← Chapters

တားမြစ်စူးမိသားစု၏ အစွမ်းထက်ဆုံး ရှေးဘိုးဘေး၊ စူးရွှမ်ယွမ်

Vol. 59 Ch. 780

တားမြစ်စူးမိသားစု၏ အစွမ်းထက်ဆုံး ရှေးဘိုးဘေး၊ စူးရွှမ်ယွမ်

Vol. 59 Ch. 780

တစ်ချိန်တည်းမှာပင် ၊

မဟာလမ်းစဉ် အာကာသအတွင်း ပုန်းကွယ်နေသော ပီယွီ့ကောင်းကင်အရှင် သည်လည်း ဤဆန်းကြယ်သော မြင်ကွင်းကို တစ်လျှောက်လုံး မျက်မြင်ကြုံတွေ့ခဲ့ရသည်။

သူမ၏ စိတ်ထဲတွင် ခံစားချက်တစ်ခု ဖြစ်ပေါ်ကာ ညည်းညူလိုက်သည်။

“စူးချန်ကဲ ဆိုတဲ့ကောင် နဂိုကတည်းက ကောင်းကင်ဘုံကို အန်တုနိုင်တဲ့ အစွမ်းအစရှိတာ ထားပါတော့......အခုကံကြမ္မာကပါ ကောင်းကင်ဘုံကို အန်တုနိုင်တယ် “

“အသက်စွမ်းအားကို ဖွဲ့စည်းနိုင်တဲ့ သံမဏိစက်ရုပ် တစ်ကောင်နဲ့တောင် မိတ်ဆွေဖြစ်လိုက်သေးတယ်”

သူမသည် စူးချန်ကဲအား အဆိပ်တစ်သောင်းစွမ်းအားကို ဖယ်ရှားရန် အဘယ့်ကြောင့် မကူညီခဲ့သနည်း။

အဘယ်ကြောင့်ဆိုသော် သူမ၏ အဓိကတာဝန်မှာ မျိုးဆက်ဟောင်းများ ဝင်ရောက်စွက်ဖက်ခြင်းကို တားဆီးရန်သာ ဖြစ်သည်။

စူးချန်ကဲသည် အဆိပ်ခတ်ခံလိုက်ရသော်လည်း ၊ ဤသည်မှာ မျိုးဆက်သစ် လူငယ်များကြားက ပြိုင်ဆိုင်မှုကြောင့် ဖြစ်သည်။

ထို့အပြင် အရေးကြီးဆုံးအရာမှာ စူးချန်ကဲသည် သတိလစ်သွားပြီး နာကျင်နေပုံရသော်လည်း ၊

အမှန်အားဖြင့်၊ ဤအဆိပ်တစ်သောင်းစွမ်းအားသည် စူးချန်ကဲအပေါ် အသက်သေစေလောက်သည့်အထိ သက်ရောက်မှုမရှိပေ။

စူးချန်ကဲ၏ ခန္ဓာကိုယ်အတွင်း၌ အဆိပ်တစ်သောင်းစွမ်းအားကို အဆက်မပြတ် တိုက်စားကာ စုပ်ယူနေသည့် လျို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခု ရှိနေသည်ကို သူမ ခံစားမိသည်။

အသက်စွမ်းအား မရှိခဲ့ရင်တောင် ၊ စူးချန်ကဲသည် သူ့ကိုယ်သူ ပြန်လည်ထိန်းညှိနိုင်သည်။ အများဆုံး ရက်အနည်းငယ် သတိလစ် မေ့မျောနေရုံမျှသာ ဖြစ်ပေမည်။

“ကျွတ် ကျွတ်..... လောကကြီး ဒီလို သားရဲတစ်ကောင်ကို ဘယ်လိုများ မွေးထုတ်ခဲ့လဲ မသိဘူး.....”

ပီယွီ့ကောင်းကင်အရှင်သည် စူးချန်ကဲ ကို ကြည့်ရင်း အံ့ဩမှင်သက်နေမိသည်။

အဆိပ်တစ်သောင်း နတ်ဘုရားပိုးကောင်သည် အမတနယ်မြေ ၏ ရှေးအကျဆုံး ပိုးကောင်တစ်မျိုးဖြစ်ပြီး၊ ကိုက်ခံရသူတိုင်း ချက်ချင်း သေဆုံးကာ ခဏလေးအတွင်း စိမ်းပြာရောင်ရေအိုင်အဖြစ် ပြောင်းလဲသွားမည်ဟု ဆိုကြသည်။

သို့သော် စူးချန်ကဲသည် အဆိပ်ပိုးကောင်၏ ကိုက်ခဲခြင်းကို ခံရပြီးသည့်တိုင် ၊ ချက်ချင်း သေဆုံးသွားခြင်း မရှိဘဲ၊ ဤမျှကြာအောင် ခံနိုင်ရည်ရှိခဲ့သည်။

နောက်ဆုံးတွင် သူ၏ ကိုယ်ပိုင်အသွေး စွမ်းအားကို အားကိုးကာ လက်ရှိ အမတနယ်မြေတွင်ပင် မဖြေရှင်းနိုင်သည့် အဆိပ်တစ်သောင်း နတ်ဘုရားပိုးကောင်၏ အဆိပ်အာနိသင်ကို စုပ်ယူနိုင်ခဲ့သည်။

ဤသည်မှာ ရှေးယခင်မှ ယနေ့အချိန်ထိ တစ်ခါမှ မကြားဖူးသော အရာသာဖြစ်သည်။

……….

တစ်ချိန်တည်းမှာပင်။

စူးချန်ကဲ၏ ရုပ်ခန္ဓာသည် သတိလစ်နေသော်လည်း၊ သူ၏ စိတ်ဝိညာဉ်သည် အခြားအသိစိတ်နယ်မြေတစ်ခု အတွင်းသို့ ဝင်ရောက်သွားသည်။

ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မိုက်နေပြီး ၊ အဖြူရောင် မြူခိုးများဖြင့် ဖုံးလွှမ်းနေသည်။

“ဒီနေရာက ဘယ်နေရာလဲ”

ဤစိမ်းသက်သော မြင်ကွင်းကို မြင်လိုက်ရသော စူးချန်ကဲသည် အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး တီးတိုးရေရွတ်လိုက်သည်။

“ ငါ အခြားအသိစိတ် နယ်မြေတစ်ခုထဲကို ဝင်ရောက်သွားမိတာလား”

“ဟားးး..... မင်းရဲ့ သိမြင်နားလည်နိုင်စွမ်းက အတော်မြင့်တာပဲ”

နတ်ဘုရားသံကဲ့သို့ သော အသံတစ်ခုသည် မိုးမြေတစ်ခွင် ပဲ့တင်ထပ်ကာ လှိုင်းထသွားသည်။

“ငါ့တုန်းကလိုပဲ အရည်အချင်းရှိတယ်”

ဝုန်း !!

ထိုစကားသံအဆုံးတွင် ၊

အာကာသအတွင်း မိုးခြိမ်းသံတစ်ခု ကျယ်လောင်စွာ ထွက်ပေါ်လာပြီး ၊ ရှည်လျားသော မိုးကြိုးသက်တံ့တစ်ခုသည် ကောင်းကင်ပြင်မှ ကျဆင်းလာဟန် ရှိသည်။

ဂျိန်း ဂျိန်း !

ပေါက်ကွဲထွက်ပေါ်လာသော လျှပ်စီးမိုးကြိုးများနှင့်အတူ ၊ ဤနေရာရှိ အာကာသတစ်ခုလုံးသည် ချက်ချင်းပင် လှိုင်းထသွားပြီး ဝဲဂယက်တစ်ခုအဖြစ် ရစ်ပတ်ကွေ့ကောက်သွားသည်။

အဆိုပါ ဝဲဂယက်သည် ပိုပို၍ ကြီးမားလာကာ နောက်ဆုံးတွင် ဤနေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

မျက်စိကို စူးရှသွားစေသည့် အလင်းများသည် ဒီရေအလား ပျောက်ကွယ်သွားပြီးနောက်၊ စူးချန်ကဲသည် သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ ပြန်ဖွင့်လိုက်သည်။

မြင်ကွင်းသည် တစ်ဖန်ပြန်လည် ပြောင်းလဲသွားပုံရပြီး ၊ တောက်ပသော အလင်းရောင်များ ဖြာထွက်နေသော ဧရာမနတ်ဘုရားသစ်ပင်တစ်ပင်သာလျှင် ကောင်းကင်နှင့်မြေကြီးကြားတွင် ထာဝရ နယ်မြေတစ်ခုကဲ့သို့ တိတ်ဆိတ်စွာ တည်ရှိနေသည်။

စူးချန်ကဲကို ပို၍ အံ့အားသင့်စေခဲ့သည်မှာ နတ်ဘုရားသစ်ပင်ပေါ်မှ ကြယ်အလင်းများ ကြွေလွင့်နေပြီး ၊ ၎င်းတို့အကြားတွင် မှုန်ဝါးဝါးအသွင်ပုံရိပ်ဖြင့် ပုဂ္ဂိုလ်တစ်ဦး ရပ်နေခြင်းပင် ဖြစ်သည်။

ခန္ဓာကိုယ်တစ်ခုလုံး တောက်ပသော အမတအလင်းများဖြင့် ဖုံးလွှမ်းနေပြီး၊ သူ၏ မျက်နှာအစစ်အမှန်ကို ရှင်းရှင်းလင်းလင်း မြင်ရန် ခက်ခဲသည်။

သူ၏ကျောပြင်သည် လောကတွင် စိုက်ထူထားသော ကျောက်စာတိုင်တစ်ခုကဲ့သို့ ခမ်းနားထည်ဝါနေပြီး ၊ သူ၏ခန္ဓာကိုယ်မှ ကြောက်ခမန်းလိလိ ရောင်ဝါများ ဖြာထွက်နေသည်။

မှုန်ဝါးဝါး ပုံရိပ်တစ်ခုမျှသာ ဖြစ်သော်လည်း ၊ အချိန်မြစ်ပေါ်တွင် ရပ်နေသကဲ့သို့ မြင်တွေ့သူတိုင်းကို ကြည်ညိုလေးစားမှု ဖြစ်စေသည်။

စူးချန်ကဲကို သံသယဖြစ်စေသည်မှာ သူသည် ထိုအနှီပုဂ္ဂိုလ်နှင့် ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သော်လည်း၊ ၎င်းထံမှ ရင်းနှီးမှုကို မှုန်ဝါးဝါး ခံစားမိနိုင်သည်။ ဤသည်မှာ အချိန်အတော်ကြာ မတွေ့ခဲ့ရသော ဆွေမျိုးသားချင်းကဲ့သို့ပင်။

“လူကြီးမင်းက ဘယ်သူလဲ.....”

“ ကျွန်တော် ချန်ကဲကို သိတာလား “

ထို့အပြင် တဖက်လူ၏ စကားအရ ၊ စူးချန်ကဲ သည် သံသယဖြစ်မိပြီး ဖြစ်သည်။

ထိုအချိန်တွင်၊ ထိုပုဂ္ဂိုလ်သည် နောက်ပြန်လှည့်ကြည့်လာသည်။

ခန္ဓာကိုယ်တစ်ခုလုံး နတ်အလင်းများဖြင့် ထိန်လင်းတောက်ပနေသောကြောင့် စူးချန်ကဲသည် တဖက်လူ၏ ကျယ်ပြန့်လှသော မျက်ဝန်းများကိုသာ မြင်တွေ့နိုင်သည်။

အထူးသဖြင့် စူးချန်ကဲ နှင့် မျက်လုံးချင်းဆုံလိုက်သည်နှင့် ၊ ထိုမျက်ဝန်းတစ်စုံမှ ထူးဆန်းသော နူးညံ့ကြင်နာမှုတစ်ခုကို မြင်တွေ့နေရသည်။

ထို့နောက် သူသည် တဖက်လူ၏ အသံကို နောက်တစ်ဖန် ကြားလိုက်ရသည်။

“ဒီနည်းလမ်းနဲ့ တွေ့ဆုံရတာ အနည်းငယ် ရုတ်တရက်ကြီး ဖြစ်သွားပေမယ့် ..”

“ဒါပေမဲ့ မင်းရဲ့ ဒီလိုအခြေအနေမျိုးမှ.. ငါတို့ တွေ့တာကို အဲ့ကောင်တွေက သတိမထားမိမှာ”

အကြောင်းရင်းကို ရှင်းပြပြီးနောက်၊ ထိုပုဂ္ဂိုလ်သည် ပြုံးကာ ‌မိတ်ဆက်လိုက်သည်။

“တားမြစ်စူးမိသားစု က ကောင်တွေကတော့ ငါ့ကို ရွှမ်ယွမ်ရှေးဘိုးဘေး လို့ ခေါ်ကြတယ်”

ထိုစကားများထွက်လာသည်နှင့် ၊

စူးချန်ကဲ၏ မျက်လုံးအိမ်များသည် ရုတ်တရက် ကျုံ့ဝင်သွားသည်။

တားမြစ်စူးမိသားစုတွင် ရှေးဘိုးဘေး ခြောက်ဦး ရှိသည်။

ရွှမ်ယွမ်ရှေးဘိုးဘေးသည် တားမြစ်စူးမိသားစုတွင် အစွမ်းထက်ဆုံး ရှေးဘိုးဘေး တစ်ဦးဖြစ်သည်။

တစ်ဖန် မိမိ၏အဘိုး စူးရွှမ်ယွမ်လည်းဖြစ်သည်။

သို့သော် စူးချန်ကဲသည် မိမိ၏ အဘိုး စူးရွှမ်ယွမ်နှင့် အဘေး စူးယွမ်ဟုန် တို့သည် အမတနယ်မြေ၏ အထက်လောကတွင် ရှိနေသည်ဟု ဦးလေးဖြစ်သူ ၊ တစ်နည်းအားဖြင့် စူးမိသားစု၏ အိမ်တော်သခင်၏ ပြောစကားကို ကြားခဲ့ဖူးသည်။

အဘယ်ကြောင့် ဤနေရာတွင် ထွက်ပေါ်လာရသနည်း။

အတွေးများ ဖြတ်ခနဲ့ ဝင်ရောက်လာပြီးနောက်၊ စူးချန်ကဲသည် အရိုအသေတန်မဲ့ မပြုမှုဝံ့ဘဲ စူးရွှမ်ယွမ်အား အလျင်အမြန် ဦးညွှတ်ကာ ‌နှုတ်ခွန်းဆက်သလိုက်သည်။

“ချန်ကဲ... ဘိုးဘိုးရွှမ်ယွမ်ကို ဂါရဝပြုပါတယ်”

ထိုအရာကို မြင်ပြီးနောက် စူးရွှမ်ယွမ်သည် အပြုံးမပျက် ခေါင်းညိတ်ကာ ဆက်ပြောသည်။

“မင်းရဲ့ ဦးလေးလည်း မင်းကို ပြောပြမှာပါ၊ ငါတို့ လူအိုကြီးတွေက အမတနယ်မြေရဲ့ အထက်လောကမှာ ရှိနေတယ်ဆိုတာ...”

“ဒီနေ့ မင်းကို လာတွေ့တာဟာ အရေးကြီးတဲ့ ကိစ္စတစ်ခု မှာကြားချင်လို့ပဲ”

အရေးကြီးတဲ့ ကိစ္စ?သူ့ကို မှာကြားမှာလား?

တကယ်ပဲ အရေးကြီးတဲ့ကိစ္စဆိုရင် တားမြစ်စူးမိသားစုက အထက်လူကြီးတွေကို မှာကြားသင့်တာ မဟုတ်လား?

အခုမှ အမတလမ်းစဉ် ကို စတင်လျှောက်လှမ်းခါစ ကြက်ပေါက်လေးတစ်ကောင်က ဘာ‌များဆုံးဖြတ်နိုင်စွမ်း ရှိမှာတုန်း?

သို့သော် ယခုတစ်ကြိမ်တွင်၊ စူးရွှမ်ယွမ်သည် များများစားစား မရှင်းပြချေ။ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ၊ လျှို့ဝှက်ဆန်းကြယ်သော မဟာလမ်းစဉ် တာအိုစည်းချက်တစ်ခုသည် သူ၏လက်ဖဝါးထဲမှ ပျံ့နှံ့ထွက်ပေါ်လာခဲ့သည်။

All Chapters