← Chapters

အမတနယ်မြေ၏ အထက်လောက မှ ယဇ်ပူဇော်ခြင်း ကမ္မည်းကျောက်တိုင် ၊ မဟာလမ်းစဉ် မူလဇစ်မြစ် ရှေးဟောင်းစာလုံး

Vol. 59 Ch. 781

အမတနယ်မြေ၏ အထက်လောက မှ ယဇ်ပူဇော်ခြင်း ကမ္မည်းကျောက်တိုင် ၊ မဟာလမ်းစဉ် မူလဇစ်မြစ် ရှေးဟောင်းစာလုံး

Vol. 59 Ch. 781

ဝီ !!

အဆုံးမရှိသော နတ်အလင်းတန်းများသည် ကောင်းကင်ယံမှ ကျဆင်းလာပြီး ၊ ဤနေရာတစ်ခုလုံးကို နဂါးငွေ့တန်းတစ်ခုသဖွယ် ဖုံးလွှမ်းထားသည်။

ဤနေရာတွင် ပြောဆိုသော စကားဝိုင်းကို မည်သူမှ မကြားစေရန် စူးရွှမ်ယွမ်သည် သူ၏ အတုမရှိသော မဟာလမ်းစဉ် စွမ်းအားဖြင့် ဤနေရာတစ်ခုလုံးကို ကာကွယ်ထားခဲ့သည်။

ထို့နောက်မှသာလျှင် ၊ သူသည် ဆက်ပြောလာခဲ့သည်။

သို့သော် ယခင်ကလို နူးညံ့ကြင်နာသော လေသံမျိုးနှင့် ကွဲပြားကာ ၊ ယခုအချိန်တွင် စူးရွှမ်ယွမ် ၏ လေသံသည် လေးနက်မှု အပြည့်ရှိသည်။

“ချန်ကဲ၊ အခု ငါ ပြောမယ့်အရာတွေက အမတနယ်မြေရဲ့ အထက်လောက က လျှို့ဝှက်ချက်တွေ ပါဝင်တယ်”

“ အစကတော့ ငါတို့က မင်းကို ဒီကိစ္စကို ကြိုတင်မပြောဖို့ ရည်ရွယ်ထားခဲ့ကြတာ “

“အခုချိန်က ပြောဖို့ စောလွန်းသေးတယ် ဆိုပေမဲ့ ၊ ဒါပေမဲ့ ဒီကိစ္စက မင်းနဲ့ တစ်နည်းနည်းနဲ့ ပတ်သတ်နေတယ် ... မင်းကနေ စတင်ခဲ့တာဆို‌တော့ အကြောင်းရင်းကို မင်း သိပိုင်ခွင့်ရှိတယ်”

ထိုသို့ပြောရင်း၊ စူးရွှမ်ယွမ်၏ တောက်ပသော မျက်ဝန်းတစ်စုံသည် စူးချန်ကဲအား လေးလေးနက်နက် စိုက်ကြည့်နေခဲ့သည်။

“ချန်ကဲ၊ အခု ငါ ပြောပြမယ့် အကြောင်းအရာက လောကရဲ့ အမှန်တရား တစ်စိတ်တစ်ပိုင်း ဖြစ်သလို ၊ မင်းရဲ့ နားလည်နိုင်စွမ်းကိုတောင် ပြောင်းပြန်လှန်ပစ်နိုင်တယ်”

“ဒါကြောင့် နားထောင်မလား၊ မနားထောင်ဘူးလားဆိုတာ နောက်ဆုံးရွေးချယ်ပိုင်ခွင့်က မင်းဆီမှာပဲ “

ထိုစကားများကို ကြားပြီးနောက် ၊ စူးချန်ကဲ ၏ မျက်နှာအမူအရာသည်လည်း လွန်စွာ လေးနက်သွားခဲ့သည်။ သူသည် တားမြစ် စူးမိသားစုသို့ ရောက်ရှိလာခဲ့သည်မှာ အချိန်အားဖြင့် သိပ်မကြာသေးသော်လည်း ၊ သို့သော် မိမိအဘိုးနှင့်ပတ်သက်သော ဒဏ္ဍာရီများကို ကြားသိခဲ့ရသည်။

သူသည် အမတနယ်မြေ ဒဏ္ဍာရီတွေထဲက ဒဏ္ဍာရီ၊ အစွမ်းထက်ဆုံး ပုဂ္ဂိုလ်များထဲမှ အစွမ်းတကာ့အစွမ်းဆုံး ပုဂ္ဂိုလ်ဖြစ်သည်ဟု ဆိုနိုင်သည်။

ထိုကဲ့သို့သော ပုဂ္ဂိုလ်သည် ဤမျှလေးနက်စွာ ပြောဆိုလာသည်ကို ကြည့်လျှင်ဖြင့် ၊ ဤကိစ္စတွင် ပါဝင်သော အကြောင်းအရာများသည် သာမန်မဟုတ်သည်မှာ သေချာသည်။

စက္ကန့်အနည်းငယ် ကြာပြီးနောက် ၊

စူးချန်ကဲသည် စိတ်လှုပ်ရှားမှုကို ဖိနှိပ်ကာ အသက်ပြင်းပြင်း ရှုသွင်းလိုက်ပြီး ၊ စူးရွှမ်ယွမ်အား တရိုတသေ လျှောက်တင်လိုက်သည်။

“ အဘိုး၊ မဟာလမ်းစဉ်ခရီးလမ်းရဲ့ ခက်ခဲမှုကို ချန်ကဲလည်း သိပါတယ် “

“ရှေ့မှာရှိနေတဲ့အရာဟာ စိတ်ပျက်အားငယ်မှုရဲ့ ချောက်နက်ပဲဖြစ်ဖြစ် ဒါမှမဟုတ် အမှောင်ငရဲပဲဖြစ်ဖြစ် ၊ ချန်ကဲ ဘယ်တော့မှ နောက်မဆုတ်ဘူး”

ထိုအရာကို မြင်လိုက်ရသော စူးရွှမ်ယွမ်သည် အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်။

သူသည် စူးချန်ကဲ၏ ဇဝေဇဝါဖြစ်နေသော မျက်လုံးများကို ကြည့်ရင်း ၊ အားရပါးရ ရယ်လိုက်သည်။

“ဟားဟားး.... ငါ ခုနလေးက ပြောခဲ့တာတွေဟာ ရည်ရွယ်ချက်ရှိရှိ ပြောခဲ့တာပဲ ၊ ချန်ကဲ မင်းရဲ့ တုံ့ပြန်မှုကို ကြည့်ချင်လို့ပဲ “

“မင်းထင်သလောက် အဲ့လောက်ထိ မပြင်းထန်ဘူး”

“ “မင်းကို ကြည့်စမ်း၊ မင်းရဲ့ကိုယ်ပိုင်လမ်းစဉ် အတွေးအခေါ်တွေတောင် ထုတ်သုံးလာခဲ့တာပဲ.. တကယ်ကို ချဲ့ကားလွန်းတယ် “

ထိုစကားများကို ကြားလိုက်ရချိန်တွင် ၊ စူးချန်ကဲတစ်ယောက် မှုန်ကုတ်သွားသည်။

ဒါ သူ့ကို လှောင်ပြောင်နေတာပဲ မဟုတ်လား!

သူ့ခမျာ မေးခွန်းကို အလေးအနက်ထားပြီး ဖြေနေတာလေ မဟုတ်ဘူးလား!?

မဟာလမ်းစဉ် ထိပ်တန်းစွမ်းအားရှင်တစ်ယောက် ဖြစ်သော မိမိ၏အဘိုးသည် ဤကဲ့သို့ ကလေးကလားဆန်သော အပြုအမူမျိုး လုပ်တတ်လိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။

“အဟမ်း အဟမ်း.....”

စူးရွှမ်ယွမ် သည် လည်ချောင်းရှင်းလိုက်ပြီး၊ နောက်တစ်ဖန် ပေါ့ပေါ့ပါးပါး ပြုံးရယ်လိုက်ရင်း ၊ ဆက်ပြောလေသည်။

“တကယ်တော့ ကိစ္စက မင်းထင်သလောက် ကြောက်စရာ မကောင်းပါဘူး”

“ကောင်းကင်ပြိုကျရင်တောင် ငါတို့ လူအိုကြီးတွေ ရှိတယ် ၊ ချန်ကဲ မင်းကတော့ ပိုပြီး သန်မာလာအောင် လုပ်ဖို့ပဲ လိုတယ်”

ထို့နောက် ၊ စူးရွှမ်ယွမ်သည် သူ၏ ဟင်းလင်းပြင် သိုလှောင်ခန်းထဲသို့ ခဏတာ စူးစမ်းရှာဖွေပြီးနောက် ၊ ယင်းအတွင်းမှ ထူးဆန်းသော တာအိုစည်းချက်များ ဖြာထွက်နေသည့် အရာဝတ္ထုတစ်ခုကို ထုတ်ယူလိုက်သည်။

၎င်းသည် ကျောက်တုံးတစ်တုံးနှင့်တူသည်။ အတိအကျဆိုရလျှင်ဖြင့် ၊ ၎င်း၏ မျက်နှာပြင်ပေါ်တွင် ရှေးဟောင်း ကမ္ပည်းစာများ ထွင်းထုထားပြီး ၊ ကျောက်ပြားတစ်ချပ်၏ အစိတ်အပိုင်းတစ်ခုပင် ဖြစ်သည်။

နတ်အလင်းများဖြင့် သက်ဝင်လှုပ်ရှားနေကာ ၊ ဖော်ပြရန်ခက်ခဲသော ရောင်ဝါတစ်ခုသည် ယင်းအတွင်းမှ ပျံ့နှံ့ထွက်ပေါ်လာပြီး ၊ ၎င်း၏ မျက်နှာပြင်ပေါ်ရှိ လျှို့ဝှက်ဆန်းကြယ်သော မဟာလမ်းစဉ် အမှတ်အသားများနှင့် ပေါင်းစပ်လိုက်ပါက ပို၍ပင် နတ်ဘုရားဆန်ကာ ထူးခြားလှပေသည်။

“ဒါက ငါတို့ လူအိုကြီးတွေ အင်အားစိုက်ထုတ်ပြီး အမတနယ်မြေ ရဲ့ ‌အထက်လောကရှိ လျှို့ဝှက်ဆန်းကြယ်တဲ့ နေရာတစ်ခုကနေ ရယူထားတာပဲ”

စူးရွှမ်ယွမ်သည် လက်သင်္ကေတ အစီအရင်တစ်ခုကို ပြုလုပ်လိုက်ရင်း ၊ ဆက်ပြောသည်။

“ငါတို့ရဲ့ ခွဲခြမ်းစိတ်ဖြာမှုအရ ဒါဟာ ယဇ်ပူဇော်ခြင်း ကမ္မည်းကျောက်စာတိုင်ပဲ “

“ယဇ်ပူဇော်ခြင်း ကမ္မည်းကျောက်စာတိုင်?”

{ T/N - ယဇ်ပူဇော်ခြင်း ကမ္မည်းကျောက်စာတိုင် - သေပြီးနောက် ကျောက်စာစိုက်ထူထားခြင်း )

စူးချန်ကဲ၏ စိတ်ထဲတွင် အနည်းငယ် အံ့အားသင့်သွားသည်။

အမတနယ်မြေသည် မူလကတည်းက အံ့ဩဖွယ်ရာကောင်းပြီး ထူးခြားဆန်းပြားကာ ၊ မရေမတွက်နိုင်သော ဒဏ္ဍာရီလာများနှင့် စွမ်းအားရှင်များစွာ တည်ရှိသော လောကတစ်ခု ဖြစ်သည်။

အမတနယ်မြေ၏ အထက်လောကသာ ဆိုလျှင်ဖြင့် ထည့်ပြောစရာပင် မလိုတော့ချေ။ ၎င်းသည် အမတနယ်မြေထက်ပင် အဆင့်အတန်းမြင့်မားသော တည်ရှိမှု ဖြစ်သည်။

အမတနယ်မြေ၏ အထက်လောကတွင် တည်ရှိသော သက်ရှိများသည် မွေးဖွားစဉ်ကတည်းက ဒေဝလောကတစ်ခွင်၏ အုပ်စိုးရှင်များ ဖြစ်သည်ဟု ယူဆနိုင်သည်။

သူတို့လို ပုဂ္ဂိုလ်တွေက ယဇ်ပူဇော်ဖို့ လိုအပ်သေးလို့လား?

ဝီ !!

ထိုအချိန်တွင်၊ စူးရွှမ်ယွမ်၏ ခြယ်လှယ်မှုနှင့်အတူ၊ ကျိုးပဲ့နေသော ကျောက်စာတိုင်ပေါ်တွင် ရိုက်နှိပ်ထားသော ရှေးဟောင်းစာလုံးများသည် ဝင်းလက်တောက်ပလာခဲ့သည်။

ဤအခိုက်အတန့်တွင်၊ ရှေးဟောင်းစာလုံးများသည် အသက်ဝင်လာသကဲ့သို့ရှိကာ၊ ကျိုးပဲ့နေသော ကျောက်စာတိုင်အတွင်းမှ ခုန်ထွက်လာကြသည်။ ထို့နောက် ဟင်းလင်းပြင်ထဲတွင် တစ်ခုနှင့်တစ်ခု ချိတ်ဆက်သွားပြီးစာကြောင်းများအဖြစ် ဖွဲ့စည်းသွားသည်။

စာလုံးပုံံစံများသည် ကောက်ကွေးနေသောကြောင့် စူးချန်ကဲသည် သေချာ နားမလည်နိုင်ခဲ့ပေ။

၎င်းတို့သည် လူးလွန့်နေသော တီကောင်ကဲ့သို့ ဟင်းလင်းပြင်ထဲတွင် မျောလွင့်နေသော်လည်း၊ စကားလုံးများကြားတွင် လျှို့ဝှက်ဆန်းကြယ်သော တာအိုစည်းချက်တစ်ခုကို ဖော်ပြနေပြီး ၊ ၎င်းသည် မိုးမြေတစ်ခွင်ရှိ အရာအားလုံးနှင့် ချိတ်ဆက်ပေးနိုင်ပုံရသည်။

“ဟားး.... ချန်ကဲ၊ မင်း နားမလည်နိုင်ဘူးလား”

စူးချန်ကဲသည် မှုန်ကုတ်ကုတ်ဖြင့် ခေါင်းယမ်းနေသောကြောင့် စူးရွှမ်ယွမ်သည် ပြုံးရယ်ကာ ပြောလိုက်သည်။

“ မင်း နားမလည်တာ မှန်တယ်၊ ဒီမဟာလမ်းစဉ် စာလုံးတွေရဲ့ ဇစ်မြစ်က သာမန်မဟုတ်ဘူးလေ၊ ဒါတွေအားလုံးက မဟာလမ်းစဉ် မူလဇစ်မြစ် ရှေးဟောင်းစာလုံးတွေပဲ”

ထိုစကားများကို ကြားပြီးနောက် ၊ စူးချန်ကဲ၏ ခက်ခက်ခဲခဲ ငြိမ်သက်သွားခဲ့သော စိတ်နှလုံးသားသည် နောက်တစ်ဖန် တုန်လှုပ်သွားခဲ့ရသည်။ သူ၏ မျက်လုံးများသည် မယုံကြည်နိုင် ဖြစ်နေသည်။

မဟာလမ်းစဉ် မူလဇစ်မြစ် ရှေးဟောင်းစာလုံး ဆိုသည်မှာ အဘယ်နည်း။

အမတနယ်မြေရှိ ရှေးဟောင်းစာအုပ်များအရ ၊ ဒေဝလောက ရှိ အရာအားလုံးတွင် မူလဇစ်မြစ်ရှိသည် ။ ဝိညာဉ်ဖြစ်စေ၊ နတ်ဆိုးဖြစ်စေ၊ လူဖြစ်စေ၊ အရာအားလုံးတွင် ကိုယ်ပိုင်ဇစ်မြစ်ရှိကြသည်။

အမတနယ်မြေ စာလုံးများ၏ ဇစ်မြစ်သည် ဤဒဏ္ဍာရီလာ မဟာလမ်းစဉ် မူလဇစ်မြစ် ရှေးဟောင်းစာလုံးများပင် ဖြစ်သည်။

ဒဏ္ဍာရီများအရ ၊ ဤမဟာလမ်းစဉ် မူလဇစ်မြစ် ရှေးဟောင်းစာလုံးများသည် ကောင်းကင်နှင့်မြေ စတင်ဖြစ်ပေါ်ချိန်ကတည်းက တည်ရှိခဲ့သည်ဟု ဆိုသည်။ ၎င်းတို့တွင် မတူညီသောပုံစံများနှင့် မတူညီသောအဓိပ္ပာယ်များရှိသော်လည်း ၊ သို့သော် ၎င်းသည် ဒေဝလောကတစ်ခွင်ရှိ စာလုံးများ၏ မူလဇစ်မြစ်ကို ကိုယ်စားပြုသည်ဟု ‌ဆိုနိုင်သည်။

ဥပမာအားဖြင့် လေ၊ မီး၊ မိုးကြိုး၊ လျှပ်စီး ဆိုသော စာလုံးလေးလုံးသည် သာမန်လူများအဖို့ ထူးခြားသော ပြောင်းလဲမှု ရှိချင်မှ ရှိမည်။

သို့သော် အကယ်၍ မဟာလမ်းစဉ် မူလဇစ်မြစ် ရှေးဟောင်းစာလုံးများဆိုပါက၊ လေ၊ မီး၊ မိုးကြိုး၊ လျှပ်စီးကို ကိုယ်စားပြုသော မူလဇစ်မြစ် မဟာလမ်းစဉ် စာလုံးလေးလုံးသည် လေ၊ မီး၊ မိုးကြိုး၊ လျှပ်စီးတို့၏ စွမ်းအားအသီးသီး ကိုယ်စားပြုသည်။

ထို့အပြင် အစစ်မှန်ဆုံးသော ကနဦးစွမ်းအားများ ဖြစ်သည်။

မဟာလမ်းစဉ် မူလဇစ်မြစ် ရှေးဟောင်းစာလုံးများကို ကျွမ်းကျင်သူသည် ကနဦးစွမ်းအားများကို ထိန်းချုပ်နိုင်သည်ဟု ဆိုနိုင်သည်။

All Chapters