အခန်း (၃၂၂-၃၂၄)
Vol. 22 Ch. 322-324
(322)မျှော်လင့်ချက်တစ်မျှင်
"ဘာဖြစ်ကုန်တာတုန်းဟ" အဆင့်ငါးဆင့်ရှိသော တိုင်းပြည်တစ်ခုမှ ဆူညံပွက်လောရိုက်ခတ်ကုန်၏။အ ဘယ်ကြောင့်ဆိုသော် သူတို့၏တိုင်းပြည်အနီးသို့ တစ်စုံတစ်ခုက နီးကပ်လာ သောကြောင့် ဖြစ်၏။ "ငါမြင်နေရတာကမှားများမှားနေသလား" ကြည့်လိုက်သူတိုင်း တုန်လှုပ်သွား၏။ "ဝုန်းဝုန်း." သူတို့၏တိုင်းပြည်အနားသို့ရောက်ရှိလာသည်ကား အသက်ရှင်နေသော သူများမဟုတ်သည့် အရိုးခြောက်စစ်သည်တော်များ ဖြစ်ကြ၏။ထိုအရိုး ခြောက်စစ်သည်များသည် သွားလာရာ၌ အလွန်ပင်စည်းစနစ်ကျလှလေ၏။ အရိုးခြောက်စစ်သည်တိုင်း၏အသွင်ပြင် အမှုရာများသည် ထပ်တူကျနေ ကြ၏။ သူတို့ထံမှ ထွက်ပေါ်လာသော ခြောက်ခြားဖွယ်အော်ရာက အဆင့်ငါး တိုင်းပြည်ကိုစောင့်ကြပ်နေကြသော သူတို့အား တုန်လှုပ်ခြောက်ခြားစေ လေ၏။ "အမလေးလေး" မြို့ရိုးကို စောင့်ကြပ်နေကြသောစစ်သည်များ ကြောက်လန့်သွားကြ၏။လက်ရှိ သူတို့တိုင်းပြည်အနီး၌ ရောက်ရှိနေသော အရိုးခြောက်စစ်သည်များသည်ပင် တစ်သန်းဟူသောအရေတွက်နား ကပ်နေ၏။ အရိုးခြောက်စစ်သည်တော်များသာမဟုတ်ပဲ အမျိုးစုံလှ၏။လှံသမား၊မြင်း စစ်သည်တော်များနဲ့ ထူးထူးခြားခြား သားရဲစုံစီးနင်းသော စစ်သည်တော်များ လည်း ပါဝင်၏။ အကုန်လုံး တန်းတူ တူညီကြသည်ကတော့ အားလုံးသည် အရိုးခြောက် အသွင်ပင်ဖြစ်ကြလေ၏။ အဝေး၌ ဖုန်တလုံးလုံးဖြင့်ဆက်လက်ချီတက်နေကြသော အရိုးခြောက် စစ်သည်များ ကိုမရေတွက်ရသေးပေ။ လက်ရှိအရိုးခြောက်စစ်သည်များရောက်ရှိနေသော တိုင်းပြည်သည် စွန်ရဲ အင်ပါယာ၏လက်အောက်၌ ရှိသော စတေ့ဟူသော တိုင်းပြည်ဖြစ်၏။ထို တိုင်းပြည်သည် ဂရိတ်တိုင်းပြည်ထက် နယ်မြေဧရိယာကြီးမားလေ၏။ ထိုအရိုးခြောက်များသည် တိုင်းပြည်အနားရောက်သည်နဲ့ ရပ်တန့်သွားကြ၏။ ထိုသို့ရပ်တန့်သွားသည်မှာ ငါးမိနစ်ကြာ၏။ထိုငါးမိနစ်ဟူသောအခိုက်တန့်၌ ထိုအရိုးခြောက်စစ်သည်တော်များသည် ကျောက်ရုပ်ကဲ့သို့ ရပ်နေကြ၏။တုပ် တုပ်ပင်မလှုပ်ပင်။ ဝုန်း....... ထိုအချိန်၌ အရိုးခြောက်စစ်သည်များ၏နောက်၌ မြူခိုးထုများပေါ်ပေါက်လာ လေ၏။ထိုမြူခိုးထု၏အလယ်၌ ထူးဆန်းသော ခွက်တစ်လုံးရှိနေလေ၏။ထို ခွက်သည်လည်း အရိုးခေါင်းပုံစံရှိသော အရာသာဖြစ်လေ၏။ ထိုအရိုးခေါင်းပုံစံခွက်မှ ထူးဆန်းသော ရောင်ခြည်တန်းတစ်ခုထွက်ပေါ်လာ လေ၏။ထိုရောင်ခြည်တန်းသည် စတေ့တိုင်းပြည်ဘက်သို့ ထွက်ခွာသွား၏။ ထိုရောင်ခြည်တန်းသည် စတေ့တိုင်းပြည်ထဲရောက်ရှိပြီးသည်နဲ့ မကြာမီမှာ ပင် ခြောက်ခြားဖွယ်ကောင်းသောအသံကို ကြားလိုက်ကြရလေ၏။ ထိုအသံသည် မြင်းတစ်ကောင်၏အော်သံဖြစ်လေ၏။ထိုမြင်းအော်သံသည် သေခါနီးချိန်၌ ခြောက်ခြားဖွယ်ရာစူးစူးဝါးဝါးအော်သံမျိုးဖြစ်၏။ ထိုမြင်းအော်သံသည် စတေ့တိုင်းပြည်တစ်ခုလုံးသို့ ပြန့်နှံသွားလေ၏။ "ဝုန်းးးးး" ထိုအသံကြီးထွက်ပေါ်ပြီးသည်နဲ့ ကျောက်ရုပ်ကဲ့သို့ ရပ်တန့်နေကြသော အရိုး ခြောက်စစ်သည်များ ချက်ချင်းပင် ပြန်လည်လှုပ်ရှားလာကြ၏။ ပြန်လည်လှုပ်ရှားလာကြသော အရိုးခြောက်စစ်သည်များသည် စတေ့မြို့ရိုး များကို စတင်တိုက်ခိုက်လိုက်ကြလေ၏။ "ပြန်တိုက်ကြ" မြို့ရိုး၌စောင့်ကြပ်နေကြသော စစ်သည်တော်များ အားလုံးချက်ချင်းပင် အလုပ်ရှုပ်ကုန်ကြလေ၏။မြို့ရိုး၌စောင့်ကြပ်နေကြသော စစ်သည်တော် များသည် အရိုးခြောက်စစ်သည်များ ကို တိုက်ခိုက်ကြလေ၏။ "သွားပြီ..သွားပြီ" လူတစ်ယောက်သည် ငိုကြီးချက်မှဖြင့် ငိုကြွေးနေလေ၏။ထိုငိုကြွေးနေသော လူသည် သာမန်တစ်ယောက်မဟုတ်ပဲ စတေ့တိုင်းပြည်ကို ပိုင်စိုးသော ဘုရင် သာဖြစ်လေ၏။ သူငိုကြွေးနေရသောအကြောင်းရင်းမှာ သူ၏လက်ထဲ၌ ရှိသော တံဆိပ်ပြား သည် အသက်မဲ့သွားပြီး ပြာအသွင်ပြောင်းလဲသွားသောကြောင့်ဖြစ်၏။ ထိုသို့ဖြစ်ပေါ်လာရခြင်းသည် အစောပိုင်း၌ဖြစ်ပေါ်လာရသော အရိုးခြောက် ခွက်ကြောင့် ဖြစ်၏။ထိုအရိုးခြောက်ခွက်မှ ထွက်ပေါ်လာသော အလင်းတန်း သည် စတေ့တိုင်းပြည်၏အစောင့်ရှောက်ကံကြမ္မာဖြစ်သည့် မြ င်းနက်ကို တိုက်ခိုက်ပစ်လိုက်၏။ ထိုတိုက်ခိုက်မှုကြောင့် မြင်းနက်သည် အားနည်းသွားပြီး ကြောက်မက်ဖွယ် ကောင်းသောအသံနက်ကြီးဖြင့် အော်ဟစ်ကာ သေဆုံးသွားလေတော့၏။ ထိုမြင်းနက်သည် စတေ့တိုင်းပြည်၏အနာဂတ်ကို ကိုယ်စားပြု၏။ထို ကိုယ်စားပြုသော မြင်းနက်သည် သေဆုံးသွားခဲ့လေရာ စတေ့တိုင်းပြည် ဘုရင်၏လက်၌ရှိသော တံဆိပ်ပြားသည် မဲနက်ပြီးပြာဖြစ်သွားခဲ့လေခြင်း ဖြစ်လေ၏။ ထို့ကြောင့်လည်း စတေ့ဘုရင်သည် ငိုကြွေးနေခြင်းလည်းဖြစ်ပေ၏။ "ပွမ်......" ထိုအချိန်၌ စစ်ချီခရာသံကြီးက တိုင်းပြည်အနှံပြား၌ထွက်ပေါ်လေတော့၏။ "ဟင်" ထိုအသံကြောင့် ငိုကြွေးနေသော စတေ့ဘုရင်သည် ငိုကြွေးမှုရပ်တန့်သွားကာ တုန်လှုပ်သွား၏။ "မ..မဖြစ်နိုင်တာ" သူ၏တိုင်းပြည်ကံကြမ္မာကိုကိုယ်စားပြုသောမြင်းနက်သေ သည်မှာ အချိန် ဘယ်လောက်မှ မကြာသေးပေ။မကြာသေးသော်လည်း လက်ရှိ၌ စစ်ခရာသံ က ကျယ်လောင်စွာထွက်ပေါ်နေခဲ့ပြီဖြစ်၏။ အချိန်တစ်နာရီကြာသောအခါ စတေ့ဘုရင်၏အနားသို့ သတင်းပို့သမား ရောက်ရှိလာလေ၏။ "အရှင်မင်းကြီး မကောင်းတော့ဘူး....." "ပြောဦးဘာဖြစ်တာလဲ" ဘုရင်သည် ပြောသာပြောနေသော်လည်း သူ၏စိတ်များက လေးလံတွေဝေ နေ၏။သူ၏မြင်းနက်က သေဆုံးခဲ့သည်မဟုတ်ပါလား။ထို့ကြောင့် လာမည့် ကိစ္စများသည်လည်း မကောင်းနိုင်ကြောင်း သူသိထားပြီးဖြစ်၏။ "ဒီလိုပါ..အရှင်မင်းကြီး... ကျနော်တို့တစ်တိုင်းပြည်လုံး အတိုက်ခံနေရပါ ပြီ..နေရာအနှံမှာပါ" စိတ်ကို အတတ်နိုင်ဆုံးပြင်ဆင်ထားသော်လည်း ပိုမိုဆိုးဝါးနေသော သတင်း ကြောင့် တုန်လှုပ်သွားလေ၏။ "ဒါဆို ရှိသမျှစစ်သည်တော်တွေကို တိုက်ခိုက်ဖို့လုပ်ခိုင်းလိုက်..ပြီးတော့ စွန်ရဲ အင်ပါယာဆီကနေပါအကူညီတောင်းပါ" စတေ့ဘုရင်အနေဖြင့် သတင်းဆိုးကြားမိသည်နဲ့လုပ်မိသည်ကတော့ ပြန်လည်တိုက်ခိုက်ရန်သာဖြစ်လေ၏။ "မလုပ်နဲ့အရှင်မင်းကြီး...မကောင်းတော့ဘူး" စတေ့ဘုရင်လည်း ထိုအော်သံပိုင်ရှင်ကို ကြည့်လိုက်ရာ "ဟင် နတ်ဆရာဘာဖြစ်တာတုန်း" အော်ပြီးပြေးလာသော နတ်ဆရာကို စတေ့ဘုရင်မြင်တွေ့လိုက်ရလေ၏။နတ် ဆရာသည်လည်း အခြေနေမကောင်းပေ။ သူ၏တစ်ကိုယ်လုံးရှိအဝတ်စားများ စုတ်ပျက်သတ်နေသည့်အပြင် သူ၏ပါးစပ်တွင်လည်း သွေးစသွေးနများလည်း ပေကျန်နေလေ၏။ "အရှင်မင်းကြီး ကပ်ဆိုက်နေပြီ" ထိုစကားတစ်ခွန်းကြောင့် စတေ့ဘုရင်သည် ထိုင်ခုံပေါ်သို့ အရုပ်ကြိုးပြတ် သလို ငု ပ်တုပ်ထိုင်မိသွားလေ၏။ "စကားမပြီးသေးဘူး....ဒီကပ်ဆိုးက ဒီတိုင်းပြည်တစ်ခုတည်းမဟုတ်ပါဘူး တိုင်းပြည်တိုင်းမှာဖြစ်နေတာပါ..ပြီးတော့..ပြီတော့" "ဆက်ပြောပါ" စတေ့ဘုရင်မှ မိန့်၏။ "ဒီကပ်က စိန့်ဧကရာဇ်ခေတ်က ကပ်မျိုးပါ" စတေ့ဘုရင် အသိစိတ်လွတ်သွားသလိုခံစားလိုက်လေ၏။စိန့်ဧကရာဇ်ခေတ် က ကပ်ဆိုးဆိုသည်နဲ့ တွေးကြည့်သည်နဲ့ပင် ကြောက်ခြားသွားရလေ၏။ ထိုခေတ်အခါက မည်မျှသေကြေပျက်စီးကြောင်းကို သမိုင်းစာများ၌ အတိ တလင်းဖော်ပြထားရာ ထိုကပ်ကြောင့် လူများသေကြေကြမည်ကို သိလိုက် လေ၏။ "ငါတို့တော့...သေပြီ..သွားပြီ" မျှော်လင့်ချက်မဲ့သွားသော စတေ့ဘုရင်သည် ညှိုးငယ်သောမျက်နှာဖြင့်ဆို၏။ ထိုခေတ်က ကပ်မျိုးကို စိန့်ဧကရာဇ်လိုလူပင် အသည်းသန်ကြိုးစားခဲ့ရရာ မိမိ လိုဘုရင်မှာ အဘယ်မျှတတ်နိုင်မည်နည်း။ "ဘုရင်မင်းကြီး..သတင်းကောင်းတစ်ခုကျန်ပါသေးတယ်" ထိုစကားကိုဆိုသူက နတ်ဆရာ၏ဆရာဖြစ်သော အဖိုးအိုပင်ဖြစ်၏။ထိုအဖိုး အိုသည်လည်း သူ၏အဝတ်စားများပုံပျက်နေသည့်အပြင် သူ၏ပါးစပ်မှ လည်း သွေးများက ဆင်းကျနေသေး၏။ "ဆရာဘာလို့ ပြန်ပြီးခန့်မှန်းပြန်တာလဲ" နတ်ဆရာမှဆို၏။နတ်ဆရာ၏ဆရာဖြစ်သူသည် မခန့်မှန်းတော့သည်မှာ နှစ် အတော်ကြာပြီးဖြစ်၏။ရှေ့ဖြစ်ဟောခြင်း အနာဂတ်ခန့်မှန်းခြင်းများက ကောင်းကင်ကိုဆန့်ကျင်သောအရာများဖြစ်ရာ အသက်တိုနိုင်၏။ ထို့ကြောင့် အဖိုးအိုသည် မဟောဖြစ်သည်မှာ ကြာပြီဖြစ်သော်လည်း ယနေ့၌သူသည် အနာဂတ်ကို ခန့်မှန်းတွက်ချက်လိုက်ပြန်၏။ "မတတ်နိုင်ဘူးလေ ကပ်ဆိုးကြီးကျလာမှတော့ ငါကငါ့အသက်ကိုနှမြောနေရ ဦးမှာလား" ဆရာဖြစ်သူစကားကြောင့် နတ်ဆရာလည်းငြိမ်ကျသွားလေ၏။ဆရာဖြစ်သူ မည်မျှခေါင်းမာကြောင်း သူအသိဆုံးဖြစ်လေ၏။ "အရှင်မင်းကြီး သတင်းကောင်းရှိတယ်..ဒီကပ်ဆိုးကနေကျော်လွှားနိုင်တဲ့ တိုင်းပြည်ရှိနေတယ်..အဲ့တိုင်းပြည်ကို စိန့်ဧကရာဇ်လိုကြီးမြတ်တဲ့လူက အုပ်ချုပ်နေတယ်" "ဝုန်း" အဖိုးအို၏စကားဆုံးသည်နဲ့ စတေ့ဘုရင်ထိုင်နေသော ထိုင်ခုံသည် ပျက်စီး သွားသလို စတေ့ဘုရင်ကတော့ မတ်တပ်ရပ်လျက်သားဖြစ်၏။ "တော်သေးတယ် ကောင်းကင်က ငါတို့ကို စောင့်မှနေသေးတယ်" ဝမ်းသာအားရဖြင့် စတေ့ဘုရင်သည် နတ်ဆရာ၏ဆရာဖြစ်သူကိုမေး လေ၏။ထိုအဖိုးအိုကလည်း "ကျနော်မျိုးအာရုံမှာ ပေါ်လာတဲ့ တိုင်းပြည်ကတော့ ဂရိတ်တိုင်းပြည်...အဲ့ တိုင်းပြည်ကိုအုပ်စိုးနေတဲ့ကြီးမြတ်တဲ့အရှင်ဘုရင်နာမည်ကတော့ ဂျိတ်"
(323)ဂရိတ်တိုင်းပြည်၏အံသြဖွယ်ရာမြင်ကွင်း
ကပ်ဆိုးကြီးသည်နေရာအနှံ့၌ ဖြစ်ပျက်နေလေ၏။တိုက်ခိုက်ခံရသောနေရာ တိုင်းလည်း ပုံသေတိုက်ခိုက်ခြင်းမျိုးဖြင့် ခံစားရသည်ဖြစ်၏။ တိုက်မည့်နေရာ၌ အရိုးခြောက်စစ်သည်များသည် ရှေးဦးစွာရောက်နေပြီး ကျောက်ရုပ်လိုငြိမ်သက်နေမည်ဖြစ်၏။ထိုအရိုးခြောက်စစ်သည်များရပ်တန့် သွားသည်နဲ့ သူတို့၏နောက်မှမြူခိုးများထွက်ပေါ်လာမည်။ ထိုမြူခိုးများထဲမှ အရိုးခေါင်းခွက်ပေါ်လာမည်ဖြစ်ပြီး ထိုခွက်မှ တိုက်ခိုက်မ ည့်တိုင်းပြည်၏ကံကြမ္မာအစောင့်ရှောက်ပုံရိပ်ကို တိုက်ခိုက်မည်ဖြစ်၏။ ထိုအစောင့်ရှောက်သာ သေဆုံးခဲ့ပါက ကျောက်ရုပ်ဖြစ်နေသော အရိုးခြောက် စစ်သည်များ သည် အသက်ဝင်လာပြီး ထိုတိုင်းပြည်ကို ကျူးကျော်တိုက်ခိုက် မည်ဖြစ်၏။ ဤသည်မှာ ကပ်ဆိုးဟုခေါ်သော အရိုးခြောက်စစ်သည်များ၏တိုက်ခိုက်ပုံပင် ဖြစ်၏။ တိုက်ခိုက်ခံသော လူများသည် သေဆုံးသွားမည်ဖြစ်ပြီး အရိုးခြောက် စစ်သည်များ အဖြစ်ပြန်လည်ရှင်သန်လာမည်ဖြစ်၏။အရိုးခြောက်စစ်သည် များမဖြစ်ခင် သူတို့၏အသွေးသားများနဲ့ဝိညာဥ်များကို မြူခိုးထဲ၌ရှိသော အရိုးခေါင်းခွက်မှ စုပ်ယူစားသုံးမည်ဖြစ်၏။ ထိုသို့စုပ်ယူစားသုံးသော အခါ အရိုးခေါင်းခွက်သည် ပိုမိုအင်အားကြီးလာ မည်ဖြစ်သည်။ ............. နေရာအနှံ့၌ကပ်ဆိုးကြီးဖြစ်ပေါ်နေပြီး ငါးရက်မြောက်နေ့... ဂရိတ်တိုင်းပြည်ကတော့ တိုက်ခိုက်ခြင်းမခံရသေးပေ။သို့သော်လည်း ပြည်သူတိုင်းကို မြို့ထဲသို့သာနေစေပြီး တိုင်းပြည်နယ်နမိတ်အပြင်သို့ထွက်ခွင့်မပြု ပေ။ ဂျိတ်လက်ထက်၌ တိုင်းပြည်တစ်ခုလုံးအား ခိုင်ခံ့သော မြို့နံရံများဖြင့် ကာ ကွယ်ပေးထား၏။ "ဟိုမှာ လူတွေ သတင်းပို့" ဂရိတ်တိုင်းပြည်ကိုစောင့်ကြပ်နေသော မြို့ရိုး၏တစ်နေရာ၌ တပ်တစ်စု ပေါ်လာသောကြောင့် မြို့ရိုးစောင့်ကြပ်သူများ သတင်းပို့လိုက်ကြ၏။ အချိန်တစ်မိနစ်ဟူသောအတွင်း၌ မြို့ရိုး၌ စစ်သည်တော်များသာမက လက်နက်များကလည်း ပစ်ခတ်ရန်အသင့်ဖြစ်သွားကြလေ၏။ ထိုလူစုသည် အရေတွက်ဖြင့် နှစ်သိန်းသောပမာဏမျှရှိလေ၏။၎င်းတို့သည် အုပ်စုဖွဲ့ပြီး မိမိတို့တိုင်းပြည်ဘက်သို့လာနေသည်လည်းဖြစ်၏။ထိုအုပ်စု များသည် ခြေလျင်လာသူများ၊မြင်းဖြင့်လာသူများနဲ့မြင်းလှည်း၊ရထားလုံး စသည်ဖြင့် ပါရှိပေ၏။ "ဟိုမှာ အလံထောင်ထားတယ်" အလံကိုသေချာကြည့်ရာ မိမိတို့ကို ခိုလှုံခြင်းပေးပါရန် တောင်းဆိုသော အဓိပ္ပါယ်ဖြစ်ကြောင်း သိလိုက်ရလေ၏။ "နေဦး ငါသတင်းပို့လိုက်ဦးမယ်" စစ်သည်တော်တစ်ယောက်မှ သတင်းပို့၏။အကယ်၍ထိုလူများသည် လုပ်ကြံ သူများဖြစ်မှ မိမိတို့နစ်နာနိုင်သောကြောင့် ဖြစ်၏။ "သူတို့ကိုဝင်ခွင့်ပြုလိုက်ပါ..ပြီးတော့ အသစ်ဆောက်ထားတဲ့နေရာမှာ ထား ပေးလိုက်ပါ" မြို့ရိုး၌အသင့်ပစ်ရန်ဖြစ်နေသော လက်နက်များနဲ့စစ်သည်များလည်း ပြန်လည်ရုတ်သိမ်းလိုက်ကြပြီး မြို့ရိုးတံခါးကို ဖွင့်ပေးလိုက်လေ၏။ "ကျနော်တို့ တကယ်ပဲလွတ်မြောက်နိုင်မှာလား" စတေ့ဘုရင်သည် ဆိုလိုက်ခြင်းဖြစ်၏။သူ၏တိုင်းပြည်သည် မကြာသော ရက်ပိုင်းလေးအတွင်း၌ ပျက်စီးခဲ့ရပြီဖြစ်၏။မပျက်စီးခင် နတ်ဆရာ၏ဆရာ အဖိုးဖြစ်သူ၏စကားကိုယုံကြည်ကာ ရနိုင်သမျှသော လူသူများကို စုဆောင်း ကာ တိုင်းပြည်မှ ထွက်ခွာခဲ့ရတော့၏။ မထွက်ခွာ၍လည်းမရတော့ပေ။ သူ၏တိုင်းပြည်သည် မကြာမီအချိန် အတွင်း၌ အရိုးခြောက်စစ်သည်များ ကြောင့် အားလုံးသေဆုံးရနိုင်၏။ထို့ ကြောင့် ရနိုင်သမျှသော လူသူလက်နက်များစုဆောင်းကာ အရိုးခြောက် စစ်သည်များဝိုင်းသည့်ကြားမှ တိုက်ခိုက်ဖောက်ထွက်အောင်လုပ်ပြီး ထွက်ပြေးလာခဲ့ကြသည်လည်းဖြစ်၏။ ဒါတောင်မှ အသက်စွန့်တိုက်ခိုက်သော စစ်သည်များ၏စတေးမှုကြောင့်သာ နှစ်သိန်းဟူသောအရေတွက်ဖြင့် ဂရိတ်တိုင်းပြည်ထံရောက်ရှိလာခြင်း ဖြစ်၏။ နတ်ဆရာကိုယ်တိုင် သက်တမ်းပေးဆပ်ပြီးမြင်လာရသော စကားဖြစ်သော ကြောင့် စတေ့ဘုရင်သည် ထိုစကားကို လက်ကိုင်ပြုကာ ဂရိတ်တိုင်းပြည်ထံ ရောက်ရှိလာသည်လည်းဖြစ်၏။မြို့ရိုးကို စတင်မြင်သောအခါ သာမန် တိုင်းပြည်များလိုပင်ဟု ထင်မြင်မိ၏။ သို့သော်လည်း နတ်ဆရာကြီးစကားကို ပြန်လည်သတိရကာ အကူညီတောင်း သောအလံကို ရှေ့၌ ထောင်ကာ လာခဲ့ကြ၏။ "ဂျိန်းးး" စတေ့တိုင်းပြည်အင်အားစုသည် ဂရိတ်တိုင်းပြည်အနီးရောက်သည်နဲ့ မြို့ရိုး တံခါးကြီးသည် ဖွင့်လာလေ၏။ "ဝင်လာပါ" ထိုစကားကြောင့် စတေ့တိုင်းပြည်ဘုရင်သည်လည်း ဝမ်းသာကာ ဦးဆောင် ပြီး မိမိတို့အားလုံးအထဲဝင်စေရန် အမိန့်ပေးလိုက်လေ၏။ ဂရိတ်တိုင်းပြည်မြို့ရိုးသည် အနီးနားရောက်သောအခါမှ သာမန်ထက်ပိုမို ကြီးမားသလို ခိုင်ခန့်လှကြောင်းတွေရှိလိုက်ရလေ၏။ "တကယ်..ကျုပ်တို့လွတ်မြောက်နိုင်တယ်......တကယ်" နတ်ဆရာသည် မြို့ရိုးကို ကြည့်ကာ ဝမ်းသာအားရအော်ဟစ်နေလေ၏။ "အရှင် ဒီမြို့ရိုးမှာကပ်ထားတာတွေက တကယ်အစွမ်းထက်တယ်..အရိုး ခြောက်စစ်သည်တွေကို မ၀င်နိုင်အောင်ဟန့်တားပေးတယ်" ထိုအခါမှ စတေ့ဘုရင်သည် ငြိုး ငယ်နေရာမှ ပြန်လည်လန်းဆန်းလာလေ၏။ နတ်ဆရာပြောသလို ဒီနေရာသည် မိမိတို့အား ကာကွယ်ပေးနိုင်မည်ဖြစ်၏။ "ဟင်..." "အို...." "ဟာ...." မြို့ရိုးထဲဝင်လိုက်သည်နဲ့ သူတို့အား ဆန်းသစ်သောအရာများက ထပ်မံကြိုဆို နေ၏။သူတို့မမြင်ဖူးသော အသုံးဆောင်များ၊လမ်းများနဲ့မမြင်ဖူးသေးသော အဆောက်ဦးများက သူတို့ကို လုံးဝအံသြထိတ်လန့်စေလေ၏။ "ရောက်လာကြတဲ့ ခိုလုံသူတွေ ကျုပ်နောက်ကနေကျေးဇူးပြုပြီးလိုက်လာပေး ကြပါ" ဆိုင်ကယ်စီးနင်းထားသော စစ်သည်တော်မှာ စတေ့ဘုရင်ဦးဆောင်သော အဖွဲ့ကို ပြောကာ ရှေ့မှဦးဆောင်သွားလေ၏။ "လိုက်ကြ" စတေ့ဘုရင်ကလည်း ထိုစစ်သည်တော်၏နောက်သို့လိုက်ကြလေ၏။လိုက် သာလိုက်နေရသော်လည်း သူ၏အတွေးထဲ၌ ရှုပ်ထွေးနေလေ၏။ ("အစောက စစ်သည်တော်စီးနေတာက ဘာကြီးလဲ") ("ပြီးတော့ ဒီတိုင်းပြည်က ဘယ်လိုဖြစ်ပြီးပြောင်းလဲနေတာလဲ") သူ၏စိတ်ထဲ၌ လဲပေါင်းများစွာဖြင့် ပြည့်နှက်နေလေ၏။ရထားလုံးထဲ၌ ရှိနေ သော်လည်း ဂ ရိတ်တိုင်းပြည်၏မြို့ထဲရောက်ရှိလေ ဆန်းကြယ်လေ ဖြစ်ကြောင်း အံအားသင့်စရာကောင်းအောင် တွေ့မြင်နေရလေ၏။ "နတ်ဆရာဘယ်လိုဖြစ်တာတုန်း" "အရှင်မင်းကြီး အဲ့ဒါကို ကျနော်လဲ သိချင်နေတာ" နတ်ဆရာကလဲ ပြန်လည်ပြော၏။သူသည်လည်း ထိုအဖြစ်ပျက် အကြောင်းရာကို တကယ်သိလိုနေသည်ဖြစ်၏။ ဆိုင်ကယ်မောင်းနှင်လာသော စစ်သည်တော်သည် ဆယ့်ငါးမိနစ်ကြာမှ မောင်းနှင်ပြီးသောအခါ တစ်ခုသောနေရာအရောက်၌ ရပ်တန့်လိုက်လေ၏။ "ဒီမှာ အသင်တို့နေထိုင်ရမဲ့နေရာက ဘယ်လိုနေရမယ်ဆိုတာကတော့ ဒီမှာရှိ တဲ့အစေခံတွေကအကျိုးကြောင်းစုံလင်စွာပြောပြပေးပါလိမ့်မယ်..သင်တို့ အကျိုးကြောင်းကိစ္စကတော့ မနက်ဖြန်မှ ကျနော်တို့အရှင်မင်းမြတ်မှ လာ မေးပါလိမ့်မယ်" ထိုစစ်သည်တော်မှ ရိုသေစွာပြောပြီး မိမိ၏တာဝန်ပြန်လည်ထမ်းဆောင်နိုင် ရန် ထွက်ခွာသွားလေတော့၏။ စတေ့ဘုရင်အနေဖြင့် ဂရိတ်တိုင်းပြည်သည် မိမိကြားဖူးသော သတင်းနဲ့ တူညီသလို ဂရိတ်ဘုရင်ဂျိတ်သည် မိမိတို့အဖွဲ့ကြီးကို တစ်ခွန်းမှမေးမြန်း ခြင်းမရှိပဲ သူ၏နယ်နမိတ်ထဲသို့ဝင်စေခွင့်ပြုပြီး ခိုလှုံသောနေရာပါပေး ထားသည်ကိုတော့ အနည်းငယ်အံအားသင့်မိသည်မှာ အမှန်ပင်။ မိမိနေထိုင်ရမည့်နေရာကိုကြည့်ရန် ရထားလုံးမှအထွက်ပြီးအကြည့် "ဟင် ငါထင်တာမှားနေတာလား" သူမြင်လိုက်ရသည်ကတော့ မိုးမျှော်ထိုးနေပြီး ကောင်းကင်နဲ့ထိမတတ်ပုံစံရှိ သော အဆောက်ဦးကြီးဖြစ်လေ၏။ "ကျနော်မျိုးတို့ပါ မြင်ရတာဆိုတော့ အရှင်မင်းကြီး မြင်တာမမှားနိုင်ပါဘူး" ကျန်သော ငယ်သားနဲ့နတ်ဆရာကလည်း ပြောကြားလိုက်၏။ "ကြိုဆိုပါတယ်ခင်ဗျာ ကျနော်မျိုးမတို့ရဲ့ မဟာအဆောက်ဦးကနေကြိုဆိုပါ တယ်...ကျနော်မျိုးမတို့ရဲ့အရှင်ဘုရင်က အရှင်တို့ကိုဒီမှာ နေထိုင်ခွင့်ပြုထား ပါတယ်ရှင့်...ထပ်ပြီးသိလိုပါက ကျနော်မျိုးမတို့ရဲ့ အရှင်ဘုရင်က မနက်ဖြန်လာပါလိမ့်မယ်ရှင့်" စတေ့ဘုရင်လည်း မိမိတို့အား ကောင်းကောင်းမွန်မွန်ကြိုဆိုနေသော အဖွဲ့ကို တွေ့လိုက်ရသောကြောင့်တစ်ကြောင်း မိမိတို့ကို နိမ်ကျခြင်းမရှိပဲ ကောင်းမွန် စွာဆက်ဆံသောကြောင့်တစ်ကြောင်း ကျေနပ်မိ၏။ "အရှင်တို့ကို နေမယ့်အဆောက်ဦးအကြောင်းရှင်းပြပေးပါမယ်...ဒီအဆော က်ဦးက အထပ်ပေါင်း235ထပ်ရှိပါတယ် အထပ်တိုင်းမှာလည်း ကျယ်ဝန်းတဲ့ တိုက်ခန်းတွေရှိတယ်..ရေမီးအစုံလင်နဲ့စားကောင်းသောက်ဖွယ်များလည်း ရှိ ပါတယ်ရှင့်...ပြီးတော့သွားလာရေးလွယ်ကူစေဖို့အတွက်လည်း ဆောင်ရွက် ထားပါတယ်ရှင့် ပြီးတော့ မြေအောက်အထပ်တွေလည်း ရှိပါသေးတယ်ရှ င့်..ပြီးတော့....." ထိုရှင်းပြပေးသော အစေခံကြောင့် ထိုအဆောက်ဦးကြီးသည် ထိုမျှအထိမြင့် မားကြောင့် သိလိုက်ရသောအခါ မျက်လုံးများပြူးကျယ်လာတော့၏။ နောက်ပြီး သူတို့အံသြနေရသည်ကတော့ ထိုအဆောက်ဦးသည် တစ်ခုတည်း ရှိခြင်းမဟုတ်ပဲ ရာချီပြီးရှိနေသည်လည်းဖြစ်၏။ စတေ့ဘုရင်သည် မိမိရောက်ရှိနေသော နေရာ၏မြင်ရသော မြင်ကွင်းကြော င့် လက်ရှိဖြစ်ပျက်နေသော မိမိ၏အဖြစ်ကိုပင်မေ့လျော့နေလေတော့၏။
(324)ကပ်ဆိုးရောက်လာပြီ
စနေ့ဘုရင်အနေဖြင့် ဂရိတ်တိုင်းပြည်ထဲသို့ ရောက်ရှိလာသည်မှာ ခိုလှုံလာ ခြင်းဖြစ်သော်လည်း နတ်ပြည်ရောက်နေသကဲ့သို့ဖြစ်နေသည်ဟု ခံစားမိ၏။ စားသောက်နေသောအစားသောက်များကလည်း တစ်မူထူးသည့်အပြင် အချိုပွဲအဖြစ်သုံးဆောင်ရသော ရေခဲမုန့်များနဲ့တခြားအချိုပွဲများမှာ အလွန် ပင်အရသာရှိလှပေ၏။ ထို့ပြင် မိမိနေထိုင်ရသော အဆောက်ဦးအတွင်း၌ ရှိပါသော နေထိုင်ရာ တိုက်ခန်းမှာလည်း အလွန်ဆန်းပြားသလို နေထိုင်ရသည်မှာလည်း အလွန်ပင် ဇိမ်ရှိကြောင်း ဝန်ခံရပေမည်။ အထူးသဖြင့် ညအချိန်အခါ၌ ဂရိတ်တိုင်းပြည်တစ်ခုလုံးသည် မီးရောင် ဟူသောအလင်းဖြင့် လင်းထိန်နေကြောင်းကို သူနေထိုင်ရာ အဆောက် ဦး၏တိုက်ခန်းမှနေ၍ မြင်လိုက်ရသောအခါ ပိုမိုအံသြမိ၏။ ဂရိတ်တိုင်းပြည်၏အဆောက်ဦးများသည် ညအချိန်ရောက်မှ အလွန်ပင်လှပ သည်ဟုခံစားမိ၏။အဆောက်ဦးတိုင်းသည်လည်း အရောင်စုံလင်သော မီး ရောင်များဖြင့် လှပနေကြောင်း ကြည့်မဝရှုဝမပင် မြင်တွေ့နေရလေ၏။ ထိုလိုနေရာဖြစ်အောင် ဖန်တီးပေးခဲ့သော ဂရိတ်တိုင်းပြည်ကို အဘယ်ကြော င့် စွန်ရဲအင်ပါယာမှ နှင်ထုတ်ထားကြောင်း ကိုတော့ စတေ့ဘုရင် မသိသည်မှာ အမှန်ပင်ဖြစ်လေ၏။ နှင်ထုတ်ထားအောင်လည်း ဂရိတ်တိုင်းပြည်သည် မည်မျှအင်အားကြီးမှန်း သိသာစေသည်ဟုတော့ စတေ့ဘုရင် ထင်မိ၏။အဘယ်ကြောင့်ဆိုသော် မိမိ တို့ ဝင်လာစဥ်က မြို့ရိုး၌ ရပ်တန့်ထားသော လက်နက်များက အန္တရာယ်ရှိ ကြောင်း သိနေသောကြောင့်ဖြစ်၏။ ထိုသို့နှင်ထုတ်ထားသော ဂရိတ်တိုင်းပြည်ကို မိမိအဘယ်ကြောင့်ရွေးချယ်မိ သနည်းဆိုပါက နတ်ဆရာပြောသောကြောင့်ဖြစ်၏။ နတ်ဆရာ၏ဟောကိန်းက တစ်ခါမှမမှားဖူးသောကြောင့် ယုံစားပြီး ရောက်ရှိ လာခြင်းလည်းဖြစ်လေ၏။ ဂရိတ်တိုင်းပြည်၏အံသြဖွယ်များစဥ်းစားရင်း ညနက်လာသောကြောင့် စ တေ့ဘုရင်သည်လည်း အိပ်စက်ရန်ပြင်ဆင်လိုက်၏။ "ကောင်းလိုက်တဲ့အိပ်ရာနဲ့အခန်း" စတေ့ဘုရင် ကျေနပ်သွား၏။အိစက်ညက်ညောလှသော အိပ်ရာမွေ့ခင်းနဲ့ အခန်းတွင်းအပူချိန်မျှတအောင် ထိန်းသိမ်းပေးသော အခန်းက သူ့အား အိပ်စက်ခြင်းကို ကောင်းစွာ ဖြစ်ပေါ်စေနိုင်လေ၏။ထို့ကြောင့် အိပ်ရာ ထက်၌အနားယူပြီး ခေတ္တ အတွင်း၌ အိပ်ပျော်သွားလေတော့၏။ မနက်ခင်းရောက်သည်နဲ့ စတေ့ဘုရင်သည် ကောင်းစွာနိူးထလာလေ၏။သူနိူး ထလာပြီးသည်နဲ့ အသင့်ပြင်ဆင်ထားသော ရေချိုးခန်း၌ ကိုယ်လက်သန့်စင် ပြီးသောအခါ မနက်စာသုံးဆောင်လိုက်၏။ စတေ့ဘုရင်စားသုံးသောမနက်စာမှာ စပါကတီနဲ့အမဲသားကင်ဖြစ်၏။ထို့ပြင် နွားနို့တစ်ခွက်ပါ ပါရှိသေး၏။ထိုသို့သောမနက်စာကို သုံးဆောင်လိုက် သောအခါ သူ၏ကိုယ်တွင်း၌ အားအင်တိုးပွားလာကြောင်း အံသြဖွယ် ကောင်းစွာသိလိုက်ရလေ၏။ မနက်စာစားသောက်ပြီးသည်နဲ့ "အရှင်မင်းကြီး ဂရိတ်ဘုရင်ရောက်ရှိနေပါပြီ ဧည့်ခန်းထဲမှာပါ" အစေခံ၏သတင်းပေးမူကြောင့် စတေ့ဘုရင်လည်း ဧည့်ခန်းထဲသို့ ဝင်ရောက်လိုက်၏။ဝင်ရောက်လိုက်သည်နဲ့ ဧည့်ခန်းရှိ ဆိုဖာ ပေါ်၌ ထိုင်နေသော ငယ်ရွယ်ပြီးသန်မာသည့် လူငယ်တစ်ယောက်ကိုမြင်လိုက် ရလေ၏။ "ဟင်" ဂရိတ်တိုင်းပြည်၏ဘုရင်သည် ထိုမျှငယ်ရွယ်လိမ့်မည်ဟု သူမထင်ထား မိသည်မှာ အမှန်ပင်ဖြစ်၏။ထိုမျှငယ်ရွယ်လှသော ဘုရင်က စွန်ရဲအင်ပါယာမှ နှင်ထုတ်ခြင်းခံရသည့်အပြင် သူ၏တိုင်းပြည်ကိုလည်း ကြီးပွားအောင် လုပ်ဆောင်နိုင်သောကြောင့် လျော့တွက်၍မရကြောင်း သူသိထားပြီးဖြစ်၏။ "စတေ့ဘုရင် ထိုင်ပါဗျ" ဂျိတ်မှ ကြိုဆိုလိုက်၏။ထို့ကြောင့် စတေ့ဘုရင်သည်လည်း တစ်ဖက်ဆိုဖာ၌ ထိုင်လိုက်၏။ "ကဲ..စတေ့ဘုရင် အသင်ဘာလို့ကျုပ်တိုင်းပြည်ရောက်လာတယ်ဆိုတာ ကတော့ သိထားပြီးသားပါ..ဘာကြောင့်လက်ခံလိုက်ရတယ်ဆိုတာကိုတော့သိ ပါသလား" "မသိပါဘူး" စတေ့ဘုရင်လည်း အမှန်တိုင်းသာ ဖြေ၏။ "ဝင်ခွင့်ပေးရတဲ့အကြောင်းရင်းကတော့ ကျုပ်သမီးလေးက ခင်ဗျား ရထားလုံးပေါ်က ကျောက်စိမ်းယုန်ရုပ်လေးသဘောကျလို့ပဲ" ("စောက်ကျိုုးနည်း") စတေ့ဘုရင် စိတ်ထဲ၌ အနည်းငယ်ဆဲရေးမိသွား၏။သူတို့အား ဝင်ခွင့်ပေးရ ခြင်း၏အကြောင်းရင်းက စောက်ကျိုးနည်းဖြစ်နေသောကြောင့် ဖြစ်၏။ "ရပါတယ်ဗျာ လိုချင်ရင်ပေးလိုက်ပါမယ်" စတေ့ဘုရင်မှ သူ၏အစေခံအား ပြောကာ ရထားလုံး၌အလှဆင်ယင်ထား သော ကျောက်စိမ်းယုန်ရုပ်လေးကို ဖြုတ်စေကာ ပေးလေ၏။ "ကဲ ဒါကတော့ ဝင်ခွင့်ပေးလိုက်ရတဲ့အကြောင်းရင်းပါပဲ..ဆက်ပြီးပြောပြရ မှာက အဲ့ဒီကပ်ဆိုးအရိုးခြောက်စစ်သည်တွေကရန်ကနေ ကျုပ်တိုင်းပြည်က ကာကွယ်နိုင်တယ် ဒီတော့ကျုပ်တိုင်းပြည်မှာ လာခိုလှုံတဲ့ ခင်ဗျားတို့ကတော့ အကျိုးမြတ်တစ်ခုခုပေးဖို့တော့လိုမယ်..ပြောရရရင် ခိုလှုံကြေးပေါ့" ထိုသို့ပြောမည်ဟု စတေ့ဘုရင်ကလည်း သိပြီးသားဖြစ်၏။လက်ရှိအခြေ နေ၌ သူသည် နန်းကျဘုရင်တစ်ပါးသာဖြစ်၏။ကိုယ့်တိုင်းပြည်ကိုယ်လည်း ကိုယ်အစိုးမရတော့သလို ကပ်ဆိုးမှထွက်ပြေးတိမ်းရှောင်နေရသော လူ တစ်စု၏ခေါင်းဆောင်သာသာ ပင်ဖြစ်၏။ "ဒါဆို ခိုလှုံကြေးအနေနဲ့ ကျုပ်ဘာပေးရမလဲ ကျုပ်ရဲ့တိုင်းပြည်သူပြည်သား တွေ ဒီတိုင်းပြည်မှ ခိုလှုံခွင့်ရမယ်ဆိုရင် ဘာတောင်းဆိုဆို ကျုပ်လုပ်ပါမယ်" စတေ့ဘုရင်ကလည်း ပြတ်ပြတ်သားသားပင်ဖြစ်၏။သူကလည်း သူ၏တိုင်းပြည်သူပြည်သားများသာ အန္တရယ်ကင်းပါက သူလုပ်ဆောင်နိုင် သမျှလုပ်ဆောင်မည်ဖြစ်၏။ "ကျုပ်တောင်းဆိုမှာကရိုးရှင်းတယ်..အခုတော့ လုပ်စရာမလိုသေးပါ ဘူး...လက်ရှိမှာ ဒီမှာပဲနေပါ..ကပ်ဆိုးကြီးပြီးတဲ့အခါကျရင် ကျုပ်က ခင်ဗျား တိုင်းပြည်ကို ခင်ဗျားအုပ်စိုးလို့ရအောင် လုပ်ပေးမယ်..ခင်ဗျားအုပ်စိုးတဲ့ အခါကျမှ ခင်ဗျားတိုင်းပြည်က ကျုပ်တိုင်းပြည်ရဲ့လက်အောက်ခံအဖြစ်နေရ မယ်..ခိုလှုံကြေးကတော့ အဲ့ဒါပါပဲ" "ဟင်" စတေ့ဘုရင်သည် မမျှော်လင့်သောစကားကြောင့် ကြောင်သွား၏။ဘယ်လို သော ခိုလှုံကြေးဖြစ်သနည်း၏။ ဘယ်လိုတွေးတွေး သူဖက်ကလုံးဝနစ်နာမှုမရှိနေသော ခိုလှုံကြေးကြီးဖြစ် နေသည်မဟုတ်ပါလား။ ကပ်ဆိုးဖြစ်ချိန်အတွင်း၌လည်း လွတ်မြောက်နေဦးမည့်အပြင် ကပ်ဆိုးကြီး ဖြစ်ပါကလည်း မိမိတိုင်းပြည်ကို ပြန်လည်အုပ်စိုးရဦးမည်ဖြစ်၏။ထိုသို့သော ကြေးက လုံးဝထိုက်တန်သည်မဟုတ်ပါလား။ "ကောင်းပြီ သဘောတူတယ်" ဘုရင်နှစ်ယောက်သည်း သဘောတူညီမှုပြီးမြောက်သွားသောကြောင့် လက် ဆွဲနှုတ်ဆက်ကာ သဘောတူညီမှုလုပ်ဆောင်လိုက်ကြလေ၏။ "ပြီးတော့ သေချာအောင်မေးချင်ပါတယ်...ကပ်ဆိုးကနေ တကယ်ပဲကျော်နိုင် တာလား" စတေ့ဘုရင်က ဂျိတ်အားမေးလိုက်၏။ဂျိတ်ကလည်း တစ်ခွန်းသာပြော လိုက်၏။ "ကျော်ရုံတင်မကဘူး...ကပ်ဆိုးကိုရပ်တန့်ပစ်ဦးမှာ" ထိုသို့ ရဲရဲတောက်စကားကို ဂျိတ်မှဆိုလိုက်သောကြောင့် စတေ့ဘုရင်လည်း လန့်ဖြတ်သွားလိုက်ရလေ၏။ ဂျိတ်၏တည်ကြည်ပြီးတကယ်တမ်းလုပ်မည်ပုံစံရှိသောအသွင်ပြင်နဲ့ နတ် ဆရာ၏ဟောကိန်းက သူ၏အတွေးထဲပြန်လည်ပေါ်ပေါက်လာခဲ့လေ၏။ "ကောင်းပြီ..ဒါဆိုကျုပ်စတေ့ဘုရင်က အရှင့်ကိုခစားပါတယ်" ချက်ချင်းပင် အရိုသေပြုလိုက်၏။ သူ၏တိုင်းပြည်သူပြည်သားများ ကပ် ဘေးမှ လွတ်မြောက်ရတော့မည့် အကြောင်းကို တွေးမိသောအခါ သူ၏စိတ် ထဲ၌ အလွန်တရာပင် ပျော်ရွှင်ဝမ်းမြောက်သွားလေ၏။ ထိုအချိန်၌ စစ်သည်တော်တစ်ယောက်သည် ဂျိတ်၏ရှေ့သို့ရောက်လာပြီး အ ရိုသေပြု၏။ထို့နောက် "အရှင်မင်းကြီး ကျနော်တို့တိုင်းပြည်ကို ကပ်ဆိုးကြီးစတင်နီးကပ်လာပါပြီ" ထိုစကားကြောင့် စတေ့ဘုရင်သည် တုန်လှုပ်ခြောက်ခြားသွားလေ၏။ကပ် ဆိုးကြီးကို သူ၏စိတ်မှကြောက်လန့်နေသည်ဖြစ်၏။ ဒီကပ်ဆိုးက မိမိတိုင်းပြည်အား ဖျက်စီးခဲ့သည်မဟုတ်ပါလား။များစွာသော နယ်မြေနဲ့မိမိတိုင်းပြည်သူပြည်သားများ၏အသက်အိုးအိမ်စည်းစိမ်များကို ဖျက်စီးခဲ့သောကြောင့်ဖြစ်၏။ ."ကောင်းပြီဘယ်လောက်နီးသလဲ" ဂျိတ်၏စကားကြောင့် "နောက်တစ်နာရီဆိုရင် ကျနော်တို့တိုင်းပြည်ရဲ့မြို့ရိုးတွေကို ချဥ်းကပ်လာ တော့မယ်လို့ သတင်းရထားပါတယ်" စစ်သည်တော်၏စကားကြောင့် စတေ့ဘုရင်သည်လည်း မင်သက်သွား၏။ ထိုမျှထောက်လှမ်းမှုအားကောင်းသည်အထိ ဂရိတ်တိုင်းပြည်သည် တိုးတက် နေပြီကြောင်း သိလိုက်ရလေ၏။ သူ၏တိုင်းပြည်သာ ထိုသို့ထောက်လှမ်းရေးကောင်းနေပါကလည်း များစွာ သောလူများလွတ်မြောက်နိုင်ကြောင်းပြန်လည်တွေးမိသွား၏။ "ကောင်းပြီ...ဒါဆို ဒီကပ်ဆိုးကို ငါကိုယ်တိုင်ကွပ်ကဲမယ်..လောဆယ်မြို့ရိုးကို သွားကြစ်ို့" "ကောင်းပါပြီ အရှင်" စစ်သည်တော်လည်း ဂျိတ်အား အရိုသေပြုကာ ထွက်သွားတော့၏။ "အရှင့် ကျနော်မျိုးလည်း လိုက်ကြည့်ချင်ပါတယ်" စတေ့ဘုရင်လည်း ဂျိတ်အား တောင်းဆိုလိုက်၏။ထိုအခါ ဂျ်ိတ်ကလည်း "ကောင်းပြီ" ဂျိတ်လည်းစတေ့ဘုရင်ကို ခေါ်ကာ မြို့ရိုးထံသို့ ခေါ်ဆောင်လာခဲ့လေ၏။ ထို့နောက် ကပ်ဆိုးကြီးရောက်လာချိန်ကို စောင့်မျှော်နေလိုက်လေ၏။ "ဟော ရောက်လာပါပြီ" အချိန်တစ်နာရီမျှကြာသောအခါ မြို့ရိုးမှ စုစုစည်းစည်းညီညာစွာ ညီတက်လာ သော အရိုးခြောက်စစ်သည်များသည် ဂရိတ်တိုင်းပြည်ဆီသို့ ချီတက်လာကြ သည်ကို တွေ့မြင်လိုက်ကြရတော့၏။ ကပ်ဆိုးသည်လည်း ဂရိတ်တိုင်းပြည်ဆီသို့ ရောက်ရှိလာခဲ့ပြီဖြစ်၏။