← Chapters

ကိုယ့်ကိုယ်ကို ဖောက်ခွဲခြင်း

Vol. 59 Ch. 777

ကိုယ့်ကိုယ်ကို ဖောက်ခွဲခြင်း

Vol. 59 Ch. 777

"သွား!"

ထျန်းယွီလော့ရုံ ၏ အမိန့်ပေးသံအောက်တွင် ၊အဆိပ်တစ်သောင်း နတ်ဘုရားပိုးကောင်သည် အမိန့်တစ်ခုကို လက်ခံရရှိလိုက်ပုံရသည်။

ဝီ!!

သူ၏ ဘေးပတ်ပတ်လည်ရှိ ကြောက်မက်ဖွယ်ကောင်းသော စိမ်းပြာရောင်အလင်းသည် လျှပ်တပြတ် လင်းလက်သွားပြီး ၊ ဒူးလေးမှ ပစ်လွှတ်လိုက်သော မြားတစ်စင်းကဲ့သို့ အလွန်မြန်ဆန်သော အရှိန်နှုန်းဖြင့် စူးချန်ကဲဆီသို့ ပြေးဝင်သွားသည်။

ထိုအရာကို မြင်လိုက်ရသော စူးချန်ကဲ၏ မျက်လုံးများသည် အေးစက်စွာ တောက်ပသွားသည်။

ထျန်းယွီလော့ရုံသည် ယွမ်ချန်းဟုန်ထက် များစွာ ကိုင်တွယ်ရခက်ပေသည်။

သူမတွင် ထူးခြားသော ဖွဲ့စည်းပုံရှိရုံသာမက ၊ ယခုအခါတွင် ဤမျှ ထူးဆန်းသော အဆိပ်ပိုးကောင်ကိုလည်း ဆင့်ခေါ်နိုင်သေးသည်။

ရွှမ်း ရွှမ်း!!

စူးချန်ကဲသည် သတိလက်လွတ်မဖြစ်ဝံ့‌ပေ။ သူ၏လက်ကောက်ဝတ်ကို တစ်ချက်လှုပ်လိုက်ရုံဖြင့် ထက်မြက်သော ဓားအလင်းများစွာ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ နောက်ဆုံးတွင် ၎င်းတို့သည် တောက်ပသော ဓားပိုက်ကွန် တစ်ခုအဖြစ် ဖွဲ့စည်းသွားပြီး အဆိပ်တစ်သောင်း နတ်ဘုရားပိုးကောင်အား ဖြတ်တောက်လေသည်။

သို့သော် အဆိပ်တစ်သောင်း နတ်ဘုရားပိုးကောင်သည် မျှော်လင့်ထားသကဲ့သို့ ဓားစွမ်းအင်ဖြင့် အပိုင်းပိုင်း ခုတ်ထစ်ခံရသည့် မြင်ကွင်းမျိုး မဖြစ်ပေါ်ခဲ့ချေ။

သတ္တုချင်း တိုက်မိသံကိုသာ ကြားလိုက်ရပြီး၊ အဆိပ်တစ်သောင်း နတ်ဘုရားပိုးကောင်၏ ခန္ဓာကိုယ်ပေါ်တွင် မီးပွားများစွာ ပေါက်ကွဲထွက်လာသည်။

၎င်းကို အပိုင်းပိုင်း ဖြတ်တောက်ရန်ပင်မဆိုနှင့် ၊ အနည်းငယ်မျှသော အမှတ်အသားတစ်ခုပင် မကျန်ရစ်ခဲ့ပေ။

"ဒါ တကယ်ပဲ ဘာကောင်လဲ"

စူးချန်ကဲ၏လုပ်ရပ်သည် အဆိပ်တစ်သောင်း နတ်ဘုရားပိုးကောင်ကို လုံးဝ ဒေါသထွက်စေခဲ့သကဲ့သို့ ရှိကာ ၊ လက်မဝက်ခန့် ရှည်သော အဆိပ်ပိုးကောင်ထံမှ မြွေတစ်ကောင်ကဲ့သို့ တရွှီးရွှီးအသံများ ထွက်ပေါ်လာခဲ့သည်။

နောက်ဆုံးတွင် ၎င်းသည် ပါးစပ်ကို ကျယ်ကျယ်ဟလိုက်ပြီး ၊ တာဘိုင်ရဟတ်ကဲ့သို့ သိပ်သည်းကျစ်လျစ်စွာ ပေါက်နေသော သွားအချွန်များကို ထုတ်ဖော်ပြသလိုက်သည်။

ဟူး——

တစ်ချိိန်တည်းမှာပင် ၊ အဆိပ်တစ်သောင်း နတ်ဘုရားပိုးကောင်သည် ကောင်းကင်အဆိပ်စွမ်းအားနှင့် ယှဉ်နိုင်သော မဲနက်နေသော အဆိပ်ငွေ့များကို မှုတ်ထုတ်လိုက်သည်။ ၎င်း၏ ခြယ်လှယ်မှုအောက်တွင် ၊ မဲနက်သော အဆိပ်ငွေ့များသည် သူ၏ ခန္ဓာကိုယ်ဘေးပတ်ပတ်လည်တွင် ဝန်းရံလျက်ရှိသည်။

၎င်းသည် အဆိပ်ငွေ့ အကာအကွယ် တစ်ခုနှင့် တူပြီး ၊ ဒါတင်မက စူးချန်ကဲ၏ တိုက်ခိုက်မှုကိုပင် ခုခံနိုင်သေးသည်။

ထို့အပြင် မူလကတည်းက မည်သည့်အရာကမှ မဖျက်ဆီးနိုင်သော သူ၏ခန္ဓာကိုယ်နှင့် တွဲဖက်လိုက်ချိန်တွင် ၊ စူးချန်ကဲအနေဖြင့် ဘာမှမတတ်နိုင်ခဲ့ပေ။

ထို့အပြင် ထျန်းယွီလော့ရုံသည် လက်တစ်ထောင် ကွမ်ယင်ရုပ်ထုကို အဆက်မပြတ် ထိန်းချုပ်ကာ တိုက်ခိုက်နေသောကြောင့် ၊ နှစ်ဖက်ညှပ် တိုက်ခိုက်မှုအောက်တွင် ၊ စူးချန်ကဲအနေဖြင့် ရှောင်ဖယ်ရန် နည်းလမ်းမရှိခဲ့ပေ။

ဤမျှအန္တရာယ်ရှိသော အခြေအနေအောက်တွင်၊ စူးချန်ကဲ သည် ထျန်းယွီလော့ရုံအနေဖြင့် မျှော်လင့်မထားသော လုပ်ရပ်တစ်ခုကို လုပ်ဆောင်ခဲ့သည်။

စူးချန်ကဲသည် အဆိပ်တစ်သောင်း နတ်ဘုရားပိုးကောင်၏ ကိုက်ခဲမှုကို လျစ်လျူရှုကာ၊ ကြောက်မက်ဖွယ်ရာ ကောင်းသော ဓားစွမ်းအင်များကို ကောင်းကင်လမ်းစဉ် အာဏာစက်ဓား ပေါ်တွင် စုစည်းလိုက်သည်။

ထျန်းယွီလော့ရုံပင် ဖမ်းယူရန် ခဲယဉ်းသော အရှိန်ဖြင့် သူမရှေ့သို့ ချက်ချင်းလက်ငင်း ရောက်ရှိသွားသည်။

"ဖြတ် !"

စူးချန်ကဲ၏ ရေရွတ်သံအပြီးတွင် ၊တောက်ပသော ဓားအရိပ်များသည် အာကာသဟင်းလင်းပြင်တွင် အပြန်အလှန် ဖြတ်တောက်ကာ စုဝေးသွားပြီး ၊ အဆုံးတွင် နေခင်းဘက်သဖွယ် လင်းထိန်သွားစေသော ဓားအလင်းတန်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ထို့နောက် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များဖြင့် ထျန်းယွီလော့ရုံ၏ လည်ပင်းဆီသို့ ခုတ်ပိုင်းချလိုက်သည်။

စုတ်ပြဲသံ!!

ရုတ်တရက်၊ အသွေးအသားစုတ်ပြဲသံသည် မိုးမြေတစ်ခွင်လုံးတွင် ပဲ့တင်ထပ်သွားပြီး၊ သွေးများ ပန်းထွက်လာခဲ့သည်။

စူးချန်ကဲ၏ ဓားသည် ထျန်းယွီလော့ရုံ၏ လည်ကို ထိမှန်ကာ၊ ပူပြင်းသော သွေးများသည် သူမ၏ လည်ပင်းမှ ထိန်းမနိုင်သိမ်းမရ စီးကျလာလေသည်။

သို့သော် သူမကို ရင်ဆိုင်ရင်း ၊ တစ်ချိန်တည်းမှာပင် စူးချန်ကဲသည်လည်း အဆိပ်တစ်သောင်း နတ်ဘုရားပိုးကောင်၏ ကိုက်ခဲခြင်းကို ခံလိုက်ရသည်။

ဤမြင်ကွင်းကို မြင်လိုက်ရသော ထျန်းယွီလော့ရုံသည် သေဆုံးခါနီး စိတ်ပျက်အားငယ်မှု မရှိဘဲ၊ ဆန့်ကျင်ဘက်အနေဖြင့် သူမ၏ နှုတ်ခမ်းများသည် လှည့်စားအောင်မြင်သွားသော အပြုံးတစ်ခု အဖြစ် ကွေးညွှတ်သွားသည်။

"စူးချန်ကဲ...အဆိပ်တစ်သောင်း နတ်ဘုရားပိုးကောင်ရဲ့ အဆိပ်တွေက နင့်ရဲ့ ခန္ဓာကိုယ်ထဲကို ဝင်ရောက်သွားပြီ၊ နင့်ရဲ့ သေချိန် ရောက်ပြီ!"

"နောက်ဆုံးအနိုင်ရတဲ့သူက.... ငါပဲ!"

ထိုစကားသံအဆုံးတွင် ၊

ထျန်းယွီလော့ရုံ၏ တစ်ကိုယ်လုံးသည် စိမ်းပြာရောင်အလင်းများဖြင့် တောက်ပလာပြီး ၊ သူမ၏ရောင်ဝါသည် အလွန်အမင်း မြင့်တက်လာခဲ့သည်။

ဤစွမ်းအား၏ လွှမ်းမိုးမှုအောက်တွင်၊ ဤနေရာ တစ်ခုလုံးကို ဖုံးလွှမ်းထားသော အဆိပ်ငွေ့များသည် မငြိမ်မသက်ဖြစ်ကာ အရူးအမူး တိုးဝှေ့လာကြသည်။

ဝုန်း ——!!

ထျန်းယွီလော့ရုံ၏ ခန္ဓာကိုယ်သည် ရုတ်တရက် ပေါက်ကွဲထွက်သွားပြီး၊ ပို၍ပင် ကြောက်စရာကောင်းသော အဆိပ်ငွေ့ များသည် နေရာအနှံ့ ပျံ့နှံ့သွားလေသည်။

"သေစမ်း! အဆိပ်သုံးတဲ့လူက ကိုယ့်ကိုယ်ကို ဖောက်ခွဲပစ်လိုက်ပြီ! ဒီနေရာကနေ မြန်မြန်ထွက်ခွာကြ!"

စစ်မှန်အမတ နယ်ပယ် အဆင့်(၉)ရှိသူ တစ်ယောက်မှ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲနိုင်သည့် စွမ်းအားသည် မူလကတည်းက အလွန်ပင် ကြောက်မက်ဖွယ်ကောင်းသည် ။

ထို့အပြင် အရူးအမူး တိုးဝှေ့လာသော အဆိပ်ငွေ့ သမုဒ္ဒရာနှင့် ပေါင်းစပ်လိုက်မည်ဆိုပါက ၊ အဆိပ်များ ဖြတ်သန်းသွားချိန်တွင် လောကရှိ အားလုံးသည် ငြိမ်သက်သွားနိုင်ဟန် ရှိသည်။

စစ်မြေပြင်အတွင်းရှိ ကျင့်ကြံသူများမှာလည်း ထိတ်လန့်တုန်လှုပ်သွားကြပြီး ၊ မိမိတို့၏ မှော်စွမ်းအားများကို အလျင်အမြန် အသက်သွင်းကာ စစ်မြေပြင်မှ နောက်သို့ အသီးသီး ဆုတ်ခွာသွားကြသည်။

ထိပ်တန်းပါရမီရှင်များမှာမူ ၊ မိမိတို့၏ ကာကွယ်ရေးမှော်အတတ်ကို အသက်သွင်းကာ ယင်းအတွင်း၌ ကိုယ့်ကိုယ်ကို ကာကွယ်ထားကြသည်။

"ချန်ကဲ!"

စစ်မြေပြင်ပေါ်ရှိ လော့ရန်ယွီသည် ဟစ်အော်လိုက်ပြီး ၊ ပေါက်ကွဲမှု၏ ဗဟိုချက်ထဲသို့ ပြေးဝင်ရန် ကြိုးစားခဲ့သည်။

"နတ်ဘုရားမ! အဲ့ဒီမှာ အန္တရာယ်ရှိတယ်!"

ယောင်ကွမ်အမတဂိုဏ်း မှ ကျင့်ကြံသူများသည် နတ်အလင်းတန်းတစ်ခုအဖြစ် ချက်ချင်း ပြောင်းလဲကာ လော့ရန်ယွီ၏ ရှေ့သို့ ရောက်ရှိလာကြပြီး သူမကို တားဆီးခဲ့သည့်အပြင် ၊

အခြားကျင့်ကြံသူများက သူမတို့၏ လက်နှစ်ဖက်ဖြင့် လက်သင်္ကေတ အစီအရင်ကို အလျင်အမြန် ဖွဲ့စည်းကာ လော့ရန်ယွီနှင့် အခြားသူများကို ကာကွယ်ပေးထားကြသည်။

ချက်ချင်းဆိုသလိုပင် ၊ တိုးဝှေ့လာသော အဆိပ်ငွေ့များသည် နေရာအနှံ့ ဖုံးလွှမ်းသွားခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော အဆိပ်ငွေ့များ၏ တိုက်စားမှုအောက်တွင် ၊ အကာအကွယ်များသည် မရေမတွက်နိုင်သော အက်ကြောင်းများ ဖြစ်ပေါ်ခဲ့လာသည်။

..........

ဟွ‌ရှင်းရှေးဟောင်းမြို့တစ်ခုလုံး ရှုပ်ထွေးနေစဉ်၊

ဤနေရာမှ အလွန်ဝေးကွာသော နေရာတစ်ခုတွင် ၊

အလျင်အမြန် ထွက်ပြေးနေသော ထျန်းချန်လမ်းစဉ်ဂိုဏ်း မှ တပည့်တစ်ဦးသည် ရုတ်တရက် ရပ်တန့်သွားပြီး ၊ အလွန် နာကျင်နေသော အမူအရာဖြင့် သူ့ရင်ဘက်သူ ဖိထားသည်။

"အားအား....."

ထိုတပည့်၏ ကြေကွဲဖွယ်ရာ အော်ဟစ်သံနှင့်အတူ ၊ ဖျက်ခနဲ့ ကြည်လင်သော အသံတစ်ချက် ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။

ထိုတပည့်၏ ရင်ဘတ်နေရာတွင် လက်သီးဆုပ်စာ အရွယ်ရှိ သွေးပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာပြီး၊ ထူးဆန်းသည့် အရာတစ်ခုသည် သူ၏ရင်ဘတ်ထဲမှ ပျံထွက်လာသည်။

ထိုအရာသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်နှင့် ၊ စိမ်းပြာရောင်အရည်အဖြစ် ပြောင်းလဲသွားကာ အထူးစွမ်းအားတစ်ခု၏ လွှမ်းမိုးမှုအောက်တွင် နောက်ဆုံး၌ အဆိပ်ငွေ့များအဖြစ် ပြောင်းလဲသွားသည်။

အဆိပ်ငွေ့များသည် ဆက်လက် ရောနှောစုဝေးလာပြီး နောက်ဆုံးမှာ လူသားပုံရိပ်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ထိုသူမှာ ထျန်းယွီလော့ရုံ ပင်ဖြစ်သည်။

ယခုအချိန်တွင် ထျန်းယွီလော့ရုံ၏ ရောင်ဝါသည် လွန်စွာ အားနည်းနေပြီး ၊ ကျင့်ကြံမှုပင် နှစ်ဆင့် ကျဆင်းသွားသည်။

ယခင်က စစ်မှန်အမတ နယ်ပယ် အဆင့်(၉)သည် ယခုအခါတွင် စစ်မှန်အမတ နယ်ပယ် အဆင့်(၇) အဖြစ်သို့ ရောက်ရှိသွားခဲ့သည်။

ယခုအချိန်တွင် ထျန်းယွီလော့ရုံ၏ မျက်နှာအမူအရာသည် အလွန်ပင် ဖြူဖျော့နေကာ ၊ ခန္ဓာကိုယ်သည် ထိန်းမနိုင်သိမ်းရ တုန်တုန်ယင်ယင် ဖြစ်နေသည်။

"လူ့ဘီလူးကောင် ! စူးချန်ကဲ ဆိုတဲ့ကောင် လူ့ဘီလူးကောင်!"

"ငါ့ကို ရာနဲ့ချီ သန့်စင်မွေးမြူထားတဲ့ အဆိပ်တစ်သောင်း နတ်ဘုရားပိုးကောင်ကို ထုတ်သုံးခိုင်းရုံတင်မကဘူး.... နောက်ဆုံး သေခြင်းရှင်ခြင်း ပြောင်းလဲခြင်းပိုးကောင်ကိုပါ ထုတ်သုံးခဲ့ရတယ် "

ထျန်းယွီလော့ရုံသည် ဤသေခြင်းရှင်ခြင်း ပြောင်းလဲခြင်းပိုးကောင် ကို ကြီးမားသော ကြိုးပမ်းအားထုတ်မှုဖြင့် အလွန်ရှေးကျသော လျှို့ဝှက်နယ်မြေတစ်ခုမှ ရယူထားခြင်းဖြစ်သည်။

နှစ်ပေါင်းများစွာ အားစိုက်ထုတ်၍ မွေးမြူခဲ့ရပြီး၊ ကောင်းကင်ဘုံကို အံတုနိုင်သည့် ပိုးကောင်တစ်မျိုး ဖြစ်သည်။

ဤပိုးကောင်ကို သားပိုးနှင့် မိခင်ပိုးဟူ၍ ခွဲခြားထားသည်။ သေစေလောက်သော အန္တရာယ်နှင့် ရင်ဆိုင်ရချိန်တွင် မိခင်ပိုးသည် မိမိအတွက် ထိုးနှက်ချက်ကို ခံယူပေးကာ ၊ ထို့နောက် သားပိုးသည် အခြားသူ၏အလောင်းကို ငှားယူခြင်းဖြင့် မိမိသည် ပြန်လည်ရှင်သန်နိုင်သည်။

ဤသည်မှာ ဒဏ္ဍာရီလာ ဇာမဏီငှက်၏ ပြန်လည်မွေးဖွားခြင်းနှင့်လည်း တူညီပြီး၊ ဘေးထွက်ဆိုးကျိုးအနေဖြင့် မိမိ၏ ကျင့်ကြံမှုသည် ကျဆင်းသွားမည် ဖြစ်သည်။

ခဏတာ စိတ်မသက်မသာဖြစ်ပြီးနောက်၊ ထျန်းယွီလော့ရုံ၏ နှုတ်ခမ်းထောင့်တွင် ဆိုးညစ်သော အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။

"ဒါပေမဲ့လည်း ဒီအရာအားလုံးအတွက် တန်ပါတယ်....."

ထိုသို့ပြောရင်း၊ သူမသည် သွေးစွန်းနေသော အရာဝတ္ထုတစ်ခုကို သူမ၏ရင်ခွင်ထဲမှ ထုတ်ယူလိုက်သည်။ အတိအကျဆိုရလျှင်ဖြင့် ၊ ၎င်းမှာ နှလုံးသားတစ်ခု ဖြစ်သည်။ ဤသည်မှာ ယွမ်ချန်းဟုန်၏ နှလုံးသားပင်တည်း ။

All Chapters