← Chapters

အခန်း (၃၁၉-၃၂၁)

Vol. 22 Ch. 319-321

အခန်း (၃၁၉-၃၂၁)

Vol. 22 Ch. 319-321

(319)ဆိုဘာ၏အသွင်ပြောင်းခြင်း

ပေါက်ကွဲမှုပြီးဆုံးသွားသောအခါ အ​ခြေနေကိုကောင်းစွာ မြင်လိုက်ရ၏။ဆို ဘာသည် မြေပြင်သို့ပြန်လည်ရောက်ရှိနေ၏။ နဂါးကတော့ အ​ခြေနေကောင်းနေပြီး အတိုက်ခိုက်ခံရသော ဆိုဘာကတော့ အခြေနေမကောင်းတော့ပေ။သူ၏အကာကွယ်ချာက္က ရာက တစ်စစီစုတ်ပျက် သွားလေ၏။ အကာကွယ်က စုတ်ပျက်သတ်ပျက်စီးသွားပြီး ဆိုဘာ၏တစ်ကိုယ်လုံးလည်း မီးများစွဲလောင်ကျွမ်းနေ၏။ "အား...မအေဘေးနဂါး" ဆိုဘာဒေါသထွက်နေ၏။နဂါး၏မဟာမီးတောက်သည် ထိုမျှအထိပြင်းထန် မည်ဟုထင်မိသော်လည်း မိမိ၏90%သော ကိုယ်ခန္ဓာပါ မီးလောင်ပြီးထိခိုက် သွားရမည်ဟု မထင်မိသောကြောင့်ဖြစ်၏။ လက်ရှိအခြေနေ၌ ဆိုဘာသည် မီးစွဲလောင်ကျွမ်းနေသော ငါးခြောက်ပြား တစ်ကောင်လိုဖြစ်နေ၏။အသက်ရှင်နေကြောင်း သိစေသည်မှာ သူ၏အသက်ရှူ နေသည်နဲ့သူ၏မျက်လုံးများကြောင့်သာဖြစ်၏။ နောက်ထပ်တိုက်ခိုက်ရန်အတွက် သူ၏နောက်ဆုံးလျှိုထားသောအကွက်ကို သုံးရန်ဆုံးဖြတ်လိုက်၏။ သူ၏သွားထဲ၌ ဝှက်ထားသော ဆေးလုံးကို ဝါးစားလိုက်လေ၏။ "ပြန်လည်ကုသခြင်း" ဆိုဘာ အံကြိတ်ပြီး ရေရွတ်လိုက်၏။ထိုအခါ သူ၏ကိုယ်ခန္ဓာသည် ပြောင်းလဲ မှုစတင်လာလေ၏။ ဆေးလုံးသည် သူ၏လည်ချောင်းမှ အရည်ပျော်ပြီးအစာအိမ်သို့ရောက်၏။ ထို့နောက် သူ၏တစ်ကိုယ်လုံးကို ပြန့်နှံသွားလေ၏။ ထိုအခါ ဆေး၏အာနိသင်အစွမ်းပြသလာလေ၏။သူ၏ဘေး ပတ်ဝန်းကျင်၌ရှိသော ချာက္က ရာများကိုလည်း တဝကြီးစုပ်ယူလိုက်၏။ ထိုအခါအနီးနား၌ ရှိနေသော သစ်ပင်များမှ ညှိးကျသေဆုံးကြလေ၏။ ထိုသို့ဖြစ်ပြီးသောအခါ မီးလောင်ကျွမ်းနေသောကိုယ်ခန္ဓာမှနေရာများ တ ဖြေးဖြေးအသားသစ်များပြန်လည် တည်ရှိလာ၏။ လုံးဝကျက်သွားသော နေရာများနဲ့ထိခိုက်မည်းတူးနေသောဒဏ်ရာများသည် မြွေအရေခွံချွတ်သလို ကျွတ်ကျကုန်ပြီး ထိုဒဏ်ရာရှိနေသောနေရာများသည် အကောင်းပတိပြန်လည်အစားထိုးသက်သာလာကြ၏။ တစ်မိနစ်အတွင်း မီးလောင်ကျွမ်းမဲတူးနေသော ဆိုဘာသည် လူသစ်တစ် ယောက်လိုပြန်လည်ဖြစ်တည်လာလေ၏။ တစ်ကိုယ်လုံးအကောင်းပကတိပြန်လည်ဖြစ်ပြီးသွားသောအခါ ဆိုဘာသည် သူ၏ဝှက်ဖဲကို ထုတ်သုံးလိုက်လေ၏။ "ကျားရဲအသွင်ပြောင်းခြင်း" "ဝေါင်း" ဆိုဘာ ပါးစပ်မှ ကျားဟိန်းသံထွက်ပေါ်လာလေ၏။ထိုအသံထွက်ပြီးသည်နဲ့ လူကိုယ်ခန္ဓာကိုယ်ရှိနေသော ဆိုဘာသည်ထပ်မံအသွင်ပြောင်းလဲသွား လေ၏။ ကျားအမွှေးများသည် သူ၏တစ်ကိုယ်လုံးဖုံးလွှမ်းသွားပြီး သူ၏မျက်လုံး သည်လည်း ကျားမျက်လုံးအသွင်ပြောင်းလဲသွားသလို သူ၏ခြေလက် များသည်လည်း ကျားလက်သည်းခြေသည်းများဖြစ်ပေါ်လာ၏။ကိုယ်ခန္ဓာ လည်း ကြီးမားလာပြီး ထိုကိုယ်ခန္ဓာကို ထိန်းရန်အတွက် အမြှီးလည်းပေါက် လာလေ၏။ ဤသည်ကား ဆိုဘာတတ်မြောက်ထားသော ကျားရဲသိုင်းကျမ်း၏ပထမအ ဆင့်ဖြစ်၏။ထိုအဆင့်၌ သုံးသောလူကို ကျားလူသားအသွင်ပြောင်းလဲသွား မည်ဖြစ်၏။ပြောင်းလဲသွားသောအခါ ကျားတစ်ကောင်၏အစွမ်းများကို ရရှိ သွားမည်ဖြစ်၏။ "သေဖို့ပြင်ထား" ဆိုဘာတစ်ယောက် သူ၏တိုက်ပွဲဝင်ပုဆိန်ကို ထုတ်ဖော်လိုက်၏။ထိုပုဆိန် ကြီးသည် လေးလံပြီး သူ၏အထဲတွင်လည်း အမြုတေရှိနေလေ၏။ "ဝုန်း" ပုဆိန်ကြီးမှ လေးလံပြီးကြီးမားလှသောကြောင့် ပုဆိန်ကျရာ မြေကြီးမှာ ထက်ခြမ်းကွဲအက်သွားရလေ၏။ထိုမျှလေးလံသော ပုဆိန်ကြီးကို ကျား လူသားဖြစ်နေသော ဆိုဘာမှ သူ၏လက်တစ်ဖက်တည်းဖြင့် မှကာ သူ၏ပခုံး ထက်သို့တင်လိုက်၏။ ထို့နောက် အားယူကာ ခုန်လိုက်၏။ "ဝုန်း" ချက်ချင်းပင် လေပေါ်၌ရှိနေသော နဂါးနားရောက်ရှိသွားကာ သူ၏ပုဆိန်ကြီး ပင် ခုတ်ချလိုက်၏။နဂါးကလည်း သူ၏သွားစွယ်ဖြင့် ကိုက်ချ၏။ "ဝုန်း...." ပုဆိန်မှအလွန်မာကြောသည်ဖြစ်သော်လည်း နဂါးသွားကြောင့် အရာထင်စပြု လာ၏။ထိုအခိုက်၌ပုဆိန်မှ အော်ရာထွက်ပေါ်လာသောကြောင့် နဂါးလွင့်ကာ အဝေးသို့နောက်ဆုတ်သွားလိုက်၏။ ထိုအော်ရာသည် ပုဆိန်မှလာသောအော်ရာဖြစ်၏။တိုက်ပွဲပေါင်းအလီလီဆင် နွှဲသောအခါ ရန်သူများ၏သွေးများသည် ပုဆိန်၌ကျန်ရစ်နေခဲ့လေ၏။ ထိုသွေးများစွာကို ပုဆိန်ထဲရှိ အမြုတေက စားသုံးပြီးအစွမ်းထက်လာ လေ၏။အစွမ်းလာသည်နဲ့အမျှ ပုဆိန်သည်လည်း အဆင့်တက်လာလေ၏။ လက်ရှိအချိန်၌ ဆိုဘာ၏ပုဆိန်သည် လူသန်းပေါင်းများစွာထိသတ်ဖြတ်ထား သောကြောင့် မကောင်းဆိုးဝါးပုဆိန်လိုဖြစ်နေပြီဖြစ်၏။ "ဂီးးးးး" နဂါးလည်း လွန်စွာဒေါသထွက်နေ၏။သူ၏မျက်လုံးများသည် ပုဆိန်ကိုသာ ကြည့်ရှုနေ၏။သူ၏အစွမ်းထက်သောမျက်လုံး၏အမြင်၌ ပုဆိန်တွင် များစွာ သော ဝိညာဥ်များက ရှိနေလေ၏။ထိုဝိညာဥ်များသည် အမြဲတစေအော်ဟစ် မြည်ကြွေးနေကြ၏။ ထိိုသို့ရှိနေရခြင်းမှာ အချိန်ကြာလာသောအခါ ပုဆိန်ဖြင့်သတ်ဖြတ်သောအခါ အသတ်ခံရသောပုဆိန်တွင် သွေးများစွန်းရုံတင်မဟုတ်တော့ပဲ အသတ်ခံရ သူများ၏ဝိညာဥ်များပါ ကျန်ရစ်နေသည်ဖြစ်၏။ ထိုဝိညာဥ်များက ပုဆိန်၏အမြုတေကြောင့် ကျွတ်လွတ်နိုင်ခြင်းမရှိသလို ထို ဝိညာဥ်များကလည်း အချိန်တစ်ခုကြာသောအခါ အငြိုးတေးဝိညာဥ်များ​ ဖြစ်လာလေ၏။ထိုအခါ ပုဆိန်သည်လည်း အစွမ်းထက်လာသည်ဖြစ်၏။ "ဝုန်း....." တိုက်ပွဲကား ဆက်လက်ပြင်းထန်လာပြန်၏။အသွင်ပြောင်းသွားသော ဆိုဘာ သည် နဂါးကို တန်းတူပြန်လည်တိုက်ခိုက်နိုင်ပြီး သူ၏ပုဆိန်ဖြင့်ပင် တရစပ် ခုတ်ပစ်၏။ နဂါးကလည်းရှောင်တိမ်းသော်လည်း သူ၏ပုဆိန်ဖြင့်ခုတ်ချက်ကို အမြဲတစေ လွတ်အောင် ရှောင်တိမ်းနိုင်ခြင်းမရှိရာ ထိမှန်သွားလေ၏။ "ဂါးးးး" နဂါးသာ်လည်း ပုဆိန်ကြောင့် ဒဏ်ရာရရှိသွားလေ၏။ပုဆိန်ခုတ်ချက်တစ် ချက်သာ ရရှိသွားသော်လည်း လွန်စွာမှနာကျင်လှ၏။မီစ္ဆာလက်နက်လိုဖြစ်နေ သော ပုဆိန်ကြောင့်ဆိုပါကလည်း မမှားနိုင်ပေ။ပုဆိန်ခုတ်ရာကြောင့် ဖြစ်ပေါ် နေသောဒဏ်ရာ၌ အငြိုးတေထားဝိညာဥ်များ၏အော်ရာကြောင့် ခုတ်ရာသည် ပိုမိုနာကျင်အောင် ဖြစ်ပေါ်စေလေ၏။ ထိုအခိုက်မှာပင် ဆိုဘာမှ ပုဆိန်ဖြင့်လိုက်ခုတ်သေး၏။ပုဆိန်ဖြင့် ခုတ်မရပါ က ကျန်သောကျားလက်တစ်ဖက်ကို အသုံးချကာ ကျားလက်သည်းအစွမ်း သုံးကာ တိုက်ခိုက်၏။ ထိုကျားလက်သည်းအစွမ်းကြောင့် ဒဏ်ရာထပ်မရရှိသော်လည်း အကြေးခွံ များသည် ပွန်းပဲ့ကဲ့သလို ဖြစ်ပေါ်လေတော့၏။ ထိုအခါ နဂါးသည် ဆိုဘာနဲ့ဝေးရာနေရာရွေးချယ်ကာ မြန်ဆန်စွာပျံသန်း နေရာယူလိုက်၏။ "ဂါး" နဂါးဒေါသထွက်ပြီး မီးတောက်များစွာမှုတ်ပစ်လိုက်၏။ "ဝုန်းးးးးဝုန်း" ထောင်ချီသော မီးတောက်ပေါင်းများစွာက ဆိုဘာအထိ ရောက်ရှိလာလေ၏။ ဆိုဘာကလည်း ထိုမီးတောက်များကို ရှောင်တိမ်း၌ရပါက ရှောင်တိမ်းပြီး မ လွတ်သောအခါ ပုဆိန်ဖြင့်ခုတ်ပိုင်းပစ်၏။ "မအေဘေးနဂါး" နောက်ထပ်သော မီးတောက်တစ်ခု ထိမှန်သော ဆိုဘာတစ်ယောက် နာကျင် အောင်ခံစားလိုက်လေ၏။အကြောင်းမှာ ထိုမီးတောက်များသည် သေးငယ် သော်လည်း အစောပိုင်း၌ မိမိအား အကြီးကျယ်ထိခိုက်စေခဲ့သော မီးတော က်ကြိီး၏ပြင်းအားထိ ရှိနေသောကြောင့်ဖြစ်၏။ နောက်ထပ်သော မီးတောက်များထောင်ချီကျဆင်းလာလေ၏။ထိုအခါ ဆို ဘာသည် သူ၏ကျားလက်ဝါးဖြင့်လည်းကောင်း ပုဆိန်ဖြင့်လည်းကောင်း ပုတ်ထုတ်လိုက်၏။ "အား.....ကယ်ကြပါဦး" ကျားရဲဂိုဏ်းသားများသည် ထိုမီးတောက်များကြောင့် တစ်ခါတည်းမီးစွဲပြီး သေဆုံးကြတော့၏။ "တောက်" ဆိုဘာ၏ဒေါသ သည်အဆုံးစွန်သောအခြေနေသို့ရောက်ရှိသွားလေ၏။နဂါး သည် မိမိအားထိုအခြေနေသို့ရောက်ရှိအောင်လည်း တမင်တွန်းပို့ပေးနေ ကြောင်းကို သိရှိသွားလေ၏။ "ကျားရဲအသွင်ပြောင်းခြင်းအဆင့်နှစ်" . "ဝေါင်း" ကျားလူသားဖြစ်နေသော ဆိုဘာသည် နောက်ထပ်သောအသွင်ပြောင်းမှု ကြောင့် ထပ်မံအသွင်ပြောင်းလဲသွားလေ၏။ ကျားလူသားဘဝမှ ကျားအသွင်သို့စစ်စစ်ပြောင်းလဲသွားလေ၏။ ကျားအသွင်ပြောင်းလဲသွားသောအခါ အကောင်ပိုမိုကြီးလာသလို သွေးဆာ နေသောမျက်လုံးများနဲ့ကြောက်မက်ဖွယ်ကောင်းသော လက်သည်းက အထင်းသားပင်ဖြစ်၏။ အထူးခြားကတော့ ကျောပေါ်တွင်ရှိသော ဆွတ်ဆွတ်ဖြူသော အတောင်ပံများဖြစ်လေ၏။ "ဒါက မဖြစ်နိုင်တာ...ငါတို့အကြီးကဲက အဲ့အဆင့်ထိရောက်နေပြီပဲ" ကျားရဲဂိုဏ်းစစ်သည်များ ထိတ်လန့်အံအော်နေကြ၏။ထိုအသွင်ပြင်သည် ပုံပြင်ရာဇဝင်ထဲ၌သာရှိသည်ဟုထင်ရသော ကျားရဲအသွင်ပြောင်းခြင်းနှစ် ဖြစ်၏။ "ဝေါင်း" အတောင်ပံပါသော ကျားပျံသည် နဂါးအား ဟိန်းဟောက်ကာ သတ်ဖြတ်လို သောအကြည့်ဖြင့် ကြည့်လိုက်၏။ထို့နောက် တိုက်ခိုက်ကြလေတော့၏။ ကျားနဲ့နဂါးတိုက်ပွဲသည် စတင်ခဲ့ပြီလည်းဖြစ်၏။

(320)မမျှော်လင့်သော အဖြစ်ပျက်များ

အတောင်ပံပါရှိသော ကျားဖြူကြီးနဲ့နဂါးတို့သည် ပြင်းထန်စွာတိုက်ခိုက်လိုက် ကြလေ၏။ သူတို့၏တိုက်ခိုက်မှုကြောင့် သူတို့အနီးနားရှိသော အရာဝတ္ထုများအားလုံး ပျက်စီးကြလေ၏။ "ဝေါင်းးးးး" "ဂါးးးး" နဂါးကလည်း သူ၏အစွမ်းဖြစ်သော မီးတောက်ကြီးများဖြင့် ပစ်လွှတ်ကာ တိုက်ခိုက်သလို ကျားဖြူကြီးကလည်း သူ၏ဟိန်းသံကြောင့်ဖြစ်ပေါ်လာသော လေဓားများဖြင့်ပြန်လည်တိုက်ခိုက်၏။ သူတို့၏တိုက်ပွဲသည်လွန်စွာပြင်းထန်သောကြောင့် တိုက်ခိုက်နေကြသော ဂရိတ်စစ်သည်များနဲ့ကျားရဲဂိုဏ်းသားစစ်သည်များပင် တိုက်ခိုက်နေရာမှ ရပ်တန့်ကာ ကြည့်ရှုနေကြလေ၏။ နဂါးနဲ့ကျားဖြူသည် တိုက်ခိုက်နေရာမှ ဆုတ်ခွာလိုက်၏။ထို့နောက် လေထဲမှာ ပင် မိမိတို့၏ကုန်ဆုံးသွားသော စွမ်းအင်များကို ပြန်လည်ဖြည့်တင်းလိုက်ကြ လေ၏။ နဂါးလည်း အခြေနေမကောင်းသလို ကျားဖြူကြီးသည်လည်း အခြေနေ ကောင်းခြင်းမရှိပေ။ နဂါး၏တစ်ကိုယ်လုံးကို ကာကွယ်ပေးနိုင်သော အကြေးခွံများသည်လည်း စုတ်ပျက်သွားသလို သွေးများလည်း ဖြာခနဲဆင်းကျနေလျက်ရှိ၏။ သို့သော်လည်း သူ၏စိတ်ဓာတ်ပြင်းထန်နေသောကြောင့်သာ တောင့်ခံနေနိုင် စွမ်းရှိသည်ဖြစ်၏။ ကျားဖြူကြီးသည်လည်း ကောင်းမွန်ခြင်းမရှိပေ။သူ၏အတောင်ပံများပါ လည်း ကျိုးတို့ကျဲတဲဖြစ်နေပြီး သူ၏ပါးစပ်နဲ့လက်များသည်လည်း သွေး များစွန်းပေနေ၏။ ဤသို့ဖြစ်ရခြင်းမှာ သူသည်လည်း ကိုယ်၏အကန့်သတ်ကိုကျော်လွန်ပြီး တိုက်ခိုက်လိုက်သောကြောင့်ဖြစ်၏။ "မကောင်းတော့ဘူး ပြေးကြ.." ကျားရဲဂိုဏ်းသားများပြေးကြလေ၏။အကြောင်းမှာ ကောင်းကင်၌ရပ်နေ သော ကျားဖြူကြီး၏မျက်လုံးများနီရဲလာကာ သူ၏​ဘေး၌ထူးဆန်းသော အက္ခရာများပေါ်လာသောကြောင့်ဖြစ်၏။ ကျားဖြူကြီး၏ဖြစ်စဥ်ကို ကျားရဲဂိုဏ်းသားတိုင်းနားလည်လိုက်ကြ လေ၏၏ဤအဖြစ်စဥ်သည် စတေးခြင်းဟူသောအခြေနေဖြစ်၏။ မိမိ၏စွမ်းအင်တိုးလာရေးအတွက် ကျန်သောသူများကိုစတေးပြီး စုပ်ယူ သောဖြစ်စဥ်ဖြစ်၏။အထူးသဖြင့် ဂိုဏ်းတူသောသူများကို စတေးသည်ဆိုပါ ကလည်း မှားမည်မထင်ပေ။ "ဝေါင်း" ကျားဖြူကြီးသည် နဂါးနဲ့မျက်နှာခြင်းဆိုင်ရှိနေရာမှ ရုတ်တရက်ဆိုသလို နောက်သို့လှည့်ပြီး သူ၏လက်သည်းကုတ်ချက်ကိုအသုံးပြုလိုက်၏။ ထိုအခါ ထိုလက်သည်းချက်ကျရာ ကျားရဲဂိုဏ်းသားများစွာသည် ခုခံနိုင်စွမ်း မရှိသေဆုံးကြလေ၏။သူတို့သေဆုံးသွားသောအခါ သူတို့ကိုယ်မှသွေး များသည် ကောင်းကင်ပေါ်ရှိကျားဖြူကြီးထံ ဝင်ရောက်သွား၏။ ထိုသို့ဝင်ရောက်လာသောအခါ ကျားဖြူကြီး၏မျက်လုံးများ ပိုမိုနီရဲလာသလို သူ၏ဒဏ်ရာများလည်း မျက်စိရှေ့မျက်အတွင်း၌ သိသိသာသာပျောက်ကင်း လာလေ၏။ "မရသေးဘူးလိုသေးတယ်" ခပ်အက်အက်အသံကွဲကြီးက ကျားပါးစပ်မှထွက်ပေါ်လာလေ၏။ထို့နောက် သူ၏ဟိန်းသံဖြင့်လည်း လေဓားများ၊လက်သည်းချက်များဖြင့် လည်းကောင်းသုံး ကျားရဲဂိုဏ်းသားများကို သတ်ဖြတ်ပစ်လိုက်၏။ "အားးးးး" ငရဲတမျှအသံများထွက်ပေါ်လာလေ၏။ကျားရဲဂိုဏ်းသားများသည် ကျားဖြူ ကြီးကြောင့် ဆက်တိုက်ဆိုသလို သေဆုံးကြ၏။သူတို့သေဆုံးလေ သူတို့ထံမှ သွေးများက ကျားဖြူထံရောက်ရှိလေဖြစ်ကာ ကျားဖြူကြီးမှာ အစွမ်းထက် လာလေဖြစ်၏။ "မဖြစ်ဘူး..သူ့ကို ပြန်မသက်သာခင်တိုက်ကြ" များစွာသော ကျည်များ၊ဒုံးကျည်များက ကျားဖြူကြီးကို တိုက်ခိုက်လိုက် ကြ၏။ကျားဖြူကြီးနား ရောက်ခါနီးတွင် အကာကွယ်ပေါ်လာပြီး ထိုအရာများ ကို ဟန့်တားလိုက်လေ၏။ ဂရိတ်စစ်သည်များ ပစ်ခတ်လိုက်သော အရာများက ကျားဖြူကိုထိခိုက်စေ ခြင်းမရှိပေ။ထိုအခိုက်၌ ကျားဖြူကြီးသည် ဆက်တိုက်သတ်ဖြတ်မှု လုပ်ဆောင်နေ၏။ထိုဆက်တိုက်သတ်ဖြတ်မှုကြောင့် သူ၏ဂိုဏ်းသားများမှာ တဖြေးဖြေးလျော့ပါးလာလေ၏။ ထိုသို့ဂိုဏ်းသားများ လျော့ပါးလာလေလေ ကျားဖြူကြီး၏အသက်စွမ်းအင် မှာ ပိုမိုတိုးပါးလာလေတော့၏။ကျားရဲဂိုဏ်း၏ဂိုဏ်းသားတစ်ဝက်မျှ သေ သောအခါ ကျားဖြူကြီး၏မူလအားအင်ပြည့်ဝသည့်အခြေနေသို့ ပြန်လည် ရောက်ရှိသွားလေတော့၏။ "သွားပြီ..ငါတို့အကြီးကဲက စိတ်ဖောက်ပြန်သွားပြီး အရိုင်းစ်ိတ်ဝင်သွားပြီ" အသက်ကျန်ရှိနေသေးသော ကျားရဲဂိုဏ်းအကြီးကဲများက ​ငြိုးငယ်စွာ ပြော၏။ဟုတ်ပေသည်။ဆိုဘာသည် စိတ်ရိုင်းဝင်သွားသောအ​ခြေနေသို့ ရောက်ရှိသွားခဲ့သည်လည်းဖြစ်၏။ သူသည် နဂါးကို သတ်ဖြတ်ချင်သောစိတ်ကြောင့် အရိုင်းစိတ်ဝင်သွားခြင်း လည်းဖြစ်ပြီး နဂါးကိုသတ်ဖြတ်နိုင်ရေးအတွက်ဖြင့် ကျန်သောအရာများကို စတေးပစ်ခြင်းလည်းဖြစ်၏။ ကျားရဲဂိုဏ်းမှအကြီးကဲများသည် တပ်ပြန်ခေါက်ရုံသာ လုပ်ဆောင်လိုက် ကြ၏။သူတို့၏အကြီးကဲဖြစ်သူ ဆိုဘာသည် နဂါးကိုသတ်ဖြတ်နိုင်ပါက လည်း သူ၏စိတ်သည် စိတ်အရိုင်းအခြေနေရောက်ရှိနေခဲ့ပြီဖြစ်သောကြော င့် မြင်မြင်သမျှသောအရာများကို သတ်ဖြတ်နေဦးမည်ဖြစ်သောကြောင့် ဖြစ်၏။ "ဝေါင်း" ကျားဖြူကြီးသည် မူလကောင်းမွန်သောအခြေနေသို့ပြန်လည်ရောက်ရှိလာ သည်နဲ့ နဂါးကို တိုက်ခိုက်လိုက်၏။နဂါးလည်း ပြန်လည်ခုခံသေး၏။ သို့သော်လည်း မောပန်းနေပြီဖြစ်သောနဂါးသည် အားအင်အပြည့်ဝဖြစ်ပြီး အသက်ဓာတ်ပြည့်ဝနေသော ကျားဖြူကြီးကို ပြန်လည်တိုက်ခိုက်ခုခံနိုင်စွမ်း မရှိတော့ပေ။ နဂါး၏ကြေးခွံများ ကျွတ်ထွက်ကုန်ပြီး သွေးများလည်း ဆက်တိုက်ဆိုသလို ကျဆင်းကုန်လေ၏။ လက်ရှိအခြေနေ၌ နဂါးသည် ကျားဖြူကြီး၏တစ်ဖက်သတ်တိုက်ခိုက်မှုများ ကို ခံစားနေရလေ၏။ အစောပိုင်းတိုက်ပွဲ၌ သူ၏ခံနိုင်ရည်ထက်ကျော်လွန်အောင် တိုက်ခိုက်ခဲ့ရ ခြင်းကြောင့် လက်ရှိအခြေနေ၌ ကျားဖြူကြီး၏နိုင်ကျင့်မှုကို ငြိမ်ခံရုံ မှတစ်ပါး မတတ်နိုင်တော့ပေ။ "ဝေါင်း" ကျားဖြူကြီးသည် မိမိတိုက်ခိုက်ခြင်းကို​ငြိမ်ခံနေရုံသာ တတ်နိုင်သော နဂါး ကို ကြည့်ကာ အကျေနပ်ကြီးကျေနပ်နေလေ၏။ထို့နောက် ဇာတ်သိမ်းပစ်ရန် ပြင်ဆင်လိုက်၏။ နဂါးကို ကောင်းကင်ပေါ်သို့ မြောက်ပစ်လိုက်၏။ကျားဖြူကြီးသည် မြောက် သွားသော နဂါးကို မော့ကြည့်ကာ သူ၏ပါးစပ်ကို ဟလိုက်၏။ "ကျားဖြူမရဏအလင်းတန်း" ထိုအကွက်သည် ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်တိုက်ကွက် ဖြစ်၏။ထိုအလင်းတန်းသာ ထိမှန်ခံရပါက ထိမှန်သောသူသည် သေခြင်း တရားမှလွတ်မြောက်နိုင်ခြင်းမရှိပေ။ ကျားဖြူကြီး၏ပါးစပ်တွင် ချာက္က ရာများစုစည်းလာပြီး မရဏအလင်းတန်း ကို ဖန်တီးလိုက်၏။ (."နဂါးသေစမ်း") ကျားဖြူကြီးသည် လုံလောက်သော မဏရအလင်းတန်းကိုစုစည်းပြီးကာ နဂါးကိုပစ်ရန်လုပ်ဆောင်လိုက်ချိန်၌ "ဝီး" ကြီးမားသော ဧရာမလက်နှစ်ဖက်ကြီးက ပေါ်လာလေ၏။ထိုလက်နှစ် ဖက်သည် ကျားဖြူကြီးထံသို့ ရောက်ရှိသွားပြီး ကျားဖြူကြီး၏အတောင်ပံ များကို ဆွဲဖြုတ်လိုက်၏။ "ဗုန်း....." "ဝေါင်း" အတောင်ပံများပြုတ်ထွက်သွားသောကြောင့် ကျားဖြူကြီးသည် နာကျင်စွာ အော်ဟစ်လိုက်ရ၏။သူ၏ပစ်ရန်လုပ်ထားသော မရဏအလင်းတန်းသည် လည်း မပစ်ရသေးခင် အနှောင့်ယှက်ဝင်ရောက်ခံလိုက်ရသောကြောင့် ပြန်လည်ပျောက်ကွယ်သွား၏။ "ငါဘာတွေမြင်နေတာလဲ" တပ်ခေါက်သွားရင်း မြင်လိုက်ရသောမြင်ကွင်းကြောင့် ကျားရဲဂိုဏ်းမှအကြီး ကဲများသည် တုန်လှုပ်ခြောက်ခြားသွားကြ၏။ အလွန်အစွမ်းထက်ပြီး သန်မာလွန်းလှသော ကျားဖြူကြီးသည် လက်ရှိ၌ ငိုကြွေးအော်ဟစ်နေသောကြောင့်ဖြစ်၏။ အလွန်အစွမ်းထက်ပြီး သန်မာလွန်းလှသော ကျားဖြူကြီး၏တောင်ပံ များသည် ဘယ်ကမှန်းမသိရောက်ရှိလာသော လက်ကြီးနှစ်ဖက်ကြောင့် သူ၏အတောင်ပံနှစ်ဖက်သည် ပြုတ်ထွက်သွားခဲ့ရ၏။ ထိုလက်နှစ်ဖက်သည် ကြွတ်ကြွတ်ကြော်ထားသောကြက်ကင်မှ ကြက် တောင်ပံဆွဲဖြုတ်သလိုကို အလွယ်လေးဖြုတ်သွားသည်လည်းဖြစ်၏။ အတောင်ပံများမရှိတော့သောကြောင့် ကျားဖြူကြီးသည် အောက်သို့ ပြန်လည်ပြုတ်ကျလာလေ၏။ထိုသို့အောက်သို့ကျလာသည်ကို ဧရာမ လက်ကြီးနှစ်ဖက်သည် အားဖြင့်ရိုက်ချလိုက်လေ၏။ "ဝုန်း" အားကောင်းလှသည့်ရိုက်ချက်ကြောင့် လေဟာနယ်များပင်မတည်​ငြိမ်တော့ပဲ အက်ကွဲကြောင်းများပါ ပေါ်လာရလေ၏။ "အမလေး" ကျားရဲဂိုဏ်းအကြီးကဲများ မျက်ပြူးဆန်ခတ်ဖြစ်ပေါ်လာကြ၏။လက်နှစ်ဖက် ရိုက်ချက်သည် လေဟာနယ်အက်ကြောင်းဖြစ်ပေါ်ရသည်အထိ ပြင်းထန်နေ သောကြောင့်ဖြစ်၏။ "ဟင် သူပဲ" လူတိုင်းမျက်ပြူးဆန်ပြူးဖြစ်သွားရပြန်၏။ထိုလက်နှစ်ဖက်ကြီး၏ပိုင်ရှင် သည် တစ်ခြားသူမဟုတ်ပဲ ဂရိတ်တိုင်းပြည်ဘုရင်ဖြစ်သော ဂျိတ်ဖြစ်နေသော ကြောင့်ဖြစ်၏။ လက်ရှိအချိန်၌ သူသည်ကောင်းကင်၌ ရပ်နေပြီး ကြီးမားသောဧရာမလက် တစ်ဖက်ဖြင့် သေလုမြှောပါးဖြစ်နေသော နဂါးကိုဖမ်းကိုင်ထား၏။ကျန်လက် တစ်ဖက်ဖြင့် ကျားဖြူကို ဆုပ်ကိုင်ထား၏။ ထိုလက်နှစ်ဖက်ကို ဂျိတ်သည် တိုင်းပြည်၏ကံကြမ္မာစွမ်းအင်ဖြင့် ဖွဲ့စည်း ထားသလို သူ၏ချာက္က ရာနဲ့လည်း ပေါင်းစပ်ထားခြင်းဖြစ်၏။ သူ၏ချာက္က ရာသည်လည်း အလွန်ပင်သန့်စင်သောကြောင့် သူဖန်တီးထား သော ဧရာမလက်နှစ်ဖက်ကြီးသည် အလွန်အစွမ်းထက်ပြီး မာစတာအဆင့်ရှိ သောအသွင်ပြောင်းထားသည့် ကျားဖြူကြီးကိုလည်း သတ်ဖြတ်ပစ်နိုင်ခဲ့ သည်လည်းဖြစ်သည်။ ထို့ကြောင့် ကျားဖြူသည် သေဆုံးနေပြီလည်းဖြစ်၏။လက်နှစ်ဖက်ပူးကာ ရိုက်ချက်ကြောင့် ကျားဖြူကြီး၏တစ်ကိုယ်လုံးခန္ဓာသည် လုံးဝပြားချပ်နေပြီ လည်းဖြစ်၏။ "အမိန့်တော်ချမှတ်မယ်.....နောက်ထပ်လာမဲ့တိုက်ပွဲတွေအတွက် အသင့်ပြင် ထားကြပါ..ဘယ်လိုပြင်ဆင်ရမလဲဆိုတာ....အထက်ကနေညွှန်ကြားပါလိမ့် မယ်" ဂျိတ်၏မမျှော်လင့်သော စကားကြောင့် ဂရိတ်စစ်သည်များသည် ခေတ္တ တွေ ဝေသွား၏။ထို့နောက် အရိုသေပြုကာ နောက်ထပ်သော တိုက်ပွဲအတွက် ညွှန်ကြားချက်ကို အသင့်ပြင်ဆင်ထားလိုက်ကြတော့၏။

(321)ကပ်ဆိုးကြီးစတင်ပြီ ဂရိတ်တိုင်းပြည်နန်းတော်ရှိအစည်းဝေးခန်းမထဲ၌ လူများသည် စုဝေးထိုင် နေကြလေ၏။သူတို့၏အမူရာသည် တစ်စုံတစ်ခုကို စောင့်ဆိုင်းနေဟန်ရှိ၏။ စိတ်လှုပ်ရှားနေသောသူတို့၏အမူရာကို သူတို့အကောင်းဆုံးထိန်းသိမ်းရန် ကြိုးပမ်းကြသော်လည်း ပေါ်လွင်နေလေ၏။ "ဘုရင်ကြီး ကြွလာပြီ" ထိုစကားထွက်ပေါ်လာသည်နဲ့ ထိုစိတ်လှုပ်ရှားနေသော လူတစ်စုသည် စိတ် လှုပ်ရှားစွာဖြင့် ထိုင်ရာမှ ထလိုက်ကြပြီး အရိုသေသေးလိုက်ကြလေ၏။ ဂျိတ်သည် ခန်းမထဲသို့ ရိုးရှင်းသောအဝတ်စားဖြင့်သာဝတ်ဆင်ပြီး သူထိုင်ရ မည့် ပြည့်ရှင်ဘုရင်နေရာ၌ထိုင်ကာ "ကဲ ထိုင်ကြပါ" ထိုအခါမှ လူတစ်စုသည် စိတ်လှုပ်ရှားစွာဖြင့် ပြန်လည်ထိုင်လိုက်ကြ၏။သူတို့ ပြန်လည်ထိုင်လိုက်ကြသော်လည်း စိတ်လှုပ်ရှားနေဆဲဖြစ်၏။သူတို့သည် ဂရိတ်တိုင်းပြည်၌ အစွမ်းထက်ပြီး ရာထူးကြီးမားသောသူများဖြစ် သော်လည်း လက်ရှိ၌ တုန်လှုပ်နေ၏။ အစွမ်းကြီးမားသော ဘုရင်ကြီး၊အစွမ်းထက်သောလက်နက်များနဲ့တိုင်းပြည် တစ်ခုလုံးအား အချိန်တိုတွင်း ပြောင်းလဲပေးနိုင်သော အရှင်ဘုရင်တစ်ပါး သည် သူတို့မျက်မှောက်ရှေ့၌ ရှိနေသည်ကို မျက်ဝါးထင်ထင်တွေ့မြင်နေရပြီ ဖြစ်၏။ ထိုအသိကြောင့် သူတို့၏စိတ်လှုပ်ရှားနေခြင်းကို ထိန်းချုပ်ရခက်ခဲနေခြင်း လည်းဖြစ်၏။ ထို့ပြင် ထိုသို့သတင်းများဖြင့် များစွာကျော်ကြားနေသောသူက မိမိတို့ထက် ငယ်ရွယ်ပြီး တည်ငြိမ်ကာ ထက်မြက်သောအသွင်ပြင်ရှိသောကြောင့်လည်း များစွာအံသြမိ၏။ဂျိတ်သည် သူ၏ထိုင်ခုံရှိရာ လမ်းလျှောက်ရာချိန်၌ပင် အလွန်လေးစားဖွယ်ကောင်းသော အော်ရာထွက်ပေါ်နေခြင်းဖြစ်၏။ထိုလို ဘုရင်လက်အောက်၌ အမူထမ်းနေရသော မိမိတို့၏ဘဝကိုပင် ကျေးဇူးတင် မိလာကြ၏။ "ကောင်းပြီ..ဒီနေ့ခေါ်လိုက်ရတဲ့အကြောင်းရင်းကတော့ အင်မတန်မှ အရေးကြီးတယ်" .ထိုစကားကြောင့် လူတိုင်းက နှလုံးခုန်မြန်ဆန်လာကြ၏။ပုံမှန်အားဖြင့် လက်ရှိအစည်းဝေးသို့ စစ်တပ်ဖက်မှ စစ်သူကြီးခြောက်ယောက်က သာ တက်ရောက်ခြင်းဖြစ်၏။သို့သော်လည်း လက်ရှိ၌ သူတို့သည် စစ်သူကြီး ခြောက်ယောက်ကျင့်ကြံနေချိန်ဖြစ်ရာ သူတို့မှ တာဝန်ယူတက်ရောက်ကြခြင်း ဖြစ်၏။ ("အရှင်က ငါတို့ကိုယုံကြည်နေတယ် ဒါကြောင့်ငါတို့ကို တာဝန်ပေးနေတာပဲ") "ဒီနေ့က စပြီး မင်းတို့လက်ရှိသုံးနေတဲ့လက်နက်တွေ ခေတ္တ ပယ်ထားရမယ် တခြားသော အစီရင်စာရွက်တွေနဲ့တခြားပစ္စည်းတွေကိုသာ အသုံးပြုမယ်" ဂျိတ်၏စကားက သူတို့ကို ကြီးစွာရိုက်ခတ်မှုဖြစ်ပေါ်စေလေ၏။ "မင်းတို့စိတ်ထဲက ဒွိဟဖြစ်နေမယ်ဆိုတာ ငါနားလည်တယ် အခုထပ်လာမဲ့ တိုက်ပွဲက အဲ့ဒီလက်နက်တွေက ဘယ်လိုမှအသုံးမဝင်လို့ပဲ ဒါကြောင့်ငါကငါ စီစဥ်ပေးပြီးသားလက်နက်တွေကိုအသုံးပြုကြပါ..ကျန်တဲ့တိုင်းပြည်တွေက ငါတို့ကို ကျူးကျော်ဖို့မဖြစ်နိုင်ဘူး ဘာကြောင့်ဆိုတော့ သူတို့လဲ အဲ့တိုက်ပွဲကို ခုခံနေကြရမှာမို့ပဲ" ဂျိတ်မှပြောပြပေးပြီးသည်နဲ့ ထွက်ခွာသွားတော့၏။ဂျိတ်ထွက်သွားသောအခါ ဖယ်မှရောက်ရှိလာပြီး သူတို့အား အသေးစိတ်သောအကြောင်းကို စတင်ပြော ပြပေးလေ၏။ ထိုအခါ ကြားသူတိုင်း၏စိတ်များ တုန်လှုပ်သွားကြလေ၏။ မသေမျိုးငရဲသားတွေဟုတ်လား။ထိုအခေါ်ဝေါ်အသုံးများက တုန်လှုပ် ခြောက်ခြားစရာကောင်းလှပေ၏။ဖယ်၏ ပြောစကားအရဆိုလျှင် လက်ရှိ၌မိမိတို့တိုက်ခိုက်ရမည့် တိုက်ပွဲသည် ယခင်ခေတ်ကဖြစ်ခဲ့သော တိုက်ပွဲနဲ့တူနေ၏။ ထိုလိုတိုက်ပွဲကိုကြိုတင်ပြင်ဆင်ထားရခြင်းသည် ကပ်ဆိုးကြီးတစ်ခုလာ ကြောင်းကို မပြောပဲ သ်ိလိုက်ကြရလေ၏။ ဒီတစ်ခေါက်ကပ်ဆိုးတွင်လည်း လူသန်းပေါင်းများစွာသေဆုံးကြမည့်အဖြစ် ကိုလည်း တွေးမိလိုက်ကြလေ၏။ အထူးသဖြင့် လာမည့်တိုက်ပွဲသည် စိန့်ဧကရာဇ်တိုက်ခိုက်ခဲ့သောအမျိုးစား မှန်းသိသောအခါ ပို၍ပင် ကြောက်လန့်လာလေ၏။သို့သော်လည်း ဂျိတ်မှ အရာရာကိုကြိုတင်ပြင်ဆင်ထားပြီးကြောင့် ပြောသောကြောင့် စိတ်သက်သာ ရာ ရရှိသွား၏။ အစည်းဝေးပြီးသည်နဲ့ အစည်းဝေး၌ရှိခဲ့ကြသော လူတိုင်း မိမိတို့ဆိုင်ရာ နယ်ပယ်များကို ပြန်လည်အမိန့်ပေးကာ စီမံဆောင်ရွက်စေလေ၏။ဤသို့ဖြင့် ဂရိတ်တိုင်းပြည်တစ်ခုလုံး ရှိ စစ်သည်များအတွက် ဆူညံပွက်လောရိုက်ခတ် သွားလေ၏။ ထိုသို့သောသတင်းကို စစ်သည်များသာ သိရှိစေပြီး တိုင်းပြည်သူပြည်သား များကား မသိစေပေ။အကြောင်းမှာ သူတို့စိတ်တုန်လှုပ်ခြောက်ခြားကြမည် ကို မလိုလားသောကြောင့်ဖြစ်၏။ စစ်သည်တော်တိုင်းက ကြိုးစားပြီးလုပ်ကိုင်ကြလေ၏။အဘယ်ကြောင့်ဆို သော် ထိုတိုက်ပွဲမျိုး၌ စိန်ဧကရာဇ်ပင် များစွာအကျရှုံးများပြီးမှ အောင်နိုင်ခဲ့ သည်ဖြစ်သောကြောင့်ဖြစ်၏။ ထိုသို့မဖြစ်စေရန်အတွက် များစွာသော အားထုတ်မှူဖြင့်လုပ်ဆောင်နေကြ သည်လည်းဖြစ်၏။ "သူက အဲ့လောက်လုပ်မယ်လို့မထင်မိဘူး" ထိုစကားကိုပြောသူကတော့ ဘာသာရေးအသင်းမှ လူငယ်လေးဖြစ်၏။သူ သည် ဂျိတ်၏အစီစဥ်များကို ကြားသိသောအခါ ခပ်တောင့်တောင့်ဖြစ် သွား၏။ သူ၏အစီစဥ်သည် မိမိတို့၏ကပ်ဆိုးမှ လွတ်မြောက်နိုင်သည့်နယ်မြေသွား သည်ထက် ပိုမိုကောင်းမွန်နေသောကြောင့်ဖြစ်၏။ "ကြည့်ရတာ ဒီတိုင်းပြည်ကပဲ လွတ်မြောက်နိုင်တဲ့နေရာများလား" ဘာသာရေးအကြီးကဲခေါင်းဆောင်က သက်ပြင်းချကာပြော၏။ဂျိတ်၏အစီ စဥ်များသည်လည်း သူ့အား အလွန်ပင် အံသြမင်သက်စေခဲ့သည်မှာ အမှန် ပင်ဖြစ်၏။ ဂရိတ်တိုင်းပြည်ရှိ အိမ်တိုင်းကို အစီရင်များကပ်ပေးထားလေ၏။ထိုအစီရင် များသည် သာမန်ကြည့်ပါက ဘာမှအကျုံးမဝင်သော်လည်း ဘာသာရေး ခေါင်းဆောင်အနေဖြင့် ထိုအစီရင်များက ကြောင်မင်ဖွယ်ကောင်းအောင် အစွမ်းထက်ကြောင်း ကောင်းစွာသိထား၏။ ထို့ပြင် မြို့ရိုးတိုင်းတွင်လည်း ကြီးမားသော အဆောင်များကပ်ဆွဲခြင်း၊မြင့် မြတ်သော အရာများဖြင့် ကြိုပြင်ဆင်ထားခြင်းနဲ့ နေရာတိုင်း၌ မြင့်မြတ်သော ဘုရားရေစင်ထားရှိခြင်းတို့ကို လုပ်ဆောင်ထား၏။ထို့ပြင် ကျန်သည့် အသုံးဝင်သောအရာများကိုလည်း ပြင်ဆင်ထားသေး၏။ထိုမျှမကသေးပေ။ ဂျိတ်မှ ဘာသာရေးအဖွဲ့ဝင်လူတိုင်းအား အကူညီတောင်းခံပေးထား၏။ မိမိ၏တိုင်းပြည်ရှိပြည်သူပြည်သားများကို ကာကွယ်ပေးပါရန် လေးစားစွာ ပြောကြားထားရာ မကူညီပဲ နေနိုင်ရိုးလား။ တိုင်းပြည်သူပြည်သားများအတွက် စဥ်းစားပေးသောဘုရင်မျိုးကို မျက်ဝါးထင်ထင် ကြုံရပြီဖြစ်သောကြောင့် ဘာသာရေးအသင်းရှိလူတိုင်းက ကြိုးစားပမ်းစားလုပ်ကိုင်ကြရလေ၏။ "ဖီဖီဒါကဘာလဲ" အယ်မလီလေးမှ ဂျိတ်အားမေး၏။သူသည် နန်းတော်၌ ကပ်ထားသော အဆောင်ကို ကြည့်ကာ မေးခြင်းဖြစ်၏။ "အဲ့ဒါက မကောင်းတာတွေနှိမ်နင်းပေးတယ်လေ" "ဟုတ်လား ဒါဆိုသမီးကိုလည်းပေး ကစ်တီလေးကို မကောင်းတဲ့ကောင်တွေ နှောက်ယှက်နေတယ်လို့သူပြောတယ်..သမီးဒါနဲ့ ကာကွယ်ပေးမလို့" "ယူပါဗျာ ယူပါ" ဂျိတ်မှ သမီးလေးကို အဆောင်စာရွက်နှစ်ရွက်ပေးလိုက်၏။အဆောင်ကိုင် ကာ ယုန်လေးအနားပြေးသွားသော သမီးလေးကို ကြည့်ကာ ပြုံးလိုက်၏။ ကြည့်ရသည်မှာ သမီးလေး၏သားရဲကိုယ်ခန္ဓာသည် အစွမ်းပြသလာသည့် ထင်။ကစ်တီလေးဆိုသည်မှာ သူ၏ယုန်လေးဖြစ်၏။နိုးထလာသောအစွမ်း ကြောင့် သူ၏သမီးလေးသည် တိရစ္ဆာန်စကားကို ကောင်းစွာနားလည် သဘောပေါက်နေပြီဖြစ်၏။ ................ စစ်သည်တော်တစ်အုပ်ကြီးသည် ငြိုးငယ်စွာဖြင့် သွားလာလေကြ၏။ သွားလာနေသော်လည်း သူတို့၏အမှုရာများသည် ကောင်းမွန်ခြင်းမရှိပေ။သူ တို့၏မျက်နှာများသည် ငြိုးငယ်နေလေ၏။ အဘယ်ကြောင့် သူတို့သည် စစ်ရှုံးလာကြသောကြောင့်ဖြစ်၏။ဟုတ်ပေ သည်။သူတို့သည် ဂရိတ်တိုင်းပြည်ကို တိုက်ခိုက်ပြီးပြန်လာကြသော ကျားရဲ ဂိုဏ်းသားများ ဖြစ်ကြလေ၏။လက်ရှိတိုက်ပွဲ၌ လုံးဝအတုံးရုံး များစွာဖြင့် သေကြေပြီး တိုက်ပွဲရှုံးနိမ့်လာကြသောကြောင့် ​ငိုင်နေကြသည်လည်းဖြစ်၏။ လက်ရှိအခြေနေ၌ သူတို့သည် မိမိတို့ဂိုဏ်းသို့ပြန်လာကြသည်လည်းဖြစ်၏။ "ဟင် ဟိုမှာကြည့်ကြစမ်း" ဂိုဏ်းသားတစ်ယောက်မှ အော်လိုက်၏။ထိုအခါ သူမြင်ရာအရပ်၌ များစွာ သော စစ်သည်အုပ်ကြီး သွားလာနေကြကြောင်းတွေ့လိုက်ကြရလေ၏။ ကြောက်ခြားစရာမြင်ကွင်းကို ထပ်မံမြင်တွေ့လိုက်ရလေ၏။ထိုသွားလာနေကြ သော စစ်သည်တော်များသည် အသက်မရှိတော့သော အလောင်းကောင်များ ဖြစ်ကြ၏။တိကျစွာပြောပြရပါလျှင် အသားအစိုင်ခဲများ မရှိတော့သော အရိုး ခြောက်စစ်သည်တော်များချည်းသာလျှင်ဖြစ်လေ၏။ "ဂီး...." ထိုအချိန်မှာ ထိုအရိုးခြောက်စစ်သည်များသည် သူတို့ဖက်သို့ ပြေးလာကြ ကြောင်းတွေ့လိုက်ရလေ၏။ အရိုးခြောက်စစ်သည်များ၊အရိုးခြောက်မြင်းများ၊အရိုးခြောက်ကျားများ စသည်ဖြင့် အရိုးခြောက်အကောင်များစွာ စုံလင်နေလေ၏။ သူတို့၏နောက်တွင်လည်း ထူးဆန်းသော မြူခိုးများလည်းရှိနေကြောင်း တွေ့လိုက်ရလေ၏။ "တိုက်ကြ" ကျားရဲဂိုဏ်းသားများလည်း အော်သံပေးကာ ထိုအရိုးခြောက်စစ်သည်များ ထံ ပြေးဝင်ကာ တိုက်ခိုက်လိုက်လေ၏။ ဤသို့ဖြင့် ပြင်းထန်သောတိုက်ပွဲကြီးသည် ပြန်လည်ဖြစ်ပေါ်လာတော့၏။ ကျားရဲဂိုဏ်းသားများနဲ့အရိုးခြောက်စစ်သည်များ တိုက်ခိုက်နေကြချိန်၌ ကျန်သော တိုင်းပြည်နေရာအနှံအပြားတွင်လည်း အရိုးခြောက်စစ်သည် များသည် တိုက်ခိုက်နေကြသည်လည်းဖြစ်၏။ ကြီးမားခြောက်ခြားဖွယ်ကောင်းသော ကပ်ဆိုးကြီးသည် စတင်နေခဲ့ပြီလည်း ဖြစ်၏။

All Chapters