← Chapters

စီမံကိန်းနှစ်များ

Vol. 17 Ch. 228

စီမံကိန်းနှစ်များ

Vol. 17 Ch. 228

အခန်း(၂၂၈)  :  စီမံကိန်းနှစ်များ

ယုံကြည်မှုခေတ်ကာလ အဆုံးသတ်အချိန်၊ ဗုဒ္ဓဘာသာ ပျက်သုန်းသွားမှုအတွင်း ဝါစဉ်မြင့် ဘုန်းကြီးများက သူတို့ဘာသာရေး အနာဂတ်အတွက် ကြံရာမရ အစီအစဉ်တစ်ခု ရေးဆွဲခဲ့ကြသည်။

တစ်ဖွဲ့က သန့်စင်ကောင်းချီး နယ်မြေအတွင်း နေကာ အဆင့်မြင့် တည်ရှိမှုကို ဆင့်ခေါ်ဖို့ အခမ်းအနားကြီးကြပ်ရင်း အကြွင်းမဲ့စတင်ခြင်း ဧကရာဇ်ကို မျှားခေါ်ခဲ့ကြသည်။ ကျန်တစ်ဖွဲ့က နောက်ထပ် အစီအစဉ်တစ်ခုကို ကြံစည်ထားကြသည်။ ဗုဒ္ဓဘာသာဂိုဏ်း၏ အထက်ပိုင်းများက အကြွင်းမဲ့စတင်ခြင်း ဧကရာဇ်သည် ထာဝရဧကရာဇ်တစ်ပါး ဖြစ်၍ အဆင့်မြင့် တည်ရှိမှုလက်ထဲ သေမည် မဟုတ်ကြောင်း သိလေသည်။ သို့သော်လည်း ဒဏ်ရာအပြင်းအထန် ရသွားလျှင်ပင် သူတို့အတွက် လုံလောက်သည်ထက် ပိုနေလေပြီ။

သူတို့တွင် ရှိနေသည့် အချိန်တိုလေးကို အသုံးချကာ အလျှင်စလို အစီအစဉ်တစ်ခု အကောင်အထည်ဖော်ခဲ့ကြသည်။ သူတို့က ထိုကပ်ဘေးအတွင်း ရှင်သန်မည့် လူတစ်ယောက်ကို ရွေးချယ်ကာ ဗုဒ္ဓဘာသာကို ပြန်လည်  မြင့်တက်စေဖို့ ဖြစ်၏။ သို့သော်လည်း ထိုအချိန်တိုအတွင်း မည်သူဆီကမှ ဖြစ်နိုင်သည့် အစီအစဉ် မရှိသောကြောင့် အထက်ပိုင်းက လူတစ်ယောက်ကို ထိုအရာများအား လုပ်ဆောင်နိုင်ရန် ကြာကြာအသက်ရှင်နိုင်မည့် နည်းလမ်းရှာဖို့ ရွေးချယ်ခဲ့သည်။

သူတို့အင်အားများကို ပေါင်းစည်းလိုက်ခြင်းဖြင့် သူတို့က ဗုဒ္ဓဘာသာ၏ မျှော်လင့်ချက် သို့မဟုတ် ဆန္ဒများအားလုံးကို လူတစ်ယောက်တည်းဆီ ထားရှိစေနိုင်သည့် အစီအရင်တစ်ခု ဖန်တီးထားခဲ့ကြသည်။ ရွေးချယ်ခံ ပုဂ္ဂိုလ်က ရှစ်ဖူယွီ ဖြစ်၏။

ထိုခေတ်အချိန်တုန်းက ရှစ်ဖူယွီသည် ဘုန်းကြီးများထဲ ပါရမီအကောင်းဆုံး ဖြစ်ပြီး သူ့ဉာဏ်ပညာကြောင့် နာမည်ကျော်လေသည်။ ထို့ကြောင့် သူက ရွေးချယ်ခံလိုက်ရ၏။ ထိုအစီအရင်၏ ရလဒ်အနေနှင့် ရှစ်ဖူယွီက ယုံကြည်မှုစွမ်းအားကို အချိန်တစ်ခုအတွင်း စုပ်ယူနိုင်နေသရွေ့ ဆက်လက်အသက်ရှင်နိုင်သည့် အဆင့်တစ်ခုကို ရောက်ရှိသွားသည်။

ထိုအစီအရင်၏ ဆိုးကျိုးက သူက သေလူတစ်ဝက်လို ဖြစ်နေပြီး ကမ္ဘာဦးစိတ်ဝိညာဉ် အဖြစ်သာ နေထိုင်ဖို့ ဖြစ်လာခဲ့သည်။  သူ အသုံးပြုနိုင်သည့် စွမ်းအားပမာဏကလည်း အကန့်အသတ်နှင့် ဖြစ်၏။ သို့သော်လည်း ရှစ်ဖူယွီက မဟာဧကရာဇ်ရှေ့မှာပင် ဖုံးကွယ်ထားစေနိုင်သည့် အားကောင်းကောင်း နည်းလမ်းတစ်ခုကို ဖန်တီးနိုင်ခဲ့သည်။

အလွန်အားကောင်းသည့်သူ သို့မဟုတ် ထူးခြားသည့် လူတချို့သာ သူ့တည်ရှိမှုကို အာရုံခံမိလိမ့်မည်။ ရှစ်ဖူယွီအတွက် ကံဆိုးသည်က ထာဝရဧကရာဇ်ကလည်း ထူးခြားသည့် တည်ရှိမှု ဖြစ်နေသည်။ အကြွင်းမဲ့စတင်ခြင်း ဧကရာဇ်လက်ထဲမှ ပုန်းအောင်းနိုင်ဖို့ ဗုဒ္ဓဘာသာ အထက်ပိုင်းက သူ့အား အသင်္ချေအင်ပါယာကမ္ဘာအတွင်း အားအကောင်းဆုံးနှင့် အဆန်းကြယ်ဆုံး တားမြစ်နယ်မြေ ဖြစ်သည့် ငရဲကမ္ဘာထဲ ပုန်းအောင်းနေသည်က အကောင်းဆုံးဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ကြသည်။

ငရဲကမ္ဘာ တားမြစ်နယ်မြေက ကမ္ဘာတွင် တည်ရှိသည့် သက်တမ်းအရင့်ဆုံးနှင့် လျို့ဝှက်ဆန်းကြယ်ဆုံးသော နေရာများထဲမှ တစ်ခု ဖြစ်ပြီး တားမြစ်နယ်မြေ ခြောက်ခုအနက် တစ်ခု ဖြစ်၏။ ထို့ကြောင့် အန္တရာယ်များသည်ထက် ပိုလေသည်။

ထာဝရဧကရာဇ်တချို့ အပါအဝင် မဟာဧကရာဇ်များသည် ထိုအရာကို ရှင်းထုတ်ဖို့ ကြိုးစားခဲ့ကြသော်လည်း သူတို့သာ သေဆုံးသွားတာမျိုး ဒါမှမဟုတ် ဒဏ်ရာအပြင်းအထန် ရသွားတာမျိုးသာ ဖြစ်သွားကြသည်။ ဧကရီဝူပင် ဘာမှမတတ်နိုင်ခဲ့ပေ။

အထဲရှိ ထူးဆန်းသည့် စွမ်းအားကို အသုံးပြုကာ ရှစ်ဖူယွီက အကြွင်းမဲ့စတင်ခြင်း ဧကရာဇ် မပျောက်ကွယ် မသွားမချင်း သူ့လက်မှ ပုန်းအောင်းနိုင်ခဲ့သည်။

ထို့နောက် ကမ္ဘာကြီးထဲ တစ္ဆေတစ်ကောင်လို လျှောက်သွားကာ ဗုဒ္ဓဘာသာ ပြန်လည်အသက်သွင်းနိုင်မည့် နည်းလမ်းအမျိုးမျိုးကို ရှာဖွေ့ခဲ့သည်။ သူ့ပထမဆုံး ကြိုးပမ်းမှုက ဗုဒ္ဓဘာသာအကြောင်း ကျင့်စဉ်များနှင့် ကျမ်းများ၊ အတွေးအခေါ်များကို ကမ္ဘာတစ်လွှား ဖြန့်ကျက်ဖို့ ဖြစ်သည်။ သို့သော် သူက အကြွင်းမဲ့စတင်ခြင်း ဧကရာဇ်၏ အံ့ဖွယ်စွမ်းရည်ကို လျော့တွက်မိခဲ့သည်။

ထိုကျမ်းများကို ရေးချပြီးပြီးချင်း ချက်ချင်း ဖျက်ဆီးခံလိုက်ရသည်။ ရှစ်ဖူယွီက ဗုဒ္ဓဘာသာအကြောင်း အတွေးအခေါ်များကို ဟောပြောဖို့ ကြိုးစားသည့်အခါ စကားပြောနိုင်စွမ်း ပျောက်ဆုံးသွားရသည်။ နှစ်များစွာ ကြိုးပမ်းပြီးနောက် သူက အတွေးများကို မျှဝေပေးနိုင်သည့် နည်းလမ်းကို ရှာတွေ့လာသော်လည်း သူ အတွေးမျှဝေထားသည့် လူအားလုံးက ဗုဒ္ဓဘာသာအကြောင်း သင်ယူထားသမျှ မေ့လျော့သွားကြသည်။ သူတို့မှတ်ဉာဏ်များမှ ရှင်းထုတ်ခံထားရသည်။

မှော်အစွမ်း အတားအဆီး မရှိဘဲ အားကောင်းသည့် ကျမ်းတချို့ကိုသာ ချရေးလို့ ရလေသည်။ သို့သော် လူတချို့ကသာ ထိုကျမ်းများကို လေ့ကျင့်နိုင်၏။ အတိအကျဆိုရလျှင် အားကောင်းသည့် ပါရမီရှင်များကသာ လေ့ကျင့်နိုင်သော်လည်း ထိုလူများက တခြားလူများဆီ ထိုကျမ်းများကို လက်ဆင့်ကမ်းပေးလို့ မရသေးချေ။

မိစ္ဆာခေတ်ကာလအတွင်း ရှစ်ဖူယွီက ထိုဗုဒ္ဓကျမ်းများသည် မိစ္ဆာမျိုးနွယ်အတွက် ရန်သူလို ဖြစ်နေသည့်အတွက် အကြွင်းမဲ့စတင်ခြင်း ဧကရာဇ် အံ့ဖွယ်စွမ်းရည်က လူသားမျိုးနွယ်အား ကျွန်ပြုခံရခြင်းမှ ကယ်တင်ဖို့ ကိစ္စများကို လွှတ်ပေးကာ ဗုဒ္ဓဘာသာအား ပြန်လည်မြင့်တက်လာစေလိမ့်မည်ဟု ထင်ထားခဲ့သည်။  သို့သော် သူ မှားယွင်းသွားခဲ့သည်။ ဘာမှပြောင်းလဲမသွားပေ။

ထိုအချိန်အတွင်း ရှစ်ဖူယွီက သူ့အနာဂတ် အစီအစဉ်နှင့် ပတ်သက်ပြီး မျှော်လင့်ချက်ပင် မမြင်တော့ပေ။ သူက ရှည်ကြာကံဆိုးလှသည့် သူ့ဘဝကြီးကို အဆုံးသတ်ဖို့ အကြိမ်များစွာ ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

အကြောင်းမှာ သူ့အားကောင်းလှသည့် စိတ်ဆန္ဒကြောင့် မဟုတ်ဘဲ မျှော်လင့်ချက် အစီအရင် စွမ်းအားက ကာကွယ်ထား၍ ဖြစ်သည်။ သူ့ဘဝကို အဆုံးသတ်ဖို့ ကြိုးစားသည့်အချိန်တိုင်း အစီအရင်က အသက်ဝင်လာကာ ကာကွယ်ပေးထားသည်။ ထို့နောက် သူ့ယခင် အပေါင်းအပါများ၏ လက်ကျန်အတွေးများက ပေါ်လာကာ သူ ဘာအတွက် တိုက်ခိုက်နေရကြောင်း သတိပေးလာကြသည်။

ထို့ကြောင့် ရှစ်ဖူယွီက သူ့ခရီးကို ဆက်ခဲ့ရသည်။

သူ့ကိုယ်သူ ရူးသွပ်မသွားစေဖို့အတွက် နှစ်များစွာ အိပ်စက်ခဲ့သေးသည်။ ထိုငြိမ်းချမ်းနေသည့် အချိန်ကာလထဲ သူက တာဝန်ကို လုပ်ဆောင်ဖို့ ပြန်မနိုးထခင်အထိ အရာအားလုံးကို မေ့သွားလိမ့်မည်။

ခေတ်ကာလသုံးခုကြာ နှစ်သန်းချီကြာ နေထိုင်ပြီးနောက် နောက်ဆုံးတွင် ဖြေရှင်းနည်းကို ရှာတွေ့သွားလေသည်။

အကြွင်းမဲ့စတင်ခြင်း တာအိုနည်းစနစ်ကို အမြင့်ဆုံးအထိ ကျင့်ကြံခြင်းဖြင့် သူက အကြွင်းမဲ့ စတင်ခြင်းဧကရာဇ် ဖြတ်တောက်ခဲ့သည့် ဗုဒ္ဓဘာသာ၏ စမှတ် သို့မဟုတ် ဇစ်မြစ်ကို ပြန်ရှာနိုင်လိမ့်မည်။

သူက ဖျက်ပစ်ဖို့ လုပ်ဆောင်ခြင်း မဟုတ်ပေ။ အတိအကျပြောရလျှင် သူက ထာဝရဧကရာဇ်နှင့် သူကိုယ်ပိုင် အံ့ဖွယ်စွမ်းရည် ထိန်းချုပ်ခွင့်ကို ယှဉ်လုရသလို ဖြစ်နေပေမည်။ သူက ဒီလောက်အထိ မတုံးအပေ။ ဗုဒ္ဓဘာသာ၏ ဇစ်မြစ်ကို ရှာဖွေပြီးသည့်နောက် သူက အနည်းငယ် ပြောင်းလဲကာ တာအိုဘာသာနှင့် ဗုဒ္ဓဘာသာ ပေါင်းစပ်လိုက်ပြီး ပုံစံအသစ် လုပ်လိုက်မည်။ ပြောရလျှင် အကြွင်းမဲ့စတင်ခြင်း ဧကရာဇ်၏ မှော်စွမ်းအား သက်ရောက်မခံရတော့သည့် ဗုဒ္ဓဘာသာ ဖြစ်၏။

အထူးသဖြင့် သူက ဗုဒ္ဓဘာသာ ပြန့်နှံ့လာမှုကို တားဆီးနေသည့် မှော်စွမ်းအားထဲ ဟာကွက်ဖန်တီးရမည်။ သူ့တာအိုဗုဒ္ဓဘာသာက တာအိုဘာသာ၏ ကံကြမ္မာ သို့မဟုတ် ချီကံကောင်းမှုနှင့် ဆက်နွယ်နေရမည်။ တစ်ခုက တိုးတက်လာလျှင် ကျန်တစ်ခုလည်း တိုးတက်လာမည်။ တစ်ခုက ဆုတ်ယုတ်သွားလျှင် ကျန်တစ်ခုလည်း လိုက်လံဆုတ်ယုတ်လာလိမ့်မည်။

သို့သော်လည်း ထိုအရာကို အောင်မြင်ဖို့အတွက် ရှစ်ဖူယွီက အဆင့်များစွာ လိုအပ်လေသည်။ အရင်ဦးစွာ သူက အကြွင်းမဲ့စတင်ခြင်း တာအိုနည်းစနစ်များကို သိရှိစေဖို့ ယင်ယန်မျက်ဝန်း ရုပ်ခန္ဓာကို လိုအပ်ပြီး မဟာဧကရာဇ် ဖြစ်လာရမည်။

သူက ကောင်းကင်ရုပ်ခန္ဓာများသည် မိုးမြေမှ ချီးမြင့်ထားခြင်း ဖြစ်၍ လုယူဖို့ မဖြစ်နိုင်ကြောင်း သိထားသည်။ သူ့လက်ရှိအနေအထားဖြင့် တစ်ခုတစ်လေပင် ပိုင်ဆိုင်နိုင်မည် မဟုတ်ပေ။

ထို့ကြောင့် ရှစ်ဖူယွီက လူတစ်ယောက်၏ ရုပ်ခန္ဓာကို ဝါးမျိုစေနိုင်မည့် ကျင့်စဉ်တစ်ခုကို ဖန်တီးခဲ့သည်။ သူ့အတွက် ကံဆိုးသည်က ဗုဒ္ဓဘာသာ၏ သဘာဝနှင့် တာအိုကြောင့် ဝါးမျိုခြင်း လမ်းစဉ်က သူနှင့် မကိုက်ညီပေ။ ထို့ကြောင့် သူ ဖန်တီးထားသည့် နည်းလမ်းအားလုံးက သူ့လိုအပ်ချက်နှင့် မကိုက်ညီနေခဲ့ပေ။

ထို့ကြောင့် ရှစ်ဖူယွီက သူ့နည်းလမ်းကို လုပ်ဆောင်ပေးမည့် လူတစ်ယောက်ကို လေ့ကျင့်ပေးဖို့ ဆုံးဖြတ်ခဲ့သည်။ သူ ရွေးချယ်လိုက်သည့်သူက မိုရှင်းယွင်၏ ဘိုးဘေး ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ် ဖြစ်၏။

ရှစ်ဖူယွီက ဖုန်းဟွမ်လိုမျိုး ဧကရာဇ်ကို ငယ်ငယ်လေးကတည်းက ပြုစုပျိုးထောင်ပေးခဲ့သည်။ သူက မိစ္ဆာကျင့်ကြံသူကို ရွေးချယ်လိုက်ခြင်းမှာ ထိုသို့စိတ်ဓာတ်နှင့် သဘာဝတို့က ဝါးမျိုခြင်း ကျင့်စဉ်ကို ဖန်တီးဖို့ လိုအပ်သည်မှန်း ယုံကြည်ထား၍ ဖြစ်သည်။

ထို့ကြောင့် သူက ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ် အငယ်ကို ဇူဇကာဝါးမျိုခြင်း ကျမ်းအထိ ဦးဆောင်ခေါ်သွားခဲ့ပြီး ဘိုးဘေးအဆောင် ၁၂ ရွက်ထဲမှ တစ်ရွက်ကိုပင် လမ်းပြပေးခဲ့ကာ ကောင်းကင်ဝါးမျိုခြင်း ရုပ်ခန္ဓာကဲ့သို့ ရုပ်ခန္ဓာရရှိလာစေဖို့ ကူညီပြသပေးခဲ့သည်။

ရှစ်ဖူယွီနှင့် ထိုသူကြား သဘောတူညီချက်အရ သူ တာအိုကို သက်သေပြပြီးသည့်နောက်တွင် ယင်ယန်မျက်ဝန်းနှင့် အကြွင်းမဲ့စတင်ခြင်း တာအိုနည်းစနစ်ကို ရလာအောင် ကူညီမည် ဖြစ်၏။ သို့သော် သူက သစ္စာဖောက်သွားခဲ့သည်။

ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က ခွန်အားတစ်ခု ရောက်လာပြီးသည့်နောက် ရှစ်ဖူယွီ၏ ကမ္ဘာဦးစိတ်ဝိညာဉ်ကိုပင် ဝါးမျိုဖို့ ကြိုးစားလာသည်။ ရှစ်ဖူယွီအတွက် ကံကောင်းသွားသည်က  သူလည်း မြေခွေးအိုကြီး ဖြစ်၍ သူ့တပည့်၏ အပြုအမူများကို ချက်ချင်း သတိပြုမိကာ ကြိုတင်ထွက်ပြေးသွားနိုင်ခဲ့သည်။

သူ့တပည့်က ထာဝရဧကရာဇ် ဖြစ်လာနိုင်ခြေ ရှိကြောင်း သိထားပြီးနောက် ရှစ်ဖူယွီက ငရဲကမ္ဘာထဲ ထပ်မံ သွားရောက်ပုန်းအောင်းနေခဲ့သည်။ သူ့တပည့် နှင်ထုတ်ခံရသည့်နောက်မှ ပြန်ထွက်လာခဲ့၏။

ထို့နောက် သူက ယင်ယန်မျက်ဝန်းကို သူ့ဘာသာ လိုက်ရှာခဲ့သည်။ ရှစ်ဖူယွီက ထိုအရာ မပါရှိဘဲ သူ့အနေနှင့် ထိုက်ယီနက်နဲမုခ်မှ အကြွင်းမဲ့စတင်ခြင်း တာအိုနည်းစနစ်အား မရရှိနိုင်ကြောင်း သိထားလေသည်။

သို့သော်လည်း သူက ထိုရုပ်ခန္ဓာ ဘယ်အချိန်ပေါ်လာမည်မှန်း မသိထားသည့်အတွက် အသုံးမဝင်ပေ။ ပေါ်ထွက်လာသည့်အခါ ထိုလူကို တခြားအင်အားစုများက လာရောက်ခေါ်ဆောင်သွားပြီးကြလောက်လေပြီ။ သူက ထိုရုပ်ခန္ဓာကို ဝါးမျိုနိုင်မည့် နည်းလမ်း လိုအပ်နေသည့် အကြောင်း ထည့်မပြောရသေးပေ။

သူ့အစီအစဉ် အောင်မြင်ဖို့အတွက် ယင်ယန်မျက်ဝန်းနှင့် ကောင်းကင်ဝါးမျိုခြင်း ရုပ်ခန္ဓာ တစ်ပြိုင်နက် ပေါ်ထွက်လာဖို့ လိုအပ်သည်။ ရှစ်ဖူယွီက အရမ်းကို ကြာကြာအသက်ရှင်နေခဲ့ရသည့်အတွက် သူ့တာအိုနှလုံးသားက ဒီလိုဆက်ဖြစ်နေဖို့ မခိုင်မာတော့ပေ။ ပြောရလျှင် မျှော်လင့်ချက် အစီအရင်ပင် သူ့အား အသက်ရှင်လျက် ထိန်းပေးထားနိုင်မည် မဟုတ်တော့ပေ။

ထို့ကြောင့် သူက နောက်ဆုံး အလောင်းအစားကို လုပ်ခဲ့သည်။ သူက လျို့ဝှက်ကောင်းကင်မျှော်နန်းထဲ ခိုးဝင်ကာ ထိုရုပ်ခန္ဓာနှစ်ခုလုံး တစ်ပြိုင်နက် ပေါ်ထွက်လာနိုင်သည့် အချိန်အတိအကျ၊ ဘယ်သူများတွင် ပေါ်ထွက်လာနိုင်ကြောင်း၊ ဘယ်နေရာတွင် တည်ရှိကြောင်း သိရဖို့အတွက် သူ့ထာဝရအသက်ရှင်မှု တစိတ်တပိုင်းကို စတေးခဲ့ရသည်။ ထို့နောက် သူက အချိန်မှန်ရောက်မလာခင်အထိ အိပ်စက်လိုက်ပြန်သည်။

ထို့နောက် သူက ထိုက်ယီနက်နဲမုခ်ကို ကျူးကျော်ဖို့ ဖုန်းဟွမ်ကို ရွေးချယ်ခဲ့သည်။ အကြောင်းအရင်းမှာ ဖုန်းဟွမ်တွင် တာအိုစိတ်ဟု ဆိုနိုင်သည့် မွေးရာပါ ပါရမီရှိ၍ ဖြစ်သည်။ ဆိုလိုသည်မှာ သူက တာအိုကျင့်ကြံနည်းစနစ်များအတွက် ပြီးပြည့်စုံသည်။ ထို့နောက် သူက ယင်ယန်မျက်ဝန်းကို မည်သူမှ သတိမထားမိခင် ပိုင်ရှင်ဆီမှ ခိုးယူလိုက်သည်။

အကြွင်းမဲ့စတင်ခြင်း တာအိုနည်းစနစ်ကို လေ့ကျင့်နိုင်ရန် မြင့်မားသည့် တာအိုအတွေးအခေါ် နားလည်နိုင်စွမ်း ရှိဖို့ လိုသည်။ ရှစ်ဖူယွီက ခေတ်ကာလများစွာ တာအိုဘာသာအကြောင်း လေ့လာခဲ့ဖူးသောကြောင့် မစိုးရိမ်မိပေ။ သူက ဖုန်းဟွမ်ကိုပင် တာအိုသားတော် ဖြစ်လာနိုင်လောက်အောင်အထိ တာအိုဘာသာအကြောင်း သင်ပြပေးနိုင်လေသည်။

ယခု သူ့အစီအစဉ် အားလုံး အကောင်အထည် ပေါ်လာတော့မည် ဖြစ်ရာ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်လိုက်သည်။

All Chapters