← Chapters

အခန်း (၃၂၅-၃၂၇)

Vol. 22 Ch. 325-327

အခန်း (၃၂၅-၃၂၇)

Vol. 22 Ch. 325-327

(325)ကပ်ဆိုးနဲ့တိုက်ခိုက်ခြင်း

ဂျိတ်သည် မြို့ရိုးဘက်သို့ရှိပြီး ခဏ၌ အရိုးခြောက်စစ်သည်များကို မြင်လိုက် ရလေ၏။ထိုအရိုးခြောက်များသည် နှစ်သန်းသောအရေတွက်ထိရှိနေပြီး ဆက်တိုက်လည်း ဝင်ရောက်လာနေကြောင်း သိလိုက်ရလေ၏။ "အရှင်မင်းကြီး သတင်းပို့ပါတယ် ဒီကောင်တွေကျနော်တို့တိုင်းပြည်တစ်ခု လုံးကို ပတ်ပြီးဝန်းရံထားပါတယ်" ထိုသတင်းကြောင့် စတေ့ဘုရင်လည်း အံအားသင့်၏။အရိုးခြောက်စစ်သည် များ ဝိုင်းရံလာခြင်းကြောင့်မဟုတ်ပဲ ထိုသတင်းကို အချိန်ခေတ္တ အတွင်း၌သိရှိသောကြောင့်ဖြစ်၏။ လက်ရှိ ဂျိတ်နဲ့စတေ့ဘုရင်ရောက်ရှိနေသော မြို့သည် ထရွိုင်မြို့ဖြစ်ပြီး ထရွိုင် မြို့၏မြို့ရိုးမှနေ၍ အခြေနေများကို ကြည့်ရှုနေခြင်းဖြစ်၏။ "ဂျုန်း" မြို့ပြင်၌သွားလာနေသော အရိုးခြောက်စစ်သည်များသည် ရုတ်ခြည်းဆိုသလို ရပ်တန့်လိုက်ကြ၏။သူတို့ရပ်တန့်လိုက်သည်နဲ့ အရုပ်များသဖွယ်ပင်။ "ဒီကောင်တွေ...လုပ်ပြန်ပြီ" စတေ့ဘုရင်မှ ပြောခြင်းဖြစ်၏။ထိုသို့သောပုံစံဖြင့် သူ၏တိုင်းပြည်ကို တိုက်ခိုက်သွားခဲ့သည်မဟုတ်ပါလား။ "ဝေါ" ကျယ်လောင်လှသော အသံနက်ကြီးနဲ့အတူ အရိုးခြောက်စစ်သည် များ၏နောက်မှ မြူနက်ကြီးပြန်လည်ပေါ်ပေါက်လာလေ၏။ထိုမြူထုကြီး သည်ကြီးမားသောကြောင့် မြူကိုဖောက်ပြီးကြည့်နိုင်မည်မဟုတ်သလို နေရာ တိုင်းတွင်လည်း မြူထုကြီးက တည်ရှ်ိနေ၏။ "ဒီလိုမှန်းသိရင်.... " ဂျိတ်မှရေရွတ်လိုက်၏။မိမိသာအစောကတည်းက မီးတောက်အရိုးစုများကို အားလုံးဖမ်းလိုက်ပါက ပြသနာမရှိပေ။ယခုမှ မိမိမဖမ်းလိုက်သော မီးတောက်အရိုးစုသုံးကောင်က မွေသွားသောကိစ္စ၏ပြသနာကို လက်တွေ့ တွေ့နေရပြီဖြစ်၏။ အစပိုင်း၌ မီးတောက်အရိုးစုတို့၏အကြံသည် သူတို့၏ကျဆုံးသွားသော မီးတောက် အရိုးစုကြီးကို ရှာဖွေပြီး တွေ့သောအခါ မီးတောက်အရိုးစုငါး ယောက်သည် ကြီးမားသော ကပ်ဆိုးကြီးကို ဖန်တီးရန်ဖြစ်၏။ ဂျိတ်မှ သောင်းကျန်းနေသော နှစ်ကောင်ကို စောစီးစွာဖမ်းဆီးပစ်ရာ ကျန် သုံးကောင်မှာ တိုင်ပတ်သွားခဲ့သည်ဖြစ်၏။ထို့ကြောင့် ထိုသုံးကောင်သည် သူ့ တို့ကိုယ်သူတို့စတေးပြီး ပူဇော်ပစ်၏။ ထိုအခါ ဆာဗေ့တို့နေရာ၌ ရှိနေခဲ့ရသော မီးတောက်အရိုးစုကြီး၏အရိုး များသည် အသက်ဝင်လာပြီး ထိုသုံးကောင် စတေးသောနေရာသို့ရောက်ရှိ ကာ ကပ်ဆိုးကြီးကို စတင်ဖြစ်ပေါ်စေခဲ့ခြင်းဖြစ်၏။ ဂျိတ်သာ နှစ်ကောင်ဖမ်းဆီးထား၍သာတော်သေး၏။သို့မဟုတ်ပါက ငါး ကောင်၏စတေးခြင်းဖြင့် ဖြစ်ပေါ်လာရသော ကပ်ဆိုးကြီးသည် မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းမည်ကိုတော့ ပြောပြနေစရာပင်မလိုအပ်တော့ပေ။ ဂျိတ်အနေဖြင့် အဘယ်ကြောင့်ကပ်ဆိုးကြီးဖြစ်ပေါ်လာရပြီး ထိုကပ်ဆိုးကြီး သည် မည်သည်ကားဦးတည်နေသည်။မည်သည့်အတွက် ဖြစ်ပေါ်လာရ ကြောင်းကို ကောင်းကောင်းကြီးနားလည်သဘောပေါက်၏။ သို့သော် မည်သူမျှကို ပြောပြနေမည်မဟုတ်ပေ။အဘယ်ကြောင့်ဆိုသော် ထို ကိစ္စကို ပြောပြရန်သင့်တော်သူမရှိတော့ကြောင့်သာဖြစ်၏။ထို့ကြောင့် လက်ရှိ ဖြစ်ပျက်နေသော ကိစ္စကိုသာ ရှင်းလင်းရန် ပြင်ဆင်လိုက်၏။ "ဟီး...ဟီး....ဟီး...." မြူခိုးထုထဲမှ ကြောက်မက်ခြောက်ခြားဖွယ်အသံနဲ့အတူ အရိုးခေါင်းခွက်တစ် ခုပေါ်ပေါက်လာခဲ့လေ၏။လက်ရှိအခြေနေ၌ ထိုခွက်၌ရှိသော အရိုး ခြောက်၏မျက်လုံးများသည် နီရဲသည်ထက်နီရဲနေကြောင်း သိသာလေ၏။ "လက်စသတ်တော့ သူက အသက်ဓာတ်တွေသက်ရှိအသွေးသားတွေစား သောက်ပြီးမှအစွမ်းထက်တာကိုး" ဂျိတ်၏စကားတစ်ခွန်းအား စတေ့ဘုရင်ကို အမြင်ပွင့်စေလေ၏။အရိုး ခေါင်းခွက်၏မျက်စိနီနေရခြင်းကိုလည်း သိသွားလေ၏။လက်ရှိအရိုးခေါင်း ခွက်၏မျက်စိသည် ယခင်ကထက်ပိုမိုနီရဲနေကြောင်းကိုလည်း သိရှိနားလည် သွားလေ၏။ ထိုအချိန်၌ အရိုးခေါင်းခွက်မှ အရိုးခေါင်းကြီးသည် ပါးစပ်ကြီးဟလာကာ အလင်းတန်းပစ်လွတ်လိုက်၏။ထိုအလင်းတန်းသည် သိသာစွာပင် ဂျိတ်ထံသို့ပြေးဝင်လာ၏။ "အရှင်သတိထား" စတေ့ဘုရင်မှ အော်ပြောလိုက်၏။သူတုန်းကလည်း ထိုသို့လုပ်ဆောင်ပြီး သူ၏ကံကြမ္မာအမှတ်သားမြင်းနက်ကို ဖျက်စီးသွားခဲ့ကြသည် မဟုတ်ပါ လား။ "ဟင် တစ်ခုတည်းမဟုတ်ဘူး" စတေ့ဘုရင် နှုတ်မှ အလိုလျောက်ထွက်သွား၏။ ဟုတ်ပေသည်။အလင်းတန်းသည် တစ်ခုတည်းမဟုတ်ပဲ အရပ်လေးမျက်နှာ လာသောကြောင့် လေးခုဖြစ်နေ၏။ထိုလေးခုသည် သိသာစွာပင် ဂျိတ်ထံ ပြေးဝင်လာနေခြင်းဖြစ်၏။ "အို" ဂျိတ်သည် အလင်းတန်းများကို ကောင်းစွာမြင်ရလေ၏။ထိုအလင်းတန်း များသည် အလွန်ပင်မြန်ဆန်သော်လည်း သူ၏မျက်စိ၌ နှေးကွေးနေလေ၏။ ထို့ကြောင့် ထိုအလင်းတန်းများသည် မည်သည့်အရာများဖြစ်ကြောင်း ဂျိတ် သိရှိ၏။ထိုအလင်းတန်းများသည် စင်စစ်အားဖြင့် အလင်းတန်းရောင်သာ မဟုတ်ကြပဲ အရိုးခြောက်ခေါင်းသာဖြစ်၏။ ထိုအရိုးခြောက်ခေါင်းသည် လွန်စွာမြန်ဆန်နေသောအခါ မြင်လိုက်သူတိုင်း က အလင်းတန်းကြီးသာမြင်နေရခြင်းလည်းဖြစ်ပေ၏။ "ဝုန်း" ထိုအရိုးခေါင်းလေးခုမှ အလင်းတန်းသဖွယ် ဂျိတ်ထံပျံသန်းလာသည်နဲ့ ဂျိ တ်၌ရှိနေသောအရာကလည်း ပြင်းထန်စွာလှုပ်ရှားပြီး ကောင်းကင် ယံ၌ပေါ်ပေါက်လာခဲ့လေ၏။ ထိုလှုပ်ရှားသောအရာသည် ကောင်းကင်ယံ၌ပေါ်ပေါက်လာသောအခါ ကြီးမားသော လက်သီးကြီးဖြစ်ပေါ်လာလေ၏။ "ငင့်" စတေ့ဘုရင် အံအားသင့်သွား၏။တိုင်းပြည်များစွာ၏ကံကြမ္မာပုံစံများစွာကို သူမြင်ဖူး၏။မြင်းများ၊ကျားများစသည်ဖြင့် ဖြစ်၏။လက်ရှိမှာ သူမြင်လိုက်ရ သည်ကတော့ ထူးဆန်းသော လက်သီးကြီးအသွင်ကိုသာ ဖြစ်၏။ "ဝုန်း...ဝုန်း..ဝုန်း" အလင်းတန်းမျှမြန်ဆန်လှသော အရိုးခေါင်းလေးခေါင်းနဲ့လက်သီးတို့သည် စတင်တိုက်ခိုက်ကြလေ၏။ထိုသို့တိုက်ခိုက်ကြသောအခါ ကောင်းကင်ယံ၌ ကြီးမားသောအသံများဖြစ်ပေါ်လာလေရတော့၏။ စတေ့ဘုရင်လည်း ကြောက်ခြားသွားရသလောက် ဂျိတ်ကတော့ တည်​ငြိမ် လှ၏။စတေ့ဘုရင် မကြောက်ပဲမနေနိုင်ပေ။သူ၏ကံကြမ္မာမြင်းနက်သည် ထိုသို့တိုက်ခိုက်ပြီး သေဆုံးသွားရသောကြောင့်ဖြစ်၏။ ရုတ်ခြည်းဆိုသလိုအလင်းတန်းသဖွယ်မြန်ဆန်လှသည့်အရိုးခေါင်းလေး ခေါင်း၏သွားများသည် တောက်ပလာလေ၏။ ထိုသို့တောက်ပလာပြီးသည်နဲ့ အရိုးခေါင်းလေးခေါင်းသည် ဂရိတ် တိုင်းပြည်၏ကံကြမ္မာအမှတ်သားဖြစ်သော လက်သီးကြီးကို ကိုက်လိုက်ကြ လေ၏။ ("အော် ဒါကြောင့်ကိုး") ဂျိတ်သည် အကျိုးကြောင်းနားလည်သွားလေ၏။အရိုးခြောက်စစ်သည်တော် တို့၏ဗျူဟာသည် တကယ်ပင်ကြောက်ဖွယ်ကောင်းလွန်းလှပေ၏။ အလင်းတန်းတမျှမြန်ဆန်သည့်အရိုးခေါင်းများသည် တိုက်ခိုက်သတ်ဖြတ် ခြင်းမဟုတ်ပဲ တိုက်ခိုက်စားသောက်ပစ်ခြင်းဖြစ်၏။အရိုးခေါင်း၏စား သောက်မူကြောင့် စတေ့တိုင်းပြည်ကံကြမ္မာမြင်းနက်သည် အစားခံရပြီး သေဆုံးသွားခဲ့ရသည်ဖြစ်၏။ ထိုသို့အစားခံသော ကံကြမ္မာသည် သေဆုံးသွားပြီး စားသောက်လိုက်သော အရိုးခေါင်းများ၏မူလပိုင်ရှင်ဖြစ်သော အရိုးခေါင်းခွက်သည် ကံကြမ္မာကို စားသောက်လိုက်ရသည့်အတွက် အလွန်အစွမ်းတိုးပွားလာမည်ဖြစ်၏။ ကံကြမ္မာမရှိတော့သော တိုင်းပြည်သည် အဘယ်ကြောင့် ဆက်လက်ရှင်သန် နိုင်အံနည်း။ခုခံရေး၌အောင်မြင်တော့မည်နည်း။တိုက်ခိုက်ဖို့ဆိုပါက ပိုဆိုး ပေတော့၏။ "ဂီး..." အလင်းတန်းမျှမြန်သော အရိုးခေါင်းများဒေါသထွက်သွားကြ၏။အဘယ် ကြောင့်ဆိုသော် မိမိတို့လေးခေါင်း ကိုက်လိုက်သော လက်သီးသည် သေဆုံး ခြင်းမရှိပဲ စားသောက်ခံရခြင်းမရှိပေ။ "ခလွမ်း" ကိုက်လိုက်သောသူတို့၏သွားများကတော့ တစ်စစီကျိုးပဲ့သွားကြလေ၏။ ကြောက်စိတ်များ ထွက်ပေါ်လာကြလေ၏။အရာရာတိုင်းနီးပါး စားသောက် နိုင်သော သူတို့၏သွားများမှာ ဒီတိုင်းပြည်က ကံကြမ္မာလက်သီးနဲ့တွေ့မှ ကျိုးပဲ့ကုန်သည်ဖြစ်သောကြောင့်ပင်။သူတို့၏သွားများ မမာခြင်းကြောင့် မဟုတ်ပဲ ဒီတိုင်းပြည်ကံကြမ္မာလက်သီးကိုက သာမန်မဖြစ်နေသောကြောင့် ဖြစ်၏။ အရိုးခေါင်းခွက်များကလည်း မိမိတို့အခြေနေမဟန်ကြောင်း သိလိုက်ကြ လေ၏။ကိုက်ဖြတ်စားသောက်၍မရသော လက်သီးအသွင်ကံကြမ္မာကို အ ဘယ်ကြောင့် ဆက်လက်တိုက်ခိုက်နေရမည်နည်း။ပြန်ဆုတ်ရန်ကြိုးပမ်းလိုက် ကြလေ၏။ "ပြေးရမယ်ထင်နေလား" အဝေးသို့ပြန်ဆုတ်သွားသော အလင်းတန်းတမျှမြန်ပါသော အရိုးခေါင်း လေးခေါင်းကို ဂျိတ်မှရေရွတ်ကာ လက်ဝှေ့ယမ်းလိုက်၏။ ထိုအခါ ကံကြမ္မာလက်သီးကြီးသည် လက်သီးအသွင်ဆုပ်ထားရာမှ ဖြန့် လိုက်၏။ထို့နောက် ထွက်ပြေးသွားသော အရိုးခေါင်းလေးခေါင်းကို တစ်ချက်တည်းဖြင့် ဖမ်းဆုပ်လိုက်၏။ မြန်ပါသည်ဟူသောအရိုး​ခေါင်းလေးခေါင်းထက် ဂျိတ်၏ကံကြမ္မာလက်သီး က ပိုမြန်သည်ဖြစ်ရာ အရိုးခေါင်းလေးခေါင်းလုံးသည် လက်သီး၏ဖမ်းဆုပ် ခြင်းကို ခံလိုက်ရလေ၏။ အရိုးခေါင်းလေးခေါင်းကို ဖမ်းဆုပ်မိသည်နဲ့ ချက်ချင်းပင် လက်သီးကြီး သည် ခြေမွပစ်၏။အစွမ်းထက်သောလက်သီးကြောင့် အရိုးခေါင်းလေး ခေါင်းသည် ချက်ချင်းပင် ကျိုးပဲ့ကာ သေဆုံးကုန်လေ၏။ သေဆုံးသွားသောအခါ ဂျိတ်မှ ထိုအရိုးခေါင်းလေးခေါင်း၏အစွမ်းများကို ကံကြမ္မာစွမ်းအင်အဖြစ်ပြောင်းလဲပြီး လက်သီးထဲသို့ပို့ဆောင်လိုက်၏။ ထိုအခါ တို ​ င်းပြည်၏ကံကြမ္မာအမှတ်သားလက်သီးကြီးသည် ပိုမိုတောက်ပ လာ၏။ "ဝေါင်း....ဂီး...." ဂရိတ်တိုင်းပြည်ကို ဝန်းရံထားသော အရိုးခေါင်းခွက်လေးခွက်သည် ဒေါသကြီးစွာ အော်ဟစ်လိုက်ကြ၏။ မိမိတို့၏အရိုးခေါင်းများကို ၎င်းတိုင်းပြည်မှ ဖျက်စီးပြီး သူ၏စွမ်းအင် အဖြစ်ပင် ပြောင်းလဲအသုံးပြုလိုက်သောကြောင့်ဖြစ်၏။ ထို့ကြောင့် ဂရိတ်တိုင်းပြည် ကို ဖျက်စီးရန် လုပ်ဆောင်လိုက်၏။ထိုအခါ ငြိမ် သက်နေခဲ့သော အရိုးခြောက်စစ်သည်များသည် အသက်ဝင်လာပြီး ဂရိတ် တိုင်းပြည်ကို စတင်တိုက်ခိုက်ကြတော့၏။ ကပ်ဆိုးကြီး၏အရိုးစစ်သည်များနဲ့ ဂရိတ်တိုင်းပြည် သည် တိုက်ခိုက်မှုစတင်ခဲ့ပြီလည်းဖြစ်၏။

(326)အရိုးစုတပ်မှူး

တိုက်ပွဲသည် စတင်ခဲ့ပြီဖြစ်၏။လူနဲ့မသေမျိုးစာရင်းဝင်သော အရိုးခြောက် စစ်သည်များနဲ့ တိုက်ခိုက်ရသောပွဲလည်း ဖြစ်၏။တခြားတိုက်ပွဲများနဲ့ မတူပဲ ကွဲပြားသလို ဂရိတ်တိုင်းပြည်အနေဖြင့် များစွာသော သန်းပေါင်းများစွာရှိ သော အရိုးခြောက်စစ်သည်များ၏ တစ်ချိန်တည်းတစ်ပြိုင်တည်း တိုက်ခိုက် ခြင်းကိုခံရသည်လည်းဖြစ်၏။ တိုက်ခိုက်ကြသော အရိုးခြောက်စစ်သည်များတွင် အရိုးခြောက်မြင်းစစ်သည်နဲ့တခြားခြားသောသားရဲအရိုးကောင်များကို စီးနင်းသော အရိုးခြောက်စစ်သည်များ အစုံစုံပါဝင်ပေ၏။ "အစီရင်ဖွင့်" ဂျိတ်သည် သူ၏လက်မှအသံကျောက်တုံးမှ တဆင့်တစ်တိုင်းပြည်လုံးအား အမိန့်ပေးလိုက်၏။ထိုအခါ တစ်တိုင်းပြည်လုံးရှိစစ်သည်များကလည်း ဂျိ တ်၏အမိန့်အတိုင်း လုပ်ဆောင်လိုက်ကြ၏။ "ဝုန်း" မြို့ရိုးများ၌ ကပ်ထားသော အစီရင်စာရွက်များက အသက်ဝင်လာလေ၏။ ထိုအစီရင်စာရွက်များ၏ အဓိပ္ပါယ်ကောက်ရသော် မကောင်းသောအရာ ဟူသမျှကို နှိမ်နှင်းရန်ဖြစ်၏။ထ်ူအစီရင်စာရွက်များသည် ဆန်းကြယ်သော အင်းအက္ခရာများဖြင့် စီရင်ထားပြီး အဆင့်လေးမျှရှိ၏။ အင်း၏အဓိက စာလုံးသည် D(ဒီ)ဖြစ်ပြီး မကောင်းသောအရာဟူသမျှ ဖျက် စီးနှိမ်နှင်းရန်ပင်။ "အဆင့်လေးအင်းတွေပါလား" စတေ့ဘုရင်မျက်လုံးပြူးပြန်၏။ထိုအဆင့်ရှိအင်းများသည် အလွန်ပင် ရှားပါးလှ၏။ဤသည်ကို ဂျိတ်ကမြို့ရိုးတိုင်း၌ ကပ်ထားသည်ဖြစ်ရာ မည်မျှ အထိ ချမ်းသာနေကြောင်း စတေ့ဘုရင်မတွေးဝံတော့ပေ။ အရိုးခြောက်စစ်သည်များသည် မြို့ရိုးများသို့ဝင်ရောက်တိုက်ခိုက်လိုက် ကြ၏။ "ဝုန်း....ဝုန်း....ဝုန်း" အရိုးခြောက်စစ်သည်များ မြို့ရိုးအနားရောက်သည်နဲ့ မြို့ရိုး၌ကပ်ထားသော အင်းများကတောက်ပလာပြီး ကပ်လာသမျှသော အရိုးခြောက်စစ်သည်များ ကို ဖုန်မှုန့်အသွင်ပြောင်းလဲပေး၏။ မြို့ရိုးနားကပ်လာသော အရိုးခြောက်စစ်သည်တိုင်းသည် အဆင့်လေး အင်း၏သက်ရောက်မှုကြောင့် ဖု ​ န်မှုန့်အသွင်သို့ပြောင်းလဲသွားရလေ၏။ တိုးဝင်လာသောအရိုးခြောက်စစ်သည်တိုင်းသည် ဖုန်မှုန့်အသွင်သာ​ ပြောင်းလဲသွားသော်လည်း သူတို့သည် ခေါင်းမာစွာဖြင့်ဆက်လက်ချီတက်နေ ဆဲသာ။ "ဟင်" စတေ့ဘုရင်သည် ထူးခြားမှုကို မြင်လိုက်၏။အရိုးခြောက်စစ်သည်များသည် ဖုန်မှုန့်အဖြစ်ပြောင်းပြောင်းသွားတိုင်း မြို့နံရံ၌ကပ်ထားသော အင်းစာရွက် များ၏တောက်ပမှုသည်လည်း အနည်းနည်းစီဖြင့် လျော့ကျလာသည်ကိုပင် ဖြစ်၏။ "ဒီအတိုင်းဆို မလွယ်ဘူး" အချိန်ဆယ်ငါးမိနစ်ကြာသောအခါ မြို့ရိုး၌ရှိနေကုန်သော အင်းစာရွက် များသည် မူလတောက်ပသောအလင်း၏တစ်ဝက်သာ ကျန်ရှိတော့၏။ အရိုးခြောက်စစ်သည်များကား ကုန်ဆုံးခြင်းမရှိသေးပေ။ဆက်တိုက်ဆိုသလို ဝင်ရောက်နေဆဲသာ။ "အစီစဥ်နှစ်ကို အသုံးပြုမယ်" ဂျိတ်မှ တစ်တိုင်းပြည်လုံးအား ထပ်မံကြေညာလိုက်၏။ထိုအမိန့်ထွက်ပေါ် ပြီးသည်နဲ့ စစ်သည်တော်တိုင်းသည် မြှားများကိုယ်စီကိုင်လိုက်ကြ၏။ ထိုမြှားများကို သူတို့ရှေ့၌ရှိနေကုန်သော ရေပုံးထဲသို့ တစ်ချောင်းလုံးနှစ် လိုက်၏။မြှားတံများရေစိုသွားသောအခါမှ မိုးပေါ်ထောင်ကာ ပစ်လိုက်၏။ မြှားများပစ်လိုက်သောအခါအချိန်နဲ့ မြို့ရိုးများ၌ ကပ်ထားသောအင်း များ၏အကျိုးသက်ရောက်မှုက ကုန်ဆုံးသွားပြီဖြစ်၏။ မြို့ရိုးအနီးဆုံးနေရာထိပြေးဝင်လာသော အရိုးခြောက်စစ်သည်များကို ကြောက်ခမန်းလိလိပင် တွေ့မြင်ရမည်ဖြစ်၏။ ဝီး...ဝီး...ဝီး.... ကောင်းကင်ယံမှ ပစ်ခတ်လိုက်သော မြှားမိုးများကျဆင်းလာလေ၏။ထိုမြှား များသည် ရေစိုနေပြီး အရိုးခြောက်စစ်သည်များကို ထိသည်နဲ့ "ဝုန်း....ဝုန်း" ရေစိမ်ထားသော မြှားများသည် အရိုးခြောက်စစ်သည်များကို ထိသည်နဲ့ ချက်ချင်းပင် မီးထတောက်တော့၏။မီးထတောက်ပြီးလျှင် ထိုအရိုးခြောက် စစ်သည်များကို လောင်ကျွမ်းပစ်လိုက်၏။ လောင်ကျွမ်းရုံသပ်သပ်တင်မကပဲ ဘေး၌ရှိနေသောအရိုးခြောက်စစ်သည် များကိုပါ ကူးစက်လောင်ကျွမ်းစေပစ်၏။အချိန်ခေတ္တ အတွင်း၌ ရေစိုမြှားထိ မှန်သော အရိုးခြောက်များနဲ့သူတို့နဲ့ထိစပ်နေသော အရိုးခြောက်များလည်း မီးလောင်ကျွမ်းးပြာကျလေတော့၏။ "ဒါက ရိုးရိုးရေမဟုတ်ဘူးလေ....မြင့်မြတ်ရေစင်" ဂျိတ်မှ စတေ့ဘုရင်အား ရှင်းပြပေး၏။မြင့်မြတ်ရေစင်ဆိုသည်မှာ သာမန် ရေဖြစ်သော်လည်း မန်းမှုတ်ပြီးသိဒ္ဓိီတင်လိုက်သောအခါ အစွမ်းထက်သော ရေစင်ဖြစ်တည်လာလေ၏။ ထိုရေစင်သည် သာမန်လူများနဲ့တခြားသော အရာများအတွက်တော့ သာမန် ရေလိုသာဖြစ်ပေါ်ငြားလည်း မကောင်းဆိုးဝါးနဲ့ယုတ်ညံသောအရာများ အတွက်ကတော့ သေစေနိုင်သော ရေမန်းခေါ်ရေစင်များသာဖြစ်၏။ ထိုရေစင်များက သူတို့အတွက် ကြောက်မက်ဖွယ်ကောင်းသော မီးဘေး လည်းဖြစ်၏။ထို့ကြောင့် ရေစင်ကိုသူတို့ကြောက်နေကြသည်လည်းဖြစ်၏။ ရေစင်မြှားများကြောင့် အရိုးခြောက်စစ်သည်များ သည် မီးလောင်ကျွမ်းကာ ပြာမှုန့်အသွင်သို့ပြန်လည်ရောက်ရှိသွားကြလေတော့၏။ ထိုအခိုက်၌ ထူးခြားသောအဖြစ်ပျက် ထွက်ပေါ်လာပြန်၏။အရိုးခြောက် စစ်သည်များကြားမှ သာမန်နဲ့မတူ တစ်မူထူးသော အကောင်များလည်း ထွက် ပေါ်လာခဲ့လေ၏။ "ဒီကောင်တွေ ထွက်လာပြီပဲ" "ဒီကောင်တွေက ဘယ်သူလဲ" စတေ့ဘုရင်က ဂျိတ်အား မေး၏။ ဂျိတ်ကလည်း ရှင်းပြပေး၏။အရိုးခြောက်စစ်သည်များသည် သာမန်လို ဖွဲ့စည်းထားခြင်းမဟုတ်ပဲ စည်းစနစ်ကျလှ၏။အရင်ဆုံးဖြစ်တည်လာသော အရိုးခြောက်စစ်သည်များသည် သက်ရှိလူများအကောင်များကို တိုက်ခိုက် ရ၏။ထို့နောက် မိမိတို့တိုက်ခိုက်လိုက်သော သက်ရှိများကိုလည်း မိမိတို့လို အရိုးခြောက်ဘဝသို့ ပြန်လည်ကူးပြောင်းပေးနိုင်စွမ်းလည်းရှိ၏။ ထိုသို့ကူး​ပြောင်းပေးပါက အရိုးခြောက်ဘဝသို့အ​ပြောင်းခံသော သက်ရှိ၏ဝိ ညာဥ်စွမ်းအင် တစ်စိတ်တစ်ပိုင်းကို ​ပြောင်းလဲပေးသောထိုအရိုးခြောက် စစ်သည်မှရ၏။ကျန်အပိုင်းများကိုအား မူလအရင်းမြစ်ဖြစ်သော အရိုး ခေါင်းခွက်မှ ရ၏။ ထိုသို့ကူးပြောင်းပေးနိုင်မှုများပြားသော အရိုးခြောက်စစ်သည်များသည် တ ဖြေးဖြေးဖြင့် အစွမ်းထက်လာပြီး ဆင့်ကဲ​ပြောင်းလဲခြင်းကို ရရှိလာကြ၏။ ထိုအခါ အရိုးခြောက်စစ်သည်တစ်သောင်းကို အစိုးရသော အရိုးစစ်သည် တော်အဆင့်သို့ရောက်ရှိလေ၏။ ထိုအဆင့်ရောက်ရှိသောအခါ အရိုးခြောက်တစ်သောင်းကို အစိုးရသည့် အပြင် သူ၏အရိုးကိုယ်ခန္ဓာ မှာလည်း တစ်ဆင့်မြင့်ပြီး သာမန်အရိုးခြောက်စစ်သည်များထက် ပိုမိုကြီး ထွားသန်မာအစွမ်းထက်လာလေ၏။ လက်ရှိ၌ထွက်ပေါ်လာသော အကောင်များသည် အရိုးစစ်သည်တော်များသာ ဖြစ်လေ၏။သူတို့၏အစွမ်းထက်ဆုံးသော စွမ်းရည်မှာ သူတို့အုပ်ချုပ်ရသော အရိုးခြောက်စစ်သည်များသည် သေဆုံးခဲ့ပါကလည်း ထိုအရိုးစစ်သည်တော် ပြန်လည်ဆင့်ခေါ်ပါက ရှင်သန်နိုင်စွမ်းရှိကြလေသည်ကိုပင်ဖြစ်၏။ထို အချက်ဖြင့်ပင် လွန်စွာကြောက်မက် ဖွယ်ကောင်းနေပြီဖြစ်၏။ ထိုအကြောင်းရာများကို ကြားရသောအခါ စတေ့ဘုရင်သည် အံသြရင်းအံသြ နေရ၏။ထိုမကောင်းဆိုးဝါးများသည် ထိုမျှအထိ စည်းစနစ်ကျပြီး ကြောက် စရာကောင်းမှန်း ယခုမှသာ သေချာသဘောပေါက်လာသောကြောင့်ဖြစ်၏။ ထိုအရိုးစစ်သည်တော်များသည် မိမိတို့ပေါ်ကျလာသော ရေစင်များမြှားကို သူတို့၏ဓားဖြင့်ဝှေ့ယမ်းဖယ်ရှားလိုက်၏။မပယ်ရှားနိုင်သော ရေစင်မြှား များသည် သူတို့ကိုယ်ပေါ်သို့ကျရောက်သောအခါ မီးလောင်ကျွမ်းတော့၏။ သို့ရာတွင် သူတို့အတွက် ထိုမီးတောက်များသည် လောင်ကျွမ်းစေသည်အထိ မဖြစ်စေခဲ့ပေ။ထိုအရိုးစစ်သည်တော်များသည် ရေစင်မြှားကြောင့် မိမိတို့ ကိုယ်ပေါ်၌ ထတောက်လာသော မီးတောက်များကို အသာပင် ​ငြိမ်းသက် လိုက်၏။ ထို့နောက် အရိုးစစ်သည်တော်များသည် သူတို့၏လက်ကို ရှေ့ဆန့်ကာ တစ်စုံတစ်ခုရွတ်လိုက်၏။အရိုးသာရှိသောကြောင့် မေးရိုးရိုက်ခတ်သံသာ ထွက်ပေါ်လာလေ၏။ထိုအခိုက်၌ သူတို့၏ဦးခေါင်းရှိမျက်လုံးပေါက်ဟာ သာသာ၌ ရှိနေသော မီးတောက်လေးသည် သာမန်ထက်ပိုမိုတောက်ပနေ လေ၏။ "ဟူး....လား....လား....လား" အရိုးစစ်သည်တော်များ ထိုသို့လုပ်ဆောင်လိုက်သည်နဲ့ ရေစင်မြှားကြောင့် သေဆုံးသွားသော အရိုးခြောက်များသည် တဖန်ပြန်လည်ရှင်သန်လာကြ လေ၏။ ရှင်သန်လာသော အရိုးခြောက်စစ်သည်များသည် မြို့ရိုးဖက်သို့ ဆက်လက်ချီ တက်လာကြလေ၏။မြို့ရိုးနဲ့နီးလာရန် တစ်ရာမီတာအကွာဝေးသာ ကျန်ရှိ တော့၏။ ရေစင်မြှားချည်း အလုပ်မတွင်တော့ရာ ဂျိတ်မှာ နောက်တစ််​ကြိမ်ပြောင်းလဲရ တော့၏။ "အားလုံး ပစ်မှတ်​ပြောင်းပါ..လက်နက်တစ်ဆင့်မြင့်ပေးပါ" ဂျိတ်သည် ပစ်မှတ်ထားပစ်ခတ်ရမည့် အရိုးစစ်သည်တော်များအကြောင်းကို ပြောကြားလိုက်၏။ ထိုအခါ ရေ ​ စင်ဆွတ်ကာ ပ ​ စ်ခတ်နေသော မြှားများကို ပြန်လည်ရုတ်သိမ်း လိုက်ကြ၏။ထို့နောက် မြှားများအစား ဆွတ်ဆွတ်ဖြူသော သစ်သားချွန်များ ထုတ်ကာ လေးတွင်ပစ်ကာ ပစ်ခွင်းလိုက်ကြလေ၏။သူတို့ပစ်ခတ်ရာပစ်မှတ် များကတော့ စစ်သည်တစ်သောင်းအပိုင်စိုးရသော အရိုးစစ်သည်တော်များ ကို ဖြစ်၏။ "ဝီးးးး...." "ဝုန်း" ထိုဆွတ်ဆွတ်ဖြူသော သစ်သားချွန်များက မြန်ဆန်လှ၏။ထိုသစ်သားချွန် များက အရိုးစစ်သည်တော်ကို ထိသည်နဲ့ ထိုစစ်သည်တော်များသည် ချက်ချင်းပင် မြေပြင်ပေါ်သို့ တစ်စစီဖြစ်သော အရိုးချောင်းများအသွင် ပြောင်းလဲကျကာ သေဆုံးသွားကြတော့၏။ ဆင့်ခေါ်နိုင်စွမ်းရှိသော အရိုးစစ်သည်တော်များသေဆုံးသောအခါ ပြန်လည် ဆင့်ခေါ်ရန်အတွက် မရှိတော့သောကြောင့် သာမန်အရိုးခြောက်စစ်သည် များသည် လက်ရှ်ိ၌ အစစ်မှန်သေဆုံးကြတော့၏။ "ဒီလောက်မြန်ဆန်မယ်လို့မထင်ထားဘူး ထွက်လာပြန်ပြီ" "ဘယ်သူထွက်လာလို့လဲ" စတေ့ဘုရင် အမေးကြောင့် ဂျိတ်မှ "အရိုးစစ်သည်တော်တစ်သောင်းကို အစိုးရတဲ့အရိုးစုတပ်မှူး" "ဘာ"

(327)အရိုးစုတပ်မှူးနဲ့တိုက်ခိုက်ခြင်း

စတေ့ဘုရင်​ခြောက်ခြားသွား၏။အရိုးစစ်သည်တော်တစ်သောင်းကိုအစိုးရ သော အရိုးစုတပ်မှူးဆိုပါလား။ အရိုးစစ်သည်တော်များပင် အတော်ပင်ကြောက်မက်ဖွယ်ရာ ကောင်း နေသည်ဖြစ်ရာ ထိုတပ်မှူးအဆင့်ဆိုပါကတော့ ပြောနေစရာမလိုပေ။ "ဒီထက်မြင့်တဲ့အဆင့်ရှိသေးလား" "မရှိတော့ဘူးလို့ပြောလို့ရတယ် အဲ့ထက်မြင့်တဲ့အဆင့်တွေလာမယ်ဆိုရင် ဒီ လောကနိယာမတွေက တစ်ခါတည်းဖျက်စီးပစ်ပါလိမ့်မယ်" လောကနိယာမဟူသော အသုံးနှုန်းကြောင့် စတေ့ဘုရင်လည်း အဆန်းများ ကြားဖူးသွား၏။ထိုသို့သောအကြောင်းရာများကို ဂျိတ်မှ အဘယ်ကြောင့်သိရှိ နေသနည်းကိုတော့ မတွေးတတ်မပြောနိုင်တော့ပေ။ လက်ရှိအခြေနေ၌ တပ်မှူးထပ်မြင့်မားသော အဆင့်ပေါ်ပေါက်ရန်မလွယ်ကူ ပေ။အကြောင်းမှာ လောကနိယာမကို ဖျက်စီးရန် များစွာသော အရင်းမြစ် ပမာဏပေးဆပ်ရန်လိုအပ်သောကြောင့်ဖြစ်၏။ လက်ရှိတပ်မှူးအထိ ရောက်လာသည်ဆိုသည်ကလည်း အရင်းမြစ်များစွာကို အသုံးပြုပြီး လောကနိယာမကို အနည်းကျဥ်းမျှဖျက်စီးထားသောကြောင့်သာ ဖြစ်၏။ အရင်းမြစ်များဟူသည် တစ်ခြားမဟုတ်ပ။သက်ရှိများ၏စိတ်ဝိညာဥ်များနဲ့ အသွေးသားများသာဖြစ်ပေ၏။ထိုအရာများကို အသုံးချပြီး လုပ်ဆောင် ထားသည်လည်းဖြစ်၏။ ထိုသို့မဟုတ်ပါက ဒီလောက၌ပေါ်လာသော အရိုးခြောက်တပ်မှူးသည် ပေါ်လာသည်နဲ့ တ​ပြိုင်တည်း မိုးကြိုးပြစ်ဒဏ်ကြောင့် သေဆုံးရမည်ဖြစ်၏။ သူများအတွက် ခက်ခဲသော်လည်း ဂျိတ်အတွက်တော့ မခက်ခဲပေ။သူ၏ဖန် ရှင်၌ အရိုးစုတပ်မှူးအကြောင်းက အထင်သားဖော်ပြပေးပြီးသားဖြစ်၏။ (အမျိုးစား...အရိုးစုတပ်မှူး...အရိုးစစ်သည်တော်တစ်သောင်းကို အုပ်စ််ိုးခွင့်ရ သူ.......မီးတောက်အရိုးစု၏လက်အောက်၌ တည်ရှိ၏။..သူထက်မြင့်သော သူဟူ၍ အရိုးစုစစ်သူကြီးနဲ့ အရှင်သခင်ဖြစ်သော မီးတောက်အရိုးစုသာ ကျန် ရှိတော့၏။....စွမ်းရည် အရိုးစစ်သည်မှန်သမျှသည် သူ၏အလိုတော်အတိုင်း လုပ်ဆောင်စေခိုင်းစေနိုင်၏။အစွမ်းသည် စစ်သည်တော်တို့၏မာစတာအဆ င့်နဲ့ညီမျှသော အစွမ်းရှိ၏။..... မှတ်ချက်...အရိုးစုတပ်မှူးသည် အရိုးစစ်သည်တော်တစ်သိန်းမှ တစ်ယောက် သာ ပြော ​ င်းလဲနိုင်စွမ်းရှိသောသူဖြစ်၏။အရိုးစုတပ်မှူးအဖြစ်ရောက်ရှိရန် အချက်နှစ်ချက်လိုအပ်၏။ ပထမအချက်မှာ မိမိအရှင်မီးတောက်အရိုးစုအရှင်သခင်၏လက်အောက်၌ နေ၍ ကျန်သောအရိုးစစ်သည်တော်ကိုး​သောင်းကိုးထောင့်ကိုးရာကိုးဆယ့် ကိုးယောက်ကို အနိုင်ယူရမည်ဖြစ်၏။ ဒုတိယအချက်မှာ အနိုင်ယူပြီးပါက အပြစ်ဒဏ်ခံယူရမည်ဖြစ်၏။ထို အပြစ်ဒဏ်ခံယူပါက ကြီးမားသော မီးတောက်ကြီးများ ကျဆင်းလာသည်ကို တောင့်ခံရမည်ဖြစ်၏။ထိုမီးတောက်များသည် ငရဲမီးနီးနီးတမျှ ပြင်းထန် လှ၏။ထိုအဆင့်ကို ဖြတ်ကျော်နိုင်သည်ဆိုပါမှ အရိုးစုတပ်မှူးအဖြစ်သို့ ရောက်ရှိလာမည်ဖြစ်၏။) လက်ရှိ၌ လက်ရှိလောကမြေပေါ်သို့ ရောက်လာသော အရိုးစုတပ်မှူးသည် တစ်ယောက်သာရှိ၏။ထိုတစ်ယောက်သည်လည်း ဂရိတ်တိုင်းပြည်ကို တိုက်ခိုက်သောနေရာ၌ ရှိနေသည်ဖြစ်၏။ လက်ရှိ၌ အရိုးစုတပ်မှူးသည် တိုက်ခိုက်ခြင်းမရှိသေးပဲ ကြည့်ရှု၍သာရှိ၏။ သူ၏အရိုးလက်တစ်ဖက်က ဓားအိမ်ကို ကိုင်ထားသလို ကျန်သောလက် တစ်ဖက်က ဓားလက်ကိုင်ကို ကိုင်ထားလေ၏။ အရိုးခြောက်စစ်သည်များ၏တိုက်ခိုက်မှုကို ဂရိတ်တိုင်းပြည် တစ်ခုတည်းသာ တိုက်ခိုက်ခံနေသည်မဟုတ်ပဲ ကျန်သော တိုင်းပြည်များစွာလည်း တိုက်ခိုက်ခြင်းခံနေရပြီဖြစ်၏။ ကျန်သောတိုင်းပြည်များကတော့ သူတ်ို့၏ကံကြမ္မာများဖျက်စီးခြင်းခံရပြီး အလူးအလဲကာကွယ်နေရသည်ဖြစ်၏။သို့သော်လည်း ကျဆုံးမည်ကတော့မ လွဲဧကန်ပင်ဖြစ်လေ၏။ ကံကြမ္မာကို ကာကွယ်နိုင်သော တိုင်းပြည်များဟူ၍ ဂရိတ်တိုင်းပြည်နဲ့စွန်ရဲ အင်ပါယာတို့သာ ရှိ၏။ကာကွယ်နိုင်ခြင်းမှာလည်း ဂရိတ်တိုင်းပြည်သည် ဂျိ တ်၏လက်အောက်၌ရောက်ရှိနေသောကြောင့် ဖြစ်ပြီး စွန်ရဲအင်ပါယာ ကာ ကွယ်နိုင်ရခြင်းမှာကာ နယ်မြေများစွာကို ပိုင်ဆိုင်ထားရသော အင်ပါယာဖြစ် သောကြောင့် သူ၏ကံကြမ္မာအမှတ်သားဖြစ်သော စွန်ရဲကြီးသည် အလွန် အားကောင်းနေသောကြောင့်ဖြစ်၏။ ထိုကံကြမ္မာစွန်ရဲကြီးပင်လျှင် ထိခိုက်မှုအနည်းငယ်ရရှိထားသေး၏။အရိုး ခေါင်းများ၏သွားများဖြင့် ကိုက်ဖြတ်စားသောက်ခြင်းက သူ့ကိုလည်း ကောင်းကောင်းကြီး ထိခိုက်စေခဲ့သောကြောင့်ဖြစ်၏။ "ရွှမ်း" အရိုးစုတပ်မှူးမှ သူ၏ဓားအိမ်မှဓားကို ထုတ်ကာ အမိန့်ပေးလိုက်၏။ထိုအခါ ဝေးကွာနေသော အရိုးစစ်သည်တော်များသည် တစ်နေရာတည်းသို့စုဝေးလာ ကြလေ၏။ ထိုသို့စုဝေးပြီးသောအခါ အရိုးစစ်သည်တော်များသည် ပူးကပ်လိုက်လိုက် လေ၏။ထိုသို့ပူးကပ်လိုက်ကြသောအခါ ကြီးမားသော ဧရာမအရိုးဘီလူး အသွင်သို့ပြောင်းလဲသွားတော့၏။ "ဂါး" ဧရာမအရိုးဘီလူးကြီးက သားရဲတစ်ကောင်လို အော်ဟစ်လိုက်၏။အရိုး ချည်းသပ်သပ်ဖြင့် ဖွဲ့စည်းထားသော အရိုးဘီလူးကြီးသည် ကြီးမားသလို ချွန်ထက်သော အစွယ်များ ဆူးချွန်များလည်းပါရှိ၏။အမြင့်မှာ မီတာသုံး ဆယ်မျှအထိရှိလေ၏။ ထိုအရိုးဘီလူးသည် အော်ဟစ်ပြီး ဂရိတ်တိုင်းပြည်ထံပြေးဝင်လာလေ၏။ "ဒါတော့မရစေရဘူး" ဂျိတ်မှ ချက်ချင်းလှုပ်ရှားလိုက်၏။သူ၏လက်ထဲတွင် လျှပ်စီးထနေသော တူ တစ်လက်ပေါ်လာပြီးလျှင် မြို့ရိုးမှ ပျောက်ကွယ်သွားလေ၏။ "ဟင်... မြန်လိုက်တာ" ​လှုပ်ရှားချက်က အလွန်မြန်ဆန်လှသည်ဖြစ်ရာ စတေ့ဘုရင်သည် မြင်သက် မိ၏။ချက်ချင်းပင် လိုက်ရှာကြည့်ရာ ဂျိတ်သည် အရိုးဘီလူးကြီး၏အနားသို့ ရောက်နေကြောင်းတွေ့လိုက်ရလေ၏။ ထိုအချိန်၌ အရိုးဘီလူးကြီးသည် သူ၏ကြီးမားသောလက်သီးဖြင့် မြို့ရိုးအား ထိုးချရန်လုပ်ဆောင်လိုက်ပြီးဖြစ်၏။လက်သီးနဲ့မြို့ရိုးမှာ သုံးမိီတာမျှသာ ကွာဝေးသောအကွာဝေးသာ ကျန်ရှိနေတော့၏။ ထိုအခိုက်တန့်၌ အရိုးဘီလူး၏လက်သီးရှေ့၌ ဂျိတ်သည် ချက်ချင်း ပေါ်ပေါက်လာပြီး ထိုလက်သီးကို သူ၏လျှပ်စီးတူဖြင့် ရိုက်ထုလိုက်လေ၏။ "ဂျိန်း......." တူရိုက်ချက်ကြောင့် တူမှလျှပ်စီးများသည် အရိုးစု ဘီလူး၏လက်သီးမှတစ်ဆင့် ကူးစက်သွားလေ၏။ "ဖြောင်း......ဝေါ......." ထိုလျှပ်စီးတူရိုက်ချက်ကြောင့် ဧရာမအရိုးစုဘီလူးကြီး၏လက်ရိုးသည် ဖြောင်းခနဲဆိုသလို မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေတော့၏။ လျှပ်စီးဟူသည် အရိုးစုများအတွက်တော့ ကြောက်မက်ဖွယ်ရာအကောင်းဆုံး ရန်သူလည်းဖြစ်၏။ထို့ကြောင့် သန်မာမာကြောလှသည့် အရိုးစုလက်တစ် ချောင်းလုံး မြေပေါ်သို့ ပြုတ်ကျသွားခြင်းလည်းဖြစ်၏။ "ဂါးးးးး" အရိုးစုဘီလူးကြီးမှ ဂျိတ်ကို ဒေါသထွက်စွာကြည့်ပြီး ပြုတ်ကျသွားသောလက် တစ်ချောင်းကို ကျန်နေသောလက်တစ်ဖက်ဖြင့် ကိုင်ကာ ကောက်လိုက်ပြီး ပြန်ဆက်လိုက်၏။ ထို့နောက် ဂျိတ်အား လက်နှစ်ဖက်အားဖြင့် ရိုက်ပြားပစ်ရန်ကြိုးစားလိုက်၏။ "ဝုန်း" ဂျိတ်မှ မြန်ဆန်စွာ ရှောင်တိမ်းလိုက်သောကြောင့် အရိုးလက်နှစ်ဖက်သည် ရိုက်ပြားမိခြင်းမရှိပဲ လက်ခုပ်သာတီးမိသွားလေ၏။ "တစ်ခါတည်း အပြတ်ရှင်းရမယ်" ဂျိတ်မှ တူကိုအနည်းငယ်ကြီးစေပြန်လိုက်၏။တူသည်ကြီးလာသောအခါ တူ၏တောက်ပနေသော လျှပ်စီးများသည်လည်း အရောင်​ပြောင်းလဲလာ လေ၏။ အစောပိုင်း၌ လျှပ်စီးအရောင်သည် အပြာရောင်ဖြစ်၏။လက်ရှိ၌ လျှပ်စီး အရောင်သည် အနီရောင်အသွင်သို့ ပြောင်းလဲသွားတော့၏။ "သေလိုက်တော့" ဂျိတ်သည် ကောင်းကင်ယံသို့ ခုန်လိုက်၏။ထို့နောက် အရှိန်ယူကာ အနီရောင် လျှပ်စီးများတောက်ပနေသောတူဖြင့် ထုချလိုက်လေ၏။ ထိုထုလိုက်သောနေရာသည် အရိုးဘီလူးကြီး၏ခေါင်းကို ဖြစ်၏။ အရိုးဘီလူးခေါင်းသို့ အနီရောင်လျှပ်စီးတောက်နေသော တူက ရိုက်ခွဲခါနီး တစ်စုံတစ်ခုက တားဆီးလိုက်လေ၏။ "ဝုန်း" "ဒီလိုမရဘူးလေ...." ကြောက်ခြားဖွယ် ခပ်ပြာတာတာအသံဖြင့် ထွက်လာလေ၏။ ဂျိတ်၏တူကို တားဆီးလိုက်သော သူသည်တခြားမဟုတ်ပေ။အရိုးဘီလူးကို ဖန်တီးလိုက်သော အရိုးစုတပ်မှူးသာဖြစ်လေ၏။ သူ၏မရဏအငွေ့သက်ထွက်နေသော ဓားဖြင့် ဂျိတ်၏တူရိုက်ချက်ကို အသာ လေးဝင်တားဆီးလိုက်ခြင်းဖြစ်၏။ ထိုကြောင့် အရိုးဘီလူးသည် သေဆုံးခြင်းမရှိခဲ့ပေ။ "ဟင့်" ဂျိတ်ကလည်း နောက်ပြန်ဆုတ်ကာ အရိုးစုတပ်မှုးဖြင့်တိုက်ခိုက်လိုက်၏။ အရိုးစုတပ်မှူးသာရှိနေပါက သူ၏အရိုးဘီလူးကြီးကို သတ်ဖြတ်ရန်အကြံ စည်သည် ဘယ်တော့မှမဖြစ်လာတော့မှန်းသိနေသောကြောင့်ဖြစ်၏။ထို့ပြင် သူသည် စကားပြောနိုင်သောကြောင့် အသိညဏ်လည်းရှိပြီး ထူးခြားနေ ကြောင်းသိသာစေလေ၏။ ကောင်းကင်ယံနဲ့ မဲညစ်နေသော အော်ရာနဲ့အနီရောင်တောက်ပနေသော လျှပ်စီးရောင်များက အဆက်မပြတ်ထွက်ပေါ်လာလေ၏။ ထိုသို့ဖြစ်ပေါ်လာရခြင်းမှာ ဂျိတ်၏တူနဲ့အရိုးစုတပ်မှူး၏ဓားအချင်းချင်း တိုက်ခိုက်လာမှ ထွက်ပေါ်လာခဲ့သည်လည်းဖြစ်၏။ အရိုးစုတပ်မှူးနဲ့ဂျိတ်တို့၏တိုက်ပွဲသည် တည်ရှိလာပြန်ခဲ့ပြီလည်းဖြစ်၏။

All Chapters