← Chapters

အသေးစား လှည့်ကွက်လေးပါပဲ

Vol. 59 Ch. 775

အသေးစား လှည့်ကွက်လေးပါပဲ

Vol. 59 Ch. 775

မကြာမီ၊ မြူမှိုင်းများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီးနောက် ၊

စူးချန်ကဲသည် ထိုမြေတွင်းကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။

"ဒါ ဘယ်လိုဖြစ်တာလဲ "

ထျန်းယွီလော့ရုံ သည် သူ မျှော်လင့်ထားသည့်အတိုင်း မြေကြီးအတွင်းသို့ နစ်မြှုပ်မသွားခဲ့ပေ။

ယင်းအစား ပင့်ကူအိမ်ကဲ့သို့ ကွဲအက်နေသော မြေတွင်းကြီးအတွင်း၌ စိမ်းပြာရောင် အရည်များ တသွင်သွင် စီးကျလျက် ၊ စူးရှပြီး ကြောက်မက်ဖွယ်ကောင်းသော ရနံ့များဖြင့် ပြည့်နှက်နေသည်။

လေထုထဲရှိ အဆိပ်ငွေ့နှင့် အလွန်ဆင်တူပြီး၊ ဤသည်မှာ အဆိပ်ရည် ဖြစ်ပုံရသည်။

"ဒီကောင်က... ကိုယ့်ခန္ဓာကိုယ်ကို အဆိပ်ရည်အဖြစ် ပြောင်းလဲနိုင်သေးတာလား"

အမျိုးမျိုးသော ပါရမီရှင်များကို မြင်တွေ့ဖူးသော စူးချန်ကဲသည်ပင် ယခုအချိန်တွင် အနည်းငယ် အံ့အားသင့်သွားသည်။

မိမိကိုယ်ကို အရည်အဖြစ် ပြောင်းလဲနိုင်သော ကိုယ်ထည်မျိုးကို သူ လုံးဝမှ မကြားဖူးခဲ့ချေ။

"ချန်ကဲ ဆက်ခံသူက တကယ်ကို ကြမ်းတမ်းတာပဲ ~ "

"မိန်းမတစ်ယောက်ကို ဒီလောက်ထိ ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံနေရင် .. မိန်းမတွေက မုန်းသွားမှာနော်~"

ထိုအချိန်တွင်၊ စူးချန်ကဲ နှင့် မဝေးသော မြေအက်ကြောင်းအတွင်းမှ စိမ်းပြာရောင် မြူမှိုင်းများ ထွက်ပေါ်လာပြီး ၊ နောက်ဆုံးတွင် ၎င်းတို့သည် ထျန်းယွီလော့ရုံ၏ ပုံသဏ္ဍာန်အဖြစ် ဖြည်းဖြည်းချင်း ဖွဲ့စည်းသွားခဲ့သည်။

ဘာမှမဖြစ်သကဲ့သို့ ပုံစံမျိုးဖြင့် စူးချန်ကဲ ကို အပြုံးမပျက် စိုက်ကြည့်နေလေ၏။

ထျန်းယွီလော့ရုံ သည် ဆွဲဆောင်မှုရှိပြီး အေးစက်သော ဟန်ပန်အနေအထားကို ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်သည်ဟု ထင်ရသော်လည်း ၊

သို့သော် ယခုအချိန်တွင် သူမ၏ နှလုံးသားသည် လှိုင်းလုံးကြီးများဖြင့် တုန်လှုပ်နေပြီ ဖြစ်သည်။

ကောင်းကင်အဆိပ်မရဏ ခန္ဓာ သည် သူမအား အမတနယ်မြေ တစ်ခုလုံးရှိ အဆိပ်အတောက်အရှိဆုံး ကောင်းကင်အဆိပ်စွမ်းအားကို ထိန်းချုပ်စေနိုင်ပြီး ၊ အဆိပ်အားလုံး၏ သခင်မ ဖြစ်လာစေသည်။

သူမ ဖွဲ့စည်းလိုက်သော ကောင်းကင်အဆိပ်သည် သက်တူရွယ်တူ ပါရမီရှင်များကို အဆိပ်ခတ်သတ်ဖြတ်နိုင်ရုံသာမက ၊

သူမ၏ မွေးရာပါညို့ဓာတ်အရိုးနှင့် ပေါင်းစပ်လိုက်ချိန်တွင် ၊ ၎င်း၏ ညို့ယူ စွမ်းအားကို ကောင်းကင်အဆိပ်ထဲတွင် ဖုံးကွယ်ထားခြင်းဖြင့် ပြင်းထန်သော စိတ်အာရုံချောက်ခြားစေသော အာနိသင်များကို ဖြစ်ပေါ်စေနိုင်သည်။

ကောင်းကင်အမတ အဆင့်ရှိ စွမ်းအားရှင်များပင်လျှင် ဤနေရာတွင် ရှိနေခဲ့မည်ဆိုပါက ၊ အဆိပ်မမိရင်တောင် သူမ၏ အဆိပ်ကြောင့် စိတ်အာရုံချောက်ခြားသည့် အခြေအနေထဲသို့ ကျရောက်သွားပေလိမ့်မည်။

ပြင်းထန်ပါက သတိမေ့မြောခြင်း ဖြစ်နိုင်ပြီး၊ အနည်းဆုံးတော့ စိတ်ဝိညာဉ် မျောလွင့်ခြင်း ဖြစ်စေနိုင်သည်။

ဒါပေမဲ့ ဒီကောင့်သား စူးချန်ကဲ က ဘာလို့ဘာမှမဖြစ်တာလဲ!?

သူမ ဖွဲ့စည်းလိုက်သော ကောင်းကင်အဆိပ်၏ လွှမ်းမိုးမှုကို အနည်းငယ်မျှ မခံရဘဲ၊ လူတစ်ယောက်လုံး ဘာမှမဖြစ်သကဲ့သို့ ခုန်ပေါက်နေလေ၏။

ဤကဲ့သို့ ဆန်းကြယ်သော ဖြစ်စဉ်သည် ထျန်းယွီလော့ရုံကိုပင် ထိန်းချုပ်မရနိုင်သည့် ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေသည်။

"ဟမ်! လှေက ဆောက်ပြီးမှတော့ မြစ်ကို ဖြတ်ကူးရတော့မှာပဲ ! "

ထျန်းယွီလော့ရုံ သည် အံကြိတ်ကာ တီးတိုးရေရွတ်လိုက်သည်။

" နည်းလမ်းမရှိဘူးဆိုလည်း ၊ ဒီဝှက်ဖဲကို သုံးရတော့မှာပဲ! "

စူးချန်ကဲ၏ အင်အားသည် သူမ တွေးထားသည်ထက် ကျော်လွန်နေသော်လည်း၊ သို့သော် သူမသည် စတင်ခဲ့ပြီး ဖြစ်ရာ ၊ မည်သို့ပင်ဖြစ်စေ ရလဒ်တစ်ခုတော့ ရှိရပေမည်။ သို့မဟုတ်ပါက ဤအရာအားလုံး အလဟဿ ဖြစ်ပေတော့မည်။

ယွမ်ချန်းဟုန် ၏ အလောင်းကို သူမ သေချာပေါက် ရယူမည်ဖြစ်ပြီး ၊ အကယ်၍ ထိုက်ချင်တာအိုရွှမ်၏ အသွေးကို ထုတ်ယူနိုင်ခဲ့မည်ဆိုပါက ၊ သူမ၏ အစွမ်းသတ္တိကို ပို၍ မြှင့်တင်နိုင်ပေလိမ့်မည်။

စူးချန်ကဲ တစ်ယောက်တည်းသာမက ၊ အမတနယ်မြေ၏ ဒဏ္ဍာရီလာ ပါရမီရှင်များစွာသည် သူမ၏ အာဏာစက်အောက်သို့ ကျရောက်လာပေတော့မည်။

............

တစ်ဖက်တွင်မူ ၊

စူးချန်ကဲသည်လည်း ထျန်းယွီလော့ရုံ ကို စူးစိုက်ကြည့်နေသည်။

သူ၏ အနက်ရှိုင်းဆုံး မျက်ဝန်းများထဲမှ ထူးဆန်းသော နတ်အလင်းရောင်တစ်ခု ဝင်းလက်တောက်ပသွားသည်။

ဤအခိုက်အတန့်တွင်၊ စူးချန်ကဲသည် အလုံးစုံသောလမ်းစဉ် ဗလာနိတ္ထိမျက်လုံးတော်၏ မူလစွမ်းအားဖြစ်သော လမ်းစဉ်ခွဲခြမ်းစိတ်ဖြာခြင်း ဖြင့် ရန်သူ၏ အားနည်းချက်ကို ခွဲခြမ်းစိတ်ဖြာရန် ကြိုးစားလိုက်သည်။

သူသည် ထျန်းယွီလော့ရုံမှ ဖန်တီးလိုက်သော ကောင်းကင်အဆိပ်၏ လွှမ်းမိုးမှုကို မခံရခြင်းမှာ အမှန်အားဖြင့် ရိုးရှင်းသည်။

သူတော်စင်ကိုယ်ထည်၏ အသွေးသည် မကောင်းသော အရာများကို တွန်းထုတ်ကာ အဆိပ်အားလုံးကို ခုခံနိုင်သော အစွမ်းသတ္တိရှိသည်။ စူးချန်ကဲ ပိုင်ဆိုင်ထားသော သူတော်စင် ကိုယ်ထည် ခုနစ်မျိုးရှိသည်ကို ထည့်ပြောစရာပင် မလိုတော့ချေ။

ထို့အပြင် အတုမရှိသော နတ်ဘုရားခန္ဓာ နှစ်မျိုးနှင့် ပုန်းကွယ်နေသော ကံကြမ္မာနိတ္ထိခန္ဓာကိုပါ ပေါင်းစပ်လိုက်လျှင်ဖြင့် ၊ ကောင်းကင်အဆိပ်သည် သူ့အပေါ်တွင် လွှမ်းမိုးမှုရှိခဲ့ရင်တောင်မှ များများစားစား မရှိနိုင်ပေ။

"သူက ဘာလို့ ယွမ်ချန်းဟုန် ရဲ့ အလောင်းကို လိုချင်နေတာလဲ"

ထိုနည်းတူစွာ ၊ စူးချန်ကဲသည်လည်း သူ့စိတ်ထဲ၌ မနေနိုင်ဘဲ မေးခွန်းထုတ်မိသည်။

"မဟုတ်မှလွဲရော .... သူမကလည်း ထိုက်ချင်တာအိုရွှမ်ခန္ဓာရဲ့ အသွေးကို စုပ်ယူချင်နေတာလား "

တစ်ဖက်လူသည် အဆိပ်ငွေ့များကို ထုတ်လွှတ်ပြီးနောက်၊ သူ့ကို ဆက်လက်တိုက်ခိုက်ခြင်း မပြုတော့ပေ။

ယင်းအစား သူမသည် ယွမ်ချန်းဟုန်၏ အလောင်းဆီသို့ လျှောက်သွားခဲ့ပြီး ၊ ၎င်းသည် စူးချန်ကဲ အတွက် တဖက်လူ၏ ရည်ရွယ်ချက်ကို ခွဲခြမ်းစိတ်ဖြာရန် လုံလောက်ခဲ့သည်။

ဝုန်း !!

ထိုအချိန်တွင်၊ ထျန်းယွီလော့ရုံ၏ စွမ်းအားများသည် နောက်တစ်ဖန် ပေါက်ကွဲထွက်လာသည်။

သူမ၏ ဘေးပတ်ပတ်လည်တွင် အစိုင်အခဲအဖြစ် ပြောင်းလဲသွားသော ရေစက်များသဖွယ် စိမ်းပြာရောင် အလင်းလုံးများ စုဝေးနေပြီး ၊ ၎င်းတို့၏ မျက်နှာပြင်သည် တလှပ်လှပ် ရိုက်ခတ်ကာ လှိုင်းထနေသည်။

"ဟားးဟား.... ရှင် ကျွန်မရဲ့ ကောင်းကင်အဆိပ်စွမ်းအားကို ဘယ်လိုဖြစ်ပြီး ခုခံနိုင်မှန်း မသိပေမယ့် ဒါပေမဲ့ ကျွန်မမှာ ချန်ကဲ ဆက်ခံသူ နဲ့ ဆက်ဆော့ဖို့ အချိန်မရှိတော့ဘူး"

"တောင်ပင်လယ်ကို အဆိပ်ဖြန့်ခြင်း!"

ထိုစကားသံအဆုံးတွင် ၊ ထျန်းယွီလော့ရုံ ၏ လှပသော မျက်ဝန်းများသည် အေးစက်စွာ ဝင်းလက်သွားပြီး ၊ သူမ၏ လက်ကို ဝှေ့ယမ်းလိုက်သည်။

ဝုန်း ! ဝုန်း !

ထျန်းယွီလော့ရုံ၏ ဘေးပတ်ပတ်လည်တွင် မျောလွင့်နေသော အဆိပ်ရေ အလင်းလုံးများသည် အထက်ကောင်းကင်မှ ကြွေကျလာသော ဥက္ကာခဲမိုးကဲ့သို့ စူးချန်ကဲထံ တည့်တည့်မတ်မတ် ကျဆင်းလာခဲ့သည်။

ဤစိမ်းပြာရောင် အဆိပ်ရည် အလင်းလုံးများသည် အသန့်စင်ဆုံး ကောင်းကင်အဆိပ်စွမ်းအားများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး၊ ယင်းအတွင်း၌ ပါဝင်သော အဆိပ်အာနိသင်သည် ကောင်းကင်အဆိပ်ငွေ့ထက် အဆပေါင်းများစွာ ပိုများသည်။

ကွဲအက်သံ......

ကောင်းကင်အဆိပ်စွမ်းအားဖြင့် ဖန်တီးထားသော အဆိပ်ရည်အလင်းလုံးများသည် ကောင်းကင်ယံကို ဖြတ်သန်းသွားသည်နှင့် အမျှ၊ ဟင်းလင်းပြင်သည် ၎င်း၏တိုက်စားခြင်းကို ခံလိုက်ရသကဲ့သို့ အနည်းငယ် ပုံပျက်ကာ ကွဲအက်သွားသည်။

ဤအကွက်ကို အသုံးပြုပြီးနောက်၊ ထျန်းယွီလော့ရုံ၏ မျက်နှာအမူအရာသည် အနည်းငယ် ဖြူဖျော့လာသည်။ သူမသည် ဤလှုပ်ရှားမှုကြောင့် စွမ်းအားအများစု ဆုံးရှုံးသွားပုံရသည်။

သို့သော် ယခုအချိန်တွင် သူမ၏ နှုတ်ခမ်းထောင့်တွင် ဆိုးသွမ်းသော အပြုံးတစ်ခုကို ချိတ်ဆွဲထားသည်။

"ဟားးဟားး..... ဒီလောက်ထိ သိပ်သည်းပြီး ကျယ်ပြန့်တဲ့ တိုက်ခိုက်မှုကို ခြင်တစ်ကောင်တောင် ရှောင်နိုင်မှာ မဟုတ်ဘူး!"

ထိုသို့ပြောလိုက်သော်လည်း ၊ ထျန်းယွီလော့ရုံ အနေဖြင့် အချိန်မဆွဲဝံ့ပေ။

ဝှစ်!!

သူမသည် အလွန်လျင်မြန်သော အရှိန်နှုန်းဖြင့် ယွမ်ချန်းဟုန်၏ အလောင်းဆီသို့ ပြေးဝင်သွားသည်။

အကြောင်းမှာ ဤနေရာရှိ စစ်ပွဲအခြေအနေသည် ရှုပ်ထွေးနေပြီး၊ ယောင်ကွမ်အမတဂိုဏ်း နှင့် ကွေးယွမ်အမတဂိုဏ်းတို့၏ ပါရမီရှင်များလည်း ရှိနေသောကြောင့် ညတာရှည် အိမ်မက်မများစေရန် ဤကိစ္စကို အမြန်ဆုံး ဖြေရှင်းခြင်းက ပိုကောင်းသည်။

သို့သော် သူမ လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် ၊ စူးချန်ကဲ၏ ပေါ့ပါးသော ပြုံးရယ်သံသည် ကောင်းကင်နှင့်မြေကြီးကြားတွင် နောက်တစ်ဖန် ပဲ့တင်ထပ်သွားသည်။

" အသေးစား လှည့်ကွက်လေးပါပဲ "

ထိုစကားကို ကြားလိုက်ရချိန်တွင် ထျန်းယွီလော့ရုံသည် မသိစိတ်မှ စူးချန်ကဲရှိရာ ဦးတည်ရာဘက်ဆီသို့ လှမ်းကြည့်လိုက်သည်။

သို့သော် သူမ၏မျက်လုံးအိမ်များသည် အလိုအလျောက် ကျုံ့ဝင်သွားသည်။ စူးချန်ကဲ သည် ဥက္ကာမိုးအလား ရွာသွန်းနေဟန်ရှိသည့် သိပ်သည်းစွာ ကျဆင်းနေသော အဆိပ်ရည်အလင်းလုံးများကို ရင်ဆိုင်ရင်း ၊

တစ်ချက်‌လေးမှ ရှောင်တိမ်းခြင်းမရှိဘဲ ရှေ့သို့ လျှောက်လှမ်းလာသည်ကို မြင်လိုက်ရသည်။

ဤနေရာတွင် လူအရမ်းများလွန်းပြီး ၊ မလိုလားအပ်သော အာရုံများကိုဆွဲဆောင်မိနိုင်သောကြောင့် ၊ စူးချန်ကဲ သည် အလုံးစုံသောလမ်းစဉ်၏ ဗလာနိတ္ထိမျက်လုံးတော် သို့မဟုတ် အမတနတ်ဘုရားနတ်ဆိုး စုပေါင်းနှလုံးသား ကို အသုံးပြုရန် ရည်ရွယ်မထားခဲ့ပေ။

သို့သော် ယခုအခါတွင် တဖက်လူသည် မိမိအတွက် အဆိပ်ငွေ့ မြူမှိုင်းများကို ဖန်တီးပေးခဲ့သည်။ ဤသည်မှာ မိမိအတွက် ပြီးပြည့်စုံသော စင်မြင့်တစ်ခုကို ဆောက်လုပ်ပေးလိုက်ခြင်းပင် မဟုတ်လော။

" အရမ်းကြီး ဆူညံမသွားအောင် ဗလာနိတ္ထိမျက်လုံးတော် ရဲ့ စွမ်းအားကို အစွမ်းကုန် မသုံးနိုင်ပေမယ့်....."

စူးချန်ကဲ သည် စိတ်ထဲတွင် တီးတိုးရေရွတ်လိုက်သည်။

"ဒါပေမဲ့ ဝင်သက်ထွက်သက် တစ်ချက်စာနဲ့တင် အချိန် လုံလောက်တယ်!"

နောက်အခိုက်အတန့်တွင် ၊

စူးချန်ကဲ၏ နက်ရှိုင်းကျယ်ပြန့်သော မျက်ဝန်းတစ်စုံမှ အဆုံးမရှိသော အလင်းတန်းများ ဖြာထွက်လာခဲ့သည်။

အဆုံးမရှိသော မဟာလမ်းစဉ်ပုံစံများသည် ယင်းအတွင်း၌ ပေါင်းစည်းနေကာ အဆုံးတွင် ရှေးဟောင်းပုံစံတစ်ခုအဖြစ် ဖွဲ့စည်းသွားကြသည်။

ဤဝှက်ဖဲကို မဖော်ထုတ်မိစေရန် စူးချန်ကဲ သည် ဗလာနိတ္ထိမျက်လုံးတော်၏ စွမ်းအားကို အစွမ်းကုန် မပေါက်ကွဲခဲ့ချေ။

All Chapters