← Chapters

အခန်း (၃၁၆-၃၁၈)

Vol. 22 Ch. 316-318

အခန်း (၃၁၆-၃၁၈)

Vol. 22 Ch. 316-318

overpower system book(22) (316-330)

(316) ပြင်းထန်သောတိုက်ပွဲ

ဂျိတ်နဲ့ လန်စီလော့တို့၏တိုက်ပွဲသည် ပြင်းထန်လှပေ၏။အချိန်တိုင်း စက္ကန့်မလပ် တိုက်ခိုက်နေကြ၏။ ဂျိတ်၏လက်သီးနဲ့ လန်စီလော့၏ဓားက အမြဲတမ်းတိုက်ခိုက်နေကြ၏။ လန်စီလော့မှ တိုက်ခိုက်သူဖြစ်ပြီး ဂျိတ်ကတော့ ခုခံသူဖြစ်သည်။တိုက်ခိုက် လာသောဓားချက်မှန်သမျှကို သူ၏လက်သီးဖြင့်လည်းကောင်း သူ၏စတန်း ဖြင့်လည်းကောင်း ခုခံကာကွယ်လိုက်၏။ တိုက်ခိုက်လိုက်သည့်အခါတိုင်း မီးပွှားများက ပွင့်ပွင့်ထွက်လာလေ၏။ ("ဒီကောင် ကိုယ်ခန္ဓာက ဘာနဲ့လုပ်ထားတာလဲဟ") လန်စီလော့၏အတွေးများဝင်လာ၏။သူ၏ဓားသည် နှယ်နှယ်ရရမဟုတ်ပေ။ ရှားပါးလှသော သတ္ထုများနဲ့ရောစပ်ထားပြီး နာမည်ကြီးပန်းပဲဆရာမှ အချိန် ယူသွန်းလုပ်ထားသောကြောင့် အလွန်ပင် မာကျောလေ၏။ သူ၏ဓားကို ပလက်တီနမ်အဆင့်ထက် မြင့်ကြောင်း ပြော၍ရပေ၏။ထိုလို အဆင့်ရှိသော ဓားက ဂျိတ်၏လက်သီးနဲ့တွေ့သောအခါ ဖြတ်တောက်သွား ခြင်းမရှိပဲ မီးပွှားများသာ ပွင့်ထွက်နေလေ၏။ "မင်းက ဘာကျင့်စဥ်ကျင့်ထားတာလဲ" လန်စီလော့မှ တိုက်ခိုက်နေရင်းမေး၏။ "ကိုယ်ခန္ဓာသန်မာလာစေတဲ့ကျင့်စဥ်ပေါ့ကွာ" ဂျိတ်မှ ပြောရင်း သူ၏လက်သီးချက်များ ဆက်တိုက်ဆိုလိုပစ်လွှတ်လိုက်၏။ ထိုလက်သီးချက်များကို လန်စီလော့မှ အသာယာပင် ဓားဖြင့်ကာကွယ် လိုက်၏။ ဂျိတ်၏စကားသည် သူအား သူ့အားမလိမ်ကြောင်းသိသော်လည်း တစ်ဝက် သာတစ်ပျက်သာပြောနေ​ကြောင်း သိ၏။ထို့ကြောင့် ဂျိတ်၏ကိုယ်ခန္ဓာသည် မည်မျှအထိ သန်မာမာကျောမှန်းသိစေရန် တိုး၍တိုက်ခိုက်လိုက်လေ၏။ သူ၏ဓားထဲသို့ ချာက္က ရာများထည့်သွင်းလိုက်လေ၏။ထိုအခါ ဓားသည် အနည်းငယ်တောက်ပလာပြီး အနည်းငယ်အလေးချိန်တိုးလာလေ၏။ အလေးချိန်တိုးသည်နဲ့အမျှ ဓား၏ထက်မြက်မှုကလည်း ပိုမိုတိုးလာလေ၏။ ယခင်က ဓားသည် သစ်ပင်ကိုခုတ်ပါက အားသုံးခုတ်မှပြတ်တောက်ပါက ယခုအခါ ထောပတ်လှီးသလိုလှီးယုံဖြင့် ပြန်တောက်နိုင်မည်ဖြစ်၏။ သို့သော်လည်း သူ၏ဓားသည် ဂျိတ်၏ခန္ဓာကိုယ်နဲ့ထိတွေ့လေ မီးပွှားများသာ လွင့်နေလေ၏။ထိုကြောင့် ချာက္က ရာများကိုဓားထဲထည့်သွင်း၍ ဓား ကို50%အသက်သွင်းလိုက်လေ၏။ ထိုအခါ ဓားသည် တောက်ပလာပြီး ထက်မြက်သောအော်ရာပါထွက်ပေါ်လာ လေ၏။ "အဆင့်မြင့်လက်နက် " ဂရိတ်စစ်သည်များ ရေရွတ်လိုက်ကြ၏။ပလက်တီနမ်အဆင့်လက်နက် များသည် အဆင့်မြင့်လက်နက်များဖြစ်ကြ၏။ထိုလက်နက်များသည် အလွန် ပင်ကြောက်မက်ဖွယ်ကောင်းလှလေ၏။ထိုလက်နက်ကို ယခုအခု၌ လန်စီ လော့မှအသုံးပြုနေ၏။ "သုံးယောက်ခွဲတိုက်ကွက်" လန်စီလော့သူ၏သိုင်းကွက်ကို သုံးလိုက်၏။ထိုအခါ လန်စီလော့တစ်ယောက် မှနေ၍ နောက်ထပ်နှစ်ယောက်ထွက်ပေါ်လာလေ၏။လန်စီလော့သုံးယောက် သည် ဂျိတ်အား တြိဂံပမာ ဝန်းရံလိုက်ကြ၏။ "ရော့" လန်စီလော့သုံးယောက်မှ တစ်ချိန်တည်းတစ်ပြိုင်တည်း ဓားဖြင့်ခုတ်လိုက် ကြ၏။မာစတာတစ်ယောက်၏အမြန်နှုန်းသန်မာမှုခွန်အားနဲ့အစွမ်းထက်သိုင်းကွက်က တစ်ချိန်တည်းတစ်ပြိုင်တည်း ဂျိတ်ထံသို့ရောက်ရှိလာလေ၏။ "ရော့ အကွက်သစ်မြည်းကြည့်စမ်းပါဦး" "ဝုန်း" ကျယ်လောင်သောအသံကျယ်ကြီးထွက်ပေါ်လာလေ၏။ထိုအသံသည် လက်နက်ချင်းထိတွေ့သောအသံသာဖြစ်၏။ဖုန်များပင် ထောင်းထောင်းထ သွားလေ၏။ "ဘယ်လိုဖြစ်ပြီး" လန်စီလော့ အံသြနေ၏။သူ၏သုံးယောက်ခွဲတိုက်ကွက်သည် အားနည်းချက် မရှိပေ။အဘယ်ကြောင့် ရပ်တန့်သွားရသည်ကို သူလဲမသိပေ။ ဖုန်များပျောက်ကွယ်သွားသောအခါ တွေ့လိုက်ရလေ၏။ဂျိတ်၏လက်ထဲ၌ လျှပ်စီးများတဖြတ်ဖြတ်တောက်ပနေသော တူကြီးကို ကိုင်ဆောင်ထား လေ၏။ ကြည့်ရသည်မှာ ဂျိတ်သည် ထိုတူဖြင့် သူ၏သိုင်းကွက်ကား ကာကွယ်လိုက်ပုံ ပေါ်၏။ "ဘုရင်ကြီးက တူသုံးတာလား" ဂရိတ်စစ်သည်တစ်ယောက်မှ ရေရွတ်လိုက်၏။ "တူကိုင်ထားပါတယ်ဆိုမှတော့ တူသုံးတာပေါ့ကွာ မင်းကလဲ" ထိုလူ၏အပြောကို ပထမဆုံးဆိုသည့် စစ်သည်ကပြန်လည် ပြောဆိုလေ၏။ "မဟုတ်ဘူး..မင်းမသိလို့..အရင်တစ်ခေါက်စွန်ရဲအင်ပါယာဘုရင်နဲ့တုန်းက သူကဓားသုံးတာနော်..ဓားတောင်ရိုးရိုးမသုံးဘူး.ဓားတွေပါဆင့်ခေါ်တာ" ထိုစကားကြောင့် ကျန်သောစစ်သည်တော်များ တွေးဝေးသွားလေ၏။ဒါဆို မိမိတို့၏ဘုရင်သည် ဓားအတတ်၌အလွန်ကျွမ်းကျင်လေ၏။အဘယ်ကြောင့် လက်ရှိတိုက်ပွဲ၌ တူသုံးရသနည်း။ဒါကိုတော့ သူတို့လဲမသိကြပေ။ "သူကကော ဘယ်သူလဲ" စစ်သည်တစ်ယောက်မှ မိမိတို့နဲ့အတူ တိုက်ပွဲအား ကြည့်ရှုနေသော ကလေး ငယ်တစ်ယောက်ကို တွေ့လိုက်၏။ထိုကလေးငယ်သည် ဆယ်ကျော်သက် သာသာအရွယ်ဖြစ်သောကြောင့် ထိုစစ်သည်တော်မှ သတိထားမိသွားခြင်း လည်းဖြစ်၏။ "သူလား.....သူ့နာမည်က ထန်ဟောက်လို့ခေါ်တယ်...သူက ဘုရင်ကြီးရဲ့ တပည့်လေ" ထိုအခါ ထိုကလေးငယ်ကို သတိထားမိသူများပြားလာလေ၏။မိမိ တို့၏ဘုရင်ကြီး၏တပည့်ဆိုပါလား ထိုအချက်နဲ့ပင် ရှိန်စေလောက်၏။ ထန်ဟောက်ကတော့ တိုက်ပွဲကိုသဲကြီးသဲကြီး ကြည့်ရှုလေ၏။ထိုတိုက်ပွဲကို ကြည့်ရှုရန်အတွက်လည်း ဂျိတ်မှ ထန်ဟောက်အား ကိုယ်တိုင်ခေါ်လာခဲ့ခြင်း လည်းဖြစ်၏။ ဂျိတ်သည် ထန်ဟောက်အတွက်အထောက်ကူဖြစ်စေရန် လျှပ်စီးတူသိုင်းဝိ ညာဥ်ကို အသုံးပြုလိုက်၏။ ဂျိတ် တူကိုသုံးရခြင်းမှာလည်း ထန်ဟောက်အနေဖြင့် အတွေ့ကြုံရရှိစေပြီး ထိုအတွေ့ကြုံကို ပြန်လည်သုံးသပ်ပြီး အသုံးချတတ်စေရန်အတွက်ဖြစ် လေ၏။ နောက်တစ်ချက်ကတော့ လန်စီလော့ကြောင့်ဖြစ်၏။လန်စီလော့ကို သူ စစ်ဆေးကြည့်သောအခါ သူသည်ဓားသမားဖြစ်သည့်အလျောက် ကျန်သော လက်နက်များကို လွန်စွာပင်အထင်သေးလေ၏။ ဓားသည်ဘုရင်ဖြစ်ပြီး ကျန်သောလက်နက်များသည် လားလားမျှ မကောင်း ဟုယူဆထားသူလည်းဖြစ်၏။အထူးသဖြင့် လန်စီလော့သည် တူကိုင်သော သူများကို အလွန်ပင်အထင်သေး၏။လေးလံပြီး ကြီးမားသောတူသည် လုံး ဝအသုံးမဝင်ဟုထင်မြင်ထားသောကြောင့် ထိုအယူဆကို ရိုက်ချိုးပစ် ရန်ဖြစ်၏။ "လာပြီနော်" ဂျိတ်သည် တူကိုပုခုံးထက်၌ တင်ထားရာမှ ပြန်လည်တိုက်ခိုက်လေ၏။တူ ထုတ်သုံးလိုက်သည်နဲ့ စတန်းကိုလည်းသိမ်းထားလိုက်ပြီဖြစ်၏။ "ဘုရင်ကြီး ပြန်တိုက်နေပြီဟေ့" ဂရိတ်စစ်သည်များ စိတ်လှုပ်ရှားသွားကြ၏။သူတို့၏ဘုရင်သည် တိုက်စစ် ဖွင့်လိုက်ပြီဖြစ်၏။ "လာစမ်းပါ" လန်စီလော့ကလည်း ပြော၏။သူ၏စိတ်ထဲ၌ တူသည်လုံးဝမသုံးမကျသည့် အပြင် လေးလံရသောကြောင့် ကိုင်ရခက်ခဲကာ ကိုင်သောသူကလည်း နှေး ကွေးတတ်ပေသည်။ ထို့ကြောင့် ဓားကိုင်ပြီးမြန်ဆန်သော သူသာ အနိုင်ရမည်ဖြစ်ကြောင်း တွေးး၏။တွေးနေစဥ်မှာပင် ဂျိတ်၏တူက သူထံရောက်လာလေ၏။ ထိုတူကို သူ၏ဓားဖြင့်ခုခံလိုက်၏။ ("မင်းဘိုးအေ") ထိုတူက ထိုမျှအလေးချိန်သက်ရောက်မည်ဟုထင်မိခဲ့ပေ။ဂျိတ်၏တူသည် အလတ်လတ်အရွယ်သာရှိပြီး သူ၏တူအလေးချိန်သည် အကြီးစား အရွယ်၏အလေးချိန်ထိရှိသောကြောင့်ဖြစ်ရာ ဂျိတ်၏တိုက်စစ်ကား ဖွင့်ကတည်းက တိုက်ချည်းသာတိုက်ခိုက်လေတော့၏။ ထိုအခါ လန်စီလော့သည် အလိုလိုနေရင်းဖြင့် ခုခံရသည့်အဖြစ်သို့ရောက်ရှိ သွားလေ၏။ "ဝုန်း.....ဝုန်း....ဝုန်း....ဝုန်း...." တူရိုက်ချက်များက အဆက်မပြတ်ကျရောက်လာလေ၏။ထိုရိုက်ချက်တိုင်း ကို လန်စီလော့မှ ကာကွယ်ခုခံနေရ၏။ ("မဖြစ်နိုင်တာကို") လန်စီလော့၏အမြင်များ များယွင်းနေကြောင်းခံစားမိလာလေ၏။တူကိုင်ပြီး ထိုမျှထိကြမ်းတမ်းသောသူကို တစ်သက်၌တစ်ခါမှပင်မတွေ့ဖူးသောကြောင့် ဖြစ်၏။ ဂျိတ်၏တူကိုင်ပုံက ရေထဲ၌နေလာသောငါးကို ရေကူးခိုင်းသည့်ပမာပင် အတော်ကိုကြောက်စရာကောင်းလွန်းလှပေ၏။ ဂျိတ်၏တူကိုင်ပြီး တိုက်ခိုက်ပုံက သူ့အား တဖြေးဖြေးစိုးရိမ်စိတ်ဝင်လာစေ လေ၏။လေးလံလှသော တူကို ကိုင်ကာ သူလိုသလိုသုံးကာ မိမိအားခုခံရာမှ တိုက်စစ်မဆင်နိုင်အောင်ပင် တိုက်ထုတ်နေသောကြောင့်ဖြစ်၏။ ထိုတူမည်မျှလေးကြောင်း သူအသိဆုံးဖြစ်၏။တူကို ဓားဖြင့်ခုခံလိုက်တိုင်း သူ၏လက်များမှ တုန်ခါမှူခံစားရသည်အထိ ဖြစ်နေသောကြောင့်ဖြစ်၏။ထို မျှလေးလံသော တူကိုပင်ကိုင်ဆောင်ပြီး ပုံမှန်အတိုင်းမြန်ဆန်နေသေးခြင်း သာမန်လိုကိုင်တွယ်နေခြင်းက သူ၏ကိုယ်ခန္ဓာက မည်မျှအထိ ကြောက်မက် ဖွယ်ကောင်းအောင် သန်မာနေကြောင်း ရိပ်စားမိလာလေ၏။ ("ငလူးမမောသေးဘူးလားဟ") အချိန်တိုင်း လေးလံသောတူ၏ရိုက်ချက်များစွာကြောင့် ခုခံနေရသော လန်စီ လော့သည်ဒွိဟဖြစ်လာ၏။ငါးမိနစ်သာသာရှိသေးသော်လည်း သူသည် ထောင်ပေါင်းများစွာသော ရိုက်ချက်များခုခံကာကွယ်ခဲ့ရပြီ ဖြစ်၏။ "ဒါက တိုက်ပြီးရင်းတိုက်တဲ့ တူသိုင်းကွက်ပဲ" ထန်ဟောက် ရေရွတ်လိုက်၏။ သူ၏ဆရာသခင်သည် ထိုအကွက်သုံး သောအခါ မြန်ပေ့ဟူသော ဓားသမားပင် ခုခံနေရသည့်အဖြစ်ရောက်ရုံမက ရုန်းထွက်နိုင်ခြင်းပင်မရှိပေ။ ထိုတူသိုင်းသည် တိုက်စစ်ချည်းသာပါသော သိုင်းဖြစ်၏။တိုက်စစ်သည် အကောင်းဆုံးသောခံစစ်ဖြစ်သည်ဟူသော အဆိုကို အသားပေးထားသည် လည်းဖြစ်၏။ "အို ဘယ်ဆိုးလို့လည်း" ဂျိတ်ပြောစကားကြောင့် လန်စီလော့ဒေါသထွက်လာ၏။သူသည် အစွမ်းထက် သော်လည်း ဂျိတ်၏တူသိုင်းကွက်စကတည်းနဲ့ အောက်စည်းသို့အလိုလို ရောက်လာခဲ့လေ၏။ထိုကတည်းက ယခုချိန်ထိ ပြန်မတိုက်ခိုက်နိုင်သေးပေ။ "မင်း ခုခံနိုင်တယ်ဆိုမှတော့ ဒါကိုခံစားလိုက်" "ရှစ်ဆယ့်တစ်ချက်တူလေဟုန်ခွင်းအကွက်ရဲ့ပထမအကွက်" ဂျိတ်၏တူသိုင်းကွက်ကပြန်လည်ထွက်ပေါ်လာခဲ့ပြီလည်းဖြစ်ပေ၏။

(317)လန်စီလော့၏ရှုံးခြင်း

ဂျိတ်၏လျှပ်စီးတူရိုက်ချက်က ထွက်ပေါ်လာလေ၏။ "ဝုန်း" လန်စီလော့မှ ရှောင်တိမ်းလိုက်သောကြောင့် ထိုနေရာသည် အက်ကွဲကြောင်း များထကာ ပျက်စီးသွားလေ၏။ "နောက်တစ်ချက်" ဂျိတ်မှ နောက်ထပ်တစ်ချက် ထပ်မံရိုက်ချလိုက်၏။လန်စီလော့လည်း ထွက်ပြေးပြန်၏။ထွက်ပြေးရင်း ချာက္က ရာပြည့်တင်းစေသည့် ဆေးများကို လည်း တစ်ဆုပ်ကြီးဝါးစားလိုက်သေး၏။ "ဝုန်း" .တူသည်မြေကြီးကိုထိသွားသည်နဲ့ မြေကြီးမှာ ငလျင်လှုပ်သွားသလိုတုန်လှုပ် သွားရ၏။ ("ဘာတူသိုင်းလဲ") လန်စီလော့ကြောက်လန့်လာလေ၏။သူ၏တူသိုင်းသည် အဘယ်ကြောင့် ထို မျှအထိ ပြင်းထန်ရသနည်း။ထိုအချိန်မှာပင် တူရိုက်ချက်က ပြင်းထန်လာသ ဖြင့် ရှောင်တိမ်းလိုက်ရပြန်၏။ ဒီတစ်ခါတော့ လန်စီလော့ သူ၏အတွေးကိုကောင်းစွာအတည်ပြုန်ိုင်လေ၏။ ဂျိတ်၏တူသိုင်းသည် ပေါ့ပေါ့သေးသေးမဟုတ်ပေ။သူ၏တူရိုက်ချက်တိုင်း သည် ပထမရိုက်ချက်ထက်ပိုပိုပြီးပြင်းထန်လာသလို တူ၏အလေးချိန်မှာလည်း ပိုပိုတိုးလာသည်ဖြစ်၏။ ကြောက်ရမည့်အချက်ကတော့ တူလည်းမဟုတ်၊တူသိုင်းလည်းမဟုတ်ပဲ ဂျိ တ်ဖြစ်၏။သူသည်မည်မျှအထိသန်မာကြောင်း သူမသိသော်လည်း ယခုချိန် ထိ တူကိုလိုသလိုသုံးနေခြင်းပင် ။ထိုအချက်က တကယ့်ကြောက်မက်ဖွယ်ရာ အကောင်းဆုံးပင်။ ထို့ပြင် သူမှာဆေးသုံးစွဲပြီး ချာက္က ရာပြန်လည်ဖြည့်တင်းနေရသော်လည်း ဂျိ တ်မှ မဖြည့်တင်းပေ။ဂျိတ်ထံတွင် မည်မျှသောချာက္က ရာများစွာရှိသည်ကို တော့ သူလည်း မသိပေ။ လန်စီလော့သည် ထိုတူရိုက်ချက်များကို ဘယ်တော့မှခုခံရန်မတွေးပေ။ သူ၏မသိစိတ်က ရှောင်ရန်အတင်းတိုက်တွန်းနေသောကြောင့်ဖြစ်လေ၏။ လန်စီလော့သည် ဂျိတ်၏တူရိုက်ချက်ကို ငါးကြိမ်အထိကောင်းစွာရှောင်တိမ်း နိုင်သေး၏။ခြောက်ကြိမ်မြောက်သို့ရောက်သောအခါ ပြသနာစတက်လေ၏။ ခြောက်ချက်မြောက်မှစ၍မရိုးရှင်းတော့သောကြောင့်ဖြစ်၏။ခြောက်ချက် မြောက်သောတူသည် လန်စီလော့၏ကိုယ်ခန္ဓာကို စတင်ဖိအားပေးလာလေ သောကြောင့်ဖြစ်၏။ထိုအခါ သူ၏အမြန်နှုန်းသည် ယခင်ထက်မြန်ဆန်ခြင်းမ ရှိတော့ပေ။ ကိုးချက်မြောက်သောတူရိုက်ချက်.... လန်စီလော့၏မျက်နှာများ နီရဲတွတ်လာပြီဖြစ်၏။အဘယ်ကြောင့် ထိုတူသိုင်း သည် ထိုမျှအထိကြောက်စရာကောင်းနေမှန်း သူမသိပေ။ကိုးချက်မြောက် သော ရိုက်ချက်၌ သူ၏ကိုယ်ခန္ဓာသည် လုံးဝလှုပ်ရှား၌ မရသောအ​ခြေနေထိ ရောက်ရှိလာလေတော့၏။ ထိုသို့လှုပ်ရှား၍မရသောအခါ လန်စီလော့သည် သူ၏ဓားဖြင့် တူကို ခုခံလိုက် လေ၏။ "ဝုန်း" လန်စီလော့ သွေးတစ်လုပ်အန်ထုတ်လိုက်ရလေ၏။ကိုးကြိမ်မြောက် ရိုက်ချက်သည် ပထမရိုက်ချက်ရှစ်ချက်၏ပေါင်းစည်းထားသောအင်အား ရိုက်ချက်ဖြစ်လေရာ သူ၏မာစတာအဆင့်လိုသန်မာသော ကိုယ်ခန္ဓာသည်ပင် သွေးတစ်လုတ် အန်ရသည်အထိဖြစ်ပျက်စေခဲ့၏။ "လာပါ ရော့...ဆယ်ချက်မြောက်" ဆယ်ချက်မြောက်သည် တူ၏အလေးချိန်ဆယ်ဆစီးသွားသည့်အပြင် တူဝှေ့ ရာသောနေရာတိုင်းလည်း ကြောက်မက်ဖွယ်ကောင်းလွန်းလှသော ဖိအား များပါ ပါဝင်လေ၏။ ဒီတစ်ခါရိုက်ချက်သည် အလွန်ပြင်းထန်သောကြောင့် လန်စီလော့လည်း မ လှုပ်ရှားနိုင်တော့သည်အတူ သူ၏ဝှက်ဖဲများ ထုတ်ရတော့လေ၏။ "ပျက်စီးစမ်း" လန်စီလော့၏ကိုယ်မှ အော်ရာများထွက်ပေါ်လာလေ၏။ထိုအော်ရာများ ပေါ်လာသည်နဲ့ သူ၏မာစတာအဆင့်ကိုယ်ခန္ဓာထွက်ပေါ်လာလေ၏။ထိုခန္ဓာ သည် မာစတာအဆင့်ရောက်သောအခါ ရရှိနိုင်သည့် မာစတာအဆင့်ကိုယ်ခန္ဓာ ဖြစ်၏။ ထိုခန္ဓာကိုယ်၌ သူ၏ငွေအဆင့်၊ရွှေအဆင့်၌ရရှိထားသော သဘာဝစွမ်းအား ဖြစ်သည့် အလင်းစွမ်းအားနဲ့သတ္ထုစွမ်းအားက ရောစပ်နေလေ၏။ထို ခန္ဓာကိုယ်ကို သဘဝစွမ်းအားနှစ်ခုရောစပ်လိုက်သောအခါ အလွန်ပင် သန်မာ သွားလေတော့၏။ ထိုခန္ဓာအား ထုတ်ဖော်ရုံတင်မကပဲ သူ၏ချာက္က ရာအစွမ်းများကို ဓားထံပို့ လွတ်လိုက်ပြန်၏။ထိုအခါ ဓားသည်လုံးဝတောက်ပလာပြီး အသံများထွက် ပေါ်လာလေ၏။ "ဝေါင်း" ကြီးမားသောကျားဖြူကြီးတစ်ကောင် ထွက်ပေါ်လာပြီး ဟိန်းဟောက်လိုက် လေ၏။ထိုသို့ထွက်ပေါ်လာရခြင်းသည် ဓား၌အစွမ်းထက်ပြီးရှားပါးသော ကျားအမြုတေထည့်သွင်းထားသောကြောင့်ဖြစ်၏။ ထိုအမြုတေရရှိရန်အတွက်လည်း လန်စီလော့သည် ကျားရဲဂိုဏ်း၌ အကြီးကဲ ရာထူးလက်ခံထားရခြင်းဖြစ်၏။ သူ၏ကိုယ်ခန္ဓာအစွမ်းနဲ့ဓားအစွမ်းပေါင်းစပ်ကာ ဆယ်ချက်မြောက်တူ ရိုက်ချက်ကို ခုခံလိုက်၏။ "ဝုန်း...." အဖြူရောင်ကျားရဲက ထိုရိုက်ချက်ကိုခုခံလိုက်၏။သို့သော်လည်း ခွန်အား ကြီးပေ့ဟူသောကျားသည် ထိုရိုက်ချက်ကို ခုခံနိုင်စွမ်းမရှိခဲ့ပေ။ကျားသာ အစိတ်စိတ်အမွှာမွှာဖြစ်သွားကာ ပျောက်ကွယ်သွားလေ၏။ တူရိုက်ချက်ကား ပြင်းထန်သည်ထက်ပိုသည်ဟု ဆိုရပေမည်။ထိုရိုက်ချက် ကြောင့် လန်စီလော့၏နှစ်မျိုးစပ်ကိုယ်ခန္ဓာသည် အက်ကြောင်းများထင်လာ သလို သူ၏မြတ်နိုးရသောဓားသည်လည်း အက်ကြောင်းထပ်သွားရလေ၏။ ထိုဓားထဲရှိ ကျားအမြုတေသည်လည်း ကွဲအက်ရန်တဲတဲသေးသာကျန် တော့၏။ "ဟောဟဲ...ဟောဟဲ" လန်စီလော့ မောပန်းသွားလေ၏။ဆေးများသောက်သုံးထားသော်လည်း သူ သုံးရသော ချာက္က ရာက ပိုများနေရာ မပြည့်နိုင်ပေ။သူ၏ဘေးပတ်လည်ရှိ သဘာဝမှ ချာက္က ရာများပြန်လည်ဖြည့်တင်းသော်လည်း ဂျိတ်၏တူက ကောင်းစွာနှောက်ယှက်မှုပေးကြောင့်တွေ့ရလေ၏။ သဘာဝမှ ချာက္က ရာများကို ကိုယ်ထဲထည့်လေ တူမှလွင့်စင်လာသော လျှပ်စီး များကလည်းချာက္က ရာများနဲ့ရောနှော ပါဝင်လာပြီး ကိုယ်ခန္ဓာအား ဒုက္ခပေး သောကြောင့် ချာက္က ရာစုပ်ယူခြင်းကို တန့်လိုက်ရလေ၏။ "အို...ခံနိုင်တာပဲ" ဂျိတ်မှ ဆယ့်တစ်ချက်မြောက်တူကို လုပ်လိုက်၏။ဆယ့်တစ်ချက်မြောက် ရောက်သည်နဲ့ စတင်​ပြောင်းလဲမှုများ စတင်လာလေ၏။ ဂျိတ်နောက်သို့လွှဲကာ အားယူလိုက်သောတူ၏လက်ကိုင်သည် ရှည်လျားလာ သလို တူသည်လည်း ကြီးမားလာလေ၏။တူကိုဝန်းရံလာသော လျှပ်စီးများ ကလည်း ကြောက်ခမန်းလိလိပင် အသံထွက်နေ၏။ ကောင်းကင်ယံပင် မ​ငြိမ်သက်နိုင်တော့ချေ။ကြည်လင်နေသော ကောင်းကင် ယံပင် မိုးအုံရန်ဖြစ်ချင်လာလေ၏။ တိမ်ထုကြီးကလည်း ဖွဲ့စည်းရန်စုစည်းလာလေ၏။ထိုတိမ်အသေးများတွင် လည်း လျှပ်စီးများရှိနေသည်ကို သေချာကြည့်ရှုပါက မြင်မည်ဖြစ်၏၏ သဘာဝတရားပင် ငြိမ်သက်မှုမရှိသကဲ့သို့ဖြစ်တည်လာလေ၏။အဆိုးဆုံး ကတော့ လန်စီလော့ပင်။ပစ်မှတ်ထားသောသူသည် သူ၏ကိုယ်ခန္ဓာပေါ်သို့ ဖိအား ကျရုံတင်ကတော့ပဲ သူ၏ဘေးပတ်ဝန်းကျင်၌ သဘာဝဥပဒေသများ ကပါ မပြေးစေရန်သူ့အားချုပ်နှောင်လာလေတော့၏။ လန်စီလော့ ချွေးစေးများထွက်လာသလို ကြောက်ရွံလာလေ၏။သူ မခံစားဖူး သော အကြောက်တရား၏အရသာကို သိရှိလာလေ၏။ထွက်ပြေး၍လည်းမ ရ ဒီတိုင်းနေလျှင်လည်း သေနိုင်ရာ နောက်ဆုံးတိုက်ကွက်ကိုထုတ်ဖော်ရ တော့၏။ သူ၏လျှာကို ကိုက်ကာသွေးဖောက်ထုတ်၏။ထိုသွေးကို သူ၏ဓားဖြင့် ပေါင်းစပ်ပြီး သူ၏တန်ဖိုးထားရသော ပညာကိုထုတ်သုံးလိုက်လေ၏။ "ဟာ...ဘာကြီးလဲဟ" လန်စီလော့၏နောက်တွင်လည်း ဂျိတ်၏စတန်းလိုဖြစ်တည်လာ၏။ထိုအရာ သည် လန်စီလော့နဲ့တူကာ ကိုးမီတာမျှမြင့်မားလေ၏။ရွှေရောင်ကိုယ်ခန္ဓာ အဆင်းလည်းရှိလေ၏။သူ၏လက်တွင်လည်း ကြီးမားသော ဓားတစ် ချောင်းကို ကိုင်ဆောင်ထား၏။ "စတေးခြင်း" လန်စီလော့၏သက်တမ်းဆယ်နှစ်ကျွမ်းစေကာ တိုက်ခိုက်ခြင်းဖြစ်၏။ထို အကွက်ကြောင့် လန်စီလော့၏နောက်မှ သူနဲ့တစ်ပုံစံတည်း တူသောအရာ​ကြီး ကလည်း သူနဲ့တစ်ပါးတည်းထပ်တူလုပ်ဆောင်လေ၏။ "ငါလည်း လုပ်တတ်တယ်...ခုနှစ်ကွင်းမြောက်စွမ်းရည်. လျှပ်စီးဘုရင်" အနီရောင်ဝိညာဥ်ကွင်းက ဂျိတ်ကိုယ်အား ဝန်းရံသွား၏။ထိုခုနှစ်ကွင်း မြောက်အစွမ်းသုံးသည်နဲ့ ဂျိတ်၏နောက်တွင်လည်း ဆယ်မီတာမျှမြင့်သော ဂျိတ်ပုံစံအသွင်ပေါ်လာလေ၏။ထိုအရာ၏တစ်ကိုယ်လုံးလည်း အနီရောင် အသွင်ရှိ၏။သူ၏လက်ထဲရှိတူကလည်း နီရဲနေသလို လျှပ်စီးများကလည်းနီ ရဲနေ၏။ ထိုအခါ တိမ်များသည်လုံးဝစုစည်းသွားပြီး မိုးများခြိမ်းလာ၏။သို့သော် မိုးမ ရွာပေ။လျှပ်စီးများသာ တောက်ပလေ၏။ ဟုတ်ပေသည်။ဂျိတ်သည် တူတစ်ဆယ့်ချက်ရိုက်ချက်ကို လျှပ်စီးတူ၏ခုနှစ် ကွင်းမြောက်အစွမ်းနဲ့ပေါင်းစပ်လိုက်ခြင်းဖြစ်လေ၏။ "သေစမ်း" နှစ်ယောက်လုံး တစ်ပြိုင်တည်း တိုက်ခိုက်လိုက်ကြ၏။လန်စီလော့က ဂျိတ်ကို တိုက်ခိုက်သလို သူ၏နောက်မှ အရာကြီးကလည်း ဂျိတ်၏အနီရောင်လူပုံစံ တူအရာကြီးကို တိုက်ခိုက်လိုက်၏။ သူ၏အစွမ်းထက် ကျားရဲအမြုတေပါသောဓားဖြင့် သူ၏အလင်းဓားသိုင်း ပေါင်းကာ တိုက်ခိုက်လိုက်၏။ဓားမှ အလွန်တရာတောက်ပနေသော အလင်းတန်းနဲ့ပြည့်စုံနေသော ကျားဖြူပုံစံနဲ့က ထွက်ပေါ်လာလေ၏။ထို အရာက အရာရာကို ခုတ်ပိုင်းတော့မည်နှယ်ပင်။ ဂျိတ်ကလည်း သူ၏ဆယ့်တစ်ချက်တူကို လန်စီလော့ကို ရိုက်ချလိုက်၏။ဂျိ တ်၏အနောက်မှ အနီရောင်လူကလည်း သူ၏အနီရောင်တူကြီးကို လွှဲကာ ရိုက်ချပစ်၏။ ထိုသို့ရောက်ချချိန်၌ တူကို ကောင်းကင်၌စုဝေးနေသော တိမ်များမှ လျှပ်စီး များက စီးဝင်သွား၏။ထိုအခါ တူသည်အလွန်ပင်အစွမ်းကြီးလာလေ၏။ တူ၏အစွမ်းကလည်း ဓားထက်လုံးဝမနိမ့်ပင်။တူ၏အစွမ်းကလည်း အရာ ရာကို ဖျက်စီးနိုင်သည့် ခြိမ်းခြောက်နိုင်သော အော်ရာဖြင့်ပြည့်နှက်နေ၏။ လန်စီလော့၏ဓားနဲ့ ဂျိတ်၏တူ၊လန်စီလော့၏ကိုးမီတာ အရာကြီးနဲ့ဂျိ တ်၏ဆယ်မီတာမြင့်သောလျှပ်စီးဘုရင်၏တိုက်ခိုက်မှုက တစ်ချိန်တည်း၌ ဖြစ်ပေါ်လာလေ၏။ "ဂျိန်းးးးဂျိန်းးးးးးးး "ဝုန်း" တိုက်ပွဲကား ကြမ်းတမ်းလွန်းလှ၏။တူနဲ့ဓားတွေ့ဆုံမှုက ပြင်းထန်လှပေ၏။ ဓားမှ အလင်းနဲ့တူမှ လျှပ်စီးတို့က ထိမိသောအခါ ​ကြီးမားစွာ တောက်ပနေ ကြ၏။ "မမြင်ရတော့ဘူး" လက်နက်နှစ်ခုတွေ့သောအခါ အလင်းတန်းနဲ့လျှပ်စီးရောင်များက ကြည့်ရှုနေ သောသူများကို စူးရှစေ၏။ထို့ကြောင့် ဘယ်သူမှ မြင်ရခြင်းမရှိတော့ပေ။ "အား" လန်စီလော့အော်လိုက်ရတော့၏။သူ၏ဓားက လုံးဝပျက်စီးသွားလို သူ၏ကိုယ်တွင်လည်း လျှပ်စီးများ ကူးစက်လောင်ကျွမ်းသွားကြောင့် ဖြစ်၏။ထို့ပြင် သူ၏ကိုယ်ပေါ်သို့ တူကျရောက်လာသောအခါ မြေထဲသို့ ကျွံ ဝင်သွားလေတော့၏။ လန်စီလော့၏နောက်မှ အရာကလည်း ရှုံးနိမ့်သွား၏။ဆယ်မီတာအမြင့်ရှိ သော အနီရောင်ဂျိတ်ကလည်း တူဖြင့်ရိုက်ချသောအခါ လန်စီ လော့၏အလင်းရောင်ကိုယ်ထည်ရှိသော အရာမှ ခုခံနိုင်ခြင်းမရှိတော့ပဲ တစ် စစီဖြိုပျက်သွားလေတော့၏။ တိုက်ပွဲရလာဒ်သည် ရှင်းလင်းသွားလေ၏။လန်စီလော့သည် ဂျိတ်၏တူ အစွမ်းကြောင့် ပြန်ပင်မထနိုင်ပဲ မြေကြီးအနက်ထဲထိ ကျွံဝင်သွားရပြီဖြစ်၏။

(318)ဆိုဘာနဲ့နဂါးတိုက်ပွဲ

တိုက်ပွဲအခြေနေကား ပြင်းထန်နေသေး၏။နွိုက်မြို့ဘက်၌ လန်စီလော့ဦး ဆောင်သော စစ်သည်တော်ဆယ်သိန်းသည် တပ်ပျက်သွားပြီဖြစ်၏။ လန်စီလော့၏ရှုံးနိမ့်မှုနဲ့အတူ သူတို့၏စိတ်များတွေဝေပျက်ပြားသွားကာ ပျက်စီးသွားခြင်းဖြစ်၏။တိုက်ပွဲကို အောင်နိုင်စေသူအဖြစ်လုပ်ဆောင်ခဲ့သူ ကတော့ ဂျိတ်သာဖြစ်၏။ဂျိတ်သည် သူ၏လျှပ်စီးတူသိုင်းဝိညာဥ်နဲ့အတူ အောင်မြင်မှုကို ဆောင်ကျဥ်းပေးခဲ့သည်လည်းဖြစ်၏။ "အကုန်ရှင်း..သေချာလုပ်ပါ" ဂျိတ်မှ စစ်သည်တော်များကို အမိန့်ပေးလိုက်၏။စစ်အောင်သည်ထက် အရေးကြီးသောအရာရှိသောကြောင့်ဖြစ်၏။ဤသည်ကား ကူးစက်ခံ ဖုတ်ကောင်များဖြစ်၏။ ထိုအကောင်များသည်သာ လွတ်မြောက်သွားပါက လုံးဝကြောက်ခမန်းလိလိ ကောင်းသော ကိစ္စများဖြစ်ပေါ်လာနိုင်သောကြောင့်ဖြစ်၏။ ဂရိတ်တိုင်းပြည်၏တိုက်ခိုက်ခံရသော နယ်စပ်မြို့များဖြစ်သော နွိုက်၊ဖက်မြို့နဲ့ ခရက်မြို့များအနက် နွိုက်မြို့သည် တိုက်ပွဲရလာဒ်သိသာသွားပြီဖြစ်၏။ စစ်ကိုရေရှည်တိုက်ခိုက်ကြရမည်ထင်ကြသော်လည်း တကယ်တမ်း၌ မကြာခဲ့ပေ။ ခရက်မြို့၌ဖြစ်သော တိုက်ပွဲသည်လည်း နွိုက်မြို့နဲ့မကွာခြားလှပေ။ကျားရဲ စစ်သည်များစွာသည် ဂရိတ်စစ်သည်တော်များ၏လက်နက်ဆန်းများကြောင့် များစွာအထိနာကျရှုံးစေခဲ့၏။ထို့ကြောင့် ထိုနေရာတွင်လည်း ကျားရဲဂိုဏ်းမှ အကြီးကဲများသည် ဒိုင်းစစ်သည်တော်များအသုံးပြုကာ ချီတက်စေခဲ့လေ၏။ အစပိုင်းတွင် အောင်မြင်မှုရရှိခဲ့သော်လည်း ဂရိတ်တိုင်းပြည်မှ မထင်မှတ် စရာများပြသခဲ့လေ၏။ထိုမထင်မှတ်စရာကတော့ ဂရိတ်တိုင်းပြည်မှ ကြီးမား ပြီးနက်မှောင်နေသော ဧရာမနဂါးကြီးတစ်ကောင် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်၏။ နဂါးပေါ်လာသည်နဲ့ ကျားရဲဂိုဏ်းသားစစ်သည်များသည် ကြောက်လန့် တုန်လှုပ်သွား၏။ပုံပြင်ထဲ၌သာရှိသော ဒဏ္ဏာရီလာအကောင်ကြီး မိမိတို့ရှေ့ ပေါ်လာသောကြောင့်လည်း ဖြစ်၏။ ထိုနဂါးကြီးသည် ကြီးမားသော်လည်း မြန်ဆန်စွာပျံသန်းနိုင်စွမ်းရှိ၏။ ထိုနဂါးသည် အတောင်ပံများရှိပြီး ခြေလက်များရှိလေ၏။အနောက်တိုင်း ပုံစံနဂါးမျိုးဖြစ်လေ၏။ထိုနဂါးသည် သူ၏ပါးစပ်မှ ပြင်းထန်သော မီးတောက်များဖြင့် ဒိုင်းကာစစ်သည်များကို ဖြိုခွင်းပစ်၏။ ထိုသို့ဖြိုခွင်းမှုကြောင့် ဒိုင်းစစ်သည်တော်များဖွဲ့စည်းမှုပျက်စီးသွားလေ၏။ ထိုနဂါးကို သတ်ဖြတ်ရန်လည်း အထူးစစ်သည်များဖြစ်သည့် ကျားစစ်သည် တော်များကို စေလွှတ်လိုက်သေး၏။ သို့သော်လည်း အရာမထင်ခဲ့ပေ။ကျားများသည် နဂါးကိုတွေ့သည်နဲ့ လုံးဝ ကြောက်လန့်နေသောကြောင့်ဖြစ်၏။ထို့ကြောင့် ကျားစစ်သည်တော် များသည်အစီရင်ဖန်တီးပြီး အဖြူရောင်ကျားရဲကြီးကို ဆင့်ခေါ်လိုက်ကာ နဂါးကို သတ်ဖြတ်ရန်ကြိုးပမ်းလိုက်ကြလေ၏။ နဂါးသည် ကျားစစ်သည်တော်များဆင့်ခေါ်သောကျားကို တိုက်ပွဲအကြိမ်ရေ အနည်းငယ်အတွင်း၌ သတ်ဖြတ်ပစ်လိုက်သောကြောင့် ကျားစစ်သည်တော် များပါ ပြင်းထန်သောဒဏ်ရာများရရှိသွားကြလေ၏။ ထိုနဂါးသည် ကျားစစ်သည်တော်များကို အနိုင်ယူပြီးသောအခါ သူ၏တောင်ပံရိုက်ခတ်မှုကို အသုံးချပြီး ကြီးမားသော လေဆင်နှာမောင်းကို ဖန်တီး၏။ထိုလေဆင်နှာမောင်းထဲသို့ မီးတောက်များမှုတ်ပြီး မီးတောက် လေဆင်နှာမောင်းအဖြစ်ဖန်တီးပစ်၏။ ထို့နောက် ထိုမီးတောက်လေဆင်နှာမောင်းကို ကျားရဲဂိုဏ်းသားဆီသို့ ပို့ လွှတ်လိုက်၏။ကြီးမားသော မီးတောက်လေဆင်နှာမောင်း၏အစွမ်းကြောင့် ကျားရဲဂိုဏ်းသားများစွာ သေဆုံးကုန်ကြလေ၏။ ထိုအခါ ဆိုဘာသည် ငြိမ်နေ၍မရတော့ပဲ သူကိုယ်တိုင်ထွက်ပေါ်လာရ လေ၏။သူထွက်ပေါ်လာသည်နဲ့ ကျားရဲဂိုဏ်းသားများသည် တက်ကြွလာကြ လေတော့၏။ "ဂီး" နဂါးမှ ကျယ်လောင်စွာအော်ဟစ်ပြီး ဆိုဘာကို တိုက်ခိုက်လိုက်တော့၏။ဆို ဘာကလည်း နဂါးကို ပြန်လည်တိုက်ခိုက်လေ၏။ လေထဲတွင် တိုက်ခိုက်သံများကား လုံးဝဆူညံထွက်သွားလေတော့၏။စက္က န့် တိုင်းလိုလို တိုက်ခိုက်သံများကား ဆူညံပွက်လောရိုက်ချက်လျက်ရှိ၏။ "ငလူးပဲ" ဆိုဘာ အံသြနေ၏။သူအား နဂါးတစ်ကောင်က လက်ရည်တူတိုက်ခိုက်နေ သောကြောင့်ဖြစ်၏။နဂါးကို မြင်လိုက်ချိန်၌ သူ၏စိတ်ထဲတွင် လိုချင် တပ်မက်စိတ်များကလည်း ပြင်းထန်နေလေ၏။ ထို့ကြောင့် သူသည်နဂါးကိုအရှင်လိုချင်သောကြောင့် သူ၏တိုက်ခိုက်မှုများ ကို အရမ်းကြမ်းတမ်းခြင်းမရှိပဲ တစ်ချက်တည်းဖြင့်ဖြစ်စေ မည်မျှပင်သုံးရ ပါစေ မေ့မြောသွားနိုင်လောက်သော အကွက်များကိုသာ သုံးစွဲ၏။ "ကဲကွာ" အချ်ိန်တိုင်း၌ တိုက်ခိုက်မှုသည် လွန်စွာမှ ပြင်းထန်၏။ဆိုဘာကလည်း လက်နက်မသုံးစွဲပဲ တိုက်ခိုက်၏။ သူ၏တိုက်ခိုက်မှုများကို နဂါးကလည်းပြန်လည်တိုက်ခိုက်လေ၏။ သူ၏ကြီးမားချွန်ထက်သောလက်သည်းကြီးများ၊ပါးစပ်နဲ့သူ၏အမြှီးများဖြင့် တိုက်ခိုက်ခြင်းဖြစ်၏။ ထိုတိုက်ခိုက်မှုများကြောင့် ဆိုဘာ၏တိုက်ကွက်များသည် မထိရောက်ပဲ ဖြစ် နေ၏။တစ်ခေါက်တစ်ခေါက်၌ နဂါးသည် အလစ်ငိုက် မီးတောက်သုံးပြီး တိုက်ခိုက်ရာ ဆိုဘာမှ ရှောင်တိမ်းလိုက်ရသေးလေ၏။ "ဒီလောက်တောင် ဖြစ်တဲ့ကောင်ကွာ" ဆိုဘာဒေါသထွက်လာပြီး တိုက်ခိုက်ပြန်၏။ဒီတစ်ခါတွင်ကား ထိရောက်မှုရှိ လာလေ၏။ ဆိုဘာ၏လက်သီးချက်များ ကန်ချက်များက နဂါးကို ထိခိုက်မှုကောင်းစွာ ပေးနိုင်လေ၏။ဆိုဘာ၏ထိုးချက်များက မာကျောလှပါသည်ဟူသော နဂါး၏အကြေးခွံကို ထိခိုက်အောင်လုပ်နိုင်လေ၏။ ထိုသို့လုပ်နိုင်နေရသည်မှာလည်း သူ၏လည်ပင်း၌ ဆွဲထားသော ဆွဲကြိုး ကြောင့်ဖြစ်၏။ထိုဆွဲကြိုးသည် အလွန့်လွန်ရှားပါးသော မှော်ပစ္စည်းဖြစ်၏။ ထိုမှော်ပစ္စည်းဖြစ်သော ဆွဲကြိုးသည် တိုက်ခိုက်သူအား ချာက္က ရာစုဆောင်း ပေးခြင်းအပြင် ဝတ်ဆင်ထားသူအား ခံနိုင်ရည်မြင့်တင်ပေးခြင်းနဲ့ ရန်သူ အား တိုက်ခိုက်ရာ၌ ထိခိုက်မှုဖြစ်စေခြင်းကို ပေးစွမ်းနိုင်လေ၏။ ထိုအကြောင်းရာကို အစပိုင်း၌ နဂါးမှ ရိပ်စားမိခြင်းမရှိပေ။နဂါးကြီးသာ တိုက်ခိုက်လိုက်တိုင်း လွှင့်စင်နေရလေ၏။ "ဂီးးးး" နဂါး၏မျက်လုံးမှ မီးများတောက်ပလာလေ၏။ဟုတ်ပေသည်။နဂါးသည် သူ၏မွေးရာပါ စွမ်းရည်တစ်ခုဖြစ်သော မီးတောက်မျက်လုံးကို အသုံးပြု လိုက်ခြင်းလည်းဖြစ်၏။ ထိုအခါ ဆိုဘာ၏တိုက်ခိုက်များသည် မိမိအပေါ်ထိရောက်နေရခြင်းမှာ ထို ဆွဲကြိုးကြောင့်မှန်း သိရှိသွားလေတော့၏။ အကြောင်းရင်းကို သိရှိသွားသောအခါ သူအလွန်ဒေါသထွက်သွားလေ တော့၏။ဆိုဘာ၏မှော်ပစ္စည်းနဲ့သူ၏လိုချင်တပ်မက်စိတ်များက နဂါးကို ဒေါသထွက်စေသည်ဖြစ်ရာ နဂါးပေါက်ကွဲလာလေ၏။ "ဝုန်း" နဂါးဒေါသပေါက်ကွဲလာသည်နဲ့ နဂါး၏ကြီးမားသော ကိုယ်ခန္ဓာသည် အနည်းငယ်သေးငယ်လာ၏။အကောင်သေးငယ်သွားသည်နဲ့ နဂါးသည် တစ်ချက်ဟိန်းကာ ပြန်လည်တိုက်ခိုက်၏။ ပြန်လည်တိုက်ခိုက်သည်နဲ့ ဆိုဘာသည် ခုခံနေရသည့်ဖက်သို့ ချက်ချင်းဆို သလိုရောက်ရှိသွားလေတော့၏။ "ဟ" ဆ်ိုဘာ တစ်ခွန်းသာပြောနိုင်ပြီး မိမိကိုယ်ကို ခုခံကာကွယ်နေရတော့၏။နဂါး သည် အကောင်သေးငယ်သွားသောအခါ ပို၍ပင်ကြောက်မက်ဖွယ်ကောင်း ကြောင်း သူ၏မသိစိတ်မှ အာရုံခံစားမိနေသောကြောင့်ဖြစ်၏။ နဂါးအကောင်သေးသွားသည်နဲ့ သူ၏အမြန်နှုန်းနဲ့တိုက်ခိုက်ချက်များသည် အစောကနဂါးမှဟုတ်လေသလားဟုပင် ထင်မှတ်စရာဖြစ်ရသည်အထိဖြစ်ရ လေ၏။ ဆ်ိုဘာတစ်ယောက် သူ၏ကိုယ်ခန္ဓာကို ချာက္က ရာအစွမ်းဖြင့် ဖန်တီးကာကွယ် လိုက်၏။ "အကာကွယ်ဖန်တီးခြင်း" ဆိုဘာကိုယ်ခန္ဓာဘေး၌ ကြီးမားသော ချာက္က ရာအကာကွယ်ပေါ်ပေါက်လာ လေ၏။ "ဝုန်း" နဂါး၏လက်သည်းကျရောက်သည်နဲ့ ထိုချာက္က ရာအကာကွယ်သည် ချက်ချင်း ပင် ထက်ခြမ်းကွဲထွက်သွားရလေ၏။ "မဖြစ်ဘူး" ဆိုဘာမှ ချက်ချင်းပင် ဓားများလှံများဖန်တီးကာ နဂါးထံပစ်လွတ်လိုက်၏။ "ဝှီး...." များစွာသော ဓားများလှံများက နဂါးက အသာပင်ရှောင်တိမ်းလိုက်လေ၏။ များစွာသော လက်နက်များကို အသာယာပင်ရှောင်တိမ်းလိုက်ရုံမက ဆိုဘာ ထံပင်ပြေးဝင်လာလေ၏။ "ဒါကို စောင့်နေတာ" ဆိုဘာကလည်း ထိုအကွက်ကိုစောင့်နေခြင်းဖြစ်ရာ သူ၏လက်၌ ချက်ချင်း ပေါ်လာသော ပုဆိန်ထဲသို့ ချာက္က ရာများထည့်သွင်းပြီး ခုတ်လိုက်၏။ ပုဆိန်သည် ချာက္က ရာများထည့်သွင်းလိုက်သည် ပုဆိန်၌ရှိသော ရှေးဟောင်း အက္ခရာများကအသက်ဝင်လာပြီးလျှင်တောက်ပလာလေ၏။ပုဆိန်တစ်ခုလုံး ကြောက်မက်ဖွယ်အော်ရာထုတ်လွတ်ပြီးလျှင် ခုတ်ချက်သည် နဂါးပေါ်သို့ကျ ရောက်သွားလေ၏။ "ထန်..." မီးပွှားများ ဖွှာခနဲ ထွက်ပေါ်လာလေ၏။ထိုအခါ ဆိုဘာသည် မျက်လုံးပြူး ကာ အမြန်ရှောင်တိမ်းရလေ၏။ နဂါးသည် အကောင်သေးငယ်သွားသောအခါ သူ၏အကြေးခွံခုခံနိုင်ရည်နဲ့ မာကျောမှုသည် ထိုမျှအဆင့်ထိ ရောက်သွားမည်ဟုမထင်ထားသော​ကြောင့် ဖြစ်၏။ ဆိုဘာ၏အသက်မှာ အန္တရာယ်မရှိတော့သော်လည်း သူ၏ဆွဲကြိုးမှာ နဂါး လက်သည်းကုတ်ချက်ကြောင့် ပျက်စီးသွားရလေတော့၏။ "ဂီး" နဂါးသည် ကျေနပ်ဟန်ပြုကာ ဆိုဘာကို သတ်ရန် ပြင်ဆင်ပြန်၏။ဒီတစ် ခေါက်တွင်ကား သူ၏အစွမ်းထက်ဆုံးအကွက်ကို အသုံးပြုခြင်းဖြစ်၏။ "နဂါးမဟာမီးတောက်" ထိုအကွက်သုံးသည်နဲ့ နဂါးရှိရာ နေရာတစ်ခုလုံးသည် ပူပြင်းခြောက်သွေ့လာ လေ၏။နဂါး၏ဟထားသော ပါးစပ်တွင်လည်း မီးတောက်များကစုဝေးလာ လေ၏။ ထိုမီးတောက်များသည် အဝါရောင် လိမ္မော်များသာမကပဲ ထူးထူးခြားခြား အနီရောင့်ရောင့်များပါဝင်သလို နားလည်ရခက်သော ရှေးဟောင်းအက္ခရာ များလည်းပါဝင်ပေ၏။ ထိုမီးတောက်ကို မြင်သည်နဲ့ ဆ်ိုဘာတစ်ကိုယ်လုံး ကြ က်သီးမွှေးညင်းများ ထောင်တက်သွားလေ၏။ထိုမီးတောက်သည် မိမိအား ကြီးမားသော အန္တရာယ်ဖြစ်ကြောင်း သိနေ၏။ ထိုအခါ ဆိုဘာက ချာက္က ရာများကိုတြိဂံပုံစံပြောင်းလဲပြီးလျှင် ကာကွယ်လိုက် လေ၏။ထို့နောက် သူတတ်မြောက်ထားသော ခုခံရေးမန္တန်ကိုရွတ်ဆို လိုက်၏။ ထိုအခါ သူကိုယ်ဖုံးကွယ်ထားသော တြိဂံအကာကွယ်ချာက္က ရာများတွင် ရှေးဟောင်းစာသားများပေါ်လာလေ၏။ထိုသို့ ပေါ်လာသည်နဲ့ ထိုအကာ ကွယ်သည် မူလထက် ငါးဆအထိကာကွယ်နိုင်စွမ်းထိုးတက်သွားလေ တော့၏။ "ဝုန်း" ထိုအချိန်မှာပင် နဂါးသည် မီးတောက်ကို ပစ်လွတ်လိုက်၏။ထို မီးတောက်သည် ထိုအကာကွယ်ဆီသို့ပင် တည့်တည့်မတ်မတ် ပျံသန်း သွား၏။ "ဝုန်......ဝုန်း....ဝရော" အကာကွယ်နဲ့မဟာမီးတောက်တို့ ထိတွေ့သောအခါ မြေငလျင်များတုန်လှုပ် ရသလို ကြီးမားသောပေါက်ကွဲမှုကြီးဖြစ်ပေါ်လာရလေတော့၏။ ထိုပေါက်ကွဲမှုကြောင့် အနီး၌ရှိနေသော ကျားရဲဂိုဏ်းသားများလည်း သေဆုံးကြရလေတော့၏။

All Chapters