင်တာလေ"

"ရှင်က ရုတ်တရက်ကြီး တိုက်ခိုက်လာတော့ ကျွန်တော်မျိုးမရဲ့ နှလုံးသားကို နာကျင်စေတာပေါ့လို့~"

ထျန်းယွီလော့ရုံ သည် တခ်ခ်ဖြင့် ရယ်မောလိုက်သည်။ သို့သော်လည်း သူမ၏ အားနည်းချက်ကို မပြဘဲ စူးချန်ကဲ နှင့် ယှဉ်ပြိုင်ရန် သူမ၏ မှော်အတတ်များကို ထပ်မံ ထုတ်ဖော်ပြသခဲ့သည်။

အမှန်အားဖြင့် ၊ သူမသည် လူအုပ်ထဲတွင် ပုန်းကွယ်နေခဲ့ပြီး လှုပ်ရှားရန် အစီအစဉ်မရှိခဲ့ပေ။

သို့သော် ယွမ်ချန်းဟုန်၏ အလောင်းသည် ဆွဲဆောင်မှု ကြီးမားလွန်းသည်။ အကယ်၍ သူမသည် ထိုက်ချင်တာအိုရွှမ်ခန္ဓာ ကို စုပ်ယူနိုင်ခဲ့မည်ဆိုပါက ၊ သူမအတွက် ကြီးမားသော အသွင်ပြောင်းလဲမှုတစ်ခု ဖြစ်လာပေလိမ့်မည်။

ဤမျှလောက် ကြီးမားသော ဆွဲဆောင်မှုကို မည်သူကများ ခံနိုင်ရည်ရှိမည်နည်း။ ထျန်းယွီလော့ရုံ သည် အကြိမ်ကြိမ် စဉ်းစားပြီးနောက်၊ လောင်းကြေးထပ်ရန် ထိုက်တန်သည်ဟု ယူဆခဲ့သည်။

အဘယ်ကြောင့်ဆိုသော် လက်ရှိတွင် စစ်မြေပြင် အခြေအနေသည် ရှုပ်ထွေးနေပြီး ဝင်ရောက်လှုပ်ရှားရန် အကောင်းဆုံး အချိန်ဖြစ်သည်။

အကြိမ်အနည်းငယ် တိုက်ခိုက်ပြီးနောက် ၊

ကြီးမားသော စွမ်းအားများ၏ သက်ရောက်မှုအောက်တွင် ပုံရိပ်နှစ်ခုသည် နောက်သို့ ဆုတ်ခွာသွားကြသည်။

စူးချန်ကဲသည် အဖြူရောင်အခိုးငွေ့များ ထွက်ပေါ်နေသော သူ၏ လက်ချောင်းများကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။

မိမိ၏ အရေပြားများသည် တစ်ခုခုနှင့် တိုက်စားခံလိုက်ရသကဲ့သို့ ပူလောင်နေသည်ကို ခံစားလိုက်ရသည်။

စူးချန်ကဲ၏ မျက်လုံးအိမ်များသည် ပိုပို၍ ကျုံ့ဝင်သွားသည်။

"ဒါက.... အဆိပ်လား"

မိမိ၏ ရုပ်ခန္ဓာသည် ကန့်သတ်ချက်များကို ဖြိုခွင်းပြီးဖြစ်ကာ၊ သက်တူရွယ်တူများကြားတွင် သူ့ကို ထိခိုက်နိုင်သူမှာ ရှားပါးသည်။

ရန်သူသည် မည်သည့် အဆိပ်ကို သုံးခဲ့သနည်း။

အကြိမ်အနည်းငယ် တိုက်ခိုက်ရုံမျှဖြင့် ၊ မိမိ၏ ရုပ်ခန္ဓာကို တိုက်စားနိုင်လေသလော။

"ဟားး.... ချန်ကဲ ဆက်ခံသူ ၊ ကျွန်တော်မျိုးမကို လိုက်လျောလိုက်ရင် ဘယ်လိုလဲ"

ထိုအချိန်တွင်၊ ထျန်းယွီလော့ရုံ သည် ထပ်မံ ရယ်မောလိုက်ရင်း။

"ရန်ယွီ နတ်ဘုရားမ တတ်တဲ့ဟာ ကျွန်မလည်း တတ်တယ်၊ ရန်ယွီ နတ်ဘုရားမ မလုပ်နိုင်တဲ့ဟာ ကျွန်မ လုပ်နိုင်တယ် ၊ ကျွန်မက ချန်ကဲ ဆက်ခံသူကို ထူးခြားတဲ့ အတွေ့အကြုံတစ်ခုကို ပေးစွမ်းနိုင်တယ်နော်~"

"မင်းက ရန်ယွီ နဲ့ ယှဉ်နိုင်တယ်လို့ ထင်နေတာလား"

စူးချန်ကဲ၏ နှုတ်ခမ်းထောင့်သည် ပြက်ရယ်ပြုသော အပြုံးတစ်ခုအဖြစ် ကွေးညွှတ်သွားပြီး ၊ မထီမဲ့မြင်လေသံဖြင့် ဆိုလိုက်သည်။

"တောလေတောလွင့်က ငှက်တစ်ကောင်ကို ဇာမဏိငှက်နဲ့ ယှဉ်လို့ရလို့လား"

ထိုစကားများထွက်လာသည်နှင့် ၊

ထျန်းယွီလော့ရုံ ၏ အပြုံးသည် တောင့်တင်းသွားပြီး၊ ထို့နောက် မကြာမီ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

"ဟားး.... ချန်ကဲ ဆက်ခံသူက တကယ်ကို စကားကောင်းကောင်း ပြောတတ်တာပဲ"

"ကျွန်မကို စိတ်ဆိုးအောင် လုပ်ရင် ပြစ်ဒဏ်က အတော်လေး ပြင်းထန်မှာနော်~"

နောက်အခိုက်အတန့်တွင် ၊

ထျန်းယွီလော့ရုံ သည် စူးချန်ကဲကို တိုက်ခိုက်လိုက်သည်နှင့် တပြိုင်နက် ၊ ကောင်းကင်အဆိပ် မရဏခန္ဓာ၏ စွမ်းအားများကို စတင် အသက်သွင်းလိုက်သည်။

စိမ်းပြာရောင် အလင်းတန်းများသည် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်မှာ အတော်လေး ထိတ်လန့်ဖွယ်ရာ ကောင်းသည်။

" အကျဉ်းထောင်၊ ဖွင့်!"

ထျန်းယွီလော့ရုံ ၏ တီးတိုးရေရွတ်သံအပြီးတွင် ၊

သူမ၏ သွယ်လျသော လက်ချောင်းများကို ဟင်းလင်းပြင်ဆီသို့ ဆန့်တန်းကာ အသာယာ တို့ထိလိုက်သည်။

ဟူး ——

အာကာသ တုန်ခါသံသည် ပဲ့တင်ထပ်သွားပြီး ၊ မူလက လှိုင်းထန်နေသော နိယာမလှိုင်းတံပိုးများသည် အဆိုပါအင်အားအောက်တွင် လုံးဝ ရပ်တန့်သွားဟန် ရှိသည်။

သို့သော် နှစ်စက္ကန့်အကြာတွင် ၊ ဤထူးဆန်းသော ရပ်တန့်မှုသည် ချက်ချင်းပင် ဖျက်ဆီးခံလိုက်ရသည်။

ဝုန်း !!

မျက်စိတမှိတ်အတွင်းမှာပင် ၊ ထျန်းယွီလော့ရုံ ၏ ခန္ဓာကိုယ်အတွင်းမှ အလွန်ကြောက်မက်ဖွယ် ကောင်းသော နိယာမမုန်တိုင်းတစ်ခု ပေါက်ကွဲထွက်လာသည်။ ဤအင်အား၏ လွှမ်းမိုးမှုအောက်တွင်၊ စိမ်းပြာရောင်အလင်းများသည် နေရာတစ်ခုလုံးကို လွှမ်းမိုးသွားပြီး ဟင်းလင်းပြင်သည်ပင် အနည်းငယ် ပုံပျက်သွားဟန်ရှိသည်။

ကမ္ဘာလောကကြီးတစ်ခုလုံးသည် ကြောက်စရာကောင်းသော အစိမ်းရောင်လောကကြီးတစ်ခု အဖြစ် ပြောင်းလဲသွားခဲ့သည်။

ထို့အပြင်၊ ထျန်းယွီလော့ရုံ ၏ ခန္ဓာကိုယ်အတွင်းမှ စိမ်းပြာရောင် မြူမှိုင်းများ ပျံ့နှံ့ထွက်ပေါ်လာပြီး ၊ လူ၏ စိတ်ဝိညာဉ်ကို နှောင့်ယှက်နိုင်သော ထိုမထင်မရှား မွှေးရနံ့သည်လည်း ပို၍ပင် ပြင်းထန်လာခဲ့သည်။

"သွား!"

ထျန်းယွီလော့ရုံသည် သူမ၏ လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်သည်နှင့် ၊

ဘုန်း !!

လှိုင်းထန်နေသော စိမ်းပြာရောင်လှိုင်းတံပိုးများသည် ကောင်းကင်ယံသို့ ဆန်တတ်သွားပြီး ၊ ကမ္ဘာကြီးကို ဖျက်ဆီးနိုင်သော ရေစီးကြောင်းသဖွယ် စူးချန်ကဲထံသို့ ပြင်းထန်စွာ ပြေးဝင်သွားခဲ့သည်။

၎င်းသည် စူးချန်ကဲ၏ ပုံသဏ္ဍာန်ကို လွှမ်းခြုံသွားသည်နှင့် တစ်ချိန်တည်းမှာပင် စိမ်းပြာရောင် မြူမှိုင်းများသည် နေရာအနှံ့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

၎င်းတို့သည် နေရာတော်တော်များများကို ဖုံးလွှမ်းသွားပြီး၊ တိုက်ပွဲဝင်နေသော တပည့်အများအပြားကို ထိခိုက်သွားစေသည်။

တိုက်ပွဲလှုပ်ရှားမှုများ ချက်ချင်း ရပ်တန့်သွားပြီး ၊ အချို့က ဖုံးလွှမ်းလာသော စိမ်းပြာရောင် မြူမှိုင်းများကို ဇဝေဇဝါဖြင့် မော့ကြည့်လိုက်ကြသည်။

"ဒါက ဘာတွေလဲ...."

All Chapters