← Chapters

အမှိုက်ကောက်ဖို့ တကူးတက ရောက်လာတာလား

Vol. 59 Ch. 774

အမှိုက်ကောက်ဖို့ တကူးတက ရောက်လာတာလား

Vol. 59 Ch. 774

သို့သော် လူတိုင်း ပြောလို့မဆုံးခင် ၊ တစ်စုံတစ်ခု မှားယွင်းနေမှန်း ခံစားလိုက်ရသည်။

၎င်းတို့၏ မျက်လုံးများသည် ပြူးထွက်လာပြီး ၊ ကိုယ့်လည်ပင်းကို ပြင်းထန်စွာ ညှစ်လိုက်ကြသည်။

ခန္ဓာကိုယ်တစ်ခုလုံး ထိန်းမနိုင်သိမ်းမရ တုန်ယင်သွားကာ နောက်ဆုံးတွင် မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားသည်။

"အဆိပ်..... အဆိပ်ပဲ....."

ဤစိမ်းပြာရောင် အဆိပ်ငွေ့များကို ရှူရှိုက်မိသော တပည့်များသည် ရှင်းမပြနိုင်သော ပြင်းထန်သော ထိုးနှက်ချက်ကို ခံလိုက်ရသကဲ့သို့ ခန္ဓာကိုယ်တစ်ခုလုံးသာမက အသံများပင် တုန်တုန်ယင်ယင် ဖြစ်လာကြသည်။

သူတို့သည် ဤစကားများကို အားအင်အပြည့်သုံးကာ ထုတ်ပြောလိုက်ဟန်ရှိသည်။

အဆိပ်ငွေ့များသည် ပို၍ များပြားလာပြီး ၊ သူတို့၏ ခန္ဓာကိုယ်အတွင်းသို့ ရှူရှိုက်မိသည်နှင့် သွေးကြောများသည် ၎င်းတို့၏ အရေပြားမျက်နှာပြင်ပေါ်တွင် ဖောင်းကြွလာသည်။

သွေးကြောများ ဖောင်းကြွလာသည်နှင့် အမျှ ၊ သူတို့၏ အရေပြားများသည် ဤထူးဆန်းသောစွမ်းအား၏ တိုက်စားမှုကိုခံနေရသကဲ့သို့ တဖြည်းဖြည်း အစိမ်းရောင်ပြောင်းလဲလာသည်။

"အားးးးအားး......!!"

ကြေကွဲဖွယ်ကောင်းသော ဟစ်အော်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာပြီးနောက် ၊ ဤကျင့်ကြံသူအုပ်စုသည် အသက်ရှူမဝတော့ဘဲ မြေပြင်ပေါ် သို့ ဘုန်းခနဲ လဲကျသွားကာ ချက်ချင်းပင် အသက်မဲ့သွားကြသည်။

လူကို ပို၍ ကြောက်ရွံ့တုန်လှုပ်စေသည်မှာ ၊ အဆိပ်ငွေ့များသည်် ဤကျင့်ကြံသူများ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်နှင့်အမျှ ၊

အစိမ်းရောင်အဖြစ် ပြောင်းလဲသွားသော ၎င်းတို့၏ အရေပြားများသည် ဖြည်းညှင်းစွာ ကွဲထွက်လာပြီး၊ ယင်းအတွင်းမှ အစိမ်းရောင် အဆိပ်ပန်းများ တစ်ပွင့်ပြီးတစ်ပွင့် ပေါက်ထွက်လာသည်။

ပုံစံအရ ၊ ဤသေဆုံးသွားသော ကျင့်ကြံသူများသည် ဤအဆိပ်ပန်းများအတွက် မြေဩဇာများ ဖြစ်လာခဲ့ဟန်ရှိသည်။

" ဒါဘာတွေလဲ!?"

"အဆိပ်ပဲ! ဒါက စစ်မှန်အမတကိုတောင် တိုက်စားနိုင်တဲ့ အဆိပ်ပဲ! မြန်မြန် ရှောင်ကြ!"

တိုက်ပွဲဝင်နေသော တပည့်များလည်း ဤပြောင်းလဲမှုကို သတိပြုမိသွားကာ၊ နေရာတွင် ဆက်မနေရဲတော့ဘဲ အရပ်ရပ်သို့ ဆုတ်ခွာသွားကြသည်။

ဤမြင်ကွင်းကို မြင်လိုက်ရသော ထျန်းချန်လမ်းစဉ်ဂိုဏ်း၏ ထိပ်တန်းပါရမီရှင် ကျန်းယွီကျင်း နှင့် ချူးရှောင် တို့သည်လည်း မျက်နှာအမူအရာများ မကောင်းတော့ချေ။

"ဒါ ထျန်းယွီလော့ရုံ ဆိုတဲ့ကောင်မ ...သူ့ရဲ့ ကောင်းကင်အဆိပ်မရဏ ခန္ဓာကို အသက်သွင်းလိုက်တာပဲ!"

ကျန်ယွီကျင်း သည် ဒေါသတကြီး ကျိန်ဆဲလိုက်သည်။

" ဒီကောင်မက အစကတည်းက ဒီလောက်ကျယ်ပြန့်တဲ့ မှော်စွမ်းအားတွေကို ထုတ်လွှတ်လိုက်တာပဲ...ဒါ ငါတို့ ထျန်းချန်လမ်းစဉ်ဂိုဏ်းက လူတွေကိုရော အဆိပ်ခတ်သတ်ဖို့ လုပ်နေတာပဲမဟုတ်လား !"

"သူ့ကို ဂရုမစိုက်နေနဲ့! ထျန်းယွီလော့ရုံ ရဲ့ ဝင်ရောက်စွက်ဖက်မှုက ငါတို့အတွက် အကျိုးရှိနိုင်တယ်!"

ချူးရှောင် က ပြန်လည်ပြောဆိုလိုက်သည်။

"အခြေအနေက လွန်သွားပြီ၊ ဒီနေရာမှာ ဆက်နေလို့ မဖြစ်တော့ဘူး ! အခြေအနေ ရှုပ်ထွေးနေတုန်း ၊ ငါတို့ ဒီအခွင့်အရေးကို အသုံးချပြီး ထွက်ပြေးသင့်တယ်!"

ထိုစကားကို ကြားပြီးနောက် ၊ ကျန်းယွီကျင်း သည် ခဏစဉ်းစားလိုက်ပြီး ခေါင်းညိတ် လက်ခံလိုက်သည်။

ကွေးယွမ်အမတဂိုဏ်း နှင့် ယောင်ကွမ်အမတဂိုဏ်းတို့သည် တားမြစ်အင်အားစုများဖြစ်သည်နှင့်အလျောက်၊ ပါရမီရှင်တစ်ဦးချင်းစီ၏ ခွန်အားသည် အလွန်ပင် ထူးခြားသည်။

သူတို့သည် ကွေးယွမ်အမတဂိုဏ်း နှင့် ယောင်ကွမ်အမတဂိုဏ်းတို့ထက် လူဦးရေပိုများသော်လည်း ၊ အကြိမ်ပေါင်းများစွာ ထိပ်တိုက်ရင်ဆိုင်ပြီးနောက်တွင် သူတို့အတွက် မည်သည့်အားသာချက်မှ မရခဲ့ပေ။

သူတို့နှစ်ဦးသည်ပင် ဒဏ်ရာရရှိခဲ့သည်။

အကယ်၍ မဆုတ်ခွာပါက၊ သူတို့အားလုံးသည် ဤနေရာတွင် သေချာပေါက် အသတ်ခံရနိုင်သည်။

..........

ဝုန်း !!

အခြားတစ်ဖက်တွင် ၊

"နတ်ဘုရားမ အသက်ချမ်းသာပေးပါ.....!"

"ယောင်ကွမ် ကွေးရွှမ် လက်ဝါး!"

တောက်ပသော လက်ဝါးရိပ်ကြီးသည် ကောင်းကင်ယံမှ ကျဆင်းလာပြီး ကြောက်မက်ဖွယ်ကောင်းသော နိယာမလှိုင်းတံပိုးများကို ဖြစ်ပေါ်စေခဲ့သည်။

အသက်ချမ်းသာပေးရန် တောင်းဆိုသံသည် ပေါက်ကွဲသံအောက်တွင် တိတ်ဆိတ်ငြိမ်သက်သွားပြီး နတ်အလင်းများသည် မိုးမြေတစ်ခွင် လွှမ်းခြုံသွားသည်။

ဖုန်းယွင်လှံခန်းမ မှ လှံသူတော်စင် ပါရမီရှင်တစ်ဦးသည် လော့ရန်ယွီ၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ရသည်။

ထိုစဉ် လော့ရန်ယွီသည် စစ်မြေပြင်ဗဟိုမှ ပေါက်ကွဲထွက်လာသော စိမ်းပြာရောင် အဆိပ်ငွေ့များကို သတိပြုမိလိုက်သည်။

"အဲ့နေရာက....."

လော့ရန်ယွီ၏ မျက်နှာအမူအရာသည် သိသိသာသာ ပြောင်းလဲသွားပြီး ၊ သူမသည် စိတ်မထိန်းနိုင်တော့ဘဲ ဟစ်အော်လိုက်သည်။

"ချန်ကဲ!"

သို့သော် သူမအနေဖြင့် ဝင်စွက်ဖက်ရန် အချိန်မရလိုက်ပေ။

ဝုန်း !!

ကြောက်မက်ဖွယ် ကောင်းသော နတ်အလင်းများစွာသည် သူမဆီသို့ တည့်တည့်မတ်မတ် ကျရောက်လာခဲ့သည်။

"စူးချန်ကဲ ကို ကူညီချင်တာလား"

"အိပ်မက် မက်နေလိုက်!"

လာရောက်သူများမှာ ထျန်းယွမ်နတ်ဘုရားမင်းဆက် မှ လူများဖြစ်ပြီး၊ ယခုအချိန်တွင် သူတို့၏ မျက်နှာအမူအရာများသည် သေရန်အသင့်ဖြစ်နေသကဲ့သို့ ရူးသွပ်နေပုံပေါက်သည်။

မည်သို့ပင်ဖြစ်စေ ၊ ယွမ်ချန်းဟုန်သည် သူတို့ မင်းဆက်ဘုရင်၏ သားတော်တစ်ပါး ဖြစ်သည်။ သူသည် ဤနေရာတွင် သေဆုံးသွားပြီဖြစ်ရာ ၊ သူတို့အနေဖြင့် ဖြေရှင်းချက် မပေးနိုင်ပါက သူတို့လည်း ထိခိုက်နိုင်သည်။

သေရမည့်အတူတူ ၊ သူတို့နှင့်အတူ စူးချန်ကဲကိုပါ ဆွဲခေါ်သွားခြင်းသည် အကောင်း‌ဆုံး ဖြစ်ပေလိမ့်မည်။

"ဖယ်ကြစမ်း!"

လော့ရန်ယွီ သည် ဒေါသထွက်သွားပြီး ၊ သူမ၏ ပရမ်းပတာအန္တိမခန္ဓာ ကို တိုက်ရိုက် အသက်သွင်းလိုက်သည်။ ကျယ်ပြောလှသော ပရမ်းပတာ နယ်ပယ်စက်ဝန်းသည် ဒီရေအလား ပျံ့နှံ့သွားပြီး ၊ သူမရှေ့က လူများကို အသားတုံးများအဖြစ် ဖိနှိပ်လိုက်သည်။

သို့သော်လည်း ထျန်းယွမ်နတ်ဘုရားမင်းဆက်မှ လူများသည် ပို၍ များပြားလာပြီး ၊ သူမကို တားဆီးရန် ကြိုးစားလာကြသည်။

သူမ တစ်ယောက်တည်းတင်သာမက ၊ စူးချန်ကဲကို ကူညီလိုသူတိုင်း ထျန်းယွမ်နတ်ဘုရားမင်းဆက်မှ လူများ၏ တားဆီးခြင်းကို ခံနေရသည်။

မျက်စိတမှိတ်အတွင်းမှာပင် ၊ စစ်မြေပြင်သည် ပို၍ ထူးခြား‌ဆန်းကြယ်လာသည်။

ဖုန်းယွင်လှံခန်းမ နှင့် ထျန်းချန်လမ်းစဉ်ဂိုဏ်းမှ လူများသည် စစ်မြေပြင်မှ ဖောက်ထွက်ကာ ထွက်ပြေးရန် ကြိုးစားလာကြသည်။

ထျန်းယွမ်နတ်ဘုရားမင်းဆက် မှ ကျင့်ကြံသူများမှာမူ ၊ ကွေးယွမ်အမတဂိုဏ်း နှင့် ယောင်ကွမ်အမတဂိုဏ်း မှ လူများကို အသေအကြေ တိုက်ခိုက်နေလေ၏။

..........

အခြားတစ်ဖက်တွင်မူ ၊

စစ်မြေပြင် ဗဟိုတွင်၊

ထျန်းယွီလော့ရုံသည် ကောင်းကင်အဆိပ်မရဏခန္ဓာ ကို အသက်သွင်းလိုက်သည်နှင့် ၊ ဤနေရာရှိ မိုးမြေတစ်ခွင်လုံးသည် မှောင်မိုက်သော မြေအောက်ကမ္ဘာသို့ ဆွဲသွင်းခံလိုက်ရသည်။

စူးချန်ကဲသည် လှိုင်းထန်နေသော အဆိပ်ငွေ့များကြား နစ်မြုပ်သွားပြီး မည်သည့် လှုပ်ရှားမှုမှ မရှိတော့ချေ။

ထိုမြင်ကွင်းကို မြင်လိုက်ရသော ထျန်းယွီလော့ရုံ၏ နှုတ်ခမ်းထောင့်တွင် ပြက်ရယ်ပြုသော အပြုံးတစ်ခု လှစ်ဟသွားသည်။ ထို့နောက် သူမသည် ယွမ်ချန်းဟုန်၏ အလောင်းဆီသို့ လျှောက်သွားရင်း ညည်းညူးလိုက်သည်။

"အစကတော့ ရှင်နဲ့ ကောင်းကောင်းကြီး ပျော်ပါးချင်ခဲ့တာ၊ ဒါပေမယ့် ကံမကောင်းစွာပဲ ကျွန်မမှာ အရေးကြီးတဲ့ အလုပ်တွေ ရှိနေသေးတယ်"

"နောက်နေ့မှ ရှင့်ကို ပြန်အစားလျော်ပေးမယ်နော် ~"

"မင်းရဲ့ လက်ဆောင်ကို ကျွန်မ ဝမ်းမြောက်စွာနဲ့ လက်ခံလိုက်ပါတယ် ~"

ထိုသို့ပြောရင်း၊ ထျန်းယွီလော့ရုံ သည် ယွမ်ချန်းဟုန် ၏ အလောင်းကို လှမ်းကိုင်လိုက်သည်။

သို့သော် သူမ၏လက်က အလောင်းကို ထိတော့မည့်အချိန်မှာပင် ၊

အဆိပ်ငွေ့ မြူထုထဲမှ လက်ကြီးတစ်ဖက် ရုတ်တရက် ဆန့်ထွက်လာပြီး၊ သူမ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။

တစ်ချိန်တည်းမှာပင် ၊ စူးချန်ကဲ၏ ပေါ့ပါးသော ပြုံးရယ်သံကို ကြားလိုက်ရသည်။

" အို ၊ မင်းက အမှိုက်ကောက်သူလား "

" အမှိုက်ကောက်ဖို့ တကူးတက ရောက်လာတာလား"

တဖက်လူ၏ ပြုံးရယ်သံကို ကြားလိုက်ရသည်နှင့် ၊

ထျန်းယွီလော့ရုံ၏ နှလုံးသားတစ်ခုလုံး တုန်လှုပ်သွားပြီး ၊ ယခင်က ပန်းနုရောင်သန်းနေခဲ့သော သူမ၏ မျက်နှာသည် ဤအခိုက်အတန့်တွင် ဖြူဖျော့လာခဲ့သည်။

"နင်....နင် ဘယ်လိုလုပ်ပြီး ငါ့ အဆိပ်ငွေ့ရဲ့ လွှမ်းမိုးမှုကို မခံရတာလဲ!?"

အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်ရင်း ၊ ထျန်းယွီလော့ရုံ သည် သူမ၏လက်ကို စူးချန်ကဲ၏လက်ထဲမှ ရုန်းထွက်ရန် ကြိုးစားလိုက်သည်။

သို့သော် မည်သို့ပင် အားစိုက်ထုတ်စေကာမူ ၊ ရုန်းထွက်မရသည်ကို မြင်ပြီး သူမသည် အတော်လေး ထိတ်လန့်တုန်လှုပ်သွားသည်။

စူးချန်ကဲ၏ လက်သည် လေးလံသော သံညှပ်တစ်ခုကဲ့သို့ပင်။ တစ်ချက် ဆုပ်ကိုင်လိုက်သည်နှင့် ၊ သူမအနေဖြင့် နည်းလမ်းပေါင်းစုံ သုံးသည့်တိုင်အောင် ၎င်း၏လက်မှ မလွတ်မြောက်နိုင်ခဲ့ပေ။

" အဲ့လောက်ထိ လောနေဖို့မလိုဘူး ၊ ငါ မင်းကိုလည်း လိုက်ပို့ပေးရမလား"

ထိုစကားသံအဆုံးတွင်၊ စူးချန်ကဲသည် သူ့လက်မောင်းကို အားစိုက်ထုတ်လိုက်ပြီး ၊ ထျန်းယွီလော့ရုံကို တုံ့ပြန်ရန် အချိန်မပေးဘဲ သူမ၏လက်ကို ဆွဲကိုင်ကာ ခွေးတစ်ကောင်ကို ကိုင်ပေါက်သကဲ့သို့ မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ပစ်ချလိုက်သည်။

ဘုန်း !!

မိုးခြိမ်းသံကဲ့သို့ ဘုန်းခနဲ့ မြည်သံသည် အရပ်ရှစ်မျက်နှာတစ်ခွင်လုံးသို့ ကျယ်လောင်စွာ ပျံ့နှံ့သွားသည်။

တစ်ချိန်တည်းမှာပင် ၊ မြေကြီးသည် တုန်လှုပ်သွားပြီး၊ ပင့်ကူအိမ်ကဲ့သို့ အက်ကြောင်းများသည် နေရာအနှံ့ ပျံ့နှံ့သွားသည်။

ထျန်းယွီလော့ရုံ သည် အမျိုးသမီးဖြစ်သည်ကို စိတ်ထဲမထားဘဲ ၊ စူးချန်ကဲသည် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကိုင်ပေါက်လိုက်သည်။

၎င်း၏ အင်အားသည် ကြီးမားလွန်းသဖြင့် ၊ စူးချန်ကဲ၏ ခြေထောက်အောက်ရှိ မြေကြီးကိုပင် လုံးဝ ပြိုကျသွားစေသည်။

All Chapters